အပိုင်း ၂၉၂
Viewers 87k

Chapter 292




နောက်တစ်နေ့မနက်စောစောတွင် ဝူရှင်းယွမ်က လင်းလော့ချင်းကို ပရိုမိုးရှင်းသတင်းစာရှင်းလင်းပွဲသို့တက်ရန် လာခေါ်လေသည်။


လင်းလော့ချင်းက အ၀တ်အစားလဲပြီး ထွက်သွားလိုက်သည်။ သူ့၏ပရိသတ်အရေအတွက်က လီဟန်ဟိုင်းကိုပင် ကျော်တက်သွားကာ စုထုံနှင့်တူညီလုနီးပါးဖြစ်သည်။ ဇိမ်ခံပစ္စည်းအမှတ်တံဆိပ်များကလည်း ပူးပေါင်းဆောင်ရွက်မှု ဖိတ်ကြားချက်များနှင့်အတူ သူတို့၏ကုန်ပစ္စည်းသစ်များကို ပေးပို့လာကြလေသည်။


လင်းလော့ချင်းက အ၀တ်အစားအမှတ်တံဆိပ်များကို ဂရုမစိုက်သော်လည်း သူ အလွန် ကြိုက်နှစ်သက်သည့်အမှတ်တံဆိပ်နှင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ထားသောကြောင့် အလုပ်ချိန်တွင် များသောအားဖြင့် ထိုအမှတ်တံဆိပ်ကိုသာ ၀တ်ဆင်လေ့ရှိသည်။


ကျင်းပသည့်နေရာသို့ ရောက်သည်နှင့် ပရိသတ်များက တစ်ခဲနက် ထအော်လာကြ၏။


လင်းလော့ချင်းက သူတို့ကို လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်ပြီး ကျင်းပရာ စတူဒီယိုထဲသို့ ၀င်သွားလိုက်သည်။


MCက လုပ်ငန်းစဉ်အတိုင်း အချို့မေးခွန်းများကို မေးမြန်းပြီးနောက် သတင်းထောက်များနှင့်ပရိသတ်များက မေးခွန်းများ စတင်မေးကြလေသည်။ ရလဒ်အနေနှင့် မကြာမီပင် သတင်းထောက်တစ်ယောက်က ဝူရှင်းယွမ်ပြောထားသည့် မေးခွန်းကို မေးလာ၏။


“သရုပ်ဆောင်တွေအပေါ် ဒါရိုက်တာ၀မ်ရဲ့ ပထမဆုံးအမြင်ကို သိပါ‌ရစေ…ပြီးတော့ သရုပ်ဆောင်တွေရဲ့အခန်းကဏ္ဍကို ဘယ်လို ရွေးချယ်ခဲ့သလဲဆိုတာကိုလည်း သိရပါရစေ…”


ဒါရိုက်တာ၀မ်က ရယ်မောလိုက်ပြီး ပြောလိုက်သည်။


“ငါက ဒီအကြောင်းကို ပြောချင်နေတာ…”


သူက ပါးနပ်စွာဖြင့် သရုပ်ဆောင်များစွာ၏ အကြောင်းကို ပြောပြီးမှ လင်းလော့ချင်းအကြောင်းကို ပြောလိုက်သည်။


“လော့ချင်းနဲ့ဖူဟန်က တော်တော်တိုက်ဆိုင်သွားတာ…လော့ချင်းအပေါ် ငါ့ရဲ့ ပထမဆုံးအမြင်ကတော်တော်ချောတယ်ဆိုတာပဲ…ဒီလောက်ချောတဲ့လူကို ငါ့အဖွဲ့ထဲ မထည့်ရင် ငါက အရူးပဲ…”


ယင်းကို ကြားသောအခါ သတင်းထောက်များနှင့် ပရိသတ်များက ရယ်မောလိုက်ကြပြီး လင်းလော့ချင်းလည်း ရယ်မောလိုက်လေသည်။


“ငါက လော့ချင်းရဲ့ပုံစံကို အရမ်းကျေနပ်တယ်…”


“ပြီးတော့ ငါ့သဘောထား…”


