🐹အခန်း ၇၈
"ဝူယိလေး၏ ပြီးပြည့်စုံသောစွမ်းရည်"
လင်းမုန့်ဖေးအကြောင်း အတင်းစကား ကြားရသူတိုင်းသည် ရိုးရှင်းစွာပင် လျစ်လျူရှုလိုက်ကြသည်။ အခြေစိုက်စခန်းအတွင်းရှိ လူတစ်ယောက်မှ ထိုအကြောင်းအား သူတို့ကိုယ်စား ထုတ်ဖော်လိုက်သဖြင့် ဂရုထားရန်မလိုအပ်သော လူတစ်ယောက်အား တေးမှတ်ထားနေရန် မလိုတော့ချေ။
ဝူဝမ်ယွီ၏ နေ့လယ်နေ့ခင်း ခေတ္တအနားယူရန် တိုက်တွန်းခဲ့မှုကြောင့် နျဲ့ရှောင်တို့ အဖွဲ့သည်လည်း ခရီးစဉ်တစ်လျှောက် ပင်ပန်းနွမ်းနယ်မှုများအား ဖြေဖျောက်လိုက်နိုင်သည်။ ညစာစားပြီးနောက်တွင် တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ နျဲ့ရှောင်သည် လူတိုင်းအား စုဝေးစေလိုက်ပြီးနောက် လမ်းတစ်လျှောက် ဖြစ်ပျက်ခဲ့သည်များအား ပြန်ပြောလေသည်။
အမျိုးမျိုးသော ရှုပ်ထွေးသည့် ပတ်သက်ဆက်နွယ်မှုများအား နားထောင်ပြီးနောက် ဝူဝမ်ချီနှင့် ဝူဝမ်ယွီတို့ ကြက်သေသေသွားကြသည်။
နျဲ့ရှောင် လည်ချောင်းခြောက်သည်ထိတိုင်အောင် အရာအားလုံးအား ရှင်းလင်းစွာ ပြန်ပြောခဲ့သည်။ ရှောင်ဝူယိသည် စာနာမှုရှိစွာ ရေတစ်ခွက် ကမ်းပေးလိုက်ပြီးနောက် နျဲ့ရှောင် ခပ်ဖြည်းဖြည်း သောက်လေသည်။ ထို့နောက် ဝူဝမ်ချီနှင့် အခြားသူများအား တစ်ချက်ကြည့်လိုက်သည်။
“ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေ အားလုံးက ဒါပဲ..”
“မယုံနိုင်စရာကောင်းလိုက်တာ..”
ဝူဝမ်ယွီသည် ရှည်လျားသော နတ်သမီးပုံပြင်တစ်ပုဒ်အား နားထောင်ရသကဲ့သို့ ခံစားမိသည်။ နျဲ့ရှောင်၏နှုတ်မှ ထွက်လာသည့်စကားများသာ မဟုတ်ခဲ့လျှင် ဝတ္ထုတစ်ပုဒ် ဖတ်နေရသည်ဟုပင် ထင်မိလိမ့်မည်။
"ဂြိုလ်သားတွေ.. ဇွန်ဘီဘုရင်.. ဝတ်ရုံနက်နဲ့လူ.."
ဝူဝမ်ယွီသည် ဖြေးဖြေးချင်းနားလည်အောင်လုပ်ရသည်။သူမ၏မျက်လုံးများသည် ပိုင်မေ့၊ ပိုဆီယာနှင့် အခြားသူများအား လှည့်ပတ်ကြည့်ကာ နောက်ဆုံးတွင် ရှောင်ဝူယိထံ ပြန်ရောက်လာသည်။ တံတွေးအား ခက်ခက်ခဲခဲ မျိုချလိုက်ပြီးနောက် ပြောလေသည်။
"ရှောင်ဝူယိကတောင် ဂြိုလ်ကမ္ဘာတစ်ခုရဲ့ မင်းသားလေးပေါ့.."
ရှောင်ဝူယိသည် ချိုချဉ်တစ်လုံးအား ပါးစောင်ထဲထည့်ကာ စုပ်နေစဉ် သူ၏အမည်အား ကြားသဖြင့် ခေါင်းလေးထောင်ကြည့်လာသည်။ ဝူဝမ်ယွီအား ချိုမြိန်စွာ ပြုံးပြလိုက်ပြီးနောက် အလွန်ချစ်စဖွယ်ကောင်းစွာ နှုတ်ခမ်းသပ်လိုက်သည်။
“ပေါင်ပေါင်းက တကယ်ပဲ မင်းသားလေးပါ.. အစစ်မဟုတ်ဘူးဆိုရင် ပြန်လဲခွင့် အာမခံ ပါရှိပါတယ်..” ∩(´∀`∩)
"မိုက်လိုက်တာ.."
