အပိုင်း ၂၉
Viewers 10k

Chapter 29

------------


အရက်မူးနေတဲ့ ရွှီလော့ယန်က တစ်ချက်လေးတောင်မှငြိမ်ငြိမ်မနေနိုင်ဘဲ အရမ်းကိုလှုပ်လှုပ်ရွှရွှဖြစ်နေသည်။မတ်တပ်ပင်ဖြောင့်ဖြောင့်တန်းတန်းမရပ်နိုင်တော့သဖြင့် လဲကျမှာစိုးတာကြောင့် ချီချန်အန်းကသူဘေး၌တချိန်လုံးနေနေရသည်။


သစ်သားစားပွဲ ခြေခုံ၏ပုံစံ၊နံရံကပ်စက္ကူ၏ဒီဇိုင်း၊ငါးကန်ထဲရှိ အပင်မျိုးစိတ်၊ဟိုတယ်ရဲ့ လတ္တီကျုနှင့်နဲ့ လောင်ဂျိကျုကိုတောင်မှတွက်ချက်နေလိုက်သေးသည်။


နောက်ဆုံးအားကုန်သွားတဲ့ရွှီလော့ယန်တစ်ယောက် နဖူးပေါ်လက်တင်ပြီးရေရွတ်ပြန်သည်။


 "ကျွန်တော်....နားမှရတော့မယ်နဲ့တူတယ် ကြည့်ရတာကမ္ဘာကြီးကများ လည်နေတာလား ဒါမှမဟုတ် ကျွန်တော်ကပဲခေါင်းမူးနေတာလား"


ပြီးနောက် ရုတ်တရက်တစ်ခုခုကိုစဉ်းစားမိသွားကာ သူ‌လေသံကနည်းနည်းစိုးရိမ်သွားပြီး"ချီချီ ဘယ်မှာလဲ၊ချီချီက ထွက်သွားပြီလား"


"ကိုယ်မသွားသေးဘူး၊ ဒီမှာရှိသေးတယ်လေ"


ချီချန်အန်းက ရွှီလော့ယန်ရဲ့နောက်မှာရပ်နေပြီး သူပြောလို့ပြီးသွားတာနဲ့ ရွှီလော့ယန်က အနောက်ကိုလှည့်ပြီးသူ့အား ပြုံးပြတာကိုမြင်လိုက်ရသည်။ပြီးတော့ ယခုမှလမ်းလျှောက်တက်ခါစကလေးတစ်ယောက်လိုယိုင်တိယိုင်တိုင်ခြေလှမ်းများဖြင့် လက်နှစ်ဖက်အားဖွင့်ကာ ခုန်တတ်လိုက်သည်။


ချီချန်အန်းရဲ့ပခုံးပေါ် ရွှီလော့ယန်က မေးစေ့တင်လိုက်ကာ"ချီချီ"ဟုရေရွတ်လိုက်ပြီး"ချန်အန်းကော"ဆိုပြီး အကြိမ်ပေါင်းများစွာထပ်တလဲလဲခေါ်နေပြန်သည်။


ခဏလောက်ကြာတော့ သူ့ကရယ်မောနေပေမယ့် ဘာကြောင့် သူပျော်နေရတာလဲဆိုတာကိုတော့မသိ။


"မင်း မူးနေတယ်မလား၊ထိုင်ရအောင် ဟုတ်ပြီလား"


"အင်း" ရွှီလော့ယန်က ကောင်းကောင်းမွန်မွန်ပြန်ဖြေလိုက်ပြီးနောက် ဆိုဖောပေါ်၌ထိုင်ရန် ဆွဲချခံလိုက်ရသည်။


သူဝိုင်ဖြူတွေသာပါသည့်ခွက်ကိုသုံးခါတိတိသောက်ခဲ့တာကို သတိရသွားပြီး ချီချန်အန်းကစိုးရိမ်တကြီးဖြင့်မေးလိုက်သည်။


"မင်း အန်ချင်သေးလား"


သူ့ကိုယ်သူ သေချာစွာစစ်ဆေးပြီးတော့မှ ရွှီလော့ယန်ကလေးလေးနက်နက်ပြန်ဖြေလိုက်သည်။


"ဟင့်အင်း"


"ဒါဆို မူးနေသေးလား"


"မူးတယ်" 


ရွှီလော့ယန်ရဲ့အသံကကြည်လင်ပြတ်သားနေပြီး တည်ကြည်သည့်အမှုအရာဖြင့်ထိုင်နေခဲ့ကာ သူ့မျက်လုံးတွေက ချီချန်အန်းအားစူးစိုက်ပြီးကြည့်နေသည်။ထိုအချိန်မှာပဲ တံခါးခေါက်သံကြားလိုက်ရပြီးနောက် စားပွဲထိုးတစ်ဦးကအမူးပြေလက်ဖက်ရည်ယူလာပေးသည်။