“ရိုက်ကူးရေးစလုပ်တုန်းက ဖူဟန်ဇာတ်ကောင်အတွက် ငါ ရွေးချယ်ထားတဲ့သရုပ်ဆောင်က လော့ချင်း မဟုတ်ဘူး…သူက လော့ချင်းလောက်တော့ မချောပေမဲ့ ဖူဟန်ဇာတ်ကောင်နဲ့ ကိုက်ညီတယ်…သူ့ကို ဆက်သွယ်ခဲ့ပေမဲ့ တစ်ဖက်လူက ပိုကောင်းတဲ့ဇာတ်လမ်းမှာ ပါ၀င်သွားပြီး ဒီဇာတ်ကောင်ငယ်လေးကို သရုပ်မဆောင်ချင်ခဲ့ဘူး…”


“ရိုက်ကူးရေးကလည်း စနေပြီး သူ့ဇာတ်၀င်ခန်းကလည်း နီးနေပြီ…ငါက တစ်ဖက်လူကို ရိုက်ကူးရေးပြီးတဲ့အထိ စောင့်ခိုင်းပေမဲ့ တစ်ဖက်လူက အဖွဲ့ထဲက ထွက်သွားတယ်…ဖူဟန်ဇာတ်ကောင်က လင်းလော့ချင်းကြောင့်သာ ကြွတက်လာတာ…တကယ်တော့ သူက ဇာတ်ကွက်အရမ်းနည်းတယ်…ဇာတ်ကွက်ကလည်း အရမ်းနီးနေပြီဆိုတော့ ငါက တခြားတစ်ယောက်ကို အမြန်ရှာဖို့ပဲ တတ်နိုင်တော့တယ်…ပြီးတော့ အဲ့အကြောင်းကို ဒါရိုက်တာကျန်းသိသွားခဲ့တယ်…”


"ဒါရိုက်တာကျန်းနဲ့လော့ချင်းက ‘ထောင်လီပုရန်’ဇာတ်လမ်းတွဲမှာ ပူးပေါင်းဖူးတယ်လေ…အဲ့မှာ သူက ပြောတယ် ရုပ်ချောပြီး သရုပ်ဆောင်ကောင်းတဲ့သူတစ်ယောက်သိတယ်တဲ့…ဒါပေမဲ့ ငါကလည်း အရမ်းအလျင်လိုနေတော့ ဘယ်သူပဲဖြစ်ဖြစ် သုံးရက်အတွင်း အဖွဲ့ထဲ ၀င်ပေးနိုင်မလားမေးလိုက်တယ်…”


“ဒါရိုက်တာကျန်းကလည်း မေးပြီးတော့ အဆင်ပြေတယ်ပြောတယ်…အဲ့တော့မှ သူက ငါ့ဆီကို လော့ချင်းဓာတ်ပုံ‌ပို့ပေးတာ…ပြီးတော့ သူက လော့ချင်းရဲ့ဗီဒီယိုကိုပါ ထပ်ပို့ပေးတယ်လေ…အဲ့မှာ လော့ချင်းရဲ့ရုပ်ရည်နဲ့သရုပ်ဆောင်စွမ်းရည်ကို အရမ်းသဘောကျသွားပြီး အဖွဲ့ထဲ ချက်ချင်း ၀င်လို့ရမလားလို့‌တောင် ပြောလိုက်သေးတယ်…”


လင်းလော့ချင်း၏ပရိသတ်များက ဖုန်းကို မြှောက်ကာ ဓာတ်ပုံရိုက်နေစဉ် ရယ်မောလိုက်ကြလေသည်။


“ဟားဟား…ဒါရိုက်တာ၀မ်က အရမ်းရယ်ရတာပဲ…”


MCက ထိုစကားကို ကြားသောအခါ စူးစမ်းလိုက်သည်။


“'‌ထောင်လီပုရန်'ဒရမ်မာ ရိုက်တုန်းကလား…မှတ်မှတ်ရရ လော့ချင်းက အဲ့ဒရမ်မာနဲ့နာမည်ကြီးလာတာနော်…”


လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။


“ဟုတ်တယ်…ကျွန်တော်က ဒါရိုက်တာကျန်းကို ကျေးဇူးတင်ရမှာ…ဒါရိုက်တာကျန်းကြောင့်'ထောင်လီပုရန်'ဒရမ်မာ မထုတ်လွှင့်ရသေးခင် ကျွန်တော့်ရဲ့ဒုတိယဇာတ်လမ်းဖြစ်တဲ့ ‘’အလင်းရောင်'ကို ရိုက်ကူးနိုင်ခဲ့တာ…”


