အပိုင်း ၂၈၉
Viewers 87k

Chapter 289




ယွီကျားယုံက အခြားလူ၏သူ့အပေါ် ယုံကြည်မှုကြောင့် ကြည်နူးသွားရလေသည်။


အမှန်တွင် သူ့ခရီးလမ်းက မဖြောင့်ဖြူးခဲ့ပေ။ မိဘများက သူ့ကို နားမလည်ကြ၊ ညီအစ်ကိုမောင်နှမများက သူ့ကို မထောက်ပံ့ကြ၊ သူနှင့်စိတ်တူကိုယ်တူသူငယ်ချင်းဖြစ်သည့်နင်းယွီကလည်း သုံးနှစ်အကြာတွင် သူနှင့်လက်တွဲဖြုတ်လိုက်လေသည်။


'ကွေးယွီ့'ကို ရေးသားရန် လှုံ့ဆော်ပေးခဲ့သူက နင်းယွီဖြစ်ပြီး နင်းယွီ၏စာကြောင့် သူက'ကွေးယွီ့'ကို ရေးသားခဲ့ခြင်းဖြစ်သည်။


သို့သော် ‌'‌ကွေးယွီ့'ကို ရေး၍မပြီးမီ နင်းယွီက သူ့ကို နှုတ်ဆက်ကာ အနာဂတ်တွင် သူနှင့်အတူ ရုပ်ရှင်မရိုက်နိုင်‌တော့ကြောင်း ပြောခဲ့လေသည်။ ကောမောင်း၏အဖွဲ့က သူ့ကို အခွင့်အရေးပေးသောကြောင့် စီးပွား‌ဖြစ်ရုပ်ရှင်များကို ရိုက်ကူးရန် ကြိုးစားကြည့်ချင်သည်ဟု ပြောလာလေသည်။


ထိုအချိန်က ယွီကျားယုံက ဘောပင်ပင် မကိုင်နိုင်‌တော့ပေ။


သူနှင့်အတူ လက်တွဲခဲ့ကြသည့် သူငယ်ချင်းများက သူ့ကို ထားသွားကြသောကြောင့် သစ္စာဖောက်ခံလိုက်ရသလို၊ စွန့်ပစ်ခံလိုက်ရသလို ခံစားရလေသည်။


ယွီကျားယုံ၏ကူရာမဲ့မှုကို နင်းယွီက မြင်ပြီး သူ့ကိုရှင်းပြလိုက်သည်။


"ငါ့မှာလည်း ဘ၀ရှိသေးတယ်...ငါ တိမ်ထဲမှာပဲ နေလို့မရဘူး...မြေပြင်ပေါ်ဆင်းဖို့လိုသေးတယ်...ငါ့လက်ထဲမှာ ဘောပင်ကိုင်နိုင်ဖို့ ပေါင်မုန့်နဲ့ရေလည်း လိုသေးတယ်...အိပ်မက်တွေက ကောင်းပါတယ်...ဒါပေမဲ့ လက်တွေ့ဘ၀ကလည်း ရှိသေးတယ်...ငါ အရင်အသက်ရှင်နိုင်မှ အိမ်မက်တွေအကြောင်း ဆက်ပြောလို့ရမယ်..."


"ငါ မင်းကို ကူညီနိုင်တယ်လေ...မင်းမှာ ပိုက်ဆံမရှိရင် ငါ ပေးမှာပေါ့..." 


"ဒါပေမဲ့ ငါတို့ တစ်သက်လုံး မင်းမိသားစုရဲ့မုန့်ဖိုးနဲ့ပဲ ရှင်သန်သွားလို့မရဘူး...ကျားယုံ မင်းရဲ့ပိုက်ဆံတွေကို ဒီလိုလက်လွတ်စပယ် သုံးနေလို့မရဘူး...အရင်‌ဆုံး အရင်းအနှီးရှိအောင် လုပ်ပြီးမှ အိမ်မက်တွေအကြောင်း ဆက်ပြောလို့ရမယ်..."


