အပိုင်း ၃၀၈
Viewers 87k

Chapter 308




အင်တာနက်အသုံးပြုသူတွေဟာ မယုံနိုင်လောက်အောင် အံ့သြတုန်လှုပ်ခဲ့ကြပြီး တရားဝင် Weibo ပုံတွေနှင့်မှတ်ချက်တွေကို ဖိုရမ်ဆီ ရွှေ့လိုက်ကြကာ ဒါက အမှန်မဖြစ်နိုင်ဘူးဟု ကြွေးကြော်ခဲ့ကြသည်။


ရုပ်ရှင်ကြည့်ရန် အချိန်မရှိသော အင်တာနက်သုံးစွဲသူအများအပြားသည် ၎င်းကို စပ်စပ်စုစုလာကြည့်ကာ အဓိကပို့စ်ရှိ လင်းဖေး နှင့် ကျိလဲ့ယွီ တို့၏ ပုံများကြောင့် မှင်သက်သွားကြသည်။


[ခဏလေး! ! ဒါက "အနောက်အရပ်သို့ခရီး"ထဲမှာ ပါသေးတာလား...ကြော်ငြာဖို့ထုတ်ခဲ့တဲ့ပုံတွေမဟုတ်ဘူးလား !]


[ကလေးတွေကို ကာကွယ်ဖို့ အဖွဲ့က သူတို့နာမည်လေးကိုတောင်မပြောဘူး QAQ ]


[အားး ပန်းကုံးက ငါ့ကိုသတ်ချလိုက်ပြီ... အထူးသဖြင့် ပန်းကုံးဝတ်ထားတဲ့ ကလေးက အရမ်းလှတယ်... ငါ အခုလက်မှတ်သွားဝယ်မယ်...ငါဒီအခန်းကို

စခရင်အကြီးကြီးပေါ်မှာကြည့်ချင်တယ်]


[ဒီကလေးနှစ်ယောက် မကြာခဏပေါ်လာလားလို့ မေးလို့ရမလား?... နှစ်ယောက်စလုံးကို တွေ့ချင်ပေမဲ့ သူတို့မှာ အခန်းသိပ်မရှိမှာကို ကြောက်တယ်]


[တကယ်တော့ ဇာတ်ကွက်တွေ အများကြီးမရှိပေမဲ့ ကြည့်ရကျိုးနပ်ဆဲပါပဲ... ရှောင်ဖူရှီနဲ့ဝမ်ကျစ်မင်တို့ရဲ့ အခန်းတွေက အရမ်းကိုစိတ်ဝင်စားစရာကောင်းပြီး ရှောင်ရှီရဲ့အခန်းတွေက လုံးဝကို လှပတယ်...ဒါရိုက်တာက ရှောင်ရှီကို ရိုက်ကူးတဲ့အခါ အရမ်းသတိထားခဲ့မှာပဲ... မဟုတ်ရင် ဒီလိုရှုခင်းမျိုးတွေ သူရိုက်ကူးနိုင်မှာ မဟုတ်ဘူး...ငါ အဲဒီကိုကြည့်တဲ့အခါ သူ့ကို စခရင်ထဲနေ ခိုးယူချင်ခဲ့တာ]


[ငါလည်း ငါ့ပေါင်ပေ့နှစ်ယောက်လုံးကို ခိုးချင်နေတာ]


မကြာခင်မှာပဲ မားကတ်တင်းအကောင့်က ဤပို့စ်ကို ရွှေ့ပြီး Weibo မှာ တင်လိုက်သည်။


"အနောက်အရပ်သို့ခရီး" ကို ကြည့်ရှုခဲ့သော အင်တာနက်အသုံးပြုသူများက အကုန်လုံး ၎င်းနှင့် ပတ်သက်၍ မှတ်ချက်များ ချန်ထားခဲ့ကာ မကြည့်ရသေးသူများက လင်းဖေး နှင့် ကျိလဲ့ယွီ၏ ရုပ်ရည်ကို ချီးကျူးခဲ့ကြသည်။


