အပိုင်း ၂၇
Viewers 10k

Chapter 27


------------


သူ့ကိုယ်ပေါ်၌ စောင်ပါးပါးလေးဖုံးထားတာကြောင့် သူတစ်ခုခုဖြစ်နေတာကို မည်သူမှသတိမထားမိခဲ့ပေ။ချီချန်အန်းက ကုတင်ပေါ်ကနေထလိုက်ကာ ဘာပြောရမှန်းမသိတာကြောင့် ရွှီလော့ယန်ကိုကြည့်လိုက်သည်။


ယခုလိုအခြေအနေမျိုး၌ သူမှာရုပ်ပိုင်းဆိုင်ရာတုန့်ပြန်လာလိမ့်မယ်လို့ တစ်ခါမှမတွေးခဲ့ဖူးပေ။


ရွှီလော့ယန်က ကုတင်အစွန်း၌ထိုင်ကာ ဒါရိုက်တာကျန်းအားလက်ပြလိုက်ပြီး ကင်မရာနောက်နေထလာဖို့စောင့်နေကာ ပြုံးပြလိုက်ပြီး " ဒါရိုက်တာကျန်း ကျွန်တော်တို့နည်းနည်းလောက်ပြောင်းလိုက်လို့ရလား၊လက်ချောင်းတွေကိုနမ်းရှုံကြည့်တာမျိုးဖြစ်ဖြစ် တစ်ခုခုပေါ့"


ချီချန်အန်းက တခြားသူတွေနှင့်ပွတ်သီးပွတ်သပ်မနေဖူးတာကြောင့် ပြောရမယ့်စကားတွေမေ့သွားမှာကို သူစိုးရိမ်နေသည်။


ဒါရိုက်တာကျန်းကလည်းယင်းကိုတွေးမိပြီး ဘာမှ၀င်မပြောတဲ့ ချီချန်အန်းကိုကြည့်ကာမေးလိုက်သည်။


 "ချန်အန်း မင်းကောဘယ်လိုထင်လဲ "


"ရတယ်၊ပြောင်းစရာမလိုဘူး "ဟုပြောပြီး ချီချန်အန်းကခေါင်းခါပြလိုက်သည်။


 "အခု နည်းနည်းပဲ အဆင်မပြေဖြစ်သွားတာပါ ဒါပေမယ့် ပြသနာမရှိတော့ဘူး "


"ကောင်းပြီ၊အဲ့ဒါဆို မူရင်းပုံစံအတိုင်းဆက်သွားကြမယ်"


ဒါရိုက်တာကျန်းကပြောလိုက်ကာ


 "အားလုံးပဲ အသင့်ပြင်၊နောက်တစ်ကြိမ်ထပ်ရိုက်ရအောင်၊ 'Divergent Road'ရဲ့အခန်း 35.2 ရိုက်မယ်"


ဤတစ်ခေါက်တော့ နှစ်ယောက်လုံး၌ပြသနာမရှိတော့၊ဒါရိုက်တာကျန်းက အလင်းရောင်နှင့်ရှထောင့်ကို သိပ်သဘောမကျတာကြောင့် သုံးကြိမ်တိတိပြန်ရိုက်ခဲ့ရပေမယ့်၊ ချီချန်အန်းနဲ့ရွှီလော့ယန်က ကောင်းမွန်စွာပူးပေါင်းဆောင်ရွက်ပေးနိုင်ခဲ့သည်။တချိန်တည်းမှာပဲ ရွှီလော့ယန်နဲ့ချီချန်အန်းတို့က အစကချီချန်အန်းပြောရမည့်စကားမေ့သွားတာက ပွတ်သီးပွတ်သပ်လုပ်နေကျမဟုတ်တာကြောင့်ဖြစ်မည်ဟုယုံကြည်သွားကြသည်။


ရွှီလော့ယန်က အိပ်ယာပေါ်ကနေထလိုက်ပြီး လုတိဆီက တီရှပ်ကိုယူပြီး၀တ်လိုက်သည်။ဒါရိုက်တာကျန်းဘေးမှာရပ်နေတဲ့ ဇာတ်ညွှန်းရေးဆရာချန်ကျန်းကလက်လှမ်းပြတာကိုတွေ့လိုက်သည်။ချီချန်အန်းကိုခေါ်ဖို့ လှည့်လိုက်တော့ စောင်ဒီဇိုင်းကိုထိုင်ကြည့်နေကာ သူနှစ်ကြိမ်လောက်ခေါ်လိုက်မှပဲ အသိပြန်၀င်လာပုံရသည်။


ချီချန်အန်းရဲ့နဖူးကိုသူတောင်မှမသိလိုက်ဘဲ ထိလိုက်မိပြီး ရွှီလော့ယန်က နည်းနည်းစိုးရိမ်သွားသည်။


"ခုနက စောင်ထဲမှာလှဲနေတုန်းက မင်းကိုယ်အပူချိန် နည်းနည်းမြင့်နေတာကို ခံစားမိတယ်၊နေလို့မကောင်းဘူးလား"


ချီချန်အန်းက ခေါင်းခါပြလိုက်ကာ "ကောင်းပါတယ်၊အပူပေးစက်ဖွင့်ထားလို့ ကိုယ်အပူချိန်အရမ်းမြင့်နေတာနေမယ်"


