Chapter 107
ချီချန်အန်းယခုလိုပြောလာတဲ့အချိန်မှာ ရွှီလော့ယန် ဂုဏ်ယူ၀င့်ကြွားစွာဖြင့် မခို့တယို့ပြုံးလိုက်မိသည်။
သို့သော် သိပ်မကြာလိုက် သူအပြုံးကဖျော့တော့သွားကာစကားပြောတာလည်း မသွက်လက်တော့။
"အဲ့ဒီခံစားချက်က လွန်ခဲ့တဲ့နှစ်ပတ်လောက်ကစတာ"
"ဒီကိုရောက်ပြီး ပထမအပတ် ဒီမှာရိုက်ကူးရေးလုပ်ရတာကိုတော်တော်လေးအသားကျလာပြီး မသွားခင် မင်းအကြံဉာဏ်တွေအများကြီးပေးခဲ့ပေမယ့် ငါ့အရမ်းကြီးတော့ အကျွမ်းတ၀င်မရှိသေးဘူး "
"သေချာပေါက် နျောင်နျောင်အမြန်အသားကျသွားမှာပါ"
"သေချာတာပေါ့ "ရွှီလော့ယန် ခေါင်းတဆတ်ဆတ်ညိတ်လိုက်ပြီး ဆက်ပြီးပြောပြလာသည်။
"နောက်တပတ်ကြာသွားတယ် အသက်၄၀အရွယ်ယိုစုကအတိတ်ကိုပြန်သွားပြီး တချို့ကိစ္စလေးပြန်ပြင်ချင်တဲ့အခန်းကိုရိုက်တော့ အဲ့ဒီထဲကတစ်ခုက ဓာတ်ခွဲခန်းပေါက်ကွဲမှုကြောင့်သူအမေသေမှာကိုတားဖို့ပဲ၊ဒါပေမယ့်.....သူမလုပ်နိုင်ခဲ့ဘူး သူအမေသေဆုံးသွားတာကို ဒုတိယတစ်ခေါက်ပြန်တွေ့လိုက်ရတယ် "
ချီချန်အန်းကထိုအကြောင်းအရာအား ရွှီလော့ယန်ရောက်တော့ဖြောင့်တန်းနေတဲ့သူနောက်ကျောမှာ တုန်ယင်သွားပြီး သူစကားလုံးသုံးနှုန်းပုံပြောင်းသွားတာကိုလည်း သတိထားမိလိုက်သည်။
သူမလုပ်နိုင်ခဲ့ဘူး_ဆိုသည့်စကားကို ရွှီလော့ယန် အစကပြောပြချင်တာဖြစ်သည်။
ရွှီလော့ယန်နှုတ်ခမ်းထောင့်ကို လှမ်းနမ်းလိုက်ရင်း ချီချန်အန်းကအကြည့်ချင်းဆုံစေလိုက်ကာ အသံတိုးတိုးဖြင့်မေးလာသည်။
"ဒီနေရာက အလှည့်အပြောင်းမဟုတ်လား "
ရွှီလော့ယန်မှာ ကြိုးဖြင့်ချည်ထားသည့်စွန်လိုမျိုး အာရုံထွေပြားနေသည့်သူစိတ်ကို ရုတ်တရက် ချီချန်အန်းက ပြန်ဆွဲခေါ်လာသလို ခံစားလိုက်ရသည်။သူမျက်လုံးထဲရှိ ကြောက်ရွံ့မှုနှင့်ထိတ်လန့်မှုတွေအားလုံး တဖြည်းဖြည်းမှေးမှိန်သွားရပြီး ချီချန်အန်း မေးလာသည့်မေးခွန်အားစဉ်းစားခန်းဖွင့်နေမိ၏။
"ဟုတ်တယ် အဲ့ဒီအခန်းကိုရိုက်လို့ပြီးတော့ ငါ့ မြက်ခင်းပေါ်မှာဒူးထောက်ပြီးငိုနေခဲ့တာ အကြာကြီးပဲထတောင်မထနိုင်ဘူး၊စိတ်မကောင်းဖြစ်ပြီး ညစာတောင်မစားဘူး၊ညနေဖက် ငါတို့ဗီဒိယိုကောလ်ပြောပြီး နည်းနည်းသက်သာလာတယ်၊ဒါပေမယ့် ညသန်းခေါင်လည်းရောက်ကော ဓာတ်ခွဲခန်းပေါက်ကွဲတဲ့အခန်းကိုပဲ ထပ်ခါ ထပ်ခါ အိမ်မက်တွေမက်လာတယ် "
