အပိုင်း ၂၇၂
Viewers 87k

Chapter 272




ဝမ်ကျစ်မင်က သူ၏ အခြေအနေကို လျင်မြန်စွာ ချိန်ညှိပြီး လင်းဖေးနှင့် ထိုအခန်းကို ထပ်မံရိုက်ကူးခဲ့သည်။


ဤတစ်ခါတွင် သူ ကြိုပြီး ပြင်ဆင်ထားသည်။ လင်းဖေးက ကင်မရာမရှိသကဲ့သို့ တည်ငြိမ်စွာ သရုပ်ဆောင်နေသည်ကို မြင်လျှင်ပင် သူ့စိတ်ထဲတွင် အံ့အားသင့်သွားရုံသာရှိပြီး သူ၏သရုပ်ဆောင်မှုကို မထိခိုက်စေခဲ့ပေ။


မကြာခင်မှာပဲ လင်းဖေးက သူ့ကို ရေချိုးခန်းထဲမှာ ပိတ်ထားသည့် နေရာကို ရောက်လာပြီး လင်းဖေးက အိတ်ကပ်ထဲကို သော့ထည့်ကာ တည်ငြိမ်စွာဆိုသည်။ 


"ခင်ဗျားအသံက အရမ်းဆူတယ်...ကျွန်တော် အိမ်စာအရင်သွားလုပ်လိုက်ဦးမယ်...ကျွန်တော်အိမ်စာတွေပြီးရင် ခင်ဗျားကိုထွက်လာခိုင်းမယ်"


ဝမ်ကျစ်မင်က ရေချိုးခန်းတံခါးကို ဆောင့်ကန်လိုက်သည်။ 

"ဟေ့ ငါ့ကို တံခါးဖွင့်ပေးစမ်း... မင်းကောင်စုတ်လေး... ဖူရှီ မင်း ဘာလုပ်နေတာလဲ... ငါက မင်းကျို့ကျို့မှန်း သိသေးရဲ့လား"


လင်းဖေး သူ့ကို လျစ်လျူရှုပြီး သူ့အော်သံကို လုံးဝ ဂရုမစိုက်ဘဲ အိတ်ကပ်ထဲကိုလက်ထည့်ကာ အမူအရာမဲ့စွာ ပြန်ထွက်သွားသည်။


ဒါရိုက်တာလီက လင်းဖေး ကင်မရာအပြင်ဘက်ထွက်လာသည်ကိုကြည့်နေပြီးနောက် "ကဒ် အိုကေ ပြီးပြီ " ဟု အော်လိုက်သည်။


ဝမ်ကျစ်မင်က တံခါးဖွင့်ပြီး ရေချိုးခန်းထဲက ထွက်လာခဲ့သည်။ 


လင်းဖေးက ပတ်သွားပြီး လင်းလော့ချင်း ရှေ့သို့ လျှောက်သွားသည်။


"သရုပ်ဆောင်တာကောင်းတယ်"

လင်းလော့ချင်းက သူ့ခေါင်းကို ပွတ်ပေးလိုက်သည်။ 

"တော်လိုက်တာ"


ဒါရိုက်တာလီသည် လင်းဖေးက လင်းလော့ချင်းဘေးနားတွင်မူ ပုန်းရှောင်ခြင်းမရှိဘဲ နာခံစွာရပ်နေသည်ကို မြင်လိုက်ရပြီး သူလည်း ထိချင်သည်ဟု တိတ်တဆိတ်တွေးလိုက်မိ၏။


သို့သော် ဤကလေးက တရားလွန်လွန်းလှသည်။


ဒါရိုက်တာလီ မယုံနိုင်စရာကောင်းသည်ဟုခံစားရသည်။ သူရုပ်ရှင်ရိုက်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း အခန်းတစ်ခန်းကို ဤမျှလောက်မြန်မြန်ဖြတ်ကျော်နိုင်သည့် ကလေးသရုပ်ဆောင်တစ်ယောက်မှ မတွေ့ဖူးပါချေ၊အထူးသဖြင့် ရုပ်ရှင်ဘုရင် ဝမ်ကျစ်မင်နှင့်တွဲရိုက်ရာတွင်ဖြစ်၏။


