အပိုင်း ၁၀၃ (Extra)
Viewers 21k

Chapter 103

Extra 1.2.2




ရှဲ့ယွင်နန်က လက်ကျန်ခွန်အားအချို့ကို မနည်း ညှစ်ထုတ်ကာ မေးလိုက်သည်။ 


“ဘယ်လိုလုပ် ငါ့ကို ရှာတွေ့တာလဲ ...”


အရူးလေးက ပြောလိုက်သည်။ 


“ခင်ဗျားကို တွေ့ချင်လို့ ...”


ရှဲ့ယွင်နန်က ပြုံးကာ ပြောလိုက်သည်။ 


“တောအုပ်ထဲမှာက အန္တရာယ်များတယ် ဒီလိုမျိုးကြီး ထွက်လာတာ သေသွားမှာ မကြောက်ဘူးလား ...”


အရူးလေးက ထပ်ငိုလိုက်ပြန်သည်။ 


“မသေရဘူး ...”


ရှဲ့ယွင်နန် “...”


အရူးလေးက ငိုနေရင်း ကျောက်စိမ်းတုံးတစ်တုံးကိ ထုတ်လာလိုက်သည်။ ထို့နောက် တစ်ခုခု အတွေးလွန်နေသည့်နှယ် ကျောက်စိမ်းတုံးကို ကိုင်ထားရင်း ငေးနေလိုက်ပြီးကာမှ ရှဲ့ယွင်နန်ကို ပွေ့ထူလိုက်သည်။ 


ဒါက ဘာအတွက်လဲ ...


ရှဲ့ယွင်နန်က နားမလည်နိုင်။ သို့သော် သူ့ခွန်အားတို့ တစ်ဖြည်းဖြည်း ကုန်ဆုံးကာ ပိုမိုပင်ပန်းလာကြောင်း ခံစားမိလိုက်သည်။ 


အရူးလေးမှာ စိုးရိမ်စိတ်တို့ ဖိစီးနေသည့်ဟန်။ ထို့နောက် ရှဲ့ယွင်နန်အနားသို့ ချက်ခြင်း တိုးလာကာ သူ့ကို နောက်တစ်ကြိမ် နမ်းလိုက်ပြန်၏။ ထို့နောက် သူ့ထံမှ နွေးထွေးမှုတို့ ရုတ်တရက် ထွက်ပေါ်လာကာ ရှဲ့ယွင်နန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားတော့သည်။ 


ဤတစ်ကြိမ် သူ ပို့ပေးသည့် စွမ်းအင်မှာ ပထမတစ်ခေါက်ကထက် နည်းပါး၏။ သူ့ပုံစံမှာ အပြည့်အဝ ပြန်လည်မသက်သာသေးသည့်ပုံပင်။ 


ရှဲ့ယွင်နန်၏ နောက်ကျိနေသော အသိစိတ်များ ပြန်လည်ကြည်လင်လာကာ ထိုအရူးလေးက သူ မသေစေရန်အလို့ငှာ စွမ်းအင်များအား အကြိမ်အနည်းငယ်ခန့် ထပ်ပို့ပေးနေခြင်းဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။ 


သူက နောက်ထပ်ဆက်ပြီး အသက်ရှင်နိုင်တော့မည် မဟုတ်။ သို့သော် အရူးလေးက ထိုအကြောင်းကို မသိဘဲ သူ အသက်ရှင်နိုင်စေရန် အကောင်းဆုံး ကြိုးစားနေသည်။ 


သူသာ သေသွားရင် အရူးလေးက အရမ်း ဝမ်းနည်းသွားလောက်မှာ ...


ပြီးတော့ အရူးလေးက စီနီယာအဆင့် ယဇ်ဆရာ ဖြစ်ခဲ့တယ် ဆိုရင်တောင် သူက ဘာကိုမှ နားမလည်တဲ့ အရူးလေး ဖြစ်နေတုန်းပဲလေ ဒီတောအုပ်ထဲမှာ အသက်ရှင်နိုင်ပါ့မလား ...