ဝူဝမ်ယွီသည် ဤကဲ့သို့ အတည်ပြုချက် ရလိုက်ရသောအခါ အံ့အားသင့်သွားသည်။
"ဒီ ခရီးက နင်တို့တွေအတွက် တကယ် ခက်ခဲခဲ့မှာဘဲ.."
ဝူဝမ်ချီသည် အလွန်များပြားသော သတင်းအချက်အလက်များအား ခက်ခက်ခဲခဲ ချေဖျက်လိုက်ရသည်။ သူသည် ဘေးရှိ ပိုင်ယွဲ့၊ ဒေါက်တာဝေ့နှင့် အခြားသိပ္ပံပညာရှင်များအား ကြည့်ကာ အနည်းငယ်ခေါင်းကိုက်လာသည်။
“ဒေါက်တာဝေ့.. ခင်ဗျားက သေသေချာချာ စဉ်းစားပြီးမှ ဒီကိုလာခဲ့တာ ဖြစ်ပေမဲ့ ဝူယိအခြေစိုက်စခန်းမှာရှိတဲ့ သုတေသန အခြေအနေက အရမ်းကြမ်းတမ်းတယ်.. ခင်ဗျားတို့ ပြန်လည်ထူထောင်ဆေးကို စမ်းသပ်ဖို့ဆိုရင် ပိုပြီးအသေးစိတ်ကျတဲ့ စက်ကိရိယာတွေ လိုအပ်နိုင်တယ်.. ဖုန်းချန်မှာ အဲသည်လို လုပ်နိုင်ပါ့မလား မသေချာဘူး..”
ဤအခြင်းကိစ္စနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော်ရန် အမှန်တကယ် မလွယ်ကူပေ။ လူသားတိုင်းအတွက် အရေးကြီးကိစ္စရပ် ဖြစ်သောကြောင့် နှောင့်နှေးနေမည်ဆိုပါက ဆုံးရှုံးရပေမည်။
ရှောင်ဝူယိသည် လူတိုင်း၏ စိုးရိမ်ပူပန်နေကြသော အသွင်သဏ္ဌာန်များအားကြည့်ကာ စုပ်လုံးလေးအား ပါးစပ်အတွင်းမှ ထုတ်လိုက်ပြီးနောက် သူ့ကိုယ်သူ ညွှန်ပြကာဖြင့် ပြောလာသည်။
“အားလုံးက ပေါင်ပေါင်းကို မေ့နေကြတာလား.. ပေါင်ပေါင်းက မြို့တော်အခြေစိုက်စခန်းကို သွားပြီးတော့ စက်ပစ္စည်းတွေကို ရွှေ့ပေးနိုင်ပါတယ်နော်.. အရမ်းမဝေးပါဘူး..”
“ဖုန်းချန်နဲ့ မြို့တော်ဆိုရင် အချိန်နည်းနည်းလောက် နှောင့်နှေးနိုင်သေးတယ်..”
ဝူဝမ်ချီ ချက်ချင်းပင် ခေါင်းယမ်းကာ ငြင်းလေသည်။ ထို့နောက် တိတ်ဆိတ်သွားသော ပတ်ဝန်းကျင်အား သတိပြုမိပြီးနောက် လူတိုင်းက ရှောင်ဝူယိအား စိတ်အားထက်သန်စွာဖြင့် ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
နင်ဖုန်း ကိုယ့်ခေါင်းကိုယ် ပြန်ရိုက်လိုက်ပြီးနောက် အံ့အားသင့်စွာဖြင့် ပြောလေသည်။
“အရမ်းတုံးတဲ့ ငတုံးပဲ.. ဒီလှည့်စားတတ်တဲ့ ဟမ်းစတားလေးကို တကယ်ပဲ မေ့သွားတာ.. ဒီလိုဆိုရင်တော့ ကိစ္စအားလုံး မင်းအပေါ် မူတည်သွားပြီနော် မင်းသားလေးရေ..”
ရှောင်ဝူယိ ဂုဏ်ယူစွာဖြင့် ပါးကလေးအား ဖောင်းလိုက်သည်။
“စိတ်မပူနဲ့.. ပေါင်ပေါင်းတာဝန်ထားလိုက်..”