ရွှီလော့ယန်က ချီချန်အန်းမျက်နှာကို နှစ်ကြိမ်လောက် ဂရုတစိုင်ဖြင့်ကြည့်လိုက်ပြီး ဘာမှဖြစ်မနေတာသေချာတော့မှ "သွားရအောင်၊ ဇာတ်ညွှန်းရေးဆရာချန် ကျွန်တော်တို့ကိုခေါ်နေတယ်"


ချန်ကျန်းက အနက်ရောင်ကိုင်းမျက်မှန်ကိုတပ်ထားကာလက်ထဲ၌ လက်ဖဝါးအရွယ်မှတ်စုတစ်အုပ်ကိုကိုင်ထားသည်။ယင်းကိုတချက်လှန်လိုက်ကာပြောလာသည်။


"ဒီအခန်းပြီးတော့ မင်းတို့တခုခုခံစားမိလာလား"


ရွှီလော့ယန်နှင့်ချီချန်အန်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး "ဘယ်အပိုင်းလဲ"


"ချင်းချောင်နဲ့ရွှီကျန့် ပြေလည်သွားတဲ့အခန်း"


ရွှီလော့ယန်က ခဏ‌စဉ်းစားလိုက်ပြီး အရင်ဆုံးစပြောလိုက်သည်။ 


"သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးမှာ ချင်းချောင်က သိသိသာသာလွှမ်းမိုးတယ်၊ကျောင်းမှာထဲက ဒီလိုပုံစံအတိုင်းပဲ"


ချန်ကျင်းကခေါင်းညိတ်ပြတာမြင်တော့ သူကဆက်ပြီး "ရွှီကျန့်ကအနေအေးပြီး စကားနည်းတယ် အလုပ်ပေါ်မှာပဲအာရုံစိုက်ထားတယ်၊ရွှီကျန့်ကကျသွက်လက်ပြီးတော့ basketballကစားတဲ့ဆယ်ကျော်သက်တွေလိုမျိုးပဲ အီစီကလီလုပ်တယ် ကျောင်းတက်တုန်းကရန်ဖြစ်တယ်၊ကာတွန်းစာအုပ်တွေထဲက သွေးဆူလွယ်တဲ့ဆယ်ကျော်သက်တွေနဲ့တူတယ်၊နောက်ပိုင်း သူကြီးပြင်းလာတော့ သွေးပူတဲ့လူငယ်တစ်ဦးဖြစ်လာပြီးတော့ သူရဲ့တရားမျှတာမှုအပေါ်မြင်တဲ့အမြင်တွေကပေါက်ကွဲထွက်လာတဲ့အခါ ရဲအရာရှိဖြစ်လာခဲ့တယ်"


ချီချန်အန်းကဆက်ပြီး "ဒီအခန်းမှာ သူတို့နှစ်ယောက်ကမပြေလည်သေးဘူး၊ ချင်းချောင်မှာပြသနာမရှိပေမယ့် ရွှီကျန့်မှာတော့ရှိနေတယ် "


ရွှီလော့ယန်ကလည်းခေါင်းညိတ်လိုက်ကာ "ကျွန်တော်လည်းအဲ့လိုထင်တယ်"


လက်ချောင်းတွေလိမ်လိုက်ကာ ချန်ကျန်းကမျက်ခုံးပင့်လိုက်ပြီး " ဘာလို့ ဒီလိုပြောနိုင်ရတာလဲ"


"ရွှီကျန့်ကချင်းချောင်ကိုအရမ်းဂရုစိုက်လွန်းတယ်"


ထိုကိစ္စကိုတွေးနေတဲ့အချိန် ချီချန်အန်း၏မျက်နှာအမှုအရာကအတော်လေးဆွဲဆောင်မှုရှိလှသည်။သူ့စကားပြောတာမြန်လည်းမမြန်သလို နှေးလည်းမနှေးပေမယ့် နားထောင်ရတာ အရသာရှိသည်။


"ရွှီကျန့်က လူတစ်ယောက်ကိုသတ်ထားမိတဲ့အတွက် ချင်းချောင်နဲ့မျက်နှာချင်းဆိုင်တွေ့တဲ့အခါ အပြစ်ရှိသလိုခံစားရလို့၊ပြီး‌တော့ချင်းချောင်ကကျ သူငယ်ချင်းကောင်းရော၊ရဲအရာရှိတစ်ဦးရောဖြစ်ပေမယ့် အပြစ်ရှိသလိုကော၊မကျေနပ်တာကောထပ်နည်းနည်းပိုတဲ့ခံစားချက်မျိုးရှိတယ်"


ထိုအချိန်မှာ သူ့နှလုံးသားထဲ သံစဉ်တစ်ခုတီးခတ်သွားသည်။


နည်းနည်းပိုပြီး.....ခံစားချက်ရှိတယ်...


