အပိုင်း ၂၇၀
Viewers 87k

Chapter 270




ညနေစောင်း ဟိုတယ်သို့ ပြန်ရောက်သည်နှင့် ကလေးနှစ်ယောက် လင်းဖေး၏ လိုင်းများကို သွားဖတ်နေချိန်မှာ သူ အသံကိုလျှော့ကာ လင်းလော့ချင်းကို မေးလိုက်သည်။

"ရှောင်ယွီမှာ သရုပ်ဆောင်ခတကယ်ရှိတာလား" 


"ဘာလို့လဲ...မင်းမယုံဘူးလား"


"ဒါဆို ငါ သေချာပေါက် မယုံဘူး" 

ကျိယွီရှောင်က ယုတ္တိကျကျပြော သည်။


"မင်းရဲ့ရုပ်ရှင်မှာ ရင်းနှီးမြှုပ်နှံသူက ရှင်းရီလည်းမဟုတ်ဘူး ငါလည်းမဟုတ်ဘူး...ထုတ်လုပ်သူမှာလည်း မင်းအတွက် ဖုံးကွယ်ထားတဲ့အကြံအစည်မရှိဘူးဆိုတော့ သူဘာတွေ စီစဉ်နေတာလဲ...နေ့တိုင်း ကုသိုလ်ကောင်းမှုတစ်ခု လုပ်နေတာလား"


လင်းလော့ချင်း ပြုံးလိုက်သည်။

"ဟုတ်တယ်...သူတကယ်ကို မရဘူး"


"ငါပြောသားပဲ" 

ကျိယွီရှောင် ၎င်းက ပုံမှန်ပါပဲဟု ခံစားရသည်။ 

"သူ မပျော်မှာစိုးလို့ သူ့အတွက် ပေးဖို့ ကိုယ့်ပိုက်ဆံကိုယ်သုံးနေတာလား"


လင်းလော့ချင်းက ခေါင်းညိတ်လိုက်သည်။ 


"သူ့အတွက် ငါတမင်ကြီးဖန်တီးစရာမလိုပါဘူး...ဖေးဖေးရဲ့ စာချုပ်မှာ ငါ့ကတ်နံပါတ်ကို ဖြည့်ထားတယ်... အချိန်တန်ရင် ရှောင်ယွီကို ငါပြောလိုက်မယ် ...ဖေးဖေးရဲ့ပိုက်ဆံကို ငါ့ဆီ လွှဲပြီး သူ့ပိုက်ဆံကို မင်းဆီ လွှဲလိုက်တယ်ဆိုပြီး...ပြီးရင် ကလေးနှစ်ယောက်ကို မုန့်ဖိုးပေးပြီး ကစားစရာလေးတွေ ဝယ်ပေးလို့ရတယ်လေ... အဆင်မပြေဘူးလား"


"ဒါဆို စကားပြောရတာမကြိုက်တဲ့ ဇာတ်ကောင်ကို မင်းဖန်တီးခဲ့တာ မဟုတ်လား...တကယ်တော့ သူက လိုင်းမပါတဲ့ နောက်ခံလူ သေးသေးလေးပဲ ဟုတ်တယ်ဟုတ်"


"ဘာလို့အဲ့လိုပြောတာလဲ"  

လင်းလော့ချင်းက အမှန်ပြင်ပေးသည်။ 

"ငါတို့ ဒါရိုက်တာလီက ရှောင်ယွီက ရုပ်ထွက်ကောင်းပြီး သူထွက်လာတဲ့အခါ ဖန်သားပြင်ကို အလှဆင်နိုင်တယ်လို့ ပြောခဲ့တယ်... ဒါကြောင့် နောက်ခံလူ မဟုတ်ဘူး...အသိသာကြီးကို သူ ကိတ်မုန့်ပေါ်က သကာလေးဟာကို"


ကျိယွီရှောင်က ပြုံးပြီး လင်းလော့ချင်းကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ဤလူက တကယ့်ကို နူးညံ့သိမ်မွေ့ပြီး အပြောကောင်းသည်ဟု သူ ခံစားရသည်။


သူ့အနားရောက်သွားသည့် အရာအားလုံးက ပိုကောင်းလာသလိုပင်။


သူက လင်းလော့ချင်းကိုကြည့်ကာ နဖူးချင်း ဖိကပ်လိုက်ပြီး သူ့မျက်လုံးများတွင် အချစ်များပြည့်နေသည်။ထို့နောက် သူက လင်းလော့ချင်းကို ဖြည်းညှင်းစွာ နမ်းလိုက်လေသည်။