ချီချန်အန်းကထရပ်လိုက်ပြီး တံခါး၀ကိုသွားဖို့ပြင်လိုက်တော့ သူ့အင်္ကျီလက်စအားညင်ညင်သာသာဆွဲထားတာကိုခံလိုက်ရသည်။သေးငယ်လှတဲ့အားလေးကသူ့ကို ခြေလှမ်းတစ်၀က်ပင် မလှမ်းနိုင်အောင်လုပ်နေပေ၏။


သူကခေါင်းကိုငုံလိုက်ကာ လေသံတောင်မှမသိလိုက်ဘဲ ပျော့ပျောင်းသွားရပြီး "လော့ယန် "


ရွှီလော့ယန်ကတော့ ငြိမ်ငြိမ်နေလို့မရတဲ့တိရစ္ဆာန်သေးသေးလေးလို သူ့အားမော့ကြည့်လိုက်သည်။


သူရဲ့မျက်လုံးတွေအရည်တလဲ့လဲ့ဖြင့်တောက်ပနေပြီး"မင်း ထွက်သွားတော့မလို့လား"


"မသွားဘူး"


ချီချန်အန်းရဲ့နှလုံးသားကပျော့ပျောင်းသွားရပြီး"မင်း ဒီမှာထိုင်ပြီး ကိုယ့်ကိုကြည့်နေ၊စိတ်မပူနဲ့ ကိုယ်ထွက်မသွားဘူး"


မားမားနဲ့ပါးပါး တုန်းကလည်းဒီလိုပဲပြောပြီး နောက်ဆုံးတော့လည်းထွက်သွားကြတာပဲ။ 


သိုသော် ရွှီလော့ယန်က ဖြည်းဖြည်းချင်းစဉ်းစားပြီးတဲ့နောက် သူ့ကိုယုံပေးဖို့ဆုံးဖြတ်လိုက်ကာ လက်ကိုင်ထားတာကို လွှတ်ပေးလိုက်ပြီး"ဒါဆိုလည်း မင်းကိုစောင့်နေမယ် မြန်မြန်ပြန်လာခဲ့"


မတတ်နိုင်ပေမယ့် မြန်မြန်ဆန်ဆန်ဖြင့် ချီချန်အန်းတစ်ယောက် ရွှီလော့ယန်အတွက် အမူးပြေလက်ဖက်ရည်ကိုအချိန်ခဏလေးအတွင်း ယူလာလိုက်သည်။


ရွှီလော့ယန်က သူ့လက်ထဲ၌လှပတဲ့ပန်းကန်လုံးကိုင်ထားတာမြင်တော့ ချက်ချင်းလန်းဆန်းသွားပြီး"မုန့်ကအရသာရှိလား"


"မုန့်မဟုတ်ဘူး၊ မင်း နေရထိုင်ရသက်သာသွား‌အောင်လက်ဖက်ရည်"


" အိုး "


ရွှီလော့ယန်က သဘောပေါက်သွားရန် ငါးစက္ကန်လောက်အချိန်ယူလိုက်ရသည်။ပြီးနောက် သူလက်နှစ်ဖက်အားအနောက်သို့ပစ်လိုက်၏။


မျက်စိပေကလပ် ပေကလပ်လုပ်ပြပြီး လေးနက်ကာရိုးသားလှတဲ့အမှုအရာဖြင့်"နျောင်နျောင်ရဲ့လက်တွေက ပျောက်သွားပြီ"


"နျောင်နျောင်" 


ချီချန်အန်းက အံအားသင့်သွားရသည်။


ပြီးတော့မှချက်ချင်း" မင်းက နျောင်နျောင်လား"ဟု‌မေးလိုက်သည်။


"ဟုတ်တယ် ကျွန်တော်ပဲ" 


ရွှီလော့ယန်က သူ့နာမည်ဘယ်ကလာလဲဆိုတဲ့ဇာစ်မြစ်အား ချီချန်အန်းကိုတစ်လုံးချင်းရှင်းပြရင်း မျက်လုံးများတောက်ပလာရသည်။


 "မားမား ပြော‌တာတော့ ကျွန်တော်ငယ်ငယ်တုန်းကအတော်လေးကိုဆိုးတယ်တဲ့၊ဒါကြောင့် သူမက'နျောင်နျောင်'ဆိုပြီး နာမည်ပြောင်ပေးထားတာ"