ထို့နောက် နင်းယွီက ထွက်သွားပြီး သူ မကြိုက်သည့်စီးပွားဖြစ်ရုပ်ရှင်များကို ရိုက်ကာ သူများနှင့်မတူသည့် သူ့၏အတွေးအမြင်များကို စွန့်လွှတ်ပြီး အခြားလူများနှင့် ညှိယူပေါင်းသင်းဆက်ဆံခဲ့ရလေသည်။


ယွီကျားယုံကမူ တစ်ယောက်တည်း ဆက်လျှောက်နေဆဲဖြစ်ပြီး 'အမှောင်ထု'ရုပ်ရှင်ရိုက်ကူးနေစဉ်ရန်ပုံငွေပြတ်တောက်သွားသောကြောင့် သရုပ်ဆောင်များက ထွက်ပြေးသွားခဲ့လေသည်။ 


ထို့နောက် သူက ကျောက်တုံးပေါ်တွင် ထိုင်ကာ အရာအားလုံးကို စိတ်ပျက်သွားခဲ့သည်။


ထို့နောက် 'ကွေးယွီ့'ဇာတ်ညွှန်းကို နင်းယွီထံ ပို့ပေးလိုက်ပြီး နင်းယွီကို ခွင့်လွှတ်ကြောင်းနှင့်သူ့ကိုယ်သူစွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ပြောခဲ့သည်။


နင်းယွီက ထိုဇာတ်ညွှန်းကို ကြည့်ကာ မျက်ရည်များပင် ကျခဲ့ရလေသည်။


သူက ယွီကျားယုံ၏ယခင်ရည်မှန်းချက်များနှင့် မာနကိုသိပြီး ထပ်ကြိုးစားရန် ပြောခဲ့သည်။


သို့သော် ယွီကျားယုံက ယင်းကို စွန့်လွှတ်လိုက်ပြီဖြစ်သည်။


သူက ဇာတ်ညွှန်းထဲမှ ဇာတ်ကောင်ကို သာမာန်များ၏စွန့်ပယ်ရယ်မောမှုကို ခံစားရသော်လည်း သူ့ကိုယ်သူ ရုန်းထွက်နိုင်သည့် ဇာတ်ကောင်အဖြစ်ရေးခဲ့သည်။


သို့သော် သူကိုယ်တိုင်ကမူ ရုန်းထွက်ရန် အားမရှိတော့ပေ။


၀မ်းနည်းစရာကောင်းပြီး သနားစရာကောင်းလိုက်တာ...


နင်းယွီက ယွီကျားယုံကို လက်မလျော့စေချင်သောကြောင့် သူ့ပတ်၀န်းကျင်တွင် သင့်လျော်သည့်သရုပ်ဆောင်များကို ကြိုးစားရှာဖွေနေခဲ့ပြီး နောက်ဆုံးတွင် လင်းလော့ချင်းကို တွေ့လိုက်ရလေသည်။


အစပိုင်းတွင် ယွီကျားယုံက လင်းလော့ချင်း သူ့ဇာတ်ကားတွင် ပါ၀င်မည့်ကိစ္စကို မယုံကြည်နိုင်ခဲ့ပေ။ သို့သော် လင်းလော့ချင်းနှင့်တွေ့ပြီး လင်းလော့ချင်းက ဤဇာတ်ကားအပေါ် အလေးအနက်ထားကြောင်း သိသွားသောအခါမှသာ စိတ်သက်သာရာရခဲ့ရလေသည်။


သို့သော် လင်းလော့ချင်းက သူ့အပေါ် အကောင်း မြင်လွန်းရုံသာမက ဤဇာတ်ကားဖြင့် သူ ဆုရသွားမည်ဟုပင် ထင်နေ၏။


ယွီကျားယုံက စိတ်ထဲတွင် ပျော်နေသော်လည်း လင်းလော့ချင်းအား စိတ်ပျက်သွားစေမည်ကိုစိုးရိမ်သောကြောင့် ပြောလိုက်သည်။


"ဆုရဖို့က အိမ်မက်တစ်ခုပဲ...လက်တွေ့မှာ အဲ့လောက် မလွယ်ဘူး...သူက အရည်အချင်းအပေါ် မူတည်နေရုံသာမက ကံကောင်းဖို့လည်း လိုတယ်လေ...ဒါပေမဲ့ ငါ့ကိုကြည့်...ငါက ကံကောင်းတဲ့သူ မဟုတ်ဘူး..."