ဒေါက်တာဝေ့နှင့် အခြားသူများ ချက်ချင်းပင် ပျော်ရွှင်လာကြသည်။
နျဲ့ရှောင်သည် နားမလည်နိုင်ဘဲ ရှိနေကြသည့် ဝူဝမ်ချီနှင့် အခြားသူများအားကြည့်ကာ ချောင်းဟန့်လိုက်သည်။ ထို့နောက် ရှောင်ဝူယိ မှတ်ဉာဏ်ပြန်ရလာပြီးနောက် လေဟာနယ်စုတ်ဖြဲနိုင်သည့် စွမ်းရည်အကြောင်းအား အကျဉ်းချုံး ရှင်းပြလိုက်သည်။ ထို့နောက် ဝူဝမ်ချီနှင့် အခြားသူများသည် အချိန်အတော်ကြာမှသာ “စောက်ရမ်းမိုက်တယ်ဟေ့” ဟု တုံ့ပြန်နိုင်ကြလေသည်။
သို့သော်လည်း ညဉ့်နက်နေပြီ ဖြစ်သောကြောင့် မြို့တော်သို့ သွားချင်သည့်တိုင် နောက်တစ်နေ့ မိုးလင်းချိန်ရောက်သည့်တိုင် စောင့်ရပေမည်။ တစ်ချိန်တည်းတွင် ရှောင်ဝူယိသည် တရုတ်ပြည်၏ “ကြက်မြေပုံ” အား ကျေညက်အောင် ပြုလုပ်ရပေဦးမည်။
ထို့နောက် လူတိုင်း ကိစ္စအသေးအဖွဲများအား ဆွေးနွေးပြီးနောက် ပုံမှန်လုပ်ငန်းစဉ်များအား စီစဉ်ဆောင်ရွက်ကြသည်။ သွမ့်ဝမ်ယွီ ပြန်ရောက်လာခြင်းကြောင့် ဝူဝမ်ချီနှင့် ကျောင်းအုပ်ယွမ်တို့ ဖိအားများ လျော့ကျသွားစေသည်။
အခြေစိုက်စခန်း၏ ရိက္ခာပြတ်လပ်မှုနှင့် စပ်လျဉ်း၍ ဝူဝမ်ချီနှင့် ကျောင်းအုပ်ယွမ်တို့သည် အချိန်အတော်ကြာကပင် ဖြေရှင်းနည်းများ ဆောင်ရွက်ကြသည်။ အခြေစိုက်စခန်းထဲတွင် အပင်စိုက်ရန် နေရာများ ပြုလုပ်ထားကြပြီး အပင်စွမ်းရည်ပိုင်ရှင်များ၏ အကူအညီနှင့်ပင် ကောက်ပဲသီးနှံများ ကြီးထွားရန် အချိန်အတော်ကြာ လိုအပ်လေသည်။ အဆုံးတွင် အပင်စွမ်းရည်ပိုင်ရှင်များ အားလုံးမှာ အကြီအကဲ မုန့်ကျုံးသဲကဲ့သို့ စွမ်းအားကြီးခြင်း မရှိကြပေ။
ရှောင်ဝူယိနှင့် ပိုင်မေ့သည် လမ်းတစ်လျှောက် နေရာလွတ်ထဲ၌ သိမ်းဆည်းလာသည့် အရာများအားထုတ်ကာ ဂိုထောင်များအား ဖြည့်တင်းလိုက်ကြသည်။ နေရာလွတ်စွမ်းရည်၏ အကျိုးကျေးဇူးမှာ ချက်ချင်းပင် သိသာထင်ရှားလာသည်။ ၎င်းတို့၏ ခရီးတစ်ခေါက်ကပင် ကျန်စွမ်းရည်ပိုင်ရှင်များ၏ ၁၀ ခေါက်၊ အခေါက် ၂၀ နှင့်ပင် ညီမျှလေသည်။ ရှောင်ဝူယိသည် သူ၏နေရာလွတ်ထဲ၌ စိုက်ပျိုးထားသော ကောက်ပဲသီးနှံများအား ဤရိက္ခာများနှင့် ရောနှောလိုက်သည်။ ဤပမာဏသည် အခြေစိုက်စခန်းအတွင်းရှိ ရိက္ခာပြတ်လပ်မှုအား ကောင်းစွာဖြေဖျောက်နိုင်ပေလိမ့်မည်။