၎င်းကိုမြင်သောအခါ တခြားမားကက်တင်းအကောင့်တွေကလည်း ဤ Weibo ပို့စ်ကို ရွှေ့လိုက်ကြသည်။သိပ်မကြာခင်မှာ လင်းဖေးနှင့် ကျိလဲ့ယွီတို့သည် #တန်ဖိုးမြင့်နွေရာသီအားလပ်ရက်အလုပ်# ဟူသောခေါင်းစဥ်ဖြင့် အပူတပြင်းရှာဖွေမှုစာရင်းမှာပါဝင်လာခဲ့သည်။


အင်တာနက်အသုံးပြုသူများသည် စူးစမ်းလိုစိတ်ဖြင့် နှိပ်ကြည့်လိုက်ကြပြီး မားကတ်တင်းအကောင့်၏ Weibo ပို့စ်နှင့် ဓာတ်ပုံများကို တွေ့သွားကြသည်။ဤသည်က တကယ်ကို တန်ဖိုးမြင့်နွေရာသီအားလပ်ရက်အလုပ်ပဲဟု ကြွေးကြော်ခဲ့ကြသည်။


[ဒါက ကလေးလုပ်သားဖြစ်နေတုန်းပဲ]


[အရမ်းချစ်စရာကောင်းတယ်... ချစ်စရာကောင်းလိုက်တာ... ဒီလိုကလေးမျိုးနဲ့ဆို ငါ သူတို့ကိုခေါင်းပြောင်တဲ့အထိ ပွတ်နိုင်တယ်]


[အနောက်အရပ်သို့ ခရီးလား... ရပြီ၊ သွားကြည့်ရအောင်]


ဤနည်းဖြင့် လင်းဖေး နှင့် ကျိလဲ့ယွီ တို့သည် နားမလည်နိုင်အောင် အပူတပြင်းရှာဖွေမှုစာရင်းပေါ်ရောက်သွားပြီး ဖြတ်သွားဖြတ်လာ ဖန်တစ်သိုက်ကို ဆွဲဆောင်နိုင်ခဲ့သည်။ဤသည်က ဇာတ်ကားကို ထပ်မံကြော်ငြာရာတွင်လည်း နားမလည်နိုင်အောင် ကူညီပေးကာ မျှော်လင့်မထားစွာ ပရိသတ်အချို့ တိုးပွားလာစေသည်။


လင်းလော့ချင်း ရယ်ရမလား ငိုရမလား မသိပါပေ။ကံကောင်းထောက်မစွာပဲ ဒါရိုက်တာလီက သရုပ်ဆောင်စာရင်းထဲမှာ သူတို့နာမည်တွေ မထည့်ခိုင်းခဲ့ပေ။မဟုတ်လျှင် ဆောင်းရာသီကျောင်းပိတ်ရက်ပြီးပါက သူတို့ မည်သို့ ကျောင်းတက်ရမည်နည်း။


ဒါရိုက်တာလီက လှိုက်လှိုက်လှဲလှဲဆိုသည်။ 

"လူထုရဲ့ မျက်လုံးတွေက အမြင်စူးရှတယ်...သူတို့က ဖျော်ဖြေရေးနယ်ပယ်အတွက် အရမ်းသင့်တော်တယ်လို့ ငါပြောပါတယ်...အိုက်ရား သူတို့ ကြီးပြင်းလာတဲ့အခါ သူတို့ထဲက တစ်ယောက်ယောက်က သူတို့ဦးလေးရဲ့ အသက်မွေးဝမ်းကြောင်းကို အမွေဆက်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်"


လင်းလော့ချင်းက သဘာဝအတိုင်းပဲ ဒါရိုက်တာလီ၏ ညည်းတွားသံကို မကြားပေ။သူ့ခရီးဆောင်အိတ်များကို ထုပ်ပိုးပြီး နောက်ထပ်လမ်းပေါ်ရှိုးပွဲသို့သွားရန် ပြင်ဆင်နေသည်။


"အနောက်အရပ်သို့ခရီး" က လက်ရှိတွင် နာမည်ကောင်းနှင့် ရုံတင်ငွေအလွန်ကောင်းမွန်စွာတိုးတက်မှုကို ရရှိနေသောကြောင့် သူ ယခုနှစ်၏ နွေဦးပွဲတော်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ရန် ပိုမိုကြိုးစားလုပ်ဆောင်လိုသည်။ဤနည်းဖြင့်ဆို ရုပ်ရှင်လောကထဲရှိသူ၏အနာဂတ်က ပိုကောင်းလာမည်ဖြစ်သည်။


