🍬Chapter 101
အနက်ရောင် tuxedo ၀တ်ထားတဲ့ မုန့်ဟွာကျန်းက အသက်၇၀ဆယ်အရွယ်ခန့်ရှိနေပြီဖြစ်ကာ သူ့ရဲ့ဆံပင်တွေကမူအနည်းငယ်ဖြူနေပြီး နူးညံ့သိပ်မွေ့သော အမူအယာရှိလေသည်။သူက အငယ်တွေပေါ်အလွန် ကြင်နာတက်တဲ့ လူကြီးတစ်ယောက်အသွင်အပြင်ဖြင့် ဖြေညှင်းစွာပြောလေသည်။
"မင်းသရုပ်ဆောင်ထားတာတွေကို ငါကြည့်ပြီးသွားပြီ ၊တော်တော်လေးအထင်ကြီးဖို့ကောင်းတယ်"
ရွှီလော့ယန်ရဲ့နှလုံးခုန်သံကအလွန်တရာ မြန်လာသော်လည်း သူ့ရဲ့လေသံနှင့်အရှိန်ကို ထိန်းထားလိုက်သည်။
"ချီးကျူးမှုအတွက် တစ်ကယ်ပဲကျေးဇူးတင်ပါတယ် ဒါရိုက်တာမုန့်၊ ဒါပေမယ့် ဒါရိုက်တာကြီးတွေ့တာ ဘယ်ဇာတ်ကောင်နဲ့လဲဆိုတာ မေးလို့ရမလားဗျ၊ အရင်က ကျွန်တော်ရဲ့သရုပ်ဆောင်စကေးက ပုံမှန်ပဲဆိုပေမယ့် အခုကျွန်တော် တိုးတက်လာအောင်ကြိုးစားနေပါတယ်"
သူ့လက်ထဲမှ ဖန်ခွက်ကို ကိုင်ထားရင်းမှာပင် မုန့်ဟွာကျန်းက ပြုံးလိုက်ကာ " မတူညီသောလမ်းခွဲများထဲမှာ မင်းသရုပ်ဆောင်ထားတဲ့ ချင်းချောင် ဇာတ်ကောင်နေရာကို မြင်ခဲဲ့တာ " ဟုပြန်ဖြေလေသည်။
ထိုအခါမှ မုန့်ဟွာကျန်းက Flanders ရုပ်ရှင်ပွဲတော်က ဒိုင်တစ်ဦးဖြစ်ကြောင်း ရွှီလော့ယန် လျင်မြန်စွာသဘောပေါက်လိုက်သည်။ဒါရိုက်တာချောင်က မတူညီသောလမ်းခွဲများ ကို ပွဲတော်သို့ တင်ပြပြီးဖြစ်လိမ့်မည်။
ထိုအချိန်မှာ တစ်ချိန်လုံးနှုတ်ဆိတ်နေခဲ့တဲ့ ချီချန်အန်းက ရုတ်တရက်စကားစလာခဲ့၏။
"လော့ယန် ဒီတစ်ကြိမ် ဒါရိုက်တာမုန့်ဘက်ကနေ မင်းနဲ့မိတ်ဆက်ပေးဖို့တောင်းဆိုခဲ့တာ "
"ချန်အန်းပြောတာမှန်တယ် "
ထို့နောက် တစ်စက္ကန့်မှပင်မနားဘဲ နောက်ထပ်တစ်ခွန်းကို ချက်ချင်းထုတ်ပြောလိုက်သည်။
"ပြီးတော့အခု ငါ့စီမှာ မင်းကိုကြည့်စေချင်တဲ့ ဇာတ်ညွှန်းတစ်ခုရှိတယ်"
"ဇာတ်....ဇာတ်ညွှန်းတစ်ခုလား"
ရွှီလော့ယန် သူ့ရင်ထဲမှာ ပိုစိတ်လှုပ်ရှားလာလေလေ အပြင်ဘက်မှာ ပိုတည်ငြိမ်လေဖြစ်ပြီး ကိစ္စတွေကို ပိုပြီး သပ်သပ်ရပ်ရပ်ကိုင်တွယ်နိုင်လေဖြစ်သည်။
