Ch-134
Viewers 21k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း 


အပိုင်း (၁၃၄)


ချင်းမျန့်တစ်ယောက် မကြာသေးမီက အဖြစ်အပျက်တစ်ခုကို ပြန်တွေးနေရင်း စိတ်မသက်မသာ ခံစားလိုက်ရသည်။ 


"မမရေ နင်ဘာကိစ္စရှိနေလို့လဲဟင်? မကြာသေးခင်က ဘာဖြစ်သွားလို့လဲ?" 


"အဲဒါက ကြီးကြီးမားမားတော့ မဟုတ်ပါဘူးဟာ" ချင်းမျန့်က သူမရဲ့ ညီမလေးရှေ့တွင် ဖုံးကွယ်မထားချင်ဘဲ သူမကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ကိစ္စတစ်ခုကို ပြောပြလိုက်၏။ 


"သူတို့ကျောင်းမှာ ပညာတတ်လူငယ်ဖြစ်ဖူးတဲ့ ဆရာမအသစ်တစ်ယောက်ရောက်လာတယ်လေ။ သူမက တော်တော်လေးလှပြီးတော့ သူမကို အင်္ဂလိပ်စာသင်ပေးဖို့ နင့်ခဲအိုဆီကို လာပြီးပူဆာနေလို့ဟယ်" 


"မမ နင် စိတ်မသက်မသာဖြစ်နေတာလား?" 


"နည်းနည်းပေါ့ဟာ၊ ဒါပေမယ့် ငါလည်း ဘာမှပြောလို့မရဘူးလေ။ သူမက သင်ယူချင်နေတာဆိုတော့" 


ချင်းရို့လည်း အစ်မဖြစ်သူဟာ သဝန်တိုနေမှန်း သဘောပေါက်လိုက်တာကြောင့် "မမ နင် စိတ်မသက်မသာဖြစ်သင့်တာပဲလေ" 


"ညီမလေးရေ နင်ဆိုရင်ရော? ဒီလိုမျိုးကြုံလာရင် နင်ဘာလုပ်မှာလဲဟင်?" 


"လုယန်ကို အပူကပ်နေတဲ့ မိန်းမရှိတယ်လို့ နင်ဆိုလိုတာလား? သူမရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် ငါကတော့ လုယန်ကို ငါမပျော်ရွှင်တဲ့အကြောင်း ပြောပြမှာသေချာတယ်"  


ချင်းရို့က သူမရဲ့ယောက်ျားကို လာကပ်တွယ်နေတဲ့ အမျိုးသမီးတစ်ဦးရှိတဲ့အကြောင်း စိတ်ကူးကြည့်တဲ့အခါ သူမ တကယ်ပဲပေါက်ကွဲသွားနိုင်တယ်လို့ ခံစားမိသွားခဲ့၏။ ယခုဆို လုယန်နှင့် သူမတို့ရဲ့ ဆက်ဆံရေးဟာ ပို၍နက်ရှိုင်းလာသည်နှင့်အမျှ သူ့အပေါ် သူမရဲ့ ပိုင်ဆိုင်လိုစိတ်သည်လည်း ပို၍ပို၍ပြင်းထန်လာချေပြီ။ 


"မမရေ နင် စိတ်ထဲအဆင်မပြေတဲ့အကြောင်း ခဲအိုကို ပြောပြသင့်တယ်နော်။ ပြီးရင် သူ့ကို သတိထားဖို့အကြောင်းပါ ပြောပြထားရမယ်လေ" 


ချင်းမျန့်က တစ်ခုခုပြန်ပြောတော့မည့်အချိန်မှာပင် "မင်းညီမပြောတာမှန်တယ်"လို့ ပြောလာတဲ့ အပြင်မှ ယောက်ျားသံတစ်သံကို ကြားလိုက်ရ၏။ 


"မင်းအဆင်မပြေရင် ပြောသာပြောလိုက်" လို့ပြောရင်း ချန်မျန့် လမ်းလျှောက်ဝင်လာခဲ့သည်။ 


မကြာသေးမီက ပညာတတ်လူငယ်အမျိုးသမီးတစ်ဦးဟာ သူ့ကိုလာလာနှောင့်ယှက်နေတတ်၏။ ရိုးရှင်းတဲ့မေးခွန်းတွေက အဆင်ပြေသော်လည်း အကြိမ်ရေခဏခဏဖြစ်လာတဲ့အခါ ချန်မျန့်လည်း တော်တော်လေးစိတ်မသက်မသာဖြစ်ခဲ့ရသည်ပင်။ သူလည်း ဒီနှစ်ရက်အတွင်းမှာ ထိုဆရာမနှင့် ရှင်းရှင်းလင်းလင်းပြောရန် အခွင့်အရေးရှာဖို့ ကြိုးစားခဲ့ပေသည်။ 


