Chapter 264
ကျိကျန်းဟုန်ကို မြင်ပြီးနောက် လင်းလော့ချင်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
အဖေကျိရဲ့အခြေအနေက မကောင်းတာကိုသိပေမဲ့ ဒီလောက်ဆိုးရွားနေမယ်လို့ မထင်ထားဘူး...
ကျိကျန်းဟုန်၏အသားအရောင်က မီးခိုးရောင်သို့ပြောင်းသွားကာ အလွန်ဖျော့တော့နေပြီး သူ့မှတ်ဉာဏ်ထဲမှ ကျိကျန်းဟုန်နှင့်မတူတော့ပေ။
သို့သော် ကျိယွီရှောင်၏အမူအရာက ဘာမှမထူးခြားသလိုပင်ဖြစ်သည်။
"ကျွန်တော် ပြောစရာရှိလို့ လာတွေ့တာ...အဖေက ဥက္ကဋ္ဌရာထူးကနေ နှုတ်မထွက်ရသေးဘူး...ထန်ကျားကျိရဲ့အပြစ်ကို ဖုံးအုပ်ပေးထားတဲ့အတွက် အဖေက ပြစ်ဒဏ်ချမှတ်ခံရမှာပဲ...အဲ့တော့ ကုမ္ပဏီအပေါ် မသက်ရောက်အောင် စောစောနှုတ်ထွက်လိုက်တာကောင်းမယ်..."
ကျိယွီရှောင်က သူ့ထံ လာလည်သည်ဟု ထင်ထားသော်လည်း ကျိယွီရှောင်ကမူ ကုမ္ပဏီကိစ္စလာဆွေးနွေးခြင်းဖြစ်လေသည်။
"ဒီကိစ္စကို ငါ မဆုံးဖြတ်ရသေးဘူး...နောက်မှပြောမယ်..."
"ဒီလိုဆိုရင် ကျွန်တော် ဒုတိယဦးလေး၊ တခြားလူတွေနဲ့ ဆွေးနွေးလိုက်ပြီး နှစ်ရက်အတွင်း ရှယ်ယာရှင်အစည်းအဝေးခေါ်ပြီး ဥက္ကဋ္ဌအသစ်ကို ရွေးချယ်လိုက်မယ်...မဟုတ်ရင် နောက်ကျသွားလိမ့်မယ်..."
"မင်း ငါ့ကို တကယ်ထောင်ထဲပို့ချင်နေတာလား..."
ကျိကျန်းဟုန်က ဒေါသတကြီး ပြောလိုက်သည်။
"ဘာလို့ ဒေါသထွက်နေတာလဲ...ဒါတွေက အဖေ တရားမ၀င်သားကြောင့်ဖြစ်တာ မဟုတ်ဘူးလား...ဒေါသထွက်မဲ့ထွက် ထန်ကျားကျိကိုပဲ ဒေါသထွက်ရမှာ...ကျွန်တော်သာ အဖေဆိုရင်ပြဿနာရှာမဲ့အစား အေးအေးဆေးဆေးလေးအငြိမ်းစားယူလိုက်မှာ...မဟုတ်ရင် အဖေ့ တရားမ၀င်သားက သားအကြီးကို သတ်လိုက်တယ်ဆိုတာကို တစ်ကမ္ဘာလုံး သိသွားမှာပဲ..."
ထိုစကားကို ကြားသောအခါ အဖေကျိက သူ့ဒေါသများကို ပြန်ဖိနှိပ်လိုက်လေသည်။
ဒါတွေအားလုံးက ထန်ကျားကျိကြောင့်ပဲ...ထန်ကျားကျိရဲ့အမှားတွေပဲ...
သူ့ကြောင့်သာမဟုတ်ရင် ဒီလိုအခြေအနေရောက်နေမှာ မဟုတ်ဘူး...
အခုတော့ ကျိယွီရှောင်ကိုပဲ အားကိုးရတော့မယ်....
ထို့ကြောင့် သူက ကျိယွီရှောင်ရှေ့တွင် ခေါင်းငုံ့(မာန်ချ)လိုက်သည်။
"ဒါပဲ...အဖေက ကျွန်တော့်ကို ဥက္ကဋ္ဌအဖြစ် အကြံပြုပေးလိုက်ရုံပဲ...ကျန်တာတွေကိုတော့ ကျွန်တော်ပဲ ဂရုစိုက်လိုက်မယ်..."
