အပိုင်း ၃၀၉
Viewers 87k

Chapter 309




ယခုနှစ် ရွှေလော်ရယ် ဆုပေးပွဲတွင် ရှစ်ကျန်းက သူ၏ ဇာတ်ကားနှစ်ကားအတွက် အကောင်းဆုံး မျက်နှာသစ်ဆုနှင့် အကောင်းဆုံး ဇာတ်ပို့ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့သည်။လင်းလော့ချင်းက ဤသတင်းကို အာရုံစိုက်နေပြီး ရှစ်ကျန်းဆုကို ဆွတ်ခူးနိုင်မလား စောင့်ကြည့်ချင်နေသည်။


မူရင်းစာအုပ်တွင် ရှစ်ကျန်းက ယခုအချိန်တွင် ရိုက်ကူးရေးအဖွဲ့များတွင် သေးငယ်သော ဇာတ်ရုပ်နေရာများမှာ ပါဝင်နေဆဲဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူ၏လိပ်ပြာအကျိုးသက်ရောက်မှုကြောင့် ရှစ်ကျန်းက သူ၏ ခေတ္တအနားယူချိန်ကို စောစီးစွာအဆုံးသတ်ကာ လူကောင်ထွက်ပြလာခဲ့သည်။လင်းလော့ချင်း သူ့အနာဂတ်က စာအုပ်ထဲကအတိုင်းဖြစ်မလားသိချင်နေခဲ့သည်။


ရှစ်ကျန်း၏ဒရာမာနှစ်ကားကို သူကြည့်ဖူးသည်။သူ့တွင်ဇာတ်ဝင်ခန်းများစွာမရှိသော်လည်း အလွန်ကောင်းမွန်စွာသရုပ်ဆောင်ခဲ့သည်။အထူးသဖြင့် ဒရာမာတစ်ကားတွင်အလုပ်သမားတစ်ဦးအဖြစ်သရုပ်ဆောင်ခဲ့ရာ၌ သူက ဇာတ်ဆောင်နှင့်အပြိုင်သရုပ်ဆောင်ရာတွင် အလွန်ကောင်းမွန်စွာသရုပ်ဆောင်ခဲ့သည်။ ထူးခြားသည်က ဤဇာတ်ရုပ်ကြောင့် အကောင်းဆုံး ဇာတ်ပို့ဆုအတွက် လျာထားခံရခြင်း ဖြစ်သည်။


တစ်ခုသာဖြစ်သည်၊ သူ၏ဇာတ်ရုပ်က တခြား ဆန်ကာတင်စာရင်းဝင် ဇာတ်ကောင်တွေလောက် အခန်းမများသောကြောင့် လင်းလော့ချင်း သူ အကောင်းဆုံး ဇာတ်ပို့ဆုကိုရလိမ့်မည်ဟု သိပ်မထင်ပေ။သူမြင်ချင်သည်က ရှစ်ကျန်း အကောင်းဆုံးလူသစ်ဆုကိုရသည်ကိုဖြစ်၏။


ထို့ကြောင့် သူ တိုက်ရိုက်ထုတ်လွှင့်မှုကိုပင် ကြည့်ရှုခဲ့ပြီး ရှစ်ကျန်းကို တတ်နိုင်သမျှ အမြန်ဆုံး ကောင်းချီးပေးခြင်း သို့မဟုတ် နှစ်သိမ့်ပေးခြင်း ပြုလိုခြင်း ဖြစ်သည်။


လင်းလော့ချင်း ကွန်ပြူတာရှေ့တွင် ရင်ခုန်စိတ်လှုပ်ရှားစွာထိုင်ကာ ဆုကြေညာသူ၏စကားကို နားထောင်ခဲ့သည်။ 

"ဒီနှစ်အတွက် အကောင်းဆုံးလူသစ်ကတော့ ---"


သူ စိတ်ထဲကနေဆုတောင်းနေမိသည်။

ရှစ်ကျန်း...ရှစ်ကျန်း...ရှစ်ကျန်း


ဆုတောင်းနေချိန်မှာပဲ ဆုကြေညာသူ၏အသက်ပင်မရှူနိုင်သောအသံကိုသူကြားလိုက်ရသည်။

"ရှစ်ကျန်း"


လင်းလော့ချင်း "ရက်စ်..."ဟု စိတ်လှုပ်ရှားစွာအော်ပြီး စခရင်ပေါ်ကရှစ်ကျန်းကို စိတ်လှုပ်ရှားစွာကြည့်နေခဲ့သည်။


