အပိုင်း ၂၄၈ (End of Extra)
Viewers 68k


Chapter 248 [End of Story ]

-သူစိမ်းတစ်ယောက် ခေတ်သစ်အချိန်ဆီ-3



"ကျွန်တော် ကျန်းကျန့်အကြောင်းကောင်းကောင်းသိတယ်...ကျွန်တော်နေလိုက်မယ်"ကျောက်ကျင်းကောက ဆိုလိုက်သည်။


"ဟမ်"ချန့်ပင်းမှာ တောင့်ခနဲဖြစ်သွားလေသည်။


ကျန်းကျန့်က ထပ်ပြောလာသည်:


"သူနေလိမ့်မယ် ...မင်းပြန်လို့ရပြီ"သူက ချန့်ပင်းနှင့်ကောင်းမွန်သည့်ဆက်ဆံရေးရှိသော်လည်း ဆယ်စုနှစ်များစွာကြာသွား၍ သူစိမ်းတစ်ယောက်လိုဖြစ်နေသည်။ဒါက ကိစ္စမဟုတ်ပေမယ့် သူ့ဇနီးနဲ့တီတီတာတာပြောချင်သေးတာကို ဘာကြောင့်ချန့်ပင်းကို တတိယဘီးလုပ်ခိုင်းရမှာလဲ။


"အစ်ကိုကျန့်....မစ္စတာကျောက်ကို တကယ်သိတာလား...သူ့အကြောင်းပြောဖူးတာလည်း တစ်ခါမှမကြားမိပါဘူး"


ဒါကျောက်ချီအန်းလေ...။သူ့ရဲ့မိသားစုလိုဖြစ်နေတဲ့ အစ်ကိုကျန့်က ကျောက်ချီအန်းကိုသိတယ်လား။


ချန့်ပင်း၏မျက်နှာက မယုံနိုင်ဖြစ်နေသော်ငြား ကျန်းကျန့်က နောက်ထပ်လျှပ်စီးတစ်ချက်ပစ်လိုက်သည်:


"သေချာပေါက် ငါသူ့ကိုသိတာပေါ့...ငါ့ဇနီးပဲကို..."


"ဇ....ဇ...ဇ...ဇနီး"ချန့်ပင်းမှာ မေ့လဲသွားမတတ်ပင်။


ကျန်းကျန့်က ယောကျ်ားလေးချင်းကြိုက်တ

ယ်ဆိုလို့ သူတကယ်လန့်သွားပေမယ့် သူ့ကောင်လေးက ကျောက်ချီအန်းဖြစ်နေတာလောက် လန့်သွားတဲ့ဟာမရှိဘူး။


ကျောက်ချီအန်း....ဒါ ကျောက်ချီအန်းလေ....။


အစ်ကိုကျန့်က ကျောက်ချီအန်းလို့ သူ့ဇနီးလို့တောင်ပြောရဲသေးတယ်။


ချန့်ပင်းမှာ ကျောက်ချီအန်းကိုကြည့်ပြီး တုန်လှုပ်နေသည်။


ကျန်းကျန့်က ဇနီးလို့ခေါ်လိုက်လို့ မစ္စတာကျောက်က စိတ်ဆိုးသွားမှာလား။သူသာစိတ်ဆိုးသွားရင် ကျန်းကျန့်ကို သေလောက်အောင်ရိုက်လာမယ်လို့ ထင်လား။


တွေးနေရင်း ချန့်ပင်းတစ်ကိုယ်လုံး တုန်လှုပ်လာသည်။


သို့သော်လည်း ကျောက်ကျင်းကောက စိတ်မဆိုးပေ။စိတ်မဆိုးသည့်အပြင် ပြုံးနေပြီး ပျော်နေသည့်ပုံပေါ်သည်။


နောက်ဆုံးတော့ သူ ကျန်းကျန့်ကိုရှာတွေ့ပြီ။


ကျောက်ကျင်းကောက ကြောင်တောင်တောင်ဖြစ်နေသည့်ချန့်ပင်းကို အပြင်ပို့ပေးလိုက်ပြီး ကျန်းကျန့်ကုတင်ဘေးသို့ပြန်လာခဲ့သည်။