ကျိကျန်းဟုန်က ကျိယွီရှောင်ကို ကြည့်ကာ တွန့်ဆုတ်စွာ မေးလိုက်၏။
"ရှောင်ရှောင် အဖေ့ကိုရော ဂရုစိုက်သေးရဲ့လား..."
"အဖေ အိမ်မက်မက်နေတာလား...ဒါနဲ့ ကျွန်တော် ရှောင်ယွီကို ဒီကိစ္စပြောပြမှာ မဟုတ်ဘူး...အဖေက သူ့အဘိုးပဲ...သူ့ခံစားချက်တွေကို စိုးရိမ်မနေနဲ့...အဖေသာ ရှောင်ယွီအတွက် တကယ်စိုးရိမ်တယ်ဆိုရင် အဖေ့လောဘတွေကိုသာ ထိန်းထားလိုက်...ရှောင်ယွီက ဒီအကြောင်းတွေကို သိစရာ မလိုဘူး...အေးအေးချမ်းချမ်းနဲ့ ကြီးပြင်းလာဖို့ပဲလိုတယ်..."
ထိုစကားကို ကြားသောအခါ အဖေကျိက ပြောလိုက်သည်။
"ငါ ယွီလင်းကို ချစ်တယ်...ကျိလဲ့ယွီကိုလည်း ချစ်တယ်..."
ကျိယွီရှောင် :"ဪ..."
အဖေကျိက ကျိယွီရှောင်ကို ကြည့်ကာ စိတ်မသက်မသာခံစားလိုက်ရလေသည်။
သူတို့က သားအဖရော ဟုတ်ကြသေးရဲ့လား...သူတို့ဆက်ဆံရေးက သူစိမ်းတွေလောက်တောင် မကောင်းပါလား...
ကျိလဲ့ယွီကြောင့်သာမဟုတ်ရင် ကျိယွီရှောင်က ဒီကိုရောက်လာမှာ မဟုတ်ဘူး...
သူ နောင်တရတယ်...
သူ့မှာ သားတစ်ယောက်ရှိသေးပေမဲ့ မရှိတော့သလိုပါပဲလား...
တကယ်လို့...
သူသာ ထန်ကျားကျိကို အသိအမှတ်မပြုခဲ့ရင်...
ထန်ကျားကျိကို ပိုက်ဆံမပေးရင်...
ထန်ကျားကျိကို နိုင်ငံခြားမပို့ခဲ့ရင်...
သူနဲ့ကျိယွီရှောင်က အရင်လိုဖြစ်နေမှာလား...
သူ တကယ် နောင်တရတယ်...,
ကျိယွီရှောင်က အဖေကျိနှင့် စကားအပိုပြောရန် ပျင်းရိလေသည်။
"စဉ်းစားပြီးပြီမလား..."
အဖေကျိက ဝှီးချဲလ်ပေါ် ထိုင်နေသည့် ကျိယွီရှောင်ကို ကြည့်လိုက်သည်။ ကျိယွီရှောင်ကမရေမတွက်နိုင်သည့်လူများကို ဆွဲဆောင်နိုင်ခဲ့သော်လည်း ယခုမူ ဝှီးချဲလ်ပေါ်တွင် ထိုင်နေရလေသည်။
"ငါ ဒါရိုက်တာဘုတ်အဖွဲ့၀င်တွေနဲ့ ပြောလိုက်မယ်...."
"ဒီလိုဆို အကောင်းဆုံးပဲ..."
ထို့နောက် ကျိယွီရှောင်က လင်းလော့ချင်းကို ပြန်ရန် အချက်ပြလိုက်လေသည်။
အဖေကျိက ကျိယွီရှောင်ကို ပြောလိုက်သည်။
"အဖေ့ကို ထပ်လာတွေ့ဦးမှာမလား..."
"မလာဘူး...ရှောင်ယွီလည်း လာမှာမဟုတ်ဘူး..."
