Chapter 106
ရွှီလော့ယန် ဗန်ကားထဲ၀င်ထိုင်တော့မှပဲ အသံထွက်ပြီးထိုင်ရယ်တော့သည်။
"ငါတော့သွားပြီ သွားပြီ ရယ်ချင်နေတာကို ထိန်းထားရတာ ဆိုးလိုက်တာ "
ကျန်းသုန့်လှမ်းပေးလာသည့်ရေနွေးဗူးထဲမှ ရေကိုသောက်လိုက်ပြီး သက်ပြင်းချရင်း မျက်မှောင်တွန့်လိုက်မိသည်။
"အိုက်ယား ဒါရိုက်တာတုရဲ့မျက်နှာက ကာဗွန်တွေပေ နေသလိုမျိုးမည်းမှောင်နေတာကို ဆက်ပြီးပြုံနိုင်သေးတယ်၊ငါ ဘာလို့အရမ်းပျော်နေရတာလဲ၊ကြည့်ရတာ ငါ့မကောင်းတဲ့ကောင်ဖြစ်လာဖို့အလားအလာရှိနေပြီ "
ကျန်းသုန့်ကနေပြီး သူ့ကိုအထင်သေးသည်ပုံစံဖြင့်ကြည့်ကာ "ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းတာ ကောင်းတဲ့အကျင့်မဟုတ်ဘူးနော်" ဟုပြောလာလေသည်။
"......."
ရွှီလော့ယန်၏ လက်မခံနိုင်သည့်မျက်နှာအမှုအရာကိုမြင်ပြီး ကျန်းသုန့်စိတ်ကောင်း၀င်သွားကာ သူနဲ့ပြိုင်ငြင်းမနေတော့ပေ။
"အကျိုးဆက်တွေက အကန့်အသတ်ရှိပေမယ့်လည်း တုရွှမ်လန်ကို ရက်အနည်းငယ်လောက်ဒေါသထွက်ရင်ကို လုံလောက်ပြီ၊ဒါရိုက်တာမုန့် ရုပ်ရှင်မှာ ကောင်းကောင်း သရုပ်ဆောင် နှစ်ကုန်ဆုပေးပွဲမှာ မျက်နှာဖြတ်ရိုက်ဖို့မှန်းထား "
ကျန်းသုန့်အမုန်းဆုံးအရာက သူအနုပညာရှင်အနိုင်ကျင့်ခံရခြင်းဖြစ်သည်။ရှင်းရှင်းပြောရရင် သူကအတော်လေးကိုကာကွယ်ပေးတတ်သည်။ယခုတခေါက်တုရွမ်လန်က ရွှီလော့ယန်ကို ဓားစာခံအနေဖြင့်အသုံးချခဲ့ပေမယ့် ကောဝေ့ကိုမူ သူကလစာကိုပင် မတိုးပေးခဲ့၊ပြီးတော့လည်း သူနဲ့သူ့အဖွဲ့က ရွှီလော့ယန်ကို နင်းခြေဖို့အတွက် ကြေညာချက်တွေထုတ်ပြန်တဲ့နေရာမှာ အတော်လေးကိုကျွမ်းကျင်လှသည်။
ရွှီလော့ယန် ယခုတခေါက်မုန့်ဟွာကျန်းနဲ့သာပူပေါင်းဆောင်ရွက်ခြင်း မလုပ်ပါက ကောဝေ့ကဒီကိစ္စကို လော့ယန်အပေါ်ပုံချလာနိုင်၏။
သို့သော်လည်း သူတွေးကြည့်လိုက်မှ သေချာပေါက်သူရွှီလော့ယန်ကို လမ်းလွှဲသွားခွင့်မပြုပေ။
သီချင်းဆိုတာနဲ့သရုပ်ဆောင်တာကိုသာအလေးအနက် သူ့အာရုံစိုက်ထားသင့်တာကြောင့် "တုရွမ်လန်က ဖျော်ဖြေရေးအသိုင်းအဝိုင်းမှာ နေရာတစ်ခုရှိတယ်၊ငါတို့ သူ့ကို အရမ်းကြီးလည်း စော်ကားလို့မရဘူး၊ငါတို့ရဲ့လုပ်နိုင်စွမ်းကိုလည်း သတိထားရဦးမယ် "
ရွှီလော့ယန် "ဒါပေမယ့်လည်း ကျွန်တော်တို့ ညစာအတူတူစားပြီး ဇာတ်ကောင်အကြောင်းဆွေးနွေးတဲ့ သတင်းကိုထုတ်လိုက်ပြီးတည်းက သူ့ကိုစော်ကားလိုက်ပြီးသားပဲလေ"
"ဒါလည်းမှန်တာပဲ"
ကျန်းသုန့်က သိပ်ပြီးဂရုမစိုက်သည့်ပုံဖြင့် လက်ခါပြလိုက်ကာ
"ဘာပဲဖြစ်ဖြစ် ဒါပြီးလို့ ရုပ်ရှင်ရိုက်ဖို့စာချုပ်ချုပ်ရင် သူ မင်းဆီတိုက်ရိုက်လာခဲ့ရင်တောင် ငါတို့တန်းပြီးငြင်းမှာပဲ၊သူထပ်ပြီး ငါတို့ကိုလှည့်စားဖို့ကြိုးစားဦးမလားဆို ဘယ်သူသိနိုင်မလဲ၊ဒီအကြောင်းဆက်မပြောကြအောင် အခု၁၂နာရီ၁၀မိနစ် ၃နာရီခွဲကျရင်အင်တာဗျူးတစ်ခုရှိသေးတယ်၊မုန့်ဟွာကျန်းနဲ့ပူပေါင်းဆောင်ရွက်တဲ့အကြောင်းမေးမှာဆိုတော မင်းသဘောအတိုင်းပဲ တစ်ခုခုသွားစာချင်လား ဒါမှမဟုတ် ကားထဲမှာအိပ်ချင်လား "
