အပိုင်း ၁၁၃
Viewers 22k

Chapter 113


ချီချန်အန်းက သူ့ကိုယ်‌အားသိုင်းဖတ်လိုက်ကာ၊ သူ့အပြုံးကမူပို၍ကြီးမားလာခဲ့သည်။ 


"ကောင်းပါပြီ စိတ်မဆိုးပါနဲ့ကိုယ့်အပြစ်ပါ..."


သူ့မျက်နှာကိုချီချန်အန်း၏ ပခုံးထက်အပ်ထားသဖြင့်၊ သူ၏ နီရဲနေသော နားရွက်ထိပ်ဖျားလေးများကိုသာ မြင်နေရပြီး ရွှီလော့ယန်က ညည်းညူလိုက်သည်။ 


"ကောင်းပြီလေ ငါအခုမှ နည်းနည်းလေး စိတ်ပြေတာနော်..."


နှစ်ဦးသားက ထိုကဲ့သို့အနေအထားဖြင့် အလင်းရောင်မှိန်ပျပျကားပေါ်တွင် ထိုင်နေကြသည်မှာ၊ ကျန်းသုန့်လာပြီး ကားတံခါးခေါက်သည့်အချိန်ထိပင်။ တံခါးခေါက်သံကြား၍ အချိန်ပြည့်သွားကြောင်းသတိထားမိကာ၊ ရွှီလော့ယန်က တည့်တည့်မတ်မတ်ပြန်ထိုင်လိုက်ပြီး သူ၏ရွဲ့စောင်းနေသည့် အင်္ကျီတို့ကို သေသေသပ်သပ်ပြန်ပြုပြင်လိုက်သည်။ ထို့နောက်၊ မသင့်တော်သည့်ပုံစံတစ်ခုမှမရှိဘဲ၊ ချီချန်အန်းသည်လည်း သင့်တော်သည့်ပုံစံပေါက်နေသည်ကို သေချာသည့်အခါမှသာ၊ သူက ကားတံခါးကိုဖွင့်လိုက်သည်။


ကျန်းသုန့်က သူ့အားကြည့်ကာ၊ ခဏလောက်တုံ့ဆိုင်းနေပြီးမှ၊ အကြံပေးလာသည်။ 


"မင်း မနက်ဖြန် အင်တာဗျူးရှိတယ်... ဒီတော့ ဘာခြေရာလက်ရာမှ မကျန်ခဲ့စေနဲ့ ကျန်တာတော့ မင်းသဘောပဲ..."


ထိုသို့ပြောပြီးနောက် သူက လုတိကိုခေါ်ကာ၊ ကားမောင်းသူနေရာနှင့်၊ ရှေ့ခန်းမှ ဧည့်ထိုင်ခုံတွင် အသီးသီးဝင်ထိုင်လိုက်ပြီး အလယ်မှ ကန့်လန့်ကာကိုလည်း အလိုက်တသိဖြင့် ဆွဲတင်ပေးလိုက်သည်။


သို့သော်လည်း၊ ကားက ဝေးဝေးသို့မရောက်သေးခင်ပင်၊ ပြင်းထန်သည့် အအေးမိပျောက်ဆေး၏အစွမ်းက ကုန်သွားသည့်ထင်၊ ရွှီလော့ယန်က ချောင်းဆိုးနှာချေပြန်ဖြစ်လာကာ၊ မျက်ရည်တို့ရစ်ဝဲနေသော မျက်လုံးများဖြင့် အလွန့်အလွန်သနားစဖွယ်လေးဖြစ်သွားလေသည်။


သူ၏နဖူးအား လက်ဖြင့်စမ်းသပ်ရင်း ချီချန်အန်း၏မျက်ခုံးတို့ တွန့်ကွေးသွားရသည်။ 


"ဘယ်လိုဖြစ်ပြီး ဒီလောက် ပြင်းပြင်းထန်ထန်အအေးမိသွားရတာလဲ..."


