အပိုင်း ၁၁၅
Viewers 22k

🍬Chapter 115


နောက်ဆုံးတွင် မုလန်က သူ့ဆံပင်ပုံစံကို ပြန်လည်ပြင်ဆင်ရန် ကူညီပေးပြီးနောက် ကျေနပ်စွာ ပြောလာခဲ့သည်။ 


"ဒါက အရမ်းကြည့်လို့ကောင်းတယ် ၃၆၀ ဒီဂရီလုံးလုံး ဓာတ်ပုံရိုက်ခံရရင်တောင် ပြဿနာမရှိဘူး" 


ထို့နောက် ထပ်ပြီးသတိပေးလိုက်သည်။


 "ဆုပေးပွဲမပြီးမချင်း ဆံပင်တွေကို လက်နဲ့ထိဖို့ ခွင့်မပြုဘူးနော် မှတ်ထား"


"သတိထားပါ့မယ် မထိပါဘူး...လုံးဝမထိဘူး" 


ရွှီလော့ယန်က တံခါးကို အကြိမ်နှစ်ဆယ်မြောက် စိုက်ကြည့်နေပြန်သည်။ ထိုအချိန်၌၊ ပိတ်ထားသည့် တံခါးကို အပြင်ကနေ ဖွင့်လိုက်ပြီး ချီချန်အန်းဝင်လာသည်ကို မြင်လိုက်ရ၏။


ဆူညံသံကိုကြားပြီး တံခါးဆီသို့ လှမ်းကြည့်လိုက်ရာ လုတိက ချီချန်အန်းကိုတွေ့လိုက်ရသဖြင်ပ ။သူ အံ့အားသင့်သွားကာ မနေနိုင်ဘဲဗြောင်ပင်ပြောချမိသွားသည်။ 


“ရှစ်၊ ပေါ်တင်ကို ခွေးစားလိုက်ကြဲနေတာပဲ"


သူက အရင်ဦးဆုံး၊ ချီချန်အန်း၏ လည်စည်းနှင့် အဝတ်အစားကို ကြည့်သည်။ ထို့‌နောက် ရွှီလော့ယန်အား လှည့်ကြည့်ပြန်သည်။ အနက်ရောင် လက်လုပ်ဝတ်စုံ၊ အဖြူရောင်ရှပ်အင်္ကျီနဲ့ အနက်ရောင် လည်စည်းတို့က တစ်စုံတည်းလိုပင် တူညီနေလေသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ၊ ရွှီလော့ယန်၏ အဝတ်အစားများတွင် အိုင်းရစ်ပန်းများကို အလှဆင်သည့်အရာအဖြစ် အသုံးပြုထားပြီး ချီချန်အန်း၏အဝတ်အစားများတွင် အနက်ရောင်ချည်ထိုးများ၊ လက်ကြယ်သီးများနှင့် နက်ကတိုင်ညှပ်များက ပန်းဝါလေးများပွင့်သည့် ရွက်ချွန်းချုံပင်များပုံစံပြုလုပ်ထားလေသည်။ 


တူညီသည့်အဝတ်အစားများကိုဝတ်တာက ကြောက်စရာမဟုတ်၊ နှစ်ဦးထဲတွင် ပို၍မလိုက်ဖက်သည့်သူက အရှက်ရလိမ့်မည်ဟု ပြောလေ့ရှိကြသည်။ သို့သော် ကြည့်ကောင်းသောလူနှစ်ဦးက ယှဉ်တွဲရပ်နေပါလျှင်မူ သက်ရောက်မှုက နှစ်ဆဖြစ်သွားပေလိမ့်မည်။


ချီချန်အန်းက အခြားသူများ၏မျက်လုံးမှအကြည့်များကို သတိမထားမိဘဲ ရွှီလော့ယန်၏ အနီးတွင် သွားရပ်ကာ "အဆင်သင့်ဖြစ်ပြီလား" ဟု မေးလိုက်သည်။