ကျောင်းအုပ်ယွမ်သည် နျဲ့ရှောင်တို့ ပြန်လာသည့်သတင်းနှင့် ဒေါက်တာဝေ့ဟန်မင်၏ သိပ္ပံပညာရှင်အဖွဲ့ ရုတ်တရက် ပြောင်းလဲလိုက်သည့် အစီအစဉ်အား မြို့တော်အခြေစိုက်စခန်းမှ ခေါင်းဆောင် ရှ ထံသို့ အကြောင်းကြားလိုက်သည်။ နျဲ့ရှောင်သည် အစီအစဉ် ပြောင်းလဲခြင်း၏ ရည်ရွယ်ချက်အား လုံခြုံမှုရှိစေရန်အတွက် ချန်လှပ်ထားစေသည်။ လက်ရှိတွင် ပိုင်မေ့၊ ရှောင်ဝူယိနှင့် အခြားသူများနှင့် ဆက်စပ်သည့် အချက်အလက်များအား လူသိနည်းလေ ပိုကောင်းလေ ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် မြို့တော်အခြေစိုက်စခန်းသည် ဤအကြောင်းအား စေ့စေ့စပ်စပ် မေးမြန်းခြင်း မပြုခဲ့ပေ။ လူတိုင်း လုံခြုံဘေးကင်းသည်ဟူသော သတင်းကပင် သတင်းကောင်း ဖြစ်နေသည်။ ထို့နောက် ကျောင်းအုပ်ယွမ်သည် ဝူယိနှင့် အခြားသူများ သုတေသန စက်ပစ္စည်းများ လာရောက်ယူဆောင်မည်ဟူသည့် သတင်းအား ခေါင်းဆောင် ရှ ထံ ဆက်သွယ်ပြောကြားလိုက်ပြီးနောက် ၎င်းတို့သည်လည်း ဝမ်းမြောက်စွာ သဘောတူလက်ခံကြသည်။
အရာအားလုံး ပြုလုပ်ပြီးနောက် ညဉ့်နက်နေပြီ ဖြစ်သောကြောင့် ကောင်းကင်၌ လထိန်ထိန်သာနေလေသည်။ လူတိုင်း သမ်းဝေကာဖြင့် အနားယူရန် ကိုယ်ပိုင်အခန်းများသို့ ဝင်ရောက်သွားကြသည်။
ဗီလာအိပ်ခန်းအတွင်း၌ ညအိပ်မီးလေး ခပ်မှိန်မှိန် ထွန်းလင်းလျက်ရှိသည်။
ရှောင်ဝူယိသည် ကုတင်ပေါ်တွင် ခြေချိတ်ထိုင်ကာ ရှုပ်ထွေးလှသည့် ကြယ်ပင်လယ်မြေပုံနှင့် ဟွားရှ(တရုတ်ပြည်) မြေပုံအားသူ၏ ခြေထောက်များကြား နေရာချထားလိုက်သည်။ လူငယ်လေး၏ ဆွဲဆောင်မှုရှိသော မျက်နှာလေး ရုတ်တရက် ရှုံ့မဲ့သွားလေသည်။
ဟမ်းစတားလေးဖို့ အရမ်းခက်ခဲလိုက်တာနော်..
“အိုင်းးး ~ ဒါက ပေါင်ပေါင်းအတွက် အရမ်းခက်ခဲတာပဲ..”
ရှောင်ဝူယိ သက်ပြင်းအသာချလိုက်သည်။ ကတိပေးရန် လွယ်ကူသော်လည်း လမ်းများနှင့် ရင်းနှီးကျွမ်းဝင်အောင် ပြုလုပ်ရခြင်းမှာ ဟမ်းစတားလေးအတွက် ခေါင်းကိုက်စေသည်။
ဆေးကြောသန့်စင်ပြီးနောက် နျဲ့ရှောင်သည် ကုတင်ပေါ် ထိုင်လိုက်ပြီးနောက် ကောင်ငယ်လေး၏ နာကျင်ခံစားနေရသော အသွင်သဏ္ဌာန်လေးအား မြင်တွေ့ရလေသည်။ ရယ်မောလိုက်ပြီးနောက် ကောင်ငယ်လေး၏ ဦးခေါင်းအာ အသာပွတ်လိုက်သည်။
“မကြောက်နဲ့နော်.. ဒယ်ဒီလည်း အတူလိုက်ခဲ့ပေးမှာပါ..”
နျဲ့ရှောင်သည် ရှောင်ဝူယိ စိတ်အေးသက်သာစေရန် နူးနူးညံ့ညံ့ ပြောဆိုလိုက်သည်။
ထိုစကားအား ကြားသည့်အခါ ရှောင်ဝူယိ ပို၍ပင် မသက်မသာဖြစ်လာသည်။
“ဒါပေမဲ့ ပေါင်ပေါင်းက တစ်ခါမှတောင် လူတစ်ယောက်ကို ခေါ်မသွားဖူးဘူးလေ.. မတော်တဆ ဒယ်ဒီ့ကို ပျောက်သွားရင် ပေါင်ပေါင်း ဝမ်းနည်းလွန်းလို့ သေသွားလိမ့်မယ်..”