သူနှင့်တွေ့ခွင့်ရခဲ့သည်က အလွန်ကောင်းပါ၏။


*****


လင်းဖေးက ဖူရှီငယ်လေး၏လိုင်းများကို အမြန်ကျက်ခဲ့ပြီး နောက်နေ့မနက်တွင် မိသားစုထမင်းစားသောအခါ လင်းလော့ချင်းအား ရွတ်ပြသည်။


လင်းလော့ချင်း အံ့သြသွားသည်။ 

"မြန်လိုက်တာ"


"လိုင်းအများကြီးမရှိဘူး"

လင်းဖေးကဆိုသည်။

"အလွတ်ကျက်ရတာ အရမ်းလွယ်တယ်"


လင်းလော့ချင်း သူ့ကို ကြည့်နေသည်။ဤသဘောထားက အပြုသဘောဆောင်သည်ဟု သူ့စိတ်ထဲတွင် တွေးနေမိသည်။ လင်းဖေးက တကယ်ပဲ သရုပ်ဆောင်ချင်ပုံရ၏။


"ကောင်းပြီ...ပါးပါးဒီနေ့နေ့ခင်းမှာ ရိုက်ကူးရေးသွားတဲ့အခါ ဒါရိုက်တာကို သားအဖွဲ့ထဲ ကြိုပြီးဝင်နိုင်မလားဆိုတာ ပြောကြည့်မယ်"


လင်းဖေးက ခေါင်းညိတ်လိုက်ပြီး မနက်စာ ဆက်စားသည်။


စားသောက်ပြီးနောက် လင်းလော့ချင်း လင်းဖေး၏ သရုပ်ဆောင်စွမ်းရည်ကို ကြိုတင်စစ်ဆေးရန် ကြံစည်နေသည်။ ဤနည်းဖြင့် လင်းဖေးက ပြင်ဆင်မှုတစ်စုံတစ်ရာမရှိဘဲ ဝမ်ကျစ်မင်နှင့် ဆန့်ကျင်ဘက်သရုပ်ဆောင်မိသည်မျိုး ဖြစ်မည်မဟုတ်ပေ။


"အခု ပါးပါးက သားရဲ့*ကျို့ကျို့ပဲ... တစ်နည်းပြောရရင်လုမင်... သားက ဖူရှီ... ဇာတ်ညွှန်းထဲက လိုင်းတွေကို စမ်းကြည့်ရအောင်...အဆင်ပြေလား"

(T/N–အမေဘက်ကဦးလေး)


"ကောင်းပြီ" 

လင်းဖေး ကန့်ကွက်ခြင်းမရှိခဲ့ပေ။


လင်းလော့ချင်းက ကျိယွီရှောင်ကို လှည့်ကြည့်လိုက်သည်။ 

"ဖေးဖေးသရုပ်ဆောင်တာကို မှတ်တမ်းတင်ပေးပါဦး"


"ကောင်းပြီ"


"သားကရော"

ကျိလဲ့ယွီက စိတ်ဝင်တစား မေးသည်။ "အခုအချိန်မှာ သားကဘာလုပ်ရမှာလဲ"


လင်းလော့ချင်း: 'ဒီဟာက... ဒါရိုက်တာ လီက ကျိလဲ့ယွီလို နောက်ခံဇာတ်ရုပ်လေးကို ဘယ်လိုစီစဉ်မယ်ဆိုတာ ငါတကယ်မသိဘူး'


"သားရဲ့ဇာတ်ကွက်က ပိုအရေးကြီးလို့ ဒါရိုက်တာက သားကို ကိုယ်တိုင်ပြောပြလိမ့်မယ်...ပါးပါး မသိဘူးရယ်"

လင်းလော့ချင်းက စကားပြောကောင်းသည်။ 

"အခုဆိုဖာပေါ်မှာ နာခံမှုရှိရှိထိုင်ပြီး သားကိုကိုနဲ့လာကစားဖို့ ရောက်နေသလိုဟန်ဆောင်လို့ရတယ်"


"ကောင်းတယ်"