"အင်း၊ အဆင်သင့်ပဲ" 


ရွှီလော့ယန်က ချီချန်အန်းအား စိတ်အေးလက်အေးသဏ္ဍာန်ဖြင့် ပြုံးပြလိုက်ပေမယ့်၊ ပြုံးပြနေရင်းဖြင့် သူက အားလျော့သွားရကာ 


"မလုပ်နိုင်ဘူး၊ ငါ မလုပ်နိုင်ဘူး မနေ့ကကတည်းကစိတ်ပူနေတာ"


အဝတ်လဲခန်းထဲတွင် အခြားမည်သူမျှမရှိပေ။ ချီချန်အန်းက ရွှီလော့ယန်၏လက်လေးကိုကိုင်လိုက်ရင်း၊ သူ့နားထဲ တီးတိုးပြောလိုက်လေသည်။ 


"ကိစ္စမရှိပါဘူး ကိုယ် အဲ့ဒီမှာ ရှိနေပေးမယ်"


ရွှီလော့ယန်လည်း အသံတိုးတိုးလေးဖြင့် "ကောင်းပြီလေ၊ ငါစိတ်လှုပ်ရှားလာရင် ခေါင်းလှည့်ပြီး မင်းကိုကြည့်လိုက်မယ်"


ဤနည်းလမ်းသည် အလွန်ကိုမှအသုံးဝင်လေသည်။ သူက ကော်ဇောနီပေါ်တက်ပြီး မရေမတွက်နိုင်သော မှိတ်တုတ်မှိတ်တုတ် မီးရောင်များဖြင့် လူအများကို ဝေဝါးဝါးမြင်နေရသောအခါ ရွှီလော့ယန်က ဘေးနားရှိ ချီချန်အန်းအား မသိလိုက်ဘာသာဖြင့် စိုက်ကြည့်မိကာ နောက်ဆုံးတွင် သူ၏ အလွန်မြန်ဆန်နေသော နှလုံးခုန်နှုန်းကအနည်းငယ် နှေးကွေးသွားရသည်။ အသက်ပြင်းပြင်းရှူပြီး ကင်မရာကို သူ၏မူပိုင်အပြုံးလေးဖြင့် မျက်နှာမူလိုက်သည်။


ယခု၊ ဖလန်းဒါးစ်မြို့၏အချိန်သည် ညနေခြောက်နာရီဖြစ်ပြီး တရုတ်နိုင်ငံတွင် နံနက်ရှစ်နာရီကျော်သာရှိသေးသည်။ ဤနေ့မှာ အလုပ်သွားရမည့်နေ့ဖြစ်ကြောင်း ထင်ရှားသော်လည်း တိုက်ရိုက်ထုတ်လွှင့်သည့် ပလက်ဖောင်းပေါ်ရှိ လူအရေအတွက်က သန်းဆယ်ဂဏန်းကျော်သွားခဲ့သည်။ ချီချန်အန်းနှင့် ရွှီလော့ယန်တို့ စခရင်ပေါ်တွင် ပေါ်လာသောအခါ၊ ကောမန့်များက ဝုန်းခနဲ ထိုးတက်လာပြီး တိုက်ရိုက်ထုတ်လွှင့်မှုပင် လိုင်းကြပ်၍ နှေးကွေးသွားရသည်။


"-အာာာာာာာာာာာာာာာာာာာားးးးးးးးးးးးးးးးးးစုံတွဲဝတ်စုံဟေ့ ငါရူးတော့မယ်"


"-Stu ရဲ့ နောက်ဆုံးထွက် ဆောင်းဦးနဲ့ ဆောင်းရာသီဝတ်စုံ၊ပန်းအပြင်အဆင်နဲ့ ရွှီလော့ယန်က ဒီဝတ်စုံကို Silver Awards မှာ ဝတ်မယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် သူ အိုင်းရစ်ပန်းကို ရွေးမယ်လို့ မမျှော်လင့်ထားဘူး အရမ်းလှတာပဲ၊ screenshot ရိုက်နေတာကို ငါမရပ်တန့်နိုင်တော့ဘူး"