အသက်ရှင်နိုင်တယ် ဆိုဦးတော့ သူ့ကို တစ်ခြားတစ်ယောက်ယောက်က တွေ့သွားခဲ့ရင်ရော ဘယ်လိုလုပ်မလဲ ...


ရှဲ့ယွင်နန်မှာ မသေခင် အချိန်လေးမှာပင် အခြားသူတစ်ဦး၏ အနာဂတ်ကို စိုးရိမ်ပေးနေရသည်။ 


သို့သော် ထိုသို့ စိုးရိမ်ခြင်းကလည်း များစွာ မကြာရှည်ခဲ့။ 


သူက ပြောလိုက်သည်။ 



“ငါ့ကို တစ်ယောက်တည်း ထားခဲ့ ...”


သူက အရူးလေးကို ဤနေရာမှ ထွက်သွားစေလိုသော်ငြား တစ်ဖက်သူကမူ ငိုရှိုက်နေဆဲပင်။ 


“တောင်းပန်ပါတယ် ကျွန်တော် အသုံးမကျလို့ ...”


“မင်းက အရမ်းကို တော်နေပြီးသားပါ ...”


ရှဲ့ယွင်နန်က ရှိသမျှ ခွန်အား အားလုံးကို ညှစ်ထုတ်ကာ ပြောလိုက်သည်။ 


ထိုစဉ် အရူးလေးက သူ့ကို ရုတ်တရက် စိုက်ကြည့်ကာ ပြောလာပြန်၏။ 


“ကျွန်တော် ... ကျွန်တော် သေချာပေါက် ကယ်ပေးမှာ နည်းနည်းတော့ အေးမယ်နော် .. ဒါပေမယ့် ခင်ဗျားကို ရိုက်မလို့ ...”


ရှဲ့ယွင်နန်က နားမလည်။ 


အရူးလေးက သူ့ကို ကယ်ပြီး ရိုက်ချင်တာလား ပြီးတော့ နည်းနည်းလည်း အေးသေးတယ် ... 


ဝေဝါးနေစဉ်မှာပင် အရူးလေးက သူ့အဝတ်များကို ဆွဲချွတ်လာ၏။ 


ရှဲ့ယွင်နန် “...”


ယဇ်ဆရာတွေက လူတွေကို ကုသပေးတယ် ဆိုပေမယ့် အဝတ်တွေ ဆွဲချွတ်ဖို့ မပြောနဲ့ ဖက်စရာ၊ နမ်းစရာတောင် မလိုဘူးလေ ...


အရူးလေးက မဟုတ်တာတွေပဲ သင်လာမိတာလား သူ ဘာလုပ်ချင်နေတာလဲ ...


ရှဲ့ယွင်နန်က အရူးလေး၏ လုပ်ရပ်အားလုံးကို နားမလည်နိုင်တော့။ သို့သော် တစ်ဖက်လူကမူ သူ့အဝတ်များကို ဆွဲချွတ်ကာ နောက်တစ်ကြိမ် ပွေ့ဖက်လာပြန်သည်။ 


ဤတစ်ကြိမ်တွင်မူ ပွေ့ဖက်ရုံသာ မကတော့။ 


သူသည် လေးနှစ်ကျော် ကြာမြင့်သည့် ဆက်ဆံရေးတစ်ခု ရှိခဲ့ဖူးသော်ငြား မည်သူနှင့်မှ မအိပ်ဖူးခဲ့။ 


လျောင်မုယဲ့နှင့် ဆက်ဆံရေးကို အတည်ပြုပြီး မကြာမီပင် ဟုန်ယဲ့မြို့ကို အံ့ဖွယ်သားရဲများက စတင်တိုက်ခိုက်ခဲ့သည််။ ထိုအချိန်ကတည်းက သူနှင့် လျောင်မုယဲ့၏ စိတ်နေစိတ်ထားများမှာ ကွဲပြားလှကြောင်း ခံစားမိနေခဲ့သည့်အတွက် နီးနီးကပ်ကပ် မနေခဲ့ချေ။ 