ဤသည်မှာ သူ၏ပထမဆုံးအလုပ်ဖြစ်ပြီး အကောင်းဆုံးရလဒ်များရရှိလိမ့်မည်ဟု လင်းလော့ချင်း မျှော်လင့်နေသည်က သဘာဝပါပင်။


လင်းလော့ချင်း လမ်းပေါ်ရှိူးများသို့သွားခဲ့ပြီး ကလေးနှစ်ဦးကို ကျိယွီရှောင်လက်ထဲသို့ ထည့်ပေးခဲ့သည်။ 


လင်းဖေး နှင့် ကျိလဲ့ယွီက သူ့အား နာခံစွာ တာ့တာပြကာ သူ ကားထဲသို့ဝင်သွားသည်ကိုကြည့်နေပြီးဆိုသည်။ "ဘိုင့်ဘိုင် ပါးပါး"


လင်းလော့ချင်းက ပြုံးပြီး တာ့တာပြန်ပြလိုက်သည်။

"စိတ်မပူပါနဲ့ ...ပါးပါးမကြာခင် ပြန်လာမှာပါ"


သူပြောပြီးသည်နှင့် ကျိယွီရှောင်ကိုကြည့်ကာ မသိမသာလေးမျက်စိမှိတ်ပြလိုက်သည်။


ကျိယွီရှောင်က ပြုံးပြီး လက်ကိုနှုတ်ခမ်းကပ်ကာ လေပေါ်အနမ်းတစ်ပွင့်လှမ်းပေးသည်။လင်းလော့ချင်း ပြတင်းပေါက်ကို ချက်ချင်းပိတ်လိုက်ပြီး နားရွက်များနီရဲလျက် ထိုင်ခုံပေါ် ပြန်လှဲလိုက်သည်။


ကျိယွီရှောင်က ခပ်ဟဟရယ်ပြီး ကလေးနှစ်ယောက်ကိုပွေ့ကာ ပြန်လျှောက်လာသည်။


သူ လင်းဖေး နှင့် ကျိလဲ့ယွီတို့နှင့်အတူ ဒုတိယထပ်သို့ တကလာခဲ့သည်။သား 

နှစ်ယောက်ကို ကြည့်ကာ သူပြောလိုက်၏။


"ဒယ်ဒီ အလုပ်များတော့မယ်...တစ်ခုခုလိုရင် ဒယ်ဒီကို စာကြည့်ခန်းထဲလာရှာလှဲ့... နားလည်လား"


"နားလည်ပြီ" 

ကျိလဲ့ယွီက ပြောသည်။


လင်းဖေးက ခေါင်းညိတ်သည်။


ကျိလဲ့ယွီ သူတို့၏ ခေါင်းလေးများကို ပွတ်သပ်ပြီး ယုံကြည်မှုအပြည့်နှင့် စာကြည့်ခန်းထဲ သွားလိုက်သည်။


အလျင်စလို အလုပ်လုပ်မည့်အစား သူ အံဆွဲကိုဖွင့်ပြီး ပုံဆွဲစာရွက်တစ်အုပ်ကို ထုတ်လိုက်သည့။


ကျိယွီရှောင် ပုံဆွဲစက္ကူပေါ်တွင် ဆွဲထားသော လက်စွပ်ကို ကြည့်သောအခါ အမြဲတမ်း မကျေမနပ်ဖြစ်နေခဲ့သည်။


အပန်းဖြေဥယျာဉ်မှ ပြန်ရောက်သည့်နေ့မှစ၍ သူ လင်းလော့ချင်းအတွက် စေ့စပ်လက်စွပ်ကို စတင်ဒီဇိုင်းထုတ်ခဲ့သည်။သို့သော် လက်စွပ်ကို ဒီဇိုင်းထုတ်ခြင်းသည် သူ၏ပထမဆုံးအကြိမ်ဖြစ်ပြီး လက်ထပ်ခွင့်တောင်းရန်ပြင်ဆင်ခြင်းမှာလည်း သူ့အတွက်ပထမဆုံးအကြိမ်ဖြစ်၍ ကျိယွီရှောင် ၎င်းကို သေချာ စဉ်းစားရမည်ဖြစ်သည်။ 