"ယွီရှောင် အဖေ နောင်တရနေပါပြီ...အဖေ မင်းနဲ့ရှောင်ယွီကို ပိုချစ်ပေးမှာပါ...ငါ့အမွေတွေကိုလည်း မင်းကိုပဲပေးမှာပါ..."
"ဒါပေမဲ့ အဖေ့နောင်တတွေက တန်ဖိုးမရှိဘူး..."
ကျိကျန်းဟုန်က ထိုစကားလုံးများကို ကြားသောအခါ အေးခဲသွားလေသည်။
ကျိယွီရှောင်က ဒီလိုရက်စက်တဲ့စကားလုံးတွေကို ပြောရက်တယ်...ဒါပေမဲ့ ကျိယွီရှောင်က အရင်ကတည်းက ဒီလိုမျိုးပဲဟာကို...ငါကသာ ဒီလိုစကားမျိုး ပြောစေခဲ့တာပဲ...
လင်းလော့ချင်းက ကျိယွီရှောင်ကို ဆေးရုံခန်းထဲမှ တွန်းလိုက်လေသည်။
ကျိယွီရှောင်က သူ့အဖေ၏နောင်တကို မလိုချင်ပေ။
လောကတွင် တောင်းပန်ရုံနှင့်ပြန်မပေးဆပ်နိုင်သည့်အရာများစွာရှိပြီး ထိုက်တန်သည့်တန်ဖိုးကိုသာ ပြန်ပေးဆပ်ရမည်ဖြစ်သည်။
ကျိယွီရှောင်က ဆေးရုံအပြင်ဘက်ရှိ ကောင်းကင်ပြာကြီးကို မော့ကြည့်လိုက်သည်။
သူက သူ့အဖေလက်ကို ဘယ်တော့မှထပ်ဆွဲမှာမဟုတ်တော့ဘူး...
ကျိကျန်းဟုန်၏အနားယူမှု၊ တာ၀န်လွှဲပြောင်းပေးမှုနှင့်အတူ ကျိယွီရှောင်က ဥက္ကဋ္ဌအသစ်ဖြစ်လာခဲ့သည်။
ရှယ်ယာရှင်များက သဘောတူကြပြီး ကျိကျန်းယန်နှင့် ကျိဟွိုက်သာ သဘောမတူနိုင်ကြခြင်းဖြစ်သည်။ ကျိမူကမူ ဘာမှ၀င်မပြောတော့ပေ။
ကျိယွီရှောင်က ကျိကျန်းဟုန် တာ၀န်ယူခဲ့သည့်ပရောဂျက်ကို လွှဲပြောင်းယူလိုက်ပြီး အကုန် စီစဉ်ပြီးနောက် လင်းလော့ချင်း၏ရိုက်ကူးရေးသို့ သွားလည်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော် လင်းလော့ချင်းကို အံ့ဩစေချင်သောကြောင့် လင်းလော့ချင်းကို ကြိုမပြောထားပေ။
ကျိလဲ့ယွီက အပြင်ထွက်လည်ရမည့်အကြောင်းကို ကြားသောအခါ မျက်လုံးများက တောက်ပလာလေသည်။
"သားတို့ ဘယ်သွားကြမှာလဲ..."
"ပါးပါးရိုက်ကူးရေးကို သွားလည်ကြမယ်...ဒါပေမဲ့ ပါးပါးကို အံ့ဩသွားအောင်လုပ်မှာဆိုတော့ မနက်ဖြန် ပါးပါးထွက်သွားရင် အရင်အတိုင်းနေနော်..."
"အွန်း..."
သူက ဟန်ဆောင်ကောင်းပြီးသားပဲ...
ကျိလဲ့ယွီက သဘောတူသောအခါ ကျိယွီရှောင်ကလင်းဖေးဘက် လှည့်လိုက်သည်။
"ဖေးဖေးရော လုပ်နိုင်လား..."
"ဟုတ်ကဲ့..."
"ဒါဆို အားလုံးအဆင်ပြေပြီ...ပါးပါးက ဒယ်ဒီတို့ကိုသာတွေ့ရင် အရမ်းအံ့အားသင့်သွားမှာ..."