မုန့်ဟွာကျန်းရဲ့ မျက်လုံးတွေထဲမှာ ကျေနပ်တဲ့ အကြည့်တစ်ခုထွက်ပေါ်လာပြီး
"ငါ့ရဲ့လက်ထောက်ကို သန်ဘက်ခါကျရင် ဇာတ်ညွှန်းပို့ပေးဖို့ပြောထားလိုက်မယ်... မင်း ဇာတ်ညွှန်းကို လက်ခံပြီး သုံးရက်အတွင်းတိကျတဲ့အဖြေပေးနိုင်ရင်တော့ ငါတစ်ကယ်ကိုဝမ်းသာမိမှာပဲ"
ထို့နောက်သူက ရွှီလော့ယန်ရဲ့ ဖန်ခွက် အစွန်းကိုတိုက်လိုက်ပြီး "မင်းရဲတုန့်ပြန်မှုကို စောင့်နေမယ်နော်"
ပွဲကနေထွက်လာပြီးတဲ့နောက်မှာ ရွှီလော့ယန် လေပေါ်မှာပေါလောပေါ်နေသလိုခံစားလိုက်ရသည်။သူတို့ကားထဲဝင်လိုက်သည်နှင့် ရွှီလော့ယန်က သူ့ကိုယ်သူမထိန်းချုပ်ထားတော့ဘဲ ချီချန်အန်းရဲ့ အင်္ကျီကိုဆွဲလိုက်ပြီး
"ချန်အန်း အိပ်မက်နေတာမဟုတ်ဘူးဆိုတာသေချာအောင် နမ်းကြည့်ပေးပါဦး"
ချီချန်အန်းက ရွှီလော့ယန်နှင့် နီးကပ်အောင် ကိုယ်ကိုအနည်းငယ်ကိုင်းလိုက်ပြီး သူတောင်းဆိုတဲ့အတိုင်း နမ်းလိုက်သည်။
ထို့နောက်သူ့ရဲ့နှုတ်ခမ်းထက် ခပ်ဖွဖွတစ်ချက်ကိုက်လိုက်ပြီး "အခု ကိုယ်မင်းကိုကိုက်လိုက်တာခံစားမိလိုက်လား"
"ခံစားမိတာထက်တောင်ပိုသေးတယ်"ဟုပြောပြီးနောက် ရွှီလော့ယန်က တစ်ဆယ်စက္ကန့်လောက် ငြိမ်သက်စွာထိုင်နေရင်းကနေရုတ်တရက်ဆိုသလို" ငါအရမ်းပျော်တာပဲသိလား စင်္ကြာဝဠာထဲ ကနေတောင် ခုန်ထွက်သွားတော့မလို့ဘဲ"
ချီချန်အန်းက ကားကိုစက်နှိုးနေရင်းမှ ရယ်လိုက်မိ၏။
"အခုတော့ ခုန်မထွက်ပါသေးနဲ့ဦး နေအဖွဲ့အစည်းအတွင်းပဲဆိုရင်ရော အကွာအဝေးက နည်းနည်းသေးရင်ကိုယ်မင်းကိုရှာတွေ့ဖို့ပိုလွယ်တာပေါ့..."
"ကောင်းပြီ၊ ကောင်းပြီ"
ရွှီလော့ယန်က အထပ်ထပ်အခါခါ ခေါင်းညိတ်လိုက်ပြီး သူ့မျက်နှာပေါ်တွင် ရီစရာကောင်းတဲ့ အပြုံးတစ်ခုပေါ်လာလေသည်။
"ငါ အိပ်မက်မက်နေတယ်လို့ ငါခံစားနေရတယ် အရင်က ဒီလိုမျိုး အရမ်းကောင်းတဲ့နေ့ခင်းအိပ်မက်တွေ မရေမတွက်နိုင်အောင် မက်ခဲ့ဖူးပေမယ့်...."