တစ်ပုံဆွဲပြီးတိုင်း ပိုကြည့်ကောင်းမည့် ဒီဇိုင်းမျိုးကို သူစဥ်းစားမိသည်။


ဤအကြောင်းကြောင့် ကျိယွီရှောင် အဓိကဝဘ်ဆိုဒ်များတွင် လက်စွပ်ဒီဇိုင်းများကို မကြာခဏကြည့်ရှုလေ့ရှိသည်။ ကံမကောင်းစွာဖြင့်၊ ယခုအချိန်အထိ လင်းလော့ချင်းအား ပေးမည့်လက်စွပ်၏ပုံစံကို သူ မဆုံးဖြတ်ရသေးပေ။


ကျိယွီရှောင် မေးစေ့ကို ပွတ်ကာ သူ့ဒီဇိုင်းကို ကြည့်လိုက်၏။ကိစ္စမရှိဘူးဟု သူထင်သည်။လက်ထပ်ခွင့်မတောင်းခင် အချိန်တစ်ခုလောက်ကျန်ပါသေးသည်၊ ထို့ကြောင့် သူ အလျင်လိုမနေပေ။


သူ လုံးဝပြန်တွေးပြီး လင်းလော့ချင်းကို သူအကျေနပ်ဆုံးလက်စွပ်ကို ပေးရမည်။


ကျိယွီရှောင် သူ့နောက်ကွယ်တွင် တိတ်တိတ်လေး လက်စွပ် ဒီဇိုင်းဆွဲနေသည်ကို လင်းလော့ချင်း မသိခဲ့ပေ။ သူ့စိတ်ထဲတွင် သူနှင့် ကျိယွီရှောင်တို့က လက်ထပ်ခဲ့သည်မှာ ကြာပြီဖြစ်သည်။လက်ထပ်ခွင့်မတောင်း၊လက်စွပ်မပါ၊လက်ထပ်ပွဲမပါဘဲ သူတို့အတူရှိခဲ့သည်မှာ နှစ်နှစ်ရှိပြီဖြစ်သည်။ဘယ်သူက အခု ဒါကို ဂရုစိုက်မှာလဲ...


ထို့ကြောင့် သူ့လက်သူကြွယ်မှာ ဘာတစ်ခုမှ မရှိခြင်းနှင့်ပတ်သတ်၍ တစ်ခုခုမှားနေသည်ဟု သူမခံစားရပေ။


ကျိယွီရှောင်လို အလုပ်များသည့်လူက ယခုလိုအရာမျိုးလုပ်လိမ့်မည်ဟု ထင်လိမ့်မည်မဟုတ်သည်က ထည့်ပြောစရာပင်မလို။


သူ ကားထဲတွင် ထိုင်နေပြီး ဖုန်းနှင့် Weibo မှ "အနောက်အရပ်သို့ခရီး" ၏ သုံးသပ်ချက်များကို ကြည့်နေသည်။


ဤသည်က "အနောက်အရပ်သို့ခရီး" ရုံတင်သည့် တတိယမြောက်နေ့ဖြစ်သည်။ ရုပ်ရှင်တစ်ကား၏ ပထမသုံးရက်သည် အရေးကြီးဆုံး သုံးရက်ဖြစ်သောကြောင့် ဤသုံးရက်အတွင်း ရုပ်ရှင်ပရိသတ်များ၏ အကဲဖြတ်မှုသည် ရုပ်ရှင်၏ဂုဏ်သတင်းကို အဆုံးအဖြတ်ပေးမည်ဖြစ်သည်။


နာမည်ကောင်းရှိသော ရုပ်ရှင်သည် ပရိသတ်အသစ်များကို ဆွဲဆောင်နိုင်မည်ဖြစ်ပြီး နာမည်ကောင်းမရှိသောရုပ်ရှင်က လက်မှတ်မဝယ်ရသေးသော ပရိတ်သတ်များကိုသာ ဆွဲချနိုင်မည်ဖြစ်သည်။


