အပိုင်း၂၀၈
Viewers 35k

Chapter 208

October 09, 2023


ဝမ်ယင်နျန်း လက်ထပ်သွားပြီ


"သခင်မ​လေး... ကျွန်​တော့်ကို ​ရွေးရင် သခင်ကြီးနဲ့ သခင်မကြီးကို ရှင်းပြဖို့ ပိုလွယ်မှာပါ" 




ဝမ်မင်က ​ပြောလိုက်သည်။




"ကျွန်မ က​လေး မ​မွေးနိုင်တာ ရှင်လည်း သိ​နေတာပဲ" ဝမ်ယင်နျန်းက ​ပြော​လေသည်။ သူမက သူမကို ကုသ​ပေးရန်အတွက် သမား​တော်ရှာခဲ့ပြီး နေ့တိုင်း ​ဆေးဝါးများကို နှစ်​ပေါင်းများစွာ ​သောက်သုံးခဲ့​သော်လည်း က​လေးမ​မွေးနိုင်ခဲ့​ပေ။ 




လက်ရှိတွင် ဝမ်မင်မှာလည်း မျိုးဆက် မရှိ​သေး​ပေ။




"သခင်မ​​လေး... ကျွန်​တော် ပင်လယ်ထွက်တုန်းက ဒဏ်ရာရလာခဲ့ဖူးတယ်... သမား​တော်​ပြောခဲ့တာ ကျွန်​တော့်မှာ မျိုးဆက်ရဖို့ ပြဿနာ ရှိ​နေတယ်တဲ့..." ဝမ်မင်က တဲ့တိုး ​ပြောလိုက်သည်။




ဝမ်ယင်နျန်းက ဝမ်မင်ကို စိတ်ရှုပ်​​ထွေး​နေသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ 




"ရှင်..."




"သခင်မ​လေးကလည်း လက်မထပ်ချင်ဘူး... ​အချင်းချင်း အပြန်အလှန်လည်း ဖုံးကွယ်ပေးထားလို့ ရပြီး လျောင်မိသားစု​ရှေ့မှာလည်း ကြည့်ကောင်း​​နေမှာပဲ​လေ"




 ဝမ်မင်က ဝမ်ယင်နျန်းကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်လိုက်သည်။




ဝမ်ယင်နျန်း ​သေ​​သေချာချာ စဥ်းစားပြီးသွား​သောအခါ ရုတ်တရက်ပင် ဝမ်မင်က သင့်​တော်သူ ဖြစ်​ကြောင်း သိလိုက်ရသည်။




ထိုသူမှာ... သူမက သူ့ကို ထိန်းချုပ်မထားနိုင်​သော်လည်း သူက ​သေချာ​ပေါက် ယုံကြည်ထိုက်သူဖြစ်ပြီး ဗဟုသုတ ပြည့်စုံသူ ဖြစ်​ကြောင်း သိနေခဲ့သည်။ သူသည်လည်း က​လေးမရနိုင်ဟု သူမကို ​ပြောလာသည့်အတွက် အနာဂါတ်တွင် သူ့က​လေးက သူမ၏ ပိုင်ဆိုင်မှုများကို လုယူမည့်ကိစ္စအတွက် စိုးရိမ်စရာ မလို​တော့​​ပေ။




မတိုင်မီက သူမမှာ သုံဆယ်​ကျော်​နေသည့် ​ယောကျာ်းတစ်​ယောက်က မည်သည့်အတွက်​ကြောင့် လက်မထပ်ရ​သေးသည်ကို ​တွေးမိဖူး​သော်လည်း ထို​ကိစ္စ​ကြောင့် ဖြစ်​နေပုံပင်။




ဝမ်ယင်နျန်း ထိုသူကို ကရုဏာသက်မိသွား​လေသည်။




....




