အပိုင်း ၁၁၀ (Extra)
Viewers 21k

Chapter 110

Extra 1.6



ရှချင်၏ ဘေးတွင် ရှိနေသူ အများစုမှာ အရူးလေးကို တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးကြ။ သိပ်မကြာခင်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲကို စောင့်ကြည့်ခဲ့ပြီးနောက် မြို့အရှင်သည် စရိုက်အခွဲ နှစ်ခုရှိနေသည့် လူငယ်လေးတစ်ဦးနှင့် ချစ်ကြိုက်နေကြောင်း သဘောပေါက်သွားကြတော့သည်။ 


ထိုလူ၏ ခွန်အားမှာ အလွန်သန်မာလှသောကြောင့် သူတို့အားလုံး၏ စိတ်ထဲတွင် လေးစားအားကျစိတ်နှင့် ကြောက်ရွံ့စိတ်တို့ တစ်ပြိုင်တည်း ဖြစ်ပေါ်လာတော့သည်။ 


သွေးညှီနံ့များ ပြင်းထန်လှသည့် အခန်းထဲတွင် ရှိနေသည့်တိုင် ထိုကျယ်လောင်လှသည့် ငိုသံကြောင့် သူတို့ကိုယ်သူတို့ “လူယုတ်မာ”ဟုပင် ခံစားမိလာတော့သည်။ 


လူယုတ်မာက ငိုနေတာလား ...


အရူးလေး၏ မျက်ရည်များကို မြင်လိုက်ရသည့်အခါ ရှဲ့ယွင်နန်လည်း အနည်းငယ် ပျာယာခတ်သွားတော့သည်။ 


“သို့သို့ .. နာနေလို့လား မသက်မသာ ဖြစ်လို့လား ကိုယ့်ကို ပြပါဦး ..."


ရှဲ့ယွင်နန်မှာ အလွန် စိုးရိမ်ပူပန်နေမိ၏။ နှင်တံမှာ ခေါင်းဆောင်ကျောက်ကို မျက်နှာချင်းဆိုင် တိုက်ခိုက်နိုင်သည်အထိ အင်အားကြီးမားလှပေသည်။ 


“မပြဘူး ...”


အရူးလေးက ပို၍ပင် သည်းထန်စွာ ငိုကြွေးလိုက်ကာ သူ့အင်္ကျီစကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။ 


“ခင်ဗျားက ဆိုးလို့ မပြဘူး ...”


ရှဲ့ယွင်နန်မှာ ဘာလုပ်လို့ လုပ်ရမှန်း မသိတော့။ 


မျက်ရည်များ စိုရွှဲလျက်နှင့်ပင် အရူးလေးက နှင်တံကို ထုတ်ကာ သူ့ကို ချိန်ထားလိုက်သည်။ 


အစောပိုင်းက ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို သတိရသွားကြသည့်အတွက် ရှဲ့ယွင်နန်၏ နောက်လိုက်အားလုံး ချက်ခြင်း နောက်သို့ ဆုတ်သွားကြတော့သည်။ 


“မြို့အရှင် .. ဂရုစိုက်ပါ ..."


သို့သော် ရှဲ့ယွင်နန်ကမူ မလှုပ်ရှားဘဲ အရူးလေးကိုသာ ရပ်ကြည့်နေလိုက်သည်။ 


သူ့ခန္ဓာကိုယ်ပေါ်သို့ နွေးထွေးသည့် အလင်းတန်းတစ်ခု ကျဆင်းလာကာ ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာလည်း ယခင်ထက် ပိုမို ကောင်းမွန်လာသည်ဟု ခံစားမိလာသည်။ 


အရူးလေးက သူ့ကို နာကျင်စေမည် မဟုတ်ကြောင်း သိနေ၏။ 


“ကိုယ့်ကိုပဲ ဂရုစိုက်နေတော့မှာလား မင်းလည်း ဒဏ်ရာရထားတယ်လေ ...”