ညအိပ်မီးရောင်သည် ကောင်ငယ်လေး၏ ပါးဖောင်းဖောင်းလေးအား ပို၍နှစ်လိုဖွယ်ကောင်းစေသည်။ နျဲ့ရှောင်သည် ကုတင်ပေါ်သို့ တက်လိုက်ပြီးနောက် ကောင်ငယ်လေး၏ သူ၏ပေါင်ပေါ်သို့ ထိုင်စေသည်။ နူးနူးညံ့ညံ့ ပါးဖောင်းဖောင်းလေးအား လက်ဖဝါးကြီးဖြင့် ပွတ်သပ်ရင်း ပြုံးလျက်နှင့် ပြောသည်။
“ပေါင်ပေါင်းမှာ နေရာလွတ် ရှိနေတာကို မေ့သွားတာလားကွ.. ဒယ်ဒီ့ကို နေရာလွတ်ထဲ ထည့်သွားလိုက်ပေါ့.. သည်လိုဆိုရင် ဒယ်ဒီ့ကို ပျောက်စရာ မလိုတော့ဘူးလေ..”
“တကယ်လို့ ဒယ်ဒီ ပျောက်သွားရင်တောင် ပေါင်ပေါင်းဆီ ပြန်လာနိုင်ဖို့ နည်းလမ်းရှာမှာပေါ့ကွာ..”
နျဲ့ရှောင်သည် ရှောင်ဝူယိ၏ နှုတ်ခမ်းလေးအား နမ်းကာ မျက်လုံးထဲတွင် ကြင်နာမှုများဖြင့် ပြည့်နေသည်။
ရှောင်ဝူယိ လက်ခုပ်တီးလိုက်ပြီးနောက် မျက်လုံးပြူးလာသည်။
“အာ.. ဟုတ်သားပဲ.. ပေါင်ပေါင်း အဲသည်လို မစဉ်းစားမိလိုက်ဘူးရယ်..”
“ဒယ်ဒီရေ.. ပေါင်ပေါင်းတော့ မှောင်ခိုကူးမယ့် နည်းလမ်းကောင်းတစ်ခုတောင် ရသွားပြီ.. ဟီးဟီးဟီးး”
ရှောင်ဝူယိသည် ပျော်ရွှင်စွာဖြင့် မျက်လုံးလေးများ မှိတ်ကျသွားပြီး နျဲ့ရှောင်အား ကူကယ်ရာမဲ့ ပြုံးသွားစေသည်။
“ဒယ်ဒီ့ရဲ့ ချုံပေါင်ကတော့ မကောင်းတဲ့ အကျင့်တွေကို သင်ယူနေတာပဲ.. ပေါင်ပေါင်းရဲ့ နေရာလွတ် နှစ်ခု အကြောင်း လျှောက်လျှောက် မပြောရဘူးနော်.. ပေါင်ပေါင်းမှာသာ သက်ရှိတွေကို သယ်သွားလို့ရတဲ့ နေရာလွတ်ရှိနေတာ တခြားသူတွေ သိသွားရင် ပေါင်ပေါင်းကို စူးစမ်းဖို့ အကြီးအကျယ် ရှာဖွေကြလိမ့်မယ်..”
နျဲ့ရှောင်သည် အပြုံးတစ်ခုဖြင့် သတိပေးလိုက်သည်။
ကိုယ်ပိုင်အကြောင်းပြချက်အချို့ကြောင့် အခြားသူများအား ရှောင်ဝူယိတွင် နေရာလွတ်နှစ်ခုရှိကြောင်း မသိစေချင်ပေ။ ထူးခြားသည့် အခြားနေရာလွတ်တစ်ခုအား လျှို့ဝှက်ထားခြင်းသည် ကောင်ငယ်လေးအတွက် ပို၍လုံခြုံမှုရှိစေသည်။ ယခုသူ၏ အာကာသ-အချိန် ကူးပြောင်းစွမ်းရည်ဖြင့် တစ်ဦးတည်း တစ်နေရာနှင့်တစ်နေရာ ကူးပြောင်းနိုင်ခြင်းကပင် အလွန်ထူးခြားနေပြီဖြစ်သည်။ အခြားသူများ ကြောက်လန့်ခြင်း မရှိစေရန်မှာ အလွန်ခက်ခဲလှသည်။
ရှောင်ဝူယိသည်လည်း နျဲ့ရှောင်စိုးရိမ်နေသည့် အကြောင်းအား နားလည်ပေသည်။ ထို့ကြောင့် နာခံမှုရှိစွာ ခေါင်းညိတ်လိုက်သည်။
“ဒယ်ဒီ စိတ်မပူပါနဲ့.. ပေါင်ပေါင်း လျှောက်မပြောပါဘူး.. ပေါင်ပေါင်းမှာ နေရာလွတ် သေးသေးလေး နှစ်ခုရှိတာ စကြဝဠာ တစ်ခုလုံးမှာ ဒယ်ဒီတစ်ယောက်ပဲ သိတာရယ်.. ဒါက ပေါင်ပေါင်းတို့ တော်ဝင်မိသားစုရဲ့ တကယ့် လျှို့ဝှက်ချက်လေ..”
"ဟမ်..."
