🍬Chapter 121
ဤတစ်ကြိမ်တွင် ရွှီလော့ယန်က တော်တော်လေး လျှိုဝှက်ထားနိုင်ခဲ့သည်။ ဧပြီလ၃ရက်နေ့၌ ဖျော်ဖြေပွဲအတွက် အကြိုလက်မှတ်များ စတင်ရောင်းချမည်ဖြစ်သည်။သို့သော်လည်း ဖျော်ဖြေပွဲ၏နာမည်ကိုတော့မကြေညာရသေးပေ။
ယခုလိုမျိုးပုံမှန်ဟုတ်မနေသည့်လုပ်ရပ်ကြောင့် သူဖန်တွေအားလုံးက သူ့ကိုပြသာနာရှာနေတာလားဟုမေးလာလေသည်။
ယခုလိုမေးခွန်းတွေကိုမြင်တော့ ရွှီလော့ယန်ကစိတ်ထဲကနေအဖြေတစ်ခုတည်းပဲဖြေလိုက်သည်။
မင်းတို့ ငါ့ကိုလျော့တွက်လွန်းတာပဲ မင်းကပြသာနာရှာနေတာလားလို့မေးတယ်နော် ၊ငါက ကိစ္စတွေကိုကြီးကြီးကျယ်ကျယ်ဖြစ်အောင်လုပ်ချင်နေတဲ့သူပါလို့...
အကလေ့ကျင့်ခန်း၌ ရွှီလော့ယန် ဒိုက်ထိုးလို့ပြီးသွားတာနဲ့ ကြမ်းပြင်ပေါ်ကိုလှဲချလိုက်သည်။သူဘေးကဖုန်းကိုလှမ်းယူလိုက်တော့ ကျန်းသုန့်ဆီကမက်ဆေ့ခ်ျတစ်ခုရောက်နေသည်။သူ အားပါက သူဆီဖုန်းဆက်ရန်ဖြစ်သည်။
Albumအသစ်က သီးချင်းတစ်ပုဒ်ကိုညည်းလိုက်ရင်း ရွှီလော့ယန်က ဗီဒီယိုကောခေါ်လိုက်သည်။
ဖုန်း၀င်သွားသည်နှင့် သူအသံကရွှင်မြူးသွားကာ "ကျန်းကော ကျွန်တော်ကိုရှာနေတာလား "
ယခုတလော ကျန်းသုန့် ရွှီလော့ယန်ကိုမြင်တာနှင့် အလိုအလျောက်ခေါင်းကိုက်လာရသည်။
"ကောင်းပြီ မင်းရဲ့albumနာမည်က မင်းကောင်လေးနာမည်လို့ခေါ်တယ် "
သူပြောလက်စ စကားပြတ်သွားရသည်။
ဗီဒီယို စခရင်ပေါ်က အရယ်မရပ်နိုင်တဲ့ရွှီလော့ယန်ကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းသုန့်စိတ်ညစ်နေသည့်ပုံဖြင့် မျက်မှောင်ကြုတ်သွားလေသည်။
"ရယ်တာကို ရပ်လိုက်စမ်း မင်းကိုယ့်မင်း huskyထင်နေလား "
ရွှီလော့ယန်က လက်ဖြင့်ပါးစပ်ကိုအမြန်အုပ်လိုက်ကာ အသံတိုးတိုးလေးဖြင့်
"ကော ပြောပါ ပြော ကျွန်တော်မရယ်တော့ပါဘူး"
" Mixing and mastering လုပ်ငန်းစဉ်တော့ပြီးသွားပြီး သန်ဘက်ခါ ပုံနှိပ်ဖို့ ထုတ်လုပ်သူကိုပို့ပေးဖို့ပြင်ထားတယ်၊အဲ့ဒါပြီးရင် နမူနာတွေပြန်ပို့လာလိမ့်မယ်၊မင်းကအသံအရည်အသွေးနဲ့ အသံတွေတူလား မတူဘူးလား သေချာအောင်နားထောင်ကြည့် အဲ့ဒါပြီးတာနဲ့ တရား၀င်ထုတ်လုပ်တဲ့လုပ်ငန်းစဉ်စလိမ့်မယ် "
"အိုကေ"