“ဒီလိုဆို ဒါရိုက်တာကျန်းကို ကျေးဇူးတင်ရမှာပေါ့…”


MCက လင်းလော့ချင်း၏စကားနောက် လိုက်ပြောပေးလိုက်သည်။


လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။


“ကျွန်တော်က ဒါရိုက်တာကျန်းရဲ့အဖွဲ့ထဲကလေ…ဒါရိုက်တာကျန်းက သရုပ်ဆောင်တွေကို အရမ်းဂရုစိုက်ပေးတာ…ကျွန်တော့်အစ်မနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ အစ်မမော့မော့၊ အစ်ကိုဟိုင်း၊အစ်ကိုချွမ်တို့ကလည်း ကျွန်တော့်ကို ဂရုစိုက်ပေးကြတယ်…ကျွန်တော်က ဒါရိုက်တာကျန်းကိုအရမ်းကျေးဇူးတင်တာ…အဲ့ဒါ့ကြောင့် ဒါရိုက်တာကျန်းသူငယ်ချင်းရဲ့ဇာတ်လမ်းမှာ ဇာတ်ပို့လိုနေတယ်‌ဆိုတာနဲ့ ချက်ချင်း သဘောတူလိုက်တာ…ဇာတ်ရုပ်ကသေး‌တော့ လ၀က်လောက်ပဲ ရိုက်ကူးရေးလုပ်ရမှာလည်း ပါတာပေါ့…”


“ဒီလိုဆို လက်ခံခဲ့တုန်းက ဒီဇာတ်ရုပ်အကြောင်း မသိခဲ့ဘူးပေါ့…”


“မသိခဲ့ဘူး…ဒါပေမဲ့ ဒါရိုက်တာကျန်းက ဒီဟာကို လေးနက်တဲ့ ဇာတ်လမ်းမျိုးလို့ ပြောတယ်…ကျွန်တော်ကလည်း အရင်က ဒီလိုမျိုး သရုပ်မဆောင်ဖူးတော့ ကြိုးစားကြည့်ချင်ခဲ့တာပေါ့…”


“ဘယ်လို ခံစားခဲ့ရလဲ…”


“အရမ်းကောင်းတာပေါ့…အကယ်၍ အနာဂတ်မှာ ဒီလိုဇာတ်လမ်းမျိုးတွေရှိရင် ကျွန်တော့်ကို ရွေးကြပါ ဒါရိုက်တာကြီးတို့…”


လင်းလော့ချင်းက ကင်မရာကို ကြည့်ကာ ပြောလိုက်သည်။


ပရိသတ်များနှင့် MCက ထပ်မံ‌ရယ်မောလိုက်ကြသည်။


ဒါရိုက်တာ၀မ် ပြောလိုက်သည်။


“ငါ ထောက်ခံတယ်…ငါ့မှာ သင့်‌တော်တဲ့ဇာတ်ရုပ်တွေ ရှိလာခဲ့ရင် ကျိန်းသေပေါက် ဆက်သွယ်မယ်…ဖူဟန်နဲ့တူတဲ့ ဇာတ်ရုပ်မျိုး မဖြစ်စေရဘူး…”


ဒါရိုက်တာ၀မ်က MCကို ကြည့်ကာ ပြောလိုက်သည်။


“ဖူဟန်ဇာတ်ကောင် နာမည်ကြီးလာတာကို အရမ်းပျော်တယ်…ဒါကို မျှော်လင့်ထားခဲ့တာတော့မဟုတ်ဘူး…ဒါက လော့ချင်းနဲ့ထိုက်တန်တဲ့ရလဒ်ပဲ…ထောင်လီပုရန်'ဒရမ်မာလွှင့်ပြီး သရုပ်ဆောင်တွေက နာမည်ကြီးလာတော့ လော့ချင်းရဲ့စိတ်နေစိတ်ထားအတွက် စိတ်ပူခဲ့ရသေးတယ်…”