လင်းလော့ချင်းက ကျိယွီရှောင်၏အစီအစဉ်ကို မသိသောကြောင့် မနက်ဖြန်မနက်ပြန်သွားမည့်အကြောင်း ပြောလိုက်သည်။
"ဒါဆို မနက်ကျရင် သွားတော့မှာပေါ့..."
"ဟုတ်တယ်...ဖြစ်နိုင်ရင် ငါ မပြန်ချင်သေးဘူး..."
"ကိုယ့်အမှားပါ..."
ကျိယွီရှောင်က လင်းလော့ချင်းဘေးတွင် ထိုင်လိုက်သည်။
"ကိုယ်သာ အကြာကြီး အိပ်ပျော်မနေရင် တစ်ရက်လောက် အချိန်ပိုဖြုန်းလို့ရမှာ..."
"မင်းအမှားမဟုတ်ပါဘူး...အနားယူတာကလည်း အရေးကြီးတဲ့ကိစ္စပဲလေ..."
ထိုစကားကို ကြားသောအခါ ကျိယွီရှောင်က တစ်ဖက်လူကို ပွေ့ဖက်လိုက်သည်။
"ကိုယ် မင်းကို လာတွေ့မယ်..."
"အိုကေ...ဒါပေမဲ့ မင်းက အလုပ်များနေတယ်မလား...လ၀က်လောက်ကြာရင် ပြန်လာမှာပဲကို...အလုပ်များနေရင် မလာနဲ့တော့..."
"မင်း ပြန်လာရင် ချန်ဖုန်းကို မင်းအဖေနဲ့ကွာရှင်းခိုင်းပြီး မင်းအဖေကို နောက်ဆုံးထိုးနှက်ချက်ပေးလို့ရပြီ..."
လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။
အမှန်တွင် အဖေလင်းက သူ့ဆီ ဖုန်းဆက်ပြီး အဘယ်ကြောင့် ကုမ္ပဏီတွင် ဒုဥက္ကဋ္ဌရှိနေသနည်းဟု မေးခဲ့သည်။
ထိုအခါ သူက ရိုက်ကူးရေးနှင့်အလုပ်များနေပြီး ရှင်းရီကိုလည်း အာရုံစိုက်ရသောကြောင့် ကျိယွီရှောင်က လူငှားပေးထားကြောင်းကို ပြောပြခဲ့သည်။
အဖေလင်းက ထိုစကားကို အမှားအယွင်းရှိသည်ဟု မထင်ပေ။ သူက ချန်ဖုန်းနှင့်နေ့တိုင်း စကားများနေရပြီး ကွာရှင်းချင်သော်လည်း အချိန်ကာလကြောင့် ကွာရှင်းရန် မလွယ်ကူပေ။
အဖေလင်းသာ သူ့မျက်နှာအစစ်ကို တွေ့ရင် မူးလဲသွားမှာပဲမလား...
စိတ်ဝင်စားစရာကောင်းသား...
လင်းလော့ချင်းက ကျိယွီရှောင်နှင့် စကားခဏပြောပြီးနောက် ရေချိုးလိုက်ပြီး အတူတူ အိပ်ရာဝင်လိုက်သည်။
နောက်တစ်နေ့မနက်စောစောတွင် နာရီနှိုးစက်သံ မြည်လာလေသည်။
လင်းလော့ချင်းက အိပ်ရာပေါ်တွင် ခဏမှေးမောနေစဉ် ကျိယွီရှောင်က သူ့ကို နမ်းလိုက်၏။
လင်းလော့ချင်းက မျက်လုံးချက်ချင်းဖွင့်လိုက်ပြီး မေးလိုက်သည်။
"ဘာလို့ ငါ့ကို နမ်းတာလဲ..."
"မျက်လုံးမှိတ်ထားပြီး ကိုယ် နမ်းလာတာကို စောင့်နေတာ မဟုတ်ဘူးလား..."
လင်းလော့ချင်း :'အကြောင်းပြချက်ကြီးကလည်း...'