ရွှီလော့ယန် နဖူးကို မျက်နှာသုပ်ပဝါဖြင့်အုပ်ပြီး နှစ်ကြိမ်လောက်ဒီအတိုင်းချွေးသုတ်လိုက်ကာ ပြုံးလိုက်ရင်း
"albumအတွက် ပရိုမိုရှင်း ပိုစတာထွက်လာပြီမလား ကျွန်တော်ကိုပုံပို့ပေးလို့ရမလား "
ကျန်းသုန့်က မျက်ခုံးကိုပင့်လိုက်ပြီး "album ပိုစတာပဲလား"
"တကယ်ကို ကျန်းကောကပဲ ကျွန်တော်ကိုနားလည်နိုင်တယ် "
ရွှီလော့ယန်က ဖုန်းကိုကိုင်ရင်းပြုံးပြလိုက်ကာ
"ဒါဆို ဖျော်ဖြေပွဲပိုစတာလည်း ပို့ပေးပါဦး "
ဗီဒီယိုကောချပြီးနှစ်မိနစ်အတွင်း ကျန်းသုန့်ထံမှ ပုံထွက်ကောင်းတဲ့ပုံ၂ပုံကို ရွှီလော့ယန်ရရှိခဲ့သည်။အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ဖင်တပြန် ခေါင်းတပြန် ကြည့်ရှုပြီးသည့်နောက်တွင်တော့ သူပုံကိုsaveထားလိုက်သည်။ခေါင်းကိုပွတ်လိုက်ပြီး ဖုန်းကိုချလိုက်ကာ ရွှီလော့ယန် မတ်တပ်ရပ်ပြီး အကြိမ်ရေအနည်းငယ်ခန့် ခုန်လိုက်သည်။သူလက်နှင့်ခြေထောက်တွေ အားပြန်ရလာပြီဟုခံစားရတော့မှသာ သူအကဆက်ကျင့်နေလိုက်သည်။
ည၉နာရီထိုးခါနီးတော့မှသာ သူရပ်လိုက်ပြီး ဒူးနှစ်ဖက်ကနေကိုင်ကာ အသက်ရှုလိုက်သည်။မေးရိုးကနေတစ်ဆင့် ချွေးစက်တွေက ကြမ်းပြင်ပေါ်သို့ကျနေပြီး ရွှီလော့ယန်က နဖူးပေါ်ကနေ ကြည့်ကောင်းလှသည့်ဆံပင်များကိုသပ်တင်လိုက်သည်။ သူ့ခြေထောက်တွေနည်းနည်းတောင်မှတုန်ချင်နေကာ မတ်တပ်တောင်မရပ်နိုင်တော့ ၊ထို့ကြောင့် သူဒီအတိုင်း ကြမ်းပြင်ပေါ်သာလှဲချလိုက်တော့သည်။
ထိုအချိန်၌ ရုတ်တရတ် တစ်ယောက်ယောက်က သူ့ကိုကြည့်နေသလိုမျိုး ခံစားရတာကြောင့် သူအနောက်ကိုလှည့်ပြီးကြည့်လိုက်တော့ အကလေ့ကျင့်ခန်းအ၀င်၀တွင် ရပ်နေသည့် လူကိုမြင်လိုက်ရသည်။
"ချန်အန်း " ရွှီလော့ယန်မျက်နှာပေါ် ချက်ချင်းဆိုသလို အပြုံးတစ်ပွင့်ပေါ်လာရပြီး "ဘယ်လိုဖြစ်ပြီးဒီကိုရောက်နေတာလဲ "
ချီချန်အန်းက မီးခိုးရင့်ရောင်လေကာအင်္ကျီကို၀တ်ဆင်ထားပြီး နူးညံလှသည့်အသံဖြင့်
"မိုးရွာနေလို့ မင်းကိုလာကြိုတာ "
ထီးကိုသူအပေါက်၀ရှိနံရံမှာထောင်ထားလိုက်ပြီး ရွှီလော့ယန်ဆီလျှောက်လာကာ သူယူလာသည့်ရေနွေးဘူးကိုကမ်းပေးလာသည်။
"ရေနွေး"
"ကောင်းပြီ "