ဝမ်ကျစ်မင်က ဇာတ်ညွှန်းအရ သူ့ကို အပေါ် မြှောက်လိုက်သည်နှင့် လင်းဖေးက အံ့သြသည့်အမူအရာပြမှာ သို့မဟုတ် ဇာတ်ညွှန်းထဲမှာမပါသည့် လှုပ်ရှားမှုတစ်ခုခုလုပ်မှာကို သူစိုးရိမ်နေခဲ့သည်။


ရလဒ်အနေဖြင့် လင်းဖေးက ဇာတ်ညွှန်းမှာ ရေးထားသည့်အတိုင်း ပြောစရာစကားမဲ့သည့်ဟန်ပဲရှိနေသည်။


သူက ဇာတ်ညွှန်းမှာ ရေးထားသည်ထက်ပင် ပို၍ ကွက်ကွက်ကွင်းကွင်း ဖြစ်နေသည်။ သူ့အမူအရာက ဝမ်ကျစ်မင်၏ မျက်လုံးတွေကို စိုက်ကြည့်ပြီး 'ခင်ဗျားဘာလို့ ဒီလောက် ကလေးဆန်ရတာလဲ' ဟု တိုက်ရိုက်ပြောနေသကဲ့သို့ပင်။


ဖူရှီ၏ အရွယ်နှင့်မလိုက်အောင် ရင့်ကျက်မှု၊ မာနကြီးမှုနှင့် တည်ငြိမ်မှုတို့၏ တိကျပြီး သဘာဝကျသော ဖော်ပြချက်ဟု ခေါ်နိုင်သည်။


သူက ယခုလိုဖြစ်နေပေမဲ့ လင်းလော့ချင်းက စိတ်ပူပြီး သူ့ကို ကြိုတင်ကာကွယ်ဆေးထိုးလာထားသေးသည်။ လုံးဝမလိုအပ်ပါချေ။


သတိပေးချင်သည်ဆိုလျှင် ကျွန်တော်တို့မိသားစုကဖေးဖေးရဲ့ သရုပ်ဆောင်စွမ်းရည်က အရမ်း ကောင်းလို့ ဒါရိုက်တာကြီး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်တယ်နော်၊အချိန်ကျတဲ့အခါ လန့်မသွားနဲ့ဟု ပြောသင့်သည်။


ဒါရိုက်တာလီ အနည်းငယ်တော့ ချဉ်သွားသည်။ သရုပ်ဆောင်တွေကြားထဲမှာ ဒီလောက်ကောင်းတဲ့ ပျိုးပင်ပေါက်တွေကို ဘယ်ဒါရိုက်တာက မကြိုက်လို့လဲ...


လင်းဖေးက သူတို့ထဲတွင် အကောင်းဆုံးဖြစ်၏။


ဖူရှီဇာတ်ရုပ်ကို အစစ်အမှန် သူ့ပုံစံအတိုင်း သရုပ်ဆောင်ထားသည်ဆိုလျှင်ပင် နေရာယူမှု၊ ကင်မရာအာရုံခံစားမှုနှင့် ကင်မရာကို မျက်နှာမူပုံက ယနေ့နေ့ခင်းမှ သူသင်ယူခဲ့သည့် အရာဖြစ်၏။


ဒါရိုက်တာလီက တစ်ခါ နှစ်ခါလောက် သင်ပေးပြီးနောက် သူက နားလည်ပြီဟုဆိုသည်။ထိုစဥ်တုန်းက ဒါရိုက်တာလီ ၎င်းကို သိပ်အလေးအနက်မထားခဲ့ပေ။ အလေ့အကျင့်သည် အသိပညာကို အစစ်အမှန်ဖြစ်စေ၍ လက်တွေ့မပါပဲ 'နားလည်ခြင်း' မှန်သမျှကို စစ်မှန်သော နားလည်မှုဟု မယူဆနိုင်ပေ။