"-ငါ့ရဲ့ ကုချန်cp က တစ်နေရာတည်း ရှိနေတာ အိုင်းရစ်ပန်းနှင့် ရွက်ချွန်းပင် သူတို့နှစ်ဦးအတူတူမတ်တပ်ရပ်နေကြတာက တကယ်ကို တောက်ပနေတာပဲ သူတို့ရဲ့ လှပမှုနဲ့အပြင်အဆင်က ထိပ်ဆုံးမှာပဲ"


"—ဇနီးမောင်နှံရဲ့ ဝတ်စုံတွေနဲ့ ကော်ဇောနီပေါ်မှာ အတူတူလျှောက်လာကြတာက မင်္ဂလာပွဲနဲ့တူတယ်လို့ ထင်နေတာ ငါတစ်ယောက်ပဲလား ဟုတ်ပါပြီ၊ စိတ်မကောင်းပါဘူး ဘေးမှာ ရပ်နေတဲ့ ဒါရိုက်တာကျန်းရေ၊မင်းကို လျစ်လျူရှုထားမိပြီ"


"—ရုပ်ရှင်တစ်ကားမှာ အမျိုးသားဇာတ်ဆောင်နှစ်ယောက်က အကောင်းဆုံးဇာတ်ဆောင်ဆုအတွက် တစ်ပြိုင်နက်တည်း လျာထားခံရတယ် တစ်ယောက်နဲ့တစ်ယောက် ချစ်ကျွမ်းဝင်ပြီးမှ သတ်ဖြတ်နေကြသလိုမျိုး ဘာကို မျှော်လင့်နိုင်ဦးမှာလဲ"


ကော်ဇောနီပေါ်၊ သူတို့ သုံးယောက် တက်လိုက်ဆင်းလိုက်ဖြင့်၊ လမ်းလျှောက်ပြီး ဆယ်မိနစ်နီးပါး အချိန်ယူပြီး ကင်မရာကို ကြည့်လိုက်တော့ ရွှီလော့ယန်ရဲ့ မျက်နှာဟာ ရယ်မောချင်စိတ်ကို ထိန်းထားရသည့်အတွက် တောင့်တင်းနေပြီဖြစ်သည်။


ဆောင်းရာသီ၌ တိုက်ခတ်သည့်လေက အလွန်အေးလှသည်။ ဓာတ်ပုံရိုက်သည့်အခါ ချီချန်အန်းက ခြေလှမ်းတစ်ဝက်လောက် ရွှေ့ပြီး ရွှီလော့ယန်အား လေအေးများမှ ပိတ်ဆို့ပေးလိုက်သည်။


ဒါရိုက်တာကျန်းက ထိုအခြင်းအရာကို တွေ့ရှိသွားပြီးနောက် အရှိန်လျှော့ကာ၊ ကင်မရာဘောင်ထဲသို့ ဝင်မလာဘဲ၊ ချီချန်အန်းနှင့် ရွှီလော့ယန်တို့ကို နှစ်ယောက်တည်း ဓာတ်ပုံများစွာရိုက်ခွင့်ပေးခဲ့သည်။


ချီချန်အန်းအား အနောက်တိုင်းမီဒီယာများက ရင်းနှီးပြီးသားဖြစ်သောကြောင့် ဘာသာစကားအမျိုးမျိုးဖြင့် "ချန်အန်း၊ ဒီမှာကြည့်ပါ" ဟု အော်ခေါ်နေကြသည်။