ကျိလဲ့ယွီက ပြောပြီးသည်နှင့် ချက်ချင်းပင် မတ်မတ်ထိုင်ကာ စကားရပ်လိုက်သည်။


သူက သူ့အမူအရာကိုပင် ပြောင်းလဲလိုက်ကာ အနည်းငယ်လျစ်လျူရှုဟန်ဖြစ်ပြီး အေးစက်လာသည်။လင်ဖေး၏ပုံမှန်အမူအရာအတိုင်းပါပင်။ဤသည်က သူနားလည်သည့်အတိုင်းဖြစ်သည်။ဤတစ်ခါ သူသရုပ်ဆောင်သည့် ဇာတ်ရုပ်က လင်းဖေးနှင့် အတူတူဖြစ်သည်။


လင်းလော့ချင်း သူ၏ လေးလေးနက်နက်ဖြစ်နေသောပုံစံကို မြင်ပြီး ပြုံးလိုက်သည်။ ကလေးတွေကို ချော့ရသည်ကလွယ်သည်ဟု သူ့စိတ်ထဲမှာ တွေးမိ၏။


သူက ခြေလှမ်းအနည်းငယ်အကွာသို့ ရွှေ့လိုက်ပြီး လင်းဖေးအား အခြားတစ်ဖက်မှ လာခိုင်းလိုက်လေသည်။ ထို့နောက် လင်းဖေးနှင့် စတင်သရုပ်ဆောင်ခဲ့သည်။


လင်းဖေးက သူထိုးထည့်ပေးထားသည့် ခေါင်းအုံးကို ပိုက်ထားသည်။ သူက ၎င်းကို ခုနက ရုတ်လာသည့် အဝတ်အစားတွေဟု ဟန်ဆောင်ပြီး လမ်းလျှောက်လာသည်။ထိုအချိန်မှာ လင်းလော့ချင်းက သူ့ကို တားလိုက်သည်။


သူက ထိုလူကို လျစ်လျူရှုပြီး သူ့အခန်းကို ပြန်သွားရန် ထိုသူ့ကို ရှောင်သွားချင်ခဲ့သည်။ သို့သော် သူဘယ်ဘက်သို့သွားသောအခါ လင်းလော့ချင်းကလည်း ဘယ်ဘက်သို့သွားခဲ့သည်။ သူ ညာဘက်ကို သွားသောအခါ လင်းလော့ချင်းကလည်း ညာဘက်ကို သွားသည်။


လင်းဖေးက သူ့ကို စကားမပြောဘဲ ကြည့်နေသည်။လင်းလော့ချင်းက ပြုံးလိုက်သည်။ 

"လုပ်ပါ ရှီရှီ ထိုင်ပါဦး...ကျို့ကျို့ သားကို ပြောစရာရှိတယ်"


သူက ပြောပြောဆိုဆိုဖြင့် လင်းဖေးကို ဆိုဖာပေါ်ဆွဲတင်လိုက်သည်။ လင်းဖေးက ခေါင်းငုံ့ကာ ဇာတ်ညွှန်းအတိုင်း အဝတ်ခေါက်သည်။ သို့သော် ခေါင်းအုံးက အဝတ်အစားမဟုတ်သောကြောင့် လေထဲတွင် လှုပ်ရှားရုံသာတတ်နိုင်သည်။


လင်းလော့ချင်းက သူ့အနားကနေ စကားပြောနေသည်။


လင်းဖေး:"မသိဘူး"


"မသေချာဘူး"


"နားမလည်ဘူး"


"မဟုတ်ဘူး"


လင်းလော့ချင်း နောက်ဆုံးမှာလက်မြောက်သွားပြီး သက်ပြင်းချရင်း ဆိုဖာပေါ် မှီလိုက်ခါမှ သူကအေးအေးဆေးဆေး ပြောလာသည်။

"သားဒါကိုသိသလိုပဲ"


လင်းလော့ချင်းက ချက်ချင်းပင် သူ့ကို အံ့အားသင့်စွာ ပွေ့ဖက်လိုက်သည်။ 

"ဒါဆို ငါ့ကိုမြန်မြန်ပြော...ဘာတွေဖြစ်နေတာလဲ"


လင်းဖေးက အဝတ်အစားများကို သူ့ရင်ခွင်ထဲသို့ ထိုးထည့်လိုက်သည်။ "သွားပြီးတော့ သားဗီရိုထဲမှာ ထားလိုက်"