အဆုံးတွင် လင်းဖေးက တကယ်နားလည်ခြင်းဖြစ်နေသည်။ သူက ကင်မရာဖြစ်စဥ်တစ်ခုလုံးကိုဖမ်းယူနိုင်သည့်နေရာကို မှန်မှန်ကန်ကန်လျှောက်သွားပြီး အချိန်တိုင်းမှာ သူသွားသင့်သည့်နေရာကို သွားခဲ့သည်။တစ်ကြိမ်တစ်ခါမျှ မမှားမလုပ်ခဲ့ဘဲ အရေးကြီးဆုံးအချက်မှာ အလွန်ပင် သဘာဝကျသည်။ ချုပ်တည်းထားမှု သို့မဟုတ် ချဲ့ကားမှု အနည်းငယ်မျှ မရှိခဲ့ပါချေ။သူ့အိမ်မှာ တကယ်ရှိနေသကဲ့သို့ပင်။


ဤကဲ့သို့သောကင်မရာကိုခံစားတတ်မှုမျိုးက တကယ်ကို ရှားပါး၏။သီးသန့်လေ့ကျင့်နေစဉ်တွင် လူများစွာသည် ကျွမ်းကျင်ပြီး သဘာဝကျကြသော်လည်း ကင်မရာကိုဖွင့်လိုက်သောအခါတွင်မူ စိတ်လှုပ်ရှားလာတတ်ကြသည်။လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်ကြသလို ကင်မရားကိုလည်းမဖမ်းနိုင်ပေ။


သို့သော်လည်း လင်းဖေးတွင် ထိုကဲ့သို့သော ပြဿနာ လုံးဝမရှိခဲ့ပေ။


နေရာယူတတ်ခြင်းက သူ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် မှတ်ဉာဏ်ကောင်းမှုကြောင့်ဟုမှတ်ယူနိုင်လျှင် သူ၏ကင်မရာကိုအာရုံခံစားနိူင်မှုက ဤနယ်ပယ်တွင် မွေးရာပါ ပင်ကိုယ်စွမ်းရည်ဟုပဲ ခေါ်နိုင်၏။


လင်းဖေးသာ သူ့တူလေး ဖြစ်ခဲ့မည်ဆိုလျှင် နောင်တစ်ချိန်မှာ ရုပ်ရှင်မင်းသားဖြစ်လာအောင် သူ သေချာပေါက် လေ့ကျင့်ပေးမှာဖြစ်၏။


လင်းလော့ချင်းက ယခုအချိန်တွင် ဒါရိုက်တာလီ ဘာတွေတွေးနေမှန်းမသိပေ။သူက လင်းဖေး၏ သရုပ်ဆောင်ကောင်းမှုကို ချီးကျူးရန် အလုပ်များနေဆဲဖြစ်သည်။


ချီးမွမ်းပြီးရင်း ချီးမွမ်းနေရင်းမှ သူတစ်စုံတစ်ခုကိုမှတ်မိသွားပြီး လင်းဖေးကိုမေးလိုက်သည်။

"စကားမစပ် 'ကဒ်'လို့ ပထမဆုံးအကြိမ် အော်တုန်းက ရှုရှုဝမ်ကို ဘာပြောလိုက်တာလဲ...သားတို့နှစ်ယောက် ခဏလောက် စကားပြောနေကြတယ်မလား"


လင်းထေးက အေးဆေးတည်ငြိမ်စွာပြောသည်။

"ဘာမှမဟုတ်ပါဘူး...သူ့ကို စိတ်မလှုပ်ရှားဖို့ ပြောခဲ့တာ"


လင်းလော့ချင်း: '??? ဟမ်'


လင်းဖေး၏ လေသံက ပေါ့ပေါ့ပါးပါးဖြစ်သည်။ 

"သူက ရှုရှုနဲ့ ဆက်ဆံရေးကောင်းတယ်လို့ ပြောတယ်...အဲဒါကြောင့် သားက သူ့ကို ကူညီနိုင်ပါတယ်၊သူ စိတ်ပူစရာ မလိုဘူးလို့ပြောခဲ့တာ"


လင်းလော့ချင်း 'အာ...ဖေးဖေး သားကို ဘယ်လိုပြောရပါ့... သားရဲ့ရှုရှုဝမ်က ရုပ်ရှင်ဘုရင်လေကွယ်... ရုပ်ရှင်ဘုရင်ဆိုတာ ဘာလဲ သိလား'


