Ch-118
Viewers 35k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း 


အပိုင်း (၁၁၈)


ချင်းရို့ရဲ့ ဗိုက်မှာ ပိုပိုကြီးလာကာ သူမ ငုံ့ကြည့်လိုက်ရင် သူမရဲ့ ခြေချောင်းတွေကိုတောင် မမြင်နိုင်တော့ဘဲ သူမရဲ့နေ့စဥ်ဘဝလည်း ပို၍ပို၍ ခက်ခဲလာလေပြီ။ သူမဟာ အလုပ်မသွားတော့ဘဲ ခွင့်ရထားပြီးဖြစ်ရာ အိမ်မှာနေပြီး နေ့တိုင်း ခြံထဲမှာ ရိုးရိုးရှင်းရှင်းလေ့ကျင့်ခန်းတွေကိုသာ လုပ်နေခဲ့သည်။  


ကိုယ်ဝန်လအနည်းငယ်ကြာပြီးနောက်မှာတော့ လုယန်နှင့် သူမရဲ့ ဆက်ဆံရေးဟာလည်း ပိုမိုကောင်းမွန်လာခဲ့လေပြီ။ သူမတို့စုံတွဲဟာ တစ်ယောက်နဲ့တစ်ယောက်အရှေ့မှာ ကိုယ့်ပုံရိပ်ကို အရမ်းကြီးဂရုမစိုက်တော့တဲ့ စုံတွဲမျိုး ဖြစ်လာပုံရ၏။ 


အရင်ကဆို သူမက သူ့အရှေ့မှာ သူမရဲ့ပုံရိပ်ကို ထိန်းသိမ်းနေဖို့ ဂရုတစိုက်နေခဲ့ရကာ သူမရဲ့ ရှက်ဖွယ်အခြေအနေတွေကို သူမြင်သွားမှာ ကြောက်ရွံ့ခဲ့ပေမယ့် အခုတော့ သူမ ဘာမှစိုးရိမ်မနေတော့ဘဲ သူ့ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ထားတော့သည်။ 


အနှီအရပ်ရှည်ရှည်အမျိုးသားဟာ သူမအား စိတ်ချလုံခြုံမှု ပေးစွမ်းနိုင်လေ၏။ သူက သူမဘေးမှာ အမြဲမရှိနိုင်သော်လည်း သူက သူမနဲ့ ကလေးလေးတွေအတွက် လုံလုံလောက်လောက်အဖော်ပြုပေးခဲ့သလို ကလေးလေးတွေမွေးလာဖို့လည်း မျှော်လင့်နေမိပြီ။ 


ချင်းရို့သည် သူမက သူ့ကို တကယ်သဘောကျသလို ချစ်လည်းချစ်မိနေပြီမှန်း ခံစားလိုက်ရ၏။ ကွာရှင်းထားသောမိသားစုတွင် ကြီးပြင်းလာခဲ့တဲ့ ချင်းရို့ဟာ သူမက လူတစ်ဦးနှင့် ချစ်ကြိုက်ဖို့ မတတ်နိုင်သလို အနာဂတ်တွင်ပျော်ပျော်ရွှင်ရွှင်ပုံမှန်မိသားစုဘဝလေးနဲ့ နေထိုင်နိုင်လိမ့်မည်မဟုတ်ဘူးလို့ သူမတွေးခဲ့သည်ပင်။ 


ဒါပေမယ့် သူမ တကယ့်ကို ကံကောင်းခဲ့ပေသည်။ သူမဟာ ဒီခက်ခဲတဲ့ခေတ်အချိန်ကာလကို ကူးပြောင်းခဲ့ရပေမယ့် လုယန်နှင့် တွေ့ဆုံခဲ့ရပြီး ချစ်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ခဲ့ရ၏။ သူမတို့ရဲ့မိသားစုလေးဟာ မကြာခင်မှာ ကလေးမွေးလာတော့မယ်လေ။ 