ထို "ချန်အန်း" ဟုခေါ်လိုက်သည့်အသံထွက်များကလည်း အလွန်ပီသနေလေ၏။


ရွှီလော့ယန်က ထိုကဲ့သို့‌ခေါ်ဆိုသံအား ရှင်းရှင်းလင်းလင်းကြားရလေလေ၊ ပို၍ပင် တောက်ပစွာ ပြုံးလာလေ၏။ ချီချန်အန်းက ကင်မရာဘက်ကို ကြည့်လိုက်ပြီး သူ့အား အသံကိုနှိမ့်ကာမေးလာသည်။


 "အရမ်းကို ပျော်နေတယ်ပေါ့" 


"အင်း" ရွှီလော့ယန်က ကင်မရာကို မျက်နှာမူပြီး နူးနူးညံ့ညံ့လေး ပြန်ဖြေလာသည်။ 


"မင်းကို သဘောကျပြီး၊ အားပေးနေတဲ့သူတွေ အများကြီးရှိတယ် ငါ့ရဲ့ ချီချီက အရမ်းတော်တာပဲ ငါအရမ်းပျော်တာပေါ့"


သူ့နှလုံးသားက နူးညံ့သည့်တိမ်တွေထဲ နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။ ဓာတ်ပုံရိုက်နေသည်ကို အခွင့်ကောင်းယူပြီး ချီချန်အန်းက ရွှီလော့ယန်၏ပခုံးပေါ် သူ့လက်ကို တင်လိုက်သည်။ ကင်မရာကို မျက်နှာမူလိုက်ကာ၊ ဖြူဖျော့နေသည့် နှုတ်ခမ်းထောင့်များ၌၊ အပြုံးလေးတစ်ခု ပေါ်လာလေ၏။


တစ်ချိန်တည်းမှာပင်၊ ပြည်တွင်းတိုက်ရိုက်ထုတ်လွှင့်သည့်ပလပ်ဖောင်းများတွင် ကင်မရာမှ ရွှီလော့ယန်နှင့် ချီချန်အန်းတို့ဘက်ကို လှည့်ပြလိုက်သည့်အချိန်တိုင်း ကောမန့်များက အရူးအမူးတိုးလာမည်ဖြစ်သည်။


"—ငါ့နှာခေါင်းသွေးတွေက မြစ်တစ်စင်းလိုပဲ စီးကျနေပြီ။ အဝတ်ဗီရိုတံခါးက ဘယ်မှာလဲ ငါရှာမတွေ့ဘူး"


"—မင်းတို့ အရမ်းရင်းနှီးနေတာကို ငါမယုံနိုင်သေးဘူး ဒါပေမယ့် ချန်အန်းနဲ့လော့ယန် နှစ်ယောက်လုံးက အရမ်းချောတာပဲ၊ ပွင်း...ပွင်း မျက်နှာလေးတွေကလည်း လိုက်ဖက်ညီနေရော ငါတော့ ရှေးဟောင်းမြို့တော် CP ရဲ့ တွင်းနက်ကြီးထဲကို ရောက်သွားသလို ခံစားရတယ်"


"—မစ္စတာချီက အရင်က ကော်ဇောနီပေါ် လျှောက်တုန်းက လုံးဝမပြုံးဘူး ဆုပေးပွဲ ဘယ်လောက်ပဲ အဆင့်အတန်းမြင့်နေပါစေ၊ သူက အမြဲတမ်း အေးတိအေးစက်နဲ့ အမူအယာလည်းမရှိဘူး တကယ်ပဲ CP ရှိတဲ့သူတွေကကွဲပြားကြတာပဲ"


"—ကျေးဇူးပြုပြီး လက်ထပ်လိုက်ကြပါတော့ လက်ထပ်လက်မှတ်ရဖို့ ငွေကို ငါတို့ အလှူခံပေးပါ့မယ် ငါ မင်းတို့ကို ပြားကိုးဆယ်ထည့်ပေးမယ်"