သူက သက်ပြင်းချကာ ပြောလိုက်သည်။ 


ထိုအခါမှ အရူးလေးက သူ့ဗိုက်သူ အုပ်ထားကာ ပြောလိုက်၏။ 


“နာတယ် ...”


ထို့နောက် သူ့ကိုယ်သူ ကုသလိုက်ကာ ထို့နောက်တစ်ဖန် ရှဲ့ယွင်နန်ကို ကုသပေးလိုက်ပြန်သည်။ 


ပိုင်ယဲ့က သူ့ထံ ခိုလှုံလာကတည်းက ထိုနှင်တံအကြောင်း ပြောပြထားပြီး ဖြစ်သည်။


ပိုင်ယဲ့က ထိုနှင်တံသည် အသုံးပြုသူ၏ အသက်ဓာတ်ကို စုပ်ယူပြီးမှသာ အလုပ်လုပ်််ခြင်းဖြစ်ကြောင်းနှင့် ရှေးယခင် ယဇ်ဆရာအကြီးအကဲများ ကျန်းမာရေး မကောင်းရခြင်း၏ အကြောင်းအရင်းမှာ ထိုနှင်တံကြောင့် ဖြစ်ပြီး ဒုတိယအကြီးအကဲသည်လည်း ထိုနှင်တံကြောင့်ပင် ကွယ်လွန်သွားခဲ့ရကြောင်း ပြောပြခဲ့သည်။ 


ရှဲ့ယွင်နန်က နှင်တံကို နောက်ထပ် အကြိမ်အနည်းငယ်ခန့် အသုံးပြုချင်နေသေးသည့် အရူးလေးထံ လက်ကို လှမ်းလိုက်သည်။ 


“ကိုယ့်ကို ကုမပေးနဲ့ ...”


အရူးလေးက ထိုနှင်တံကို အကြိမ်များစွာ အသုံးပြုပြီး ဖြစ်သည်။ ယခုအချိန်အထိ ခုန်ပေါက်ပျော်ရွှင်နေဆဲ ဖြစ်သည့်တိုင် သူကမူ စိတ်ပူမိနေရပေသည်။ 


“အရမ်း ဒေါသထွက်နေတာ ခင်ဗျားစကားကို နားမထောင်ဘူး ကုပေးမှာ ကုကိုကုပေးမှာလို့ ...”


အရူးလေးက သူ့လက်ထဲမှ ရုန်းထွက်ကာ ဒေါသတကြီး စိုက်ကြည့်ရင်း မြောက်များစွာသော ကုသရေးလှိုင်းလုံးများကို ထုတ်လွှတ်လိုက်သည်။ 


“ကုသတာ မခံချင်ရင် .. ခင်ဗျားက မကောင်းတဲ့လူပဲ ...”


ဘေးနားတွင် ရပ်နေသည့် ရှချင်နှင့် အခြားလူများမှာလည်း ဖြာထွက်လာသော ကုသရေးလှိုင်းအချို့ကို လက်ခံရရှိလိုက်သည့်အတွက် ပိုပြီး သက်တောင့်သက်သာ ရှိလာကြတော့သည်။ 


 အော်ဟစ်နေဆဲ သွမ့်ချန်ချင်းကို ကြည့်နေသည့် သူတို့၏ အမူအယာများမှာ တစ်ဖြည်းဖြည်း ရှုပ်ထွေးလာကြသည်။ 


ရှဲ့ယွင်နန်မှာလည်း ကူကယ်ရာမဲ့နေ၏။ သူက ရှေ့သို့ တစ်လှမ်းတိုးးကာ အရူးလေးကို ပွေ့ဖက်လိုက်သည်။ 


“လိမ္မာလေ .. နော် ...”


“စကားကို နားမထောင်ဘူး ... မကောင်းတဲ့လူ ...”


အရူးလေးက ငိုကြွေးနေဆဲပင်။ 


ရှဲ့ယွင်နန်က သူ့ကို ပြင်းပြင်းရှရှ နမ်းရှိုက်လိုက်ကာ တစ်ခဏမျှ ကြာကာမှ လွှတ်ပေးလိုက်တော့သည်။ 


“လိမ္မာတော့ ...”