ရှစ်ကျန်းက ဘရန်းကစပွန်ဆာပေးသည့် ဝတ်စုံကို ၀တ်ဆင်ထားပြီး တောက်ပကာ ရွှင်လန်းနေသည်။သူက သူ့မျက်လုံးများတွင် သိသာထင်ရှားသော အပြုံးဖြင့် မတ်တပ်ထရပ်လိုက်သည်။


လင်းလော့ချင်း သူ စာအုပ်ထဲတွင် ဤဆုရခဲ့ခြင်းရှိမရှိ မမှတ်မိသော်လည်း ဤနည်းဖြင့်ဆို သူ့တွင် အခွင့်အရေးများ ပိုရနိုင်မည်ဟု တွေးမိသည်။သူ၏အကောင်းဆုံး ဇာတ်ဆောင်ဆုဖလားကို ဆုံးရှုံးရလိမ့်မည်မဟုတ်ပေ။


သူက ရှစ်ကျန်းကို WeChat တွင် ပျော်ရွှင်စွာ မက်ဆေ့ချ်ပေးပို့ခဲ့ပြီး ယခုတစ်ကြိမ် အကောင်းဆုံး လူသစ်ဆုကို ရရှိသည့်အတွက် ချီးကျူးဂုဏ်ပြုခဲ့သည်။လင်းလော့ချင်း သူ၏ တကယ်ကောင်းမွန်သော သရုပ်ဆောင်စွမ်းရည်နှင့် ကောင်းမွန်သောအကျင့်စရိုကိအတွက် ချီးကျူးစကားဆိုခဲ့သည်။ရှစ်ကျန်းက ပိုမိုကောင်းမွန်သော အနာဂတ်ကို ရရှိမည်ဖြစ်ကာ အနာဂတ်မှာ အကောင်းဆုံးဇာတ်ဆောင်ကို သေချာပေါက် ဆွတ်ခူးနိုင်မည်ဖြစ်ကြောင်း သူပြောခဲ့သည်။ 


သူ ၎င်းကိုပို့ပြီးသည့်အခိုက်မှာ သူ့နာမည်ကိုကြားလိုက်ရသည်။လင်းလော့ချင်း စိတ်ရှုပ်ထွေးစွာနှင့် မော့ကြည့်လိုက်ရာ ရှစ်ကျန်းက စင်ပေါ်တက်ပြီး ဆုဖလားကို အေးဆေးတည်ငြိမ်စွာ ကိုင်ထားသည်ကို တွေ့လိုက်ရသည်။


"သူနဲ့မတွေ့ခင်တုန်းက ကျွန်တော်က အမြဲတမ်း အဖွဲ့ထဲမှာလူပိုဖြစ်ခဲ့တယ်...ဒီနေ့ဒီနေရာက ကျွန်တော်ကို လိုရင် ဒီနေ့ ဒီကိုသွားတယ်...မနက်ဖြန်မလိုအပ်တော့ရန် ထွက်လာခဲ့တယ်...ကျွန်တော့်မှာ နာမည်မရှိသလို မှတ်မှတ်သားသားဖြစ်မဲ့ အရည်အချင်းလည်း မရှိဘူး...ဒါပေမဲ့ ကျွန်တော် လက်မလျှော့ချင်ဘူး... ဒါကြောင့် ကျွန်တော်ဆက်သွားခဲ့တယ်...ရိုက်ကူးရေးအဖွဲ့တွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြောင်းပြီး ကျွန်တော့်ကို တစ်ယောက်ယောက်ကတွေ့သွားဖို့စောင့်မျှော်နေခဲ့တယ်...ဒါပေမဲ့ ဘယ်တုန်းကမှ သူတို့ မတွေ့ သွားကြဘူး ...တခါတရံ အရှုံးပေးသင့်ပြီလို့ ခံစားရပေမဲ့ ထပ်ပြီးကြိုးစားချင်ခဲ့တယ် ...ကံကောင်းထောက်မစွာနဲ့ ကျွန်တော် ကြိုးစားမိခဲ့တာ ...မဟုတ်ရင် လင်းလော့ချင်းနဲ့ တွေ့မှာ မဟုတ်ဘူး...ကျွန်တော့်မှာ ဒီနေ့ ဆိုတာလည်း ရှိလာမှာမဟုတ်သလို ဒီနေရာမှ. ရပ်ဖို့ အရည်အချင်းလည်း ပြည့်မီမှာမဟုတ်ဘူး"