လတ်တ​​​လောတွင် ဖု​ချောင်က အလွန် သက်ဝင်လှုပ်ရှား​နေသည်။ ကွာရှင်းပြီး ​လျောင်မိသားစုကို အ​ပြောင်ရှင်းလိုက်ပြီး​နောက် ပထမတွင် ​လျောင်ချင်းဟယ်က လက်ထပ်ချင်​နေသည်။ ထို့​နောက်တွင် မထင်မှတ်ထားစွာဘဲ ကွာရှင်းထား​သော ဝမ်ယင်နျန်းကလည်း လက်ထပ်ချင်​နေခဲ့သည်။ လက်ထပ်ခြင်း မဟုတ်ဘဲ သူမ၏ မိသားစုထဲသို့ လက်ထပ်ဝင်​ရောက်ရန် ​ယောကျ်ားတစ်​ယောက် ​ခေါ်ယူလိုက်ခြင်းပင်။




ထိုသတင်း ပထမဆုံး ထွက်လာချိန်က လူတိုင်းမှာ ဝမ်ယင်နျန်းက လက်ထပ်နိုင်၍ မဟုတ်ဘဲ ​လျောင်မိသားစုကို တိုက်ခိုက်ရန်အတွက် ​ရွေးချယ်စရာ မရှိဘဲ လှည့်ကွက်များ သုံးလိုက်ခြင်း ဖြစ်မည်ဟု ​တွေးကာ ​လှောင်ရယ်​နေခဲ့ကြသည်။




သို့​သော်လည်း မကြာမီမှာပင် သူတို့​တွေးထားသည်နှင့် အ​တော်​လေး ကွဲပြား​နေ​ကြောင်း ​တွေ့ရှိလိုက်ရသည်။




ဒီဝမ်မိသားစုက အင်အားကြီးလွန်းတယ်...




သူတို့ မည်သို့ ရရှိလိုက်မှန်း မသိ​​သော်လည်း သူတို့က ဖု​ချောင်တွင် အလွန်​ကျော်ကြား​သော ဥယျာဥ်တစ်ခုဖြစ်သည့် ရှင်းယွမ်ကို ဝယ်ယူခဲ့သည်။




ဟယ်ရှင်းဖူက မင်းဆက်သုံးဆက် တာဝန်ထမ်း​​ဆောင်ခဲ့သည့် ရာထူးမြင့် အရာရှိကြီးတစ်​ယောက် ဖြစ်သည်။ ရာထူးမှ အနားယူပြီး​နောက် ​မွေးရပ်​မြေကို ပြန်လာပြီး ရှင်းယွမ်ကို တည်​ဆောက်ခဲ့သည်။ ပြီး​နောက် သူ့သားကလည်း လွန်စွာ ထူးချွန်ပြီး ဖု​ချောင်၏ နာမည်အကြီးဆုံး ဥယျာဥ်များထဲမှ တစ်ခုဖြစ်သည့် ရှင်းယွမ်ဥယျာဥ်ကို တိုးချဲ့ခဲ့​လေသည်။




ထိုမိသားစု စီးပွား​ရေးကျဆင်းလာ​သောအခါ ဥယျာဥ်ကို ထိန်းသိမ်းရန်အတွက် လူများ ငှားရမ်းရခြင်းက ​အ​တော်​​လေး ​ငွေကုန်​ကြေးကျ များသဖြင့် ထိုဥယျာဥ်ကို ​ရောင်းချင်​နေခဲ့ကြ​သော်လည်း ​စျေးက မြင့်လွန်း​နေသည်။ ​ရောင်းချ​တော့မည့်အ​ကြောင်း ​သတင်းလွှင့်ထားသည်မှာ ကြာပြီ ဖြစ်​သော်လည်း မည်သူကမှ မဝယ်ခဲ့ကြ​ပေ။




သို့​သော်လည်း ဝမ်ယင်နျန်းက ရှင်းယွမ်ကို ဝယ်ချလိုက်သည်။




ဝမ်ယင်နျန်းက ဘာလို့ ဒီ​လောက်ထိ ချမ်းသာ​နေရတာလဲ...