ချီချန်အန်းက စကားပြောရပ်သွားတာမြင်တော့ ရွှီလော့ယန်ကဆက်ပြီး "ကျွန်တော်လည်း ရွှီကျန့်ရဲ့စိတ်ခံစားချက်တွေက အရမ်း မတည်ငြိမ်မဖြစ်သင့်ဘူးလို့ထင်တယ်"


ချန်ကျန်းကဘောပင်အဖုံးကိုဖွင့်လိုက်ကာ သူရဲ့မှတ်စုစာအုပ်ထဲရေးချလိုက်ပြီး ပြောလိုက်သည်။


"ဒီမှာ ဝှတ်ထားတဲ့ဇာတ်ကွက်ရှိနေတယ် "


"အာ " 


ရွှီလော့ယန်က နည်းနည်းခေါင်းရှုပ်သွားရပြီး အံဩသွားရသည်။ ဂိမ်းကစားနေတဲ့အတိုင်း ဝှက်ထားသည့်ဇာတ်ကွက်တစ်ခုပေါ်လာသည်။


"ဒါရိုက်တာနဲ့ငါ ဒီအပိုင်းကိုထည့်လို့ရပါမလားလို့စဉ်စားပြီးစိုးရိမ်‌နေတာ၊ကောင်းကောင်းသရုပ်မဆောင်နိုင်ဘဲ ဒရာမာထဲထည့်လိုက်ရင်.... "


ချန်ကျန်းပြုံးလိုက်ကာ ထုံးစံအတိုင်းသူရဲ့လေသံအေးအေးဖြင့် 


"ဒါပေမယ့် အခုတော့ ငါတို့စိတ်ပူစရာမလိုတော့ဘူးထင်တယ်၊မင်းတို့နှစ်ယောက်လုံး ဇာတ်ကောင်ကိုကောင်းကောင်းနားလည်ပြီးတော့ လုံး၀ဖမ်းဆုတ်ထားနိုင်တယ်"


သူစကားတွေကြောင့် ရွှီလော့ယန်က ဝှက်ထားတဲ့ဇာတ်ညွှန်းကဘာလဲဆိုတာကို ထပ်တလဲလဲမေးနေသည်။သို့ပေမယ့် ချန်ကျန်းကတော့ ပြည်စုံသွားပြီဆိုမှ သူတို့ကိုပြမယ်ဟုပြောလေသည်။ချီချန်အန်းကဘာမှ၀င်မပြောဘဲ မြေကြီးပေါ်ကျရောက်နေတဲ့အလင်းရောင်ဟိုတကွက်၊သည်တကွက်က်အား စိုက်ကြည့်နေခဲ့သည်။


နေလည်စာကို ဟင်းသုံးမျိုး၊ဟင်းရည်တစ်ပွဲဖြင့် အ၀တ်လဲခန်းထဲ၌စားလိုက်သည်။ချီချန်အန်းကရှီလော့ယန် ပန်းကန်ထဲကမုန်လာဥနီကိုယူနေပြီး ရွှီလော့ယန်ကမူစားနေရင်း weiboကြည့်နေသည်။


Hotsearchနံပါတ်၅၌ "ရွှီလော့ယန်မနာလိုဖြစ်"ဆိုတဲ့ခေါင်းစဉ်ရောက်နေတာတွေ့လိုက်ရသည်။


သူကြည့်နေရင်း ရွှီလော့ယန် မချုပ်တည်းနိုင်တော့သဖြင့်" သေစမ်း၊ပညာရှင်တွေကလူတွေကြားတကယ်ရှိနေတာပဲ၊ သူတို့ စဉ်းစားတွေးခေါ်ထားတာတွေကိုဖတ်ပြီးသွားတော့ ငါတောင်မှဘာလို့ယုံချင်သလိုဖြစ်လာရတာလဲ"


ချီချန်အန်းကတူကိုင်ပြီး ကျန်နေတဲ့မုန်လာဥနီတွေကိုသူနေ့လည်စာဘူးထဲထည့်ကာ သူရဲ့နံရိုးဟင်းတစ်၀က်ကို ရွှီလော့ယန်အားပေးလိုက်သည်။


သူကမော့ကြည့်လိုက်ပြီး " ဘာတွေကိုစဉ်းစားတွေးခေါ်နေတာလဲ"


"အရင်က ကျွန်တော် မင်းရဲ့မျက်လုံးကိုကာပေးဖူးတယ်မလား၊ကျွန်တော် တို့ဘေးနားကဖန်က အဲ့ဒါကိုဓာတ်ပုံရိုက်ပြီး weiboပေါ်တင်လိုက်တယ်လေ၊ ဓာတ်ပုံတွေကြည့်ပြီး လူတွေရဲ့စိတ်အားထက်သန်မှုတွေနှိုးထလာတယ်ထင်ပါတယ်၊ဖန်တွေရဲ့စိတ်ကူးစိတ်သန်းက မယုံကြည်နိုင်စရာဘဲ ဒါကြောင့် မရေတွက်နိုင်တဲ့အဲ့ဒီတွက်ချက်မှုတွေက အမှတ်တမဲ့ hotsearchပေါ်ရောက်သွားတယ်လေ"


