Chapter 327
"အိမ်ထဲဝင်ရအောင်"
လင်းလော့ချင်းက ပြုံးပြီး သူ့မျက်နှာကို လက်ညှိုးနှင့်ကုတ်ခြစ်ကာ သူ့လက်ကို ကိုင်လိုက်သည်။
လင်းဖေးကလည်း လင်းလော့ချင်း၏ လက်ကို ကိုင်ကာ ဖြည်းညှင်းစွာ ညှစ်လိုက်သည်။
သူက လင်းလော့ချင်း၏ဘေးကနေလျှောက်သည်။ သူ့အရိပ်က လင်းလော့ချင်း၏ အရိပ်ဘေးတွင် ကျရောက်နေပြီး ကြားမှာအဟအသေးလေးရှိနေသည်။
လင်းဖေး ထိုအရိပ်နှစ်ခုကို အမှတ်တမဲ့ သတိပြုမိပြီး လင်းလော့ချင်း၏ဘက်သို့ စောင်းလိုက်၏။သေချာသည်ပင်၊သူတို့နှစ်ယောက်ကြားရှိ ကြားကွပ်လပ်အဟလေးကပျောက်ကွယ်သွားပြီး သူ၏အရိပ်က လင်းလော့ချင်း၏အရိပ်နှင့် ထပ်လျက် ပူးပူးကပ်ကပ်ရှိနေသည်။
လင်းဖေး ကျေနပ်သွားပြီး ခေါင်းငုံ့ကာ နေရောင်ကိုနင်းသွားလိုက်သည်။
လင်းလော့ချင်းက သူ့ကို လှည့်ကြည့်လာပြီးမေးသည်။
"ဘာဖြစ်လို့လဲ... ဒီလောက်စိတ်အခြေအနေကောင်းနေရအောင်"
လင်းဖေး အနည်းငယ် အံ့သြသွားသည်။ ဒီလူ သူ အခု စိတ်အခြေအနေကောင်းနေတယ်ဆိုတာ ဘယ်လိုသိလဲ...
"မှန်းစမ်း"
လင်းလော့ချင်းက ပြုံးပြီးပြော၏။
"အိုး ပါးပါးပြန်လာလို့နေမယ်"
လင်းဖေးက မောက်မာစွာပြောသည်။ "မဟုတ်ပါဘူး"
"ဒါဆို ပါးဘာလို့စိတ်အခြေအနေကောင်းနေလဲ မှန်းကြည့်"
"ဘာလို့လဲ"
လင်းဖေးက သူ့ကို မေးသည်။
"အိမ်ပြန်လာရလို့လေ"
လင်းလော့ချင်း၏ မျက်လုံးများသည် အပြုံးများဖြင့် ပြည့်နှက်နေသည်။
"အိမ်ပြန်လာတော့ စိတ်အခြေအနေ ကောင်းတယ်...ဘာလို့လဲ သိလား"
လင်းဖေးက နှုတ်ခမ်းကို တင်းတင်းလေးစုဝိုင်းကာ ဘာမှ မပြော။
ဒါပေါ့ သူသိတာပေါ့... သူအိမ်မှာရှိလို့လေ...လင်းလော့ချင်းက ပြန်ရောက်ရင် သူ့ကိုတွေ့ရလို့စိတ်အခြေအနေကောင်းနေတာ...