ကော်ဇောနီကို လမ်းလျှောက်ပြီး ခန်းမထဲဝင်သွားတော့ အပူချိန်ကွားခြားချက်က တော်တော်လေး ကွာဟလေသည်။ ရွှီလော့ယန်က ချက်ချင်းပင် နှာချေလိုက်ရာ၊ သူ့မျက်လုံးထဲမှ မျက်ရည်တချို့စိမ့်ထွက်လာပြီး သနားစရာလေးဖြစ်သွားလေသည်။


ချီချန်အန်းက ရွှီလော့ယန်၏ မျက်ရည်တို့ဖြင့် စိုစွတ်နေသော မျက်လုံးများကို သုတ်ပေရန် စိတ်အားထက်သန်မှုကို တောင့်ခံလိုက်ကာ၊ "တံခါးနားက လေပြင်းတယ်၊ အထဲဝင်ကြရအောင်" ဟုသာ တိုးတိုးလေး ပြောလိုက်သည်။


ဤတစ်ကြိမ်တွင် သူတို့ သုံးဦးသာ "မတူညီသောလမ်းနှစ်သွယ်" အဖွဲ့အစား ပွဲတက်လာခြင်းဖြစ်သည်။ ထိုင်ပြီးနောက် ရွှီလော့ယန်က ဆုပေးပွဲမစတင်မီ အထူးအအေးပျောက်ဆေး နှစ်လုံးကို သောက်လိုက်သည့်အတွက် ဖြည်းဖြည်းချင်း သက်သာလာခဲ့သည်။


အချိန်ကြာလာသည်နှင့်အမျှ ခန်းမထဲက ထိုင်ခုံများမှာ တဖြည်းဖြည်း ပြည့်လာခဲ့သည်။ ရွှီလော့ယန်က သူ့မေးကိုလက်နှစ်ဖက်ဖြင့်ထောက်ထားကာ မှိန်းနေလေ၏။ ချီချန်အန်းက သူ့ကို ခေါ်နေသလိုကို ခံစားလိုက်ရတဲ့အခါ သူက မျက်လုံးတွေကို ဖွင့်လိုက်၏။ 


"ချန်အန်း"


"အင်း ကိုယ်ဒီမှာ ရှိတယ်" 


ချီချန်အန်းက သူ၏ရှုပ်ပွနေတဲ့ ဆံပင်ဘေးဘက်လေးများကို ပြန်၍ သပ်စပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်ပေးလိုက်ကာ "ပွဲစတော့မယ်" ဟု သတိပေးလေ၏။


ထိုစကားလုံးလေးလုံးကို ရှင်းရှင်းလင်းလင်းကြားလိုက်ပြီးနောက် ရွှီလော့ယန်က ချက်ချင်းနိုးလာပြီး တည့်တည့်မတ်မတ်ထိုင်လိုက်သည်။ သိပ်မကြာခင်ပင်၊ ခန်းမထဲမှ မီးရောင်များမှိန်သွားပြီး စင်ပေါ်က ကန့်လန့်ကာက တဖြည်းဖြည်းပွင့်လာလေသည်။


ဆုပေးပွဲစင်မြင့်ကိုကြည့်လိုက်တော့ ငွေရောင်ဆုကြေးရုပ်ကြီးအပေါ်သို့ အလင်းတန်းတစ်ခုက တန်းတန်းမတ်မတ်ကျသွားလေ၏။ ရွှီလော့ယန်က သူ၏ပို၍ပို၍မြန်လာသည့်နှလုံးခုန်သံကို ကြားနေရပြီး ကိုယ့်ကိုယ်ကို စိတ်ထဲမှာ တီးတိုးရေရွတ်မိသည်။  


"ဆုကို ချန်အန်း ရလိမ့်မယ်လို့ ငါမျှော်လင့်တယ် ငါက သူ့ရဲ့ဆုကို ထိကြည့်လို့ရတာပဲလေ" 