လင်းလော့ချင်းက မတ်တပ်ထရပ်ပြီး လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ လင်းဖေးက အနည်းငယ် ဂုဏ်ယူနေသော အမူအရာကို ပြသည်။လင်းလော့ချင်း သူ့ကို မနှောက်ယှက်တော့သည့်အချိန်ကိုအခွင့်ကောင်းယူပြီး ရေချိုးခန်းထဲ အေးအေးဆေးဆေး သွားကာ ကြမ်းပြင်ကို ကြမ်းတိုက်ရန်ပြင်လိုက်သည်။


ဇာတ်ဝင်ခန်းက အလွန်လျင်မြန်စွာ ပြီးဆုံးသွားခဲ့ပြီး ကျိယွီရှောင်က ကျယ်လောင်စွာ လက်ခုပ်တီးခဲ့သည်။ "ကောင်းပြီ...ဖေးဖေးသရုပ်ဆောင်တာက တကယ်ကောင်းတယ်"


လင်းဖေးက မပြောင်းမလဲ အမူအရာနှင့် ရှိနေဆဲဖြစ်ပြီး လင်းလော့ချင်းကိုလှည့်ကြည့်လိုက်၏။


လင်းလော့ချင်း:"……"


တကယ်ကို ပြဿနာမရှိပုံရသည်။လင်းဖေး နှင့် ဖူရှီ တို့သည် အချို့သောနေရာများတွင်အလွန်တူညီကြသည်။သရုပ် ဆောင်ရန်ပင်မလိုအပ်ပေ။ အငိုခန်းလို ကြီးမားသည့်စိန်ခေါ်မှုကို မကြုံသရွေ့ သူ၏ပုံမှန်အမူအရာနှင့် လှုပ်ရှားမှုတွေအတိုင်းပဲ လိုင်းတွေကို ပြောရန်ပဲလိုလေသည်။


ပြီးလျှင် လင်းဖေးကို နေရာယူပုံနှင့်ကင်မရာကိုအာရုံခံခြင်းတို့ကိုသင်စရာမလိုပုံရသည်။


"အရမ်းကောင်းတယ်"

လင်းလော့ချင်းက ချီးမွမ်းလိုက်သည်။

"ဖေးဖေး သားကဒီဇာတ်ရုပ်အတွက်လုံးဝကိုသင့်လျော်တယ်"


"အိုး"


လင်းလော့ချင်းက သူ၏တည်ငြိမ်သောအမူအရာကိုကျင့်သားရနေပြီဖြစ်ပြီ ကျိလဲ့ယွိဘက်လှည့်ကြည့်လိုက်သည်။


"ရှောင်ယွီ...သားလည်း အရမ်းကိုကောင်းကောင်းသရုပ်ဆောင်ခဲ့တယ်"

လင်းလော့ချင်းက ဆိုသည်။

"ဒါနဲ့ ရှောင်ယွီ သားစိတ်မပျော်ဖြစ်နေတာလား"


ကျိလဲ့ယွီက ခေါင်းခါလေ၏။

"မဟုတ်ပါဘူး"


"ဒါဆို သားမျက်နှာကဘာလို့ တစ်ချိန်လုံး အေးစက်စက်ဖြစ်နေပြီး မပြုံးတာလဲ"


"ကိုကိုက အဲလိုပဲမဟုတ်ဘူးလား"

ကျိလဲ့ယွီက သူ့ကိုကြည့်ကာပြောသည်။

"သားက ကိုကို့နေရာမှာသရုပ်ဆောင်ရမှာမဟုတ်ဘူးလား"


လင်းလော့ချင်း:"???"


လင်းလော့ချင်း ငိုရမလိုရယ်ရမလိုဖြစ်သွား၏။

"သားက သားကိုကိုနဲ့အဲသလောက်ကြီးတူစရာမလိုပါဘူးကွာ"


ကျိလဲ့ယွီက ဖူရှီအဖြစ်သရုပ်ဆောင်နေသောလင်းဖေးရှေ့မှာ လင်းဖေးလိုသရုပ်ဆောင်နေသည်။ယင်းက ရုရှားအသိုက်အရုပ်(matryoshka doll) တစ်ခုကဲ့သို့ပါပင်။