လင်းလော့ချင်း သူ့မျက်နှာပေါ်ရှိ ဂုဏ်ယူနေမှုသေးသေးလေးကိုမြင်သည်။သူက သူ့အား ကြည့်နေသော်လည်းဘာမှမပြောပေ။သူ့စိတ်ခံစားချက်က ခြံဝင်းထဲက နေရောင်ကဲ့သို့ဖြစ်နေကာ နူးညံ့မှုတို့ဖြင့်လွှမ်းခြုံထားသည်။
သူ လက်မောင်းနှစိဖက်ကိုဖွင့်ပြီး လင်းဖေးကိုမေးလိုက်သည်။
"ပါးပါး ဖက်ထားပေးရမလား"
လင်းဖေးက ခေါင်းကို လှည့်လိုက်သည်။
"နိုး"
"ဒါဆို ပါးပါးကိုဖက်ထားပေးပါဦး...ပါးပါး သားဆီက အဖက်ခံချင်လို့"
လင်းဖေး ထိုစကားများကိုကြားရသောအခါ အလွန်ပျော်ရွှင်နေသော်လည်း သူ့မျက်နှာမှာ ဝမ်းနည်းခြင်း သို့မဟုတ် ပျော်ရွှင်ခြင်းတို့ မရှိဆဲဖြစ်လေသည်။
သူက လင်းလော့ချင်းနားသို့ ကပ်ကာ အကူအညီမဲ့စွာ ပွေ့ဖက်လိုက်သည်နှင့် လင်းလော့ချင်းက သူ့ကို ကောက်ပွေ့လိုက်သည်။
လင်းဖေး စိတ်ထဲမှာ'အာ'ခနဲထွက်လိုက်မိပြီး သူ့လုပ်ရပ်ကြောင့် အငိုက်မိသွားသည်။သူက လင်းလော့ချင်းကို ငုံ့ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် မတ်၏နွေဦးအလင်းရောင်ကို ရောင်ပြန်ဟပ်ကာ တစ်ဖက်လူ၏မျက်နှာပေါ်သို့ ကျရောက်နေပြီး
တောက်ပပြီးနွေးထွေး၍နေသည်။
ရေခဲနှင့် နှင်းများ အရည်ပျော်ပြီးနောက် ထွက်ပေါ်လာသည့် ကြည်လင်သော ကောင်းကင်ကြီးသကဲ့သို့ပင်။
လင်းလော့ချင်း ပြုံးကာ သူ့နဖူးကိုပွတ်လိုက်သည်။ထို့နောက် သူ့ကိုချီကာ တံခါးကနေ ဝင်သွားလိုက်သည်။
ဝူရှင်းယွမ်က ရသစုံရှိုးရိုက်ကူးပြီးနောက် ၎င်းတို့ပြန်လာသည်ကိုတွေ့ပြီး အသစ်ရရှိထားသော ဇာတ်ညွှန်းများကို လင်းလော့ချင်း ထံပေးပို့ခဲ့သည်။လင်းလော့ချင်းက ၎င်းတို့ကို တစ်ခုပြီးတစ်ခု ဖတ်ပေမဲ့ လက်မခံခဲ့ပေ။
သူက ဤနှစ်မှာ လင်းဖေးကို အချိန်ပိုပေးမည်ဟု ကတိပေးထားသည်။ ထို့ကြောင့် သူ့ကို အထူးတလည်အထင်ကြီးစေမည့် ဇာတ်ညွှန်းကို မတွေ့ပါက၊ အလုပ်အတွက် လင်းဖေးနှင့် မခွဲခွာချင်ပေ။
ကလေးတစ်ယောက်၏ကြီးပြင်မှုဖြစ်စဉ်တွင် မိဘများ၏ အဖော်ပြုပေးမှုက အရေးကြီးပြီး အစားထိုး၍မရပေ။
ကလေး၏ရုပ်ပိုင်းဆိုင်ရာ/စိတ်ပိုင်းဆိုင်ရာ ကာကွယ်ရန်အတွက် မိဘများ၏ ကြိုးစားလုပ်ဆောင်မှုသည် ချစ်ခြင်းမေတ္တာ၏ ပုံစံများထဲမှ တစ်ခုဖြစ်သည်။ သို့သော် အသက်မွေးဝမ်းကြောင်းနှင့် ကလေးများကြား ဆက်ဆံရေးနှင့် အချိန်ကို ဟန်ချက်ညီညီ ထိန်းညှိနိုင်လျှင် ယင်းက ကလေးများကို နွေးထွေးပျော်ရွှင်မှု ပိုခံစားရစေမည်မှာ သေချာလေသည်။