လင်းလော့ချင်း ရယ်ရမလား ငိုရမလား မသိဖြစ်နေသည်။

"အဲတော့ သူကဘာပြောလဲ"


"သူက ကျေးဇူးတင်တယ်လို့ပြောတယ်" 

လင်းဖေးက ပြန်ဖြေသည်။

"သားက ရပါတယ်လို့ပြောလိုက်တယ်...ဘယ်လိုပဲဖြစ်ဖြစ် သူက ရှုရှုနဲ့ ဆက်ဆံရေးကောင်းတယ်လေ"


လင်းလော့ချင်း: "……"


လင်းလော့ချင်း မထိန်းနိုင်ဘဲ ခေါင်းငုံ့ကာ ရယ်လိုက်မိ၏။ 


လင်းဖေး အံ့ဩသွားသည်။ 

"ဘာလို့ရယ်နေတာလဲ"


"ဘာမှမဟုတ်ပါဘူး"

လင်းလော့ချင်း၏ မျက်လုံးများက ရယ်ရွှင်မှု အပြည့်ရှိနေပြီး သူ့အသံက သကြားတို့နှင့် ပြည့်နေသကဲ့သို့ ဖြစ်နေသည်။ 

"ဖေးဖေးက ချစ်စရာလေးလို့ ထင်မိလို့ပါ...သားက အရမ်းချစ်စရာကောင်းတယ်၊ ကြင်နာတယ်၊ ကူညီတတ်တယ်"


သူစကားပြောရင်း မနေနိုင်ဘဲ လင်းဖေး၏မျက်နှာလေးကိုကိုင်ကာ ပွတ်သပ်လိုက်သည်။


လင်းဖေး: "……"


လင်းဖေး ရှက်သွားပြီး ခြေတစ်လှမ်းဆုတ်လိုက်သည်။ လူတွေအများကြီးရှိနေတယ်...


လင်းလော့ချင်း သူ့မျက်နှာနီရဲနေသည်ကိုမြင်သောအခါ သူ့ဖေးဖေးက အလွန်ကို ရယ်ရပြီး ချစ်စရာကောင်းသည်ဟု ခံစားရ၏။


ဝမ်ကျစ်မင်လည်း ထိုအချိန်မှာ ရောက်လာသည်။ သူရောက်လာသည်နှင့် လင်းဖေး၏နီရဲနေသောမျက်နှာကို မြင်လိုက်ရပြီး လင်းလော့ချင်း ပွတ်လိုက်၍ဖြစ်မည်မှန်း တန်းသိလိုက်သည်။


အလိုလေး သူလည်း ပွတ်ချင်တယ်လေ...


သူ့လက်ကို မရဲတရဲ လှမ်းလိုက်သည်။ လင်းဖေးက ချက်ချင်းပင် ခေါင်းလှည့်သွားသဖြင့် ဝမ်ကျစ်မင် သူ့လက်ကို ပြန်ဆုတ်လိုက်ရသည်။ ဟုတ်ပါတယ်လေ... ရုပ်ရှင်အပြင်ဘက်မှာ သူ့ဦးလေးပဲ ပွတ်လို့ရတယ်...ဒါပေမဲ့ ရုပ်ရှင်ထဲမှာဆိုရင်တော့ တစ်မျိုးတစ်ဘာသာဖြစ်သွားပြီ...


"လင်းလော့ချင်း မင်း မရိုးသားဘူး" 

ဝမ်ကျစ်မင်က လင်းလော့ချင်းကို လှည့်ကြည့်ကာဆိုလိုက်သည်။


လင်းလော့ချင်းက ဘာအပြစ်မှလုပ်မထားဟန်ဖြင့်မေးလာသည်။

"ဘာကိုဆိုလိုတာလဲ ဝမ်ကော"


"မင်းအရင်က ဘာပြောခဲ့လဲ...မင်းရဲ့တူလေးက အရင်က သရုပ်မဆောင်ဖူးဘူးလို့ ပြောပြီး သူ့ကို ဂရုစိုက်ပေးဖို့ ငါ့ကို တောင်းဆိုတယ်...မင်းက မကြာမကြာ သူနဲ့ အိမ်မှာ တိတ်တိတ်လေး သရုပ်ဆောင်ပြီး ကျောင်းရဲ့ ကလေးများနေ့ဖျော်ဖြေပွဲမှာ(ဇွန်လ၁ရက်နေ့) သူ့ကိုလိုက်အဖော်ပြုပေးထားတာလား"