မနက်၆နာရီ လေယာဉ်ဆိုက်ပြီးထဲက ရွှီလော့ယန် အိမ်တောင်မပြန်ရသေးဘဲ ချက်ချင်းအလုပ်လုပ်နေရကြောင့် သူ ဆက်တိုက်ဆိုသလို သန်းဝေနေလေသည်။
သို့ပေမယ့်လည်း စဉ်းတောင်မစဉ်းစားဘဲ သူ "အိမ်ပြန်ချင်တယ် "ဟုသာပြောလိုက်သည်။
"အရမ်းပင်ပန်းမှာ မစိုးရိမ်ဘူးလား "
ကျန်းသုန့်ကနေ သူ့ကို "ဒီကနေ မင်းအိမ်ကိုပြန်ရင် မိနစ်၄၀လောက်ကြာမယ်၊ပြောရရင် မင်းအိမ်တံခါးကိုဖြတ်ပြီးရင်ပဲ ၁နာရီလောက်ရှိနေပြီ၊မင်းအင်တာဗျူးဖြေရမယ့်အချိန်က၃နာရီခွဲ ငါတို့ ၂နာရီခွဲထက်နောက်မကျဘဲ ပြန်ထွက်ရမယ်၊၁နာရီခွဲလောက်ပဲနားဖို့အချိန်ရမယ်၊ဟိုဟိုဒီဒီ ပြေးလွှားနေရတာ ပင်ပန်းတယ်လို့ မင်းမထင်ဘူးလား "
လန်းဆန်းသွားအောင် သူလက်ဖက်ရည်နောက်ထပ် သောက်လိုက်ပြီးနောက် ရွှီလော့ယန်က အပူခံဗူးအားကိုင်ထားရင်း "ကျန်းကော တိဇီကိုနေ့လည်စာသွား၀ယ်ပေးဖို့ပြောပေးပါလား၊ကားထဲမှာစားသွားမလို့၊ ချန်အန်းကို နေ့လည်စာစားဖို့အိမ်ပြန်လာမယ်လို့မပြောခဲ့တော့ သူစောင့်နေမှာမဟုတ်ဘူး "
ပြောရင်း ကျန်းသုန့်ကို ထပ်ပြီးပြုံးပြလိုက်ကာ "ကျွန်တော်အရမ်းကြီး ပင်ပန်းမနေပါဘူး၊ အိမ်ပြန်ပြီး ချန်အန်းကို သွားကြည့်ချင်လို့၊သူကအိမ်မှာ တစ်ယောက်ထဲနေရပြီး ကောင်းကောင်းမစားရင် ဘယ်လိုလုပ်မလဲ၊သူကိုကြီးကြပ်ပေးဖို့လိုတယ် "
"......."
ကျန်းသုန့် အချိုတွေကြောင့် သူသွားတွေပိုးစားတော့မလိုခံစားရတာကြောင့် ပါးကိုပွတ်လိုက်မိသည်။သူတို့နှစ်ယောက် လေယာဉ်ပေါ်ကနေတူတူဆင်းလာကြတာ အရှင်းအလင်းကြီးပင်၊အားလုံးတွက်ကြည့်လိုက်ပါက သူတို့နှစ်ယောက်နောက်ဆုံးတွေ့ထားတာ ငါးနာရီခြောက်နာရီလောက်သာရှိသေးသည်။
ကျန်းသုန့်ဖြစ်သွားတဲ့အမှုအရာကို သူနားလည်သွားကာ အပူခံဗူးအားပိုက်ထားရင်း ပြုံးလိုက်မိသည်။
"ဒီကကိစ္စတွေပြီးတာနဲ့ ကျွန်တော် ရိုက်ကူးရေးအဖွဲ့ထဲထပ်ပြီး ၀င်ရဦးမယ် "
ထိုစကားကိုကြားတော့ သူ အချိန်တိုင်းကိုအခွင့်ကောင်းယူပြီး အချိန်ကုန်ဆုံးချင်ကြောင်း ကျန်းသုန့်နားလည်သွားသည်။ ဘာကြောင့်ဆို သူရိုက်ကူးရေးစပြီဆိုတာနှင့် နှစ်ယောက်သား အတော်လေးကြာတဲ့အထိ တွေ့ရမှာမဟုတ်ပေ။သူတို့နှစ်ယောက်အတွက် မလွယ်ကူတာမို့ ဘာမှထပ်မပြောဘဲ ရွှီလော့ယန်ပခုံးကိုသာပုတ်လိုက်သည်။
ထျန်းဟယ့်အိမ်ယာကိုပြန်ရောက်တော့ ရွှီလော့ယန် နေကာမျက်မှန်တပ်ကာ ကားထဲကနေထွက်လိုက်ပြီး ခဏလေးဖြင့် မျက်စိရှေ့ကနေပျောက်သွားလေသည်။မျက်ခုံးနှစ်ခုကြားကနေရာကိုကိုင်လိုက်ရင်း ကျန်းသုန့် ရုတ်ချည်းဆိုသလို လက်ထပ်ပြီးသွားတဲ့ကလေးတွေဆိုတာ ဖိတ်သွားတဲ့ရေလိုပဲဆိုသည့် အဓိပ္ပာယ်ကိုနားလည်သွားရသည်။
အခုလိုမျိုးတွေးမိတာကြောင့် သူကိုသူအတော်လေးထိန့်လန်သွားမိသည်။
သူ တကယ်ကြီး အဖေတစ်ယောက်လိုပူပန်နေတာပဲ...