ချီချန်အန်းကိုလည်း သူနာမည်ဘယ်လိုအသံထွက်ရလည်းသင်ပေးနေသေးသည်။


"ရွှီ နျောင် နျောင်"


" ရွှီနျောင်နျောင် "


ချီချန်အန်းက သူ့နာမည်အားအသံထွက်ပြနေစဥ်တွင် သူ့မျက်လုံးထဲကအပြုံးတွေကနွေဦးလေညင်းလိုပင်၊


" ဟုတ်တယ် " 


ရွှီလော့ယန်က သူ့နာမည်အသံဘယ်လိုထွက်ရမလဲသင်ပေးပြီးတော့ ၀မ်းသာအားရဖြင့်ဆက်ပြီး


 "နျောင်နျောင်လက်တွေ ပျောက်‌သွားပြီလက်ဖက်ရည်ကို ကိုင်သောက်လို့မရ‌ဘူး၊ နျောင်နျောင်ကို မင်းတိုက်ပါလား"


" အင်း တိုက်မယ်"


ချီချန်အန်းက ပထမဆုံးအကြိမ်အဖြစ်လူတစ်ယောက်ကို ခွံကျွေးဖူးတာဖြစ်သည်။သူက ကြွေဇွန်းကိုကောက်ယူလိုက်ပြီးလက်ဖက်ရည်ဇွန်းတစ်၀က်ခန့်အား ဂရုတစိုက်ခပ်ယူ၍ ရွှီလော့ယန် ပါးစပ်နားမတေ့ပေးခင် အေးအောင်လေမှုတ်ပေးလိုက်သည်။ ရွှီလော့ယန်က ပြသနာထပ်မရှာတော့ဘဲ ခေါင်းကိုငုံကာ အလေးအနက်ထားပြီးသောက်လိုက်သည်။ပြီးနောက် သူနှုတ်ခမ်းအားလျှာဖြင့်လျက်ကြည့်လိုက်ပြီး မှတ်ချက်ပေးလိုက်သေးသည်။


"အရသာက အရမ်းပေါ့တာပဲ"


သို့သော် ဒုတိယတစ်ကြိမ်ဇွန်းကိုတေ့ပေးလိုက်တာနှင့် ခေါင်းကိုငုံကာ ကုန်အောင်သောက်လိုက်ပြီး ချီချန်အန်းကို သူသောက်လို့ပြီးတာနဲ့မျှော်လင့်တကြီးမော့ကြည့်လေသည်။


သူအား အမူးပြေလက်ဖက်ရည်ပန်းကန်းလုံးတစ်၀က်ခန့်တိုက်ကျွေးပြီးနောက် ချီချန်အန်းက ရုတ်တရတ်ရွှီလော့ယန်မျက်လုံးတွေရဲ့အကြည့်အား နားလည်သွားရပြီး သူ့ဘယ်လက်ဖြင့် ဆံပင်အားခပ်ဖွဖွလေးပွတ်သပ်ပေးလိုက်ကာ"နျောင်နျောင်က အရမ်းလိမ္မာတာပဲ"


ရွှီလော့ယန်ရဲ့မျက်လုံးတွေက သက်တောင့်သက်သာဖြစ်သွားသည်ပုံဖြင့် မှေးစင်းသွားရပြီး ခေါင်းကိုညိတ်ကာ"သားက အရမ်းလိမ္မာတယ်လေ၊ မားနဲ့ပါးထွက်မသွားလို့ရလား"


အမူးပြေလက်ဖက်ရည် ကုန်အောင်သောက်ဖို့ ၁၀မိနစ်လောက်ကြာသွားရသည်။သို့ပေမယ့် ယင်းကရွှီလော့ယန်ကို နိုးအောင်မနှိုးနိုင်ပေ။ ထို့အစား သူကမျက်လုံးတွေကိုစတင်ပွတ်သပ်ကာ သည်းဝေလိုက်ပြီး မျက်ရည်များဝဲတတ်လာရသည်။ချီချန်အန်း၏လက်ဖဝါးရဲ့ဖိအားအတိုင်းလိုက်ပြီးနောက် သူရဲ့ခေါင်းကချီချန်အန်းပေါင်ပေါ်လှဲကျသွားသည်။


မျက်လုံးမှိတ်ထားတာခဏလေးပဲရှိသေး ရုတ်တရတ် ရွှီလော့ယန်က"ကျွန်တော်ရဲ့ချန်အန်းကော ဘယ်မှာလဲ"ဟုရေရွတ်ပြန်လေသည်။