လင်းဖေးဘက်ကနေစ၍ လင်းလော့ချင်းအား သူ့ကိုအချိန်ပိုပေးရန်ပြောလိမ့်မည်မဟုတ်သော်လည်း၊သူ အလုပ်တွင် ကုန်ဆုံးခဲ့သည့်အချိန်ကိုပင် အံ့အားသင့်ဖွယ်ကောင်းစွာ နားလည်ပေးခဲ့ပြီး 'ပါးပါးက ပါးပါးကိုယ်တိုင်ပါပဲ...အဖေတစ်ယောက်သက်သက်တင်မဟုတ်ဘူး' ဟူသော စကားလုံးများဖြင့် သူ့ကို လေးလေးနက်နက် နှစ်သိမ့်ပေးခဲ့သော်လည်း လင်းလော့ချင်း သူ့ကို ပိုပြီး အချိန်ပေးချင်ဆဲဖြစ်လေသည်။
လင်းဖေးကို သူသဘောကျသည်။ သူ လင်းဖေးနှင့်အတူကုန်ဆုံးခဲ့သည့် နေ့ရက်တိုင်းကို မြတ်နိုးပြီး သူ၏ ကြီးပြင်းလာမှု အသေးစိတ် အချက်အလက်များစွာကို လက်လွတ်မခံချင်ပေ။
ယခု သူအလွန်နာမည်ကြီးပြီး လူသိများလာပြီဖြစ်သည်။သူ့အနေဖြင့် သဘာဝအတိုင်း အနည်းငယ် အရှိန်လျှော့နိုင်ပြီဖြစ်ပြီး ယခင်ကလို ရှေ့ကိုပဲ အားသွန်ခွန်စိုက်(အလောတကြီး)ဆက်သွားနေစရာ မလိုတော့ပေ။
လင်းလော့ချင်း သူတို့၏ စာအုပ်များကို ငုံ့ကာကြည့်နေသော လင်းဖေးနှင့် ကျိလဲ့ယွီကို ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် ကျေနပ်မှုအပြည့်ရှိနေသည်။
သူက သူလိုချင်သောအရာကို အမြဲသိသူတစ်ယောက်ဖြစ်သည်။ သူ့ပန်းတိုင်အတွက် အပြင်းအထန် ကြိုးစားသော်လည်း ပန်းတိုင်ဆီသို့ ပြေးနေစဉ် လမ်းတစ်လျှောက် ရှုခင်းများကို ရပ်ကြည့်ရန် မေ့လိမ့်မည်မဟုတ်ပေ။
အနုပညာအလုပ်မှာ အောင်မြင်ချင်ပြီး သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်သည့် သူ၏အိပ်မက်ကို အကောင်အထည်ဖော်ချင်ပေမဲ့ သူ့သားတွေ ပျော်ရွှင်နွေးထွေးစွာ ကြီးပြင်းလာရန်ကိုလည်း မျှော်လင့်သည်။သူတို့၏ မျက်နှာပေါ်မှာ ပျော်ရွှင်သော အပြုံးတွေနှင့်သူတို့၏ ငယ်ဘဝတွေကို အနာဂတ်မှာ ပြန်အမှတ်ရနိုင်ရန် သူမျှော်လင့်၏။
ဤနည်းအားဖြင့် သူက လင်းဖေးကိုယ်တိုင် ရွေးချယ်ခဲ့သော ဖခင်ဖြစ်ရန် ထိုက်တန်ပေလိမ့်မည်။
တစ်ပတ်အကြာတွင် 'တောက်ပသောတနင်္ဂနွေ' ပရိုဂရမ်အဖွဲ့မှ လင်းလော့ချင်း နှင့် ကျိယွီရှောင်တို့ ရိုက်ကူးထားသည့် ပထမဆုံးအပိုင်းကို တည်းဖြတ်ခဲ့သည်။ မတ်လ၏နောက်ဆုံးအပတ်တွင် Mangosteen Satellite TV နှင့် Seal Video တို့မှ တရားဝင်ထုတ်လွှင့်ခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို မကြည့်ရသေးသော ပရိသတ်များသည် ကျိပန်ရှားရှိ ကျိယွီရှောင် နှင့် လင်းလော့ချင်းတို့ကြား သရုပ်ဆောင်မှု နှင့် အပြန်အလှန်ဆက်ဆံမှုကို မြင်ပြီး ထိတ်လန့်သွားကြသည်။
[ဒါက တကယ် ကျိအုပ်စုရဲ့ အထွေထွေမန်နေဂျာလား...သူကချောလိုက်တာ...လင်းလော့ချင်းနဲ့ သူ့ရဲ့ဆက်ဆံရေးက အရမ်းကောင်းတာပဲ]
တွင်းထဲသို့ ဒေါင်လိုက်ကျပြီးနေပြီဖြစ်သော CPဖန်များက တွင်းအောက်ခြေမှာ အိပ်ပြီး သကြားလုံး စားကြသည်။ သူတို့က အချင်းချင်း ကမန်းကတန်း နှုတ်ဆက်ကြပြီး အသစ်ရောက်လာသူများကို ပေးရန်အတွက် သကြားလုံးများကို ထုတ်ယူကြသည်။ကျိချင်းCPကို နှစ်သက်နေသရွေ့ သူတို့က ညီအစ်ကိုမောင်နှမတစ်ပိုင်း ဖြစ်သွားသကဲ့သို့ပင်။