ကားက လမ်းပေါ်ကို ရောက်သွားတာနှင့် ရွှီလော့ယန်က ခေါင်းခါလိုက်ပြီး ချီချန်အန်းကိို ပြောလိုက်သည်။
"ငါတို့ ဒီကိစ္စကျန်းကောကို ပြောပြသင့်တယ်လို့ထင်လား"
ကျန်းသုန့်က ယခင်ပွဲတွေမှာ တစ်ချိန်လုံးသူနှင့်အတူတူရှိနေခဲ့ပေမယ့် ယနေ့ပွဲမှာတော့ အရေးကြီးကိစ္စအချို့ကြောင့် စောစီးစွာထွက်ခွာခဲ့ရလေသည်။
ချီချန်အန်းက သူ့ဆံပင်တွေကို လှမ်းပွတ်ပေးလိုက်ပြီး
"မုန့်ဟွာကျန်းဘက်က ပူးပေါင်းဖို့ပြောတာဆိုရင် အဲ့ဒါက ယုံကြည်လို့ရတယ်"
ဤသို့ဖြင့် ရွှီလော့ယန်က ကျန်းသုန့်ထံဖုန်းခေါ်လိုက်သည်။
"ကျန်းကော၊ ကောကိုပြောစရာသတင်းကောင်းတစ်ခုရှိတယ်"
အခြားတစ်ဖက်မှာ ကျန်းသုန့်ကစာရွက်စာတန်းတစ်ခုကို လှန်ကြည့်နေရင်းမှ ပေါ့ပေါ့ပါးပါးမေးလိုက်သည်။
"ဘာသတင်းကောင်းလဲ ၊ မင်းကိုယ်အလေးချိန်ထပ်ကျသွားလို့လား"
"အဲ့ဒါမဟုတ်ပါဘူး ၊ဒီနေ့ Stu ရဲ့ပွဲမှာ မုန့်ဟွာကျန်းနဲ့တွေ့ခဲ့တယ် သူက ကျွန်တော်ကိုကြည့်စေချင်တဲ့ ဇာတ်ညွှန်းတစ်ခုရှိတယ်လို့ပြောတယ်"
ထို့နောက်စက္ကန့်အနည်းငယ်ကြာ တစ်ဖက်က ဘာစကားမှထွက်မလာတော့သလို ဖုန်းခေါ်ဆိုမှုက ရုတ်တရက်ပြတ်တောက်သွားလေသည်။ရွှီလော့ယန်က ယခုအခြေအနေကို နားမလည်သဖြင့် ကျန်းသုန့်ထံ ဖုန်းပြန်ခေါ်တော့မည့်အချိန်မှာပင် ကျန်းသုန့်ကသူ့ထံဖုန်းခေါ်လာတာကိုတွေ့လိုက်ရသည်။
"ငါ့ဖုန်းကပြဿနာရှိနေပြီထင်တယ်၊ ခုနကပြောတာကို တစ်ခေါက်ပြန်ပြောကြည့်၊ မင်းအတွက်ဇာတ်ညွှန်းတစ်ခုရှိတယ်လို့ဘယ်သူပြောတာလဲ"
"မုန့်ဟွာကျန်းလို့ "
ရွှီလော့ယန်က ရယ်လိုက်ပြီး "ကျန်းကောဖုန်းထပ်မချနဲ့တော့နော်၊ စိတ်အေးအေးထား "
ကျန်းသုန့်ကသတင်းကို လျှင်မြန်စွာလက်ခံလိုက်ရတာကြောင့် သူ့ရဲ့စိတ်ပိုင်းဆိုင်ရာခံနိုင်စွမ်းက ပြိုကွဲတော့မလိုပင်။ထို့ကြောင့်သူက သေချာအောင်တစ်ခေါက်ပြန်မေးလိုက်သည်။
"မင်း နောက်နေတာမဟုတ်ဘူးမလား"
တုရွှယ်လန်ရဲ့ လှည့်စားမှုကြောင့် သူရင်ထဲမှာခုထိအမာရွတ်ရှိနေဆဲပင်။
"ကျွန်တော်မနောက်ပါဘူး၊ သူက မတူညီသောလမ်းခွဲများကိုကြည့်ပြီး ချန်အန်းကနေတဆင့် ကျွန်တော်ကိုမိတ်ဆက်ပေးဖို့ပြောခဲ့တာ"