ရွှီလော့ယန်ရဲ့နားထင်နှစ်ဖက်အား လက်ညိုးနှင့်လက်ခလယ်ကိုသုံးပြီး ပွတ်သပ်ပေးလိုက်ရင်း ချီချန်အန်းကတိုးတိုးလေးပြန်ဖြေလိုက်သည်။


 " ဒီမှာရှိတယ် "


"မင်းကိုညလယ်စာစားဖို့ခေါ်သွားပေးမယ်" 


ရွှီလော့ယန်ရဲ့အသံကတစ်စွန်းတစ်စသာ ထွက်နိုင်နေပေမယ့် ကြိုးကြိုးစားစားဖြင့်ဆက်ပြီး " မင်းညစာကို ကောင်းကောင်းမစားရင် ဗိုက်ဆာနေလိမ့်မယ် "


သူ့အသံကတဖြည်းဖြည်းတိုးသွားရပြီး စကားတွေကအဓိပ္ပာယ်မရှိတော့ပေ။


" မင်းဗိုက်ဆာလာရင် နာလိမ့်မယ်၊မူးလဲလိမ့်မယ်၊မင်း မမြင်ရတော့ဘူး၊ချက်ချင်းမင်းအတွက်ဆေးရှာရမယ်"


ချီချန်အန်းက သူ့ခံစားချက်တွေကို စကားလုံးတွေဖြင့် မဖော်ပြနိုင်တော့တာကြောင့် သူပေါင်ပေါ်၌အိပ်မောကျနေတဲ့ ရွှီလော့ယန်ကိုကြည့်ပြီး သူခေါင်းကိုငုံ့လိုက်ကာ ရွှီလော့ယန်ရဲ့ဆံပင်တွေကို ညင်သာစွာနမ်းလိုက်၏။


မင်းက ကိုယ်ရဲ့ဆေးပါပဲ...၊


လုတိက သီးသန့်ခန်းရဲ့တံခါးကိုတွန်းပြီးဖွင့်လိုက်တော့ စားပွဲဝိုင်းကြီးပေါ်၌စာကြွင်းစားကျန်များသာတွေ့လိုက်ရသည်။


သူက စမ်းပြီး"ရွှီကော"လို့ခေါ်လိုက်တော့ အနောက်ကနေတစ်ယောက်ယောက်က"သူအိပ်ပျော်နေပြီ"လို့ပြောသံကိုကြားလိုက်ရသည်။ 


"ချီလူကြီးမင်း" 


လုတိက အသံကိုတိုးလိုက်ပြီး နောက်ကတံခါးကိုပိတ်လိုက်ကာ ၀င်လာလိုက်သည်။သူကြည့်လိုက်တော့ ချီချန်အန်းပေါင်ပေါ်၌ ရွှီလော့ယန်လှဲ‌နေပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်‌နေတာကိုတွေ့လိုက်ရသည်။ပြီးတော့ ချီချန်အန်းက မ‌တော်တဆကြမ်းပြင်ပေါ်ကိုပြုတ်ကြမှာဆိုးတာကြောင့်သူ့လက်တစ်ဖက်ဖြင့်ဂရုတစိုက်ပခုံးကိုကိုင်ထားသည်။


လုတိမှာ အံအားသင့်သွားရလေသည်။


နဂိုကတည်းက ချီချန်အန်းနဲ့ ရွှီကော ရင်းနှီးတယ်ဆိုတာသူသိထားပေမယ့် ထိုမျှအထိရင်းနှီးလိမ့်မည်ဟုမထင်ထားပေ။


အချိန်တိတိကျကျပြောရရင် ရွှီလော့ယန် အိပ်ပျော်နေတာနှစ်နာရီနီးပါးလောက်ရှိနေပြီဖြစ်သည်။


ဒါကြီးက သေချာပေါက် ပလတ်စတစ်ညီအစ်ကိုမဟုတ်ဘူး...၊သံချေး‌တောင်မတတ်တဲ့ သံမဏိလိုညီအစ်ကိုမျိုးပဲ...။


သူက အမြန်သွားလိုက်ပြီးတိုးတိုးလေးပြောလိုက်သည်။


"ရွှီကောသောက်လိမ့်မယ်ထင်လို့ အပြန်ကျရင်ကားမောင်းဖို့ ကျွန်တော်မသောက်ထားဘူး၊ပြန်ကြတော့မလား ဒါမှမဟုတ်"