သူက ကျန်းကျန့်နှင့်အချိန်အတော်ကြာမနေခဲ့ရချေ။ကျန်းကျန့်က ပြင်းပြင်းထန်ထန်ထိခိုက်ထား၍ တစ်ချက်နိုးလာပြီးပြန်အိပ်ပျော်သွားသည်။


ကျန်းကျန့်အိပ်နေလျှင်ပင် ကျောက်ကျင်းကောက ထွက်မသွားချင်ပေ။


ကျန်းကျန့်၏အိပ်ပျော်နေသည့်မျက်နှာကို တဝကြီးကြည့်လိုက်ရင်း နှလုံးခုန်မြန်လာကာ ခေါင်းငုံ့ပြီးကျန်းကျန့်နှုတ်ခမ်းကိုနမ်းရန်ပြင်လိုက်သည်။


သို့သော်လည်း ကျန်းကျန့်ကိုမနမ်းလိုက်ခင် ဖုန်းမြည်လာသည်။


ကျောက်ကျင်းကောက ဖြတ်ခနဲအသိဝင်လာကာ ပထမတစ်ချက်တွင်ပင် သွားကိုင်လိုက်သည်။သူ့ညီမ ကျောက်ရှီးနန်ဆီမှခေါ်လာခြင်းဖြစ်သည်။


အပြင်ထွက်ရင်း ကျောက်ကျင်းကောက ဖုန်းလက်ခံဖြေလိုက်သည်။


"ရှီးနန်....ဘာဖြစ်လို့လဲ"


"ကိုကို....လွန်ခဲ့တဲ့ရက်တွေတုန်းက ဘယ်ရောက်နေတာလဲ"ကျောက်ရှီးနန်က မေးလာသည်။သူမအစ်ကို လွန်ခဲ့သောရက်အနည်းငယ်က ရုတ်တရက်ထွက်သွားပြီး မည်သည့်နေရာသို့သွားမှန်းလည်း မသိကြပေ။အစ်ကိုဖြစ်သူကိုလွမ်းနေ၍ ဖုန်းဆက်မေးခြင်းဖြစ်သည်။


"ကိုကိုက Hမြို့မှာ"ကျောက်ကျင်းကောက ဖြေလိုက်သည်။


"ကိုကို....လုပ်ငန်းကိစ္စခရီးထွက်နေရတာလား"ကျောက်ရှီးနန်က ထပ်မေးလာသည်။


"မဟုတ်ဘူး....ညီမလေးအတွက် ခဲအိုရှာပေးနေတာ"ကျောက်ကျင်းကောက ဆိုလိုက်သည်။


"ဘာရယ်...."ကျောက်ရှီးနန်မှာ နားကြားမှသွားသလားဟုပင်....ခဲအိုတဲ့...။


သူမအစ်ကိုက ယောကျ်ားလေးချင်းကြိုက်သည့်သူမှန်းသိထား၍ မည်သို့သော အမျိုးသားယောက်မမျိုး ရှာပေးလာမလဲဟု အမြဲတမ်းသိချင်မိသည်။သို့သော်လည်း သူမအစ်ကိုက ခဲအိုတစ်ယောက်ရှာပေးနေသည်တဲ့။


သူမအစ်ကိုက အောက်ကလို့ တိုက်ရိုက်ဝန်ခံနေခြင်းမဟုတ်ပါလား။ ဘယ်လိုတောင် အရမ်းရိုးသားရတာလဲ။


ဒါ့အပြင် ဘယ်လိုလူမျိုးက သူမအစ်ကိုနဲ့တန်လို့လဲ။


"ကိုကိုတစ်ဘဝလုံးအတူရှိချင်မိတဲ့သူကို ရှာတွေ့ပြီ...သူက အခုနေမကောင်းသေးပေမယ့် သူပြန်ကောင်းလာရင် ကိုကိုနဲ့အတူခေါ်ခဲ့မှာ"ကျောက်ကျင်းကောက ထပ်ပြောလာသည်။