ထိုအချိန်၌ ရွှီလော့ယန် အိမ်ထဲ၀င်လာတော့ ဘာအသံမှလုံး၀မကြားရဘဲ တိတ်ဆိတ်နေတာကိုတွေ့လိုက်ရသည်။ထို့ကြောင့် အိပ်ခန်းထဲကို၀င်သွားလိုက်တော့မှ အိပ်ယာဘေးကစားပွဲပေါ်၌ စာရွက်စာတမ်းများစွာရှိနေပြီးချီချန်အန်းကမူ အိပ်မောကျနေတာကိုတွေ့လိုက်ရ၏။
သူ ချီချန်အန်းနှင့်အတူနေလာတာအတော်လေးကြာပြီဖြစ်သည်။ချီချန်အန်း ကျန်းမာရေးမကောင်းတာကြောင့် ညဘက်မှာအအိပ်ဆတ်ပြီး အလွယ်တကူနိုးတတ်ပြီး နေ့ဘက်၌အိပ်ပျော်ဖို့ခဲယဉ်းလေသည်။
ထို့ကြောင့် သူ ကုတင်ဘေးကကော်ဇောပေါ်၌ ငြိမ်ငြိမ်လေးထိုင်နေကာ ချီချန်အန်း၏မျက်နှာအား အချိန်အတော်လေးကြာသည်အထိ စိုက်ကြည့်နေခဲ့သည်။
သူနဲ့စကားပြောချင်ပေမယ့်လည်း သူ့ကိုမနှိုးဝံ့ပေ...
ခဏလောက်စဉ်းစားလိုက်ပြီးနောက် သူ ကုတ်အင်္ကျီကိုချွတ်လိုက်ကာ ကုတင်ပေါ်အသာလေးတင်လိုက်ပြီး ချီချန်အန်းနှင့်အတူတူခဏလောက် တိုးဝှေ့အိပ်ဖို့ပြင်လိုက်သည်။
လှဲလိုက်တော့မှသာ ချီချန်အန်းအိပ်နေတာကြာပြီဖြစ်သော်လည်း အိပ်ယာကအေးနေသေးကြောင်း ချက်ချင်းသိလိုက်သည်။သို့နှင့် ချီချန်အန်း နိုးမနေတာသေချာပြီဆိုမှ သတိထားပြီးသူ့ခြေဖဝါးနှင့် ချီချန်အန်းခြေဖဝါးအသားကိုထိလိုက်သည်။သူ့ရင်ခွင်ထဲတိုးဝှေ့၀င်လိုက်ကာ လူသားအပူပေးစက်အဖြစ်လုပ်ဆောင်ရန်ပြင်လိုက်လေသည်။
သူမအိပ်ရသေးတာ ၂၄နာရီနီးပါးရှိတော့မည်ဖြစ်ကြောင်း အထူးသဖြင့် ချီချန်အန်း သူ့ဘေးမှာရှိနေတာကြောင့် သူစိတ်အေးလက်အေးဖြင့် အိပ်ပျော်သွားလေသည်။
ရွှီလော့ယန်၏ဇီ၀နာရီက အလွန်တရာတိကျလှသည်။စိတ်ထဲနေခင်းအလုပ်ရှိသေးတာကို စွဲနေတာကြောင့် စိတ်လွတ်လက်လွတ်မအိပ်ရဲပေ။သို့သော် သူနိုးလာတာနဲ့ ချီချန်အန်း၏မျက်လုံးတွေကိုတွေ့လိုက်ရသည်။
အံသြသွားကာ "ငါကြောင့် နိုးသွားတာလား"ဟု အသံခပ်တိုးတိုးဖြင့်မေးလာသည်။
"မဟုတ်ပါဘူး "ချီချန်အန်းက သူနဖူးပေါ်မှဆံပင်တွေအား သပ်တင်ပေးလာသည်။
သူအသံက အလွန်ကိုမှနူးညံနေပြီး "မင်းဘယ်အချိန် ပြန်ရောက်လာတာလဲ "
"၁နာရီ နေလည်စာကိုကားပေါ်မှာစားလာတယ် အိမ်ရောက်တော့ မင်းအိပ်ပျော်နေတာမြင်တော့ ငါလည်းအိပ်ချင်လာလို့"
ချီချန်အန်းနှင့် သူစကားပြောနေစဉ် သူ့အသံကပုံမှန်ထက်နူးညံ့နေကာ အိပ်ချင်မူတူးဖြစ်နေသည်။
"နေလည်ကျရင် အလုပ်ရှိသေးတယ်၊တော်သေးတာပေါ့ အိပ်မပျော်သွားလို့ "
ချီချန်အန်းက 'နောက်တခါဆို ပြန်မလာနဲ့'ဆိုတဲ့စကားမျိုးပြောမလာဘဲ ထို့အစား ခေါင်းကိုငုံကာ သူနဖူးကိုအသာလေးနမ်းလာသည်။ရွှီလော့ယန်ကိုသူဖိထားတာ ကြာနေပြီဖြစ်တာကြောင့် မိနစ်၀က်လောက်ကြာတော့ ဖယ်ပေးလိုက်သည်။