လင်းလော့ချင်းက မျက်စောင်းထိုးလိုက်ပြီး အိပ်ရာမှထကာ ရေချိုးခန်းထဲ ၀င်သွားလိုက်သည်။
ကျိယွီရှောင်ကလည်း လင်းလော့ချင်းနှင့်အတူလိုက်သွားပြီး ဆေးကြောပြီးနောက် အောက်ထပ်သို့ ဆင်းလိုက်သည်။
ထမင်းစားပွဲတွင် လင်းဖေးနှင့်ကျိလဲ့ယွီက ရောက်နှင့်ပြီးဖြစ်သောကြောင့် လင်းလော့ချင်းကအံ့အားသင့်သွားလေသည်။
လင်းဖေးကတော့ ထနေကြမို့လို့ ထားပါ...အိပ်ရာက စောစောမထတတ်တဲ့ ကျိလဲ့ယွီက ဘာဖြစ်လို့ အစောကြီးထနေတာလဲ...
ထိုစဉ် ကျိလဲ့ယွီက သူ့ကို ပွေ့ဖက်လာပြီး ကလေးဆန်စွာ ပြောလာလေသည်။
"သား ပါးပါးကို လွမ်းနေမှာ..."
လင်းလော့ချင်းက ကျိလဲ့ယွီကို ပေါင်ပေါ်ဆွဲတင်လိုက်ပြီး ပွေ့ဖက်လိုက်လေသည်။
"ပါးပါးလည်း လွမ်းနေမှာ...ပါးပါးက ခဏပဲကြာပြီးပြန်လာမှာပါ..."
ကျိလဲ့ယွီက ခေါင်းငြိမ့်လိုက်ပြီး လင်းလော့ချင်းကို မှီကာ ပြောလိုက်သည်။
"ပါးပါးနဲ့အတူတူ မနက်စာစားမယ်..."
ကျိလဲ့ယွီက သူနဲ့မနက်စာ အတူတူစားချင်လို့ အစောကြီးထလာတာလား...ချစ်စရာကောင်းလိုက်တာ...
သူက ကျိလဲ့ယွီ၏ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး လက်ဖက်ကြက်ဥတစ်လုံးကို အခွံခွာကာ ကျွေးလိုက်သည်။
မနက်စာစားပြီးနောက် လင်းလော့ချင်းက ထွက်သွားတော့မည်အချိန် ကျိယွီရှောင်က တစ်ဖက်လူကို ကားထဲထိ လိုက်ပို့လိုက်သည်။
ကျိလဲ့ယွီကလည်း လင်းဖေးလက်ကို ဆွဲကာ ကျိယွီရှောင်နောက် လိုက်သွားပြီး လင်းလော့ချင်းကိုလက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်၏။
"ပါးပါး စောစောပြန်လာနော်..."
"ဟုတ်ပါပြီ..."
လင်းလော့ချင်းက ကားတံခါးကို ခက်ခဲစွာ ပိတ်လိုက်ပြီး ဒရိုင်ဘာကို ကားထွက်ခိုင်းလိုက်လေသည်။
ယခုအချိန်တွင် ကျိယွီရှောင်က ကလေးနှစ်ယောက်ကို နှစ်သိမ့်ပေးနေလောက်ပေပြီ။
သို့သော် ၀မ်းနည်းနေသည့်ကျိလဲ့ယွီက လင်းလော့ချင်းထွက်သွားသည်ကို မြင်သောအခါ ပြောလိုက်သည်။
"ဒါဆို သားတို့လည်း သွားကြတော့မလား..."
ကျိယွီရှောင် :"..."
စောစောတုန်းက မိုးရွာချတော့မဲ့တိမ်လိုမျိုး ဖြစ်နေတဲ့မျက်နှာက နေကိုးစင်းအပြိုင်ထွက်နေတဲ့ကောင်းကင်ကြီးလို တောက်ပနေပါ့လား...
မင်းရဲ့သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းတာပဲ...
တခြားအဖေက သရုပ်ဆောင်ကောင်းတယ်ဆိုတော့လည်း ဒါက ဖြစ်သင့်ပါတယ်...
ဒါပေမဲ့ ပြဿနာက...
မင်းက ငါ့တူလေ...လင်းလော့ချင်းတူမှ မဟုတ်တာ...
ကလေး...မင်းရဲ့သရုပ်ဆောင်စွမ်းရည်က ပြောင်မြောက်လှပါပေတယ်...