ထို့နောက်တွင် .. အချစ်ရေး ကိစ္စများကို ထည့်မစဉ်းစားနိုင်လောက်အောင် အလုပ်များနေခဲ့ရသည့််အတွက် မည်သူနှင့်မှ ရုပ်ပိုင်းဆိုင်ရာ ပတ်သက်မှုများ မလုပ်နိုင်တော့။ 


ယခင်က သူ သေသည်အထိ ထိုကဲ့သို့သော အတွေ့အကြုံမျိုး ရနိုင်တော့မည် မဟုတ်ဟု ထင်ခဲ့ဖူးသော်ငြား ယခုမူ မသေခင် အချိန်လေးတွင် အရူးလေး၏ လက်ချက်ဖြင့် အဝတ်များ ဆွဲချွတ်ခံနေရသည်ကိုလည်း မလိုလားချေ။ 


သူ့ခံစားချက်များက အဆမတန် ရှုပ်ထွေးနေသော်လည်း အရူးလေးကို အပြစ်မတင်နိုင်။ 


ဒီအရူးလေးက ဘာကိုမှ နားမလည်ဘူးလေ ...


အရူးလေး၏ လှုပ်ရှားမှုများမှာ အလွန် အလောတကြီး ဖြစ်လှ၏။ သူက “ခင်ဗျားကို မနာကျင်စေချင်ဘူး” ဟု ဆက်တိုက် ပြောရင်း ငိုနေခဲ့သည်။ 


ဒါကို လူရိုက်တယ်လို့ ပြောတာလား .. “ကစားတယ်”လို့ သုံးတာက ပိုပြီး သင့်လျော်သလားလို့နော် ...


အရူးလေးက သူ နာကျင်သွားမည်ကို စိုးရွံ့မိသည့်ဟန်။ ချွတ်ထားသည့် အဝတ်များအား သူ့အပေါ် စုပုံပေးလိုက်သည်။ 


ထို့အပြင် .. သူက လမ်းတစ်ဝက်မှာတင် ရပ်တန့်လိုက်၏။ 


ထိုစဉ်က သူသည် မျက်လုံးများကို မှိတ်ထားကာစသာ ရှိသေးသည်။ အရူးလေးက အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ကာ ထို့နောက် ချက်ခြင်း ရပ်တန့်သွားသည်။


အခြားသော အကြောင်းပြချက်တစ်ခုကြောင့် ရှဲ့ယွင်နန်မှာ အရူးလေးကို အပြစ်မတင်နိုင်တော့။ 


တစ်ဝက်တစ်ပျက် အခြေအနေတွင် ရှိနေရင်းပင် အရူးလေး၏ ခန္ဓာကိုယ်မှ စွမ်းအင်များက သူ့ထံသို့ ဆက်တိုက် စီးဆင်းဝင်ရောက်လာတော့သည်။ 


သူ့ပုံစံမှာ အသက်ရှင်သန်ရေးအတွက် စွမ်းအင်ကို မှီခိုနေရသည့် စိတ်စွမ်းအင်ကို စုပ်ယူသော မိစ္ဆာအဖြစ်သို့ ပြောင်းလဲသွားသည့် အလားပင်။ 


မဟုတ်ဘူး သူက စိတ်စွမ်းအင်ကို စုပ်ယူတယ်လို့လည်း ပြောလို့ မရဘူးလေ ဒါက တစ်ဝက်တစ်ပျက်ကြီးပဲ ရှိနေသေးတာ မဟုတ်လား ...