"သူနဲ့တွေ့တဲ့နေ့က ဆောင်းတွင်းပါ...ဒါပေမဲ့ အဲဒီနေ့က နေသာနေတယ်... သူက ကျွန်တော့်ရှေ့မှာ ပေါ်လာတယ်... နောက်တော့ သူက နေရောင်ခြည်ထက် ပိုနွေးတယ်ဆိုတာ သိလာရတယ်...သူ့ကြောင့် ကျွန်တော့်ရဲ့ ဆောင်းရာသီက အစောကြီးကုန်ဆုံးသွားတယ်"


"ကျေးဇူးတင်ပါတယ်လော့ချင်း...ကျွန်တော်ကိုကူညီပေးခဲ့တဲ့လူတိုင်းကို ကျေးဇူးတင်ပါတယ်...ကျွန်တော့ရဲ့ဆောင်းရာသီကို စောစောအဆုံးသတ်စေခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်..."


လင်းလော့ချင်း ရှစ်ကျန်းက ချင်ဝူကဲ့သို့ စင်မြင့်ပေါ်မှာ သူ့ကို ကျေးဇူးတင်လိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ 


ပြီးလျှင် ၎င်းက ပိုမိုအာရုံစိုက်ခံရသည့် ရွှေလော်ရယ်ဆုပေးပွဲလည်း ဖြစ်သေးသည်။ရွှေလော်ရယ်ဆုပေးပွဲက ပွဲတစ်ခုလုံးကို တိုက်ရိုက်ထုတ်လွှင့်ခြင်းဖြစ်သည်။


ကျေးဇူးတင်စကား ပြောပြီးသည်နှင့်[ရှစ်ကျန်း၊ရွှေလော်ရယ်ဆုပေးပွဲ အကောင်းဆုံးလူသစ်ဆု]၊ [ရှစ်ကျန်းက လင်းလော့ချင်းကိုကျေးဇူးတင်] နှင့် [ရှစ်ကျန်း၊လင်းလော့ချင်း] တို့က တစ်ခုပြီးတစ်ခု ခေတ်စားနေသော ရှာဖွေမှာစာရင်းမှာ ပါဝင်လာခဲ့သည်။


အင်တာနက်သုံးစွဲသူတွေက ယခုလိုပြောကြသည်။

[ဒီမြင်ကွင်းက အရမ်းရင်းနှီးနေတယ်]


[ပြီးခဲ့တစ်လက ဂီတပွဲတော်ကို ကွက်တိပြန်သရုပ်ဆောင်ထားသလိုပဲ]


[ချင်ဝူက လင်းလော့ချင်းကို ကျေးဇူးတင်ပြီး ရှစ်ကျန်းကလည်း လင်းလော့ချင်းကို ကျေးဇူးတင်တယ်...လင်းလော့ချင်းက တကယ် စိတ်ရှည်တဲ့ သတ္တဝါအားလုံးကို ကယ်တင်ဖို့ ကမ္ဘာမြေပေါ်ဆင်းလာခဲ့တာများလား]


[ဒါပေမဲ့ သူက တကယ့်ကိုစိတ်ထား နူးညံ့သိမ်မွေ့ပြီး တခြားသူတွေရဲ့ ဘဝရဲ့ ကံကြမ္မာကို အမှန်တကယ် ပြောင်းလဲစေခဲ့တယ်]


[ကျွန်တော့်ရဲ့ ဆောင်းရာသီက စောပြီး ကုန်ဆုံးသွားခဲ့တယ်...ဖာ့ခ် ရှစ်ကျန်းရဲ့စကားတွေက လုံးဝမှန်တယ်...ငါခံစားရတယ်]


[တစ်ယောက်က ဂီတနဲ့ပတ်သက်တဲ့ဆုရပြီး နောက်တစ်ယောက်က ရုပ်ရှင်နဲ့ရုပ်မြင်သံကြားဆုရခဲ့တယ်...ဒါကတကယ် ဆောင်းရာသီအဆုံးသတ်သွားတာလား]


[အားးး လင်းလော့ချင်းရေ ဘယ်မှာလဲ... ငါတို့ကောကောကိုကြည့်ပါဦး...ငါတို့ကောကောက ဆောင်းရာသီကိုဖြတ်သန်းနေတုန်းပဲ]


