အပိုင်း၁၂၇ (Final)
Viewers 36k


Chapter 127
 • October 3, 2023 at 6:16 PM
Chapter 127 [Final ]



ကောလိပ်၏ပထမဆုံးနေ့တွင် ယင်းကျောင်းနှင့်ကျင်းတို့ နာမည်ကြီးနေကြသည်။



ကောလိပ်အတွင်းသို့ စိတ်ပူပန်စွာ စိတ်လှုပ်ရှားစွာနှင့်ဝင်လာကြသော အခြားသူများနှင့်မတူဘဲ သူတို့၂ဦးက ယုံကြည်ချက်ပြည့်နေရုံမက ကြည့်ကောင်းနေကြသည်။ စင်္ကြံလမ်းပေါ်သို့ရောက်လာသောအခါ သူတို့အေးဆေးစွာ လျှောက်နေကြပြီး လူအုပ်ကြီးရဲ့အကြည့်များကို ဖမ်းစားထားနိုင်သည်။



စီနီယာအမများ၏မျက်လုံးများက အရောင်လက်သွားကြပြီး သူတို့သွားမည့်နေရာကို လိုက်ပို့ချင်နေကြသည်။ အလွန်ချောမောသောကောင်လေး၂ဦးကို အခုလိုတွေ့ဖို့ရန်မလွယ်။ သို့သော် ဘာကြောင့် စကားသွားပြောပြီး သူတို့ရဲ့WeChatကိုတောင်းဖို့ အခွင့်အရေးမရကြတာပါလိမ့်...



သူတို့၂ဦး၏ပုံကို လျှို့ဝှက်စွာရိုက်ပြီး ကျောင်း၏ပို့စ်ဘားတွင် တင်လိုက်သောသူသည် မည်သူမှန်းမသိ။ ပို့စ်ဘားတွင်တော့ အရမ်းနာမည်ကြီးနေလေပြီ။



မကြာခင်တွင်တော့ မည်သူဆိုတာ ပေါ်ပေါက်လာသည်။ တစ်ယောက်က ဘောဂဗေဒမေဂျာမှဖြစ်ပြီး နောက်တစ်ယောက်က သင်္ချာမေဂျာမှဖြစ်သည်။ တစ်ယောက်က ဝင်ခွင့်တောင်ဖြေစရာမလိုဘဲ တစ်ခါတည်းခေါ်ယူခံရခြင်းဖြစ်ပြီး နိုင်ငံတကာဂိမ်းအိုလံပစ်၏ ရွှေတံဆိပ်ဆုရှင်ဖြစ်သည်။ နောက်တစ်ယောက်ကတော့ သူ့တို့ထက်သာသည်။



ကျင်းစစ်နှင့်ယင်းကျောင်းတို့၏ WeChatမှာတော့ တစ်တောင်တောင်မြည်နေသည်။



"ကျင်းရှန်...ကောင်မလေးတွေက ကောင်းတဲ့သူငယ်ချင်းတွေပဲ..."



ကျင်းစစ်အား လာအပ်သောသူများကို‌ နောက်တစ်ကြိမ်ပြန်ကြည့်ရင်း ယင်းကျောင်း မျက်ခုံးပင့်သွားပြီး မဲ့ပြုံးပြုံးကာ



"၂၆...ဟင့်..."



"မဟုတ်ပါဘူး...တချို့က ကျွန်တော်တို့အတန်းက သူတွေပါ..."



ကျင်းစစ်က အသေအချာပြန်ကြည့်လိုက်ပြီး သိတဲ့သူကိုလက်ခံကာ မသိတဲ့သူကို တစ်ခါတည်းပယ်ချလိုက်သည်။



ကျင်းစစ်က သူ့ကိုလာအပ်သောသူများကို ဘယ်တော့မှလျစ်လျှူမရှု။ ပယ်သာချခြင်းဖြစ်သည်။ ဒါမှ သူ၏ဆိုလိုရင်းကို သူတို့သိမည်ဖြစ်မည်။



ယင်းကျောင်းက ကျင်းစစ်ဆီ လက်ဖြန့်ထိုးပေးလိုက်ပြီး



"ဖုန်းပေး..."