ယခင်က သူ အရူးလေးကို နမ်းလိုက်လေတိုင်း အရူးလေးသည် ရီဝေမူးယစ်ကာ သူ့စကားကို ချက်ခြင်း နားထောင်တတ်သွားသည်။


နောက်ဆုံးတွင်တော့ အရူးလေးက မငိုကြွေးတော့။ မျက်ရည်များကို သုတ်ပစ်ကာ မကျေမနပ် ပြောလိုက်သည်။ 


“ကျွန်တော်က လိမ္မာတယ် .. မစွန့်ပစ်လိုက်ပါနဲ့ ..."


ရှဲ့ယွင်နန်က အရူးလေးသည် သူ့ကို အဝေးသို့ ခေါ်ထုတ်သွားရန် ရှချင်ကို အမိန့်ပေးခဲ့သည့်အပေါ် စိတ်ဆိုးနေခြင်း ဖြစ်ကြောင်း ခန့်မှန်းမိသွားတော့သည်။ 


သူက သက်ပြင်းချလိုက်သည်။ 


“ကိုယ်လည်း မင်းကို မစွန့်ပစ်ချင်ပါဘူး ...”


“စွန့်ပစ်ချင်တယ် .. ခင်ဗျားက သေချင်နေတုန်းပဲ .. သေလို့ မရပါဘူးဆို .. wooo ….”


အရူးလေးက နောက်တစ်ကြိမ် ငိုကြွေးလိုက်ပြန်သည်။ 


ရှဲ့ယွင်နန်က သူ့နောက်ကျောကို ပွတ်သပ်ပေးလိုက်သည်။ 


“ကိုယ် မသေတော့ဘူး မသေတော့ဘူးနော် လိမ်လိမ်မာမာနေ မငိုနဲ့တော့ ...”


“နန်နန် ကျွန်တော် အရမ်း ကြောက်နေတာ ခင်ဗျားကို သတ်ချင်တဲ့သူတွေ အများကြီး ရှိနေတယ် ...”


“မကြောက်နဲ့တော့ ကိုယ်တို့ သို့သို့က သတ္တိအရှိဆုံးပဲ ...”


“သူတို့အကုန်လုံးက မကောင်းတဲ့ လူဆိုးကြီးတွေ .. ဟန့်လီဝမ်ကိုလည်း ကောင်းမပေးနဲ့ ကျွန်တော့်ကိုပဲ ကောင်းပေး ...”


“အိုကေ ကိုယ် မင်းတစ်ယောက်တည်းကိုပဲ ကောင်းပေးမယ် ...”


အရူးလေး၏ မျက်ရည်စက်များက ရှဲ့ယွင်နန်ကို ပူလောင်စေသည့်အတွက် သူ့ကို ဆက်တိုက် ချော့မော့နှစ်သိမ့်ပေးနေလိုက်သည်။ 


ရှချင်နှင့်အတူ ပါလာသော နောက်လိုက်များက ခြေထောက်များကိုသာ ငုံ့ကြည့်နေကြရင်း သူတို့ကိုယ်သူတို့ ကိုယ်ပျောက်လူသားအဖြစ် ဟန်ဆောင်နေကြရတော့သည်။ 


မြို့အရှင်သည် သူတို့အားလုံး၏ အရှေ့တွင် သွေးဆာကာ ကြမ်းတမ်းခက်ထန်သည့် ပုံရိပ်ကိုသာ အမြဲ ပြသခဲ့၏။ 


အချစ်လား … ဒါက သူတို့ရဲ့ မြို့အရှင်နဲ့ လုံးဝကို မသက်ဆိုင်တဲ့ အကြောင်းအရာမျိုးပဲ ...


သို့သော် တစ်နေ့နေ့တစ်ချိန်ချိန်တွင် လူတစ်ဦးအား ပွေ့ဖက်နေသည့် မြို့အရှင်ကို ကိုယ်တိုင် မြင်တွေ့ရမည်ဟု စိတ်ပင် ကူးမထားခဲ့ဖူးချေ။ 


မြို့အရှင်ကတော့ တကယ်ကို မြို့အရှင် ဖြစ်ထိုက်ပါပေတယ် ...