" E နိုင်ငံမှာက အရမ်းအေးတယ်လေ..." ရွှီလော့ယန်က ချောင်းအသာလေးနှစ်ချက်လောက်ဆိုးကာ၊ အနည်းငယ်မျှ အနားသို့ တိုးကပ်လာခဲ့၏။ 


"မစ္စတာနတ်ဆိုးဆီက အနမ်းလေးတစ်ပွင့်လောက်ရလိုက်ရင်၊ သက်သာသွားမလားမသိဘူး..."


"ကောင်းပါပြီ..." ပြုံးလျက်ဖြင့်၊ ချီးချန်အန်းက ရွှီလော့ယန်၏နဖူးလေးကို နမ်းလိုက်သည်။ 


"နျောင်နျောင် မြန်မြန်သက်သာလာပါစေ..."


ထို့နောက်၊ ရွှီလော့ယန်က ချီချန်အန်း၏ ပခုံးထက်လှဲလျောင်းကာ၊ အိပ်ငိုက်နေတော့သည်။ ကားက Brighton ဟိုတယ်၌ရပ်လိုက်သည့်အခါ၊ သူက ‌အိပ်ချင်မူးတူးဖြင့် နောက်မှလိုက်သွားလေသည်။ ထို့နောက် သူက ကျန်းသုန့်၏ သတိပေးချက်ကို ထပ်ကြားလိုက်ရသည်။ 


"အိပ်ရာမဝင်ခင်၊ ဆယ်မိနစ်လောက် live လွှင့်လိုက်ဦး... မင်းရဲ့ ပရိသတ်တွေစောင့်နေတယ်... ပြီးတော့ ဆေးသောက်ဖို့လည်း မမေ့နဲ့ဦး..."


ရွှီလော့ယန်က မူးနောက်နေသည့် သူ့နဖူးကိုလက်ဖြင့်ပုတ်လိုက်ကာ၊


 "ကောင်းပါပြီ...ကျွန်တော် မှတ်ထားပါ့မယ်..."


Brighton ဟိုတယ်၏အပေါ်ဆုံးထပ်ရှိ suite သို့လျှောက်လာရင်း၊ သူက ထိုအခန်းမှာ ဖန်းချန်တွင် သူနေခဲ့သည့်အခန်းနှင့် ဆင်တူနေကြောင်းသိလိုက်ရသည်။ အလှဆင်ထားသည်ကပင် တစ်ပုံစံတည်းပင်။ ရွှီလော့ယန်က ဆိုဖာပေါ်တွင် ပစ်လှဲချလိုက်ပြီး၊ အားအင်များလုံးဝကုန်ဆုံးသွားတော့သည်။ ထို့နောက် စိတ်လွတ်ကိုယ်လွတ်ဖြင့် ငေးကြောင်နေပြီးသည့်အခါတွင်၊ ဆိုဖာ၏နောက်မှီအား အားယူ၍ကုန်းထကာ၊ ခပ်လှမ်းလှမ်း၌ရှိနေသော ချီချန်အန်းထံ လှမ်းပြောလိုက်သည်။ 


"ချန်အန်း၊ ငါ live စလွှင့်တော့မယ်နော်...ဆယ်မိနစ်အတွင်း ပြီးမယ်..."


Live လွှင့်သည့်အခန်းထဲသို့ဝင်လိုက်ရာ၊ ညာဘက်အပေါ်ထောင့်နားတွင်၊ ဝင်ရောက်ကြည့်ရှုသူမှာ ဂဏန်းခုနစ်လုံးခန့်ပင်ရှိနေပြီဖြစ်ကြောင်းတွေ့လိုက်ရသည်။ 


ကင်မရာကို မျက်နှာမူကာ ရွှီလော့ယန် ပြုံးပြလိုက်သည်။ "ကောင်းမွန်သော ညနေခင်းလေးပါ၊ ငါ့ရဲ့ နတ်သမီးလေးတွေ..." 