ရွှီလော့ယန်က တစ်ကျိုက်တည်းအကုန်သောက်လိုက်ပြီး လက်ကိုဆန့်လာသည်။ချီချန်အန်းက သူ့လက်ကိုကိုင်ပြီး အနားကိုဆွဲခေါ်လိုက်ပြီး မျက်နှာပေါ်ကချွေးတွေကို သဘတ်ဖြင့်သုတ်ကာ ဆံပင်ကိုပြန်ပြင်ပေးနေသည်။
ဤအတောအတွင်း ရွှီလော့ယန် အချိန်ရှိတိုင်း လေ့ကျင့်ရေး၌သာ နေ့တိုင်း နောက်ကျတဲ့အထိ လေ့ကျင့်လေ့ရှိသည်။
"အိမ်ပြန်မယ်၊ညစာကို အများကြီးမှာပြီးစားထားသေးတယ်၊ဒါပေမယ့် ၉နာရီပဲရှိသေးတာကို ဗိုက်ဆာနေပြန်ပြီ "
"အိမ်မှာ စွတ်ပြုတ်ပြုတ်ထားတယ်၊ရောက်တာနဲ့သောက်ဖို့အဆင်သင့်ပဲ "
ရွှီလော့ယန် မျက်လုံးများဝိုင်းစက်သွားကာ "မင်းစွပ်ပြုတ်ပြုတ်ထားတာလား "
သူအတော်လေးပျော်သွားရပြီး ချီချန်အန်းအနားကို လျှောက်သွားကာ မျက်နှာကိုအနမ်းတစ်ပွင့်ပေးလိုက်၏။
"အိမ်ပြန်ပြီး စွပ်ပြုတ်သောက်ရအောင် "
နောက်တစ်နေ့ မနက်ပိုင်း၌ တစ်ညလုံး ရွှီလော့ယန် ကောင်းကောင်းအိပ်မပျော်သဖြင့် ထလာလိုက်သည်။သူအချိန်ကိုကြည့်လိုက်တော့ ၆နာရီတိတိထိုးနေပြီဖြစ်သည်။ဘေးကိုလှည့်ကြည့်လိုက်ကာ အမြဲအအိပ်ဆက်လေ့ရှိသည့်ချီချန်အန်းမနိုးစေရန်စောင်အောက်က ဖုန်းကိုယူကာ Weiboဖွင့်၍ ပို့စ်တင်လိုက်သည်။
ရွှီလော့ယန်:ဂွတ်မောနင်း အားလုံးနိုးကြပြီလား၊နိုးနေရင် ငါ တန်းပြီးတော့ပဲ လှုပ်ရှားလိုက်ရတော့မလား၊မနိုးသေးရင်လည်း နောက်တစ်နာရီနေရင်ထပ်မေးမယ်။
ဘယ်အချိန် ဘယ်အခါပဲဖြစ်ဖြစ် Weiboကိုအမြဲကြည့်လေ့ရှိသည့် ဖန်များရှိလေသည်။တစ်မိနစ်အတွင်း မှတ်ချက်အရှည်ကြီးတွေတတ်လာတော့သည်။
"--ငါနိုးနေပြီး၊ငါထပ်ပြီးမစောင့်နိုင်တော့ဘူး၊တစ်ခုခုအကြီးကြီးလုပ်တော့တော့မလို့လား၊ဘယ်လိုမျိုးလဲဆိုတာငါတကယ်သိချင်နေပြီ၊လက်မှတ်အကြိုရောင်းမလို့လား၊albumအကြိုရောင်းမလို့လား "
"--ငါနိုးနေပြီး ပရိုဂရမ်မာတွေ ဘာလို့အိပ်နေသေးတာလဲ အမြန်ထကြတော့၊လော့ယန် တစ်ခုခုလုပ်တော့မလို့ငါထင်နေပြီး စိတ်ထဲကခံစားမိနေတယ် "
"---မနက်စောစောထထားလို့ ငါအိပ်ငိုက်နေတာ၊သတိပေးထားတာလား၊မင်း စဉ်းစားပေးလို့ပဲ ကျေးဇူးတင်ရမလား၊အားးးးးးး ဘာလုပ်မလို့လဲ ငါကို့ပြောစမ်း၊ငါရင်တွေတုန်နေပြီလို့ "