ယခင်က ဝမ်ယင်နျန်ကို သနား​နေကြသူများမှာ မကြာမီပင် ထိတ်လန့်သွားကြ​လေသည်။ သူမ အလွန် ချမ်းသာမှန်း သိထားပြီးသား ဖြစ်​သော်လည်း ထိုမျှ​လောက်ထိ ချမ်းသာမည်ဟု မထင်မှတ်ထားခဲ့​ပေ။




အခုမှ အစပိုင်းသာ ဖြစ်​နေ​သေးသည်။




ပိတ်ထားပြီးသား ဖြစ်​သော ဝမ်ယင်နျန်း၏ ဆိုင်များမှာလည်း ရုတ်တရက် ထပ်ဖွင့်လာခဲ့သည်။ ထိုမျှမက​​သေး... ဆိုင်များက ပင်လယ်ရပ်ခြားမှ ရရှိလာသည့် တိုင်းတပါးမှ ရတနာအမျိုးမျိုးကို ​ရောင်းချလာခဲ့သည်။




ထိုပစ္စည်းများအားလုံးမှာလည်း တန်​ကြေးမြင့်မားလှ​သော်လည်း ဖု​ချောင်၏ လူချမ်းသာ မိသားစုများကို ဆွဲ​ဆောင်နိုင်ခဲ့ပြီး ၎င်းတို့ကို အလုအယက် ဝယ်ယူ​နေကြ​လေသည်။ နာရီတစ်လုံးအတွက် ရန်ဖြစ်ကြရသည့် မိသားစု နှစ်စုပင် ရှိလိုက်​သေးသည်။




အချိန်တစ်ခု​လောက်အထိ ဖု​ချောင်မှ လူတိုင်းက ဝမ်မိသားစုဆိုင်များအ​ကြောင်း ​ပြောဆို​နေခဲ့ကြသည်။




ဝမ်ယင်နျန်းက မင်းနန်ရှိ ဝမ်မိသားစုမှ ဖြစ်ပြီး မင်းနန်ဝမ်မိသားစုက ပင်လယ်ကုန်သည် မိသားစု ဖြစ်သည်။ လူအများက ထိုအ​ကြောင်းကို သိကြ​သော်လည်း ယခုအချိန်မတိုင်မီအထိ မည်သည်ကိုမှ မခံစားရ​ပေ။ ယခုမှသာ လူတိုင်းက ဝမ်မိသားစုကို အထင်​သေးခဲ့မိ​​ကြောင်း ရုတ်တရက် သ​​ဘော​ပေါက်သွား​လေ​တော့သည်။




ထိုကိစ္စနှစ်ခုကသာ ဝမ်မိသားစု လုပ်ခဲ့သည့်အရာများ မဟုတ်​ပေ။ ဝမ်မိသားစုက ​စေ့စပ် လက်​ဆောင်များနှင့် ခန်းဝင်ပစ္စည်းတို့ကို ပွဲအခမ်းအနားများဖြင့် ပို့​ပေးခဲ့ပြီး အ​ကောင်းဆုံး​သော အရာများကိုသာ လိုချင်ခဲ့ကြသည်။




ဖု​ချောင်မှာ ဒီ​လောက် ​ငွေအများကြီး ရှိမယ့်သူ နည်းနည်းပဲ ရှိတယ်ကွ...




ဝမ်ယင်နျန်းက လက်ထပ်ရမည့် လူတစ်​ယောက်ကို မရှာနိုင်သဖြင့် သူမ၏ မိသားစုကို ဝင်ရန် ​ယောကျာ်းတစ်ယောက်ကိုသာ ​ခေါ်ယူနိုင်ခဲ့သည်ဟု ​​မေး​ငေါ့ကြသူ အနည်းငယ် ရှိ​နေ​သေး​သော်လည်း ထိုသို့ ​ပြောကြတိုင်း သူတို့၏ မျက်လုံးထဲမှ မနာလိုမှူများကို ဖုံးကွယ် မထားနိုင်ခဲ့ပါ​ပေ။






ဒီ​လျောင်ချင်းဟယ်ကလည်း တုံးလိုက်တာ... ​ဒီလိုရွှေ​ရောင်​တောက်​နေတဲ့ ချမ်းသာခြင်း နတ်ဘုရားကြီးကို အိမ်ထဲက ကန်ထုတ်လိုက်ရတယ်လို့... 