(T/N–အရုပ်တစ်ခုကို ဖွင့်လိုက်ရင် အထဲမှာ ပိုသေးတဲ့အရုပ်တစ်ခုထွက်လာတယ်၊အဲဒါကိုထပ်ဖွင့်လိုက်ရင်လည်း ပိုသေးတဲ့နောက်တစ်ခုထွက်လာတယ်၊အဲလိုတစ်ရုပ်ကိုတစ်ရုပ်ငုံပြီးလုပ်ထားတဲ့အရုပ်ပါ)


လင်းလော့ချင်းက ပြုံးကာသူ့ခေါင်းလေးကိုထိလိုက်သည်။

"သားရဲ့ နဂိုပုံစံအတိုင်းပဲနေပါ...သားသရုပ်ဆောင်ရမဲ့ဇာတ်ရုပ်က စကားပြောရတာပဲမကြိုက်တာ...သားကိုကိုလိုမဟုတ်ဘူး"



"အိုး"

ကျိလဲ့ယွီ နားလည်သွား၏။


သူက ခေါင်းလေးစောင်းကာဆိုသည်။

"ဒါဆို ကိုကိုက ကိုကို့နေရာမှာသရုပ်ဆောင်ပြီး သားကသားနေရာမှာသရုပ်ဆောင်တာပေါ့"


သူခုနက လင်းဖေးနှင့်လင်းလော့ချင်းသရုပ်ဆောင်သည်ကိုကြည့်ထားသည်။လင်းဖေးက နဂိုပုံစံနှင့်ဘာမှမကွာခြားဟု သူခံစားရသည်။


လင်းလော့ချင်းတွေးလိုက်၏။

'ဒါလည်း မှားပုံမရဘူး'



ကျိယွီရှောင်လည်း ထိုသို့ခံစားရသည်။လင်းလော့ချင်း၏ ဤတစ်ခေါက်ဇာတ်ရုပ်က သူ့ကိုရင်းနှီးနေသည့်ခံစားချက်တစ်ခုပေးနေသည့်ဟု သူအမြဲခံစားရသည်။ယခု သူနားလည်သွားလေပြီ၊ယင်းက လင်းဖေးဖြစ်၏။လင်းလော့ချင်းက လင်းဖေး၏လူကြီးဗားရှင်းကို 

သရုပ်ဆောင်နေခြင်းဖြစ်သည်။


"တကယ်ပါပဲ"

ကျိယွီရှောင်က ပြုံးကာပြော၏။

"ဖေးဖေးနဲ့သင့်တယ်လို့လက်ထောက်ဒါရိုက်တာက ပြောတာအံဩစရာမရှိဘူးပဲ...ဒါက တကယ်ကိုသင့်တော်တယ်"



"မှန်တယ်"

လင်းလော့ချင်းက လင်းဖေးကို ပြုံးပြုံးလေးကြည့်ပြီးဖက်လိုက်၏။

"ဒီတစ်ခေါက် ဖေးဖေးအတွက်သရုပ်ဆောင်ရတာက ပိုလွယ်မဲ့ပုံပဲ"


လင်းဖေးက ဤအရာတွေကိုဂရုမစိုက်ပါချေ။သူက သူ့လုပ်အားခအကြောင်းပဲဂရုစိုက်တာပါနော် အိုကေ...


'မနက်ဖြန်ကျမှ မေးလိုက်မယ်'

လင်းဖေးက တွေးလိုက်သည်။မနက်ဖြန်က သူအလုပ်သွားရလောက်သဖြင့် အလုပ်ပြီးလျှင်လုပ်အားခ ရလောက်သည်။


လင်းဖေးနှင့် ကျိလဲ့ယွီ သူ့ရှေ့မှာအကောင်လိုက်ပေါ်လာသောအခါ ဒါရိုက်တာလီတစ်ယောက် ထပ်ပြီးအံ့ဩမှင်သက်သွားရပြန်သည်။


သူ ဓာတ်ပုံတွေကိုမြင်ဖူးပြီပြီဖြစ်ပေမဲ့ ကောင်းလွန်းလှသည့် ဖုန်းfilterများနှင့် တဟုန်ထိုးတိုးပွားလာသည့် ဓာတ်ပုံ

ပြုပြင်မွမ်းမံခြင်းများကြောင့် ဒါရိုက်တာလီကို သူတို့အား ဓာတ်ပုံထဲကနှင့်အတိအကျတူလိမ့်မည်ဟုမမျှော်လင့်ထားခဲ့ပေ။