ကိစ္စကြီးတစ်ခုကို လျှိုလျှိုဝှက်ဝှက်နဲ့လုပ်နေရတဲ့ ခံစားချက်နှင့်အတူ ရွှီလော့ယန် ဖုန်းကိုပိတ်လိုက်သည်။အသာလေးပြန်လှည့်လိုက်ပြီး ချီချန်အန်း၏ရင်ခွင်ထဲပြန်တိုး၀င်လိုက်သည်။သူ မျက်လုံးကိုပြန်မှိတ်ထားလိုက်ပေမယ့်လည်း အိပ်လို့မပျော်ပေ။သူနှလုံးခုန်သံတွေမြန်နေပြီး အတော်လေးကိုစိတ်လှုပ်ရှားနေမိသည်။
ဤသို့ဖြင့် တစ်နာရီကုန်လွန်သွားသည်။ ၇နာရီတိတိ၌ ရွှီလော့ယန် တိတ်တိတ်လေး စောင်အောက်ကနေထလိုက်ပြီး ဖုန်းကိုယူကာ Weiboထဲပြန်၀င်လိုက်သည်။
ဖျော်ဖြေပွဲနှင့် albumပရိုမိုရှင်းပိုစတာတွေကို တင်ဖို့ရွေးလိုက်သည်။ ရွှီလော့ယန် စာတောင်မရေးဘဲ တင်ရန်နှိပ်လိုက်တော့သည်။
ဖြည်းဖြည်း အသက်ရှုသွင်းလိုက်ပြီး ပေါက်ကွဲထွက်တော့မည့်သူ့နှလုံးသားကို ငြိမ်သက်သွားအောင်လုပ်လိုက်ကာ ရွှီလော့ယန်က လက်မဖြင့်အောက်ကိုဆွဲချ၍refreshလုပ်လိုက်သည်။အချိန်တိုလေးအတွင်း၌ commentအရေအတွက်ကတသိန်းနီးပါးထိုးတတ်လာတော့၏။
"----အားးးးးးးးး ငါဘာပြောရမှန်းတောင်မသိတော့ဘူး အားးးးးးး"
"--- ငါအော်ပြီး အိပ်ယာပေါ်ကနေထထိုင်လိုက်ရတဲ့ လော့ယန်ရဲ့ဖျော်ဖြေပွဲရဲ့နာမည်က ချန်အန်းတဲ့၊albumအသစ်နာမည်ကလည်း ချန်အန်း၊သီချင်းခေါင်းစဉ်ကလည်း ချန်အန်းပဲ ၊ငါအခုထိနိုးမလာသေးတာလား နောက်တစ်ခါသွားပြီး တင်ထားတဲ့ပရိုမိုရှင်းပိုစတာကို သွားကြည့်ပြီး ဖတ်လိုက်ဦးမယ် "
"----ဒါက နေအဖွဲ့အစည်းထဲကပြင်းထန်တဲ့နှိုင်းယှဉ်မှုပဲ၊ဖျော်ဖြေပွဲပို့စတာမှာ အသည်းပုံလမ်းပြမြေပုံလေးနဲ့၊မရိုးမသားတမ်းပြောရရင် ဒီခွေးစာကိုဆက်ပြီး မစားနိုင်တော့ဘူး "
"---ငါတောင်းပန်ပါတယ်၊ကုချန်cpကကျွေးတဲ့ခွေးစာက ဘာနဲ့မှနှိုင်းယှဥ်လို့ရမနေဘူး၊လော့ယန် မင်း နံပါတ်'7'ကိုဘယ်လောက်တောင်ကြိုက်လဲ၊မဟုတ်ဘူး မဟုတ်သေးဘူး မင်းအဲ့လူကိုအများကြီး ချစ်တာပဲလား ၊နှလုံးရောဂါရတော့မယ် အားးးးးး "
[*7=ချီ ]
"----ဒါ လူသိရှင်ကြားချပြတာပဲ၊ငါရူးတော့မယ်နော်၊သွေးအိတ်တွေဘယ်မှာလဲ၊အချိုဓာတ်လိုနေပြီအားးးးး"
ရွှီလော့ယန် ပျော်ပျော်ကြီး commentတွေကိုလိုက်ပြီးဖတ်ကြည့်နေသည်။ ချီချန်အန်းလည်းနိုးလာတာလည်းမြင်ကော ဖုန်းကိုအမြန်ခေါင်းအုံးအောက်ထဲထည့်လိုက်သည်။ တဖက်လူ၏နှုတ်ခမ်းက သူ့လည်ပင်းနောက်ဖက်ကိုထိကပ်ကာ အနမ်းတစ်ပွင့်ခြွေလာသည်။