ဒါပေမဲ့ မင်းက ဒီဟာနဲ့ဆုရသွားမှာလေ...


လင်းလော့ချင်းက ပိုမိုစိုးရိမ်လာလေသည်။


"ငါက‌တော့ မင်းဆုရမယ်လို့ထင်တယ်...ငါ့ကြောင့် မရမှာကိုတောင် စိတ်ပူနေရတာ..."


"မင်းက အမြတ်အရှုံးကို အရမ်းတွက်နေတာပဲ...မင်းက စာပေရုပ်ရှင်ကို ပထမဆုံးရိုက်တာမလား...ပထမဆုံးဇာတ်ကားနဲ့ဆုရဖို့က ကံအရမ်းကောင်းနေမှရမယ်..."


ပြောပြီးနောက် လင်းလော့ချင်း နာကျင်သွားမည်ကို စိုးရိမ်သောကြောင့် နှစ်သိမ့်ပေးလိုက်သည်။


"စိတ်မပူပါနဲ့....ငါက ဒီဇာတ်ကားကို အလေးအနက်ထားမှာပါ...တခြားဇာတ်ကားတွေထက် မနိမ့်ကျစေရဘူး..."


"ဒါပေမဲ့ မင်း ကိုယ်တိုင်သရုပ်‌ဆောင်ရင် ပိုမကောင်းဘူးလား...မင်းက ဇာတ်ကောင်‌အကြောင်း ပိုနားလည်မှာပေါ့..."


ထိုစကားကို ကြားသောအခါ ယွီကျားယုံက လေသံကို မြင့်ကာ ပြောလိုက်သည်။


"လင်းလော့ချင်း မင်း ဘာကိုဆိုလိုချင်တာလဲ ...အခု နောင်တရနေပြီလား...နာမည်မရှိတဲ့ဒါရိုက်တာရိုက်တဲ့ကားဆိုတော့ မရိုက်ချင်တော့ဘူးလား..."


လင်းလော့ချင်း :"အဲ့လိုဆိုလိုချင်တာ မဟုတ်ပါဘူး..."


သူကလည်း လင်းလော့ချင်း အဲ့လိုဆိုလိုချင်တာ မဟုတ်မှန်း သိပါတယ်...


ယွီကျားယုံ ရယ်မောလိုက်သည်။ သူက လင်းလော့ချင်း၏ရည်ရွယ်ချက်ကို သိလေသည်။


သူ ယခင်က ထိုသို့တွေးခဲ့ဖူးသော်လည်း လင်းလော့ချင်းက ပါ၀င်ရိုက်ကူးမည်ဖြစ်ကြောင်းသိသည့်အခါ ထိုစိတ်ကူးက လွင့်ပြယ်သွားပြီဖြစ်သည်။


"မင်းက သရုပ်ဆောင်ဖို့ သဘောမတူရင် ငါ ဒီရုပ်ရှင်ကို ရိုက်တော့မှာမဟုတ်ဘူး...ငါက ယဲ့ယွီအကြောင်းကို နားလည်ပေမဲ့ သူ့ကို သရုပ်ဆောင်ဖို့ စိတ်ကူးမရှိဘူး...မင်းပြောသလို ဆုရမယ်ဆိုရင်တောင်မှ ငါ ပျော််နိုင်မှာမဟုတ်ဘူး...ငါက ဒါရိုက်တာဖြစ်ချင်တာ...ငါ ကင်မရာနောက်ကွယ်မှာ ရပ်ရတာကိုပဲကြိုက်တယ်...ငါ ကင်မရာရှေ့မှာ မရပ်ချင်ဘူး...ဘာမှ‌ရွေးချယ်စရာမရှိတော့မှသာ ငါ အဲ့လမ်းကိုရွေးမှာပဲ..."