သို့သော် ရွှီလော့ယန်ကနေပြီး သူကော်လာအင်္ကျီစကိုဆွဲထားရင်း မေးလာသည်။
"၂:၂၀လောက်ဆို အိမ်ကနေပြန်ထွက်ရမယ် ၂:၁၅လောက်ထမှရမယ် အခုဘယ်အချိန်ရှိပြီလဲ "
ချီချန်အန်း အချိန်အတိအကျပြန်ပြောလာသည်။
"မင်းမှာ ၉မိနစ်ကြီးများတောင်ကျန်သေးတယ် "
"ဒါဆို လုံလောက်ပါတယ် "
"ဘာကိုလုံလောက်တာလဲ "
"မင်းကို ငါးရာ့လေးဆယ်စက္ကန့်လောက်နမ်းလို့ရသေးတယ်လေ "
ထိုစကားကိုပြောပြီး ရွှီလော့ယန်က ချီချန်အန်းကို ဆွဲလိုက်ကာသူ့ဘက်ကနေစပြီး နှုတ်ခမ်းချင်းဖိကပ်လိုက်သည်။
"နတ်ဆိုးကောကော ငါ့ကို မင်းရဲ့အားနည်းနည်းလောက်မျှပေးပါလား ဟင် "
ထိုစကားကိုကြားတော့ ချီချန်အန်းကသူနှုတ်ခမ်းတွေအားချက်ချင်းဆိုသလို လေးလေးနက်နက်နမ်းလာလေသည်။
ရွှီလော့ယန်က သူ ပြည်တွင်းကအလုပ်ကိစ္စတွေပြီးသွားတာနှင့်"Turn Back Time"၏ရိုက်ကူးရေးအားjoinရန်အချိန်ရောက်ပြီဖြစ်သည်။ ကျန်းသုန့်က သူထက်အရင်ကြိုပြီး Eနိုင်ငံကိုရောက်နေကာ စာချုပ်အသေးစိတ်ကိုဆွေးနွေးနေသည်။
ရိုက်ကူးရေးကိုjoinရတာ အိမ်ပြောင်းသည့်အတိုင်းပင်၊သို့သော် ရွှီလော့ယန်က ယင်းကိုအသားကျနေပြီဖြစ်ပြီး များသောအားဖြင့် အများကြီးမယူသွားတတ်ပေ။သို့သော် ဤတခေါက် ချီချန်အန်းက သူ့ခရီးဆောင်အိတ်အား ထုတ်ပိုးပေးမည်ဟုပြောလာတာကြောင့် သူသဘောတူလိုက်ပြီး ဘေးကနေသာထိုင်ကြည့်နေသည်။ဒီတော့မှဘဲ အိပ်ပြောင်းရတာဘယ်လိုဆိုတာလဲ သိလာရ၏။
"ချန်အန်း ငါဘာလို့ မင်းတစ်အိမ်လုံးကိုထုတ်ပိုးပြီး ငါကိုသယ်သွားခိုင်းချင်နေတဲ့ခံစားချက်ကို ရနေပါလိမ့်"
သူကထိုင်ခုံပေါ်မှာ ခြေထောက်ကားပြီးနောက်ပြန်ထိုင်နေလျက် မေးစေ့အားကုလားထိုင်နောက်ဘက်၌တင်ကာ ချီချန်အန်း အထုတ်အပိုးထည့်ပေးတာကို ထိုင်ကြည့်နေသည်။
ချီချန်အန်းက သူ ယူသွားရမယ့်အ၀တ်အစားတွေကိုကူရွေးပေးနေပြီး ထိုစကားကိုကြားပြီး ပြန်ပြောလာသည်။
"မင်းကိုတအိမ်လုံးတင်မကဘူး ကိုယ့်ကိုကိုယ်ပါထုတ်ပိုးပြီး မင်းကိုသယ်သွားခိုင်းချင်တာ"
ရွှီေလာ့ယန်မှာ ရုတ်တရတ်ဆိုသလို ချီချန်အန်းဆီကနေ
မြှားနတ်မောင်ရဲ့မြှားချက်ပြင်းပြင်းကို ထိမှန်ခံလိုက်ရသလို ခံစားလိုက်ရပြန်၏။
ထို့နောက် သူဘာမှမလုပ်နိုင်ပေမယ့် ဆက်ပြီးတော့လေပေါနေမိသည်။