ထို့နောက် ကောမန့်နေရာတွင် 'မင်္ဂလာညနေခင်းပါ' ဟူသော ကောမန့်များ ဆန်တက်လာသည်ကိုမြင်ရပြီး၊ သူ၏လေသံမှာ ‌သက်တောင့်သက်သာပြေလျော့သွားပြီးနောက်၊ စကားများတော့လေသည်။ 


"ငါ ဒီနေ့ နည်းနည်းအအေးမိသွားတယ်... အဲ့ဒါကြောင့်၊ ခဏခဏ ချောင်းဆိုး၊နှာချေနေပေမယ့် စိတ်မပူကြပါနဲ့... အဲ့ဒါက ရာသီဥတုအေးတာကြောင့်မို့လို့ပါ... ငါမကြာခင် ပြန်ကောင်းလာမှာ... ဒီတော့ မင်းတို့အားလုံးကို ပြောပြချင်တာက နွေးနွေးထွေးထွေးနေကြ၊ အထူးသဖြင့်၊ အခုက ဆောင်းတွင်းဝင်လာပြီလေ..."


ကောမန့်များက ထွက်ပေါ်လာသည်မှာမြန်ဆန်လွန်းလှသဖြင့်၊ ရွှီလော့ယန်က လိုက်၍ဖတ်မနိုင်တော့ပေ။ သို့နှင့် သူက လွတ်လွတ်လတ်လတ်ဆက်ပြောနေလေ၏။ 


"ငါ ဒီနေ့ဆုရတာကို အရမ်းစိတ်လှုပ်ရှားနေတုန်းပဲ မင်းတို့ အမြဲတစေအားပေးနေပေးတာကို ကျေးဇူးတင်ပါတယ် ငါမနက်ဖြန် အင်တာဗျူးတစ်ခုရှိတယ် အဲ့ဒါပြီးရင်တော့ Flanders ရုပ်ရှင်ပွဲတော်ကို တိုက်ရိုက်သွားရမှာ ရှုခင်းပုံတစ်ချို့ကို ငါသေချာရိုက်လာပြီး မင်းတို့ကို ပြမယ်လေ.........ဟုတ်တယ် ချန်အန်းနဲ့ငါရိုက်ထားတဲ့ ရုပ်ရှင် "မတူညီသော လမ်းနှစ်သွယ်" က အဓိက ယှဉ်ပြိုင်ရမယ့်အပိုင်းလေ ဒါကြောင့် ငါတို့ ကော်ဇောနီ‌ေပါ်လမ်းလျှောက်ကြမှာ..."


ထို့နောက် ကောမန့်ဆက်တင်တွင်၊ ဆုပေးပွဲအခမ်းအနားအတွင်း၊ ချီချန်အန်းက သူ့အား ဘာပြောသွားခဲ့သနည်းဟု မေးမြန်းသည့်ကောမန့်များကိုသာ တွေ့လိုက်ရကာ၊ ရွှီလော့ယန်က မျက်နှာသေလေးဖြင့် ဖြေလေသည်။


"ငါ သူပြောတာသေချာကြားလိုက်တယ်... ဒါပေမယ့် မင်းတို့ကို မပြောပြဘူး..." 


ထိုသို့ပြောကာ သူက သူ့ဘာသာသူပြန်၍ ရယ်မောလိုက်ပြီး


 "ဒီတစ်ခေါက် ဒီလိုမျိုး ညစ်ပတ်ရတာကို ငါအရမ်းပျော်တာပဲ..."


ထိုအခိုက်မှာပင်၊ ခြေသံများနီးကပ်လာသည်ကို ကြားလိုက်ရသည့်အတွက် မော့ကြည့်လိုက်ရာ၊ ချီချန်အန်းက ရေတစ်ခွက်နှင့် ဆေးကိုကိုင်လျက်ရောက်လာတာကို တွေ့လိုက်ရသည်။ သို့သော်လည်း ရွှီလော့ယန်က live လွှင့်နေဆဲတန်းလန်းဖြစ်နေသဖြင့်၊ ချီချန်အန်းက အနားဆက်၍တိုးမလာဘဲ နေရာမှာသာ ရပ်နေလေသည်။