သို့ပေမဲ့ ယခု အတိအကျတူသည်ဟုကားဆို၍မရပေ။ဓာတ်ပုံထဲကထက်ပို၍ပင် ကြည့်ကောင်းပြီးပိုလှသည်ဟုဆိုရမည်ဖြစ်သည်။


သူ့ရဲ့ ရှောင်ဖူရှီလေးကိုကြည့်ပါဦး... သူ၏ချောမောသောမျက်နှာနှင့် အေးစက်စက်အမူအရာတို့ကြောင့် သူက အနာဂတ်၏အမျိုးသားနတ်ဘုရားအလောင်းအလျာကောင်းလေးသကဲ့သို့ဖြစ်၏။


ထို့အပြင် သူ့အစ်ကိုနှင့် အတူတူတွဲသရုပ်ဆောင်ချင်ရှာသော သူ့ညီလေးမှာလည်း အရုပ်ကလေးတစ်ရုပ်ကဲ့သို့လှပ၏။


ဒါရိုက်တာလီမှာ သူ့ကိုပိုက်ဆံမပေးဘဲနေရမည်ကိုအတော်လေးပင်ရှက်သွားရသည်။ဤရုပ်ဤရည်က ကင်မရာပေါ်မှာ ဘယ်နေရာကပါပါ လုံးဝထိပ်တန်းဖြစ်၏။ယင်းက ကလေး၏ဆန္ဒကိုဖြည့်ဆည်းရန်ဖြစ်ပြီး ပိုက်ဆံမပေးဟုသူပြောခဲ့သော်လည်း ယခုမူ ကလေးကလှလွန်းနေသဖြင့် သူ့ကိုယ်သူ ကလေးကိုအခွင့်ကောင်းယူနေသလိုခံစားရသည်။


ဒါရိုက်တာလီ သူ ကျိလဲ့ယွီကိုဇာတ်ဝင်ခန်းတချို့ထပ်ထည့်ပေးသင့်သလားဟုစဥ်းစားနေရပြီဖြစ်သည်။ကျိလဲ့ယွီက ဤမျှလှနေရာ နောက်ခံအဖြစ်ထားသည်က သူ့အတွက်မသင့်မလျော်ရာကျလွန်းသည်။ဘယ်လိုတောင်ဖြုန်းတီးရာကျလိုက်သလဲ...


"အရမ်းကောင်းတယ်"

ဒါရိုက်တာလီက ခေါင်းတညိတ်ညိတ်ဖြင့်ဆိုသည်။ 


သူစကားဆုံးသည်နှင့် ဖုန်းပြောပြီး၍ရောက်လာသည်ကျိယွီရှောင်ကိုမြင်လိုက်ရသည်။


ဒါရိုက်တာလီ: '???? သူကလည်း ငါတို့အဖွဲ့ထဲကပဲ လား'


သူတို့အဖွဲ့ထဲမှာ ဒီလောက် ချောတဲ့လူ ရှိတာလား...


ဒီအကြောင်းကို သူဘာကြောင့် မသိခဲ့တာလဲ...


ဒါရိုက်တာလီ အလွန်အံ့သြသွားသည်။ ထို့နောက် တစ်ဖက်လူက ကျိလဲ့ယွီ၏ဘေးကို လျှောက်သွားသည်ကို သူမြင်လိုက်ရသည်။


"ဒါက ရှောင်ယွီရဲ့ အဖေပါ"

လင်းလော့ချင်းက မိတ်ဆက်ပေးသည်။


ဒါရိုက်တာလီ: '... ကျိလဲ့ယွီက ဘာလို့ ဒီလာက် ကြည့်ကောင်းရတာလဲဆိုတာ အံ့သြစရာ မလိုတော့ဘူးပဲ... သူ့အဖေဆီက လုံးဝကို အမွေဆက်ခံထားတာလေ'


လင်းလော့ချင်းတို့မိသားစုထဲတွင် လင်းလော့ချင်းတစ်ယောက်တည်းကသာ ကြည့်ကောင်းခြင်းမဟုတ်ဟုယခု သူခံစားရသည်။သူ့ဆွေမျိုးတွေအကုန်လုံးက ကြည့်ကောင်းလောက်သည်။


"လူကြီးမင်းကျိ...မင်းလည်း ဒီဇာတ်ကားမှာ ပါဝင်ချင်တာလား" 

ဒါရိုက်တာလီက အစမ်းသဘောမေးကြည့်သည်။


ကျိယွီရှောင်က ငြင်းသည်။ 

"မဟုတ်ပါဘူး...သရုပ်ဆောင်ချင်တဲ့သူက ရှောင်ယွီပါ"


ဒါရိုက်တာလီ အနည်းငယ် စိတ်မကောင်းဖြစ်မိသွား၏။ သြော် ဒီလူက အရမ်းချောတဲ့ဟာ... ဇာတ်ပို့ဖြစ်ရင်တောင် မဆိုးပါဘူး...