"သန်ဘက်ခါ မင်းအလုပ်ကိစ္စခရီးထွက်ရမယ်မလား၊ဆေးတွေအကုန်ယူသွား၊ငါ မင်းနဲ့အတူမသွားရတော့လျန်ချိုးကိုဘေးအခန်းမှာနေခိုင်း တစ်ခုခုဖြစ်ရင်ဆက်သွယ်ရအဆင်ပြေအောင်လို့ ပြီးတော့ မင်းနေလို့မကောင်းရင်လည်း ကိုယ့်ကိုကိုယ် အရမ်းဖိအားမပေးနဲ့"
ဂရုစိုက်ရမည့်ဟာတွေကိုမှာကြားပြီးနောက် သူအတွက်လေးခုမြောက်ခရီးဆောင်အိတ်ကိုထည့်ပေးနေတဲ့ချီချန်အန်းအားကြည့်လိုက်ကာ ရွှီလော့ယန်မပြုံးမိဘဲမနေနိုင်တော့ပေ။တစ်ယောက်ယောက်ကနေပြီး သူ့ကိုခရီးဆောင်အိတ်ကိုဂရုတစိုက်မပြင်ပေးခဲ့တာတော်တော်လေးကြာပြီဖြစ်သည်။နှစ်ယောက်လုံးတစ်ယောက်နဲ့တစ်ယောက် ပူပန်နေတာ အသိအသာပင်။
"ငါ အချိန်ကွာခြားချက်ကိုတွက်ပြီးသွားပြီ ဆေးသောက်ဖို့နဲ့အစားစားဖို့ သတိပေးမလို့ "
မတ်တပ်ရပ်လိုက်ကာ ချီချန်အန်းက သူ့မေးစေ့အားဆွဲညစ်လာသည်။
"အိုကေ ကိုယ့်ကိုသတိရရင် ဖုန်းခေါ်ဖို့မမေ့နဲ့ "
သို့သော် ရွှီလော့ယန် Eနိုင်ငံကို ခရီးဆောင်အိတ်8အိတ်ဖြင့် ရောက်ရောက်ချင်းပထမရက်မှာပင် အလုပ်ရူပ်ပြီး သူချာချာလည်သွားရသည်။
ဒါရိုက်တာကျန်းက ရုပ်ရှင်ကိုကြေညက်အောင်လုပ်ပြီး ဖြည်းဖြည်းချင်းရိုက်ရတာကိုသဘောကျပြီး ဒါရိုက်တာချူးကမူ ရုတ်တရတ်စိတ်ကူးပေါ်လာမှ ဇာတ်၀င်ခန်းတွေ အမြန်ကောက်ရိုက်လေ့ရှိသည်။သို့ပေမယ့် မုန့်ဟွာကျန်းကတော့ ဉာဏ်ကြီးရှင်တွေကြားတူညီမှုတွေရှိကြောင်း သူသဘောပေါက်သွားရသည်။
ဒါရိုက်တာချူးရဲ့ 'ဇာတ်၀င်ခန်းတွေအမြန်ကောက်ထည့်ခြင်း'နှင့် ဒါရိုက်တာကျန်းရဲ့ 'ဇာတ်၀င်ခန်းကိုအရောင်တင်ခြင်း'နှစ်ခုကိုပြီးပြည်စုံအောင်ပေါင်းစပ်ထားခြင်းဖြစ်လေသည်။
ပြီးတော့ သူကအသက်၆၀နီးပါးရှိနေပြီဖြစ်သော်လည်း အလွန်တတ်ကြွနေဆဲဖြစ်သည်။ ရုပ်ရှင်စရိုက်ပြီဆိုတာနှင့် သူကလုံး၀ကိုမတူညီတဲ့လူတစ်ယောက်အဖြစ်သို့ပြောင်းလဲသွားသည်။
ရွှီလော့ယန်ကအတော်လေးခံနိုင်ရည်ရှိသည်ဟုပြောလို့ရသည်။သူရိုက်ကွင်းရေးအဖွဲ့ထဲ၀င်ပြီး ရက်အနည်းငယ်မှာ သူ့အရေခွံလဲလိုက်သလိုမျိုးခံစားရသည်။သို့သော် တစ်ပတ်မပြည်ခင်လေးမှာပင် သူအပြည့်အ၀ကိုလိုက်လျောညီထွေဖြစ်သွားလေသည်။
ထိုအပြင် သူနိုင်ငံခြားမှာရုပ်ရှင်မရိုက်ဖူးသေးပေမယ့် တက္ကသိုလ်တတ်ဖူးတာကြောင့် ရာသီဥတုဒဏ်မခံနိုင်မှာလည်းစိုးရိမ်စရာမရှိပေ။
ပြောရမည့်စာသားများပြန်လည်ပြင်ဆင်ဖို့ ဒါရိုက်တာမုန့် ဆွဲခေါ်ခြင်းကိုခံရပြီးနောက် ၉နာရီထိုးနေပြီဖြစ်သည်။
သူ့ပါးစပ်ကိုအုပ်လျက် သန်းဝေလိုက်၏။
"ဒါရိုက်တာမုန့် ကျွန်တော်မရတော့ဘူး အရမ်းအိပ်ချင်နေပြီ၊အခုချိန်မှမပြန်ခိုင်းရင် ကျွန်တော်မနက်ဖြန်ပြောရမယ့်စာသားတွေမေ့သွားပြီ NGဖြစ်လိမ့်မယ် "