ထိုအချိန်မှာပင် ရွှီလော့ယန် ကျန်းသုန့်ပြောတာကို ကြားလိုက်ရသည်။
"အခု မုန့်ဟွာကျန်းဆီကသာ ရုပ်ရှင်ကမ်းလှမ်းမှုကို တကယ်ရရင် တုရွှဟယ်လန်စီက လှည့်စားခံရတဲ့ ကိစ္စနဲ့ယှဥ်ပြီး ဒါက တစ်နှစ်တာရဲ့အကောင်းဆုံးမျက်နှာ ဖြတ်ရိုက်မှုကြီးဖြစ်လိမ့်မယ်၊ လော့ယန် မင်းအကောင်းဆုံးကြိုးစားရမယ်နော်"
"သေချာပေါက် ကျွန်တော်တက်နိုင်သမျှ အကောင်းဆုံးလုပ်မှာပါ"
ဖုန်းချပြီးတဲ့နောက်မှာ ရွှီလော့ယန်က ယခုသူတို့ ဟိုတယ်ကိုပြန်တဲ့လမ်းကိုဦးတည်နေတာမဟုတ်ဘူးဆိုတာသတိထားမိသွားသဖြင့် " ချန်အန်း ငါတို့ဘယ်သွားကြမှာလဲ"ဟုမေးလိုက်သည်။
"ဒီညကိုယ်တို့ အခြားနေရာမှာအိပ်ကြမယ်"
ကားကမြို့ပြင်မှ မောင်းထွက်သွားပြီး သုံးနာရီကျော်ကြာပြီး ရွှီလော့ယန် ကားပြတင်းပေါက်ကိုမှီကာကြည့်လိုက်ရာ ချီချန်အန်းက ကားကို တောထဲသို့ တန်းတန်းမက်မက် မောင်းဝင်နေကြောင်းသိလိုက်ရသည်။
သူက ချီချန်အန်းကို ကြည့်လိုက်ချိန်တွင် သူ့မျက်လုံးတွေက လုံး၀တောက်ပနေလေသည်။
"ချန်အန်း ငါတို့ အသားကင်စားကြမှာလား ဒါမှမဟုတ် ငါတို့တောထဲမှာစခန်းချကြမှာလား "
"မဟုတ်ဘူး၊ ဒါပေမယ့် မင်း သဘောကျမှာတော့ သေချာတယ်..."
နောက်ဆုံးတွင် ကားက သစ်ပင်ကြီးတစ်ပင်ရဲ့ဘေးမှာ ရပ်သွားသည်။ချီချန်အန်းကားထဲကထွက်လာသည့်အချိန်မှာ ရွှီလော့ယန်လည်းလိုက်ထွက်လိုက်ပြီး သူတို့ရဲ့အရှေ့နှင့်အနောက်မှာ အဆုံးမရှိတဲ့သစ်တောတွေကိုတွေ့မြင်လိုက်ရသည်။ နေဝင်နေပြီဖြစ်၍ မြူမှုန်များက တောင်တန်းများ၊ ငှက်အော်သံများ နှင့် သစ်ရွက်ခြောက်များဖြင့် ကြည်လင်ပြတ်သားစွာ လွှမ်းခြုံထားသည်။ ခြေဖဝါးအောက်မှာ ပြုတ်ကျနေတဲ့ သစ်ရွက်ခြောက်အလွှာတွေက နင်းလိုက်တဲ့အခါတိုင်းမှာ မယုံနိုင်လောက်အောင်ကို ပျော့ပျောင်းနေ၏။
ရွှီလော့ယန်က မျှော်လင့်ချက်အပြည့်ဖြင့် "ချန်အန်း၊ ငါတို့ဒီမှာဘာလုပ်ကြမလဲ"ဟုမေးလိုက်သည်။
ချီချန်အန်းက သူ့နှုတ်ခမ်းထောင့်တွေကို နမ်းရင်း "နျောင်နျောင်၊ အပေါ်ကိုမော့ကြည့်လိုက်"