"ဒါဆိုလည်း ကျွန်မ အခုပဲပြောလိုက်တော့မယ်၊ ကျွန်မ တကယ်ကို စိတ်မချမ်းသာဘူး။ အဲဒီဆရာမက ကျွန်မကို ရှင်နဲ့မတန်ဘူးလို့ တွေးနေတာလေ။ ဟုတ်ပါတယ် ဟိုးအစကတည်းက ကျွန်မက ရှင်နဲ့မတန်ခဲ့တာပါပဲ၊ အရင်ကတည်းက ဒီလိုမျိုးတွေ မကြာမကြာကြားခဲ့ဖူးပြီးသား-" ချင်းမျန့် ပြောရင်း ရယ်မောလိုက်ကာ "ပြီးခဲ့တဲ့နှစ်တွေထဲမှာ ဖြစ်ရိုးဖြစ်စဥ်ဖြစ်သွားသလိုပဲလေ" 


"ကိုယ်တို့ စုံတွဲအိုကြီးတွေဖြစ်နေပါပြီကွာ၊ မင်းဘာတွေပြောနေတာလဲ" 


"ရှင် ကျွန်မအတွက် အချစ်ကဗျာတွေ ရေးခဲ့ဖူးတယ်လေ။ ကလေးလေးနဲ့ အတူတူ အိုမင်းလာကြမယ့် ကျွန်မတို့အကြောင်း ရှေးဟောင်းကဗျာတွေလေ။ အခုတော့ ရှင်က ကျွန်မတို့ စုံတွဲအိုကြီးတွေဖြစ်လာပြီလို့ ပြောလာပြီပေါ့လေ။ ကျွန်မစာမတတ်လို့ ရှင် ကျွန်မကို မကြိုက်တော့ဘူးပဲ" 


ချန်မျန့် ရယ်မောနေရင်း "မင်းအခုပြောနေတာကို ကြည့်လိုက်ပါဦး၊ မင်းက စာမတတ်ဘူးတဲ့လား" 


"ကျွန်မက ဗဟုသုတအများကြီး တကယ်မသိပါဘူးနော်" 


သူမဘေးက ချင်းရို့မှာ သူမဟာ ခွေးစာတွေစားဖို့ ရောက်လာမိ​ပြီပဲလို့ တွေးနေပါတော့သည်။ 


... 


ကျောက်ကျန်းဟုန်လည်း ချင်းကျိုးကျွန်းသို့ ပြောင်းရွှေ့ခဲ့လေသည်။ သူကိုယ်၌က အပြောင်းအရွှေ့အတွက် လျှောက်ထားခဲ့ခြင်းပင်။ သူနှင့် သူ့ဇနီးထန်ရို့တို့ရဲ့ အိမ်ထောင်သက်မှာနှစ်တော်တော်ကြာခဲ့ပြီဆိုပေမယ့် သားသမီးမထွန်းကားသလို သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးမှာ မခိုင်မာလွန်းတာကြောင့် ထန်ရို့မှာ သူ့အနောက်လိုက်ခဲ့ဖို့ အမြဲငြင်းဆန်နေခဲ့သည်။ 


သူက ထန်ရို့အား နှစ်အတော်ကြာ နှစ်သက်ခဲ့၍ သူမက သူ့ကိုလက်ထပ်ဖို့ သဘောတူလိုက်တဲ့အခါ ကျောက်ကျန်းဟုန်လည်း ပျော်ရွှင်စရာကောင်းတဲ့ သူတို့ရဲ့အနာဂတ်လေးကို စိတ်ကူးယဉ်နေခဲ့ပေသည်။ သို့သော်လည်း နှစ်တွေကြာလာတာနဲ့အမျှ ဒီကျောက်တုံးကို သူ ဘယ်လောက်ပဲဖုံးအုပ်နေပါစေ ပူနွေးလာမှာမဟုတ်မှန်း သူသိရှိခဲ့ရ၏။ 


ကျောက်ကျန်းဟုန်ဟာ သူမနှလုံးသားထဲမှာ ဘယ်သူ့ကို သဘောကျနေမှန်း မသိခဲ့ပေမယ့် လုယန်ကတော့ သူ့ကို ကတိတစ်ခုပေးခဲ့လေ၏။ သူက ထန်ရို့ကို လုံးဝမကြိုက်သလို သူတို့ရဲ့ ဆက်ဆံရေးမှာလည်း ဝင်ပါဖို့ပင် စိတ်မဝင်စားကြောင်း ပြောပြထားခဲ့သည်။ 