ပထမအပိုင်း၏ အကြောင်းအရာက အတော်လေးရှည်သည်။ပရိုဂရမ်က ၎င်းကို အထူးတလည် အပိုင်းနှစ်ပိုင်းခွဲထားသည်။ ပထမအပိုင်းက ဂိမ်းကစားခြင်းအကြောင်းဖြစ်ပြီး ဒုတိယအပိုင်းက ဂိမ်း၏ဒုတိယပိုင်းနှင့် စားသောက်ပြီး စကားစမြည်ပြောသည့်အချိန်ဖြစ်သည်။
စားသောက်ခြင်းနှင့် စကားစမြည်ပြောခြင်းအပိုင်းကို ရိုက်ကူးနေစဉ်အတွင်း တိုက်ရိုက်ထုတ်လွှင့်ခြင်းမရှိပါချေ။ ဆိုလိုသည်က ကျိချင်းCP ၏ တွင်းထဲကို ဝင်ပြီးသား ပရိသတ်တော်တော်များများက ဤအပိုင်းကို ရိုက်ကူးပြီးကတည်းက ဤအပိုင်းကို ထုတ်လွှင့်ရန် စောင့်မျှော်နေကြသည်ဟု ဆိုလိုခြင်းပင်။
ဤအခိုက်အတန့်ကို စောင့်မျှော်နေခဲ့ပြီး နောက်ဆုံးမှာ ရောက်ရှိလာသည့်အခါ သူတို့သည် အနီးကပ်ကြည့်ကာ ချက်ချင်းပင် ထပ်၍အူမြူးသွားကြသည်။
[မြင်လား...ဥက္ကဋ္ဌကျိက ချင်းချင်းအတွက် အသီးအရွက်တွေထည့်ပေးဖို့ ဘယ်တော့မှ မမေ့ဘူး]
[ချင်းချင်းက မငြင်းဘူး... သူကြည့်ရတာ အရမ်းသဘာဝကျပြီး အဲဒါကို ကောင်းကောင့်ကျင့်သားရနေပုံပဲ]
[မှန်တယ်...ငါနဲ့ငါ့ကောင်လေးအတိုင်းပဲ]
[ဒါက သိပ်သဘာဝကျတယ်...သူတို့နှစ်ယောက်က သဘာဝကျကျနဲ့ ချစ်ဖို့ကောင်းလွန်းတယ်]
[ပြီးတော့ စကားပြောတဲ့အခါမှာလည်း
ဥက္ကဋ္ဌကျိက သစ်သီးတစ်လုံးကိုယူပြီး အခွံခွာပြီး ချင်းချင်းကိုပေးတယ်... အရမ်းနွေးထွေးတာပဲ!]
[ဟုတ်တယ်...ချင်းချင်းကလည်း အဲဒါကို အရမ်း သဘာဝကျကျ လက်ခံတယ်... ရှက်နေတာမျိုးလုံးဝမရှိဘူး]
[သူတို့က တကယ်သူငယ်ချင်းတွေလား...ဘယ်သူငယ်ချင်းက ဒီလိုမျိုး တခြားသူငယ်ချင်းကို ဂရုစိုက်လို့လဲ]
[ဖိတ်ကြားချက်အတွက်ကျေးဇူးပါ... ငါ့ကောင်လေးကတောင် ငါ့ကို ဒီလောက်ဂရုမစိုက်ဘူး... ဟီးဟီး သူငယ်ချင်းတို့ အဖြောင့်တို့ ငါ မယုံဘူး!]
[ငါလည်း မယုံဘူး... ဒါသာ သူငယ်ချင်းဆိုရင် ငါ့မှာ သူငယ်ချင်းမရှိဘူး!]
[မဟုတ်ဘူးလို့ ဘယ်သူပြောလဲ]
ကျိချင်းCP ဖန်များသည် အဆိုပါရှိုးကို ကြည့်ရှုခဲ့ပြီး သကြားလုံးစားရင်း CPစာရောင်းကြသည်။ဗီဒီယိုတွေ တည်းဖြတ်ပြီး ပုံတွေဆွဲကြသည်။ တစ်ချို့က လင်းလော့ချင်းနှင့် ကျိယွီရှောင် အကြောင်း စိတ်ကူးယဉ်ဝတ္ထုတွေပင် ရေးကြသည်။
လင်းလော့ချင်း စိတ်ဝင်တစား ဖွင့်ဖတ်လိုက်ပြီးနောက် မျက်နှာနီရဲကာ ကျောခိုင်းလိုက်ရသည်။ရေးထားတာက စိတ်အားထက်သန်လွန်းနေတယ်... သူတို့ရဲ့ CP နာမည်က စိတ်အားထက်သန်မှုဆိုပေမဲ့ ဒီလောက်ကြီး စိတ်အားထက်သန်နေစရာ မလိုဘူးလေ...