တိုက်ပွဲမှာ သူတို့ မြင်ခဲ့ရသလောက်ဆို ဒီအရူးလေးက မြို့အရှင်ကို အရမ်းကို နက်နက်ရှိုင်းရှိုင်း ချစ်နေတာလားလို့ ...


မြို့အရှင်ကကျတော့ရော .. အတူတူ အိပ်ပြီးတာတောင် အဲဒီ့ အရူးလေးကို နှင်ထုတ်လိုက်သေးတယ် ...


နောက်ဆုံးတွင်တော့ ရှဲ့ယွင်နန်ကလည်း တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွားသည့်ဟန်။ အနားတွင် လူအများအပြား ရှိနေသေးကြောင်း မှတ်မိသွားတော့သည်။ 


ရှချင်နှင့် အခြားသူများ ဤနေရာတွင် ရှိနေရာ .. အားလုံးက ဖြစ်ပျက်သမျှတိုင်းကို မြင်တွေ့သွားကြပြီဟူသည့် သဘောပင်။ 


ရှဲ့ယွင်နန်မှာ အမူအယာကိုပင် မထိန်းချုပ်နိုင်တော့။ 


လောကဓံလှိုင်းလုံးများစွာကို ဖြတ်ကျော်ဖူးသူ ဖြစ်သည့်အလျောက် ထူးထူးဆန်းဆန်း မတုန့်ပြန်မိလိုက်၍သာ တော်သေးသည်။ 


ပြီးတော့ သူ့ဘက်က ဘာလုပ်နိုင်မှာတဲ့လဲ ...


သူက အရူးလေး၏ ခံစားချက်များမှာ အချစ် မဟုတ်ဟု တွေးမိခဲ့ဖူးသည်။ 


သို့သော် ရူးသွပ်ခြင်း မရှိသည့် ဒုတိယစရိုက်ကပင်လျှင် သူနှင့်အတူ သေမတူ ရှင်မကွာ နေထိုင်ရန် ဆန္ဒရှိကာ ခံစားချက်များကို ဖွင့်ဟဝန်ခံသွားရာ ... အရူးလေး၏ ခံစားချက်များမှာလည်း အချစ် ဖြစ်နေနိုင်ပေသည်။ 


ထိုခံစားချက်များကို မျက်ကွယ်ပြုထားရန် မဖြစ်နိုင်တော့။ 


များမကြာမီ တစ်လောကလုံးက သူ့ကို နွားအိုမြက်နုကြိုက်ဟု ပြောလာကြတော့မည်ဖြစ်ကြောင်း ကြိုသိနေပေသည်။ 


ရှဲ့ယွင်နန်က အတွေးများအကြား ရှုပ်ထွေးနေသည့်တိုင် အစမှ အဆုံးအထိ ငိုကြွေးနေသော အရူးလေးကို လွှတ်မပေးခဲ့ချေ။ 


အရူးလေးက ဆက်တိုက် ရေရွတ်နေဆဲပင်။ 


“မသေရဘူး အခု ကျွန်တော်က အရမ်း အင်အားကြီးနေပြီဆိုတော့ ခင်ဗျား မသေနိုင်တော့ဘူး ...”


အရူးလေးကသာ ထိုနှင်တံကို အသုံးပြုပြီး သူ့ကို ကုသပါလျှင် သေတော့မည် မဟုတ်။ သို့သော် ထိုနှင်တံက အသုံးပြုသူကို ထိခိုက်စေနိုင်ရာ အရူးလေးကိုသာ ချော့မော့ပြီး နားချလိုက်တော့သည်။ 


“အိုကေ အိုကေ အခု လူဆိုးကြီးတွေ မရှိတော့ဘူးနော် အားလုံး အဆင်ပြေသွားပြီ ... ဆေးရုံကို သွားကြရအောင် ကိုယ် ဆေးစစ်ချင်လို့ မင်းလည်း ကိုယ်နဲ့အတူတူ လိုက်စစ်ရမယ် ...”