ရွှီလော့ယန်က တူကိုဘေးချလိုက်ကာ စိတ်အားထက်သန်စွာဖြင့် အပျော်၀င်ပါလေသည်။


ရွှီလော့ယန်:"ရွှီလော့ယန် မနာလိုဖြစ်" ကောလဟာလအားတရား၀င်ဖြေကြားခြင်း ငါဘယ်တုန်းကမှမနာလိုမဖြစ်ဖူးဘူး၊အဲ့ဒီအချိန်တုန်းက ချန်အန်းကောကိုငါ့လက်ဖဝါး ကူကြည့်ခိုင်းရုံတင်"


'တင်သည်'ဆိုတဲ့ခလုပ်ကိုနှိပ်လိုက်ကာ ရွှီလော့ယန်က ဟင်းချိုနှစ်ဇွန်းလောက်သောက်လိုက်ပြီး မျက်နှာပြင်အား refreshလုပ်လိုက်သည်။သို့သော် အံဩစရားကောင်းလှတဲ့မှတ်ချက်များတတ်လာလေသည်။


[ မင်းရဲ့ခေါင်းလေးကိုပွတ်ပေးမယ်၊စိတ်မဆိုးနဲ့၊ငါ့ဝေစုကိုပေးမယ်လေ ဟုတ်ပြီလား ]


ချီချန်အန်း ယခင်ကပေးဖူးတဲ့မှတ်ချက်နဲ့ သတ်ပုံများ 


လုံး၀တစ်ပုံစံတည်းပင်။


"......" ရွှီလော့ယန် နာကျင်သွားရသည်။


သူ့ဖုန်းကို စားပွဲပေါ်ဇောက်ထိုးတင်လိုက်ပြီး သူကိုယ့်သူနှစ်သိမ်ရန် နံရိုးနှစ်တုံးလောက်အမြန်‌ကောက်စားလိုက်ပြီး ရုတ်တရတ်ထမေးလေသည်။


"ချန်အန်း ဇာတ်ညွှန်းရေးဆရာပြောတဲ့ ဝှက်ထားတဲ့ဇာတ်လမ်းကဘာဖြစ်မယ်လို့ထင်လဲ"


"ဘာလဲဆိုတာ ကိုယ်သိတယ်"


သို့သော် သူနှင့်အတူရှိလာတာအချိန်အတော်ကြာပြီဖြစ်တဲ့ ရွှီလော့ယန်က ကြံစည်ခြင်းရဲ့အနှစ်သာရကိုသိတာကြောင့် "ချန်အန်းကောကော ကျေးဇူးပြုပြီး အရိပ်အမြွတ်လေးပေးလို့ရမလား"ဆိုပြီးပြောဖို့ တုန့်ဆိုင်းအလျဉ်းမရှိပေ။


ချီချန်အန်းရဲ့ပါးစပ်ထောင့်ကနည်းနည်းကွေးသွားရကာ


 "ဝှက်ထားတဲ့ဇာတ်ညွှန်းက ရွှီကျန်က ချင်းချောင်ကိုသဘောကျနေတာဖြစ်လိမ့်မယ် "


"သဘောကျနေတာ" 


ရွှီလော့ယန် စက္ကန့်အနည်းငယ်လောက်အံအားသင့်သွားပြီးတော့မှ "ရွှီကျန့်က ချင်းချောင်ကိုကြိုက်နေတာလား"


သူတူကိုကိုက်ကာ တွေးနေရင်း "ဒါကဖြစ်နိုင်တယ်၊ချင်းချောင်ကို ရွှီကျန့်ကထူးထူးခြားခြားစိတ်၀င်စားနေတာ ဘာလို့လဲဆိုတာကိုရှင်းနိုင်သွားပြီ၊ ရွှီကျန့်ရဲ့ပုံစံနဲ့ဆို ကျောင်းမှာအနိုင်ကျင့်ခံရတာတို့ ပယ်ခံထားရတာတို့ဖြစ်နိုင်တယ်၊ချင်းချောင်က သူ့ကိုကာကွယ်ပေးတာဖြစ်ရမယ်၊ဒီလိုက်ဖက်တဲ့ဖြည့်စွက်ချက်က တကယ်အခိုင်အမာကိုဆွဲဆောင်နိုင်တယ်၊ ရွှီကျန့်ကတဖြည်းဖြည်း အချိန်ကြာလာတာနဲ့အမျှချင်းချောင်ကိုတဖြေးဖြေးမြတ်နိုးလာတယ် မှန်တယ်မလား"


ချီချန်အန်းကသူ့ကိုကြည့်ပြီး " မင်း ဒါကို မရွံဘူးလား"


"မင်းက လိင်တူချင်းကြိက်နှစ်သက်တဲ့လူတွေကိုပြောတာလား "


ရွှီလော့ယန်က နံရိုးတစ်ခုကိုက်ရင်း ခေါင်းခါပြလိုက်သည်။


"မရွံပါဘူး၊ အစားရွေးတဲ့သူလိုမျိုးပဲ အားလုံး သူတို့ကြိုက်တဲ့အစားအစာကိုဆုံးဖြတ်နိုင်သလို သူတို့ကြိုက်တဲ့လူကိုလည်းဆုံးဖြတ်နိုင်တယ်လေ ဥပမာ ကျွန်တော်ကမုန်လာဥနီမကြိုက်ဘူး ဒါ‌ပေမယ့် ကျွန်တော်မုန်လာဥနီမကြိုက်တာတစ်ခုတည်းနဲ့ လူကောင်းမဟုတ်ဘူးလို့ပြောလို့မရဘူးလေ"