ဝမ်မိသားစုက ချက်ချင်းပင် မနှိုင်းယှဥ်နိုင်​အောင် မျက်နှာပန်းပွင့်လာချိန်တွင် ​လျောင်မိသားစုက အ​တော်​လေး ​ကွဲပြား​နေခဲ့သည်။




​ငွေစ ရာဂဏန်းလောက်အတွက် လက်​ရေးလှစာပန်းချီများနှင့် ပန်းချီကားအချို့ကို တိတ်တဆိတ် သွား​ပေါင်ခဲ့ရသည့် အ​ဖေ​လျောင်က အဆုံးတွင် သူ့မိသားစုကို ​ထောက်ပံ့နိုင်ခဲ့ပြီး ​စေ့စပ်လက်​ဆောင်များ ဝယ်ရန် ​ငွေအချို့ ရရှိခဲ့သည်။




သို့​​သော်လည်း သူ့မိသားစု၏ ​စေ့စပ်လက်​ဆောင်ကို ဝမ်မိသားစု၏ ​​စေ့စပ်လက်​ဆောင်နှင့် နှိုင်းယှဥ်လိုက်လျှင်...




"အဆိပ်ပြင်းတဲ့ မိန်းမ... ဘယ်​လောက်​တောင် အဆိပ်ပြင်းလိုက်တဲ့ မိန်းမလဲ" 




အ​​​ဖေ​လျောင်က မ​နေနိုင်ဘဲ ကျိန်ဆဲမိသွားသည်။ အဲ့ဒီ ဝမ်ယင်နျန်းက ဒီ​လောက်ချမ်းသာ​နေတာကို သူတို့ကို တစ်ခွန်းမှ မ​ပြောပြခဲ့ဖူးဘူး.... သူမက ​သေချာ​ပေါက် မသန့်ရှင်းတဲ့ စိတ်ဓါတ် ရှိ​နေတာပဲ...




"သူက အရှက်ရှိရ​ကောင်းမှန်း မသိတဲ့ အပျက်မပဲ"




 အ​မေ​လျောင်က ​ပြောလိုက်သည်။ ကွာရှင်းထားတဲ့ မိန်းမတစ်​ယောက်က ဘုန်းကြီး​ကျောင်းမှာ သွား​နေပြီး ဥပုသ်​​စောင့်ရင်း ဗုဒ္ဓဆုံးမစာ​တွေ ကူး​ရေး​နေရမဲ့အစား ​ယောကျ်ား အသစ်တစ်​ယောက်ကို ပွဲအခမ်းအနား​တွေနဲ့ အိမ်ထဲသွင်းလိုက်​သေးတယ်... သူမ ဘာ​ပြောရမှန်း​တောင် မသိ​တော့ဘူး...




"ဒီလိုမိန်းမမျိုးက လူ​ကောင်းတစ်​ယောက်ကို ဘယ်လိုလုပ်ပြီး သွားရှာနိုင်ပါ့မလဲ... အဆင့်နိမ့်တဲ့​ယောကျ်ား​တွေပဲ ရှာနိုင်မှာ" အ​ဖေ​လျောင်က ​​ပြောလိုက်ပြန်သည်။




အ​ဖေ​လျောင်နှင့် အ​မေ​​လျောင်တို့က ဝမ်ယင်နျန်းအား ပျစ်ပျစ်နှစ်နှစ် ​ဝေဖန်​နေကြ​သော်လည်း ​လျောင်ချင်းဟယ်ကမူ မယုံကြည်နိုင် ဖြစ်​နေရသည်။




သူ ထပ်ပြီး လက်ထပ်​တော့မည့်အ​ကြောင်း ဝမ်ယင်နျန်း ကြားပါက အလွန် ဝမ်းနည်းသွားပြီး သူ့ကို လာရှာလိမ့်မည်ဟု ​တွေး​နေခဲ့​သော်လည်း ဝမ်ယင်နျန်းက လုံးဝ ​ရောက်မလာသည့်အပြင် သူမကပါ လက်ထပ်သွား​တော့မည်။ 




သူမက ဘာလို့ လက်ထပ်ရမှာလဲ... သူမက ဘာလို့ ဒီ​လောက်ထိ အကြင်နာမဲ့နိုင်ရတာလဲ... ဒါမှမဟုတ် အရင်ကတည်းက သူမက သူ့ကို လက်လွှတ်ချင်​နေတာလား...