ခဏလောက်စဉ်းစားလိုက်ပြီး၊ ရွှီလော့ယန်က ကင်မရာကိုကြည့်ကာပြောလိုက်သည်။ 


"ငါဆေးသောက်ရမယ့် အချိန်ရောက်ပြီ" 


ထို့နောက် သူက ချီးချန်အန်းကို ကြည့်၍ ပြုံးပြလိုက်လေသည်။


သူ၏ဆိုလိုရင်းကို နားလည်စွာဖြင့်၊ ချီချန်အန်းက သူ့နားလျှောက်လာကာ၊ ဆေးကိုအရင်ပေးလိုက်သည်။ ဆေးကိုပါးစပ်ထဲထည့်လိုက်သည်ကို ကြည့်ပြီးမှ ခပ်နွေးနွေးရေခွက်ကို ပေးလေ၏။


ရေနွေး‌နွေးလေးဖြင့် ဆေးကိုမြိုချပြီးသောအခါ၊ မျက်လုံးများပင်ပြုံး‌နေသော ရွှီလော့ယန်က ချီချန်အန်းထံ "အာ.." ခနဲ ပါးစပ်ဟပြလိုက်သည်။ 


"ဆေးသောက်ပြီးပြီ..."


ထို့နောက်၊ ချီချန်အန်း၏လက်က အကျင့်ပါနေသည့်အလျောက် သူ့ခေါင်းကို လာ၍ပွတ်သပ်ပေးလိုက်သည်။


ထို့နောက် ရွှီလော့ယန်က ကင်မရာဘက်သို့ပြန်လှည့်၍၊


 "ငါဆေးသောက်လို့ပြီးပြီ စကားဆက်ပြောရအောင်လေ ငါတို့ပြောနေတာ ဘယ်ရောက်သွားပြီလဲ..."


သို့သော်လည်း၊ ယခုအကြိမ်တွင်တော့ ကောမန့်ဆက်ရှင်က မီးပန်းများဖောက်ခွဲနေသကဲ့သို့ ပေါက်ကွဲသွားရ၏။


"အား အား အား အား ကုန်တင်ကားတစ်စီးစာလောက်ရှိတဲ့ အချိုတွေ အခုလေးတင်ပေါ်လာတဲ့လက်က သေချာပေါက် မစ္စတာချီရဲ့လက်ပဲ... အဲ့ဒါ မစ္စတာချီရဲ့လက် ငါမှတ်မိတယ် သေချာပေါက်သူ့လက်ပဲ..."


"သေသွားပြီ ငါသေသွားပြီ... ငါဒီညတော့ အိပ်လို့ရတော့မှာ မဟုတ်ဘူး အရင်ဆုံး၊ သူ့ကိုဆေးပေးတယ် ပြီးတော့၊ ရေ... ပြီးတော့ ခေါင်းပွတ်ပေးတဲ့တိုက်ခိုက်မှု ဝူး ဝူး ဝူး၊ အရမ်း ပရောပရည်လုပ်ကြတာပဲ ငါထတောင်မထနိုင်တော့တဲ့အထိပဲ..."


"မင်းရဲ့လက်ကို ပြရဲမှတော့၊ မင်းမျက်နှာကိုလည်း ပြလေ...ငါမရတော့ဘူး ငါမရတော့ဘူး ဒီညအတွက် စိတ်လှုပ်ရှားစရာက အရမ်းပြင်းထန်လွန်းတယ် ကုချန်တံဆိပ်၊ အကျိုးသက်ရောက်မှုမြန်တဲ့ နှလုံးအားဆေးစားမှပဲ ရတော့မယ်..."


"ခွေးစာတွေကို ပေါ်တင်ကျွေးတယ်ပေါ့ ရပါတယ်... ငါ့အိမ်မှာ ရေကူးကန်ရှိတယ် ခွေးစာတွေကိုဖမ်းဖို့ အိမ်ကရေကူးကန်ကို သုံးလိုက်မယ် ဒီတော့ ဆက်လုပ်ကြပါ ပြီးတော့ သူ ရွှီလော့ယန်ရဲ့ခေါင်းကိုပွတ်ပေးပြီးတဲ့နောက်က အပိုင်းကို ငါဆက်ဖြည့်ပေးလိုက်မယ်...မစ္စတာချီက 'လိမ္မာတဲ့ကောင်လေး' လို့ပြောလိမ့်မယ်...အား အား အား အား..."