ရှဲ့ယွင်နန်မှာ အခြေအနေကို မမှန်းဆတတ်တော့။ သို့သော် အရူးလေးက သူ့ကို မည်ကဲ့သို့ ကုသရမည်မှန်း မသိ၍သာ ဤနည်းလမ်းကို အသုံးပြုခြင်းဖြစ်ကြောင်း ခန့်မှန်းမိပေသည်။ 


ဒါကလည်း ပြဿနာတော့ မဟုတ်ပါဘူး အဓိကက .. အရူးလေးက ဘယ်လိုဖြစ်ပြီး စီနီယာအဆင့် ယဇ်ဆရာတောင် မလုပ်နိုင်လောက်တဲ့ဟာကို လုပ်တတ်နေရတာလဲ ...


ဒီလိုအရာမျိုး ရှိတယ်လို့ တစ်ခါမှကို မကြားဖူးဘူး ...


ဒဏ်ရာက နာကျင်နေဆဲ ဖြစ်သည့်တိုင် ရှဲ့ယွင်နန်မှာ ကြောင်အသွားတော့သည်။ 


အရူးလေးက သူ့ဘေးတွင် ရှိနေဆဲပင်။ သူက ပြောလိုက်သည်။ 


“ကျွန်တော် နည်းနည်း နေရခက်တယ် .. နာနေသေးလားဟင် ...”


ရှဲ့ယွင်နန်၏ ခန္ဓာကိုယ်တွင် ဒဏ်ရာအများအပြား ရှိနေကာ တစ်ကိုယ်လုံးအနှံ့ နာကျင်နေသော်ငြား အရူးလေးက သူ့အား ထိုကိစ္စ လုပ်သည့်အခါတွင်မူ မည်သို့မှ မခံစားရ။ 


နာကျင်မှုကို နှစ်ပေါင်းများစွာ တွေ့ကြုံခံစားလာရသည့်အတွက် ထိုကဲ့သို့သော နေရခက်မှု အနည်းငယ်မျှမှာ သူ့အတွက် မပြောပလောက်ချေ။ 


“မနာပါဘူး ...”


သူက ပြောလိုက်သည်။ 


အရူးလေးက ဆက်ပြောလိုက်သည်။ 


“ကျွန်တော်က မကောင်းဘူး .. ခင်ဗျားကို နောက်ထပ် ဆက်ရိုက်ချင်နေတုန်းပဲ ...”


မျက်ရည်လည်ရွှဲနှင့် သနားစရာ ကောင်းလှသည့် အရူးလေး၏ ပုံစံကို တွေ့လိုက်ရသည့်အခါ ရှဲ့ယွင်နန်သည် ရှင်းမပြတတ်သည့် အပြစ်ရှိစိတ်ကို ရုတ်တရက် ခံစားမိလာသည့်အတွက် သက်ပြင်းကြီးစွာ ချလိုက်တော့သည်။


အရူးလေးက သူတို့တွေ လုပ်နေတဲ့ဟာက ဘာဆိုတာ လုံးဝ မသိဘူးပဲ .. ဒီလိုဆို သူကမှ အရူးလေးကို အခွင့်ကောင်း ယူနေမိတာ မဟုတ်ဘူးလား ...


အရူးလေးက ထပ်မေးလိုက်ပြန်သည်။ 


“ဗိုက်ဆာနေပြီလား ....”


ရှဲ့ယွင်နန်သည် အစောပိုင်းက ကောင်းစွာ အသိစိတ် မနိုးကြားသေး။ ယခု အနည်းငယ် ပိုသက်သာလာသည့်အခါ ဆာလောင်မှုကို ခံစားလိုက်ရတော့သည်။ 


ထို့နောက် အရူးလေးက သူ့ကိုကျွေးရန် အံ့ဖွယ်ဆေးပင်တစ်ပင် ထုတ်နေသည်ကို တွေ့လိုက်ရသည်။ 


ထိုအပင်ကို ကောင်းစွာ ထိန်းသိမ်းထားကာ ၎င်း၏ စွမ်းအင်များမှာလည်း အနည်းငယ်မျှပင် လျော့နည်းသွားခြင်း မရှိ။ ထိုသို့ဖြစ်အောင် အရူးလေးက မည်သည့်နည်းလမ်းများ သုံးထားကြောင်းကိုတော့ သူကိုယ်တိုင်လည်း မသိချေ။ 


ရှဲ့ယွင်နန်က အံ့ဖွယ်ဆေးပင်ကို စားလိုက်ပြီးနောက် သူ့အဝတ်များအား ဆွဲယူနေသည့် အရူးလေးကို တွေ့လိုက်ရသည်။ 


“ကိုယ့်ကို ပြန်ဝတ်ပေး ...”