ချင်းရို့က ကလေးလေးတွေရဲ့ လိင်အမျိုးအစားကို ကြိုတင်မစစ်ဆေးခဲ့။ ကလေးလေးတွေ မွေးလာတဲ့အခါမှသာ သိနိုင်တာဟာလည်း ပိုကောင်းတယ်လို့ ထင်မြင်မိသည်။ 


ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ ကလေးအဝတ်အစားကို ယောက်ျားလေးအတွက်ရော မိန်းကလေးအတွက်ပါ နှစ်မျိုးလောက်ပြင်ဆင်ထားရုံပါပဲလေ။ 


ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ဖြစ်ရတာလည်း အလွန်ခက်ခဲပေသည်။ ကိုယ်ဝန်ရင့်လာတဲ့အခါ ဖောရောင်ခြင်း၊ ကြွက်တက်ခြင်းနှင့် မကြာခဏဆီးသွားခြင်းတို့ ဖြစ်တတ်သလို ဝမ်းဗိုက်က အရမ်းကြီးလွန်းနေမို့ လှည့်ရပြုရလည်း ခက်ခဲကာ အိပ်ရတာလည်း သက်တောင့်သက်သာမရှိလှ။ 


အချိန်အများစုကတော့ သူမဘေးနားက လူတွေဆီမှ ပြုစုယုယခံရ၍ သူမ လွန်စွာပျော်ရွှင်ရသော်လည်း တစ်ခါတရံ ချင်းရို့က ဒေါသကို မထိန်းနိုင်ဘဲ လုယန်ကို ဒေါသတကြီး ကိုက်ပစ်တတ်လေ၏။ 


လုယန်က သူမအပေါ် အလွန်စာနာတတ်သူပင်။ သူက သူမရဲ့ ခံစားချက်တွေကို ထုတ်ဖော်ဖို့ ခွင့်ပြုခဲ့လေရဲ့။ 


ထို့ကြောင့် သူမ ဒေါသတွေ ပြေပျောက်ပြီးနောက်မှာတော့ သူမကိုယ်သူမ အပြစ်မတင်ဘဲမနေနိုင်တော့။ ဆိတ်ဆိတ်နေခြင်းဟာ ရွှေပဲလို့ လက်ကိုင်ထားတဲ့ လုကောဟာ ယခုအချိန်မှာတော့ ဘယ်တော့မှ နှုတ်ဆိတ်နေမှာမဟုတ်ဘဲ သူမအား အဆက်မပြတ်ချော့မော့နှစ်သိမ့်ပေးတတ်လေ၏။ တစ်ခါတစ်ရံမှာတော့ သူရဲ့ချော့မော့နေတာတွေက အနာပေါ်ဆားပွတ်သလို ဖြစ်နေပေမယ့်ပေါ့လေ။ 


-- "ဒါက မင်းကို အဆင်မပြေစေဘူးလား?" 


-- "ကိုယ့်ကိုပြော၊ လုကောဆီကနေ ဘာပြောတာ ကြားချင်လဲလို့?" 


-- "မင်း ပိပိပုဇွန် ထပ်စားချင်လား?" 


… သူ့ကို ရိုက်နှက်ဖို့အတွက် သူမကို တကယ်ကြီးတောင်းဆိုနေတာပဲဟေ့။ 


ဒါပေမယ့် ချင်းရို့က ဒီလူ ပင်လယ်ကပြန်လာတုန်းက ပြန်ယူလာခဲ့တဲ့ ဆားကို သဘောကျနေဆဲပါပဲ။ 


"ကျွန်မ ဒီအထုပ်ကို တကယ်​ဖြည်ချင်နေပြီနော်!" (ကလေးမွေးချင်နေပြီ) 


အချိန်ကာလ ၁၉၇၂ခုနှစ် ဇူလိုင်လသို့ ဝင်ရောက်လာတဲ့အခါ ချင်းရို့တစ်ယောက် နေ့စဥ်နေ့တိုင်း ကလေးလေးတွေ မွေးလာဖို့ မျှော်လင့်နေခဲ့ပြီ။ 