ချီချန်အန်းက တူကိုတင်းကျပ်စွာကိုင်လိုက်ပြီး အကြည့်လွှဲလိုက်သည်။ 


ရွှီကျန့်က ချင်းချောင်ကိုကြိုက်တယ်ဆိုရင် သူကကော...။


နေလည်စာစားပြီးနောက် ဒါရိုက်တာကျန်းကဓာတ်ဘူးကိုင်ပြီး အ၀တ်လဲခန်းသို့ရောက်လာပြီး တွဲညှပ်ထားတဲ့စာရွက်2ရွက်ပေးလာသည်။


"ချန်ကျန်းက ဝှက်ထားတဲ့ဇာတ်ညွှန်းကိုပြန်ရေးပြီးပြီ၊နေ့လည်စာစားချိန်မို့လို့ နောက်မှဖတ်ကြည့်လို့ရတယ်၊ငါ အစီအစဉ်ဆွဲပြီးသွားပြီ အရင်ဆုံး‌ ဒီနေ့ခင်းမှာ တစ်ခန်းရိုက်ကြည့်မယ်၊ အဆင်ပြေရင် ငါတို့ဆက်ရိုက်မယ်၊မပြေရင်တော့ ဝှက်ထားတဲ့ဇာတ်ကွက်ကိုဖြတ်ပစ်လိုက်မယ် "


သူက ချီချန်အန်းကိုကြည့်ပြီး "ဒီဝှက်ထားတဲ့ဇာတ်ကွက်ကိုဖျက်ပစ်ရရင် ချန်အန်း မင်းခံစားချက်တွေကိုချပြနိုင်ဖို့ နောက်ကျရင်ထိန်းရလိမ့်မယ်"


သူတို့နှစ်ယောက် နားလည်သွားတာသေချာတော့မှ ဒါရိုက်တာကျန်းကနေရာကနေဖယ်ပေးလိုက်ကာ သူဘေးမှာရပ်နေတဲ့ မိတ်ကပ်ပြင်ဆရာအား လုပ်စရာရှိတာလုပ်ခိုင်းလိုက်သည်။


ရွှီလော့ယန်က မှန်တင်ခုံရှေ့မှာထိုင်ချလိုက်ပြီး ဝှက်ထားသည့်ဇာတ်ညွှန်းအား သေချာဖတ်လိုက်ပြီးနောက် ပြုံးကာ "ချန်အန်း မင်းခန့်မှန်းထားတဲ့အတိုင်းပဲ"


ရွှီကျန့်က ချင်းချောင်ကို သူငယ်ချင်းဆက်ဆံရေးထက်ပိုတဲ့ ခံစားချက်ရှိပေမယ့် ဖုံးကွယ်ထားဖို့ဆုံးဖြတ်လိုက်သည်။ပြီးတော့ သူ ထိုလူကိုသတ်လိုက်ပြီးနောက် ယင်းခံစားချက်တွေကို နှလုံးသားရဲ့အောက်ခြေ၌မြှပ်နှံပစ်လိုက်သည်။သို့သော် ထိုခံစားချက်တွေကို ဇာတ်ညွှန်းထဲ၌ ရှင်းလင်းစွာမဖော်ပြထားဘဲ အတွင်းကစိတ်ခံစားချက်များ ပဋိပက္ခဖြစ်နေတာကိုပြသရန် တိုတောင်းတဲ့ဇာတ်၀င်ခန်းတစ်ခုသာပြထားလေသည်။ထို့နောက်မှာတော့ ခံစားချက်တွေအားလုံးကို ရွှီကျန့်ရဲ့နေ့စဉ် အပြုအမှုနှင့်စကားလုံးများထဲမြှပ်နှံလိုက်၏။


မိတ်ကပ်ဆရာက ချီချန်အန်းရဲ့မျက်လုံးကိုပြင်ပေးနေတာကြောင့် သူမျက်လုံးတွေမှိတ်လိုက်ပြီး ပြန်ဖြေလေသည်။ 


"အင်း...ဇာတ်ညွှန်ရေးဆရာက ဇာတ်ကောင်တွေကို အတွေ့အကြုံတွေပေးတယ်၊သရုပ်ဆောင်တွေကစိတ်ဝိညာဉ်ကိုပေးတယ်၊ ဒါကြောင့် ကိုယ်တို့တွေဒီဇာတ်ကောင်တွေရဲ့စိတ်ခံစားချက်ကို နားလည်နိုင်တာ"


"ချီလူကြီးမင်း ပြောတာသေချာပေါက်မှန်တယ် "


ရွှီလော့ယန်က အတော်လေးကိုစိတ်လှုပ်ရှားနေတာကြောင့်သူ့လက်သူတောင် မထိန်းနိုင်တော့ပေ၊ချီချန်အန်း မျက်လုံးတွေမှိတ်ထားတုန်း သူ့လက်ကထိုင်ခုံရဲ့လက်တင်တဲ့နေရာမှာရှိနေပြီး လက်ညိုးဖြင့် လက်ဖမိုးကိုထိုးလိုက်သည်။ 