မုန့်ဟွားကျန်းက သူ့ကိုကြည့်ပြီး ရယ်လိုက်သည်။
"မင်းအသက်ကဒီလောက်ငယ်သေးတာ ဘယ်လိုဖြစ်ပြီးအားမရှိရတာလဲ "
တစ်လလောက် ဆက်ဆံပြီးတဲ့နောက်မှာတော့ သူနှင့်ရွှီလော့ယန် ရင်းနှီးလာခဲ့ပြီဖြစ်ပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့်ပြောဆိုနိုင်နေကြချေပြီ။
"ခင်ဗျားမြင်တယ်မှတ်လား ကျွန်တော်ကအရမ်းငယ်သေးတယ်၊ကြီးထွားဖို့အချိန်လေ၊ဒီနေ့လေးတော့ သနားညှာတာစွာဖြင့် ပြန်အိပ်ခိုင်းလိုက်ပါတော့ "
မုန့်ဟွာကျန်းက ဘောပင်အဖုံးကိုပိတ်လိုက်ပြီး မျက်လုံးတွေကမူကြည်လင်နေကာ စနောက်သည့်ဟန်ဖြင့် "မင်းကို ပြန်ခိုင်းလို့က ရတယ် ဒါပေမယ့်မင်းပြန်သွားရင် အိပ်လို့ရတော့မှာမဟုတ်ဘူး "
သည်းမခံနိုင်တာကြောင့်နောက်တစ်ကြိမ်သန်းဝေလိုက်ရင်း ရွှီလော့ယန်၏နှေးကွေးတဲ့ဦးနှောက်က လိုက်လို့မမှီတော့ချေ။
"ဘာလို့လဲ ကျွန်တော်အခန်းထဲကကုတင်ကကျိုးသွားလို့ အိပ်လို့မရတော့လို့လား "
"ကုတင်တော့မကျိုးဘူး မင်းကိုလာတွေတဲ့သူရှိတယ်"
ရွှီလော့ယန် ခဏလောက် အံဩသွားရကာ ရုတ်တရတ်ဆိုသလို ထရပ်လိုက်ပြီး "ဘယ်သူကိုပြောတာလဲ ဘယ်သူကျွန်တော်ကို လာတွေ့တာလဲ "
မုန့်ဟွာကျန်းမျက်နှာပေါ်ကအပြုံးကိုမြင်ပြီး သူနားလည်သွားရသည်။
အပြင်ကိုလှည့်ထွက်နေတုန်း တံခါးနားမရောက်ခင်မှာမုန့်ဟွာကျန်းကနေ "မနက်ဖြန်နေ့တ၀က် မင်းကိုခွင့်ပေးမယ်၊ငါတို့နေ့ခင်း၃နာရီမှ ရိုက်ကူးရေးစမယ် "
ရွှီလော့ယန်၏အပြုံးကအသက်၀င်လှစွာဖြင့်
"ကျေးဇူးတင်ပါတယ် ဒါရိုက်တာမုန့် မင်းရဲ့ကြင်နာမှုအတွက် ချန်အန်းကိုပြန်ဆပ်ခိုင်းလိုက်ပါမယ် "
ရိုက်ကူးရေးအဖွဲ့ရဲ့ဆက်ဆံပုံက အင်မတန်ကိုကောင်းလှသည်။တက္ကသိုလ်၀င်းအတွင်းကဇာတ်၀င်ခန်းများကို ရိုက်ကူးရေးလုပ်နေတာကြောင့် ရိုက်ကူးရေးအဖွဲ့ကသူ့ကိုကျောင်းအပြင်ဘက်ရှိရပ်ကွက်ထဲက အဖြူရောင်အဆောက်အအုံလေးတစ်ခုငှားထားပေးသည်။ထိုအိမ်လေးမှာ နှစ်ပေါင်း၊၁၀၀ကျော်သက်တမ်းရှိနေပြီဖြစ်သည်။
ပထမအထပ်က အလင်းရောင်ရတာအားနည်းပြီး စိုထိုင်းလှတာကြောင့် ရွှီလော့ယန် အထုတ်အပိုးတွေကိုဆွဲပြီး ဒုတိယထပ်ကထပ်ခိုးကို ရွှေ့လိုက်သည်။
မောဟိုက်စွာဖြင့် အခန်းတံခါးကိုဖွင့်လိုက်တော့ အ၀မှာ အနက်ရောင်လယ်သာရှူးဖိနပ်တစ်ရံအားတွေ့လိုက်ရသည်။ထိုဖိနပ်က ချီချန်အန်းကို သူ၀ယ်ပေးထားတာပင်။
သူဒီကိုတကယ်ရောက်နေတယ်ဆိုတာသေချာမှ သူရင်ထဲကအလုံးကြီးကျသွားရသည်။