ကျောက်ရှီးနန်မှာ ဖုန်းကိုင်ထားရင်း မေ့လဲမတတ်ပင်။


ထိုအချိန် ချန့်ပင်းမှာ ဆေးရုံတွင် ကျန်းကျန့်နိုးလာပြီဖြစ်ကြောင်း သူ့နောက်လိုက်ရဲဘော်များကိုပြောပြနေသည်။


ဤရက်များအတွင်း ကျန်းကျန့်ရဲဘော်များအားလုံးက ဆေးရုံသို့လာတွေ့ကြသည်။သူတို့ထဲတွင် လက်ထပ်ထားသူများလည်းရှိသလို အလုပ်ကိစ္စများရှိနေသဖြင့် ဆေးရုံတွင် ၂၄နာရီလုံးမနေပေးနိုင်ကြပေ။ထို့ကြောင့် ကျန်းကျန့်ကိုတွေ့ပြီးသည်နှင့် ပြန်သွားကြသည်။ယခု ကျန်းကျန့်နိုးလာပြီဖြစ်၍ ဆေးရုံသို့သွားချင်ကြောင်း ချက်ချင်းပြောလာကြသည်။


လူစုက ဆေးရုံဂိတ်တွင် အမြန်ဆုံလိုက်ကြစဥ် စိတ်နှင့်ကိုယ်မကပ်သည့်ပုံနှင့်ချန့်ပင်းကိုတွေ့လိုက်ရသည်။


"ချန်ပင်း....ဘာဖြစ်တာလဲ"လူတစ်ယောက်က ချန့်ပင်းပုခုံးကိုပုတ်လိုက်သည်။


"နည်းနည်း စဥ်းစားရကြပ်နေရုံပါ"ချန့်ပင်းက ဆိုလိုက်သည်။သူက တောင့်တောင့်ကြီးဖြစ်နေဆဲပင်။


"ဘာတွေစဥ်းစားရကြပ်နေတာလဲ...ပြောစမ်းပါ"ထိုလူက သိချင်သည့်ပုံနှင့်မေးလာသည်။


"အစ်ကိုကျန့်က ငါတို့အတွက် မရီးရှာတွေ့သွားပြီ"ချန့်ပင်းက ဆိုလိုက်သည်။


"အစ်ကိုကျန့်က နောက်ဆုံးတော့ ငါတို့အတွက်မရီးရှာတွေ့သွားပြီပေါ့"ဘေးပတ်လည်ကလူအားလုံး ပျော်ရွှင်သွားကြသည်။


"အဲ့တာ ယောကျ်ားလေး"ချန်ပင်းက ထပ်ပြောလိုက်သည်။


"ယောကျ်ားလေးလား"သူတို့အားလုံး အံ့အားသင့်ကုန်ကြသည်။


"မရီးနာမည်က ကျောက်ချီအန်းတဲ့"ချန်ပင်းက နောက်ဆုံးထပ်ပြောလာသည်။


"ကျောက်ချီအန်း....နာမည်က ရင်းနှီးနေသလိုပဲ ဟမ်"


"သေချာပေါက်ရင်းနီးမှာပေါ့...ကျန်းရှင်းနည်းပညာဥက္ကဌနဲ့ နာမည်အတူတူပဲလေ"


"ငါတို့မရီးနာမည်ကလည်း အထက်စီးဆန်လိုက်တာ..."


ကျန်းကျန့်ရဲဘော်များက တစ်ယောက်တစ်ပေါက်ပြောလာကြသည်။


ချန်ပင်းက သူတို့ကိုကြည့်လိုက်ရင်း လေသံပျော့ပျော့နှင့်ပြောလာသည်:"မရီးက ကျန်းရှင်းနည်းပညာဥက္ကဌလေ...."