ပြီးခဲ့တဲ့ရက်တွေအတွင်း ချီချန်အန်းကိုတဖြည်းဖြည်းသိလာပေမယ့်လည်း ချီချန်အန်းကိုကြောက်‌နေသေးတာကြောင့် သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက် မချရဲပေ။သူနဲ့တွေ့ရင်လည်း ဘယ်လိုမျိုးပြုမှုသင့်လည်းဆိုတာကိုလည်း သူသိပ်မသေချာသေး၊ ထို့ကြောင့် အထက်တန်းကျောင်းတုန်းက ကျောင်းအုပ်ဆရာမကြီးနှင့်တွေရင် ပြုမှုတဲ့ပုံကိုသာ ရိုးရိုးရှင်းရှင်းထုတ်သုံးလိုက်သည်။


"သွားကြအောင်၊ မဟုတ်ရင် ဒီလိုမျိုးအိပ်‌နေရင် လော့ယန်အအေးမိသွားလိမ့်မယ်"


ချီချန်အန်းက လုတိကိုရွှီလော့ယန်ကိုကူပြီး ဆွဲထူဖို့ပြောလိုက်ပြီးတော့ ဖြည်းဖြည်းချင်းမတ်တပ်ရပ်လိုက်သည်။ သို့ပေမယ့် နှစ်ခါတောင်ကြိုးစားပေမယ့် ရပ်လို့မရ၊သူအကြာကြီးထိုင်လိုက်လို့ သူ့ခြေထောက်တွေကျင်နေလေသည်။


နှစ်မိနစ်လောက်ကြာသွားပြီး သူရပ်နိုင်တာသေချာတော့မှ ချီချန်အန်းက ရွှီလော့ယန်ကိုထိန်းပြီးကိုင်လိုက်သည်။


"မင်း ပင်ပန်းသွားရပြီ ကျေးဇူးပဲ၊ကားသွားယူလိုက်၊ငါ သူ့ကို ထိန်းထားလိုက်မယ်"


လုတိက ပြုံးလိုက်ပြီး"မပင်ပန်းပါဘူး၊ ကျွန်တော်လုပ်သင့်တာပါ၊ ဒါဆို အရင်ကားကိုတံခါးနားထိမောင်းလာလိုက်မယ်" 


ပြောပြီးနောက် ချီချန်အန်းက ရွှီကောကိုကောက်ပွေ့လိုက်သည်။ ရွှီကောက သူ့မျက်နှာဖြင့် ချီချန်အန်းရဲ့လည်ပင်းကို သဘာ၀ကျကျပွတ်သတ်နေကာ တစ်ခုခုအား မသဲမကွဲပြောနေပုံရသည်။ ယင်းက သူ့ကိုသေချာပေါက်ယုံကြည်ပုံရပြီးစိတ်သက်သာရာရစေမှန်းသိသာသည်။


သို့ပေမယ့် လုတိ တံခါးနားရောက်တော့ အနောက်ဘက်ကနေ ချီချန်အန်းက အသံတိုးတိုးဖြင့် ရွှီလော့ယန်ရဲ့မေးခွန်းတွေကို ပြန်ဖြေနေတာ ကြားလိုက်ရသည်။


"အင်း ကိုယ်ရှိတယ်.....မထွက်သွားဘူး၊မင်းအိပ်တော့"


ကြောင်လိုမျိုး သိချင်စိတ်ကိုမလွန်ဆန်နိုင်တာကြောင့်လုတိက သတိထားပြီးနောက်ကိုလှည့်ကြည့်လိုက်တော့ သူရဲ့ အကြွင်းမဲ့အာဏာရှိတဲ့ရွှီကောက ချီချန်အန်းရဲ့လည်ပင်းအားသိုင်းဖက်ထားပြီး တိုးတိုးလေး ညည်းနေတာကို မြင်လိုက်သဖြင့် သူ ချက်ချင်းကို တုန်လှုပ်သွားရသည်။


ဘုရားရေ ၊ရွှီကောက အရက်မူးပြီး၀က်တစ်ကောင်လိုညည်းနေတဲ့မြင်ကွင်းကို သူတကယ်ကြီးမြင်လိုက်တာလား၊ ဒီလိုမျိုးရုပ်ပျက်ဆင်းပျက်ဖြစ်နေပုံကို သူမြင်လိုက်လို့မနက်ဖြန်ကျရင်နှုတ်ပိတ်ခံရမှာလားမသိဘူး...၊


ရွှီလောယန် အမူးပြေပြီးနိုးလာတော့ ခဏလောက်ငြိမ်လှဲနေနေမိပြီး မျက်လုံးဖွင့်လိုက်တော့ ရင်းနှီးနေတဲ့မျက်နှာကြက်ကိုတွေ့လိုက်ရသည်။ သူက မည်းမှောင်နေတဲ့ကောင်းကင်ကြီးကို ကြည့်လိုက်ပြီး ဘယ်အချိန်ရှိပြီလဲဆိုတာ သီချင်သွားရသည်။အရက်သောက်ခြင်းရဲ့နောက်ဆက်တွဲအကျိုးဆက်ကတော့ သူ့ ခေါင်းတစ်ခုလုံးလေးလံနေပြီး လှုပ်တောင်မှမလှုပ်ချင်တော့ပေ။