အသက်တချက်ရှုလိုက်ကာ ရွှီလော့ယန် မသိလိုက်ဘဲ ချီချန်အန်း၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားမိသည်။
"အဲ့ဒီနောက် ငါက ယိုစုလား ရွှီလော့ယန်လားဆိုတာတစ်ခါတစ်လေမသိတော့ဘူး၊အစားအသောက် ဂျီးများလာတယ်၊လိုက်ကာတွေအကုန်ပိတ်ပြီး စားပွဲပေါ်ကမီးပဲဖွင့်ထားတတ်လာတယ် "
"တစ်ခါက ရိုက်ကူးရေးပြီးတော့ ဘောပင်တစ်ချောင်းကိုဘယ်လက်မှာကိုင်ပြီး ဒိုင်ယာရီရေးချင်လို့ နေရာအနှံမှာလိုက်ရှာနေမိတယ် အကြာကြီးပဲရှာနေတာ မတွေ့ဘူး၊ပြီးတော့မှ ရုတ်တရတ် ငါ သတိရသွားတယ် ဘောပင်နဲ့ဒိုင်ယာရီးရေးတာ ယိုစုလေ ရွှီလော့ယန်မှမဟုတ်တာ "
သူပြောနေသည့်အချိန်၌ စိတ်မသက်မသာဖြစ်နေသည့်အသံဖြင့် "ဒါကြောင့် ငါ့ကိုယ်ငါ ပုံမှန်မဟုတ်ဘူးငါစိတ်အခြေအနေကတစ်ခုခုဖြစ်နေတယ်ဆိုတာ သေချာလာတယ်"
ချီချန်အန်းက ရွှီလော့ယန်ကိုတင်းတင်းဖတ်ထားလိုက်ကာ နမ်းလိုက်ပြီး နှစ်သိမ့်ပေးလိုက်သည်။
"စိတ်ပညာရှင်ကကော ဘာပြောလဲ "
"ရိုက်ကူးရေးအဖွဲ့ကစိတ်ပညာရှင်ကလည်း ဘာမှလုပ်မပေးနိုင်ဘူး "
ရွှီလော့ယန်က ရုတ်တရတ်ထရယ်လိုက်ပြီး "အတိတ်ကကိစ္စတွေကြောင့်လည်းဖြစ်နိုင်တယ် ဒါပေမယ့် ငါကအရမ်းခေါင်းမာတယ်လေ၊စိတ်ပိုင်းဆိုင်ရာကုထုံးခံယူဖို့ သုံးကြိမ်တိတိ ကြိုးစားဖူးတယ်၊အသုံးလည်းမ၀င်ပါဘူး "
ချီချန်အန်းက ခေါင်းညိတ်လာသည်။ထိုအခြေအနေကို သူနားလည်သည်။သူကော ရွှီလော့ယန်ကော နှစ်ယောက်လုံးက သူတို့ရဲ့အတိတ်တွေကနေကာကွယ်ဖို့ သူတို့နှလုံးသားတွေအား အလွှာပေါင်းမြောက်မြားစွာဖြင့်ကာကွယ်ထားခဲ့ကြသည်။
အသက်၁၅နှစ်အရွယ်ကသူ့လိုမျိုး စိတ်ရောဂါကုဆရာ၀န်ကပင် သူကိုမလွှမ်းမိုးနိုင်တော့ပေ။
ချီချန်အန်း ပေါင်ပေါ်တတ်ထိုင်နေရင်း သူနေနေသည့်အနေအထားကိုပြောင်းလိုက်သည်။
"ချန်အန်း ငါ ဒီဇာတ်ကောင်နဲ့ဇာတ်လမ်းကို အရမ်းသဘောကျတယ်၊ဒါပေမယ့် တကယ်တမ်း ငါကြောက်နေမိတယ်၊ငါဒီအတိုင်းဆက်သွားနေရင် ရူးသွားမလားမသိဘူး "
"မဖြစ်ပါဘူး " ချီချန်အန်းက တွေဝေခြင်းအလျဉ်းမရှိ ပြန်ဖြေလာသည်။
"ငါက အကောင်းဆုံးနဲ့အသင့်တော်ဆုံး မင်းရဲ့စိတ်ရောဂါကုဆရာ၀န်လေ "