ထို့ကြောင့်လည်း ဇာတ်ကားတစ်ကားထွက်သည့်အခါ ရေတပ်တွေစုလာနိုင်ခြေများခြင်းဖြစ်လေသည်။


"အနောက်အရပ်သို့ခရီး" ဇာတ်ကား၏ နာမည်ဂုဏ်သတင်းက အလွန်ကောင်းနေသောကြောင့် လောလောဆယ် သူတို့မှာ ရေတပ်တွေ မရှိသေးပါချေ။


လင်းလော့ချင်း၏ များပြားလှသော ဖန်များအတွက်မူ၊ သူတို့က ရေတပ်ထက် ပို၍ လိုက်လျောညီထွေရှိပြီး ရုပ်ရှင်များ၏ အားသာချက်များကို မီးမောင်းထိုးပြရန်နှင့် မတူညီသော လူအုပ်စုများသို့ မည်သို့မည်ပုံကြော်ငြာရမည်ကို သိရှိကြသည်။


[[ထိပ်တန်းအရည်အသွေးမြင့် ရုပ်ရှင်ကို ကြည့်ချင်ပါသလား...


"အနောက်အရပ်သို့ခရီး" ကို ကြည့်ရှုနိုင်ပါပြီ။ဖူရှီရဲ့ ရုပ်ရည်ကချောလွန်းလို့ နွေဦးပွဲတော်က ရုပ်ရှင်အားလုံးမှာ ဘယ်သူမှ သူ့ကိုမနိုင်နိုင်လောက်အောင်ထိ။ ချစ်ဖို့ကောင်းတဲ့ ကလေးနှစ်ယောက်ပါ ပါသေးတာက ထည့်ပြောစရာတောင်မလိုအောင်ပါပဲ။မကြည့်ရင် သေချာပေါက် နောင်တရလိမ့်မယ်...]]


[[ဇာတ်ညွှန်းကောင်းကောင်းနဲ့ ရုပ်ရှင်ကြည့်ချင်ပါသလား... 


ဒါဆိုလည်း "အနောက်အရပ်သို့ခရီး" ကို ကြည့်ရမှာ သေချာပါတယ်...ဇာတ်ကြောင်းက လုံးဝအချိတ်အဆက်မပြတ်တဲ့အပြင် ရယ်ချည်းရယ်နေရတာ။အဆုံးမှာ ဇာတ်ကြောင်း အလှည့်အပြောင်းတစ်ခု ရှိသေးတယ်။ ဒါရိုက်တာလီနော် စိတ်ချထားလို့ရတယ်...]]


[[အိုက်တင်ကောင်းကောင်းနဲ့ ရုပ်ရှင်ကြည့်ချင်ပါသလား...


ရုပ်ရှင်ဘုရင် ဝမ်ကျစ်မင် နဲ့ ရုပ်ရှင်ဘုရက်တစ်ပိုင်း ဟို့ဝမ်ယွီက မင်းကို မကျေနပ်စေနိုင်ဘူးလား။ "အနောက်အရပ်သို့ခရီး" ကိုကြည့်ဖို့ ဘာတွေတုံ့ဆိုင်းနေစရာလိုသေးလဲ...]]


[[ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာကောင်းပြီး healingဖြစ်တဲ့ဟာ ကြည့်ချင်ပါသလား...


"အနောက်အရပ်သို့ခရီး" လို့သာ တန်းပြောလိုက်။ ဒါကသာ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာကောင်းပြီး healingမဖြစ်စ်ဘူးဆိုရင် နွေဦးပွဲတော်မှာ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာကောင်းပြီး healingဖြစ်တဲ့ရုပ်ရှင်ရှိပါဦးမလား...]]


ဖန်တွေက ၎င်းကိုကြော်ငြာနေကြသဖြင့် လင်းလော့ချင်း၏ antiဖန်တွေမှာ စိတ်တိုလွန်း၍ ဆက်တိုက် ပို့စ်တင်ခဲ့ကြသည်။


[ "အနောက်အရပ်သို့ခရီး" က ရေတပ်လွှတ်လိုက်ပြီလား...ကြော်ငြာမက်ဆေ့ချ်တွေအများကြီးရှိနေတယ်]


[လင်းလော့ချင်းဖန်တွေကို ကျေးဇူးပြုပြီး ခေါ်သွားလို့ရမလား...ဒီလောက်လေတိုက်နေတာ လျှာထွက်မှာ မစိုးရိမ်ဘူးလား]