သို့သော် သိပ်မကြာခင်မှာဘဲ တံခါးဖွင့်သံကိုသူကြားလိုက်ရသဖြင့် ဘယ်အချိန်ရှိပြီလဲဆိုတာ သူပြောနိုင်သွားသည်။ရွှီလော့ယန်က ကန့်ထားတဲ့နံရံ သစ်သားတံခါးကိုဖွင့်လိုက်တဲ့အသံကို မှန်းလိုက်တာဖြစ်သည်။


ချီချန်အန်းရောက်လာလေသည်။


သေချာတာပေါ့၊ နီးကပ်လာတဲ့ ခြေသံတွေနဲ့အတူ ချီချန်အန်းက ကုတင်ဘေးရောက်လာသည်။


"နိုးပြီလား"


ရွှီလော့ယန်က မော့ကြည်လိုက်ပြီးတော့မှ နည်းနည်းရှက်သွားရသည်။


"အင်း နိုးပြီ"


 သူပြောလို့ပြီးတော့ ချီချန်အန်းက သူ့ကိုရေနွေးတစ်ခွက်လှမ်းပေးနေတာကိုတွေ့လိုက်ရသည်။


ထထိုင်လိုက်ပြီး ခွက်ကိုယူကာ တစ်ကျိုက်ထဲမသောက်ခင် ပါးစပ်ဖွင့်ပြီး"ဘယ်အချိန်ရှိပြီလဲ"ဟုမေးလိုက်သည်။


"၁၁နာရီ" သူဘာကိုစိတ်ပူနေလဲဆိုတာကိုသိတော့ ချီချန်အန်းက လိုက်ကာစတွေကိုဆွဲဖွင့်လိုက်ပြီး "မင်းအိပ်ပျော်သွားတာ အကြာကြီးမဟုတ်ပါဘူး၊အပြင်မှာမိုးရွာနေလို့ မှောင်နေတာ"


"ကျွန်တော် အဖိုးတန်အားလပ်ရက်လေးမှာ တနေကုန်အိပ်နေမိပြီ ထင်လိုက်တာ" 


သူ့ဘာသူ ခေါင်းကိုပုတ်လိုက်ကာ ရွှီလော့ယန်က ချက်ချင်း အားပြည့်သွားပြီး "ချန်အန်း နေ့ခင်းကျရင် အခန်းထဲမှာဟော့ပေါ့စားရအောင်၊အိမ်မက်ထဲမှာ နည်းနည်းစားလိုက်သေးတယ်၊အရမ်း အရသာရှိတာပဲ"


ခေါင်းစဉ်က အတော်လေးမြန်မြန်ဆန်ဆန်ပြောင်းသွားလေသည်။ချီချန်အန်းက ခွက်အလွတ်ကို ယူပြီး ချလိုက်ကာ ပြုံးပြီးခေါင်းညိတ်လိုက်သည်။


"ကောင်းပြီလေ ဟော့ပေါ့စားရအောင်"


နာရီ၀က်လောက်ကြာပြီး ရွှီလော့ယန် ရေချိုးပြီးထွက်လာတော့ စားပွဲပေါ်၌ ဟော့ပေါ့နှင့်မီးဖို ဘေး၌ ဟင်းပွဲမျိုးစုံ တည်ခင်းထားတာကိုတွေ့လိုက်ရသည်။


"ဒါပဲလေ"


ပြောပြီးနောက် ရွှီလော့ယန်က စားပွဲ၌၀င်ထိုင်လိုက်သည်။အရင်ဆုံး ချီချန်အန်းက ရွှီလော့ယန်အား အအေးခံရန် မှိုဟင်းရည်တစ်ခွက်ပေးလိုက်ပြီး၊ ထို့နောက် သူက စတင်ပြီးပြုတ်တော့သည်။


"ပြောရင်းနဲ့မှ မနေ့ညက မင်းနဲ့တိကျစ် ကျွန်တော်ကိုပြန်ခေါ်လာတာလား" 


များသောအားဖြင့် ယခုလိုညစာစားပွဲတွေဆို လုတိကမသောက်တာကြောင့် ကားမောင်းပြန်ရန်လွယ်ကူလှသည်။ သို့ပေမယ့် ရွှီလော့ယန်က ချီချန်အန်းလို့ခေါ်လိုက်တာကို ဝိုးတိုးဝါးတားမှတ်မိနေသည်။