သို့သော် မကြာသေးမီက လုယန်ဟာ သူ့ဇနီးနာမည်နှင့်တူတဲ့ ချင်းရို့အမည်ရှိ မိန်းကလေးတစ်ဦးနဲ့ လက်ထပ်ခဲ့ကြောင်း သူကြားလိုက်ရ၏။ 


ထိုအခါ သူ့ညီအစ်ကို​ကောင်းက ရုတ်တရက်ကြီး ဒီလိုခန့်မှန်းလိုက်ကာ "ဒါကြောင့် လုယန် ပင်းချန်မှာ ကျောင်းတက်ဖို့ရွေးချယ်လိုက်တာပဲ၊ အဲဒါဆို သံသယကိုရှောင်ကွင်းနိုင်သွားတာပေါ့ကွာ၊ မင်း ထန်ရို့ကို ကြိုက်နေတာ လူတိုင်းသိခဲ့တာလေ။ ဒီတော့ သူက ညီအစ်ကိုကောင်းတစ်ယောက်အနေနဲ့ မင်းကိုလည်း အရှက်မရစေချင်တာကြောင့် သူက..."

(ဟဲ့ မဟုတ်ဘူးလေ သြော် လူတွေလည်း ထင်ချင်ရာလျှောက်ထင်နေတော့တာပဲဟယ် 😖) 


"ဒီတော့ ထန်ရို့ကို မင်းလက်ထပ်လိုက်တော့ရော ဘာထူးလို့လဲ သူမရဲ့နှလုံးသားထဲမှာ မင်းမှမရှိတာပဲ"

… 


ကျောက်ကျန်းဟုန် အရက်မူးနေချေပြီ။ သူတကယ်အမှားလုပ်မိသွားတာလားလို့ တွေးတောနေမိလျက်။ သူက ချစ်သူစုံတွဲတစ်တွဲကို ခွဲပစ်ခဲ့မိတာပဲ... လုယန်က ညီအစ်ကိုစိတ်ဓာတ်ကို ဦးစားပေးတာကြောင့်နဲ့ သူ့အမျိုးသမီးကို သူ့ဆီပေးခဲ့တာလားကွာ? (🙄) 


သူ့ရဲ့ ခံစားချက်တွေ ရှုပ်ထွေးနေပြီး ဒီအကြောင်းကိုပဲ ထပ်ခါထပ်ခါ တွေးတောနေမိသဖြင့် နောက်ဆုံးတွင် သူ သည်းမခံနိုင်တော့ပေ။ ကျောက်ကျန်းဟုန် ပြောင်းရွှေ့လျှောက်လွှာကို တင်ခဲ့ပြီး ချုံကျိုးကျွန်းသို့ သွားရန်အစပြုလိုက်တော့သည်။ လုယန်က အဲဒီမှာရှိနေတာကို သူသိသဖြင့် သူတို့ရဲ့ အရင်ကကိစ္စတွေကို ပြေလည်ချင်ခဲ့၍သာ။ 


ကျောက်ကျန်းဟုန်က ချုံကျိုးကျွန်းသို့ ပြောင်းရွှေ့ခြင်းနှင့်ပတ်သက်၍ ထန်ရို့အား ပြောပြခဲ့ပြီး သူမ စစ်တပ်ထဲဝင်လိုခြင်းရှိမရှိ မေးမြန်းခဲ့သည်။ ထန်ရို့က အရင်တုန်းက ဆန္ဒမရှိခဲ့ရင်တောင်မှ ဒီတစ်ကြိမ်မှာတော့ သဘောတူလိုက်လေ၏။ 


ကျောက်ကျန်းဟုန် ဝမ်းနည်းသွားသလို ခံစားလိုက်ရ၏။ 


ပြောရပါလျှင် သူနဲ့ လုယန်ရဲ့ ဆက်ဆံရေးမှာ အရင်က အရမ်းကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် သူက "ချစ်သူ"တွေကို ကွဲကွာစေခဲ့တဲ့ ဗီလိန်ဖြစ်သွားခဲ့ရ၏။ 


ကျောက်ကျန်းဟုန်က လုယန်ကို မဆက်သွယ်ခဲ့တာ တော်တော်ကြာသွားခဲ့ချေပြီ။ သူက လုယန်ကို ဆက်သွယ်ဖို့ အစမပြုခဲ့သလို လုယန်ကလည်း သူ့ဆီ ဘယ်တော့မှမလာတော့ပေ။  


သူတို့နှစ်ယောက်ရဲ့ ညီအစ်ကိုကောင်းဆက်ဆံရေးဟာ မိန်းမတစ်ယောက်ကြောင့် ခွာပြဲခဲ့ရလေရဲ့။ 