"ဒါပေမဲ့ အဲ့လိုဖြစ်သွားရင် ငါ့စိတ်ဓာတ်က အဆုံးထိ ကျသွားလိမ့်မယ်..."


"ငါ့ရဲ့ယဲ့ယွီဇာတ်ကောင်က လူတွေရဲ့အထင်အမြင်တွေကို မမူဘဲ ကိုယ့်လမ်းကိုယ်ဖောက်တဲ့ဇာတ်ကောင်...အဲ့လိုဇာတ်ကောင်ကို ဘာမှရွေးချယ်စရာမရှိတော့လို့ ငါကိုယ်တိုင်သရုပ်ဆောင်လိုက်ရရင် အဲ့ဒါကငါ့အတွက် အရမ်းရက်စက်ရာကျလွန်းတယ်..."


ထိုသို့ဖြစ်လာမည့်အချိန်က သူ လမ်းဆုံးသို့ရောက်သွားမည့်အချိန်သာ ဖြစ်လေသည်။


သူ လက်လျှော့တော့မည်အချိန်တိုင်း တစ်စုံတစ်ယောက်က သူ့ကို ဆွဲခေါ်ကာ ယုံကြည်ပေးစေချင်လေသည်။ သူက ရှုံးနိမ့်ရမည်ကို မကြောက်ချေ။ သူ့ဘေးတွင် တစ်ယောက်မှမရှိတော့မှာကိုပဲကြောက်ရွံ့မိလေသည်။


သူက ဒါရိုက်တာလုပ်ရသည်ကို ကြိုက်ပြီး ဒါရိုက်တာကောင်းတစ်ယောက်ဖြစ်လာချင်သည်။


လင်းလော့ချင်းက ထိုသို့မတွေးမိခဲ့ပေ။


သူက သရုပ်ဆောင်တစ်ယောက်ဖြစ်သည့်အတွက် အနုပညာလောကရှိ ဂုဏ်ပုဒ်များကို သိပြီး ယွီကျားယုံပိုင်ဆိုင်မည့်ဆုအား လုယူသွားမိမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။


သို့သော် ယွီကျားယုံ၏စကားကို ကြားသောအခါ စာအုပ်ထဲရှိ ယွီကျားယုံက လမ်းဆုံးရောက်သွားသည့်အတွက်ကြောင့်သာ သရုပ်ဆောင်ခဲ့ရခြင်းဖြစ်နိုင်ပြီး ထိုဆုအတွက် ပျော်ရွှင်လိမ့်မည်မဟုတ်ကြောင်း သိလိုက်ရသည်။


သူ့ရဲ့စိတ်ဆန္ဒတွေကို ထည့်သွင်းထားတဲ့ ယဲ့ယွီဇာတ်ကောင်ကို ယွီကျားယုံက ရွေးချယ်စရာမရှိ‌တော့လို့ ကိုယ်တိုင် သရုပ်‌ဆောင်လိုက်ရတဲ့အခါ ဘယ်လိုခံစားရမလဲ...


ဒါက အရမ်းရက်စက်ရာကျလွန်းတယ်...


လင်းလော့ချင်းက ရုတ်တရက် ယွီကျားယုံကို ယဲ့ယွီအား သရုပ်မဆောင်ခိုင်းချင်တော့ပေ။


ဒီအတိုင်းလေးပဲ ကောင်းပါတယ်...


"ဒါရိုက်တာယွီက အဲ့လိုပြောမှတော့ ကျွန်‌တော်က အကောင်းဆုံး သရုပ်ဆောင်ရမှာပေါ့..."