သူ့တွင် ကလေးများအတွက် နေရာအနည်းငယ်သာရှိသော်လည်း ဇာတ်ပို့ဇာတ်ရံနေရာများအတွက် နေရာများစွာရှိသည်။ ဒီလောက်ချောတဲ့သူက ဘယ်သူက မလိုချင်ဘဲနေမှာလဲ...သူသာ ဒီလောက်ချောတဲ့လူကို ခန့်လိုက်နိုင်ရင် ပိုပြီးစိတ်ဝင်စားစရာကောင်းသွားမှာ...


ဝမ်းနည်းစွာနှင့် သူ့အကြည့်တွေကို လင်းဖေးဆီ ပြန်ပို့လိုက်သည်။ သူက လင်းဖေးကို အပေါ်အောက် ခြေဆုံးခေါင်းဆုံးကြည့်ကာ အဖွဲ့၏စတိုင်လစ်ကို အဝတ်အစားလဲရန် သူ့ကို ခေါ်သွားခိုင်းလိုက်၏။ 


ကျိလဲ့ယွီက သူ့နောက်ကနေ အဝတ်အစားခန်းဆီသို့ စပ်စပ်စုစု လိုက်သွားသည်။ သူက လင်းဖေး အဝတ်အစားလဲသည်ကိုကြည့်ပြီး လင်းလော့ချင်းကို သံသယစိတ်ဖြင့်မေးသည်။

"သားရော အဝတ်အစားလဲရမှာလား"


ဒါက…


လင်းလော့ချင်း အနည်းငယ် စိတ်ပူသွားသည်။အမှန်တွင် မလိုအပ်ပါချေ။လင်းဖေးက ကျိလဲ့ယွိကဲ့သို့ မဟုတ်ဘဲ တရားဝင်သရုပ်ဆောင်ဖြစ်သည်။


"သားကလဲစရာမလိုသေးဘူး"

လင်းလော့ချင်းက တိုးတိုးလေးပြော၏။ 

"သားရဲ့ဇာတ်ကောင်က အဝတ်အစားလဲဖို့ မလိုဘူး...ဒီဝတ်စုံကသားနဲ့ အရမ်းလိုက်တယ်"


ကျိလဲ့ယွီက သရုပ်ဆောင်ပိုင်းကို သိပ်မသိဘဲ လင်းဖေးနှင့် သရုပ်ဆောင်ချင်ရုံဖြစ်သည်။ ထို့ကြောင့် သူဂရုမစိုက်ဘဲ လင်းလော့ချင်း၏စကားကိုသာ လိုက်နာခဲ့သည်။


လင်းဖေးက အဝတ်အစားလဲပြီးနောက် ဒါရိုက်တာလီရောက်လာသည်။


လင်းဖေး၏ လက်ရှိအသွင်အပြင်ကို ကြည့်ကာ လင်းဖေးကို မိတ်ကပ်မလိမ်းပေးရန် ဆုံးဖြတ်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူ၏ မျက်နှာသွင်ပြင်က ဝေဖန်မှုကို ကိုင်တွယ်နိုင်စွမ်းရှိပြီး မိတ်ကပ်မလိမ်းဘဲ လုံလောက်အောင် ချောမောလှသည်။


"မဆိုးဘူး... အရမ်းချောတယ် ရှောင်ဖေးဖေး"

ဒါရိုက်တာလီက ပြုံးပြီး လင်းဖေးကို ပြောသည်။


"ကျေးဇူးတင်ပါတယ်" 

လင်းဖေးက ယဉ်ကျေးစွာပြောသည်။


တစ်ခုသာ၊သူက အများအားဖြင့် အမူအရာထုတ်ပြလေ့မရှိသလို သူ့အသံက ဘာမှမထူးခြားသလို ပေါ့ပေါ့ပါးပါးသာဖြစ်သည်။


ဒါရိုက်တာလီ: '...ဒါက တကယ် ဖူရှီပဲ'


လင်းလော့ချင်း သူ၏တစ်စုံတစ်ခုကို ပြောချင်သော်လည်း တန့်သွားကာ ရယ်ချင်ပက်ကျိဖြစ်နေသည့် ပုံစံကို မြင်လိုက်ရသည်။ဖေးဖေးက သူနဲ့တူတယ်လို့ ဒါရိုက်တာက ထင်နေတာလား...