လူတိုင်းက ထပ်ပြီး အံ့အားသင့်သွားကြသည်။


ခဏအကြာတွင် တစ်ယောက်ယောက်ကပြောလာသည်:"အစ်ကိုကျန့်က.....တကယ် အင်အားကြီးတာပဲ ...."ကျန်းရှင်းနည်းပညာဥက္ကဌက မျှော်လင့်မထားစွာနဲ့ အစ်ကိုကျန့်ဆီမှာ အဖမ်းခံလိုက်ရတယ်...။


ချန်ပင်းက ဤလူများကို ကျန်းကျန့်အခန်းဆီ တိတ်တဆိတ်ခေါ်လာခဲ့သည်။သူတို့ဝင်လာသည်နှင့် ကျောက်ကျင်းကောက ကျန်းကျန့်ကိုရေတိုက်နေသည်ကိုတွေ့လိုက်ရသည။


"ရေအများကြီးသောက်လို့မရလို့ စိုစိုလေးနေအောင် နှုတ်ခမ်းမှာရေစွတ်ပေးမယ်"ကျောက်ကျင်းကောက ကျန်းကျန့်ကို ကြင်ကြင်နာနာကြည့်လိုက်သည်။ကျန်းကျန့်၏အတွင်းပိုင်းအင်္ဂါများထိခိုက်ထား၍ ရေသောက်၍မရသေး၍ ကျန်းကျန့်နှုတ်ခမ်းကို ဂွမ်းစလေးနှင့်သုတ်ပေးလိုက်သည်။


ကျန်းကျန့်ရဲဘော်များက ထိုမြင်ကွင်းကိုတွေ့လိုက်ရစဥ် ရုတ်တရက် ကျန်းကျန့်ကိုလေးစားမိသည်။


သူတို့အစ်ကိုကျန့်က တကယ်တော်တာပဲ။နှစ်သုံးဆယ်ကျော်လောက် မိန်းမမရှာပဲနေလာတာ တွေ့မယ့်တွေ့တော့လည်း အင်အားရှိတဲ့သူနဲ့တဲ့။


ကျောက်ကျင်းကောက ထိုလူများကို သတိထားမိလိုက်၍ ကျန်းကျန့်အစား ထပြီးနှုတ်ဆက်လိုက်သည်။


"မရီး....ကျွန်တော်တို့လုပ်ပေးလိုက်ပါမယ်"ကျောက်ကျင်းကောက ထင်မှတ်မထားစွာ ရေထည့်ပေးနေသည်ကိုတွေ့လိုက်ရ၍ တစ်ယောက်ယောက်က ရုတ်တရက်ထပြောလိုက်သော်ငြား ချက်ချင်းပင် သူ့ကိုယ်သူရိုက်ပစ်လိုက်ချင်သည်။


သူတကယ်ကြီး ကျောက်ချီအန်းကို မရီးလို့ခေါ်လိုက်တယ်....။ကျောက်ချီအန်းလိုလူမျိုးက သူ့ကို လာဖျက်ဆီးတော့မှာလား။


ကျန်းကျန့်က အာဏာရှိသည်မှန်သော်လည်း ကျောက်ချီအန်းက နိုင်ငံ့ခေါင်းဆောင်များနှင့်စကားပြောနိုင်သည့် စကားနှင့်ပင်ဖော်ပြ၍မရသည့်သူဖြစ်သည်။အစ်ကိုကျန့်နဲ့ကျောက်ချီအန်းတို့သာ အတူရှိနေရင် ကျန်းကျန့်လွှမ်းမိုးနိုင်မယ်လို့တော့ မထင်။


"မရီးလို့ခေါ်မှတော့ ရေတစ်ခွက်ငှဲ့ပေးရင်ရော ကိစ္စမရှိဘူးမို့လား"ကျောက်ကျင်းကောက ထိုလူကြောက်နေမှန်း သတိထားမိ၍ အပြုံးလေးနှင့်ပြန်ဖြေလာသည်။


သူက မရီးခေါ်ခံရတာကို တကယ်ကြိုက်တယ်။


ကျန်းကျန့်ရဲဘော်များက ကျန်းကျန့်ကို ပိုပြီးလေးစားသွားရသည်။


ကျန်းကျန့်မှာ သူတို့အမူအရာများကြောင့် သူ့ကျင်းကောလေးက ယခု အင်အားကြီးနေပြီဖြစ်ကြောင်း သဘောပေါက်မိသည်။