"ဟုတ်တာပေါ့...."


ယွီကျားယုံက ကျေနပ်သွားသည်။


"သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်ရမှာပေါ့...မင်းသာ ကိုယ့်ကိုကိုယ် မယုံရင်ပရိသတ်တွေကရော ဘယ်ယုံပါ့မလဲ..."


လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။


"အင်း..."


"အိုကေ...ဇာတ်ညွှန်းကို သေချာဖတ်...မသိတာရှိရင် ငါ့ကို လာမေး...ငါ‌ကတော့ ဒီရက်ပိုင်းအတွင်းထုတ်လုပ်သူနဲ့ နေရာသွားရွေးသွားမယ်..."


"ဟုတ်ကဲ့ပါ ဒါရိုက်တာယွီ..."


"အင်း..."


ယွီကျားယုံက ဖုန်းချလိုက်ပြီးနောက် ခေါင်းကုတ်လိုက်မိသည်။


လင်းလော့ချင်းက သူ့အပေါ် အထင်ကြီးလွန်းပြီး ဆုရမယ်လို့တောင် ထင်နေတာ...


အဲ့တော့ သူလည်း အကောင်းဆုံးကြိုးစားရမှာပေါ့...လျာထားဆုစာရင်းထဲ‌မှာတောင် မပါရင်ဘယ်လောက်ရှက်စရာကောင်းလိုက်မလဲ...


ထိုသို့ တွေးပြီးနောက် ယွီကျားယုံက နေ့လည်စာပင် မစားနိုင်‌တော့ချေ။ ထုတ်လုပ်သူကို ဆက်သွယ်လိုက်ကာ နေရာ‌ရွေးရန် ချိန်းဆိုလိုက်လေသည်။


လင်းလော့ချင်းက ဇာတ်ညွှန်းကို ထပ်ဖတ်လိုက်၏။


ယွီကျားယုံ..ယဲ့ယွီဇာတ်ကောင်နှင့်ဆုရသွားသည့်အကြောင်းရင်းက ဇာတ်ကောင်နှင့်ထပ်တူကျနေသောကြောင့်ဖြစ်သည်။


ယခု သူက ယွီကျားယုံအစား ယဲ့ယွီနေရာတွင် သရုပ်ဆောင်သည့်အခါ ဆုတစ်ဆု‌သေချာစေရန် လုပ်ရပေမည်။


သူက အခြားလူများအတွက် မျှော်လင့်ချက်များကို သယ်ဆောင်ပေးသူပဲဖြစ်ချင်ပြီး အခြားလူများ၏လမ်းကို ဖျက်ဆီးသူမဖြစ်ချင်ပေ။


ထိုမှသာ စိတ်သက်သာရာရမည်ဖြစ်သည်။


ယွီကျားယုံက ထုတ်လုပ်သူကို ဆက်သွယ်ပြီးနောက် လင်းလော့ချင်းကို ထပ်ဆက်သွယ်လိုက်ပြီး နေရာအတွက် စပွန်‌ဆာရှာရန် ‌သွားလိုက်သည်။ 


ထို့နောက် လင်းလော့ချင်းက ဝူရှင်းယွမ်ထံမှ'အလင်းရောင်'က စတင်ထုတ်လွှင့်တော့မည်ဖြစ်ကာ အွန်လိုင်းပရိုမိုးရှင်းလည်း စတင်တော့မည်ဖြစ်ကြောင်းကို WeChat မတ်ဆေ့ခ်ျရလိုက်သည်။


"ဟုတ်ကဲ့..."