လင်းလော့ချင်း၏ တစ်ယောက်တည်းဖန်များက ရသစုံရှိုးနှစ်ခုကို ပြသပြီးနောက် CP ဖန်များစွာ မွေးဖွားလာနိုင်လိမ့်မည်ဟု မထင်ခဲ့ပေ။ အထူးသဖြင့် ကျိယွီရှောင်သည် ကြယ်ပွင့်တစ်ယောက်မဟုတ်သောကြောင့်ဖြစ်ပြီး အနုပညာလောကအတွင်းကလူပင်မဟုတ်ပေ။
ယခုလိုအခြေအနေမျိုးက ဖန်အသိုင်းအဝိုင်းမှာ ရှားပါးလွန်းသည်။ CP ဖန်များရှိသည်က မူလက လူနှစ်ဦးလုံးအတွက် အကျိုးရှိသော်လည်း ကျိယွီရှောင်က အနုပညာအသိုင်းအဝိုင်းထဲက လုံးဝ ဟုတ်မနေပေ။သူ့အနေဖြင့် အချက်အလက်ဖန်တီးရန်၊ ထောက်ခံချက်များကို ဝယ်ယူရန် သို့မဟုတ် အရောင်းမြင့်တင်ရန် မလိုအပ်ပေ။ရလဒ်အနေဖြင့်၊ မူလက သူတို့နှစ်ဦးလုံးနှင့်ဆိုင်သော CPဖန်များသည် လင်းလော့ချင်းအပေါ်တွင်သာ ၎င်းတို့၏စိတ်အားထက်သန်မှုအားလုံးကို အသုံးပြုခဲ့ကြသည်။
လင်းလော့ချင်းက မဲပေး(vote)ဖို့လိုရင် သူတို့မဲပေးမယ်...
လင်းလော့ချင်းက ထောက်ခံချက်အသစ်ကို ကြေညာရင် သူတို့ ဝယ်မယ်...
လင်းလော့ချင်းက မဂ္ဂဇင်းအသစ်ထုတ်မယ်ဆိုရင် သူတို့ အပြေးအလွှားသွားဝယ်ကြမယ်...
လင်းလော့ချင်း၏ တစ်ဦးတည်းဖန်များသည် အချိန်အတော်ကြာ စောင့်ကြည့်ခဲ့သည်။ သူတို့ပိုကြည့်လေ၊ သူတို့၏ စိတ်တွေက ပိုရှုပ်ထွေးလာလေပါပင်။
ဒီလူတွေနဲ့ ရန်ဖြစ်ဖို့ သိပ်မလိုဘူးလို့ ထင်တယ်...
သူတို့သွားဖြဲ၍မရပေ။ကျိချင်းCPဖန်များက CP စူပါဆွေးနွေးပွဲများ၏ ထိပ်ဆုံးသို့ ရောက်ရှိနေပြီဖြစ်သည်။ သူတို့က အလွန်အင်အားကြီးသည့်အတွက် တစ်ဦးတည်းဖန်တွေကို သူတို့ကို လျစ်လျူရှုမထားနိုင်သည်အထိပင်။
သွားဖြဲရမလား မဖြဲရဘူးလားက တကယ်ကိုမေးစရာတစ်ခုဖြစ်နေ၏။
တစ်ဦးတည်းဖန်အဖွဲ့၏ အဓိက တိုက်ခိုက်ရေးဂိုဏ်းနှင့် အဓိက ငြိမ်းချမ်းရေးဂိုဏ်းတို့က ချက်ချင်းဆိုသလိုပင် ယင်းကိစ္စနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် စကားများရန်ဖြစ်ခဲ့ကြသည်။
ယင်းက ကျိယွီရှောင် အွန်လိုင်းတက်ပြီး လင်းလော့ချင်း၏ မဂ္ဂဇင်းတွေ ဝယ်သည့်အချိန်နှင့် တိုက်ဆိုင်နေသည်။
တိုက်ချင်သော်လည်း မတိုက်နိုင်သော အဖွဲ့ရှိ အဓိက တိုက်ခိုက်ရေးဂိုဏ်းက သူ့ကို လျင်မြန်စွာ ဆွဲထားကာ အော်ဟစ် ကြသည်။
[ဘော့စ်ယွင် မသွားနဲ့...ပြောစရာရှိတယ်]