လင်းလော့ချင်းက ခေါင်းခါလိုက်သည်။ 

"ဝမ်ကော ကျွန်တော့ကိုမှားစွပ်စွဲနေပြီဗျ... ဇွန်လ ၁ ရက်နေ့က ကျွန်တော် အဖွဲ့သားတွေနဲ့ အတူ ရိုက်ကူးနေခဲ့မှန်း အသိသာကြီးကို သူနဲ့ အိမ်မှာ တိတ်တိတ်လေးသရုပ်ဆောင်ဖို့ ဘယ်လိုလုပ် အချိန်ရမှာလဲ"


"ဒါဆို ဒါက တကယ်သူရဲ့ပထမဆုံးရိုက်ကူးရေးလား" 

ဝမ်ကျစ်မင် အံ့သြသွားသည်။

"သူသရုပ်ဆောင်တဲ့ပုံစံက သူ့ရဲ့ပထမဆုံးအကြိမ်နဲ့တူလို့လား"


လင်းလော့ချင်း:'... သူကတကယ် အဆင်ပြေတဲ့ပုံပေါ်ပေမဲ့ ဒါက သူ့အတွက် တကယ် ပထမဆုံး အကြိမ်ပါ ကော'


"ဒါက တကယ်ကို ပထမဆုံးအကြိမ်ပါ"

လင်းလော့ချင်း ရိုးရိုးသားသားပြောလိုက်သည်။ 

"အရင်က ကင်မရာတောင် မမြင်ဖူးဘူး"


ဝမ်ကျစ်မင်:"!!!"


ဝမ်ကျစ်မင် လင်းဖေးကို ထိတ်လန့်တကြား လှည့်ကြည့်လိုက်သည်။ လင်းဖေး၏မျက်နှာက ဆောင်းရာသီရှိ ရေကန်မျက်နှာပြင်ကဲ့သို့ တည်ငြိမ်၍နေသည်။


ဝမ်ကျစ်မင်:'...ဒါက ဒဏ္ဍာရီလာ ပါရမီရှင်သရုပ်ဆောင်လား...ဉာဏ်ကြီးရှင် သရုပ်ဆောင်လား'


မင်းတူလေး ဆုရဖို့ဇကာတင်စာရင်ဝင်မှာကို မနှောင့်နှေးစေနဲ့ဟေ့... ဒီနေ့ သူ့အတွက် သင့်တော်တဲ့ ဇာတ်ညွှန်းကို ရွေးချယ်လိုက်ရင် မနက်ဖြန်မှာ အသက်အငယ်ဆုံး အကောင်းဆုံး သရုပ်ဆောင်ဆုရှင် ဖြစ်လာလိမ်မယ်...


ကျောင်းသွားခိုင်းတာထက် ဒါက သူနဲ့ ပိုမသင့်တော်ဘူးလား...


"မင်းရဲ့တူကို ဦးလေးရဲ့လုပ်ငန်းကို အမွေဆက်ခံခိုင်းဖို့ စဉ်းစားဖူးလား"

ဝမ်ကျစ်မင်က အလေးအနက် အကြံပြုခဲ့သည်။ 

"သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်၊ အရည်အချင်း၊ မျက်နှာနဲ့ သူ့ဦးလေးဖြစ်တဲ့ မင်းရဲ့အဆင့်အတန်းနဲ့ဆိုရင် သူက တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ရလိမ့်မယ်"


လင်းလော့ချင်းက ပြုံးလိုက်သည်။ 

"နေပါစေ...ဖေးဖေးက စာအုပ်ဖတ်ရတာကို နှစ်သက်တာမလို့ တခြားကလေးတွေလိုပဲ ကျောင်းတက်တာက အဆင်ပြေတယ်...သူက နွေရာသီ အားလပ်ရက်မှာ ကျွန်တော့်ကို လာတွေ့တာကို ဖြစ်ချင်တော့ လက်ထောက် ဒါရိုက်တာက တွေ့သွားတာ...အဲဒါနဲ့ နွေရာသီအားလပ်ရက်အတွက် ယာယီအလုပ်တစ်ခု ရခဲ့တာ... ဒီနွေရာသီ အားလပ်ရက် ပြီးတာနဲ့ ကျောင်းပြန်တက်ရဦးမှာ"