အချိန်အတိုင်းအတာတစ်ခုအထိ၊ လင်းလော့ချင်း၏စင်နောက်မှာ သီးသန့်မက်ဆေ့ချ်များစွာဖြင့် ပြည့်နှက်နေပြီး သူတို့၏ ကောကော၊တိတိ၊ကျဲကျဲ၊မေ့မေ့များကို ကြည့်ရှုကာ ဆောင်းရာသီကို အမြန်ဆုံးအဆုံးသတ်ပေးပါရန် တောင်းပန်နေကြသည်။


ထိုမျှတင်မကဘဲ လူတချို့က သူ့ဓာတ်ပုံတွေကို ပြန်လည်မျှဝေပြီး ဤလင်းလော့ချင်းပုံကို ပြန်လည်မျှဝေလျှင် သင်က နောက်ထပ်ကံကောင်းသူ ဖြစ်လာလိမ့်မည်ဟု ပြောကြ၏။


ဤအခြေအနေအောက်တွင် လင်းလော့ချင်းမှာ အလျင်အမြန် သူ့ကိုယ်ပိုင်အပူတပြင်းရှာဖွေမှုခေါင်းစဉ်တစ်ခုရှိလာပြီး ဖန်များကလည်း "အနောက်အရပ်သို့ခရီး" ကို တက်တက်ကြွကြွ မျှဝေကြသည်။ချင်ဝူနှင့် ရှစ်ကျန်းတို့၏ ထပ်ဆင့်ကျေးဇူးတင်စကားများကြောင့် အင်တာနက်သုံးစွဲသူများစွာ လင်းလော့ချင်းအပေါ် အထင်အမြင်ကောင်းတစ်ခုရှိနေပြီဖြစ်သည်။ပရိုမိုးရှင်း၏သက်ရောက်မှုအောက်တွင် သူတို့က လက်မှတ်များကို တိုက်ရိုက်တန်းဝယ်ကြသည်။


လင်းလော့ချင်း:"......"


လင်းလော့ချင်း အကြောင်းပြချက်တချို့ကြောင့် အနည်းငယ်ရှက်သွားသည်။


လူအများရှေ့တွင် ဤမျှတရားဝင်နည်းလမ်းဖြင့် သူ့ကို ကျေးဇူးတင်နေစရာ မလိုပါချေ။


WeChat မှာ တိတ်တိတ်လေးပဲ ပြောလျှင် ရပြီဖြစ်၏။


၎င်းကို သူတွေးနေရင်း သူ့ဖုန်းက မြည်လာသည်။ယင်းက ရှစ်ကျန်း၏ WeChat မက်ဆေ့ချ်ဖြစ်၏။


[ကျေးဇူးတင်ပါတယ်လော့ချင်း... မင်းက အနာဂတ်မှာ သေချာပေါက် ကောင်းမွန်တဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်မှာပါ...မင်း အကောင်းဆုံးလူသစ်၊ အကောင်းဆုံး ဇာတ်ပို့မင်းသား၊ အကောင်းဆုံးဇာတ်ဆောင်ဆုတွေရမှာ မင်းကိုငါယုံတယ်]


လင်းလော့ချင်း သူ၏ လေးနက်သော စကားလုံးတွေကို ကြည့်ပြီး စာပြန်လိုင်သည်။

[ကျေးဇူးတင်ပါတယ်..> အတူတူ ကြိုးစားကြရအောင်]


သူပြန်ဖြေပြီးနောက် Weibo တွင်သတိပေးချက်တစ်ခုကိုတွေ့လိုက်ရပြီး ရှစ်ကျန်းက ဆုရ Weiboပို့စ်ကိုတင်ထားကြောင်းတွေ့ရှိခဲ့သည်။


လင်းလော့ချင်း သူ့ကိုယ်ပိုင် Weibo အကောင့်သို့ ဝင်ပြီး ရှစ်ကျန်း၏ ဆုရ Weiboပို့စ်ကို[ငါ့ကို ကျေးဇူးတင်စရာမလိုပါဘူး...အဲဒါက မင်းရဲ့ကိုယ်ပိုင်သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းပြီး မင်းကိုယ်တိုင်က နွေရာသီဖြစ်နေလို့ပါ]ဟုရေးကာ ပြန်လည်မျှဝေလိုက်သည်။


ရှစ်ကျန်း မဆိုင်းမတွ ထပ်ဆင့်ပြီး သူ့အတွက် ကြော်ငြာပေးလေသည်။

[အနောက်အရပ်သို့ခရီး" ကို ရုံတင်ငွေပေါက်ပါစေလို့ဆုတောင်းပေးပါတယ်...မင်းဖူရှီကို သရုပ်ဆောင်တာက တကယ်ကောင်းတယ်]