“မသွားချင်ဘူး ...”


“ကိုယ်က အတူတူ သွားချင်တာ ...”


ရှဲ့ယွင်နန်က ချော့ပြောလိုက်သည်။ 


ထိုအခါမှ အရူးလေးက သဘောတူလိုက်တော့၏။ 


“ကျွန်တော်လည်း အတူတူ လိုက်ခဲ့မှာ .. တစ်ယောက်တည်း ထွက်သွားလို့ မရဘူး ...”


“ကောင်းပါပြီ ...”


ရှဲ့ယွင်နန်က သူ့လူများအား သူတို့နှစ်ဦးကို ဆေးရုံသို့ ပို့ပေးရန် အမိန့်ပေးလိုက်ကာ ဆရာဝန်ကိုလည်း အရူးလေးကို အမြန် စစ်ဆေးပေးရန် လောဆော်လိုက်သည်။ 


ဆရာဝန် “...”


ကျန်းမာရေး ကောင်းနေတဲ့လူကို ထပ်ကာထပ်ကာ စစ်ဆေးခိုင်းဖို့ လိုလို့လား ...


အရူးလေး၏ ခန္ဓာကိုယ်မှာ ကြံ့ခိုင်သန်မာနေဆဲ ဖြစ်ကာ နှင်တံက သူ့အပေါ် အကျိုးသက်ရောက်ခြင်း မရှိ။ 


ထိုအခါမှ ရှဲ့ယွင်နန်လည်း စိတ်သက်သာရာရစွာဖြင့် စမ်းသပ်သည့် အခန်းထဲသို့ ဝင်သွားလိုက်တော့သည်။ 


သူ့ခန္ဓာကိုယ် အခြေအနေမှာ များစွာ ဆိုးရွားပြင်းထန်ခဲ့သည်။ 


သို့သော် ယခုမူ ဆရာဝန်က အလွန် ဝမ်းသာနေ၏။ 


“မြို့အရှင် .. အရှင်ရဲ့ ခန္ဓာကိုယ်က ပိုပြီး ကောင်းလာပြီ မစ္စတာသို့သို့ရဲ့ ကုသမှုက တကယ်ကို အသုံးဝင်တာပဲ သူက အရှင့်ကို ပျောက်ကင်းအောင် ကုသပေးနိုင်လောက်တယ် ...”


ရှဲ့ယွင်နန်ကလည်း သူ့ခန္ဓာကိုယ် သက်သာပျောက်ကင်းသွားမည်ကို မျှော်လင့်မိသော်ငြား နှင်တံမှာ ...


အတွေးများနေစဉ် သို့သို့က သူ့ကို နှင်တံဖြင့် ကုသပေးလိုက်သည်။ 


ရှဲ့ယွင်နန်က ပြောလိုက်သည်။ 


“သို့သို့ ကိုယ် ပြောထားတယ်လေ ကိုယ့်ကို ဆက်တိုက် ကုမပေး ...”


“လုပ်ပေးချင်လို့ ...”


အရူးလေးက စိတ်အနှောင့်အယှက် ဖြစ်သွားတော့သည်။ 


“ကုပေးချင်လို့ .. ကုခွင့်မပေးရင် ခင်ဗျားက မကောင်းတဲ့လူပဲ ...”


ရှဲ့ယွင်နန်က သက်ပြင်းချလိုက်သည်။


“နှင်တံကို မသုံးနဲ့ ...”


အရူးလေးက တစ်ခုခုကို သဘောပေါက်သွားသည့်ဟန် မျက်နှာတစ်ခုလုံး ရဲရဲနီသွား၏။ 


“အရင်လိုမျိုး ပွေ့ဖက်နမ်းရှိုက်ပြီး ကုပေးစေချင်တာလား ဒါလည်း မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး ...”