ရွှီလော့ယန်က ခေါင်းငုံ့ထားရင်းကနေ ပြင်ဆင်ထားခြင်းမရှိဘဲ ရုတ်တရက်အပေါ်ကိုမော့ကြည့်လိုက်တဲ့အချိန်မှာ သစ်ပင်ပေါ်မှာဆောက်ထားတဲ့အိမ်လေးတစ်လုံးကိုတွေ့လိုက်ရသည်။ခိုင်ခံ့သည့်သစ်ပင်ရဲ့ပင်စည်ကို ပတ်ပြီးဆောက်ထားပုံပေါ်တဲ့ အိမ်လေးမှာ ဒဏ္ဍာရီလာပုံပြင်တွေထဲက သစ်လုံးအိမ်လေးနှင့်တူလေသည်။
"နျောင်နျောင် မင်းအဲ့ဒီလိုသစ်ပင်ပေါ်မှာဆောက်ထားတဲ့ အိပ်လေးပေါ်မှာအိပ်ပြီး ကြယ်တွေကိုငေးကြည့်ချင်တယ်လို့ ပြောဖူးတယ်မလား"
ရွှီလော့ယန်က သူ့ကိုကြည့်ဖို့ခေါင်းကို လှည့်လိုက်ပြီး ထိုအချိန်ခဏ သူ့လည်ပင်းတစ်ခုလုံးခြောက်ကပ်သွားသလိုပင်။
ခဏအကြာမှာမှ သူ့ရဲ့ပါးစပ်ကိုဖွင့်လိုက်ပြီး "အဲ့ဒါကို မင်းမှတ်မိသေးတယ်ပေါ့"
"အင်း ကိုယ်မှတ်မိတာပေါ့"
ရွှီလော့ယန်ရဲ့ နှလုံးသားထဲမှာ နွေဦးမြက်ခင်းများကဲ့သို့ ခံစားချက်များ ပျံ့နှံ့သွားရသည်။သူပြောခဲ့ဖူးတဲ့ ဆန္ဒအသေးအမွှားတိုင်းကို အမှတ်ရနေမည့်သူရှိပြီး ၎င်းတို့ကို ဖြည့်ဆည်းပေးမည့်သူရှိတာက ဘ၀မှာ အကောင်းဆုံးဆုလာဘ်ပင်။
ရွှီလော့ယန် သူမျက်ဝန်းထဲက မျက်ရည်စတွေ ကျမလာစေရန်အလို့ငှာ မျက်လုံးကိုအနည်းငယ် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး သူ့လက်ကို ဆန့်ထုတ်လိုက်ကာ "ဒါဆို အရာရာပြည့်စုံံနေတဲ့ နတ်ဆိုးကြီးရေ ကျွန်တော်ကိုခေါ်သွားပေးလို့ရမလား"
သူတို့နှစ်ဦး အနီးနားမှာရှိတဲ့ သစ်ပင်တစ်ပင်ရဲ့ ပင်စည်နှင့်တွဲထားတဲ့ ယာယီသစ်သားလှေခါးပေါ်သို့ ဂရုတစိုက်တက်လိုင်ကြသည်။ သစ်ပင်ထိပ်သို့ရောက်ပြီးနောက် သစ်ပင်နှစ်ပင်ကို ဆက်သွယ်ထားသော ကြိုးတံတားပေါ်သို့ တက်ကြပြန်သည်။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း၊ ကြိုးတံတားက တုန်ယင်သွားတာကြောင့် ချီချန်အန်းရဲ့ လက်ကိုဆုပ်ကိုင်ထားတဲ့ ရ်ွှီလော့ယန်ရဲ့ လက်တွေမှာ တုန်ယင်သွားကာ ပိုပြီးတင်းကျပ်သွား၏။
သို့ပေမယ့် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်မှာတော့ ကျင့်သားရလာသဖြင့် အရှိန်မြန်လာကာ ကြိုးတံတားကိုဖြတ်ကျော်ပြီး နောက် သစ်ပင်အိမ်အဝင်ဝမှာ ရပ်တန့်လိုက်သည်။