"ပြသနာရှာနေပြန်ပြီလား"
အိပ်ယာကနေနိုးလာသည့် ချီချန်အန်း၏အသံက နားထောင်လို့အကောင်းဆုံးဟု ရွှီလော့ယန်သတ်မှတ်ထားသည်။ သူ့အသံက အတော်လေးကိုဩရှရှနိုင်လှ၏။
လည်ပင်းနောက်ဖက်ကနေတဆင့် နားရွက်ကိုနမ်းလာသဖြင့် ရွှီလော့ယန် သည်းမခံနိုင်တော့တာကြောင့်
"ဂွတ်မောနင်း ချန်အန်းကောကော "
"ဂွတ်မောနင်း "
ချီချန်အန်းက ရွှီလော့ယန်၏နားနားကိုကပ်ကာ ဩရှရှအသံဖြင့် "ဒီနေ့ မင်းအစောကြီးနိုးနေတာလား "ဟုမေးလာသည်။
ရွှီလော့ယန် နားရွက်နားကယားနေသည့်ခံစားချက်ကိုသည်းမခံနိုင်၊ သူခါးပျော့ပျောင်းသွားသည့်အထိ ပွတ်သပ်ခြင်းခံနေရသည်။ သူဘာမှမပြောနိုင်သေးခင်မှာ ထိုနေရာကိုအကိုင်ခံလိုက်ရသည်။
သူအသံတွေတောင်တုန်ယင်လာရပြီး "ချန်အန်း မင်းဘာလုပ်မလို့လဲ "
ချီချန်အန်းက အထိမခံနိုင်သည့် သူနားကိုအသာလေး ယက်နေပြီး "မင်းကိုသက်တောင့်သက်သာဖြစ်သွားအောင်လုပ်ပေးမလို့လေ "ဟုပြန်ဖြေလာသည်။
တစ်နာရီကြာပြီးနောက် ရွှီေလာ့ယန် ရေချိုးခန်းထဲကနေထွက်လာသည်။သန့်သန့်ရှင်းရှင်း ညအိပ်အင်္ကျီကို၀တ်ထားပြီး ခါးပတ်ကိုလျော့တိလျော့ရဲသာချည်နှောင်ထားတာကြောင့် သူ့အသားရှိ အနီရောင်အမှတ်သားများကို ထင်ထင်ရှားရှားမြင်နေရသည်။
ကုတင်ပေါ်ပြန်တတ်လာပြီး ပြန်လှဲနေဖို့ပြင်လိုက်တော့ ချီချန်အန်းကကုတင်ပေါ်ထိုင်နေပြီး စာစဖတ်နေပြီဖြစ်သည်။သူကပွတ်သီးပွတ်သပ်ဖြင့် တဖက်လူ၏လက်မောင်းတွေကြားတိုး၀င်လိုက်ကာ "ဘာတွေဖတ်နေတာလဲ"ဟုမေးပြီး စာအုပ်အဖုံးကိုသေချာကြည့်လိုက်ကာ "လက်တင်"လားဟုမေးလိုက်သည်။
"အင်း"
ချီချန်အန်းက သူ့အားပွေ့ဖက်လာပြီးတော့ နှစ်ယောက်အတူတူ စာအုပ်ကိုဖတ်လို့ရအောင် နေရာရွေ့လိုက်သည်။
သူဘက်ခေါင်းလှည့်လာပြီး "ဒီနေ့ အစောကြီးနိုးနေတာ နေလို့မကောင်းလို့လား"ဟုမေးလာသည်။
ယခုလိုမျိုးမေးလာတော့ ရွှီလော့ယန် နုလုံးခုန်သံ တစ်ဖန်မြန်လာရသည်။ သူဘာလုပ်ထားလဲဆိုတာကိုပြောပြဖို့ရှက်တာကြောင့် သူစဉ်စားလိုက်ပြီး ကုတင်ဘေးကဖုန်းကိုယူကာ ချီချန်အန်းကိုပေးလိုက်သည်။
"မင်း Weiboကြည့်ကြည့်ပါလားဟင် "
ကြည့် ကြည့် ငါ ဝေးပေါ် မှာပြသနာရှာထားတယ်...