ရွှီလော့ယန် သဘောကျသွားရပြီး "ဝိုး ချီလူကြီးမင်း မင်းရဲ့မျက်နှာကတော်တော်ကြီးတာပဲ "
"မင်းပဲ ကိုယ်ဝိတ်ကျသွားတယ်ဆို "
"ဒီစကားနှစ်ခုရဲ့အဓိပ္ပာယ်က ဆန့်ကျင်ဘက်မဟုတ်ဘူးလား "
ထိုစကားကိုကြားပြီးနောက် ရွှီလော့ယန် နှလုံးသားထဲမှာ အချိန်အတော်တန်ကြာအောင်ရှိနေခဲ့တဲ့ တင်းမာမှုတွေပြေလျော့သွားရသည်။ရွှီလော့ယန်က သူ့ကိုလက်နှစ်ဖက်လုံးဖြင့်ဖက်ထားလိုက်ပြီး ပခုံးပေါ်မေးတင်ကာ သီချင်းတိုးတိုးညည်းနေပြီး အတော်လေးသက်တောင့်သက်သာရှိနေပုံရသည်။
သိပ်မကြာလိုက် သူ့နားကသီချင်းညည်းသံ တဖြည်းဖြည်း တိုးလာသည်။ ရွှီလော့ယန်၏အသံရှုသံတိုးတိုးကိုသာကြားရတော့တာကြောင့် သူ့လက်ထဲကလူ အိပ်ပျော်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။နောက်ထပ်မိနစ်ပိုင်းလောက်ကြာတော့မှသာ ဂရုတစိုက်ပွေ့ချီလိုက်ပြီး ကုတင်ပေါ်တင်လိုက်သည်။
သို့သော်လည်း သူထလိုက်သည်နှင့် ရွှီလော့ယန် လှုပ်လှုပ်ရှားရှားဖြစ်လာကာ နိုးလာတော့မည်အတိုင်း မျက်တောင်လေးများတုန်ယင်လာရသည်။
ချီချန်အန်းက လက်ဖြင့်ပါးကိုကိုင်ပြီး လက်ချောင်းလေးတွေနဲ့အသာလေး ပွတ်သပ်ပေးလိုက်ကာ "ကောင်းကောင်းအိပ် ကိုယ်မင်းနဲ့အတူ အိပ်ပေးမယ် "
ရွှီလော့ယန်၏တွန့်ချိုးနေတဲ့မျက်ခုံးကပြေလျော့သွားသည်။
သို့ပေမယ့် ချီချန်အန်းက ရွှီလော့ယန် ဘေးနားလှဲလိုက်သည်နှင့် အိပ်ချင်စိတ်မရှိတော့ပေ။မီးပိတ်ထားပြီးပြီဖြစ်ကာ သူအနားယူရန်မျက်လုံးမှိတ်ထားလိုက်သည်။အချိန်ဘယ်လောက်ကြာသွားလဲမသိ ရုတ်တရတ် ရွှီလော့ယန် သူ့ရင်ခွင်ထဲဆက်တိုက် တိုးဝှေ့လာသည်။
သူ့နောက်ကျောအား ချီချန်အန်းပွတ်ပေးနေရင်း "နျောင်နျောင်"ဟု အသာလေးခေါ်ကြည့်လိုက်သည်။
ပြန်မဖြေလာ၊ရွှီလော့ယန် နိုးလာလားဆိုတာ သူမသေချာပေ။သူ့လက်မောင်းကိုဆုတ်ကိုင်လာမှပဲ သိသွားရသည်။
ချီချန်အန်း ဘာလုပ်ရမှန်းမသိဖြစ်သွားရသည်။
သူ ခေါင်းငုံ့ပြီး ရွှီလော့ယန် နားရွက်ကိုကိုက်လိုက်ပြီး အသက်ရှုမ၀သည့်အသံဖြင့် မေးလိုက််၏။
"နိုးပြီလား "
အသက်ရှုသံနွေးနွေးကြောင့် သူ့နားယားချင်သလိုဖြစ်သွားရပြီး လည်ပင်းတွန့်ခနဲဖြစ်သွားရသည်။သူ့အသံခပ်တိုးတိုး ပြန်ဖြေလိုက်ပေမယ့် သူ့လက်ကိုမလွှတ်ပေးဘဲ ဆက်ကိုင်ထားသည်။