သစ်သားတံခါးမှာ ချိတ်ထားတဲ့ သော့ကို ကြည့်ပြီး သူက စိတ်လှုပ်ရှားစွာဖြင့်“ဒီည ငါတို့ ဒီမှာ တကယ်နေမှာလား ငါတို့နှစ်ယောက်တည်းလေ"
"အင်း၊ ကိုယ်တို့ဒီမှာတစ်ကယ်နေကြမယ် ကိုယ်တို့နှစ်ယောက်တည်းပဲ"
သစ်သားတံခါးကို တွန်းဖွင့်လိုက်တော့ ချီချန်အန်းက အရင်ဝင်လိုက်ပြီး လိမ္မော်ရောင်မီးရောင်ဖျော့ဖျော့ကိုဖွင့်လိုက်သည်။ထိုအခါ ရွှီလော့ယန်မှာ အိမ်အတွင်းထဲက ကုတင်၊စားပွဲ၊ ကုလားထိုင် စတဲ့အသုံးအဆောင်တွေကို သစ်သားဖြင့်လုပ်ထားတာကိုတွေ့လိုက်ရသည်။ သစ်သားပြတင်းပေါက်တွေကြားထဲမှာ မှန်တွေပါတာကြောင့် ကျယ်ပြန့်တဲ့ ညကောင်းကင်ယံကိုမြင်နိုင်တဲ့အပြင် အပြင်ဘက်က အဆုံးမရှိတဲ့သစ်တောတွေကိုပါ ရွှီလော့ယန်မြင်တွေ့နေရသည်။
ယခုအခိုက်အတန့်လေးမှာ ရွှီလော့ယန် ကမ္ဘာကြီးက တောအုပ်တစ်ခုလောက်ပဲ ကျယ်၀န်းတယ်လို့ခံစားလိုက်ရပြီး ထိုကမ္ဘာကအတော်လေးသေးတဲ့အတွက် သူနှင့် ချီချန်အန်းတို့ပဲ ထိုနေရာမှာရှိနေသလိုပင်။
ရိုးရှင်းသော ညစာစားပြီးနောက်မှာ ချီချန်အန်းက နံရံပေါ်ရှိ ခလုတ်တစ်ခုကို နှိပ်လိုက်ပြီး အနည်းငယ် 'zippinh' ဆိုတဲ့အသံတွေထွက်လာပြီးနောက် သစ်သားခေါင်မိုးက ပြောင်းလဲသွားတော့သည်။သစ်သားပြားများစွာက ဘေးနှစ်ဖက်ဆီသို့ ဖြည်းညှင်းစွာရွေ့လျားသွားပြီး ဖောက်ထွင်းမြင်ရသည့် မှန်ချပ်များကို ပေါ်လွင်စေကာ တစ်မိနစ်အတွင်းမှာပင် ပွင့်သွားတဲ့ အမိုးတစ်ဝက်နှင့်အတူ 'zippinh' အသံ ပျောက်ကွယ်သွားတော့၏။
ယခုမူသစ်လုံးအိမ်လေးထဲကနေ ကြည့်လိုက်တဲ့အချိန်မှာ ထူးထပ်နေသည့် သစ်ရွက်တွေ အကိုင်းအခက်တွေကို ဖြတ်ပြီး တစ်လဲ့လဲ့တောက်ပနေတဲ့ ကြယ်လေးတွေကို တွေ့မြင်နေရလေသည်။
ချီချန်အန်းကို သူနှင့်အတူ လက်လုပ်စောင်အောက်ကို ဆွဲသွင်းလိုက်ပြီး ရွှီလော့ယန်က သူ့ရဲ့လက်ချောင်းထိပ်ကလေးတွေဖြင့်ချီချန်အန်းရဲ့ လက်ဖမိုးကို ညင်သာစွာပွတ်တိုက်လိုက်သည်။ထို့နောက်သူ့လက်ကိုလှည့်လိုက်ကာ သူ့ရဲ့လက်ထိပ်တွေကမူ ချီချန်အန်းရဲ့လက်ဖဝါးပေါ်မှာပြေးလွှားနေပြီး သူ့ရဲ့လက်က္ခဏာလမ်းကြောင်းအတိုင်း စူးစမ်းနေလေသည်။
"ချန်အန်း ငါတကယ်ပျော်တယ်!"