ဟမ့် ခဏစောင့်... ဒါရိုက်တာလီ ဘယ်တော့မှ လင်းဖေးကို 'ဒီလိုကျ မင်းက သူနဲ့မတူဘူး' လို့ ပြောဖို့အခွင့်အရေးရှိမှာမဟုတ်ဘူးလို့ သူအာမခံနိုင်တယ်...


သူ့ရှေ့က ကလေး၏ခပ်တည်တည်ပုံစံ မြင်လိုက်ရသောအခါ ဒါရိုက်တာလီ သူ့ကို စချင်စိတ်ကို မထိန်းနိုင်တော့ပေ။


"မင်းရဲ့လိုင်းတွေကို ကျက်ပြီးပြီလား"


"အင်း"


"မင်း အဲဒါတွေကို အလွတ်ကျက်ခဲ့တာလား"


လင်းဖေး: '...ခုနက အင်းလို့ပြောပြီးပြီမဟုတ်လား'


ဒါရိုက်တာလီက သူ့ကိုပြော၏။

"မင်း အဲဒါကို ကောင်းကောင်းမကျက်ဘဲ နောက်မှ သရုပ်ဆောင်တဲ့အခါ မေ့သွားရင် မင်းကိုငါ နှစ်ခေါက် ကူးရေးခိုင်းပြီး အပြစ်ပေးမှာနော်"


လင်းဖေး: "……"


လင်းဖေးက ပါးစပ်ကိုဖွင့်ကာ ဖူရှီ၏ လိုင်းများကို စတင်ရွတ်ဆိုလိုက်သည်။ယင်းက စာမျက်နှာဆယ်မျက်နှာ အပြည့်ရှိပြီး ကွင်းစကွင်းပိတ်ထဲမှာရေးထားသော ထိုအချိန်တွင် ဖူရှီလုပ်နေသောအရာများနှင့် လုမင်၏ လုပ်ဆောင်ချက်များနှင့် လိုင်းများကိုပင် သူကရွတ်ဆိုခဲ့သည်။


သူက မတတ်သာမှု 30%၊တည်ငြိမ်မှု 20% နှင့် အထင်အမြင်သေးမှု50% တို့ဖြင့် အေးအေးဆေးဆေး အလွတ်ရွတ်ဆိုခဲ့ပြီး 'ဒါလေးကို ရေးကြီးခွင်ကျယ်လုပ်ဖို့တန်လို့လား'ဟု

စောင်းပါးရိပ်ခြည်ပြောနေသကဲ့သို့ဖြစ်သည်။


ဒီလို ရိုးရှင်းတဲ့ အကြောင်းအရာတွေကို ဘယ်သူကမှ မလွတ်မကျက်နိုင်ဘဲနေမှာ မဟုတ်ဘူး...


သူမေးစရာလိုသေးလို့လား...


လင်းဖေးက သူ့ကိုကြည့်ပြီး သူ့မျက်လုံးထဲရှိ အထင်အမြင်သေးမှုက တိုးလာသည်။


ဒါရိုက်တာလီ:"……"


ဒါရိုက်တာလီ ရုပ်ရှင်ထဲက လုမင်၏ ခံစားချက်ကို ချက်ချင်းလက်ငင်း နားလည်သွားခဲ့သည်။


မင်းကို ဖူရှီနေရာမှာသရုပ်ဆောင်ခိုင်းတာက ဇာတ်ညွှန်းထဲကနေ ဖူရှီကို အပြင်ထုတ်ခိုင်းတာ မဟုတ်ဘူး အိုကေ...


မင်းက အခုလို နဂိုအတိုင်း(မူလဖူရှီကို)ပြန်လည်ဖော်ထုတ်ချင်နေတာလား...