လျောင်ချင်းဟယ်က ထိုအ​ခြေအ​နေကို လက်မခံနိုင်ဘဲ ဝမ်ယင်နျန်းက အ​လေးအနက် မရှိဘဲ နှလုံးသားမဲ့သည်ဟု ခံစား​နေရသည်။ ဝမ်ယင်နျန်းက အခြားတစ်​ယောက်နှင့်အတူ ရှိ​တော့မည်ဟု ​တွေးမိသွား​​သောအခါ သူ့ကို နာကျင်လာရ​စေသည်။




​လျောင်မိသားစုအားလုံးက ဝမ်ယင်နျန်းအ​ကြောင်း ​ပြောဆို​နေကြ​သော်လည်း သူမ၏ ဗိုက်ကို ​ပွေ့ထား​သော လုလွမ်ကမူ တိတ်တဆိတ် ​နောင်တရ​နေမိသည်။




လုလွမ်က မိသားစု​ကောင်းတွင် ​မွေးဖွားလာခဲ့ခြင်း မဟုတ်သဖြင့် ​လျောင်ချင်းဟယ်ကို ဖမ်းမိသွား​ခြင်းက ​မထင်မှတ်ထား​သော ​ပျော်ရွှင်စရာ​ ဖြစ်သဖြင့် သူ့ကို လွှတ်​ပေးရန် တွန့်ဆုတ်​နေရသည်။




သို့​သော်လည်း ​လျောင်ချင်းဟယ်၏ ကျားမနှင့်တူ​သော သခင်မက သူမကို ​ကြောက်ရွံ့​စေသည်။ သူမ၏ တည်ရှိမှုကို သိသွားသည်နှင့် သူမအား သတ်ပစ်လိုက်မည်ကို ​ကြောက်ရွံ့နေခဲ့ရသည်။




ထိုသို့ဆိုလျှင်​တောင် သူမက ​လျောင်ချင်းဟယ်ကို ဆွဲ​ဆောင်ရန်အတွက် ရှိသမျှ နည်းလမ်းများကို မီးကုန်ယမ်းကုန် သုံးစွဲခဲ့သည်။




​လျောင်ချင်းဟယ် ကွာရှင်းစာချုပ်​ရေးလိုက်​သောအခါ သူမ မည်မျှ ​​ပျော်ရွှင်​နေသည်ကို ဘုရားသာ သိ​ပေလိမ့်မည်။ သို့​သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် အ​ခြေအ​နေများက ပိုဆိုးသည့်ဘက်ကို ​ပြောင်းလဲသွားသည်။




​လျောင်မိသားစု၏ ​ငွေအားလုံးကို ဝမ်ယင်နျန်း ပိုင်ဆိုင်​ကြောင်း သိခဲ့ပါက ​လျောင်ချင်းဟယ်ကို မြင်မြင်ချင်းမှာပင် ဆွဲ​ဆောင်ခဲ့မည် မဟုတ်​ပေ။




​လျောင်မိသားစု စိတ်ညစ်​နေကြချိန်မှာပင် အ​စေခံတစ်​ယောက် ​ရောက်လာခဲ့သည်။




 "သခင်ကြီးနဲ့ သခင်မကြီး... အပြင်ဘက်က ​စျေးဆိုင်​​တွေက အ​ကြွေး မ​ရောင်းချင်​ကြပါဘူး"




​လျောင်မိသားစုက မင်္ဂလာပွဲ လုပ်လိုသည့်အတွက် ပစ္စည်းများစွာ ဝယ်ရ​ပေမည်။ ထို့​ကြောင့် သူတို့၏ လက်​အောက်ငယ်သားများအား ထွက်ဝယ်ခိုင်းခဲ့သည်။ ပိုက်ဆံအတွက်ကား... ထိုပစ္စည်းများကို အရင်ဆုံး အ​ကြွေးစာရင်းဖွင့်ထားချင်သည်။ အတိတ်တွင် ဝမ်ယင်နျန်း လက်မထပ်ခင်ကလည်း ထိုသို့ လုပ်ခဲ့သည်သာ။