ကျင်းစစ် စဉ်းတောင်မစဉ်းစားတော့ဘဲ ပေးလိုက်သည်။



ယင်းကျောင်း၏နှုတ်ခမ်းက မြင့်တက်သွားပြီး သူ့ဖုန်းကိုလည်း ၂ချက်နှိပ်လိုက်သည်။ ထို့နောက် သူ့WeChatပုံကိုသိမ်းပြီး ကျင်းစစ်ဆီသို့ပို့လိုက်သည်။



"ဒီပုံဆိုဘယ်လိုလဲ..."



ယင်းကျောင်းက ကျင်းစစ်အားပြလိုက်ပြီး မေးသည်။



"ကိုယ် ခဏကပဲ ပြောင်းထားတာ...မင်းလည်း ဒီပုံပဲပြောင်းလိုက်ပေါ့...ကိုယ်ပြောင်းပေးမယ်..."



ကျင်းစစ်က ကြည့်ကာ ပြုံးလိုက်သည်။



ပုံက ရိုးရှင်းပါတယ်။ အဖြူရောင်နောက်ခံပေါ် စာလုံး၃လုံးကိုရေးထားသည် : RSရှိသည် :



ဒီလက်ရေးကို အရမ်းရင်းနှီးနေသည်။ ယင်းကျောင်းကိုယ်တိုင် ရေးထားတာဖြစ်ပုံပေါ်သည်။



"အိုကေ..."



"မယုံနိုင်ဘူး..."



ယင်းကျောင်းက အံ့ကိုကြိတ်ကာ



"ရှိသမျှလူအားလုံးက မင်းကိုအပ်လို့ရသေးလားကွာ..."



သူတို့ပုံများအတူတူချိန်းပြီးသည့်နောက်တွင် လာအပ်သောသူများ ရှိသေးပေမယ့် အမှန်ပင်နည်းသွားသည်။ ထို့နောက် ယင်းကျောင်းက ကျင်းစစ်အား ဆေးလိမ်းပေးသောမြင်ကွင်းကို မြင်ကြပြီးနောက် ဘယ်သူမှမအပ်တော့။



ဒီနှစ်ရဲ့အပူဓါတ်က အလွန်ပြင်းလှသည်။ စစ်မှုထမ်းရန်လေ့ကျင့်ရေးမှာ ကျင်းစစ်က နေလောင်ခံရပြီး ညာဖက်ပါးပေါ်တွင် အနီစက်များပေါ်လာသည်။



"ဘာလို့အဲ့လောက်နေလောင်ထားတာလဲ..."



ယင်းကျောင်းက သစ်ပင်အရိပ်အောက်တွင် သူ့မျက်နှာကို တယုတယကိုင်ကာ ဆေးလိမ်း‌ပေးနေသည်။



"အခြေအနေအရ အေးဆေးလုပ်ရမှာကို ဘာလို့အပြင်းအထန်တွေလုပ်နေတာလဲကွာ..."



"ရပါတယ်..."



ဆေးလိမ်းပေးနေတာကို လွယ်ကူစေရန် ကျင်းစစ်က မျက်နှာကိုတစ်ဖက်သို့လွှဲလိုက်ပြီး



"ရက်ပိုင်းအတွင်းကောင်းသွားမှာပါ..."



ယင်းကျောင်းက အနာပေါ် ဆီကိုပါးပါးလေး ဂရုတစိုက်လိမ်းပေးရင်း



"မင်းရဲ့နည်းပြက ဒီလိုဖြစ်အောင်လုပ်တာလား?..."



"ကော..."



သူစိတ်ပူနေတာကို ကျင်းစစ် သိသည့်အတွက် အေးအေးဆေးဆေးပြောလိုက်သည်။



"အဲ့လောက်ထိမဟုတ်ပါဘူး...၃ရက်လောက်နေရင် ကောင်းသွားမှာပါဆို..."



"နောက် ဂရုစိုက်..."



ယင်းကျောင်းက လက်မှာပေနေတဲ့ဆီကိုပွတ်သုတ်လိုက်ပြီး ကျင်းစစ်ရဲ့ခေါင်းကိုဖွဖွလေးပုတ်လိုက်သည်။



"အိုကေ...သွားတော့လေ...မင်းတို့လူပြန်စုနေပြီ...ပြီးသွားရင် ဒီမှာပဲစောင့်နေနော်...ကိုယ်လာခေါ်မယ်..."



"အိုကေ..."