ဒါလည်း မဆိုးပါဘူး။


ကျန်းကျန့်ရဲဘော်များက အကြာကြီးမနေလိုက်ကြပေ။သူတို့ထွက်သွားသည်နှင့် ကျန်းကျန့်က ကျောက်ကျင်းကောကိုကြည့်ကာ မေးလိုက်သည်:


"ကျင်းကော...မင်းဘယ်အချိန်ရောက်လာခဲ့တာလဲ"


"ကျွန်တော်သေသွားပြီးတော့ ဒီကိုပြန်ဝင်စားလာခဲ့တာ"ကျောက်ကျင်းကောက ပြန်ဖြေလိုက်သည်။


ကျန်းကျန့်က မေ့လဲမတတ်ဖြစ်သွားကာ ကျောက်ကျင်းကောလက်ကို ဆုပ်ကိုင်လိုက်ပြီး:"ကျင်းကော...ကိုယ်တောင်းပန်ပါတယ်"


ကျောက်ကျင်းကောက ဘယ်လောက်တောင်များ စောင့်နေခဲ့ရတာလဲ။


"ခင်ဗျားကိုစောင့်နေတဲ့အတွက် အဆင်ပြေပါတယ်"ကျောက်ကျင်းကောက ရေစိုဝတ်လေးနှင့်ခဏခဏသုတ်ပေးထားသည့် နှုတ်ခမ်းကိုနမ်းလိုက်သည်။


ကျန်းကျန့်က ကျောက်ကျင်းကောကို ကြည့်ပြီး ပြုံးလိုက်သည်။


ခဏအကြာ ကျန်းကျန့်က ဆိုလာသည်


:"ကျင်းကော....ကိုယ်က အစကအဆုံးထိ ကျန်းကျန့်ပါပဲ"


အတိတ်ဘဝတွင် သူ့ကိုယ်သူ အကြီးဆုံးကျန်းအဖြစ် သတ်မှတ်ထား၍ အကြီးဆုံးကျန်း၏ခန္ဓာကိုယ်ကို ယူထားသည့်အကြောင်း ကျောက်ကျင်းကောကို မပြောပြခဲ့ပေ။


သို့သော်လည်း သူက ယခုတွင် ပြောပြချင်မိသည်။


ကျန်းကျန့်က စကားဆုံးသွားသည်နှင့် အိပ်ပျော်သွားလေသည်။သူ့ကိုကြည့်နေသည့် ကျောက်ကျင်းကောက နောက်ဆုံးတွင် အကြီးဆုံးကျန်းက ရုတ်တရက်ပြောင်းလဲသွားသည့်အကြောင်းရင်းကို နားလည်သွားလေသည်။


ဒါက သူချစ်ရတဲ့ တစ်ယောက်တည်းသောသူ ကျန်းကျန့်ပဲ။


ကျန်းကျန့်က ဟီးရိုးတစ်ယောက်ဖြစ်လာ၍ နှစ်ရက်ခန့်ကုသမှုခံယူပြီးနောက် ရုပ်မြင်သံကြားအစီအစဥ်များမှ အင်တာဗျူးလာသည်။


သူတို့က အင်တာဗျူးမေးချင်နေသည်က ကြာပြီဖြစ်သော်လည်း ကျောက်ကျင်းကောက တားထား၍သာ။သို့သော်လည်း ယခုက နိုင်ငံတော်တီဗွီအစီအစဥ်မှ အင်တာဗျူးလာမေးသည်ဖြစ်၍ သူမတားခဲ့ခြင်းပင်။


သတင်းထောက်များနှင့်ဓါတ်ပုံဆရာများက မကြာမီရောက်လာကြကာ ကျန်းကျန့်နှင့် ဘေးတွင်အချိုရည်ငှဲ့ပေးနေသည့်လူတစ်ယောက်ကို တွေ့လိုက်ရသည်။


ထိုလူက ကျောက်ချီအန်းနှင့် အလွန်တူလေသည်။ဤသတင်းထောက်များက သတင်းစုံသူများဖြစ်၍ ကျောက်ကျင်းကောကို နီးနီးကပ်ကပ်ကြည့်လိုက်ပြီးမှ ကျောက်ချီအန်းနှင့်တူရုံလောက်သာဟု တွေးမိကြသည်။