[လင်းလော့ချင်းဖန်တွေက အခုကတည်းက ဒီလောက် စိတ်ကြီးဝင် နေပြီလား... လင်းလော့ချင်းရဲ့ သရုပ်ဆောင်စွမ်းရည်ကို ချီးကျူးဝံ့တယ်ပေါ့...လင်းလော့ချင်းရဲ့ သရုပ်ဆောင်စွမ်းရည်က ဝမ်ကျစ်မင် ထက် ပိုကောင်းတယ်လို့ ထင်နေတာလား]


[ရယ်လျက်... "အနောက်အရပ်သို့ခရီး"က လင်းလော့ချင်းရဲ့ကျော်ကြားမှုကို အားကိုးနေတယ်လို့ ထင်နေတဲ့ ဖန်တွေရှိသေးတာလား... အမာခံဒါရိုက်တာလီတစ်ယောက်လုံးရှိတယ်နော်... ဒါရိုက်တာလီက တစ်ခါမှမလွဲခဲ့ဘူး ဟုတ်ပြီလား!]


[လင်းလော့ချင်း ဇာတ်ရုပ်ကို အခြားတစ်ယောက်ယောက်က သရုပ်ဆောင်လို့ရတယ်...ဝမ်ကျစ်မင် နဲ့ ဟို့ဝမ်ယီက မပြောင်းသရွေ့တော့ ကြည့်သင့်တဲ့ဟာကို လူတွေကကြည့်မှာပဲ]


လင်းလော့ချင်း၏ဖန်များက နေရာမှာ တင် ချက်ချင်းလက်ငင်း တန်ပြန်တိုက်စစ်ဆင်ခဲ့သည်။


[လင်းလော့ချင်းသရုပ်ဆောင်တာက အရမ်းကောင်းတာနော်... Weibo ရင်ပြင်က လူဘယ်နှစ်ယောက်က သူ့ဆီပြေးသွားကြလဲ... ကြည့်ပြီးတာနဲ့ ဖူရှီကို သူတို့ အကြိုက်ဆုံးပဲ...ဒါက လေတိုက်နေတာမဟုတ်ဘူးနော် အိုကေ]


[သူ့ရဲ့သရုပ်ဆောင်စွမ်းရည်က ဝမ်လောင်ရှီးထက် ပိုကောင်းတယ်လို့ ငါမထင်ပါဘူး၊ ဒါပေမဲ့ ဖူရှီက ကောင်းကောင်းသရုပ်ဆောင်ခဲ့တယ်... ဖန်တွေက သူ့ကို ချီးကျူးတာ ပုံမန်ပါပဲ]


[နင်တို့က မီးကျီးခဲဖင်ခုထိုင်သလိုကိုဖြစ်နေတာနော်...လင်းလောင်ရှီကို နေ့တိုင်းကြည့်ရတာ မငြီးငွေ့ဘူးလား...နင်တို့လူနင်တို့ကြည့်လို့မရဘူးလား...နင်တို့လူက ရုပ်ရှင်ရိုက်လား... အိုး မရိုက်ဘူးထင်ပါရဲ့]


ရုပ်ရှင်ကိုကြည့်ဖူးသော အင်တာနက်အသုံးပြုသူများသည် ယင်းကိုမြင်သောအခါ အင်္ကျီလက်များကို လိပ်တင်ကာ လင်းလော့ချင်းဘက်ကနေ ပြန်ပြောသည်။


[တကယ်တော့ သူသရုပ်ဆောင်တာက အရမ်းကောင်းတယ်...လင်းလော့ချင်းက ဝမ်ကျစ်မင် နဲ့ ဟို့ဝမ်ယီတို့ရဲ့ နှစ်ထပ်ကွမ်းတိုက်ခိုက်မှုအောက်မှာ ခေါင်းမထောင်နိုင်လောက်အောင် အရိုက်ခံရလိမ့်မယ်လို့ ငါထင်ခဲ့တာ...မထင်မှတ်ပဲ သူက အမှီလိုက်နိုင်ရုံတင်မဘူး ဝမ်ကျစ်မင်တို့နဲ့အတူတူ ပြန်လည်းတိုက်ခိုက်ခဲ့တယ်...]