ထိုသို့ကြားသည့်အခါ နျဲ့ရှောင် မျက်ခုံးပင့်လိုက်မိသည်။
ရှောင်ဝူယိသည် မျက်တောင်တဖျက်ဖျက်ခတ်ကာ ရိုးသား၍ ချစ်စဖွယ်ကောင်းသော အမူအရာလေးဖြင့် နျဲ့ရှောင်ထံသို့ သူခိုးလေးသဖွယ် တိုးကပ်လာပြီး ခပ်တိုးတိုး ပြောလေသည်။
“ပေါင်ပေါင်းတို့ တော်ဝင်မိသားစုမှာ နေရာလွတ်နဲ့ ကူးပြောင်းစွမ်းရည် ရှိရမယ်လို့ လူတွေက ပြောကြတာ.. တကယ်က အဲဒါထက် ပိုတယ်ရယ်.. အသေးစိတ် ပြောရရင် တော်ဝင်မိသားစုမှာ အသက်ဓာတ်စွမ်းရည်နဲ့ အာကာသ-အချိန် ကူးပြောင်းစွမ်းရည် ရှိကြတယ်.. တခြားသူတွေက ဒဏ္ဍာရီလို့ ထင်ကြပေမဲ့ တကယ့် အမှန်တရားပါ..”
နျဲ့ရှောင်သည် ရှောင်ဝူယိ ပေါ့ပေါ့ပါးပါး ပြောသွားသော အသက်ဓာတ် နှင့် အာကာသ-အချိန် ဟူသည့် စကားလုံးများအား နားထောင်ပြီးနောက် ရင်တထိတ်ထိတ် ခုန်လာသည်။ ဤစကားလုံးများ၏ စွမ်းအားမှာ စိတ်ကူးကြည့်ရုံနှင့်ပင် အံ့အားသင့်ဖွယ် ကောင်းလှပြီး ကောင်ငယ်လေးအား သင်ပြပို့ချတော့သည်။
“ဒီလို အရမ်းမိုက်တဲ့ ကိစ္စတွေကို ဘာဖြစ်လို့ ဒယ်ဒီ့ကို ခပ်လွယ်လွယ် ပြောပြရတာလဲ.. ဒယ်ဒီက တခြားသူတွေကို ပြန်ပြောမှာ မစိုးရိမ်ဘူးလား.. ဘာလို့ အရူးလေးလို မဆင်မခြင် ပြောနိုင်ရတာလဲ..”
ရှောင်ဝယိသည် အဆူခံရသောကြောင့် အနည်းငယ် မှားယွင်းသွားသလို ခံစားမိပြီး နျဲ့ရှောင်အား ကြည့်လိုက်သည်။
“ပေါင်ပေါင်းက အရူးလေး မဟုတ်ဘူး.. ဒယ်ဒီ့မှာ ဘာဖြစ်လို့ မင်းသမီးတစ်ယောက်ရဲ့ အသိစိတ် မရှိရတာလဲ.. ဒယ်ဒီက တော်ဝင်မိသားစုဝင်တစ်ယောက် ဖြစ်နေပြီလေ..”
နျဲ့ရှောင် : "......."
ဪ.. အဲသည်လို ဖြစ်သွားတာလား..
“သည်လိုဆိုရင်တောင် ပေါင်ပေါင်းက ဂရုမစိုက်ဘဲ မနေရဘူးလေ.. ဒယ်ဒီက လူဆိုးတစ်ယောက်ဆိုရင် ဘယ်လိုလုပ်မတုန်းကွ..”
ယခုအချိန်တွင် နျဲ့ရှောင်မှာ သူ၏ပုံရိပ်အား ပြောင်းပြန်လှန်ရမည်ကို မကြောက်ရွံ့ပေ။
ဤသို့ကြားရသည့်အခါ ရှောင်ဝူယိ၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးမှုများ ထင်ဟပ်လာသည်။ နျဲ့ရှောင်၏ပါးအား လက်ကလေးဖြင့် ထိလိုက်ပြီးနောက် “မွ” ခနဲ နမ်းလိုက်သည်။
“ပေါင်ပေါင်းက ဒယ်ဒီ့ကို ယုံတယ်.. အရာအားလုံးထက် ဒယ်ဒီ့ကို အချစ်ဆုံး.. ဒယ်ဒီက လုံးဝ လူဆိုးမဟုတ်ဘူး.. ဟမ်းစတားလေးရဲ့ အလိုလိုသိစိတ်က လုံးဝ မမှားတဲ့အတွက် ပေါင်ပေါင်းတို့က ထာဝရ အတူရှိသွားကြမှာ..”