ရွှီလော့ယန်၏နားရွက်ဖျားလေးကို လျှာဖြင့်လျက်နေတာကိုအခွင့်ကောင်းယူပြီး ချီချန်အန်း၏အနမ်းများက မေးရိုးကနေ နှုတ်ခမ်းသို့ရောက်လာသည်။ရွှီလော့ယန်ကို စကားပြောခွင့်မပေးဘဲ နက်နက်ရှိုင်းရှိုင်းကိုနမ်းလာသည်။
နှစ်ယောက်သား မတွေ့ရတာ တစ်လခန့်ရှိပြီဖြစ်တာကြောင့် နည်းနည်းတင်းကျပ်နေသည်။စဉ်ဆက်မပြတ် ကြိုးစားပြီး အနေအထားကိုပြုပြင်ပြီးတော့မှသာ သူတို့၀င်လို့ရသွားသည်။
"ကိုယ်ဘယ်သူလဲ "
ရွှီလော့ယန်က စဉ်းတောင်မှမစဉ်းစားဘဲပြန်ဖြေလာသည်။
"ချန်အန်း ကော ကော နတ်ဆိုးကြီး "
တိုး၀င်လိုက်ပြီးနောက် ချီးချန်အန်းက "ဒါဆို မင်းကကောဘယ်သူလဲ "
ဤတခါတော့ ရွှီလော့ယန် နည်းနည်းတော့တွေဝေသွားလေသည်။
"....ရွှီလော့ယန်၊ငါက ရွှီလော့ယန် "
ချီချန်အန်းမျက်နှာထက်မှချွေးတွေက ရွှီလော့ယန်မျက်နှာပေါ်ကျသွားရသည်။
သူအသံက အဆုံးမဲ့စိတ်ရှည်မှုတွေဖြင့်နူးညံနေသည်။
"ချီချန်အန်း ကြိုက်တာဘယ်သူလဲ..."
ဤတခေါက်တော့ ရွှီလော့ယန်တွေဝေခြင်းမရှိ ချက်ချင်းဆိုသလိုပြန်ဖြေလာသည်။
"ငါ "
"ယိုစုလား "
"မဟုတ်ဘူး "ရွှီလော့ယန် အသိစိတ်၀င်တချက် မ၀င်တချက်ဖြင့် အတော်လေးကိုစိတ်ဆိုးသွားပုံရသည်။
သူမျက်လုံးတွေပြူးကျယ်လာရပြီး "ယိုစုကဘယ်သူလဲ ငါဒေါသထွက်လာပြီနော် ချီချန်အန်း မင်းမကောင်းတဲ့ကောင်လုပ်ဖို့စဉ်စားနေတာလား "
စိတ်လှုပ်ရှားမှုကြောင့် အပေါက်ကရုတ်တရတ်ဆိုသလိုတင်းကျပ်သွားရသည်။ချီချန်အန်းက လေအေးတချက်ရှုသွင်းလိုက်ကာ လှုပ်နေတာကိုနှေးလိုက်သည်။
ရွှီလော့ယန်ရဲ့ အရည်လဲ့နေသည့်မျက်လုံးတွေကနည်းနည်းနီလာတာကို သတိထားမိပြီး မျက်လုံးထောင့်ကို အသာလေးနမ်းလိုက်သည်။
"နျောင်နျောင် ကိုယ်ကမင်းကိုတခြားတစ်ယောက်နဲ့မှားနေတာမဟုတ်ဘူး၊မင်းကသာကိုယ့်ကိုကိုယ် တခြားတစ်ယောက်နဲ့အထင်မှားနေတာ "
သူလှုပ်ရှားမှုတွေကညင်သာလှပြီး ဖြည်းဖြည်းချင်းတိုး၀င်နေသည်။
သူကဆက်ပြီး "ကိုယ်ကတစ်ယောက်ထဲကိုပဲချစ်တာ ပြီးတော့ သူနဲ့ပဲအိပ်တာ "
နောက်နေ့ မနက်၉နာရီထိုးမှပဲ ရွှီလော့ယန်အိပ်ယာကထနိုင်သည်။မျက်လုံးဖွင့်လိုက်တာနှင့် သူ့ဘေးမှာလှဲနေတဲ့ ချီချန်အန်းကိုတွေ့လိုက်ရသည်။ အိပ်ချင်မူးတူးဖြင့် ချီချန်အန်း ပခုံးကို ကိုက်လိုက်မိသည်။