"ငါ မစ္စတာချီရဲ့ ရသစုံရှိုးအမျိုးမျိုးကို ကြည့်ပြီးပြီ...ပြီးတော့ နှိုင်းယှဉ်မှုရဲ့ရလဒ်က၊ ခုလေးတင် ပေါ်လာတဲ့လက်က သံသယလုံးဝမရှိလောက်အောင် မစ္စတာချီရဲ့လက်ပဲ...ငါ့ရဲ့ ကုချန်ဗီရိုလေးကတော့ လုံးဝကို ပွင့်ထွက်လာတော့မှာပဲ..."


Live broadcast room မှာ တက်လာတဲ့ ကောမန့်တွေကို ကြည့်ကာ၊ ရွှီလော့ယန်က ရယ်ရယ်မောမောဖြင့် "မင်းတို့ဘာတွေပြောနေတာလဲ၊ ငါဘာလို့ နားမလည်တာလဲ၊ အခုလေးတင်ပဲ ငါဆေးသောက်ပြီးလို့ရေသောက်နေတာ..."


ကောမန့်များက နှစ်စက္ကန့်လောက် ရပ်တန့်သွားရပြီး၊ ထို့နောက်တွင်၊ ကောမန့်များ တရစပ် ပြန်တက်လာခဲ့သည်။


"—ဒီနှစ်ရဲ့ အဆိုးဆုံး အကြောင်းပြချက်ပဲဆိုတာ၊ သံသယလုံးဝမရှ်ိဘူး..." 


"—— ငါ screenshot ရိုက်ပြီးပြီ မင်းထွက်ပြေးလို့မရတော့ဘူး မင်းဟန်ဆောင်တာကို ငါစောင့်ကြည့်မယ်..."


ရွှီလော့ယန်က မှတ်ချက်များကို ပျော်ရွှင်စွာ ဖတ်နေစဥ်၊ သူ့ပါးစပ်နားမှာ တစ်ခုခုကို ခံစားလိုက်ရတယ်။ သူက ကြည့်မနေဘဲ၊ ပါးစပ်ကိုဖွင့်ကာ စားလိုက်သည်။ ယင်းက သစ်သီးသကြားလုံးတစ်လုံး ဖြစ်သည်။ သကြားလုံးက လျှာဖျားကို ထိလိုက်သည်နှင့်တပြိုင်နက် ချိုမြိန်ခြင်းက ပျံ့နှံ့သွားပြီး ဆေး၏ ခါးသက်သက်အရသာအားလုံး ပျောက်ကွယ်သွားလေသည်။


တက်ဘလက်ကို ဆိုဖာပေါ် ဇောက်ထိုးချထားပြီး ရွှီလော့ယန်က မတ်တတ်ထရပ်ကာ ချီချန်အန်းကို အမြန်နမ်းလိုက်ပြီးတော့၊ ဆိုဖာပေါ်ပြန်ထိုင်လိုက်ပြီး၊ ဘာမှမဖြစ်သွားသလို တက်ဘလက်ကို ယူ၍ သုံးနေလေ၏။


"—အိုးမိုင်‌ဂေါ့၊ ရွှီလော့ယန်၊ ဒီဆယ်စက္ကန့်အတွင်းမှာ ဘာတွေလုပ်လိုက်တာလဲ screen ကိုတောင် မည်းနေအောင် ဖုံးထားလိုက်သေးတယ် ငါရူးနေပြီ... ငါရူးသွားပြီ မရေမတွက်နိုင်တဲ့ မြင်ကွင်းတွေကို စိတ်ကူးမိသွားပြီ... တကယ်ပဲ၊ ဘာတွေများလုပ်လိုက်တာမို့ ငါတို့ကို မြင်ခွင့်မပေးနိုင်ရတာလဲ..."