ဝမ်ကျစ်မင်: 'ဟုတ်သားပဲ... သူက ဒီနှစ်အတွက် ပထမဖြစ်နေသေးတယ်လေ... အဲလိုဆိုတော့ သူ စာသင်တာကို တကယ်လက်လျော့လို့မဖြစ်ဘူး'


သို့သော်၊ ကလေးတစ်ယောက်က အစပိုင်းတွင် ဤမျှ ချောချောမွေ့မွေ့ သဘာဝကျကျ သရုပ်ဆောင်နိုင်ခြင်းမှာ အမှန်တကယ်ပင် ရှားပါးလှသည်။ သူ၏လိုင်းအပြောစွမ်းရည်ကပင် ကောင်း၏။ ဤသည်က လင်းမိသားစု၏ အနုပညာစွမ်းရည်လည်း ဖြစ်နိုင်သည်။


လင်းလော့ချင်းကို စကားအနည်းငယ်ပြောပြီးနောက် ဒါရိုက်တာလီကိုလှည့်ကြည့်ကာ သူ၏နောက်ထပ်အစီအစဉ်ကို စောင့်မျှော်နေလိုက်သည်။


ဒါရိုက်တာလီက လင်းဖေး နှင့် ဝမ်ကျစ်မင်၏အပြိုင်ဇာတ်ကွက်အတွက် အချိန်အလုံအလောက်ချန်ထားခဲ့သည်။အကြောင်းမှာ လင်းဖေး ကောင်းကောင်း သရုပ်မဆောင်တတ်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ ယခုမူ လင်းဖေး နှင့် ဝမ်ကျစ်မင်က လုံးဝ အပြီးဖြတ်သွားပြီး အချိန်က ယခုမှ နေ့ခင်းရောက်ခါစဖြစ်သည်။သူ သူတို့ကို ဒီအတိုင်း အလုပ်ဆင်းခိုင်းလို့မဖြစ်ဘူးမဟုတ်လား...


ဒါရိုက်တာလီ ၎င်းကို စဉ်းစားလိုက်သည်။မည်သို့ပင်ဆိုစေ လင်းဖေးက ဖူရှီ၏လိုင်းများအားလုံးကို အလွတ်ကျက်ထားပြီးပြီဖြစ်သည်။ထိုသို့ဖြစ်ရာ နောက်ဇာတ်ဝင်ခန်းတချို့ကို စစ်ကူခေါ်ပြီး သူ့ကို အခြားဇာတ်ဝင်ခန်းများကို ဆက်လက်ရိုက်ကူးခိုင်းလိုက်မည်။


သူ ဝမ်ကျစ်မင် နှင့် လင်းဖေးတို့နှင့် စကားပြောခဲ့သည်။ သူတို့ နှစ်ယောက်လုံးမှာ ကန့်ကွက်စရာမရှိသဖြင့် ထိုအတိုင်းဆုံးဖြတ်လိုက်သည်။


လင်းဖေးက လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် အလွန်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ သူက ဆူညံခြင်း သို့မဟုတ် ဒုက္ခပေးခြင်းမျိုးမရှိခဲ့ပေ။သူက ဇာတ်ဝင်ခန်းတိုင်းကို အလေးအနက်ထားပြီး သရုပ်ဆောင်လေသည်။


ဒါရိုက်တာလီ ကြည့်လေကြည့်လေ သူ့ကို ပိုပိုပြီး သဘောကျလေလေဖြစ်၏။ ကလေးတိုင်း ဒီလိုရိုက်နိုင်ရင် ကောင်းမှာပဲကွာ...