ဒီကမ္ဘာပေါ်မှာ နာမည်တူမရှား လူတူမရှားပဲလေ။


သူတို့က မေးခွန်းများများမမေးကာ ကျန်းကျန့်ကလည်း သိပ်မဖြေ၍ အင်တာဗျူးက မြန်မြန်ဆန်ဆန်ပြီးသွားသည်။ထိုသတင်းက ယနေ့ညလွှင့်မည်ဖြစ်ပြီး အင်တာနက်ပေါ်တွင်လည်း တင်မည်ဖြစ်သည်။


"အဲ့ဒီလူက ကျောက်ချီအန်းနဲ့ တူလိုက်တာ"


"ဟုတ်တယ် ...တကယ်တူတာ..."


"ဒါပေမယ့် မဖြစ်နိုင်ဘူးမို့လား....ကျောက်ချီအန်း ဖျော်ရည်ဖျော်နေမယ့်ပုံစံကို ပုံဖော်ကြည့်လို့တောင်မရဘူး"


"ငါရော...."


အင်တာနက်ပေါ်ကလူများက ဗီဒီယိုထဲက အခြားတစ်ယောက်မှာ ကျောက်ချီအန်းနှင့်တူသည်ဟု ခံစားရသော်လည်း သူဖြစ်နိုင်သည်ဟု မထင်ချေ။


ကျောက်ရှီးနန် ကလွဲလို့....။


သူမ၏အစ်ကိုရင်းကို သေချာမှတ်မိလေသည်။သူမအစ်ကို သူမအတွက်ရှာပေးနေတဲ့ ခဲအိုက ကျန်းကျန့်တော့မဟုတ်ဘူးမို့လား။


သူတို့ဆက်ဆံရေးက မြန်လွန်းလျှင်ပင် ကျောက်ကျင်းကောနဲ့ကျန်းကျန့်အတူရှိနေသည်အား ကျောက်မိသားစုထဲရှိမည်သူမှကန့်ကွက်မည်မဟုတ်ပေ။


ကျောက်ကျင်းကောက အသက်ဆယ့်နှစ်ဆယ့်သုံးအရွယ်တွင် သူက အမျိုးသမီးတစ်ယောက်ဖြစ်သည်ဆိုပြီး ဗြောင်းဆန်အောင်လုပ်ခဲ့လေသည်။နှစ်ပေါင်းနှစ်ဆယ်ကြာပြီးနောက် သူက ပါတနာတစ်ယောက်ရှာတွေ့ခဲ့သည်။ထိုပါတနာက မည်သူပဲဖြစ်နေပါစေ ကျောက်အဖေနှင့်အမေက အလွန်ပျော်နေကြသည်။


အနည်းဆုံးတော့ သူတို့သားက ဘုန်းကြီးဖြစ်မှာမဟုတ်တော့ဘူး။


ကျန်းကျန့်က ဆေးရုံမှဆင်းလာပြီးနောက် ကျောက်ကျင်းကောနောက်လိုက်ခဲ့ကာ သူ့လက်ထောက်နှင့်ကိုယ်ရံတော်ဖြစ်လာခဲ့သည်။


သူက ရှေးခေတ်တွင် ဗဟုသုတကြွယ်နိုင်သော်ငြား ခေတ်သစ်တွင်ဖြင့်.....။


သူက အကြောင်းရာတော်တော်များများကို မေ့သွားပြီဖြစ်ကာ ပညာရေးကလည်း မမြင့်လှ၍ ကိုယ်ရံတော်မှလွဲအခြားမဖြစ်နိုင်ချေ။


သို့သော်လည်း မကြိုးစားပဲနှင့် ဘာမှဖြစ်လာမည်မဟုတ်။တစ်ခါက လက်ရေးဆိုးဝါးလှသည့် သူပင်လျှင် လက်ရေးလှရေးသူတစ်ယောက်ဖြစ်လာသည်။