“ဒါပေမဲ့ လော့ချင်းက လုံး၀မပြောင်းလဲဘူး…အရင်အတိုင်းပဲ…သူက အချိန်မှန်ရောက်လာပြီး ငါတောင်းဆိုသမျှကို လိုက်လုပ်ပေးတယ်…သူက အရမ်းလေးနက်တယ်…အဲ့အချိန်မှာ ငါကဒါရိုက်တာကျန်းကို ညီအစ်ကိုကောင်းလို့ တွေးခဲ့တယ်…ဘာလို့ဆို သူက ဒီသရုပ်ဆောင်ကို ငါ့ဆီပေးတဲ့သူလေ…”


ရယ်သံများ ထပ်မံထွက်ပေါ်လာလေသည်။


လင်းလော့ချင်း၏ပရိတ်သတ်များက သတင်းစာရှင်းလင်းပွဲပြီးနောက် ဝေ့ပေါ်နှင့် လင်းလော့ချင်း၏ ပရိသတ်ဂရု‌တွင် ပို့စ်တင်ကြလေသည်။


အချို့ပရိသတ်များက ဖိုရမ်ပေါ်သွားကာ အခိုင်အမာပြောဆိုကြလေသည်။


[ဇာတ်ရုပ် လုယူခြင်း၏နောက်ကွယ်မှ အဖြစ်မှန်…လင်းလော့ချင်းက ဘာကြောင့် ဖူဟန်ဇာတ်ရုပ်ကိုသရုပ်ဆောင်ခဲ့တာလဲ….အဖြေမှန် ဒါရိုက်တာကျန်းရဲ့အကြံပြုထောက်ခံမှုကြောင့်…]


ခေါင်းစဉ်က အလွန်ဖမ်းစားနိုင်သောကြောင့် ဖရဲသီးစားသူများ တစ်ယောက်ပြီးတစ်ယောက်ရောက်လာကြပြီး ဒါရိုက်တာ၀မ်၏ဗီဒိယိုကို ကြည့်ကြလေသည်။


[ဒါရိုက်တာ၀မ်က လင်းလော့ချင်းကို အတော်သဘောကျပုံပဲ…]


[ဒါရိုက်တာကျန်းရောပဲ…အဲ့ဒါကြောင့် သူက လင်းလော့ချင်းကို ထောက်ခံပေးတာပေါ့…]


[အဲ့မင်းသားက အရှက်မဲ့လွန်းတယ်…လုပ်တုန်းက‌ လုပ်ပြီး ပိုကောင်းတာရလာတော့ ဇာတ်ကွက်နည်းတယ်ဆိုပြီး စာချုပ်ကို ချိုးဖောက်တယ်…]


[ဟုတ်တယ်….သူက သရုပ်ဆောင်တာကို စွန့်လွှတ်ခဲ့တာ…ဒါရိုက်တာကျန်းကြောင့်သာ မဟုတ်ရင်ဒါရိုက်တာ၀မ်က သင့်တော်တဲ့သရုပ်ဆောင် ရှာတွေ့မှာ မဟုတ်ဘူး…]


[သူ ဖူဟန်ကို သရုပ်မဆောင်ဖြစ်တာလည်း ကောင်းပါတယ်…မဟုတ်ရင် ဖူဟန်ကို စော်ကားသလို ဖြစ်နေဦးမယ်…]


【လင်းလော့ချင်းက အဲ့လိုလုပ်မဲ့သူ မဟုတ်ပါဘူးလို့ ပြောသားပဲ…သူက နိမ့်ချတတ်တဲ့သူ…သူနဲ့အတူ တွဲလုပ်တဲ့ သရုပ်‌ဆောင်တွေ၊ ဒါရိုက်တာတွေဆို သူ့ကို ဘယ်လောက် ချီးကျူးလိုက်ကြလဲ…အဲ့လို လုပ်မဲ့သူ မဟုတ်တာသိသာတယ်…]


[ငါ အန်တောင် အန်ချင်တယ်…တချို့သရုပ်ဆောင်တွေက သူတို့ရဲ့စိတ်ဓာတ်‌ကြောင့် နာမည်ကြီးလာမှာ မဟုတ်ဘူး…]