ဘေးနားတွင် ရပ်နေသည့် ရှချင်မှာ သည်းမခံနိုင်တော့သည့်အဆုံးတွင် ကျယ်လောင်စွာ ရယ်မောလိုက်မိတော့သည်။ 


ရှဲ့ယွင်နန်က သူမကို အေးစက်စွာဖြင့် စိုက်ကြည့်လိုက်သည်။ 


“မြို့အရှင် ကျွန်မမှာ လုပ်စရာလေးတွေ ရှိသေးလို့ အရင် သွားနှင့်ပါ့မယ် ...”


ထို့နောက် သူမက ချက်ခြင်း လှည့်ထွက်သွားလိုက်သည်။ 


သူမ၏ ပုံစံမှာ တစ်ခုခု စကားမှားသွားသည့်အတိုင်းပင်။ 


ရှဲ့ယွင်နန်က နှင်တံတွင် ပြဿနာတစ်ခုခု ရှိနေမည်ကို စိုးရိမ်နေမိသည်။ 


သို့သော် အရူးလေးက သူ့လက်ထဲသို့ပင် နှင်တံကို ထည့်မပေး၊ လွှဲပြောင်းပေးရန် ငြင်းဆန်ကာ သူကိုယ်တိုင်သာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ 


အရူးလေးက အလွန် သန်မာလှရာ သူသာ မပေးလိုပါလျှင် မည်သူမှ လုယူရဲမည် မဟုတ်။ ထို့ကြောင့် ရှဲ့ယွင်နန်လည်း နှင်တံကို လေ့လာမည့်အကြံအား လက်လျော့ကာ အရူးလေးကို အသုံးမပြုရန်သာ ချော့ပြောလိုက်ရတော့သည်။ 


မည်ကဲ့သို့ ချော့ပြောသည်ကမူ .. ကုသရန် အခြားနည်းလမ်းအား အသုံးပြုနိုင်သည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။ 


ဆေးရုံမှ ပြန်လာပြီးနောက် ရှဲ့ယွင်နန်က ပြောလိုက်သည်။ 


“ကိုယ့်ကို နှင်တံနဲ့ ကုသပေးတာကို သဘောမကျဘူး အရင်က ကုခဲ့တဲ့ နည်းလမ်းကိုပဲ ပိုပြီး သဘောကျတယ် ...”


သို့သို့ “ကျွန်တော်လည်း ကျင့်ကြံရတာကို ကြိုက်တယ် အခု ခွန်အားလည်း ရှိနေပြီဆိုတော့ ကုသရေးကို စလိုက်ရအောင်လေ ...”


သူက အခု အခြေတည်အဆင့်ကို ကျော်ဖြတ်နိုင်သွားပြီဆိုတော့ စိတ်စွမ်းအင်လည်း မချို့ယွင်းတော့ဘူး ပြီးတော့ အားပြန်ပြည့်တဲ့နှုန်းကလည်း အရမ်းကို မြန်လာပြီ ...



အရင်ကနဲ့ လုံးဝကို မတူတော့ဘူး အချိန်တစ်ဝက်လောက်နဲ့တင် ပြန်သက်သာလာပြီး အကြိမ်ရေလည်း အများကြီး လုပ်နိုင်သွားပြီ ...


အရူးလေး၏ ပွေ့ချီခြင်းကို ခံလိုက်ရသည့်အခါ ရှဲ့ယွင်နန်သည် အနည်းငယ် ရှက်သွေးဖြာသွားတော့သည်။ 


သူက လုံးဝ မခုခံနိုင်ခဲ့။ 


အိပ်ယာပေါ် ရောက်သည့်အခါ အရူးလေးက နှင်တံကို လွှတ်ချကာ သူ့ကို ဂရုစိုက်ပေးလိုက်တော့သည်။ သို့သော် ထိုအချိန်အတွင်း သူ့တွင်လည်း နှင်တံကို စစ်ဆေးနေချိန် မရှိသည့်အတွက် အခြားလူများကိုသာ တာဝန်လွှဲထားလိုက်ရတော့သည်။ 