လင်းလော့ချင်း သူ့ရိုက်ကူးသည်ကို နေ့ခင်းတစ်ပိုင်းလုံး ကြည့်ခဲ့ပြီး သူ့အတံက် စိတ်မကောင်းဖြစ်ခဲ့ရသည်။ လက်ထောက်ကို သစ်သီးလက်ဖက်ရည်နှင့် အချိုပွဲများဝယ်ခိုင်းပြီး လင်းဖေးအား ပေးရန်အတွက် စောင့်ဆိုင်းနေလေသည်။


လင်းလော့ချင်းက ဘယ်တုန်းကမှ တွန့်တိုတတ်သူမဟုတ်သောကြောင့် လက်ထောက်ကို တစ်ခါတည်းပိုဝယ်ခိုင်းပြီး အဖွဲ့သားအားလုံးကို နို့လက်ဖက်ရည်(Milk tea)နှင့် ဒကာခံခဲ့သည်။


ကျိလဲ့ယွီက သူ၏သစ်သီးလက်ဖက်ရည်ကို ကိုင်ကာ လင်းဖေးနှင့်ဝမ်ကျစ်မင်  

တို့သရုပ်ဆောင်သည်ကို ကြည့်ရင်း သောက်နေ၏။


သူ တစ်နေ့ခင်းလုံး ကြည့်နေခဲ့ပြီးနောက် လင်းဖေးက လင်ဖေးအဖြစ် သရုပ်ဆောင်နေသည်မှန်း ပိုပိုသေချာလာသည်။ထိုသို့ဖြစ်နေသည့်အခါ သူကလည်း သူအဖြစ်နှင့် သရုပ်ဆောင်ရန်ပဲလိုတော့သည်။


"ရှုရှု"

သူက လင်းလော့ချင်းကိုမေးလိုက်သည်။

"ရှုရှုဘယ်အချိန်မှ သရုပ်ဆောင်မှာလဲ"


သူက မျက်လုံးလှလှလေးများများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာဖြင့်မေးသည်။ 

"သား ရှုရှုနဲ့ ဘယ်တော့မှ အတူတူသရုပ်ဆောင်ရမှာလဲ"


လင်းလော့ချင်း:"……"


လင်းလော့ချင်းက လင်းဖေး နှင့် ဝမ်ကျစ်မင် ရိုက်ကူးပြီးစီးသည်အထိ စောင့်ခဲ့သည်။ သူက သစ်သီးလက်ဖက်ရည်ကို လင်းဖေးလက်ထဲ ထည့်ပေးကာ နို့လက်ဖက်ရည်တစ်ခွက်ကို ဝမ်ကျစ်မင်အား ပေး၍ ကျိလဲ့ယွီအကြောင်းမေးရန် ဒါရိုက်တာလီ၏ ဘေးတွင် တိတ်တိတ်လေး ဝင်ထိုင်လိုက်သည်။


ဒါရိုက်တာလီက ဤကိစ္စကို လေးလေးနက်နက် စဉ်းစားထားပြီးသားဖြစ်၏။


"ငါ သူ့ကို နောက်ခံဇာတ်ရုပ်နေရာမှာ သရုပ်မဆောင်ခိုင်းဘူး"

သူက ဆိုသည်။ 

"ငါ့မှာအကြံတစ်ခုရှိတယ်...ဒီည ပြန်သွားပြီး ဇာတ်ညွှန်းဆရာနဲ့ စကားပြောမယ်...ပြဿနာမရှိရင် ပြောင်းပြီး ကလေးသရုပ်ဆောင်တစ်ယောက်ရဲ့ သရုပ်ဆောင်ခနဲ့အတူတူ ပေးမယ်"


လင်းလော့ချင်း အံ့သြသွားသည်။ "တကယ်လား"


"ဟုတ်တယ်...သူက ဒီလောက်ကြည့်ကောင်းတာ... နောက်ခံဇာတ်ရုပ်ပဲဖြစ်ရင်နှမြောစရာကောင်းတယ်... သူ့ကို ကင်မရာရှေ့မှာ ရပ်ခိုင်းတာက ပိုကောင်းတယ်...အချိန်ကျရင် နောက်ထပ် ဆွေးနွေးရမဲ့ အချက်တစ်ခု ရှိကောင်းရှိနိုင်တယ်"


"ကျေးဇူးအရမ်းတင်ပါတယ်ဒါရိုက်တာကြီး"