ချီချန်အန်းက ဖုန်းကိုယူပြီး Weiboကိုနိုပ်ကြည့်လိုက်တော့ ဝေးပေါ်ဆာဗာဒေါင်းသွားတာကြောင့် ဘာမှမမြင်ရပေ။
"ဟက် ဆာဗာဒေါင်းနေတယ်၊ ယုတ္တိရှိမနေဘူး ငါသေချာပေါက်ခန့်မှန်းထားပြီးသားလေ "
ရွှီလော့ယန်က ကုတင်ပေါ်ဒူးထောက်ထိုင်လျက် သူဖုန်းကိုယူပြီး စမ်းကြည့်တော့လည်း အတူတူပင်၊တကယ်ကြီး ဆာဗာဒေါင်းသွားတာပဲ။
ဒေါသထွက်လွန်းလို့ သေတော့မယ်...
သုံးစက္ကန်နီးပါးလောက် အံဩပြီးတဲ့နောက် ရွှီလော့ယန် က ချီချန်အန်းအား "ငါ လူသိရှင်ကြားချပြတာမှမဟုတ်သေးတာ ဘာလို့ဆာဗာဒေါင်းသွားရတာလဲ"ဟုပြောမိလိုက်သည်။
ချီချန်အန်းက သူနောက်ကျောကိုပုတ်ပြီး နှစ်သိမ့်ပေးနေရင်း "နျောင်နျောင် မင်းဘယ်လိုပြောလိုက်တာ "
"ငါ ဘာမှမတင်ထားပါဘူး၊ဒီအတိုင်းသာမန် ပိုစတာလေးနှစ်ခုပဲဟာကြီးကို "
သူပြောနေရင်း အပြစ်ရှိသလိုခံစားရတာကြောင့် ဖုန်းalbumမှပရိုမိုရှင်းပိုစတာနှစ်ခုကိုရှာလိုက်ပြီး ချီးချန်အန်းကိုပြလိုက်သည်။
"ဒီနှစ်ခုလေးပါပဲ "
ချီချန်အန်း စခရင်ကိုကြည့်လိုက်တော့ ပထမပိုစတာတစ်ခုက ဖျော်ဖြေပွဲအတွက် ပရိုမိုရှင်းပိုစတာဖြစ်သည်။ နောက်ခံပုံကအတော်လေးကိုရိုးရှင်းလှသည်။ ဖျော်ဖြေပွဲကျင်းပမည့်မြို့၇မြို့ကို ကိုယ်စားပြုသည့်အမှတ်များကို မျဉ်းဖြောင့်များသုံးပြီး အသည်းပုံပုံဖော်ထားသည်။အသည်းပုံအလယ်ရှိ အမှတ်ဘေး၌ 'ချန်အန်း'ဟုရေးထားသည့် စာလုံးသေးသေးလေးနှစ်လုံးရှိနေသည်။
ပိုစတာ၏ဘယ်ဘက်ခြမ်း၌ မိုက်ကိုင်ထားသည့် ရွှီလော့ယန် တစ်ကိုယ်လုံးအပြည့်ပါသည့်ပုံရှိသည်။ပိုစတာ၏အောက်နား၌ 'ရွှီလော့ယန်ဖျော်ဖြေပွဲ'ဟုဒီဇိုင်းစာသားတစ်ခုရှိနေကာ သူကို့အံအားအသင့်ဆုံးအရာကတော့ ဖျော်ဖြေပွဲ၏နာမည်နေရာတွင့် 'ချန်အန်း'ဆိုသည့်စာလုံးနှစ်လုံးကိုရေးထားတာပဲဖြစ်သည်။