"မင်းက လူကောင်းတစ်ယောက်ဖြစ်ပြီး စာရိတ္တကောင်းသူဖြစ်နေပေမယ့် ငါကတော့ စောက်ဗီလိန်ကောင်ဖြစ်နေတာပဲကွာ" 


ကျောက်ကျန်းဟုန်က သူတို့ရဲ့ စိတ်မပါတော့တဲ့ အိမ်ထောင်ရေးကို ရှေ့ဆက်ဖို့ရာ အဓိပ္ပါယ်မရှိတော့ဘူးလို့ ခံစားလိုက်ရသည်။ သူက ဇနီးဖြစ်သူထန်ရို့ နှင့် ကွာရှင်းလိုသော်လည်း မကွာရှင်းမီတွင် ကောင်းမွန်တဲ့အရာတစ်ခုကို ပြုလုပ်ရန် ဆုံးဖြတ်ခဲ့လေသည်။ 


သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တိတ်တိတ်လေး သဘောကျနေကြတာ မဟုတ်ဘူးလား? ဒါဆို ဒီတစ်ခါတော့ သူ လူကောင်းတစ်ယောက်ဖြစ်ပေးလိုက်မှာပေါ့။ 


သူ ထန်ရို့ကိုခေါ်သွားပြီး ချုံကျိုးကျွန်းကို ပြောင်းရွှေ့လိုက်မယ်။ ပြီးရင် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဖြတ်တောက်လိုက်မယ်လေ။ ဒီလိုဆို သူလည်း လုယန်ရဲ့ ညီအစ်ကိုကောင်းပြန်ဖြစ်လာမှာပေါ့။    


သူ ထန်ရို့ကို လုယန်ဆီ ပြန်ပေးလိုက်မယ်လေ။ လုယန်က ချင်းရို့နှင့် လက်ထပ်ခဲ့တာ မဟုတ်ဘူးလား။ ဒါဆို သူက အဲဒီချင်းရို့ကို လက်ထပ်လိုက်မယ်လေလို့ ကျောက်ကျန်းဟုန် တစ်ကိုယ်တည်း တွေးတောခဲ့လေ၏။ (🙄) 


ကျောက်ကျန်းဟုန်က ချုံကျိုးကျွန်းကို တစ်ယောက်ထဲ အရင်ရောက်နှင့်နေပြီး မိသားစုခြံဝင်းကို ရောက်လာခဲ့လေပြီ။ သူက လုယန်ကို အရင်ဆုံးရိုက်နှက်ပြီးမှသာ စုံတွဲကို အတူတူရှိခွင့်ပေးဖို့ စီစဥ်ထားလေ၏။ 


သူက မိသားစုခြံဝင်းထဲရှိ လုယန်ရဲ့ နေအိမ်ကို စုံစမ်းမေးမြန်းလိုက်ပြီး နားလည်ရခက်တဲ့ မခံမရပ်ဖြစ်မှုတွေကို ရင်ဝယ်ပိုက်လျက် လုယန်အိမ်သို့ ထွက်လာခဲ့သည်။ 


ကျောက်ကျန်းဟုန်က သူ့ကိုယ်သူ သူရဲဘောကြောင်သူလို့ တွေးနေခဲ့ကာ သူက လုယန်ကို အမြဲလိုလို ရှောင်နေခဲ့ပေမယ့် နောက်ဆုံးတော့ သူ့ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ကို လာရသည်နဲ့သာ အဆုံးသတ်သွားလေရဲ့။ 


ကျောက်ကျန်းဟုန်ရဲ့ ခြေလှမ်းတွေဟာ နှေးကွေးသွားသလို သူ့ဦးနှောက်လည်း ရှုပ်ထွေးလာလေပြီ။ ဒီအချိန်မှာတောင် သူ့နှလုံးသားထဲမှာ မလိုလားအပ်တဲ့ဆန္ဒများစွာ ရှိနေပါသေးရဲ့။ 


ဟုတ်တယ်လေ၊ သူက လုယန်လောက် မချောမောသလို အရည်အချင်းကလည်း သူ့လောက် မကောင်းမွန်ပေ။ အရင်တုန်းကတော့ ညီအစ်ကိုကောင်းတွေဟာ လုယန်က ဒေါသကြီးတတ်သူမို့ ခင်ပွန်းကောင်းတစ်ယောက် ဖြစ်နိုင်ပါ့မလားလို့ ပြောနေခဲ့ကြပါသေးသည်။ 


မျက်မမြင်အမျိုးသမီးကသာ သူ့ကို သဘောကျလိမ့်မှာတဲ့။ 


xxx