ထို့ကြောင့် သူက ကိုယ်ရံတော်တစ်ယောက်ဖြစ်သော်လည်း သာမညကိုယ်ရံတော်မဟုတ်ပေ။


ကျောက်ကျင်းကောနှင့်ကျန်းကျန့်က တတွဲတွဲဖြစ်နေကြ၍ အနီးနားကလူများက သတိထားမိလာသည်။သူတို့ဆက်ဆံရေးကို လူရှေ့မပြ၍သာ အခြားသူများက မပြောကြခြင်းဖြစ်သည်။


နောက်ပိုင်းတွင် အင်တာနက်ပေါ်ကလူများက ကျောက်ချီအန်းနှင့်ကျန်းကျန့်တို့ကို ဓါတ်ပုံတစ်ခုထဲတွေ့လိုက်ရသည်။


ဒါ အရင်က TVမှာအင်တာဗျူးလာဖူးတဲ့ လူမိုက်တွေကိုတိုက်ခဲ့တဲ့သူမို့လား။အခုက ဘာလို့ ကျောက်ချီအန်းဘေးနားရောက်နေရတာလဲ။


နေပါအုံး...အရင်တုန်းက ဆေးရုံမှာ ကျောက်ချီအန်းနဲ့တူတဲ့လူက ကျောက်ချီအန်းအစစ်ဖြစ်နေတာလား။


လူအချို့မှာ အံ့အားသင့်ကုန်ကြသည်။


အင်တာနက်တွင် သူတို့အကြောင်း အတင်းသတင်းများစွာရှိနေသော်ငြား ကျန်းကျန့်ရော ကျောက်ကျင်းကောပါ စိတ်ထဲမထားချေ။


သူတို့ဘဝနှင့်သူတို့နေကြသည်။


ကျောက်ချီအန်း၏ဓါတ်ပုံများတွင် ကျန်းကျန့်က စပြီးပါလာသည်။


ကျောက်ကျင်းကောက ကျန်းကျန့်ကို ကိုယ်ရံတော်အဖြစ်နှင့်သာထားရန် တွန့်ဆုတ်နေမိသည်။သူနောက် အချိန်အတော်ကြာလိုက်ခဲ့ပြီးနောက် ကျန်းကျန့်မှာ ကုမ္ပဏီကိစ္စများဖြေရှင်းတတ်နေပြီဖြစ်သည်။ထို့ကြောင့် ကျန်းကျန့်ကို အထွေထွေမန်နေဂျာဖြစ်လာစေချင်သည်။


သို့သော်လည်း ကျန်းကျန့်က လက်မခံ။


သူက ထိုအလုပ်မျိုးကို သဘောမကျကာ ကျွမ်းလည်းမကျွမ်းကျင်ပေ။အထွေထွေမန်နေဂျာဖြစ်ရသည်ထက် ကိုယ်ရံတော်လုပ်ရသည်ကို ပိုသဘောကျသည်။သူ့ဘောစ့်ကို အချိန်တိုင်း ဖိချထား၍ရသည်ပင်။


သူက ဘဝတစ်ခုစာ အလုပ်ကြိုးစားပြီးပြီဖြစ်၍ ယခု အိပ်လိုက်စားလိုက်နှင့် သက်တောင့်သက်တာနေချင်မိသည်။


ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့ကို ဆယ်စုနှစ်တစ်ခုကြာ ဓါတ်ပုံတစ်ခုတည်း အတူတူတွဲမြင်နေရ၍ အင်တာနက်ပေါ်တွင်လည်း သူတို့ဆက်ဆံရေးကို ထင်ကြေးအမျိုးမျိုးပေးနေကြသည်။


သို့သော်လည်း ကျောက်ကျင်းကောက ဆယ်လီတစ်ယောက်မဟုတ်၍ အတင်းအဖျင်းများကို ဂရုစိုက်မနေချေ။တကယ်တမ်းတွင်လည်း သူက ကျန်းကျန့်ပါတနာဖြစ်သည်။


သူတို့က အေးအေးလူလူဖြစ်နေကြ၍ အင်တာနက်ပေါ်ကလူများကလည်း စုံတွဲမဟုတ်ပဲ ညီအစ်ကိုကောင်း သို့မဟုတ် အလုပ်ရှင်နှင်အလုပ်သမားအနေနှင့်သာ တွေးကြတော့သည်။