[အဲ့လိုပြောရင် လူတိုင်းက ဖူဟန်ကို ကြိုက်တဲ့အတွက် သူက မကျေနပ်တာ…သူသာ ဖူဟန်ဇာတ်ရုပ်ကို သရုပ်ဆောင်ကြည့်ပါလား…ဒီလိုဖြစ်ပါဦးမလားလို့…]


[သူ ဖူဟန်ဇာတ်ရုပ်ကို မရိုက်ခဲ့တာ ကံကောင်းတာပဲ… 】


[Anti တွေတိတ်ဆိတ်နေကြပါလား…မျက်နှာဖြတ်ရိုက်ခံလိုက်ရတာ နာကျင်နေကြပြီလားမသိဘူး…]


ထိုအချိန်တွင် ဝူရှင်းယွမ်က မားကတ်တင်းအကောင့်ကို ဆက်သွယ်ကာ သင့်တော်သည့် ခေါင်းစဉ်ကို ပြန်ပြင်ခိုင်းခဲ့သည်။


[ဒါရိုက်တာကျန်း၏ အကြံပြုထောက်ခံမှုအောက်တွင် လင်းလော့ချင်းက ဖူဟန်ဇာတ်ရုပ်ကိုကျွမ်းကျင်စွာ သရုပ်ဆောင်ခဲ့…] အောက်တွင် ဒါရိုက်တာ၀မ်၏ဗီဒီယိုကိုပါ တွဲတင်ခိုင်းလိုက်သည်။


မားကတ်တင်းအကောင့်က ပြန်ပြင်ကာ ပို့စ်တင်ပြီးနောက် လင်းလော့ချင်း၏ပရိသတ်များက ကူညီမျှဝေပေးကြလေသည်။


[အစ်ကိုက အရမ်းချောတယ်၊ အရမ်းကြင်နာတတ်တယ်၊ အရမ်းတော်တယ်…သူ့အကြောင်း သိလာလေလေ ချစ်လာလေလေပဲ…]


အင်တာနက်သုံးစွဲသူများက ယင်းပို့စ်ကို မြင်သောအခါ ကွန်မန့်မန့်ကြလေသည်။


[လင်းလော့ချင်းက စကားနားထောင်တတ်တဲ့သူမျိုးပဲ…]


[ကံကောင်းလို့ လင်းလော့ချင်းက ဖူဟန်ကို ကယ်တင်လိုက်တာ…ငါကတော့ ဖူဟန်ဇာတ်ကောင်ကို သူကလွဲပြီး အခြားသူနဲ့ တွဲမမြင်နိုင်ဘူး…]


[ဟားဟားဟား…ဒါရိုက်တာ၀မ်ရဲ့စကားတွေက အရမ်းချစ်စရာကောင်းတာပဲ…ဒါရိုက်တာ၀မ်ကလင်းလော့ချင်းနဲ့ ထပ်ပူးပေါင်းဦးမှာ သေချာတယ်…]


[လင်းလော့ချင်းရဲ့စိတ်ဓာတ်ကို ဆု‌တောင် ချီးမြှင့်သင့်တယ်…သူက ဇာတ်ရုပ် အနေအထားကို ဂရုမစိုက်ဘူး…ဒါရိုက်တာကျန်း သွားခိုင်းလို့သွားပေမဲ့ မထင်မှတ်ဘဲ ပေါက်ကွဲထွက်သွားတယ်…]


[သူက သဘောကောင်းတဲ့သူ…ဒါရိုက်တာကျန်းနဲ့ အလုပ်တွဲလုပ်‌တော့လည်း တခြားသရုပ်ဆောင်တွေနဲ့ ကောင်းကောင်းပူးပေါင်းနိုင်ပြီး သရုပ်ဆောင်စွမ်းရည်တွေ တိုးတက်လာအောင်တောင် သင်ပေးသေးတယ်…အခုလည်း လေးပိုင်းထဲပါတဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်ပြီး ဇာတ်လမ်းကို ကယ်တင်ခဲ့တယ်…သူက သရုပ်ဆောင်ပဲ… ကြယ်ပွင့်မဟုတ်ဘူး…]


[ငါလည်း အဲ့လိုထင်တယ်…]


[ဟားဟား…ကွန်မန့်တွေကို ကြည့်တော့ အားလုံးက လင်းလော့ချင်းကို သဘောကျကြတာပဲ…]