ဒါရိုက်တာလီက ပြုံးလိုက်သည်။ 

"အဲဒါ သူက ကြည့်ကောင်းလို့ပါကွာ... သူသာကြည့်မကောင်းရင် သူ့မျက်နှာကို အလဟသပြဖို့ ငါဘယ်လိုလုပ် အခွင့်အရေးပေးပါ့မလဲ


သူပြောရင်း လင်းလော့ချင်းကို မနာလိုဖြစ်နေမိသည်။

"မင်းရဲ့တူနှစ်ယောက်က တကယ်ကို တော်ကြတယ်...ငါ ဒီအရွယ် ကလေးသရုပ်ဆောင်အများကြီးနဲ့ ရိုက်ကူးခဲ့ဖူးပေမယ့် သူတို့နှစ်ယောကိက နာခံမှုအရှိဆုံးနဲ့ နားအအေးဆုံးပဲ... အထူးသဖြင့် ဖေးဖေးပဲ...သရုပ်ဆောင်တာအရမ်းကောင်းတယ်...သူသရုပ်ဆောင်တာက လုံးဝကိုကွက်တိပဲ...မင်းကများငါ့ကို သူ့ကို မဆူမငေါက်ဖို့ကြိုပြောရသေးတယ်... သူက အရင်က သရုပ်မဆောင်ဖူးဘူးတော့ အရမ်းစိုးရိမ်နေတာပါနဲ့ဘာနဲ့... ဒါက ကြောင်သူတော်ဆန်လွန်းတယ်မဟုတ်ဘူးလား...ဒီလိုအချိန်မှာ မင်းက နှိမ့်ချနေသေးတယ်ပေါ့"


လင်းလော့ချင်းက ပြုံးလိုက်သည်။ "ဘာကြောင့်လဲဆိုတော့ သူက အရင်က တစ်ခါမှ သရုပ်မဆောင်ဖူးတော့ ဒါရိုက်တာကြီး သူ့ကို ဆူမှာ ကြောက်လို့ပါ"


"ငါက အဲဒီလိုဇီဇာကြောင်တဲ့လူလား"


"ဘယ်ဟုတ်မလဲ"


"အေးလေ"


ဒါရိုက်တာလီက လင်းဖေးကို လှည့်ကြည့်လိုက်သည်။

"ဒါပေမဲ့ သူက တကယ်ကို ဖူရှီနဲ့တူတယ်"


ထို့နောက် ခေါင်းပြန်လှည့်ကာ လင်းလော့ချင်းအား ရည်ရွယ်ချက်ရှိရှိ လှောင်ပြောင်သည်။ 

"မင်းထက် ပိုတူတယ်"


လင်းလော့ချင်း:'...ကောင်းပြီ၊ ဒါက ခင်ဗျားနှလုံးသားထဲမှာ တကယ့်လရောင်ဖြူလေးဖြစ်မှန်းကျွန်တော်မြင်နေရပါတယ်...ကျွန်တော်က သူနဲ့ ခပ်ဆင်ဆင်တူတဲ့ အစားထိုးခံလေးတစ်ယောက်သာသာပါပဲ'


"ဒါဆို ခင်ဗျားလရောင်ဖြူလေးဆီမှာ အချစ်စစ်အချစ်မှန်ကိုရှာတွေ့သွားလို့ ဂုဏ်ယူပါတယ်ဗျာ"


ဒါရိုက်တာလီက ရယ်သည်။ 

"မင်းက အစားထိုးခံကျနေ"


"မဟုတ်လို့လား...ကျွန်တော်ကို့ကျ 'မင်းက သူနဲ့မတူဘူး' လို့ အမြဲပြောတတ်တယ်...ဖေးဖေးကို ခင်ဗျားအဲ့

လို မပြောဘူးမလား"


ဒါရိုက်တာလီက ပို၍ပင် သဘောတကျရယ်လေသည်။

"မှန်တယ်"


သူက လင်းလော့ချင်း၏ ပခုံးကို ပုတ်လိုက်သည်။ 

"စိတ်မပူပါနဲ့...ငါမှာ မင်းအတွက် ခံစားချက်တွေ အများကြီး ရှိနေပါသေးတယ်"


လင်းလော့ချင်း: "…ဟုတ်ကဲ့ ကျေးဇူးပါ"