"—ဆေးသောက်ပြီး‌သွားတော့ သကြားလုံးခွံ့ကျွေးတယ်တဲ့... အရမ်းချိုလွန်းတယ်...ငါလည်း နေမကောင်းဖြစ်ချင်တယ်လေ..." 


"—အရေးမကြီးဘူး...အရေးမကြီးဘူး ရင်သပ်ရှုမောဖွယ်ရာတွေ၊ ကယောင်ချောက်ချားတွေ ဖြစ်နေတာမို့ ၊ အံ့သြစရာတွေ ပိုများပြားလာပါစေလို့ တောင်းဆိုပါတယ်... PS- ရင်သပ်ရှုမောဖွယ်ရာ ပေါ်လာတဲ့ Mr. Qi ရဲ့ လက်ချောင်းတွေက အရမ်းပြီးပြည့်စုံတာပဲ..."


သူ့ပါးစပ်ထဲက သကြားလုံးကို လျှာဖျားနဲ့ထိတွေ့လိုက်ရင်း ရွှီလော့ယန်၏ အပြုံးက ပို၍တောက်ပလာခဲ့သည်။


သူက ပျော့ပျောင်းတဲ့ ဆိုဖာပေါ်မှာ အေးအေးဆေးဆေး အနားယူရင်း လက်နှစ်ဘက်လုံးက တက်ဘလက်ကို ဆုပ်ကိုင်လိုက်ပြီး ခေါင်းကို စောင်းလိုက်ကာ


 "ခုလေးတင်စားလိုက်တဲ့ သကြားလုံးက ငါ့ဘာသာငါယူစားလိုက်တာ... ဒါကြောင့်၊ အားလုံးပဲ အတွေးလွန်မနေကြပါနဲ့ ဆေးသောက်ပြီးတော့ အိပ်ချင်နေပြီမို့ အရင်အိပ်လိုက်တော့မယ် အားလုံးပဲ ကောင်းသောညပါ..."


များမကြာမီတွင်၊ ဖန်သားပြင်ထက် "ကောင်းသောည" ဟူသည့် ကောမန့်များ ပြည့်လျှံသွားတော့သည်။ ရွှီလော့ယန်က တိုက်ရိုက်ထုတ်လွှင့်မှုကို မပိတ်မီ ကင်မရာထံသို့ နောက်ထပ်တစ်ကြိမ် အသဲပုံလေး လုပ်ပြခဲ့သည်။ ထို့နောက်၊ တက်ဘလက်ကို ဘေးဖယ်ထားလိုက်ကာ၊ ချီချန်အန်းအပေါ်သို့ တိုက်ရိုက်ခုန်တက်လိုက်ပြီး ထိုသူ့ကို နမ်းရှိုက်ရန် ကိုယ်ကိုရှေ့သို့ငိုက်လိုက်သည်။


သို့သော်၊ နှုတ်ခမ်းများ ထိလိုက်သည်နှင့် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး ရုတ်တရက် နောက်ပြန်ဆုတ်သွားခဲ့သည်။ 


"မဟုတ်သေးဘူး၊ မဟုတ်သေးဘူး၊ ငါတို့နမ်းလို့မရဘူး မင်းကို အအေးမိတာ ကူးသွားဦးမယ်..."


ချီချန်အန်းက စကားတစ်ခွန်းမျှမပြောဘဲ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ရွှီလော့ယန်၏ခေါင်းကို ဖိကိုင်ထားလိုက်ပြီး နှုတ်ခမ်းတွေကို ပြန်လည်စုပ်ယူလိုက်လေသည်။ 


သူကအနည်းငယ် အက်ရှနေသောလေသံဖြင့် သတိပေး‌လာခဲ့သည်။  


" နျောင်နျောင်၊ မလှုပ်နဲ့ ကိုယ် မင်းကို သေသေချာချာ နမ်းပါရစေ..."