ပွဲစပြီး ဆယ်မိနစ်လောက်မှာ အခမ်းအနားမှူးက လေထုကို အသက်ဝင်စေရန်အတွက် စင်ပေါ်မှာ ရပ်နေချိန်၊ ရွှီလော့ယန်က မနေနိုင်ဘဲ စိတ်ထဲမှ 'မြန်မြန်သာဆင်းသွားပါတော့' ဟု ဆုတောင်းနေမိသည်။ ဆုရထားသည့် ဧည့်သည်များ အတူတကွ မတ်တပ်ရပ်၍ ကျေးဇူးတင်စကားများ ပြောဆိုနေကြစဉ်လည်း သူ့စိတ်ထဲ "မြန်မြန်ဆင်းပါတော့' ဟုသာ ရေရွတ်နေမိသည်။ သူလေးစားသဘောကျရတဲ့ မင်းသားတစ်ယောက် ဆုရပြီး၊ မိုက်ခရိုဖုန်း မတ်တတ်ရပ်စင်နောက်မှာ ရပ်ပြီး ဆုလက်ခံစကားပြောနေတာတောင် သူက 'မြန်မြန်သာ ဆင်းသွားပါတော့' ဟုသာ ဆက်လက်ဆုတောင်းနေမိ၏။


ငါ့မိသားစုက ချီချန်အန်းလေး ဆုရတာကို မြင်‌ချင်နေပြီ...


ရွှီလော့ယန်က အမူအရာမပြောင်းမလဲဖြင့်၊ သူ၏မူပိုင်အပြုံးကို ကောင်းမွန်စွာထိန်းသိမ်းထားသော်လည်း ချီချန်အန်းက သူ၏စိုးရိမ်ပူပန်မှုကို သတိပြုမိသည်။ ထို့ကြောင့် မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် သူ့လက်ကို အသာလေး လျှို့ဝှက်စွာ ဆုပ်ကိုင်လာ၏။ စက္ကန့်အနည်းငယ်ကြာပြီးနောက်၊ လက်လွှတ်ခါနီးတွင် ရွှီလော့ယန်က သူ့လက်ကို ပြန်၍ တင်းတင်းဆုပ်ကိုင်ထားသည်အား ခံစားလိုက်ရသည်။ ချီချန်အန်းကအနည်းငယ် အကူအညီမဲ့သလို ခံစားလိုက်ရသော်လည်း ရွှီလော့ယန်အား လက်ကိုဆက်ကိုင်ထားစေခဲ့သည်။


ကြီးကျယ်ခမ်းနားသော ဆုများကို တစ်ခုပြီးတစ်ခု ချီးမြှင့်နေစဉ်၊ ဆုပေးပွဲရှိ အငွေ့အသက်များက တဖြည်းဖြည်း ပြင်းထန်တင်းမာလာသည်။ ကင်မရာက သူ့ကို ရိုက်နေမှန်း ရွှီလော့ယန် သိထားပေမယ့် သူ လုံးဝ မရယ်နိုင်ပေ။ သူက အရမ်းကို စိတ်လှုပ်ရှားနေလေ၏။ နှလုံးဖောက်တော့မတတ်ပင်။


သူ့လက်ဖဝါးက ချွေးများထွက်နေသည်ကို ခံစားရသည်တွင် ရွှီလော့ယန်က ချီချန်အန်းအနား ဖြည်းဖြည်းချင်း တိုးကပ်လာပြီး "ချန်အန်း၊ ငါ စိတ်တွေ လှုပ်ရှားနေတယ်" ဟု တိုးတိုးလေးပြောလိုက်သည်။ 


သူ့လေသံထဲတွင် သူကိုယ်တိုင်ပင်မသိလိုက်ပါဘဲ အားကိုးတကြီးဖြစ်နေသည့်အရိပ်အယောင်များက ထင်ဟပ်နေ၏။


ချီချန်အန်းက သူ့လက်ချောင်းတွေကို ဆုပ်ကိုင်ထားပြီး သာသာလေးပြုံးကာ " စဉ်းစားကြည့်လိုက် ဒီဆုပေးပွဲပြီးရင် ကိုယ့်အစ်ကို့ကို သွားတွေ့ရမှာလေ"


! !