အမြွှာလေးတွေဟာ လမစေ့ဘဲ မွေးဖွားနိုင်ခြေများပေသည်။ ဖြစ်ကောင်းဖြစ်နိုင်တာကတော့ ဒီကလေးလေးနှစ်ယောက်ဟာ ရာသီဥတုကောင်းတယ်လို့ ခံစားရတဲ့အခါ အပြင်လောကကြီးကို ကြည့်ရှုဖို့အတွက် မိခင်ဝမ်းထဲက ထွက်လာလိမ့်မည်ပင်။ 


လတ်တလောတွင် ရာသီဥတု သိပ်မကောင်းပါချေ။ နေ့အချိန်၌ နေဟာ တအားပူပြင်းနေခဲ့သည်။ တိုင်ဖွန်းမုန်တိုင်းရဲ့ လွှမ်းမို့မှု​ကြောင့် မကြာမကြာ မိုးရွာတတ်ပေမယ့် မိုးကတော့ ရုတ်တရက်လာပြီး ပြန်ထွက်သွားတတ်သည်။ တချို့လူတွေကတော့ မိုးကာအင်္ကျီတွေ၊ ထီးတွေယူလာကြပြီး တချို့ကတော့ ဂရုပင်မစိုက်ကြ။ မိုးရွာလာသည်နှင့် ခဏလေးကြာရင် ခြောက်သွားတာပဲလေ။ 


လုယန်လည်း ဒီရက်တွေထဲမှာ အလွန်စိတ်လှုပ်ရှားနေလေရဲ့။ သူ့ဇနီးလေးမွေးဖွားချိန်ရောက်လာတဲ့အခါ သူ့ဇနီးလေးကို အဖော်မပြုပေးနိုင်မှာကို စိုးရိမ်နေခဲ့သည်။ 


ချင်းရို့ကတော့ ထိုကိစ္စကို ဂရုမစိုက်ပါချေ။ ကလေးမွေးချိန်မှာ လုယန် သူမကို အဖော်မလုပ်ပေးနိုင်လည်း ကိစ္စတော့မရှိပါဘူး၊ သူမ ကလေးမွေးပြီးနောက် မျက်လုံးဖွင့်လိုက်တာနဲ့ သူ့ကို မြင်နိုင်တယ်ဆိုရင် အဆင်ပြေလေရဲ့။ 


ချင်းရို့ကတော့ ကလေးမွေးတဲ့အခါ နာကျင်ရမှာကို ပိုလို့တောင် စိတ်ပူနေမိ၏။ သူမ နာမှာကြောက်နေဆဲပါပဲနော်။ အချိန်အတော်ကြာကလေးမွေးနေပေမယ့် ကလေးလေးတွေက မထွက်လာရင် ဘယ်လိုလုပ်ကြမလဲ? 


ဇနီးမောင်နှံနှစ်ယောက်စလုံး တုန်လှုပ်နေမိလျက်။ ကလေးလေးတွေကလည်း သူတို့အဖေရဲ့ မျှော်လင့်ချက်တွေကို ကြားသွား၍ ဖြစ်ကောင်းဖြစ်နိုင်လေရဲ့။ 


ညနေဘက် လုယန် အိမ်ပြန်ရောက်လာတဲ့အခါ သူက မိသားစုခြံဝင်းထဲမှာ သူ့ဇနီးလေးကို အဖော်ပြုလမ်းလျှောက်ပေးနေရင်း နှစ်ယောက်သား ရယ်ရယ်မောမောနဲ့ စကားပြောနေချိန်မှာပဲ ချင်းရို့တစ်ယောက် ကလေးမွေးဖို့အတွက် ဗိုက်နာလာခဲ့သည်။ 