ချီချန်အန်းကလက်ကိုဖယ်လိုက်ကာ


 "ပြသနာမရှာနဲ့ ယားတယ်"


မှန်ထဲ၌၀မ်းနည်းသွားတဲ့မျက်နှာလုပ်လိုက်ကာ ရွှီလော့ယန်က နောက်တစ်ခါဆိုမဖမ်းမိအောင်ကြိုးစားဖို့ဆုံးဖြတ်လိုက်သည်။


တစ်နာရီလောက်ကြာပြီးနောက် ရွှီလော့ယန်က မှန်ထဲ၌သူ့ကိုယ်သူ ကြည့်ရတာ နည်းနည်းထူဆန်းနေသလိုပင်၊


မိတ်ကပ်ဆရာမ ယန်ကျဲကသူနောက်မှာရပ်နေကာပြုံးပြလိုက်ပြီး "မင်း ၁၇နှစ်နှစ်သားတုန်းကပုံနဲ့မတူဘူးလား၊မင်း အနုပညာစာမေးပွဲဖြေတုန်းကပုံကို ငါသွားရှာထားပြီးကိုးကားထားတာဆိုတော့ 80% 90%လောက်တော့တူလောက်မယ် "


ရွှီလော့ယန်က ခေါင်းညိတ်ပြကာ တောက်ပစွာပြုံးပြလိုက်ပြီး "ကျွန်တော်ရဲ့basketballယူနီဖောင်းကို၀တ်လိုက်ရင် ကျောင်းရဲ့မင်းသားလေးပြန်ဖြစ်သွားလိမ့်မယ်"


မှန်ထဲက တောက်ပနေတဲ့ချင်းချောင်ကိုကြည့်နေရင်း သူ၁၇နှစ်နှစ်အရွယ်တုန်းက ယခုလောက်အထိပူပင်သောကမကင်းခဲ့ရကြောင့် သတိရသွားသည်။


သူ ဆယ်ခြောက်နှစ်ပြည့်မွေးနေ့မတိုင်ခင်မှာ သူ့အမေကဆေးရုံတင်လိုက်ရပြီး တစ်လကြာတော့ဆုံးသွားသည်၊ နောက်ပိုင်း အဖေကအိမ်ထဲမှာပဲနေပြီး တစ်နေကုန်အရက်ထိုင်သောက်တယ်၊မူးလာတော့ ဇနီးနာမည်ခေါ်ပြီး မျက်ရည်တွေနဲ့အိပ်ပျော်သွားခဲ့တယ်၊သူဘ၀ရဲ့ထောက်တိုင်ပျောက်သွားသလိုမျိုး သူကမူးရူးနေခဲ့၏။


သုံးလကြာပြီး အိမ်ပြန်လာတော့ သူ့အဖေကိုကြမ်းပြင်ပေါ်မှာ မူးလဲနေတာကိုတွေ့လိုက်ချိန်တွင် ဆေးရုံကားခေါ်ပြီးဆေးရုံလည်းရောက်တော့ ကင်ဆာဖြစ်နေတာကိုသိလိုက်ရသည်။


ထိုအချိန်တုန်းက သူအထက်တန်းတတိယနှစ်ပဲရှိသေးသည်။


နောက်ပိုင်း ယဉ်ကျေးမှုဘာသာရပ်ကို အမှတ်အများဆုံးဖြင့် အနုပညာကျောင်း၌ တတ်ခွင့်ရတဲ့အချိန်မှာ သူ့အဖေကွန်လွန်သွားခဲ့သည်။


သူဆယ်ခုနှစ်နှစ်အရွယ်တုန်းက အမှောင်မိုက်ဆုံးအချိန်ဖြစ်ပြီးတော့ ကံကြမ္မာကြောင့်လည်းခိုကိုးရာမဲ့ခဲ့ရသည်။


မှန်ထဲက ချီချန်အန်းရဲ့စိုးရိမ်နေတဲ့မျက်လုံးတွေနဲ့သွားဆုံတော့ ရွှီလော့ယန်က ခေါင်းကိုစောင်းကြည့်လိုက်ကာ


 "ချန်အန်း ဒီကမ္ဘာကြီးကလှတယ်ဟုတ်လား "


"အင်း "


"ကျွန်တော်လည်းအဲ့လိုပဲထင်တယ်" ရွှီလော့ယန်က မှန်ထဲရှိသူ့ကိုယ်သူပြန်ကြည့်လိုက်ပြီး သူ၏၁၇နှစ်အရွယ်အားပြောလိုက်သည်။ 


"မကြောက်နဲ့၊ အံသာကြိတ်လိုက် မင်းဖြတ်ကျော်နိုင်မှာပါ"


ရွှီကျန့်အခန်းကိုပြန်လည်ပင်ဆင်ထားသည်။ဆေးတွေကွာကျနေတဲ့နံရံရဲ့ဆန့်ကျင်ဘက်မှာ စားပွဲတစ်ခုရှိကာ အပေါ်၌ဟောင်းနွမ်းနေတဲ့ကွန်ပြူတာတစ်လုံးတင်ထားပြီး ပေါ်နေတဲ့စာက '၀င်ခွင့်လမ်းညွှန်'