ထိုနည်းလမ်းက အံ့ဖွယ်အကျိုးသက်ရောက်မှုရှိလေ၏။ သူ၏ မိဘများနှင့် တွေ့ဆုံရန်အတွေးအား ရွှီလော့ယန်စဉ်းစားမိသည့်အခါ ရုတ်တရက် "ဒါက ဆုပေးပွဲ‌လေးပဲ မဟုတ်ဘူးလား စိတ်လှုပ်ရှားစားစရာ ဘာရှိလို့လဲ..." ဟုပင် တွေးမိသွားသည်။ 


တစ်ဖက်မိသားစုကိုသွားတွေ့ရတာလောက် ကြောက်စရာကောင်းတာလား .. လုံးဝမဟုတ်ဘူးပေါ့...


ထို့ကြောင့် သူက ချက်ချင်းပင် စိတ်ရှုပ်ထွေးသွားပြီး ငြိမ်သက်သွားသည်။


အကောင်းဆုံး ဒါရိုက်တာဆုကို စင်မြင့်ပေါ်တွင် ချီးမြှင့်ခဲ့ပြီး ဆုရရှိသူမှာ အသက်နှစ်ဆယ့်လေးနှစ်သာရှိသေးသည့် လူငယ်ဒါရိုက်တာတစ်ဦးဖြစ်သည်။ 


သူသည် မိုက်ခရိုဖုန်းခုံ၏နောက်တွင် ရပ်လိုက်ပြီး သူ့ဝတ်စုံအိတ်ထဲမှ လက်ဖဝါးအရွယ် စာရွက်တစ်ရွက်ကို ဂရုတစိုက်ထုတ်ကာ 


"ဒါက စကားလုံးတွေကို မတော်တဆ မေ့သွားတာကနေ ကာကွယ်ဖို့ ငါလုပ်ထားတဲ့ ပြင်ဆင်မှုပဲ အခု ကြည့်ရတာတော့ ဒီပြင်ဆင်မှုက တကယ်ကို လိုအပ်တာပဲ ဒီမှာရပ်နေရလို့ ငါ့စိတ်တွေ ဗလာဖြစ်သွားပြီလေ"


ရွှီလော့ယန်က ရယ်‌ပြီး ဝမ်းသာအားရ လက်ခုပ်တီးသည်။


ဆုလက်ခံစကားပြောအပြီးမှာတော့ ခန်းမက တိတ်ဆိတ်သွားပြီး ဆုပေးပွဲစင်မြင့်ပေါ်၌ အခမ်းအနားမှူးက ရပ်နေလေ၏။ 


" အားလုံးသိထားကြတဲ့အတိုင်း၊ နောက်ထပ် ပေးမယ့်ဆုက အကောင်းဆုံးဇာတ်ဆောင်မင်းသားနဲ့ အကောင်းဆုံးဇာတ်ဆောင်မင်းသမီးဆုပါပဲ"  


သူက စင်အောက်ကို ဝိုက်ကြည့်လိုက်ကာ၊ ပြုံး၍၊ 


 "ကောင်းပါပြီ၊ ကျွန်တော် ထပ်ပြီး စကားတွေရှည်မနေတော့ဘူး မဟုတ်လို့ကတော့ ပရိသတ်က အရမ်းကို မကျေမနပ်ဖြစ်နေလိမ့်မယ်" 


ထို့နောက်၊ သူက အလွန်အမင်းချဲ့ကားသည့် အမူအရာနှင့် လေယူလေသိမ်းဖြင့်  


"အဲဒီ့အခမ်းအနားမှူးက ဘာဖြစ်နေတာလဲ၊ ငါတို့ သူတို့ကိုမကြည့်ချင်နေပါဘူးနော် ငါတို့က ဆုကို ဘယ်သူရသွားလဲ သိချင်တာပါ" ဟု ပြောလေ၏။