တံခါးကိုအသာလေးပိတ်လိုက်ပြီး အပေါ်ထပ်ကို အမြန်တတ်သွားလိုက်သည်။
ဒုတိယထပ်ကိုလည်းရောက်ရော စားပွဲဘေးမှာ သူနှင့်ရင်းနှီးကျွမ်း၀င်နေတဲ့လူကိုတွေ့လိုက်ရသည်။ သို့သော် ဤအခိုက်အတန့်လေး၌ ရုတ်တရတ် သူရှေ့ကိုမသွားတော့ဘဲ ချီချန်အန်းအား လောဘကြီးစွာဖြင့် နေရာမှာရပ်ပြီး စိုက်ကြည့်နေမိသည်။
လွန်ခဲ့သည်တစ်လကနှင့်ယှဉ်ပါက သူ့ဆံပင်စတိုင်ပြောင်းသွားပြီး ဆံပင်နည်းနည်းရှည်လာလေသည်။ပုံမှန်၀တ်နေကျ ရှပ်အင်္ကျီအဖြူအား ကော်လာနားကကြယ်သီးနှစ်လုံးဖြုတ် ထားတာကြောင့် အထဲက၀တ်ထားတဲ့ဆွဲကြိုးကိုမြင်နေရသည်။
ဆွဲကြိုးမှာဆွဲထားတာကသူကိုယ်တိုင်ထွင်းထားပေးတဲ့ 'ချန်အန်း'ဆိုတဲ့စာလုံးနဲ့လော့ယန်ဆိုတဲ့စကားလုံးပင်။
ချီချန်အန်းက တစ်ခုခုကိုကြည့်နေစဉ်မှာပဲ တစ်ခုခုကိုအာရုံခံစားမိတာကြောင့် ခေါင်းကိုအနောက်သို့လှည့်လိုက်သည်။သူ၏မူလကမှောင်မည်းနေတဲ့ မျက်ဆံကချက်ချင်းဆိုသလို ကြယ်များဖြင့်ပြည့်နှက်သွားပုံရလေသည်။
သူမျက်စိရှေ့မှာ ရောက်နေတယ်ဆိုတာအတည်ပြုပြီးနောက် ရွှီလော့ယန် သွားရန်အလျင်စလိုဖြစ်မနေပေ။
ထို့အစား တံခါးဘောင်ကိုမှီကာ "မင်းဝိတ်ကျသွားတယ်"ဟုပြောလိုက်သည်။
အရင်ကနှင့်ယှဉ်လိုက်ပါက သူစကားပြောတဲ့အရှိန်ကပိုပြီးနှေးလာသည်။
"အင်း ဝိတ်ကျသွားတယ်"
ချီချန်အန်း သူ့ကိုင်ထားတဲ့အရာကိုချပြီး မတ်တပ်ရပ်လိုက်ကာ ရွှီလော့ယန်အား လက်နှစ်ဖက်ဖွင့်ပေးလာသည်။
ရွှီလော့ယန်က ၂စက္ကန့်လောက် ရပ်နေပြီးမှ သူ့ကိုယ်သူမထိန်းနိုင်တော့သဖြင့် ပြေးဖက်လိုက်တဲ့အားကြောင့် ချီချန်အန်းမှာ အနောက်ကိုခြေနှစ်လှမ်းလောက်ဆုတ်သွားရသည်။
နှလုံးခုန်မြန်လာပြီး ချီချန်အန်း၏မေးစေ့အားမော့နမ်းလိုက်သည်။ ယခုလိုမျိုးလှုပ်ရှားမှုသေးသေးလေးကပင် မီးတောက်သွားစေသည်။ ချီချန်အန်းက သူ့ကိုကောက်ပွေ့လိုက်ပြီး စားပွဲပေါ်ကိုတင်လိုက်ကာ နှစ်ယောက်သားစကားစမြည်ပြောဖို့စိတ်ကူး မရှိဘဲ ချက်ချင်းနမ်းလိုက်တော့သည်။
တစ်လလောက်စုဆောင်းထားတဲ့ တောင်းတမှုတွေနှင့်လိုအင်ဆန္ဒတွေဟာ သူတို့နှစ်ယောက်၏ရစ်ပတ်နေတဲ့နှုတ်ခမ်းတွေနဲ့လျှာတွေကြား အထိန်းအကွပ်မရှိဘဲ ထုတ်ဖော်ပြသနေသည်။နှစ်ယောက်လုံး လိုအင်ဆန္ဒတွေကို မရပ်တန့်နိုင်ပေမယ့် နောက်ဆုံး ချီချန်အန်းကနေပြီး သူ့ကိုယ်သူပြန်ထိန်းလိုက်သည်။ ခုံပေါ်ပြန်ထိုင်လိုက်ကာ ရွှီလော့ယန်အား သူပေါင်ပေါ်တင်လိုက်သည်။