ချင်းချောင်တစ်ယောက် အိပ်ကုတင်ပေါ်၌လှဲလှောင်းနေကာနှစ်ခြိုက်စွာအိပ်မောကျနေသည်။basketballယူနီဖောင်းတောင်မှ သူမလဲရသေးဘဲ ခေတ်သစ်တရုတ်အဘိဓာန်ကခေါင်းအောက်၌ရှိနေသည်။‌လျှောက်လွှာဖောင်ဖြည့်လို့ပြီးတာနှင့် ချက်ချင်းအိပ်ပျော်သွားကြောင်းသိသာလှလေသည်။


အခန်းကတိတ်ဆိတ်နေပြီး တိုင်ကပ်နာရီလက်တံတွေလှုပ်ရှားနေတာကိုအတိုင်းသားကြားနေရသည်။ရွှီကျန့်က ကုတင်ဘေးကို တိုးတိုးလေးလျှောက်လာပြီး ချင်းချောင်ကိုငုံကြည့်လိုက်သည်။သူ လက်သီးဆုပ်လိုက်၊မဆုပ်လိုက် အကြိမ်ပေါင်းများစွာလုပ်ပြီးတော့မှ နောက်ဆုံးဖြူဖျော့နေတဲ့မျက်နှာကို ရင်တဒိတ်ဒိတ်ဖြင့်ငုံနမ်းဖို့ကြိုးစားလိုက်သည်။


ရွှီကျန့်က မျက်တောင်တဖျပ်ဖျပ်ခပ်နေကာ လန့်နေပေမယ့်လည်းစိတ်လှုပ်ရှားနေသည်။သူ့နှုတ်ခမ်းဖျားတွေကအစတုန်ယင်လာရပေမယ့် အဆုံး၌သူ့ကိုတကယ်မနမ်းလိုက်ပေ။


ချင်းချောင်ရဲ့နှုတ်ခမ်းနားရောက်ခါနီးရပ်တန့်လိုက်ပေမယ့် သူရဲ့ပူနွေးလှတဲ့ထွက်သက်၀င်သက်ကိုခံစားမိနေပြီဖြစ်သည်။


သူ့အမှုအယာကိုကြည့်လိုက်ရုံဖြင့် သူအတွက်လုံလောက်ပြီးကျေနပ်ကြောင်း ပြောနိုင်၏။


ဇာတ်ညွှန်းအတိုင်းဆို ပြတင်းပေါက်အပြင်၌မိုးခြိမ်းကာမိုးရွာရမည်ဖြစ်သည်။ပြတင်းပေါက်ကနေမိုးစက်များကျလာကာ ရွှီကျန့်က ကုတင်အရှေ့၌ မိနစ်၂၀တိတိရပ်ရုံသာရပ်နေခဲ့သည်။


ဒါရိုက်တာကျန်းရဲ့အသံကြောင့် နောက်ဆုံးရပ်တန့်နေတဲ့ဇာတ်၀င်ခန်းက ပျက်သွားသည်။


ရွှီလော့ယန်က ထထိုင်လိုက်ပြီး နီရဲတွက်နေတဲ့နားရွက်တွေကိုပွတ်လိုက်ကာ လက်ညိုးထိပ်ကိုလက်မဖြင့်ထိပြီး"တကယ်ကြီး မင်း ကျွန်တော်ကိုနမ်းမိဖို့ ဒီလောက်လေးပဲလိုတော့တယ်"


မျက်လုံးမှိတ်ထားကာ သူ့မျက်နှာအမှုအယာကိုထိန်းထားနိုင်ဖို့ သူရဲ့ပရော်ဖက်ရှင်နယ်စကေးအားလုံးကိုသုံးခဲ့ရသည်။


ပြုံးနေတဲ့သူမျက်နှာကိုကြည့်ပြီး ချီချန်အန်းကအသက်ပြင်းပြင်းရှုလိုက်ကာ "အင်း မင်းရဲ့စပျစ်သီးစိမ်း lipbalm အနံတောင်ရတယ်"


ယင်းကပုံမှန်စကားပြောလိုက်တာဖြစ်ပေမယ့် ရွှီလော့ယန် သူ့နှလုံးသားကို ကလိထိုးခံနေရသလိုပင်၊ဒါကြောင့် သူက ဒါရိုက်တာကျန်းကိုအရင်လက်ပြလိုက်ကာ"ဒါရိုက်တာကျန်း နောက်တစ်ခန်းရိုက်ကြမယ် "


ညစာစားပြီးနောက် ချီချန်အန်းနဲ့ဇာတ်ညွှန်းရေးဆရာချန်ကျန်းက ၁၁နာရီကျော်တဲ့အထိ ဝှက်ထားတဲ့ဇာတ်ညွှန်းကိုထပ်ပြီး နောက်ပိုင်းဇာတ်၀င်ခန်းတွေ ဘယ်လိုချိန်ညှိကြမလဲ ဆွေးနွေးနေသည်။


ဆွေးနွေးလို့ပြီးသွားတော့ ချီချန်အန်းက အခန်းထဲပြန်မသွား၊သူတစ်ယောက်ထဲအောက်ထပ်ကိုဆင်းလိုက်ကာဟိုတယ်နောက်ကမြက်ခင်းနေရာကိုသွားပြီး ချုံပုတ်ဘေးကသစ်သားခုံ၌ထိုင်လိုက်သည်။