သူက သူ၏လက်နှစ်ဖက်ကို ဖြန့်ပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး စင်အောက်မှ ပရိသတ်များက ရယ်မောရင်းဖြင့် လက်ခုတ်တီးပေးလေ၏။


"ကောင်းပါပြီ၊ အခု ဒီဆုကို ပေးအပ်ဖို့အတွက် ဂျူလီယမ်ခရမ်စတွန်ကို စင်မြင့်ပေါ်သို့ ဖိတ်ကြားအပ်ပါတယ်" 


ထိုအမည်ကို ကြားသောအခါ တစ်ဖက်လူက မနှစ်က Grand Slamဆုပေးပွဲ၏ အကောင်းဆုံးဇာတ်‌ဆောင်မင်းသမီး ဖြစ်သည်ကို ရွှီလော့ယန် လျင်မြန်စွာ အမှတ်ရသွားသည်။ ချီချန်အန်းကဲ့သို့ပင်၊ ဇာတ်ညွှန်းတစ်ခုတည်းဖြင့် သူသည် ယမန်နှစ်တွင် အဓိကရုပ်ရှင်ပွဲတော်များအားလုံး၌ ဆုများသိမ်းပိုက်နိုင်ခဲ့သည်။


လွန်စွာ တင်းမာနေသည့် အခိုက်အတန့်ဖြစ်ကြောင်း၊ သိသာထင်ရှားလှသော်လည်း ရွှီလော့ယန်၏ အတွေးများက တရွေ့ရွေ့ လွင့်ပါးသွားသည်။ သူ့အထင် ယခင်က ချီချန်အန်း ဆုလက်ခံရယူစဉ်က သူ၏ ဆုပေးပွဲအတွက် ကျေးဇူးတင်စကားများက အလွန်တိုနေပုံရသည်။ ၎င်းစာသားများက စာကြောင်းတစ်ကြောင်း သို့မဟုတ် နှစ်ကြောင်းလောက်ဖြင့် ပြီးသွားခဲ့သည်။ ဘာမှ များများစားစား မရှိပေ။


သို့ပေမယ့် သူက အရမ်းချောသည့်အတွက် ပရိသတ်များက မျက်တောင်ပင် မခတ်လိုပေ။


အာရုံပျံ့လွင့်နေသည့် အချိန်တိုလေးအတွင်း ကြမ်းပြင်ထိရှည်သည့် အနီရောင်ဝတ်စုံရှည်ကို ၀တ်ဆင်ထားသည့် ဂျူလီယန်က ဆန်ကာတင်စာရင်းကို ကြေငြာနေလေပြီ။ 


"..မျှော်လင့်ချက်မဲ့ရွှံ့နွံမှ လူးဝစ်ကာလ်တွန်၊ မိုးကုတ်စက်ဝိုင်းမှ ဝိန်းကားလို့စ်၊ လျှို့ဝှက်ဆန်းကြယ်ကျွန်းမှ လွတ်မြောက်ခြင်း မှ ဒေးဗစ်စကိုဖီးလ်၊ မတူညီသောလမ်းနှစ်သွယ်မှ ချီချန်အန်း၊ မတူညီသောလမ်းနှစ်သွယ်မှ ရွှီလော့ယန်" 



————


ရွှီနျောင်နျောင်ရဲ့ ခံစားချက်သေးသေးလေး' 



ငါအရမ်းစိတ်လှုပ်ရှားနေတယ် QAQ



-------


စာရေးသူမှာ ပြောစရာတစ်ခုရှိတယ်:


စူးရှတဲ့ နှလုံးသားထက် သာလွန်တဲ့ မျက်ဝန်းလေးတွေ ~ မင်္ဂလာညနေခင်းပါ နတ်သမီးလေးတွေ ~ ချစ်တယ် ~


__