သို့​သော်ငြား ဤတစ်ကြိမ်တွင် ​စျေးဆိုင်အားလုံးက အ​ကြွေး​ထားရန် ငြင်းဆိုလိုက်ကြသည်။ ကြက်၊ ဘဲနှင့် ငါး​ရောင်းသူများ အားလုံးက အရင်ဆုံး စရံ​ငွေ​ပေးထားပြီးမှ ပစ္စည်းများ ပြင်ဆင်​​ပေးမည် ဖြစ်ပြီး ၎င်းတို့ကို မင်္ဂလာပွဲ​နေ့အထိသာ ​​စောင့်​ပေးနိုင်မည်ဟု ဆိုကြသည်။




အ​ကြောင်းမှာ ပြင်ပ၌ ​လျောင်မိသားစုက ​​ငွေ​ကြေး ပြတ်လပ်​နေပြီး မင်္ဂလာပွဲကို အ​လောတကြီး ပြင်ဆင်​နေရခြင်းမှာလည်း သူတို့၏ မိသားစုကို ​ထောက်ပံ့​ပေးရန် သတို့သမီးအသစ်၏ ခန်းဝင်များကို ​စောင့်​နေခြင်း​ကြောင့် ဖြစ်သည်ဟူ​​သော ​ကောလဟာလများ ထွက်​နေသည်​ကြောင့်ပင်။




သို့​​သော်ငြား ခန်းဝင်​ကြေးက အမျိုးသမီး၏ ကိုယ်ပိုင်စု​ဆောင်း​​ငွေ ဖြစ်သည်။ မတိုင်မီက ဝမ်ယင်နျန်းတွင် ပိုက်ဆံရှိပြီး သူတို့၏ မိသားစုကို ​ထောက်ပံ့​ပေးရန် ဆန္ဒရှိခဲ့​သော်လည်း ​လျောင်ချင်းဟယ်နှင့် ​စေ့စပ်ထား​သော မိန်းက​လေးမှာ အလွန် သာမန်ကျ​သော မိသားစုမှ ဖြစ်သည်။




ထိုအမျိုးသမီးကသာ သူမ၏ ခန်းဝင်ပစ္စည်းကို သိမ်းထားပြီး ​​​လျောင်မိသားစုကို ​ထောက်ပံ့ရန် ဆန္ဒမရှိပါက.... သူတို့ ဘာလုပ်ကြရမလဲ... ​ငွေကို ဘယ်က​နေ ​တောင်းလို့ ရ​တော့မှာလဲ...




"ဒင်းတို့... ဒင်းတို့..." အ​ဖေ​လျောင်က ​​အမျက်​​ခြောင်း​ခြောင်း ထွက်​နေသည်။ ဒီလူ​တွေက လူ​တွေအ​ပေါ် အထင်​သေး​နေတာပဲ... သူတို့ရဲ့ ​လျောင်မိသားစုက ဒီ​လောက်​ငွေ​​လေးကို ပြတ်လပ်​နေပါ့မလား... 




"သခင်ကြီး... ကျွန်​တော်တို့ အခု ဘယ်လို လုပ်ကြမလဲ" ပစ္စည်း အဝယ်ထွက်​သော လက်​အောက်ငယ်သားက ထပ်​​မေးလိုက်သည်။




အ​ဖေ​လျောင်က ​တွေး​တောကြည့်ပြီး​နောက် ထပ်ပြီး ​ပေါင်ရ​တော့မည့် လက်​ရေးလှများ၊ ပန်းချီများကိုသာ စဥ်းစားရ​လေ​တော့သည်။




ထို့​နောက် လက်​အောက်ငယ်သားက လက်​ရေးလှများ၊ ပန်းချီများ ယူကာ သူ့ကို ထပ်ပြီး သတိ​ပေးလိုက်သည်။




 "သခင်ကြီး ရက်နည်းနည်း​လောက်ဆို လစဥ်​ငွေ​ပေး​ချေဖို့ အချိန်ကျပါပြီ"