ယွင်ဖျင်ယုကျိက သူတို့အသိုင်းအဝိုင်းထဲရှိ သံမဏိသွေးဖန်တစ်ယောက်ဖြစ်ကြောင်း မသိသူတစ်ယောက်မှမရှိပေ။သူသည် အနှစ် 200 လုံး ပိုက်ဆံစုရန် အာရုံစိုက်ခဲ့ပြီး ဤဘဝတွင် လင်းလော့ချင်းကိုသာ ချစ်ခဲ့သည်။
အဓိက တိုက်ခိုက်ရေးဂိုဏ်းသည် ၎င်းက သူတို့၏ နောက်ဆုံးအခွင့်အရေးဟုတွေးထားကြသည်။ယွင်ဖျင်ယုကျိက သူတို့ကို တိုက်ခိုက်ရန် ပံ့ပိုးပေးဖို့ ဆန္ဒရှိနေသရွေ့ တခြားသူတွေ ဘက်ပြောင်းသွားမှာ သေချာသည်။
[ဘော့စ်ယွင် ကျိချင်းCP ကို သိလား] ပအဓိကတိုက်ခိုက်ရေးဂိုဏ်၏ ကိုယ်စားလှယ်က တမင်တကာ ပြောလိုက်သည်။
ကျိယွီရှောင်: [အင်း]
[ဒါဆို ငါတို့ သူတို့ကိုသွားဖြဲသင့်တယ်လို့ ထင်လား]
သေချာပေါက်တိုက်လောက်မှာ.... အရင်တုန်းက တစ်ယောက်ယောက်က လင်းလော့ချင်းနဲ့ CP လာဖွဲ့တိုင်း၊ သူက ဒီCPက မကောင်းဘူး၊ CP က လုံးဝ မကောင်းဘူးလို့ သူက ထပြောလိမ့်မယ်...
ကျိချင်းCPက အရှိန်အဟုန်ကြီးကြီးမားမားရှိတော့ ဘော့စ်ယွင် ဟိုးအရင်ကတည်းက စိတ်တိုနေလောက်တယ်...ကျိယွီရှောင်နဲ့လင်းလော့ချင်းကို ခွဲပြီး ကျိယွီရှောင်လင်းလော့ချင်းကိုလာထိလို့မရအောင်လုပ်ဖို့မစောင့်နိုင်တော့ဘူးနေမယ်...
မေးသည့်သူက ယုံကြည်မှုအပြည့်ရှိနေသည်။ ထို့နောက် သူတို့ ခဏတွင်းချင်း စာပြန်လာသည်းကိုတွေ့လိုက်သည်။
[ဘာဖြဲမှာလဲ... ဘာကြောင့်ဖြဲမှာလဲ...ကျိယွီရှောင် နဲ့ လော့ချင်းက သူငယ်ချင်းကောင်းတွေ မဟုတ်ဘူးလား...သူတို့တကယ် အရမ်းထိုက်တန်တယ်...သူတို့နဲ့ မထိုက်တန်ဘူးလို့ ထင်နေတာလား...ဘာလို့လဲ?]
ဘယ်လိုနေလဲ ကဲ...
ဒီအသိုင်းအဝိုင်းထဲက တစ်ဦးတည်းသော သံမဏိသွေးဖန်ယုကျီးက ဒီလိုအရာမျိုးဖြစ်ခွင့်မပြုဘူးဆိုတာ သူတို့သိတာပေါ့… ခဏလေး ဒီလူက သွားမဖြဲနဲ့ဆိုတာ ဘာကိုဆိုလိုတာလဲ...
တိုက်ခိုက်ချင်စိတ်မရှိရုံတင်မကဘဲ ဘော့စ်ယွင်က သူတို့နှစ်ယောက်က လုံးဝလိုက်ဖက်တယ်လို့ပါ ထင်နေတာလား...
အဓိက တိုက်ခိုက်ရေးဂိုဏ်း:"????"
အဓိက ငြိမ်းချမ်းရေး ဂိုဏ်း: "!!!!"
ဂိုဏ်းနှစ်ခု၏ တပည့်များသည် တစ်ချိန်တည်းတွင် တုန်လှုပ်သွားကြသည်။
မဟုတ်ဘူး...ဘော့စ်ယွင် ဒီစကားတွေက မဟုတ်သေးဘူးလေ...
ဒီလူက သံမဏိသွေးဖန် မဟုတ်ဘူးလား...