၎င်းကိုမြင်သောအခါ ရှစ်ကျန်း၏ဖန်တွေက တစ်ယောက်ပြီးတစ်ယောက်ပြောကြသည်။

[အခုချက်ချင်းလက်မှတ်သွားဝယ်ကြ... မနက်ဖြန်သွားကြည့်ကြရအောင်]


[လော့ချင်ကော ကျေးဇူးတင်ပါတယ်...ကျားယို့ ကောကော]


[ဖူရှီက အရမ်းချောတာပဲ၊ နောက်နှစ် ရွေလော်ရယ်ဆုပေးပွဲမှာ ဒီတိတိကို တွေ့ရဖို့ မျှော်လင့်နေပါတယ်]


[ငါ တိတ်တိတ်လေး ဒီတိတိရဲ့ အမာခံ ဖန်တစ်ယောက်ဖြစ်လာနေပြီ...ဒီတိတိက တကယ်ကို စိတ်ထားနူးညံ့တယ်]


[ဟားဟားဟား...ငါ ရုတ်တရက် တွေးမိတယ်... ဒီလမှာ ကျေးဇူးတစ်ခါတင်တယ်...မတ်လမှာရော ငါတို့ကောကောကို ကျေးဇူးတင်မဲ့ ဆုရဧည့်သည်အသစ် ရှိမှာလား]


လင်းလော့ချင်း : "? ? ?"


လင်းလော့ချင်း တစ်ခုခုကို အမြန်စဉ်းစားမိလိုက်သည်။


မတ်လမှာ မရှိပေမဲ့ အနာဂတ်မှာ...


သူ ယွီကျားယုံထံ WeChat မက်ဆေ့ချ်ကို ကြိုပို့ထားလိုက်သည်။

[ဒါရိုက်တာယွီ ဆွေးနွေးကြရအောင်... နောင်မှာ ဆုရရင် ကျွန်တော့်ကို ကျေးဇူးမတင်လို့ ရမလား]


ယွီကျားယုံ:[????]


ယွီကျားယုံ: [ဘာလို့မရတာလဲ... ရှစ်ကျန်းကျရပြီး ငါ့ကျမရဘူးလား...ဒါက စံနှုန်းနှစ်ထပ်ဖြစ်လွန်းတယ်လို့ မင်းမထင်ဘူးလား!]


ယွီကျားယုံ: [ကျေးဇူးတင်ချင်တယ် ကျေးဇူးတင်ချင်တယ် ကျေးဇူးတင်ချင်တယ်]


လင်းလော့ချင်း: [...ကျွတ်]


ယွီကျားယုံ : [ဒါပေမဲ့သူတို့က ဒီလိုဆိုတော့ ငါ ဖိအားတွေ အများကြီး ခံစားရတယ်]


လင်းလော့ချင်း: [? ? ? ဘာကိုဆိုလိုတာလဲ]


ယွီကျားယုံ : [သူတို့နှစ်ယောက်လုံးက ဆုတွေရထားကြတယ်... ငါအလှည့်ကျမှ မရရင် ငါက ညံ့လွန်းရာကျသလိုဖြစ်မှာမဟုတ်ဘူးလား]


တစ်ယောက်က သူ့မင်းသားဖြစ်ပြီး နောက်တစ်ယောက်က သူ့ဇာတ်သိမ်းသီချင်းအတွက် တာဝန်ယူပေးခဲ့ပြီး နှစ်ယောက်စလုံးကို လင်းလော့ချင်းက ကူညီပေးခဲ့သည်။ ရလဒ်အနေဖြင့် နှစ်ယောက်စလုံးက ဆုတွေရခဲ့သည်။သူက ဘာမှ မရခဲ့ရင် အရမ်းရှက်စရာကောင်းသွားလိမ့်မယ်...


ယွီကျားယုံ ချက်ခြင်းထထိုင်လိုက်သည်။သူဘာကြောင့်အိပ်ရမှာလဲ...သူ့ရဲ့ထုတ်လုပ်မှုနောက်ပိုင်းအပိုင်းကို ဆက်လုပ်သင့်တာမဟုတ်ဘူးလား...


လင်းလော့ချင်း:ကျွန်တော့်မှာ ပြောစရာရှိတယ်... ဒါရိုက်တာယွီ ခင်ဗျားတကယ်အတွေးလွန်နေပြီ...


ဒါက ယှဥ်ရမဲ့ဟာလား...