"နျောင်နျောင် မင်းဘာလုပ်နေတာလဲ "ချီချန်အန်းအသံကနံနက်ခင်းနိုးခါစ ဩရှရှဖြစ်နေပြီး သူကရွှီလော့ယန်ကို ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး နဖူးကိုနမ်းလိုက်သည်။
"Good Morning "
"မောနင်း " ရွှီလော့ယန်က မျက်တောင်ခပ်လိုက်ပြီး မေးခွန်းကို အလေးအနက်ဖြေလေသည်။
"အိမ်မက်မက်နေတာဟုတ် မဟုတ်စစ်ကြည့်နေတာ "
ချီချန်အန်းက ရင်ဘတ်တုန်ယင်လာသည့်အထိ ရယ်မောလိုက်ကာ "မျက်လုံးဖွင့်တာနဲ့ကိုယ့်ကို တွေတာအိမ်မက်ဆို ၊မနေ့ညကဟာကကော "
"နွေဦးအိမ်မက်မက်တာ "ဟုရွှီလော့ယန်က လွှတ်ခနဲပါးစပ်ကပြောမိသွားသည်။
ပြောပြီးတော့မှ ရုတ်တရတ်အသိစိတ်၀င်သွားပြီး ချီချန်အန်းရင်ဘက်ပေါ်မျက်နှာအပ်လိုက်ကာ "ငါကိုမသိချင်ယောင်ဆောင်လိုက်ပါ၊လူပဲနိုးသေးတယ် IQကအိပ်နေတုန်း "
အေပရွန်၀တ်ကာ မီးဖိုချောင်ထဲ၌ ကြက်ဥနှစ်လုံးကြော်လိုက်ပြီး ရှုပ်ပွနေသည့်ဆံပင်ဖြင့် ရွှီလော့ယန် ချီချန်အန်းထံပြန်လာကာ "မင်းဘာကြည့်နေတာလဲ၊မနက်စာစားချိန်ရောက်နေပြီ "
"ဒီနေ နေ့လည် မင်းရိုက်ရမယ့်ဇာတ်ညွှန်း "
ရင်းနှီးကျွမ်း၀င်လှတဲ့ စာသားတွေကိုကြည့်လိုက်ရင်း ရွှီလော့ယန် "ဒါရိုက်တာမုန့်က မင်းကိုပေးတာလား"ဟုမေးလာသည်။
ရိုက်ကူးရေးအဖွဲ့ထစ၀င်ပြီဆိုသည်နှင့် သူတို့ ဇာတ်ညွှန်းမပေါက်ကြားစေရန် လျှို့ဝှက်သဘောတူစာချုပ်ကို လက်မှတ်ထိုးထားရသည်။ချီချန်အန်းလက်ထဲရှိသောဟာက အသစ်စက်စက်ဖြစ်တာကြောင့် သူကိုပေးနိုင်တာ မုန့်ဟွားကျန်း အပြင်မရှိပေ။
"နေလည်ကျရင် ရိုက်ကွင်းကိုမင်းနဲ့အတူသွားလို့ရလား"
"ရတာပေါ့ ရတယ် ရတယ် "
ရွှီလော့ယန်မှာ အပျော်လွန်ပြီးပါးစပ်က မထိန်းနိုင်ဘဲထွက်သွားတော့၏။
"ရိုက်ကူးရေးမှာ ငါ့ကိုအကြိမ်ပေါင်းမြောက်မြားစွာ dateဖို့ပြောနေတဲ့မင်းသားတစ်ယောက်ရှိတယ်၊ဒါပေမယ့် ငါ့ သူကိုအမြဲ ရည်စားရှိတယ်လို့ ပြောပြီး ငြင်းတာကို မယုံဘူး၊နောက်ဆုံးတော့ ငါသူကိုပြနိုင်တော့မယ်ကွ "
ချီချန်အန်း အပြုံးကအေးစက်သွားတာကိုမြင်တော့မှသာ ရွှီလော့ယန် တိတ်တိတ်လေး ပါးစပ်ကိုအုပ်လိုက်မိသည်။
"မင်းကို ဒိတ်ဖို့ပြောလာတာလား "
ရွှီလော့ယန် ခေါင်းညိတ်ပြလိုက်သည်။