သူက ပြောလိုက်သည်။


အရူးလေးက လက်ချောင်းများကို လိမ်ယှက်ထားရင်း ပြောလိုက်သည်။ 


“နေ နေပါဦး .. ခဏနေကျ ကျွန်တော် ထပ်ရိုက်ဦးမှာ ...”


ရှဲ့ယွင်နန် “...”


“ကျွန်တော် ရိုက်လိုက်ရင် ခင်ဗျား မသေနိုင်တော့ဘူး ...”


အရူးလေးက သူ့ကို မော့ပင် မကြည့်ရဲ။ 


ရှဲ့ယွင်နန် “...”


ကြည့်ရတာ သိပ်မကြာခင် ဒုတိယတစ်ကြိမ် ထပ်ရှိဦးမယ့်ပုံပဲ ...


ထို့နောက်တွင် အားပြန်ပြည့်သွားသည့် အရူးလေးက သူ့ကို နောက်တစ်ကြိမ် ထပ်ရိုက်လိုက်ပြန်၏။ သို့သော် ဤတစ်ခေါက်တွင်လည်း တစ်ဝက်အထိသာ။ 


သူ့ကို စွမ်းအင်များ ထပ်လွှဲမပေးနိုင်တော့သည့်အခါ အရူးလေးက ရပ်တန့်လိုက်သည်။ သူက နေရခက်သည်ဟု အော်ကာ ရှေ့ဆက်ချင်သည့်တိုင် လုံးဝ ရှေ့ဆက်မတိုးခဲ့။ 


ရှဲ့ယွင်နန်မှာ သူ မည်မျှအထိ သတိလစ်သွားကြောင်း မသိခဲ့။ သို့သော် နောက်တစ်ကြိမ် နိုးလာသည့်အခါတွင်မူ ၇ နာရီ ၈ နာရီခန့် ကုန်လွန်သွားပြီဟု ခံစားမိခဲ့သည်။ 


နောက်ဆုံးတွင်တော့ အရူးလေးက သူ့ကို အဝတ်များ ပြန်ဝတ်ပေးထားတော့၏။ သူကိုယ်တိုင်ကလည်း အတွင်းခံတစ်စုံကို ဝတ်ဆင်လျက် သူ့ဘေးတွင် လှဲကာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားရာ အချိန်အတော်ကြာ မေ့ဖျောက်ထားခဲ့ရသည့် ငြိမ်းချမ်းတိတ်ဆိတ်မှုကို ခံစားလိုက်ရတော့သည်။ 


ထိုစဉ် လှုပ်ရှားမှုတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ 


ရှဲ့ယွင်နန်က ဂူအဝသို့ ဖျတ်ခနဲ လှမ်းကြည့်မိလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသည့် အရူးလေးကလည်း ခုခံကာကွယ်မည့်ဟန်မျိုး ပြုလုပ်လိုက်၏။ 


ထိုစဉ် မြေခွေးပုံစံ ခွေးတစ်ကောင် ဝင်လာသည်။ 


ဒါက လုရှောင်ရန်ရဲ့ အဖော်သားရဲပဲ ...