ဒါရိုက်တာလီ လွန်ခဲ့သော နှစ်ရက်က သူ၏ ရုံတင်ငွေတိုးတက်မှုကို ကြည့်ပြီး လွန်ခဲ့သည့် နှစ်ရက်က လင်းလော့ချင်း နှင့် ရှင်းကျန်းတို့၏ အပူတပြင်းရှာဖွေမှုကို တွေးကာ လင်းလော့ချင်း၏ပုခုံးကိုပုတ်လိုက်သည်။ 

"မင်းကို ထောက်ခံပေးဖို့ဇွဲကောင်းနေတဲ့ မင်းရဲ့အေးဂျင့်ကို ကျေးဇူးတင်တယ်ကွာ... မဟုတ်ရင် ငါအလဟသတ်ပိုက်ဆံတွေပိုကုန်နေမှာ... မင်းကြောင့် ငါမားကတ်တင်းကုန်ကျစရိတ်ရဲ့ တစ်ဝက်ကို ချွေတာနိုင်ခဲ့တယ်"


လင်းလော့ချင်း: ...အာ ဒါက... မလိုပါဘူး ရပါတယ်...


"မင်းရဲ့ အေးဂျင့် ဘယ်မှာလဲ" ဒါရိုက်တာလီက သူ့ကိုမေးသည်။

"ဘာလို့ ဒီနေ့ သူ့ကို မတွေ့တာလဲ"


"ကျွန်တော် သူ့ကိူ ဒီနေ့ အနားပေးထားတယ်... သူ အခုတလော တော်တော် အလုပ်များနေတာ"

လင်းလော့ချင်းက ပြုံးသည်။

"ဘာပဲဖြစ်ဖြစ် ဒီနေ့ရဲ့အလုပ်တွေက အတော်လေး အေးအေးဆေးဆေးပါပဲ... လက်ထောက်က လိုက်လုပ်ရုံနဲ့ ရပါတယ်"


သို့ပေမဲ့ အသစ်စက်စက်ထိပ်တန်းမင်းသားတစ်ယောက်၏ အေးဂျင့်တစ်ယောက်အနေဖြင့် အနားယူရန် မလွယ်ပါချေ။လင်းလော့ချင်း ပြောပြီးသည်နှင့် သူ့ဖုန်းက မြည်လာသည်။


သူကြည့်လိုက်သောခါ ဒါရိုက်တာလီပြောနေသည့် သူ့မန်နေဂျာဝူရှင်းယွမ်ကလွဲ၍တခြားမဟုတ်ပါချေ။


လင်းလော့ချင်း ဖုန်းကိုင်ပြီးနောက် ဝူရှင်းယွမ်က သူ့ကိုပြောသည်ကိုကြားလိုက်ရသည်။

"လော့ချင်း...အရမ်းကောင်းတဲ့ ရသစုံရှိူးတစ်ခုက မင်းကို အပိုင်းနှစ်ပိုင်း ရိုက်ကူးဖို့ ဖိတ်ခေါ်နေတယ်...အဲဒါကနောက်လမှာ...မင်းသွားမလား"


လင်းလော့ချင်း အနည်းငယ် အံ့သြသွားသည်။ သူစပြီးရေပန်းစားလာသောအခါတွင် ရသစုံရှိုးပွဲများစွာ သူ့ထံရောက်လာသော်လည်း သူငြင်းဆန်ခဲ့သည်။


အဓိကအားဖြင့် လင်းလော့ချင်းက ရုပ်ရှင်ရိုက်ရခြင်းကို နှစ်သက်သည်။ ရုပ်ရှင်ရိုက်ခြင်းအပြင် ကျိယွီရှောင်၊ လင်းဖေး နှင့် ကျိလဲ့ယွီ တို့နှင့်လည်း အချိန်ဖြုန်းချင်ခဲ့သည်။ ထို့ကြောင့် ရသစုံရှိုးပွဲများသို့ ဖိတ်ကြားချက်များကို တိုက်ရိုက် ငြင်းပယ်နိုင်ကြောင်း ဝူရှင်းယွမ်အား ပြောကြားခဲ့ခြင်း ဖြစ်သည်။


ငွေအများကြီးပေးပြီး နာမည်ကောင်းရထားသည့် ထူးရှယ်အမျိုးအစားကလွဲ၍ဖြစ်သည်။


သို့သော် ယခု ဝူရှင်းယွမ်က သူ့ကို အထူးတလည် ဤအကြောင်းကြောင့်ဖုန်းခေါ်လာသည်။လင်းလော့ချင်း အနည်းငယ် သိလိုစိတ်မဖြစ်ဘဲမနေနိုင်။ဘယ်လိုရသစုံရှိုးမလို့လဲ...ပိုက်ဆံအများကြီးပေးပြီး နာမည်ကောင်းရှိတာမျိုးလား...