အချိန်အတော်ကြာသည်အထိပွေ့ဖက်ပြီးတဲ့နောက် ချီချန်အန်းမေးလာတာကို ရွှီလော့ယန်ကြားလိုက်ရသည်။
"အရင်ကမင်း ကိုယ်ကိုပြောတဲ့ကိစ္စကော အခြေနေကောင်းလာပြီလား "
မေးခွန်းကိုကြားတော့ ရွှီလော့ယန် ထပြီးတည့်တည့်ထိုင်လိုက်ကာ ခဏလောက်ဝေခွဲမရဖြစ်နေပေမယ့် ပြောပြလာသည်။
"မကောင်းလာဘူး၊ပိုဆိုးလာတယ်"
ပြီးနောက် သူအားတင်းပြုံးပြလိုက်ကာ "ငါ့ကိုစိတ်ပူပြီး မင်းဒီကိုပြေးလာခဲ့တာလား "
"အင်း အရမ်းစိတ်ပူလို့ "ချီချန်အန်းက သူမျက်လုံးထဲကြည့်လိုက်ကာ "မင်း ကြောက်နေလား "
"ကြောက်တယ် "
ရွှီလော့ယန် နည်းနည်းလောက်တွန့်ခနဲဖြစ်သွားရပြီး သူ့လက်ချောင်းတွေကိုကိုင်နေရင်း "ဒီနေ့ ရိုက်ကူးရေးပြီးသွားတော့ အကြာကြီးပဲ ဇာတ်ကောင်ထဲကနေမထွက်နိုင်ဘူး၊မြက်ခင်းပေါ်မှာထိုင်နေရင်း ငါသရုပ်ဆောင်နေတဲ့ဇာတ်ကောင် ယိုစုလို့တကယ်ကြီးတွေးမိလာတယ် "
ချီချန်အန်းက သူနဖူးကိုနမ်းလာပြီး"ပြီးတော့ကော "
"အဲ့ဒီခံစားချက်ကြီးကဆိုးရွားလွန်းတယ်၊အခြားpersonalityတစ်ခုရဲ့လွှမ်းမိုးခံလိုက်ရသလိုပဲ ဒါမှမဟုတ်ရင် ငါရဲ့ခန္ဓာကိုယ်ထဲမှာ ယိုစုရဲ့အပိုဝိညာဉ်တစ်ခုရှိနေတာများလား ၊ဒါရိုက်တာမုန့်ကလည်း ငါ့ဇာတ်ကောင်ရဲ့ခံစားချက်တွေကို မထိန်းချုပ်နိုင်တော့ဘူးတဲ့ ဒီရက်ပိုင်း မင်းခံစားချက်တွေပြင်းထန်နေတယ်လို့ပြောတယ် "သူအသံကစိတ်ပျက်နေပုံရသည်။
"အရင်က ငါသရုပ်ဆောင်အလုပ်စလုပ်တော့ ဇာတ်ကောင်ရဲ့စိတ်ခံစားချက်နဲ့အချိတ်အဆက်မမိဘူး ငါရဲ့သရုပ်ဆောင်နိုင်စွမ်းကခြောက်ကပ်ကပ်နိုင်တယ်၊ဒါပေမယ့်အခု အခြေအနေတွေကပြောင်းပြန်ဖြစ်သွားလိမ့်မယ်လို့မထင်ထားခဲ့ဘူး "
"မုန့်ဟွာကျန်းရဲ့သဘောထားကကော ဘယ်လိုလဲ "
"သူကိုအရမ်းစိတ်ရှည်တယ် ငါ့ကို ကိုယ့်ကိုကိုယ်ကြိုးစားပြီး adjustလုပ်ခိုင်းတယ်"
ချီချန်အန်းက သူ့နောက်ကျောကိုအသာလေးပွတ်ပေးရင်း
"တကယ်တမ်း ဒီတခေါက် ကိုယ်ရောက်လာတာ မုန့်ဟွာကျန်းဆက်သွယ်လာတာကိုယ့်ကို မင်းကိုလာတွေ့ပေးဖို့၊ ယိုစုဇာတ်ကောင်က ရှုပ်ထွေးတဲ့ခံစားချက်တွေရှိပြီး နှစ်မြုပ်လွယ်တယ်"
ရွှီလော့ယန်က သူ့အခြေအနေနှင့်ပတ်သတ်ပြီး စိတ်ညစ်ရပေမယ့်လည်း သူကအမြဲတစေအကောင်းမြင်တတ်သည်။
သူက ချီချန်အန်းရဲ့နှုတ်ခမ်းထောင့်အားလှမ်းနမ်းလိုက်ပြီး "တကယ်တော့ မင်းကိုတွေ့လိုက်ရတာ အတော်လေးစိတ်သက်သာရာရသွားတယ်၊ဘာတွေပဲဖြစ်နေဖြစ်နေ ငါကမင်းရဲ့နျောင်နျောင်ပဲ "
"အင်း စိတ်ပူအောင်လုပ်တဲ့ ကိုယ့်ရဲ့နျောင်နျောင် လေး "
_____
Translated By IQ-Team.