ခေါင်းမော့ပြီး အောက်ဆုံးထပ်ကနေကိုးထပ်ရောက်တဲ့အထိ တစ်ထပ်စီရေတွက်ပြီး နောက်ဆုံးတွင် ရွှီလော့ယန်ပြတင်းပေါက်ကိုတွေ့လေသည်။


ရိုက်ကူးနေစဉ်အတောအတွင်း ရွှီလော့ယန်ကိုရုပ်ပိုင်းဆိုင်ရာတုန့်ပြန်ခဲ့သည်။ ထိုသို့ဖြစ်ပြီးနောက် တစ်နေ့လုံး သူရဲ့ပရမ်းပတာဖြစ်နေတဲ့အတွေးတွေကိုဖိနှိပ်ထားကာသူ့ကိုယ်သူမတွေးမိအောင်ကြိုးစားလိုက်ပြီး ဇာတ်ကောင်ထဲစိတ်စိတ်နှစ်လိုက်သည်။


ဒါက ရွှီလော့ယန်နဲ့ရိုက်ကူးရေးအဖွဲ့သားအပေါ်ထားရှိတဲ့ သူရဲ့လေးစားမှုပင်။


ညနက်မှပဲ ဘယ်သူမှမရှိတဲ့နေရာကိုရှာပြီး ဖိနှိပ်ထားတဲ့သူ့ခံစားချက်တွေကို ဖွင့်ချလိုက်သည်။


ရွှီကျန့်က‌ချင်းချောင်အပေါ်တိတ်တိတ်လေးခံစားချက်ရှိနေလို့လား ဒါကြောင့်များ ရွှဝကျန့်ဇာတ်ကောင်ဖြစ်တဲ့ သူက ချင်းချောင်ဇာတ်ကောင်ဖြစ်တဲ့ရွှီလော့ယန်အပေါ်တုန်ပြန်ခဲ့တာလားဆိုတာကို သူသိအောင်လုပ်ဖို့လိုလေသည်။


ဒါမှမဟုတ် သူကချီချန်အန်းအဖြစ်နဲ့ ရွှိ‌လော့ယန်ကိုတုန့်ပြန်ခဲ့တာလား၊နေ့ခင်းကဇာတ်၀င်ခန်းမှာ သူ့ကိုယ်သူတောင်မထိန်းနိုင်ဘဲ နမ်းခါနီးဖြစ်သွားရသည်။


နို၀င်ဘာလကိုရောက်ပြီဖြစ်တာကြောင့် ညဘက်လေကအေးလှသည်။ရွှီလော့ယန်ရဲ့ ပြတင်းပေါက်ကိုလှမ်းကြည့်လိုက်တော့မီးလင်းနေသည်။ရုတ်တရတ် သူအခုဘာလုပ်နေမလဲ သိချင်သွားရသည်။


စက္ကန့်အနည်းငယ်လောက် တွန့်ဆုတ်နေပြီးတော့မှ ဖုန်းခေါ်လိုက်၏။


အကြိမ်အနည်းငယ်လောက်ဖုန်းခေါ်ဆိုပြီးနောက် အခြားတစ်ဖက်ကနေ ရွှီလော့ယန်အသံကိုကြားလိုက်ရသည်။


 "ချန်အန်း ဇာတ်ညွှန်းအကြောင်းဆွေးနွေးလို့ပြီးပြီလား၊မင်းအပြင်မှာလား "


"အင်း အပြင်မှာလမ်းလျှောက်နေတာ "


ချီချန်အန်းအသံကတိုးပြီးအေးတိအေးစက်နိုင်ပေမယ့် ညဘက်၌အတော်လေးနူးညံပျော့ပျောင်းလှသည်။


 "မင်းဂျာကင်၀တ်ထားရဲ့လား၊အခုအပြင်မှာနည်းနည်းအေးတယ်မလား၊အအေးမမိစေနဲ့" 


ရွှီလော့ယန်က စကားများနေမိပြီထင်တာကြောင့် သူ့ကိုယ်သူရပ်လိုက်ကာ "မင်း လမ်းလျှောက်ပြီးရင်ပြန်လာခဲ့တော့ "ဟုထပ်ပြောလိုက်သည်။


 "ကျွန်တော်မအိပ်ခင် မင်းကိုကောင်းသောညပါလို့ ကြိုပြောထားမယ်"


ဖုန်းချလိုက်တော့ ရွှီလော့ယန်က ရေချိုးနေတယ်ဆိုတာ ချီး

ချန်အန်းသေချာသွားသည်။သူဖုန်းကိုင်လိုက်တော့ အသံကပဲ့တင်ထပ်နေပြီး ရေသံကြားနေရသည်။


ရွှီလော့ယန်ဖုန်းကိုင်နေတဲ့ပုံလေးကို ပုံဖော်ကြည့်ရင်း ချီချန်အန်း ထိုင်ခုံကိုအေးဆေးမှီလိုက်ကာ ပြုံးလိုက်မိသည်။



____


Translated By IQ-Team.