ကောင်ငယ်လေး၏ ပြောစကားကြောင့် နျဲ့ရှောင် မည်သို့မျှ မတတ်နိုင်တော့ချေ။ သက်ပြင်းချကာ ရှောင်ဝူယိ၏ နှာခေါင်းလေးအား လက်ဖြင့်ထိရင်း ပြောလေသည်။
“မကြာခင် မင်းလေးကတော့ ရောင်းစားခံရတော့မှာပဲကွာ.. ရောင်းစားတဲ့ သူတွေရဲ့ ပိုက်ဆံကိုတောင် ကူပြီး ရေတွက်ပေးဦးမလားပဲ.. ကံကောင်းပြီးတော့ ကိုယ်က ပြောင်းလဲလွယ်သူ မဟုတ်လို့ပေါ့ကွ.. မဟုတ်ရင် တစ်နေ့ကျ ဒယ်ဒီ့ နှလုံးသား ပြောင်းလဲသွားရင် ပေါင်ပေါင်းတော့ ငိုနေရုံပဲ တတ်နိုင်....”
“လုံးဝပဲ.. ပေါင်ပေါင်းက ဒယ်ဒီ့ကို ယုံတယ်..”
ရှောင်ဝူယိသည် နျဲ့ရှောင်အား တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားပြီး မျက်နှာလေးတွင် ယုံကြည်အားကိုးမှုတို့ ပြည့်နေသည်။ နူးညံ့ချွဲအီသည့် အသံလေးဖြင့် ပြောလေသည်။
“ပေါင်ပေါင်းတို့ တော်ဝင်မိသားစုရဲ့ အရမ်းကောင်းမွန်တဲ့ စွမ်းရည်က လူတွေကို မမှားနိုင်ဘူး.. စကြဝဠာထဲက လူတွေက ပေါင်ပေါင်းတို့ကို ချစ်စရာကောင်းတဲ့ ငတုံးလေးတွေလို့ ခေါ်နေရင်တောင် ပေါင်ပေါင်းတို့က အရမ်းဉာဏ်ကောင်းပြီး ဟာသဉာဏ်ရှိကြတယ်.. ပေါင်ပေါင်းတို့က ချစ်ဖို့ကောင်းပေမယ့် ငတုံးလေးတွေ မဟုတ်ပါဘူး..”
"ပေါင်ပေါင်းတို့ရဲ့ ချစ်ဖို့ကောင်းတဲ့အမူအယာလေးတွေက တကယ်တော့ ပေါင်ပေါင်းတို့ရဲ့စွမ်းရည်ကို ဖုံးကွယ်ပေးဖို့ဘဲ.."
ရှောင်ဝူယိသည် နျဲ့ရှောင်အား စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်သည်။ ထိုသို့ပြောနေစဉ်တွင် ကလေးဆန်မှုများ၊ ချစ်စဖွယ်အမူအရာလေးများနှင့် ပြည့်နေသည်။
နျဲ့ရှောင် ခေတ္တမျှ ဆွံ့အသွားပြီးနောက် သဘောတကျ ရယ်လေသည်။ ဤပေါင်ပေါင်းအား ဝါးမျိုကာ ဗိုက်ထဲ၌သာ ဝှက်ထားချင်တော့သည်။ ထို့နောက် ရှောင်ဝူယိ၏ မျက်နှာလေးအား လက်ဖြင့်ပွတ်လိုက်သည်။
"ဘယ်လိုလုပ်ပြီး ဒီလောက် ချစ်ဖို့ကောင်းနိုင်ရတာလဲ ပေါင်ပေါင်းရေ.."
ရှောင်ဝူယိသည် ခါးပေါ်လက်ထောက်ကာ နျဲ့ရှောင်၏ ပါးကို ပွတ်ပြီးနောက် ညည်းညူလေသည်။
“ပေါင်ပေါင်းက ချစ်ဖို့မကောင်းပါဘူး.. လူတိုင်းက ပေါင်ပေါင်းကို ကြောက်သွားကြမှာ.. ဒယ်ဒီပဲ စဉ်းစားကြည့်လေ.. ပေါင်ပေါင်းတို့ တော်ဝင်မိသားစုဝင်တိုင်းမှာ စွမ်းရည်တွေ ရှိကြတယ်.. စွမ်းရည်တိုင်းကလည်း စကြဝဠာ တစ်ခုလုံးမှာ ပြိုင်ဘက်မရှိဘူး.. နည်းပညာကလည်း နောက်ကောက်ကျမနေခဲ့ဘူးရယ်.. ပေါင်ပေါင်းက တော်ဝင်မိသားစုမှာ မွေးဖွားလာခဲ့ပြီး အာကာသ-အချိန် ကူးပြောင်းစွမ်းရည်နဲ့ နေရာလွတ်စွမ်းရည် ရှိတာ ဘယ်သူမှ မသိကြဘူးလေ.. အဲသည်တော့ ပေါင်ပေါင်းက တစ်ခြားဂြိုလ်တစ်ခုကို စစ်တပ်တစ်တပ် ခေါ်သွားမယ်ဆိုရင်တောင် ပြဿနာ မရှိဘူး..”