[လင်းလော့ချင်းကို သဘောကျသရွေ့ ငါတို့က ဖ‌အေမတူ မအေကွဲ မောင်နှမတွေပဲ…]


[ငါ အခု ဖရဲသီးစားရင် လင်းလော့ချင်းရဲ့အင်တာဗျူးကို ကြည့်နေတာ…】


[ငါလည်း ပါတယ်…ဒီလို ကြင်နာတတ်တဲ့ အစ်ကိုချောလေးကို အာရုံစိုက်ရမယ်…အခု ‘အလင်းရောင်’ ပြန်ကြည့်ပြီ…]


အချိန်ကြာပြီးနောက် လင်းလော့ချင်း၏ပရိသတ်များက ဤဖြစ်ရပ်၏ သက်ရောက်မှုကြောင့် လျော့ မသွားသည့်အပြင် တိုးပင်တိုးလာသေးသည်ကို ဝူရှင်းယွမ်က တွေ့လိုက်ရလေသည်။


ပြောင်းပြန်သက်ရောက်မှုပဲ…


ချောင်ရွေ့က ဝေ့ပေါ်အောက်မှ ကွန်မန့်များကိုပင် မဖတ်နိုင်‌တော့ပေ။ သတင်းကြားပြီးနောက် သူ့ထံဇာတ်ရုပ် တကယ်လုယူခံရသလားဟု လာမေးကြသည့်လူများကပင် သူ့ကို လူများ၏စာနာမှုကို အခွင့်ကောင်းယူသည့်အတွက် ကျော်ကြားမှုနှင့် မထိုက်တန်ကြောင်း ကျိန်ဆဲသွားကြလေသည်။


[နောက်ကွယ်က ဒီလိုဖြစ်လိမ့်မယ်လို့ ငါ မထင်ထားဘူး…】


[ကံမကောင်းစွာနဲ့ ငါက လင်းလော့ချင်း ဇာတ်ရုပ်တကယ်လုယူသွားတယ်ထင်ပြီး သူ့ကို မုန်းသွားတာ…ငါ နောင်တရဖို့ နောက်ကျသွားပြီလား…]


[ဒီလို ကြင်နာတတ်တဲ့သူ‌မျိုးကပဲ ဖူဟန်ဇာတ်ကောင်နဲ့ ထိုက်တန်တာ…ချောင်ရွေ့ ဖူဟန်ကို သရုပ်မဆောင်ခဲ့တာ ကံကောင်းတယ်…]


[ဇာတ်ကွက်နည်းလို့ မကြိုက်တဲ့ချောင်ရွေ့ ဖူဟန်ထက်များတဲ့ ဇာတ်ကွက်တွေ ရနေရဲ့လား…]


[ဟားဟား လူတွေက သူ့ကို ရုပ်ရှင်ရိုက်ဖို့ ခေါ်ကြပါဦးမလား…]


ချောင်ရွေ့က ချက်ချင်း ပြန်စာရေးလိုက်သည်။


[ဘာလို့လဲ…ငါက လင်းလော့ချင်းအကြောင်းဘာပြောခဲ့လို့လဲ…]


အင်တာနက်သုံးစွဲသူက ချက်ချင်းပြန်ပြောလိုက်သည်။


[ဒါဆို အရင်တုန်းက ဘာလို့ ဘာမှမပြောခဲ့တာလဲ…ဆီလျော်မှု မရှိလိုက်တာ …]


[ဟုတ်ပ…အင်တာနက်သုံးစွဲသူ‌တွေ နင်ဘက်က ပြောပေးတုန်းက ပြောပါလား…】


[ကောင်လေး ငါ မင်းကို သီးသန့်မက်ဆေ့ခ်ျတွေပို့ထားတာ တစ်ရက်ရှိပြီ…အဲ့တုန်းက သေချင်ယောင်ဆောင်နေပြီး လင်းလော့ချင်းကို အပြစ်ပြောနေကြတာကို လွှတ်ထားတယ်…အခု ပြန်ဖြေရှင်းပြီးမှ အသက်ပြန်ရှင်လာတယ်ပေါ့…လူတွေရဲ့ကြင်နာမှုကို လက်နက်အဖြစ် ‌သုံးနေတာပဲ…အရှက်မရှိလိုက်တာ…]