"အင်း မင်းအရက်မူးပြီး သိပ်မကြာတော့အိပ်ပျော်သွားတယ်လေ၊မင်းကအရမ်းလိမ္မာတာပဲ"


"ကျွန်တော် ကလေးမဟုတ်တော့ပါဘူး"


ရွှိလော့ယန်က ပူလောင်နေတဲ့ သူ့နားရွက်ထိပ်တွေအားပွတ်သပ်လိုက်ရင်းတိုးတိုးလေးပြောလိုက်သည်။ချီချန်အန်း ပြောလိုက်တဲ့နောက်ဆုံးနှစ်လုံးက ပူလောင်လွန်းတာကြောင့် သူပေါက်ကွဲလုနီးပါးဖြစ်သွားရသည်။ သူ့ကိုယ်သူ စိတ်တည်ငြိမ်စေရန် ပါးစပ်ထဲ အမဲသားတစ်ဖတ် ထည့်လိုက်သည်။


ထိုအချိန် ကျန်းသုန့်ပြန်ရောက်လာလေသည်။သူကရွှီလော့ယန်ရဲ့တံခါးကိုခေါက်လိုက်ပြီးနောက် ဘာမှပြန်မဖြေတာကြောင့် ဘေးကိုလာပြီး ချီချန်အန်းရဲ့တံခါးကိုခေါက်လိုက်သည်။ သူထင်တဲ့အတိုင်းပင် အချိန်တိုလေးအတွင်း တံခါးပွင့်သွားသည်။


"ကျန်းကော" 


သူ့ရှေ့မှာရပ်နေတဲ့လူ‌ကိုတွေ့တာနဲ့ ရွှီလော့ယန် ပါးစပ်ထဲကအသားကိုအမြန်မျိုချလိုက်သည်။


"ပြန်လာပြီဘား၊ချန်အန်းနဲ့ကျွန်တော် နေ့လည်စာစားနေတာ၊ စားပါအုန်း" အခန်းထဲ၀င်လာတာနဲ့ ကျန်းသုန့်ရဲ့မျက်လုံးက စားပွဲပေါ်ကိုရောက်လာတာကိုရုတ်တရတ်ကြီးသတိထားမိလိုက်သည်။


သူတောင်မှမသိလိုက်ဘဲ" ကျွန်တော် အသားတွေမစားဘူး၊ချန်အန်း အကုန်စားသွားတာ"


သို့ပေမယ့် သူပြောပြီးတာနဲ့ ချက်ချင်းကိုနောင်တရသွားသည်။ သေချာပါတယ် အရက်သောက်တာကလူကို ထုံထိုင်းသွားစေတယ်ဆိုတာအမှန်ပဲ၊ 


သူရဲ့စကားတွေက ကိုယ့်ကိုကိုယ် အရူးဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ ခေတ်သစ်ဥပမာတစ်ခုပင်။


သို့သော် ကျန်းသုန့်ကဘာမှမပြောပေ၊ သူ့ကိုသာကြည့်နေပြီး လေသံကိုတတ်နိုင်သမျှအေးအေးလေးဖြစ်အောင်ထားပြီး"အခုလေးတင် သတင်းထွက်လာတယ်၊ဒီတစ်ခေါက် Golden Pineဆုပေးပွဲမှာ မင်း[The Search for a Man]ရှချိုးဇာတ်ကောင်နဲ့အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆန်ခါတင်းစာရင်းထဲပါတယ်၊ဒါပေမယ့် ဒီနှစ် မင်းဆု‌မရတာ အတည်ပြုပြီးပြီ "


ထိုကိစ္စကြောင့် လွန်ခဲ့နဲ့နှစ်ရက်တည်းကသူ Bမြို့ကိုပြန်ခဲ့ရသည်။ Golden Pineဆုပေးပွဲက နိုင်ငံအတွင်း၌အဓိကကျတဲ့ဆုပေးပွဲသုံးခုအနက်မှတစ်ခုဖြစ်ပြီးတော့ ရွှေပါ၀င်မှုနှုန်းအလွန်များလှသည်။လွန်ခဲ့တဲ့နှစ်နှစ်အတွင်း ရွှီလော့ယန်ရဲ့ရုပ်ရှင်တွေ ရုံတင်၀င်ငွေအတော်လေးရပြီး သူသရုပ်ဆောင်ကောင်းတာကိုလည်းလက်ခံလာကြသည်။သို့ပေမယ့် အရေးပါအရာရောက်တဲ့ဆုတစ်ခုမှ သူမရဖူးသေးပေ။ဒါကြောင့် ကျန်းသုန့်ကဖိအားများကြားထဲက ရွှီလော့ယန်ကိုဒီရုပ်ရှင်ကိုရိုက်ကူးခွင့်ပေးခဲ့တာက ဒါရိုက်တာကျန်းကြောင့်ပင်။