အ​ဖေ​လျောင်၏ မျက်နှာက အနည်းငယ် ​ပြောင်းလဲသွားပြီး​နောက် ချက်ချင်း ​ပြောလိုက်သည်။ 




"ငါသိတယ်"




​လျောင်မိသားစုတွင် အ​စေခံများစွာ ရှိသဖြင့် လစဥ်​ငွေ​ပေး​ချေသောအခါ ​ငွေစနှစ်ရာ​​လောက် ကုန်ပြန်​ပေ​တော့မည်။




မတိုင်မီက အ​ဖေ​လျောင်မှာ ​​ငွေစ​ထောင်ချီတန်သည့် ရှေး​​​ဟောင်း ပစ္စည်းတစ်ခုကို နှစ်ခါပင် မ​တွေးဘဲ ဝယ်ယူနိုင်ခဲ့​သော်လည်း ယခုတွင်မူ ​ငွေစရာဂဏန်း​လောက်ကိုပင် မထွက်ချင်​တော့။




​သို့​သော်လည်း လျောင်ချင်းဟယ်က ထိုကိစ္စကို ဂရုမထားဘဲ မိန်း​မော​တွေ​ဝေစွာဖြင့် တံခါးမှ ထွက်လာခဲ့​သည်။




​ခြေလှမ်းအနည်းငယ် လှမ်းပြီးချိန်မှာပင် ​ပေါင်ဒါများ ဖို့ထား​သော အ​စေခံတစ်​ယောက်က သူ့ရင်ခွင်ထဲသို့ ရုတ်တရက် ပစ်ဝင်လာခဲ့သည်။




ဝမ်ယင်နျန်း လက်ထပ်​တော့မည့် သတင်းကို ​လျောင်မိသားစုသာ အံ့သြသွားရသည်မဟုတ် ​ကျန်းကျန့်နှင့် ​ကျောက်ကျင်း​​ကောသည်လည်း ထို့အတူပါပင်။




ဟယ့်ရှီရွာမှ ပြန်လာပြီး​နောက် ဝမ်ယင်နျန်းက ​ကျောက်မိသားစုအိမ်မှ ​ပြောင်း​ရွှေ့သွားခဲ့သည်။ ဝမ်မင်က ဖု​ချောင်ကို လူများစွာ ​ခေါ်လာခဲ့သဖြင့် ထိုလူများ၏ ကာကွယ်​စောင့်ရှောက်မှူ​အောက်တွင် ဝမ်ယင်နျန်းက မည်သည့် အန္တရာယ်ကိုမှ စိတ်ပူစရာ မလို​တော့​ပေ။




"​ဝမ်ယင်နျန်း လက်​ထပ်​တော့မှာတဲ့လား" ​ကျောက်ကျင်း​​ကောက အခြားသူများကို အလွယ်တကူ ရင်းနှီးတတ်သူ မဟုတ်ရာ ဝမ်ယင်နျန်း ​ပြောင်း​ရွှေ့ပြီး​နောက် သူမကို သွားမကြည့်ခဲ့ဖူးသဖြင့် ထိုသတင်းကို ရုတ်တရက် ကြားလိုက်ရ​သောအခါ အံ့အားသင့်သွား​လေသည်။




"​ကောင်းပြီ​လေ... သူက ဝမ်မင်ကို လက်ထပ်​တော့မှာ" ကျန်းကျန့်က ​ပြောလိုက်သည်။ သူက ​ကျောက်ကျင်း​​ကောထက် ပိုသိ​နေသည်။ ရက်အနည်းငယ်အတွင်း သူ ဝမ်မင်နှင့် ထပ်​တွေ့ခဲ့ရသည်။




ထိုဝမ်မင်က ရိုးရှင်းသူ မဟုတ်​ပေ။ အခြားသူများက ဝမ်ယင်နျန်း ဝယ်ခဲ့သည်ဟု သိကြသည့် ရှင်းယွမ် ဥယျာဥ်မှာ အမှန်တွင် ထိုသူ ဝယ်ခဲ့ခြင်းသာ ဖြစ်သည်။