သူက "ဘာရသစုံရှိုးလဲ"ဟုမေးလိုက်သည်။


"တောက်ပသောတနင်္ဂနွေ" 

ဝူရှင်းယွမ်ကပြန်ဖြေသည်။ 


"သူတို့က ဒီရာသီကို စရိုက်ကူးနေပြီ... ရိုက်ကူးရေးမစခင်မှာ ဒါရိုက်တာက ငါ့ကို ဆက်သွယ်ပြီး မင်းကိုလာစေချင်တယ်လို့ ပြောတယ်...မင်းက ရသစုံရှိုးတွေကို စိတ်မဝင်စားဘူးလို့ ငါပြောပြီး ငြင်းလိုက်တယ်... ရလဒ်အနေနဲ့ အယ်ဒီတာနဲ့ ဒါရိုက်တာက ငါကို ပြန်ဆက်သွယ်ပြီး ပိုက်ဆံတိုးပေးမယ်လို့ မမျှော်လင့်ထားဘူး...မင်းဆန္ဒရှိသရွေ့ မင်းဒီရာသီမှာ အချိန်မရွေးလာနိုင်တယ် လို့ပြောတယ်... ဒါပေါ့ သူတို့က နောက်လမှာ အပိုင်းနှစ်ပိုင်း ရိုက်ကူးမှာဆိုတော့ နောက်လမှာ ရိုက်ကူးရေးဧည့်သည်အဖြစ်လာဖို့ မျှော်လင့်နေတာ...ပေါက်စျေးကိုကြည့်လိုက်တော့ တော်တော်မြင့်မယ်ထင်တယ်...ဒါ့အပြင် ဒီရသစုံရှိူးက တကယ့်ကို အေးအေးဆေးဆေးရှိတယ်...ပြီးတော့ မင်းကလည်း အခုတလော ရုပ်ရှင်ရိုက်ဖို့ မရှိဘူးလေ... ဒါကြောင့် ငါ မင်းကို မေးချင်တာ"


"ကျွန်တော် စဉ်းစားကြည့်ဦးမယ်"

 လင်းလော့ချင်းက ပြန်ဖြေသည်။


"ကောင်းပြီ"


ဝူရှင်းယွမ်က သူ့ကို ကူပြီးခွဲခြမ်းစိတ်ဖြာပေးခဲ့သည်။ 

"ဒီရသစုံရှိုးက အခုခေတ်စားနေပြီးတော့ ဧည့်သည်တွေအပေါ်လည်း အရမ်းဖော်ရွေတယ်...မင်းက အမြဲတမ်းဧည့်သည်မဟုတ်တဲ့အတွက် ရှိုးရဲ့အမြဲတမ်းဧည့်သည်တွေလို့မျိုး စိုးရိမ်နေစရာမလိုဘူး...ဒီအတိုင်း အပျော်ပါရုံပဲ...ဒီလောက်ပဲ"


"စကားမစပ်-" 

ဝူရှင်းယွမ် သတိရသွားသည်။ "ဒါရိုက်တာက တစ်ခုသတိပေးလိုက်သေးတယ်...ရသစုံရှိုးကို တစ်ယောက်တည်း ပထမဆုံးအကြိမ် ရိုက်ကူးရမှာကို ရှက်နေမှာစိုးလို့ ဒီရာသီမှာ အပြောင်းအလဲတချို့ လုပ်ထားတယ်ပြောတယ်...ဧည်သည်တွေကို ကိုယ့်အိမ်ကိုယ်ရာလိုခံစားရပြီး မရှက်အောင်လို့ အပိုင်းအသီးသီးရဲ့ဧည့်သည်တွေက သူတို့နဲ့အတူ သူငယ်ချင်းတစ်ယောက် ခေါ်လာလို့ရတယ်တဲ့... မင်းနဲ့အတူတူ ရိုက်ကူးရေးကိုလိုက်ခဲ့ဖို့ လူတစ်ယောက်ကို ရွေးချယ်လို့ရတယ်"


"ဒီနည်းနဲ့ဆို မင်း အခြားသူတွေနဲ့ စကားပြောလို့မရရင်တောင် ဂိမ်းကစားနေရင်း မင်းသူငယ်ချင်းနဲ့ စကားပြောလို့ရတယ်"