ထိုစကားတွေကိုကြားသည့်အခါ ရွှီလော့ယန်က ချက်ချင်းလိုက်နာလိုက်ပြီး ချီချန်အန်းအား ထိန်းချုပ်ခွင့်ပေးလိုက်ကာ၊ အနမ်းကို ပိုမို၍ နက်ရှိုင်းစေခဲ့သည်။


နှစ်ယောက်သား ကွဲကွာနေခဲ့သည်မှာကြာပြီဖြစ်သည့်အတွက် သူတို့၏ စိတ်အားထက်သန်မှုများက တဟုန်ထိုးတောက်လောင်နေခဲ့၏။ ဆုပေးပွဲကျင်းပစဉ်တွင်ဖြစ်စေ၊ ဆုပေးပွဲပြီးနောက် ကားပေါ်၌ဖြစ်စေ၊ အချိန်နှင့်နေရာမှာ သင့်လျော်မှုမရှိကြောင်း သူတို့နားလည်နေရာ၊ သူတို့ကိုယ်သူတို့ အလွန်ပင် ထိန်းချုပ်ထားခဲ့ရသည်။ ထို့အတွက်ကြောင့်၊ ယခု အခန်းတစ်ခုလုံး၌၊ သူတို့ နှစ်ဦးသာ ရှိနေခဲ့ရာ၊ ထိန်းချုပ်နေစရာမလိုတော့ပေ။


ရလဒ်အနေဖြင့်၊ တစ်မိနစ်အတွင်းမှာပင် ရွှီလော့ယန်က ဆိုဖာပေါ်သို့ ပစ်လှဲခံလိုက်ရကာ၊ သူတို့၏နှုတ်ခမ်းများက တရှိုက်မက်မက်နမ်းရှိုက်နေကြတော့သည်။ နှစ်ယောက်သား နီးကပ်လွန်းသည့်အတွက် အချင်းချင်း၏တုံ့ပြန်မှုတိုင်းကို ရှင်းရှင်းလင်းလင်း ခံစားနိုင်လေ၏။ ချီချန်အန်း၏ နက်ကတိုင်အား လက်တစ်ဖက်ဖြင့် ကိုင်ဆွဲထားရင်း ရွှီလော့ယန်က အသက်ရှုမဝတော့သလိုပင်။ ယင်းကသူ့အား မပျော်မရွှင်ဖြစ်လာစေသည်။သူက အအေးမိနေသည့်အတွက်၊ သူ၏နှာပိတ်နေသည့်နှာခေါင်းလေးက အသက်ရှူနိုင်ရန် ခက်ခဲလေသည်။ထို့အတွက်၊ သူက ချက်ချင်းပင် အသက်ရှူကျပ်တော့မည်ဟုခံစားနေရ၏။


ရွှီလော့ယန်က စိတ်များလွင့်နေသည်ကို သတိထားမိသွားရာ၊ ချီချန်အန်းက ရယ်မောလိုက်ပြီး 


"ဒီနေ့တော့ ထားလိုက်ပါတော့ ကိုယ်တို့ ရေအရင်ချိုးကြရင်ကော..."


ထိုစကားကိုကြားသည့်အခါ ရွှီလော့ယန်က မနေနိုင်ဘဲ ထပ်မံရပ်တန့်လိုက်သည်။


သူက ဆိုဖာပေါ် တည့်တည့်မတ်တပ်ရပ်ပြီး ချီချန်အန်းအား ဝမ်းနည်းတဲ့အမူအရာဖြင့် ကြည့်လိုက်ကာ 


"မစ္စတာချီ၊ မင်းရဲ့ သဘောထားက လက်ခံနိုင်စရာ မရှိဘူး မင်းရဲ့ချစ်သူကောင်လေးကို စိတ်ကျေနပ်မှုမရစေဘဲ မထားသွားဖို့ မင်းကို အသေအချာအကြံပြုလိုက်မယ် မဟုတ်လို့ကတော့ ဒုက္ခကြီးကြီး ရောက်သွားမယ်နော်..."