ဘာလို့ ရုတ်တရက် ထပုန်ကန်ရတာလဲ...
သူရဲ့ခန္ဓာကိုယ်ကို တခြားဝိညာဉ်တစ်ခုက သိမ်းပိုက်လိုက်တာများလား...
သို့သော် ဘော့စ်ကမှ ဤသို့ပြောလာသည့်အခါဝယ် အဓိကငြိမ်းချမ်းရေးအဖွဲ့သည် ချက်ချင်းပင် ခုန်ထွက်ကာ အခြားသူများကို စည်းရုံးရန် ကြိုးစားသည်။
[မှန်တယ်...ဘော့စ်ယွင်က တိုက်ပွဲကို မထောက်ခံပါဘူး...ထားလိုက်ပါ...ဘယ်လိုပဲဖြစ်ဖြစ် ကျိချင်းCPက အခုအချိန်မှာ အရမ်းပေါက်နေပေမဲ့ အကုန်လုံးကလော့ချင်းဆီရောက်သွားတာလေ...ကျိယွီရှောင်က အနုပညာလောကထဲကလူမဟုတ်ဘူး...အဲတော့တကယ်မလိုအပ်ဘူး]
ယွင်ဖျင်းယုကျိ: [ဟုတ်တယ်]
အဓိကတိုက်ခိုက်ရေးဂိုဏ်း: "……"
ဒီလူက 'ဟုတ်တယ်'လုပ်လိုက်သေးတယ်ပေါ့...
ဒီလူနည်းနည်း ကြောင်သူတော်ဆန်တယ်... အရင်က CP ကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့တာ သူမဟုတ်ဘူးလား...
အခု ဘာဖြစ်သွားတာလဲ...
ဘော့စ်ယွင် ရိုးသားစမ်ပါ...မင်း ငါတို့နောက်ကွယ်မှာ ကျိချင်းကို တိတ်တိတ်လေး သင်္ဘောမောင်း(ship)နေတာလား...
မင်းကတော့ တစ်ခုခုမှားနေပြီ...
'တောက်ပသောတနင်္ဂေနွ' ထုတ်လွှင့်မှုသည် လင်းလော့ချင်း၏ယခင်ကျော်ကြားမှုကို ကျစ်လစ်ခိုင်မာစေရုံသာမက CPဖန်အများအပြားကိုလည်း မတော်တဆရရှိစေခဲ့သည်။ပြီးလျှင် ဖန်တွေလည်း တဟုန်ထိုး တိုးပွားလာစေပြန်သည်။
လင်းလော့ချင်းကို ယခင်က ဂရုမစိုက်သော အင်တာနက်သုံးစွဲသူအများအပြားသည် သူနှင့် ကျိယွီရှောငိ အကြား အပြန်အလှန်ဆက်ဆံမှု၏ ဆွဲဆောင်ခြင်းခံလိုက်ရပြီး CPဖန်များ ဖြစ်လာခဲ့ကြသည်။ နောက်ပိုင်းမှာ သူတို့က သူ့အကြောင်း ပိုသိလာပြီး တဖြည်းဖြည်းနှင့် သူ၏ အမာခံဖန်များ ဖြစ်လာခဲ့သည်။ အပိုင်းလေးခု၏အဆုံးတွင် လင်းလော့ချင်း ၏ကျော်ကြားမှုသည် စုထုံ၏ကျော်ကြားမှုကိုကျော်လွန်၍ လူကြိုက်များမှုအများဆုံးအနုပညာရှင်ဖြစ်လာခဲ့သည်။
သို့သော် ဤသည်မှာ လင်းလော့ချင်း စိုးရိမ်ပူပန်နေသည့်အရာမဟုတ်ပေ။
မေလရောက်လာလျှင် နှစ်စဉ် ရွှေဖီးနစ် ရုပ်ရှင်ပွဲတော် စတင်တော့မည်ဖြစ်သည်။ဝတ္ထုထဲတွင်၊ ယွီကျားယုံက ရွှေဖီးနစ် ရုပ်ရှင်ပွဲတော်တွင် ရွှေဖီးနစ်ဆုဖလား နှစ်ကြိမ်ရရှိခဲ့ပြီး တစ်ရှိန်ထိုး ကျော်ကြားလာခဲ့သည်။ ထို့ကြောင့် လင်းလော့ချင်း ယခုအချိန်တွင် ယွီကျားယုံ ဘာလုပ်နေသလဲ ဆိုသည်နှင့် ပတ်သက်၍ ပိုစိုးရိမ်လာခဲ့သည်။
ရွှေဖီးနစ်ရုပ်ရှင်ပွဲတော်အတွက် သူစာရင်းသွင်းပြီးပြီလား...'ကွေးယွီ့' က အောင်အောင်မြင်မြင်နဲ့ ဆန်ခါတင်စာရင်းဝင်ပြီး နောက်ဆုံးမှာ ဆုရနိုင်ပါ့မလား...