[ရယ်ရတယ်...ရုပ်ရှင်မထွက်လာခင်က လင်းလော့ချင်းက ဒီဇာတ်ကားမှာ လုံးဝလုပ်နိုင်မှာမဟုတ်ဘူးလို့ လူတချို့က ပြောကြတယ်...အခုထွက်လာတော့လည်း ဒီစကားပဲ]


[ပြီးတော့ ဒီကားစရိုက်တုန်းကလည်း လူတချို့က လင်းလော့ချင်းကို ဒီလိုရိုက်ကူးရေးအဖွဲ့ထဲဝင်ရဲလို့ဆိုပြီး ရယ်ကြသေးတယ်...ဒါရိုက်တာလီ ဒုက္ခရောက်ပြီး ဇာတ်ကားက ကမောက်ကမဖြစ်သွားမှာတဲ့... ရလဒ်အနေနဲ့ လင်းလော့ချင်းမှာ ခိုင်မာတဲ့ သရုပ်ဆောင်စွမ်းရည်ရှိတော့ ဘယ်သူနဲ့ရိုက်ရိုက် ကီးမလွတ်ဘူး]


[ဟားဟား ကမောက်ကမဖြစ်မယ်တဲ့လား...ငါမှတ်မိတာမှန်ရင် "အနောက်အရပ်သို့ခရီး" က အကြိုရောင်းကတည်းက နွေဦးပွဲတော်ရုံတင်ငွေစာရင်းကို ဦးဆောင်နေတာနော်...အခုဆို ရုံတင်ငွေကထိပ်ဆုံးမှာရောက်ပြီ အိပ်မက်တစ်ခုလိုပဲ]


ဤနည်းဖြင့် အင်တာနက်သုံးစွဲသူများ၏ ချီးမွမ်းမှုများကြားတွင် "အနောက်အရပ်သို့ခရီး" ၏ ဂုဏ်သတင်းနှင့် ရုံတင်ငွေသည် ဆက်လက်တိုးမြင့်လာကာ လင်းလော့ချင်း၏ ဖန်အရေအတွက်မှာလည်း ဆက်လက်တိုးလာခဲ့သည်။


ရုပ်ရှင်ဒါရိုက်တာများစွာက ဇာတ်ကားကိုကြည့်ပြီးနောက် ဇာတ်ညွှန်းများကို ဝူရှင်းယွမ်ဆီသို့ ပေးပို့ခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်နေကြသည်။


ဒါရိုက်တာလီက လက်ရှိအခြေအနေနှင့် ပတ်သက်၍ အလွန်အားရကျေနပ်မှုရှိလေသည်။ ရင့်ကျက်သော စီးပွားဖြစ်ရုပ်ရှင်ဒါရိုက်တာတစ်ဦးအနေဖြင့် ၎င်းသည် နွေဦးပွဲတော်ကာလ၏ ရုံတင်ငွေချန်ပီယံဖြစ်လောက်သည်ဟု လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းက ရုံတင်ငွေတိုးတက်မှုကိုကြည့်ပြီး တွက်ချက်နိုင်ခဲ့သည်။ သူ့အား ဘုရားသခင်ဟု ခေါ်သောအရာက ကူညီလိမ့်မည်ဟု တကယ် မမျှော်လင့်ထားပေ။


လင်းလော့ချင်းသည် မကြာမီ အပူတပြင်းရှာဖွေမှုစာရင်းပေါ်ထပ်ရောက်လာပြီး "အနောက်အရပ်သို့ခရီး" ၏ ရုံတင်ငွေသည် ယခင်က ခန့်မှန်းထားသည်ထက် ပိုမိုများပြားလာခဲ့သည်။


၎င်းတို့အားလုံးက ရှစ်ကျန်း ဆုရရှိခဲ့၍ပါပင်။


နှစ်စဉ်နှစ်တို

င်း ကမ္ဘာသုံးပြက္ခဒိန်နှစ်အကုန်တွင် ရွှေလော်ရယ်ဆုပေးပွဲသည် ယခင်နှစ်မှ အကောင်းဆုံး ရုပ်ရှင်များ၊ သရုပ်ဆောင်များ၊ ဒါရိုက်တာများ စသည်တို့ကို ရွေးချယ်မည်ဖြစ်သည်။