"အင်း"
ချီးချန်အန်းရဲ့ အကြည့်တွေကနူးညံ့နေကာ သူ့မျက်၀န်းတွေကမူ မြူခိုးတွေရစ်သိုင်းနေသလိုဖြစ်နေပြီး သူ့အသံကလည်း ပကတိ ငြင်သာနေပေ၏။
နှစ်ယောက်သား သစ်သားကုတင်ပေါ်မှာလှဲနေပြီး ကြယ်တွေကိုငေးနေရင်း အဆုံးမသတ်နိုင်အောင်စကားတွေအများကြီးပြောဖြစ်ခဲ့ကြသည်။ရုပ်ရှင်တွေကနေ ကောင်းကင်ပေါ်က ကြယ်စုတွေအထိ၊ ဒဏ္ဍာရီထဲက ကြယ်တွေအကြောင်းဇာတ်လမ်းတွေအထိ အားလုံးပြောခဲ့ကြသည်။သူတို့ကျောင်းစစတက်ချင်းအကြောင်းအရာတွေအထိ အားလုံးအစုံပင်။
အပြင်ဘက်လေသံနှင့် သစ်ရွက်ခြောက်သံကို နားထောင်ရင်း ရွှီလော့ယန် ချီချန်အန်းရဲ့မျက်နှာကို ကြည့်ဖို့ သူ့ခေါင်းကိုလှည့်လိုက်ချိန်တွင် သူ့နှလုံးသားလေးက အခုန်မြန်သထက်မြန်လာရသည်။
"ချန်အန်း"
"အင်း" ချီချန်အန်းကလည်း သူ့ခေါင်းကိုလှည့်လိုက်ပြီး ရွှီလော့ယန်ကို ကြည့်လိုက်သည်။
ယခုအချိန်အခိုက်အတန့်လေးမှာ ရွှီလော့ယန် တစ်ယောက်ယောက်ကို ချစ်မိသွားတဲ့အခါ သူတို့ရဲ့ အသက်ရှုသံတွေ၊ တုံ့ပြန်မှုတွေ၊ ဒါမှမဟုတ် အပြုံးလိုမျိုး အသေးငယ်ဆုံးအသေးစိတ်အချက်အလက်တွေကိုတောင် ထပ်ခါထပ်ခါ စွဲလန်းနေနိုင်တယ်ဆိုတာ သိလိုက်ရသည်။
ဤအသေးစိတ်အချက်တွေက လူကို တင်းတင်းကျပ်ကျပ်ချည်နှောင်ထားတဲ့ နူးညံ့သည့်နွယ်ပင်များအဖြစ်သို့ ပြောင်းလဲသွားသလိုပင်။
သူ့စကားအဆုံးသတ်ရန်အတွက် “ချန်အန်း၊ ငါ့ခြေသလုံးက ဒဏ်ရာတွေ သက်သာနေပြီ” ဟု ဆက်ပြောလိုက်သည်။
"ကိုယ်သိတယ်"
ထို့နောက်ချီးချန်အန်းရဲ့ အကြည့်တွေက စိုးရိမ်ပူပန်မှုတစ်ခုအဖြစ်ပြောင်းသွားလေသည်။
"အခုအနာတွေက စပ်နေပြီး ယားနေတာလား"
"ဒဏ်ရာတွေက ယားနေတာမဟုတ်ဘူး...အဲ့ဒါတွေက နည်းနည်းတော့ယားနေပေမယ့် ငါ့ရဲ့နှလုံးသားလေးက ပိုယားယံနေလို့ အဲ့ဒါကိုသက်သာအောင်လုပ်ဖို့နည်းလမ်းမရှိဘူးလို့..."
အနည်းငယ်ခြောက်နေတဲ့ သူ့နှုတ်ခမ်းတွေကို လျက်လိုက်ရင် ချီချန်အန်းကိုတိုက်ရိုက်ကြည့်ကာ "အခု အချိန်ကလည်းမှန်နေတယ်၊ နေရာကလည်းမှန်နေတယ် ၊လူတွေကတော့မှန်နေတယ်ဆိုတော့.....ငါတို့အတူတူ နှစ်ကိုယ်တူကျင့်ကြံမှုလေးလုပ်ကြမလားဟင်"
____
Translated By IQ-Team.