လင်းလော့ချင်း ဤစကားကိုကြားသောအခါ စိတ်ဝင်စားသွားသည်။ 

"ကျွန်တော်နဲ့ ဘယ်သူ့ကို ခေါ်သွားရမလဲ"


"ကောင်းပြီ... ဒါရိုက်တာကတော့ သားတွေကိုခေါ်လာတဲ့ ဧည့်သည်တွေရှိတယ်တဲ့...သားဖြစ်သူက ကြယ်ပွင့်ဖြစ်ချင်လို့ ထင်ပါတယ်...ဒါကြောင့် သူက သူ့မျက်နှာကို ပြပြီး ကျော်ကြားမှုရဖို့အတွက် ဒီရှိုးကို အသုံးပြုချင်တာလေ"


လင်းလော့ချင်း ခေါင်းညိတ်လိုက်သည်။ 

"ဒါဆို သူ့သားက ကြယ်ပွင့်မဟုတ်သေးဘူးပေါ့"


"ဟုတ်တယ်"


လင်းလော့ချင်း ချက်ချင်းပင် အကြံသစ်တစ်ခု ရခဲ့သည်။ 

"ဒါဆို ကျွန်တော် စဉ်းစားကြည့်လိုက်မယ်"


မူလက သူ ရှစ်ကျန်းကိုခေါ်သွားပြီး သံပူတုန်းနှက်ရန် စီစဉ်ခဲ့သည်။ရှစ်ကျန်းဆုရသည်ကို အခွင့်ကောင်းယူပြီး သူ၏ကျော်ကြားမှုကိုတိုးမြင့်ရန်နှင့် ရှစ်ကျန်း၏အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို မြင့်တင့်ရန်လုပ်ချင်ခဲ့သည်။


သို့သော် ယခုအချိန်တွင် မည်သူ့ကိုမဆိုခေါ်သွားနိုင်ပြီး ကြယ်ပွင့်ဖြစ်ရန်ပင် မလိုအပ်သောကြောင့် လင်းလော့ချင်း ၏ စိတ် သိပ်ပြီး မတည်ငြိမ်တော့ပေ။


သူ ကျိယွီရှောင်ကို လူတိုင်းသိသွားကြရန် အမြဲတမ်း ဆန္ဒရှိခဲ့သည်။ ဤနည်းဖြင့်၊ အနာဂတ်တွင် သူတို့၏ဆက်ဆံရေးကို လူသိရှင်ကြားကြေညာလိုက်သည်နှင့် လူတိုင်းက သူကို နည်းနည်းမှနားမလည်းဘဲ ပေါ့ပေါ့တန်တန် မှန်းဆခြင်းလုပ်မည်မဟုတ်ပေ။ ဒါက သင့်တော်တဲ့ အခွင့်အရေး မဟုတ်ဘူးလား...


လင်းလော့ချင်း ဝူရှင်းယွမ်ကို 'တောက်ပသောတနင်္ဂနွေ' ရသစုံရှိုးနှင့် ပတ်သက်သည့် အချက်အလက်တွေကို ပို့ခိုင်းလိုက်ပြီး ဤရသစုံရှိုး၏ သုံးသပ်ချက်တွေကို အင်တာနက်မှာ ရှာဖွေခဲ့သည်။


'တောက်ပသောတနင်္ဂနွေ' က ယမန်နှစ်ကစ၍ ရိုက်ကူးခဲ့ပြီး ယခုအချိန်အထိ ရာသီနှစ်ခုကို ရိုက်ကူးထားသည့် ရသစုံရှိုးတစ်ခုဖြစ်သည်။ ၎င်းတို့အနက် 'တောက်ပသော'(မင်လျန့်)သည် အိမ်ရှင်စုံတွဲ လျှိုယာမင် နှင့် စွန်းလျန့်ကိုရည်ညွှန်းသည်။ 


ဤရှိုး၏အကြောင်းအရာမှာ နာမည်ကျော်များက ဧည့်သည်အဖြစ် လျှိုယာမင် နှင့် စွန်းလျန့် ၏ မင်လျန့်အိမ်သို့သွားကာ ဂိမ်းကစားခြင်း၊ ဟင်းချက်ခြင်း၊ စကားစမြည်ပြောဆိုခြင်း နှင့် အပန်းဖြေနားနေခြင်းများ ပြုလုပ်ခြင်းဖြစ်သည်။