"ရိုက်ကူးရေးစပြီး ၂ရက်မြောက်နေ့တည်းက လာလာပြောနေတာ၊သူကိုမသိချင်ယောင်ဆောင်လိုက်ပေမယ့်၊နောက်ရက်နည်းနည်းကြာတော့ ထပ်ပြောတယ်"
ရွှီလော့ယန်က ဒိတ်နဲ့ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်းမပြောပေမယ့်လည်း ချီချန်အန်းနားလည်လေသည်။
ရွှီလော့ယန်ရဲ့လက်ကို ချီချန်အန်းကဆွဲယူလိုက်ပြီး နမ်းလိုက်ပြီး"ဒါဆို ကိုယ်ရဲ့နျောင်နျောင်ကို လူတော်တော်များများက ခိုးယူချင်နေကြတာပဲ ဟက် "
ထိုစကားကိုကြားတော့ ရွှီလော့ယန် ရင်ထဲထူဆန်းတဲ့ခံစားချက်ကို ခံစားလိုက်ရသည်။
နေလည်၂နာရီခွဲခန့် ချီချန်အန်းကို ရွှီလော့ယန် ရိုက်ကွင်းကိုခေါ်လာသည်။သူတို့မြက်ခင်းပြင်ပေါ်ခြေချလိုက်သည်နှင့် တစ်ယောက်ယောက်ကသူနာမည်ခေါ်နေသံကိုကြားလိုက်သည်။
"လော့ယန် မင်းရောက်လာပြီလား "
အင်္ဂလိပ်လိုပြောလိုက်သော်လည်း 'လော့ယန်'လိုခေါ်သည့်အသံကအတော်လေးကိုပီလှသည်။ တမင်တကာ လေ့ကျင့်ထားသည့်ပုံရ၏။
ရွှီလော့ယန်မှာ ခေါ်သံကြားတာနဲ့ ဘယ်သူလည်းဆိုတာကိုသိလေသည်။အရင်ဆုံး သူက ချီချန်အန်းကိုတချက်ကြည့်လိုက်မိပြီး စိတ်ထဲထူးထူးဆန်းဆန်း စိတ်လှုပ်ရှားလာရသည်။
ထိုလူ သူ့နားကိုရောက်လာတော့ ရွှီလော့ယန်က ယဉ်ယဉ်ကျေးကျေးဖြင့် "Good afternoon Carter "ဟုနှုတ်ဆက်လိုက်သည်။
Carterက ဆံပင်အညိုရောင်ဖြင့် အိန္ဒိယနှင့်ဥရောပအနွယ်ဖွားဖြစ်သည်။ချီချန်အန်းကိုသူမှတ်မိသွားသောအခါ သူအပြုံးကသိသိသာသာကို အေးခဲသွားရသည်။
"ချီ"ဟုပြောပြီး ခဏလောက်ရပ်သွားပြီးတော့မှသာဆက်ပြီး "မင်းရဲရုပ်ရှင် 'The Last Hunter'ကိုကြည့်ဖူးတယ်၊ဂန္တ၀င်ကားကောင်းတစ်ကားပဲ"ဟုပြောကာ လက်ဆန့်ပေးလာသည်။
ချီချန်အန်းကလည်း လက်ပေးလိုက်ပေမယ့် လက်ကိုတကယ်မထိဘဲလှုပ်ရုံသာလှုပ်လိုက်သည်။
"တောင်းပန်ပါတယ် ငါ မင်းရဲ့ရုပ်ရှင်တွေကိုမကြည့်ဖူးဘူး "
ဘေးမှာရပ်နေတဲ့ ရွှီလော့ယန်က ရယ်ချင်နေတာကိုထိန်းထားရ၏။ချီချန်အန်းက တော်တော်လေးလျှာစောင်းထက်မှန်း သိပေမယ့် သူကဒါကို ချစ်စရာကောင်းသည်ဟုသာမြင်သည်။
Carterရဲ့မျက်နှာကသိပ်မကောင်းလှ၊ချီချန်အန်းရန်လိုတာကိုခံလိုက်ရတာကြောင့် သူလေသံကပိုမာလာသည်။
"မင်း ရိုက်ကွင်းကိုလာလည်ဖို့အချိန်ရှိတယ်ဆိုတော့ ဘာလဲ ရိုက်စရာရုပ်ရှင်မရှိလို့လား"