 [ဒါက ရည်ရွယ်ချက်ရှိရှိ လုပ်တာပဲ…လင်းလော့ချင်းရဲ့ ကျော်ကြားမှုကို အခွင့်ကောင်းယူနေတာ…]


[ကံကောင်းလို့ လင်းလော့ချင်းက ဖြတ်သွားဖြတ်လာတွေကြားမှာ နာမည်ကောင်းရှိလို့ ဒီဟာ အဲ့လောက်မပြန့်သွားတာ…မဟုတ်ရင် နာမည်ဆိုး ထွက်သွားမှာ…]


[ညီအစ်မတို့ရေ ချောင်ရွေ့ ပါထားတဲ့ ဒရမ်မာသုံးခုရှိတယ်…အောက်မှာ ရေးထားပေးတယ်…အားလုံး မှတ်ထားကြဦး…]


[ကျေးဇူး မိန့်မိန့် အဲ့ဒရမ်မာတွေကို ပိုက်ဆံပေးရင်တောင် မကြည့်ဘူး…]


[ဟားဟား…စိတ်မပူနဲ့.. သူ့ကို ကြည့်မိရင် ကိုယ့်မျက်လုံးကိုယ် ဖောက်ထုတ်ပစ်မယ်…]


ချောင်ရွေ့ :”...”


ချောင်ရွေ့က အသည်းကွဲနေလေသည်။ သူက အင်တာနက်သုံးစွဲသူများနှင့် တိုက်ခိုက်ချင်သော်လည်း ကံမကောင်းစွာနှင့် အချိန်တိုင်း ရရှိနေသော ကျိန်ဆဲစကားများ၊ ပြက်ရယ်ပြုသည့်စကားများကိုမခံနိုင်တော့သောကြောင့် ဝေ့ပေါ်အကောင့်ကို ဖျက်ကာ ကွန်မန့်စက်ရှင်ကို ပိတ်ပစ်လိုက်ရသည်။


သို့သော် အင်တာနက်သုံးစွဲသူများက ဇွဲကောင်းစွာဖြင့် ကွန်မန့်မမန့်နိုင်ကြသောအခါ ကျိန်ဆဲစကားများကို ပို့စ်တင်ပြောကြပြီး ချောင်ရွေ့ထံ သီးသန့်မတ်ဆေ့ခ်ျများ ပို့ကြလေသည်။


အချိန်ကြာပြီးနောက် ချောင်ရွေ့၏ကျော်ကြားမှု မြင့်တက်လာမည့်အစား ရှိသည့်ပရိသတ်များစွာကိုပင် ဆုံးရှုံးလိုက်ရလေသည်။


ချောင်ရွေ့ :”...”


‌ချောင်ရွေ့၏နှလုံးသားက ပိုမိုဆိုးရွားလာ၏။


တစ်ဖက်တွင် ဒါရိုက်တာ၀မ်က ပရိုမိုးရှင်းသတင်းစာရှင်းလင်းပွဲပြီးနောက် သူ့၏လုပ်ဖော်ကိုင်ဖက်ဟောင်းများဒါရိုက်တာဂရုတွင် စာပို့လိုက်သည်။


[ချောင်ရွေ့က မကောင်းဘူး…ရိုးသားမှု မရှိဘူး…သူက နောက်ကွယ်မှာ ယင်ကောင်လိုလှည့်စားတတ်တဲ့သူ…အားလုံး သရုပ်ဆောင်ရွေးရင် သတိထားကြဦး…]


ထိုအခါ အဖွဲ့ထဲရှိ ဒါရိုက်တာများက မေးမြန်းလိုက်ကြသည်။


[ချောင်ရွေ့

က ဘယ်သူလဲ…]


[နာမည်ကြီးလား…]


[လူသစ်လား…]


[သရုပ်ဆောင်ကောင်းလား…]


[ဘယ်နယ်ပယ်ဘက်မှာ အလုပ်လုပ်တာလဲ…]


[လောင်၀မ် သူနဲ့ မိတ်ဆက်ပေးဦး…]


ဒါရိုက်တာ၀မ် :”...”


အိုကေ…ငါကသာ ထိခိုက်ခဲ့ရတဲ့ လောကကြီးပဲ…