ရှဲ့ယွင်နန်လည်း ထိုအခါမှ စိတ်သက်သာရာ ရသွားတော့သည်။ 


သူ လုရှောင်ရန်ကို စတွေ့ကာစက ထိုသူ၏ အဖော်သားရဲမှာ အလွန် ကစားမက်ကာ တစ်နေကုန် ပြဿနာ ရှာနေတတ်သည်။ သို့သော် နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် ထိုအဖော်သားရဲလည်း ရင့်ကျက်လာကာ ခုန်ပေါက်ကစားခြင်း မပြုတော့၊ ဂူအဝင်ဝကိုသာ စောင့်ကြပ်နေလိုက်သည်။ 


များမကြာမီ အထဲသို့ လုရှောင်ရန် ဝင်လာသည်။ 


“မြို့အရှင် အသက်ရှင်နေသေးတာလား .. ဘုရားသခင်ကို ကျေးဇူးတင်လိုက်တာ ...”


သူက အလွန်အံ့ဩသွားသည့်ဟန်။ အမြဲ အမူအယာ ကင်းမဲ့နေတတ်သည့် သူ့မျက်နှာထက်တွင်ပင် အံ့ဩဝမ်းသာသည့် အရိပ်အယောင်များ ထင်ဟပ်နေကာ စိတ်လှုပ်ရှားမှုကြောင့် အသံများပင် တုန်ရီနေ၏။ 


သို့သော် ထိုစိတ်လှုပ်ရှားမှုမှာ ရှဲ့ယွင်နန်၏ ဘေးတွင် စောင့်ကြည့်နေသည့် အရူးလေးကို တွေ့လိုက်သည့်အခါ ချက်ခြင်း ပျောက်ကွယ်သွားတော့သည်။ 


“မင်းက ဘယ်သူလဲ မြို့အရှင်ကို ဘာလုပ်ထားတာလဲ ...”


ဘောင်းဘီတစ်ထည်သာ ဝတ်ပြီး သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသူအား တွေ့လိုက်ရသည့်အခါ ... လုရှောင်ရန်၏ လက်သီးဆုပ်မှာ ပိုပိုပြီး တင်းကြပ်လာတော့သည်။ 


ရှဲ့ယွင်နန်က ပြောလိုက်သည်။ 


“မစိုးရိမ်ပါနဲ့ သူက ငါ့ကို ကယ်ထားတာ ... ပြီးတော့ ငါနဲ့လည်း သိတယ် ...”


ထိုစကားများ ကြားလိုက်ရသည့်အပြင် ရှဲ့ယွင်နန်မှာ အခြေအနေကောင်းနေကြောင်းလည်း တွေ့လိုက်ရကာမှ လုရှောင်ရန်လည်း စိတ်အေးသွားရတော့သည်။ 


ရှဲ့ယွင်နန်က ထပ်ပြောလိုက်သည်။ 


“မင်း အရင် အပြင်ထွက်နှင့်လိုက် သူက ငါ့ကို အဝတ်တွေ ချွတ်ပြီး ဆေးလိမ်းပေးထားတာ .. တစ်ခုခု ပြန်ဝတ်လိုက်ဦးမယ် ...”


လုရှောင်ရန်က ချက်ခြင်း လှည့်ထွက်သွားသည်။ ထို့နောက် ရှဲ့ယွင်နန်က အရူးလေးကို လှည့်ကြည့်ပြီး ပြောလိုက်သည်။ 


“ကိုယ့်ကို အင်္ကျီကူဝတ်ပေးဦး ...”


“ခင်ဗျား ...”


အရူးလေးက အနည်းငယ် စိတ်ထွေပြားနေသည်။ 


“ဒါ .. မင်းလည်း ငါနဲ့အတူ ပြန်လိုက်လာမယ် မဟုတ်လား ...”


ရှဲ့ယွင်နန်က မေးလိုက်သည်။ 


ဤနေရာတွင် ဆက်နေရန် မဖြစ်နိုင်။ ဤတစ်ကြိမ်တွင်မူ သူက အရူးလေးကိုပါ ပြန်ခေါ်သွားနိုင်ပေသည်။ 


အရူးလေးက အလွန် ဝမ်းမြောက်သွားသည့်ဟန်၊ ချက်ခြင်း ပြုံးကာ သဘောတူလိုက်သည်။ 


“အင်း ...”



1.2.2