ရှဲ့ယွင်နန်က ဆယ်နာရီထက်မနည်း ကုသခံလိုက်ရကာ နောက်တစ်နေ့ ရောက်သည့်အခါ သူ့ခန္ဓာကိုယ်မှာ အနည်းငယ် ပိုမိုသက်သာနေပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။ 


ယမန်နေ့ညက ခံစားချက်များမှာ ပြောမပြတတ်လောက်အောင် ကောင်းမွန်လှသည့်အတွက် ၎င်းကို မစွဲလမ်းဘဲ မနေနိုင်။ 


ဒါမှမဟုတ် သူက တကယ်ကို မသေချင်သေးလို့များလား ...


စင်စစ်အားဖြင့် သူသည် သေလိုခြင်း မရှိခဲ့ပေ။ အသက်ရှင်ရမည်ကို မကြိုက်သူဟူ၍ ဤလောကတွင် ရှိလိမ့်မည် မဟုတ်။ 


သေခြင်းတရားကို ကြောက်ရွံ့နေရန် မလိုတော့သည့်အတွက် သူ့ခံစားချက်များ တိုးတက်လာကာ အောင်ပွဲခံရန် တစ်ခုခု စားသောက်လိုစိတ်များပင် ဖြစ်ပေါ်လာတော့သည်။ 


ထို့နောက် တစ်ခုခုကို သတိရသွားဟန်ဖြင့် အရူးလေးကို လှည့်ကြည့်ကာ ပြောလိုက်သည်။ 


“မင်း မနေ့ကတည်းက ဘာမှ မစားရသေးဘူး မဟုတ်လား ကိုယ် စားစရာ လာပို့ခိုင်းလိုက်မယ် ..."


မနေ့က တိုက်ပွဲအပြီးတွင် သူတို့သည် ကျန်းမာရေး စစ်ဆေးရန် သွားခဲ့ကာ ထို့နောက် ချက်ခြင်း ကုသမှုကို စတင်လိုက်သည်။ ကုသမှု တစ်ကြိမ်အပြီးတွင် တစ်ခဏမျှ အနားယူကာ ထို့နောက် ရှေ့ဆက်ခဲ့ကြသည့်အတွက် ...


ရှဲ့ယွင်နန်မှာ အစားစားချင်စိတ် နည်းပါးသည့်အတွက် ထိုအချိန်က ဗိုက်မဆာခဲ့။ အစားအသောက်အကြောင်းကို တွေးပင် မတွေးမိချေ။ သို့သော် အရူးလေးကလည်း ဗိုက်ဆာကြောင်း တစ်ခွန်းမျှပင် မပြောခဲ့။ 


သူက အနည်းငယ် စိုးရိမ်မိသွားတော့သည်။ အရူးလေးကဲ့သို့ အင်အားကြီးသူတစ်ဦးမှာ အစားမစားရ၍ မသေသည့်တိုင် ဗိုက်ဆာသည့် ခံစားချက်က အလွန် မသက်မသာ ဖြစ်စေလိမ့်မည်။ 


သူ့ကို ပြုံးကာ ကြည့်နေသည့် အရူးလေးကလည်း ထိုစကားကို ကြားသည့်အခါ တစ်ခုခု မှားနေကြောင်း သတိပြုမိသွားတော့သည်။ 


သူက မျက်မှောင်ကြုတ်ကာ ရှဲ့ယွင်နန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ 


ရှဲ့ယွင်နန်က ပျာယာခတ်သွား၏။ 


“ဘာဖြစ်လို့လဲ ...”


“ခင်ဗျားက ကျွန်တော့်ကို အိပ်ပျော်အောင်လုပ်ပြီး အဝေးကို ပို့မလို့ မဟုတ်လား ဒီနေ့ ခင်ဗျားကို ထမင်းကျွေးရင် မနမ်းတော့ဘူး အခုထိ ဒေါသထွက်မိနေတုန်းပဲ ဟမ့် .. အရမ်းကို စိတ်တိုနေတာ ...”


ရှဲ့ယွင်နန် “...”



1.6