ရွှီလော့ယန်က ခေါင်းညိတ်လိုက်ကာ ၀ဥတစ်ခုကောက်စားလိုက်ပြီး"ကျန်းကော စိတ်မကောင်းမဖြစ်ပါနဲ့၊ စကာတင်စာရင်း၀င်တာနဲ့တင် တော်ပါပြီ၊ဆုရဖို့အတွက်က အချိန်ယူရမှာပေါ့ မဟုတ်ဘူးလား" 


ပြီးနောက် သူကပြသာနာတစ်ခုအားစဉ်းစားမိသွားသည်။


"ဒါပေမယ့် နို၀င်ဘာလကုန်ကို ဆုပေးပွဲတတ်ရမှာဆိုတော့ ဒါရိုက်တာကျန်းကို ခွင့်အရင်တောင်းရမယ်၊ဒါမှ သူကြိုပြီး ရိုက်ကူရေးအချိန်ကို ညှိလို့ရမှာပေါ့"


"ဟုတ်တယ်၊ မင်းအဲ့ပွဲကိုသွားရမှာ ဒါပေမယ့် စိတ်မပူနဲ့ ငါ ဒါရိုက်တာကျန်းကိုပြောပြီးပြီ" ဟုကျန်းသုန်ပြောလိုက်သည်။


သို့ပေမယ့် ရွှီလော့ယန်က စိတ်မကောင်းဖြစ်နေမှာဆိုးတာကြောင့် စိတ်သက်သာရစေရန် "[The Search For a Man]ထဲကမင်းရဲ့ဇာတ်ကောင်က စရိုက်နှစ်မျိုးကွဲနေတဲ့လူလေ၊ တကယ့်ကို မတူအောင်သရုပ်ဆောင်ထားတာအတော်လေးကောင်းတယ်၊


အွန်လိုင်းပေါ်မှာလည်း ချီးကျူးထားတဲ့မှတ်ချက်တွေအများကြပဲ၊အားလုံးက မင်းသရုပ်ဆောင် အတော်လေး တိုးတတ်လာတယ်လို့ပြောကြတယ်၊ရုံတင်၀င်ငွေကလည်း ကောင်းတယ်၊အခုလထဲနံပါတ်တစ်ပဲ"


သူ မှတ်မိနေသေးသည်။ရှချိုးဇာတ်ကောင်အား ပီပြင်စွာသရုပ်ဆောင်နိုင်ရန် ရွှီလော့ယန်က အချိန်ရှိတိုင်း ဇာတ်ညွှန်းကိုအတော်လေးကြိုးစားပြီး ဖတ်တာကြောင့် ရူးလုနီးပါးပင်၊နောက်ဆုံးသူ ရွှီလော့ယန်တစ်ယောက် စရိုက်နှစ်မျိုးဖြစ်သွားမှာတောင် စိုးရိမ်လာရသည့်အထိပင်၊သို့ပေမယ့် ရုပ်ရှင်၏ရလဒ်ကတော့ အံမခန်းလိလိပင်ဖြစ်သည်။ရွှီလော့ယန်၏ကြိုးစားအားထုတ်မှုအား စိတ်မပျက်စေခဲ့ပေ။


မျှော်လင့်ထားတာများလေလေ ပိုပြီးစိတ်ပျက်ရလေလေပင်။အခုထိ ကျန်းသုန့်စိတ်အခြေအနေဆိုးရွားနေသေး‌သည်။မူလက ဒီတစ်ခေါက် ရွှီလော့ယန် Golden Pineဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ရနိုင်မည်ဟုသူ့အခိုင်အမာယုံကြည်ခဲ့သည်။သို့သော် ရလဒ်ကတော့ သူမျှော်မှန်းထားသလိုမျိုးမဟုတ်ပေ။ 


သို့ပေမယ့် ရွှီလော့ယန်အား သူနှစ်သိမ့်စကားထပ်ပြီးပြောမလို့ရှိသေး ရွှီလော့ယန်က နောက်လှည့်ပြီးချီချန်အန်းအားစိတ်အားထက်သန်စွာဖြင့်"ချန်အန်း ဒါဆို ကျွန်တော်တို့မကြာခင် Squire Clubhouseသွားပြီး Buddha Jump Over the wallသွားစားလို့ရပြီ"


"......"


_____


Translated By IQ-Team.