ချီချန်အန်း မျက်နှာအမှုအရာက သိပ်မပြောင်းသွားပေမယ့် အရင် ရွှီလော့ယန်ကစိတ်ဆိုးသွားသည်။
အေးတိအေးစက်အကြည့်ဖြင့်Carterကိုကြည့်လိုက်ကာ
"ကျေးဇူးပြုပြီး မင်းစကားတွေကိုဆင်ခြင်ပေးလို့ရမလား "
ဤနေရာက သူ့အိမ်ကွင်းမဟုတ်သလို ဘယ်သူကိုမှလည်းမသိပေ။ထို့ကြောင့် ရွှီေလာ့ယန်က ရိုက်ကွင်းမှာအမြဲပြုံးနေတတ်သည်။သူ ဘယ်သူနဲ့မှလည်းပတ်သတ်ခြင်းမရှိသလို သူငယ်ချင်းလည်းမဖွဲ့ပေ။နေ့တိုင်း သရုပ်ဆောင်ဖို့ကိုပဲ သူအာရုံစိုက်ထားသည်။ထို့ကြောင့် ရွှီလော့ယန်ရဲ့အေးစက်နေတဲ့မျက်နှာထားကို Carter ပထမဆုံးတွေ့ဖူးတာဖြစ်သည်။
ရွှီလော့ယန် ဒေါသထွက်လာတာကိုမြင်တော့ ချီချန်အန်းက ပြုံးလိုက်သည်။
သူလက်ချောင်းတွေကိုဖျစ်ညှစ်လာပြီး "ဒါရိုက်တာမုန့်ဆီ မင်းအရင်သွားနှင့်လိုက်၊Mr.Carterနဲ့ ကိုယ်စကားနည်းနည်းပြောလိုက်ဦးမယ်ဟုတ်ပြီလား "
ရွှီလော့ယန်က ခေါင်းညိတ်လိုက်ကာ "ဒါဆို စကားပြောလို့ပြီးသွားရင် ငါ့ကိုလာရှာလှည့် "
"အင်း"
ရွှီလော့ယန်က သူတို့နှင့်ဝေးသွားပြီဆိုမှ သူတို့နှစ်ယောက်ကြားရှိလေထုကပိုပြီးတင်းမာလာရသည်။
Carterကမျက်လုံးတွေကိုမှေးစင်းလိုက်ပြီး "မင်း ဘာပြောချင်လို့လဲ "
ချီချန်အန်းက အေးစက်နေသည့်မျက်နှာထားဖြင့်ဖြစ်နေပြီး မျက်လုံးကမူဓားတစ်ချောင်းကဲ့သို့ စူးရှနေ၏။
"လော့ယန်နဲ့ဝေးဝေးနေ "
Carterရဲ့မျက်နှာအမှုအရာက ထေ့ငေါ့ချင်နေသည့်ပုံရသည်။
"မျှမျှတတပြိုင်မယ်၊လော့ယန်ကိုလိုက်ဖို့အခွင့်အရေးကို မင်းကြောင့် ငါဘာလို့လက်လွတ်ရမှာလဲ၊ဘယ်သူနိုင်မလဲ ရှုံးမလဲဆိုတာ မသေချာသေးဘူး "
အစက အရှေ့တိုင်းသားနှင့်သူရေစက်ပါလား မပါလားဆိုတာကိုစမ်းကြည့်ချင်ရုံပင်၊အခုတော့ သူရဲ့ယှဉ်ပြိုင်လိုစိတ် နိုးကြားလာရသည်။
ချီချန်အန်းက သူသဘောထားပြောင်းလဲတာကို သတိထားမိတာကြောင့် လေသံကိုပိုပြီးအေးစက်လိုက်သည်။
"ဟုတ်လား "
ထိုအချိန်၌ Carter၏ဖုန်းမြည်လာသည်။
ကိုင်လိုက်တော့ သူ့အေးဂျင့်ကစိတ်ပူနေသည့်အသံဖြင့်
"ငါemailတစ်စောင်ရထားတယ်၊အဲ့ဒါက မင်းအရက်သောက်ပြီး ကားမောင်းလို့တိုက်မိပြီးလူသေသွားတာရယ်၊မင်း s*x partyမှာ ပါတဲ့အကြောင်းရယ်၊ငွေကြေးခဝါချတဲ့အထောက်အထားတွေပါတယ်၊ဒါပေမယ့် တခုမှမဖော်ရသေးဘူး၊မြန်မြန်စဥ်းစားစမ်း လတ်တလော တစ်ယောက်ယောက်ကို အပြစ်ပြုမိသလားလို့ "ဟုအမြန်ပြောလာလေသည်။