သူ့ရဲ့ အနည်းငယ်နှာပိတ်နေသည့် အသံလေးကို နားထောင်ရင်း ချီချန်အန်းက လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်ပြီး လိုက်ပါသရုပ်ဆောင်ပေးလာသည်။ 


" ကိုယ်မေးချင်တာက အကယ်၍ ကိုယ့်ရဲ့ချစ်သူကောင်လေးကို စိတ်‌ကျေနပ်မှုမရစေဘဲထားသွားမိခဲ့ရင်၊ ဘယ်လိုမျိုး ဒုက္ခကြီးကြီးမားမားတွေကို တွေ့ရနိုင်လဲ..."


ရွှီလော့ယန်က ထိုမေးခွန်းအတွက် အဖြေကို မစဉ်းစားရသေးသည့်အတွက် အလျင်အမြန်ပင် အဖြေတစ်ခုကိုထုတ်ရန် လိုအပ်နေပေသည်။ ခဏလောက် တုံ့ဆိုင်းနေပြီး သူက ပြန်ဖြေလိုက်သည်။ 


"အဲ့ဒါက ပုန်ကန်မှုကို ဖြစ်စေလိမ့်မယ် အုံကြွမှုကြီး ဖြစ်လာလိမ့်မယ် အသေးစိတ်ပြောရရင်၊ ဥပမာ- မင်းအိပ်နေတဲ့အချိန်မှာ ငါမင်းအပေါ် တက် *ုပ် တာမျိုးပေါ့..."


ထိုစကားကို ပြောပြီးလျှင်ပြောပြီးချင်း၊ ရွှီလော့ယန်က သူ့ကိုယ်တိုင်ပင် သူ့စကားများကြောင့် ထိတ်လန့်သွားရသည်။  


ငါက တကယ်ပဲ အရမ်းရည်မှန်းချက်ကြီးတာပဲ... မှန်ကြည့်နေတုန်းကတောင် သတိမထားမိဘူး...


"မင်းအိပ်နေတဲ့အချိန်မှာ ငါမင်းအပေါ် တက် *ုပ် " ဟူသည့် စကားကိုကြားပြီးနောက် ချီချန်အန်းက မျက်နှာထက်အပြုံးမပျက်ဘဲ၊ "ကောင်းပြီလေ၊ မင်းရဲ့ဆန္ဒကို ကိုယ်ဖြည့်ဆည်းပေးရမှာပေါ့..."


အချိန်မှာ မိုးလင်းစပြု‌နေပြီဖြစ်သည်။ ရွှီလော့ယန်၏ တစ်ကိုယ်လုံး နာကျင်နေပြီး နွမ်းနယ်နေလေ၏။ 


အဘယ်ကြောင့် ဒီလိုမျိုးတွေအထိ ဖြစ်သွားရလဲ သူနားမလည်တော့။ 


ချီချန်အန်း ခွံ့ကျွေးသည့် *လိမ္မော်သီးနှစ်လုံးကို ဆက်တိုက်စားခဲ့ရသော်လည်း နှစ်လုံးက သူ့နောက်ဆုံးလစ်မစ်(ခံနိုင်ရည်)ဖြစ်သည်။ သူက ထပ်ပြီး မစားနိုင်တော့‌ပေ။


* အပေါ်ကစီးသည်ဟုအဓိပ္ပာယ်ရသည်။ ဤနေရာတွင်မူ ရွှီလော့ယန်က ချီးချန်အန်းအား နှစ်ကြိမ်တက်စီးလိုက်သည်ဟု အနက်ဖွင့်နိုင်ပေသည်။ 


ချီချန်အန်းပေါ်ဝယ် လှဲလျောင်းရင်း၊ တစ်ဖက်လူ၏လက်က သူ့ကျောရိုးအောက် ညင်သာစွာ လျှောကျသွားသည်ကို ခံစားမိလိုက်ရာ၊ ရွှီလော့ယန်၏ခန္ဓာကိုယ်လေးက အနည်းငယ် တုန်ယင်သွားရသည်။ 


"မလိုချင်တော့ဘူး၊ ငါ တကယ်ကို မရတော့ဘူး..." သူ့အသံက ယခင်ကအသံထက် အတော်လေးပို၍ အက်ကွဲနေခဲ့၏။


_


Translated By IQ-Team.