ထိုသူက ရှင်းယွမ် ဥယျာဥ်ကို ဝယ်ယူပြီး​နောက် တိုင်းတပါး ရတနာများ ပြည့်​နေသည့် သင်္ဘောတစ်စီးကို ကုန်ချခဲ့ပြီး အချို့ကို ယူ၍ ဖု​ချောင်ရှိ လွှမ်းမိုးနိုင်​​သော လူအချို့ထံ သွား​ရောက် လည်ပတ်ခဲ့သည်။




အစပိုင်းတွင် သူနှင့် ကျန့်ရီတို့ကို ထွက်မ​တွေ့ခဲ့သည့် စီရင်စု တရားသူကြီးပင် ဝမ်မင်နှင့် ​တွေ့ဆုံခဲ့သည်။




ထိုကဲ့သို့ လှည့်ပတ်​ပြေးလွှားပြီး​နောက် ဖု​ချောင်၏ ​လေတိုက်ခတ်ရာ လမ်း​ကြောင်းက ​ပြောင်းလဲသွားပြန်သည်။




ပြီး​နောက် သူက တင်​တောင်း​ကြေးနှင့် ခန်းဝင်များအတွက် ပြပွဲအကြီးကြီး ပြ​ခဲ့​သေးသည်။




ဝမ်မင်က ဝမ်ယင်နျန်ကို သ​ဘောကျ​နေသည်ဟု ​သူ​ပြောပြီး​နောက် ထိုသူက ​မြေ​ခွေးအမြီးကို ပြသလာခဲ့​လေပြီ။




ဝမ်ယင်နျန်ကလည်း ဝမ်မင် ထိုလက်ထပ်ပွဲကို လက်ခံလိုက်သည်မှာ သူမ၏ ​ဒေါသကို ​ဖြေ​ဖျောက်ရန်အတွက်ဟု ​တွေး​နေခဲ့သည်။




ကျန်းကျန့်က ဝမ်မင် ဘာဖြစ်သွား​လေသလဲဟု ​တွေး​နေချိန်မှာပင် ဝမ်မင်​ရောက်​နေ​ကြောင်း အပြင်ဘက်မှ တစ်​စုံတစ်ယောက်က သတင်းပို့လာခဲ့သည်။




ကျန်းကျန့်က ချက်ချင်း ထွက်လာခဲ့သည်။




နှုတ်ဆက်ပြီး​နောက် ကျန်းကျန့်က ​မေးလိုက်သည်။




 "အိမ်​တော်ထိန်းဝမ် ဘာ​ကြောင့် ​ရောက်​လာတာလဲ"




"သခင်ကြီးကျန်း... လိုချင်တဲ့ သင်္ဘော​​တွေအ​ကြောင်း ကျွန်​တော့်ရဲ့ သခင်ကြီးကို ​ပြောပြပြီးပြီ ဖြစ်လို့ မကြာခင် သခင်ကြီး ​ရောက်လာ​တော့မှာပါ... သင်္ဘောအသစ်​တွေလည်း ပါလာမှာ​ကြောင့် စိတ်ကြိုက် ကြည့်လို့ ရပါတယ်" ဝမ်မင်က ​ပြောလိုက်သည်။




ဝမ်မိသားစုက မထင်ထားဘဲ ဖု​ချောင်ကို သင်္ဘော​တွေ သယ်လာတယ်တဲ့လား... ကျန်းကျန့်က အလင်းပွင့်သွားပြီး ချက်ချင်း ​ပြောလိုက်သည်။




 "သင်္ဘောတွေ ​ကောင်း​နေသ၍ အကုန်ယူမယ်​လေ" ပို​သေး​သော သင်္ဘောများကို ကျင်းကျန့် ကိုယ်ရံ​တော် လုပ်ငန်းအတွက် သုံးနိုင်ပြီး ပိုကြီး​သော သင်္ဘောများကို ​နောက်ပိုင်း ပင်လယ်ထွက်ရာ၌ သုံးနိုင်သဖြင့် သူက များများစားစား မ​တွေးထား​ပေ။