“ဒယ်ဒီသိပြီလား အခု.. ပေါင်ပေါင်းတို့က ချစ်ဖို့မကောင်းပါဘူး.. ဘယ်သူက ပေါင်ပေါင်းတို့နဲ့ မိတ်ဆွေဖွဲ့ရဲမှာလဲ.. ပေါင်ပေါင်းတို့က ငြိမ်းချမ်းရေးကို မြတ်နိုးပြီး တခြားသူတွေကို မကြောက်စေချင်လို့ စောင့်ကြည့်မခံချင်လို့ ဖုံးကွယ်ထားရတာ.. မဟုတ်ရင် ပေါင်ပေါင်းတို့ တော်ဝင်မိသားစုက ပြဿနာတွေ အများကြီးနဲ့ ရင်ဆိုင်ရနိုင်တယ်.. အာကာသ-အချိန် ကူးပြောင်းစွမ်းရည်နဲ့တင် လူတွေကို ခြောက်လှန့်နေနိုင်ပြီ..”
နျဲ့ရှောင်သည် သူ့မိသားစုဝင်လေး၏ ဟိတ်ဟန်များနေသော ချစ်စဖွယ်အမူအရာလေးအားကြည့်ကာ မရယ်ဘဲ မနေနိုင်တော့ချေ။ သို့သော် ဤအကြောင်းအား တွေးမိသည့်အခါ အမှန်တကယ် ကျိုးကြောင်းညီညွတ်သည်ဟု ထင်မိသည်။ နီမိုတော်ဝင်မိသားစုမှာ အမှန်တကယ် အောင်မြင်လှသည်။ မဟာမိတ်အဖွဲ့တွင် ခြေကုတ်ရယူထားနိုင်ခြင်းမှာ သင့်တော်လေသည်။ ပိုဆီယာနှင့် အခြားသူများ၏ စိတ်နေသဘောထားမှာ စိုးရိမ်ဖွယ်ရှိသော်လည်း စကြဝဠာတွင် လွန်စွာကျော်ကြားသော နီမိုတော်ဝင်မျိုးနွယ်သည် ၎င်းတို့၏ အစစ်အမှန်ပုံရိပ်အား ချစ်စဖွယ်အသွင်သဏ္ဌာန်လေးများဖြင့် ဖုံးကွယ်ထားကြသည်။
“ဟုတ်ပါပြီ.. ဟုတ်ပါပြီ.. ဒယ်ဒီ သဘောပေါက်ပြီနော်.. ပေါင်ပေါင်းက အတော်ဆုံးကွာ..”
နျဲ့ရှောင် ကောင်ငယ်လေး၏ ဦးခေါင်းအား လက်ဖြင့်အသာပွတ်လိုက်သည်။
ဟမ်းစတားလေးသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ခေါင်းကလေး မော့ထားလိုက်သည်။
“သိပြီလား..”
နျဲ့ရှောင်သည် ကောင်ငယ်လေး၏ ချစ်စဖွယ်အမူအယာလေးအား ကြည့်နေခဲ့သည်။ ၎င်းသည် အမှန်တကယ် ချစ်ဖို့ကောင်းလွန်းသည်။ သူပြောခဲ့သည့် ချစ်ဖို့ကောင်းမှုနှင့် ဖြူစင်မှုများသည် ဟန်ဆောင် ဖုံးကွယ်ထားခြင်း ဆိုသည်ကို မယုံကြည်ပေ။ လူတိုင်းသည် သဘာဝအရ ဟန်ဆောင်ထားခြင်း မဖြစ်နိုင်ပေ။ ငြိမ်းချမ်းရေးအား ချစ်မြတ်နိုးခြင်းသည့်မျိုးနွယ်၏ သဘာဝဟုပင် ကောက်ချက်ချနိုင်လိမ့်မည်။ ၎င်းတို့သည် ချစ်ဖို့ကောင်းပြီး တစ်ချိန်တည်းမှာပင် ဖြုံလောက်စရာပင်။
နျဲ့ရှောင်သည် ကောင်ငယ်လေး၏ ဆံပင်အား ပွတ်သပ်ကာ အပြုံးဖြင့်ပြောလိုက်သည်။
"ကောင်းပြီ.. ဒယ်ဒီ နားလည်သွားပြီး.. အခု ဒယ်ဒီ့ရဲ့ မင်းသားလေးက အချိန်-အာကာသကူးပြောင်းစွမ်းရည်နဲ့ နေရာလွတ်စွမ်းရည်အကြောင်းကို အသေးစိတ်ပြောနိုင်မလား.."
🐹🐹🐹🐹🐹