Carterလက်က ဖုန်းကိုတင်းတင်းကိုင်ထားကာ ချီချန်အန်းကိုမေးလိုက်သည်။
"မင်းလုပ်တာလား "
"အင်း ငါပဲ "ချီးချန်အန်းကဆက်ပြီး စကားကိုအေးဆေးပြောလာသည်။
သူကြည့်ရတာ စိတ်မပူနေသလို၊ Carterကိုအလေးအနက်မထားတာ အသိအသာပင်။
"ရိုက်ကူးရေးကနေ ကိုယ်တိုင်ထွက်မလား ဒါမှမဟုတ် ငါထွက်အောင်လုပ်ရမလား တစ်ခုရွေး"
ဒါရိုက်တာမုန့် ရှင်းပြတာကို ရွှီလော့ယန်ထိုင်ပြီးနားထောင်နေသည်။
ချီချန်အန်း လာနေတာကိုတွေ့တော့ မျက်လုံးတွေကွေးညွှတ်သွားသည်အထိပြုံးလိုက်ကာ "ဒါရိုက်တာမုန့် ချန်အန်း ရောက်လာပြီ"
"မင်းရောက်လာပြီလား"
မုန့်ဟွားကျန်းက ဇာတ်ညွှန်းအားဘေးချလိုက်ပြီး ရယ်မောရင်း "သူကငါဖိတ်ခေါ်ထားတဲ့ ထိန်းမတ်ပေးရမည့်သူလေ သူဘယ်လောက်အသုံး၀င်မလဲကြည့်ကြတာပေါ့ "
မိနစ်၃၀ခန့်ကြာပြီးနောက် အားလုံးရိုက်ကူးဖို့အဆင့်သင့်ဖြစ်နေပြီဖြစ်တာကြောင့် ရွှီလော့ယန်က ကျောင်းယူနီဖောင်းကို၀တ်ထားပြီး အတန်းလွတ်၏နောက်ဆုံးတန်း၌ထိုင်နေသည်။ဘယ်ဘယ်လက်ကဘောပင်ကိုကိုင်ကာ သူတွက်ထားသည်များကို အမြန်ပြန်စစ်နေ၏။
သူကများပြားလှတဲ့ပုံသေနည်းတွေကို ချောချောမွေ့မွေ့ချရေးနေသည်။ယိုစုမျက်လုံးတွေက ရေးနေသည့်စာကို အတော်လေးအာရုံစိုက်ထားသည်။ရုတ်တရတ်ဆိုသလိုရေးနေတာရပ်သွားကာ ဘောပင်ထိပ်ကစာရွက်ကိုဖောက်ထွက်သွားသည့် 'ဇစ်'ကနဲ့အသံထွက်လာသည်။
သူလက်က စပြီးတုန်ယင်လာသည်။ယိုစုက စာရွက်ပေါ်မှပုံသေနည်းတွေကိုကြည့်လိုက်ပြီး ဘောပင်ချလိုက်ကာ စာအုပ်တွေကိုလှန်နေသည်။နည်းနည်းကြာတော့ သူလှုပ်ရှားမှုတွေက သွေးရူးသွေးတန်းဖြစ်လာလေသည်။
သူလက်မောင်းက ပြင်းပြင်းထန်ထန်ကိုတုန်ယင်လာရကာ မျက်စိသူငယ်အိမ်လည်းကျုံ့လာရပြီး ပါးစပ်ထောင့်ကကြွက်
သားတွေတောင်မှနည်းနည်းတုန်လာရသည်။
'ဖုတ်'ဆိုသည့်အသံနှင့် လက်ထဲကစာအုပ်က အောက်ကိုပြုတ်ကျသွားသည်။ယိုစုက ကြောက်လန့်နေပုံရပြီး တောင့်တောင့်ကြီး ထိုင်ချလိုက်ကာ ခေါင်းကိုလက်နှစ်ဖက်ဖြင့်ကိုင်ထားပြီး ပိတ်မိနေတဲ့တိရစ္ဆာန်တကောင်လိုမျိုး စူးစူးဝါးဝါးအော်ဟစ်တော့သည်။
xxxxxxx