သူ့ သူငယ်အိမ်ကျုံ့သွားရပြီး ချီချန်အန်း စိတ်ထဲတစ်ခုခုကိုတွေးမိသွားကာ နောက်တစ်ပုံကိုအမြန်ကြည့်လိုက်သည်။albumအသစ်၏ပိုစတာ၌ အဖြူ၊အမည်း မျက်လုံးမှိတ်ထားသည့် ရွှီလော့ယန်၏ရှေ့ပိုင်းပုံဖြစ်ပြီး အတော်လေးကိုကြည့်လို့ကောင်းလှသည်။အောက်ညာဘက်ထောင့် albumနာမည်နေရာ၌ ချန်အန်း ဟုရေးထိုးထားသည်။
အားလုံးသူနာမည်တွေနဲ့...
ရွှီလော့ယန် နားရွက်တွေပူတတ်လာရသည်။
သူလေသံက နည်းနည်း တိုးပေမယ့် သူက စကားလုံးတစ်လုံးဆီတိုင်းကို အလေးအနက်ထားပြီး
"albumအသစ်ထဲက သီချင်းတွေအားလုံးကို ကိုယ်တိုင်ရေးထားတာ၊ငါပဲ စာသားရေးတဲ့သူ၊တေးရေးဆရာ၊စီစဉ်တဲ့သူနဲ့ပရိုဂျူဆာပဲ "
ပြောရင်း သူ တစ်ချက်ရယ်လိုက်ကာ ချီချန်အန်းကို စိုက်ကြည့်လိုက်သည်။
"မင်းကို ဒီalbumငါပေးချင်တယ်၊မင်းအတွက် ဖျော်ဖြေပွဲလုပ်ပေးချင်တယ်၊မင်းပေးတဲ့မိုက်ကို ငါကိုင်ပြီး ဖျော်ဖြေပွဲတိုင်း မင်းကို 'ချန်အန်း'ဆိုတဲ့သီချင်းကိုဆိုပြချင်တယ်၊သေချာနားထောင် လော့ယန်ကနေပြီးချန်အန်းအထိသွားတဲ့လမ်းတစ်လျှောက်ကို ပြီးတော့ မင်းရဲ့နှလုံးသားထဲကိုကောပေါ့"
သူ စကားပြောပြီးတာနဲ့ ချီချန်အန်းရဲ့ပွေ့ဖက်ခြင်းကိုခံလိုက်ရသည်။တဖက်လူ၏အားကမသေးလှပေ၊သူတို့နှစ်ယောက်ရဲ့အရေပြားတွေက ကင်းကွာခြင်းရှိမနေထိကပ်နေကြသည်။
ရွှီလော့ယန် အေးအေးဆေးဆေး ချီချန်အန်းပေါ်မှီထားသည်။
သူပြောစရာတွေအများကြီးရှိသေးပေမယ့်လည်း နောင်ဆုံးမှာတော့ သူပြောခဲ့သည့်စကား "ချန်အန်း ငါ့ မင်းကိုချစ်တယ်"ဆိုသည့် စကား၅လုံးသာဖြစ်လေသည်။
ချီချန်အန်း အသက်ရှုသံကတဖြည်းဖြည်းဆိုနင့်လာသည်။သူဘာစကားမှမဆိုဘဲ ရွှီလော့ယန် နှုတ်ခမ်းပါးတွေကိုသာ နမ်းရှိုက်လိုက်တော့၏။
-------------
Translated By IQ-Team.