ထို့နောက် လင်းလော့ချင်းက အဖွဲ့မှ တောင်းဆိုထားသည့်အတိုင်း 'အလင်းရောင်'ပို့စ်စတာပို့စ်ကို တင်လိုက်သည်။


သုံးရက်ကြာပြီးနောက် 'အလင်းရောင်'က စတင်ထုတ်လွှင့်လာပြီဖြစ်သည်။


လင်းလော့ချင်းက ထိုဒရမ်မာတွင် လေးပိုင်းမျှသာ ပါ၀င်သရုပ်ဆောင်ထားသော်လည်း ဒရမ်မာကြည့်ရန် တီဗီရှေ့သို့ ရောက်နေပေပြီ။


ထို့အပြင် သူနှင့်အတူ ကျိယွီရှောင်၊ လင်းဖေးနှင့်ကျိလဲ့ယွီတို့လည်း သူနှင့်အတူတူ ကြည့်နေကြလေသည်။


"ပါးပါးက ဒီကားထဲမှာ ပါမှာလား..."


ကျိလဲ့ယွီက လင်းလော့ချင်းကိုမှီကာ မေးလိုက်သည်။


"ဟုတ်တာပေါ့..."


"ပါးပါးက ရဲသားလား..."


"အွန်း..."


ကျိလဲ့ယွီက ဒရမ်မာအစတွင် လင်းလော့ချင်းပါလာသည်ကို မြင်သောအခါ တီဗီကို ညွှန်ပြပြီးပြောလိုက်သည်။


"ပါးပါးပဲ..."


လင်းလော့ချင်း ပြုံးလိုက်သည်။


ဒရမ်မာအဖွင့်မြင်ကွင်းက ဖူဟန် သူ့အဖေကို အလေးပြုနေသည့်မြင်ကွင်းဖြစ်လေသည်။


ကျိယွီရှောင်က လင်းလော့ချင်း ရဲ၀တ်စုံ၀တ်ထားသည်ကို မြင်ဖူးပြီးသားဖြစ်သော်လည်း တီဗီတွင် မြင်လိုက်ရသည့်အခါ အနည်းငယ် အံ့အားသင့်သွားလေသည်။


"မော်ဒယ်လ်တစ်ယောက်နဲ့တူတဲ့ရဲသားလေး..."


ကျိယွီရှောင်က နောက်လိုက်သည်။ ထို့နောက် ပြုံးကာ လင်းလော့ချင်းလက်ကို ညှစ်လိုက်ပြီး ပြောလိုက်၏။


"အရမ်းချောတာပဲ..."


"ဒါပေါ့..."


လင်းလော့ချင်းက ဂုဏ်ယူစွာပြောလိုက်သည်။


ကျိယွီရှောင်က ပြုံးလိုက်ပြီး လင်းဖေးနှင့်ကျိလဲ့ယွီကို ကြည့်ကာ ပြောလိုက်သည်။


"ဖေးဖေး မုန့်တွေသွားယူလေ...ရှောင်ယွီက အသီးတွေ သွားယူ..."


"ဟုတ်..."


ကျိလဲ့ယွီက နာခံစွာဖြင့် လင်းဖေးလက်ကို ဆွဲကာ မီးဖိုချောင်ထဲ ၀င်သွားလိုက်သည်။


လင်းလော့ချင်းက ကလေးနှစ်ယောက်ကို လိုက်ကြည့်နေစဉ် ကျိယွီရှောင်က တစ်ဖက်လူကို နမ်းလိုက်လေသည်။


"ခေါင်းဆောင်ဖူ ဒီည ကျွန်တော့်အိမ်မက်ထဲ လာပေးလို့ရမလား..."


ထိုစကားကို ကြားသောအခါ လင်းလော့ချင်း၏မျက်နှာက ချက်ချင်းနီရဲသွားလေသည်။


"အိမ်မက်မက်နေလိုက်..."


"အဲ့လိုဆိုလည်း ရပါတယ်...ကျွန်တော်ကပဲ ခေါင်းဆောင်ဖူရဲ့အိမ်မက်ထဲ လာ‌လိုက်ပါမယ်..."


လင်းလော့ချင်းက ကူရာမဲ့စွာ ရယ်မောလိုက်ပြီး ကျိယွီရှောင်ကို နမ်းလိုက်သည်။


"လာခဲ့ပေ့ါ..."