တကယ်တမ်းကျ ကျန်းကျန့်က အရပ်ရှည်တာပဲရှိတာ ရုပ်ကသာမန်ပဲလေ....ကျောက်ကျင်းကောရဲ့ sugar babyဖြစ်နိုင်ပါ့မလား။


အချိန်ကြာလာသည်နှင့် လူတိုင်းက ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့မှာ အသေချာမရေရာသောဆက်ဆံရေးမဟုတ်ဟု ခံစားလာရသည်။


ထို့နောက် လိင်တူခြင်းလက်ထပ်သည့်ဥပဒေ ပေါ်ပေါက်လာသည်။


ထိုသို့စပေါ်လာသည့်နေ့မှာပင် ကျောက်ကျင်းကောနှင့်ကျန်းကျန့်တို့ လက်ထပ်လိုက်ကြသည်။


"......."


"......."


"......."


"သူတို့က ညီအစ်ကိုကောင်းတွေပါလို့ ပြောကြတာမဟုတ်ဘူးလား.....ဘယ်လိုလုပ်ပြီး လက်ထပ်သွားတာလဲ"


"သူတို့ကြား တစ်ခုခုရှိပါတယ်လို့ ငါပြောသားပဲ ...

ဘေးနားကနေ ကျောက်ချီအန်းက ကောင်းကောင်းမွန်မွန်ဆက်ဆံပေးနေတဲ့ ကျန်းကျန့်ရဲ့ အရင်အင်တာဗျူးဗီဒီယိုတောင် ငါ့မှာရှိသေးတယ်"


"ငါတို့အကုန်လုံး ခွေးစာကျွေးခံနေရမှန်း သိလိုက်ပါပြီ"


"နှစ်ပေါင်းများစွာ မခွဲအတူတူနေလာမှတော့ သေချာပေါက် အချစ်စစ်ပဲဟေ့"


"သေချာပေါက် အချစ်စစ်+၁၀၀၈၆ ပေါ့...ငါ့အမျိုးသားနဲ့ငါက ခရီးတစ်ခုထွက်ကြတာတောင် တစ်ရက်နေပြီးတာနဲ့ ပျင်းလာကြတော့တာ...သုံးရက်အတွင်းမှာလဲ နှစ်ယောက်အတူတူရှိနေရမှာ ပျင်းလို့ ကိုယ့်ဘာကိုယ် နေခဲ့ကြတာ....ဒါပေမယ့် ဒီလူနှစ်ယောက်ကတော့ နှစ်ပေါင်းများစွာပူးကပ်နေကြတာပဲ"


ကျန်းကျန့်က အင်တာနက်ပေါ်က သတင်းပလင်းများကိုကြည့်ပြီး ကျောက်ကျင်းကောကို ကြည့်လိုက်သည်။


"ကိုယ်တို့က အချစ်စစ်လို့ လူတွေပြောနေကြတယ်"


"ဟုတ်တာပဲ..."ကျောက်ကျင်းကောက မှန်ကြောင်းပြောလာသည်။


"ကိုယ်လည်း အဲ့လိုထင်တယ်"ကျန်းကျန့်က ဆိုလိုက်သည်:"ဒီလိုဆိုရင်ရော.....မင်းမနှစ်ကဝယ်ထားတဲ့ကျွန်းပေါ် ဟန်းနီးမွန်းသွားကြမယ်လေ ...နောက်ဆုံးတစ်ခေါက်ကလို ငါးရက်မဟုတ်ပဲ တစ်လအပြည့်...စည်းမျဥ်းတွေကတော့ နောက်ဆုံးတစ်ခေါက်ကအတိုင်းပဲ..."


ကျောက်ကျင်းကော:"....."


နောက်ဆုံးတစ်ခေါက်တုန်းက သူ့ကို ငါးရက်လုံးအဝတ်ဝတ်ခွင့်မပေးကာ ဤတစ်ခေါက်က တစ်လလုံးဆို၍...


ကျန်းကျန့်က ကျောက်ကပ်အားနည်းမှာ မကြောက်ဘူးလား။




.......ပြီးပါပြီ......

TRANSLATED BY ...IQ TEAM 


THANKS ❤️