လုယန် အလွန်အမင်း စိတ်လှုပ်ရှားနေပြီး သူ့မိဘတွေနဲ့ ကျန်းမာရေးအဖွဲ့တို့နှင့်အတူတူ ချင်းရို့အား ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ကြသည်။ 


"ဇနီးလေး ဇနီးလေး မကြောက်နဲ့နော်" 


နာကျင်မှုက ပိုပိုပြီး ပြင်းထန်လာကာ မျက်ရည်တွေလည်း တားမရဆီးမရ ထွက်လာပြီး သူမအရှေ့က အမြင်အာရုံတွေ ဝေဝါးလာခဲ့ပြီ။ ချင်းရို့ မကြောက်လန့်ပေမယ့် လုယန်ရဲ့ အသံကတော့ တုန်ယင်နေ​ချေပြီ။ 


လုယန် သူ့အရှေ့က ဇနီးလေးကို သောကဝေစွာဖြင့် ကြည့်လိုက်ရာ သူမရဲ့ မျက်နှာသေးသေးလေးမှာ နာကျင်မှုကြောင့် ဖျော့တော့နေကာ မျက်ရည်တွေနဲ့ ပြည့်နေသဖြင့် သူ့နှလုံးသားထဲမှ ထိတ်လန့်ခြင်းတွေဟာလည်း ထိန်းမနိုင်ဖြစ်လာခဲ့သည်။ 


ဝေဒနာနည်းနည်းသက်သာလာတဲ့အခါ ချင်းရို့က သူမထက် ပိုတုန်လှုပ်နေတဲ့ လုယန်ကို မြင်တော့ ရွှင်မြူးသွားရလေ၏။ 


"မရယ်နဲ့လေ၊ မင်းရဲ့ခွန်အားကို ချွေတာထား" 


… 


လုယန်သည် မူလက သားဖွားခန်းတွင် သူ့ဇနီးလေးနှင့်အတူ လိုက်ဝင်ချင်သော်လည်း သူစိုးရိမ်လွန်းနေရာ အသံတုန်ယင်နေတာမို့ ဆရာဝန်ရဲ့ အာရုံစူးစိုက်မှုကို အလွယ်တကူသက်ရောက်နိုင်တာကြောင့် သူနာပြုက သူ့ကို နှင်ထုတ်လိုက်၏။ 


ည ၁၁နာရီခန့်တွင် ချင်းရို့က ဆရာဝန်နှင့် သူနာပြုတွေရဲ့ ကွပ်ကဲမှုအောက်တွင် ကလေးနှစ်ယောက်ကို အောင်အောင်မြင်မြင် ဆက်တိုက်မွေးဖွားခဲ့သည်။ 


ဆရာဝန်က ဘေဘီလေးတွေရဲ့ ချက်ကြိုးကိုဖြတ်ပြီးနောက် ဘေဘီလေးတွေထဲကတစ်ဦးကို ချင်းရို့အား ပြသခဲ့ရာ ချင်းရို့တစ်ယောက် နီတာရဲ "မျောက်ကလေး"ကို တွေ့လိုက်ရလေ၏။ သူမသာ သေချာဂရုမပြုမိခဲ့ဖူးဆိုရင် သူ့အသံဟာ အရမ်းကျယ်လွန်းနေတာကို သတိထားမိမှာမဟုတ်ဘူးနော်။ 


ချင်းရို့က အတော်လေးရုပ်တူပြီး ရုပ်ဆိုးဆိုး သားယောကျ်ားလေးအမြွှာလေးတွေ မွေးဖွားခဲ့ပေသည်။ 


နီရဲရှုံ့တွနေတဲ့ ရုပ်ဆိုးဆိုးကလေးလေးနှစ်ယောက်ပဲဟ! 


xxx 


ကဲ... သားနှစ်ယောက်ပါတဲ့နော်... 

ဘယ်သူတွေ ခန့်မှန်းတာမှန်ကြလဲဟေ့။ ကိုယ်ကတော့ နဂါးဖီးနစ်အမြွှာထင်ထားခဲ့တာ 😆😆