ဤရည်ရွယ်ချက်အတွက် သူ ယွီကျားယုံဆီသို့ အထူးတလည်ဖုန်းခေါ်ခဲ့သည်။
ယွီကျားယုံတစ်ယောက် ရွှေဖီးနစ်ရုပ်ရှင်ပွဲတော်တွင် စာရင်းသွင်းရန် သူ့ကို အထူးတလည်သတိပေးရန်အတွက် လင်းလော့ချင်းက အထူးတလည်ဖုန်းခေါ်လိမ့်မည်ဟု မထင်ခဲ့ဖူးပေ။ဤသည်က အပြုသဘောဆောင်လွန်းသည်။
ဒီအတွက် မင်း တကယ်ပဲ ဆုရဖို့ရည်ရွယ်နေတာတော့မဟုတ်ပါဘူးနော်...
ယွီကျားယုံသည် လင်းလော့ချင်းက သူ့ထက် ပိုစိတ်ဖိအားပေးခံနေရသလို ခံစားရသည်။
သူက သူ့ရုပ်ရှင်တွေကို အလွန်ကြိုက်ပြီး သူနှင့် လင်းလော့ချင်း တို့၏ ပူးပေါင်းဆောင်ရွက်မှုအပေါ် အကောင်းမြင်စိတ်ရှိပါသည်။
သို့သော် ယခုမေးခွန်းမှာ သူလိုမျိုး လူမသိသူမသိလူသစ်ဒါရိုက်တာတစ်ဦးနှင့် ဇာတ်ကားနှစ်ကားသာရိုက်ကူးဖူးသော မျက်နှာသစ်သရုပ်ဆောင်တစ်ဦးဖြစ်သည့် လင်းလော့ချင်းက မည်သို့ရနိုင်မည်နည်း။
ယွီကျားယုံ ထိုသို့တွေးပြီးနောက် သူ့ကိုယ်သူပြန်လည်နားချလိုက်ပြန်သည်။ ရနိုင်လျှင် အမြတ်၊မရလျှင်လည်းအရှုံးမရှိပေ။ထို့ကြောင့် စာရင်းသွင်းလိုက်ရုံပင်။ မည်သို့ပင်ဆိုစေကာမူ ဆုမရသူ အများကြီးရှိသည်။ သူတစ်ယောက်ပိုသွားလည်း ကိစ္စမရှိပေ။
သူသည် သူ၏ သတ္တိကို လွှတ်လိုက်ပြီး သူတွေးနိုင်သော ဆုများအားလုံးအတွက် ရိုးရိုးရှင်းရှင်းပဲ စာရင်းသွင်းပစ်ခဲ့သည်။ သူ့ကိုယ်သူ အကောင်းဆုံး ဒါရိုက်တာဆုအတွက်ပင်စာရင်းသွင်းခဲ့သည်။
အင်မတိအင်မတန်အရှက်မရှိရာကျပေမဲ့ ဘယ်သူက ဂရုစိုက်လို့လဲ... ဘယ်သူမှ သူ့ကို ဂရုမစိုက်ဘူး...
သို့သော်လည်း စာရင်းသွင်းပြီးနောက်၊ ဇွန်လတွင် ဆန်ခါတင်စာရင်းကို ထုတ်ပြန်ကြေညာသောအခါတွင် ယွီကျားယုံတစ်ယောက် ရင်တထိတ်ထိတ် မျှော်တလင့်လင့်ဖြင့် တရားဝ
င်ဝဘ်ဆိုဒ်ကို ဖွင့်လိုက်သည်။၎င်းကိုမြင်ရချိန်တွင် ယွီကျားယုံ ထိတ်လန့်တုန်လှုပ်သွား၏။
သူ အံ့ဩသွားပြီး ကွန်ပြူတာကို အကြာကြီး စိုက်ကြည့်နေခဲ့မိသည်။
ထို့နောက် သူ့ဖုန်းကို ကောက်ကိုင်လိုက်ပြီး လင်းလော့ချင်းကို ဖုန်းဆက်လိုက်လေသည်။