ယောင်္ကျားလေးအချင်းချင်းကြားထဲမှာ သူတို့၂ယောက်ရဲ့ဆက်နွယ်မှုက သာမာန်ထက်ပိုသာနေပြီး ကျင်းစစ်ကို ယင်းကျောင်းကြည့်တဲ့အကြည့်တွေဟာ ဘယ်သူမှကိုလိမ်လို့မရပါဘူး။ အထူးသဖြင့် မော်ဒယ်မြင့်တဲ့ဖုန်းကင်မရာနဲ့ ရိုက်ထားတဲ့ပုံထဲမှာဆို ကြင်နာမှု ဂရုစိုက်မှုတွေက ယင်းကျောင်းရဲ့မျက်လုံးထဲမှာ အတိုင်းသားပေါ်လွင်နေသည်။



ထိုပုံ လိုင်းပေါ်တက်သွားသောအခါ မိန်းကလေးဘယ်နယောက်တောင် အသည်းများကွဲသွားလဲဆိုတာ မသိတောင်မသိနိုင်ပေ။



ဒိတ်ဖို့အမေးခံရတဲ့ဒုက္ခကနေ လွတ်သွားပေမယ့် လူတိုင်းက သူတို့၂ယောက်ကို ထူးဆန်းတဲ့အကြည့်နဲ့ကြည့်ကြသည်။



ယင်းကျောင်းနဲ့ကျင်းစစ်တို့ ဂရုမစိုက်ပါ။ ကျောင်းမှာတောင် သူတို့မကြောက်ခဲ့ကြတာ။ ကောလိပ်လောက်ကတော့ စာမဖွဲ့ပေ။



သူတို့လုပ်ချင်တာ သူတို့လုပ်သည်။ သူတို့အတန်းထဲတွင် သူတို့အလုပ်နှင့်သူတို့ရှုပ်နေသေးသည်။ အတန်းပြီးချိန်ဆို သူတို့အတူတူ စာလုပ်ချင်လုပ် ဒါမှမဟုတ် သက်သက်သာသာအနားယူကြသည်။



ဒီလိုနဲ့ နေ့ရက်တွေ အကုန်မြန်သည်က ၃နှစ်ဆိုသည့်အတိုင်းအတာသည် ခဏလေးနှင့် ပြီးဆုံးသွားသည်။ လူသစ်တွေ တစ်ယောက်ပြီးတစ်ယောက်က သူတို့အနားဝေ့လည်ဝေ့လည်နှင့်သာဖြစ်ပြီး သူတို့၂ဦးကတော့ ပြောင်းလဲမသွားပေ။



ဒီအချိန်အတွင်းတွင် ကျင်းစစ်က သူရနိုင်သလောက်စကော်လာတွေကို အကုန်ရယူခဲ့သည်။ ပရော်ဖက်ဆာကြီး၏သဘောအကျဆုံးကျောင်းသား ဖြစ်လာခဲ့ပြီး သူဂျူနီယာဖြစ်သွားရင် ဘွဲ့လွန်ယူရန် အကြံပေးလာ၏။



တစ်ဖက်မှာ ယင်းကျောင်းကလည်း ဒုတိယနှစ်နွေရာသီမှာ CICCမှာ အလုပ်သင်အနေနဲ့ ဝင်လုပ်ပြီး ဌာနခေါင်းဆောင်တွေက သူ့ရဲ့ဘဏ္ဍာရေးဆိုင်ရာ ခံစားတတ်မှုအပေါ် သဘောကျကာ ထိုအတိုင်းဆက်ကြိုးစားနေဖို့ပြောကြသည်။



သူတို့ရဲ့ပထမနှစ်နဲ့ဒုတိယနှစ်မှာတော့ ကျောင်းတွင်းမှာပဲနေကြသည်။ တတိယနှစ်ရောက်တဲ့အခါမှာတော့ အဆောင်ကနေထွက်ပြီး သူတို့၂ဦးအတူတူနေထိုင်ကြ၏။



ဒီနေ့တော့ ယင်းကျောင်းက အလုပ်သင်ကနေပြန်လာတော့ အိမ်မပြန်သေးဘဲ ကျောင်းဆီသွားပြီး ကျင်းစစ်ကို အရင်သွားကြိုသည်။



သူ့ရဲ့ပိတ်ရက်ဆိုပေမယ့် ကျင်းစစ်က စာတမ်းတစ်ခုအတွက် ပရော်ဖက်ဆာဆီသွားကာ ကျောင်းမှမပြန်ရသေးပေ။



ညနေ၆နာရီ ကျောင်းဂိတ်ဝတွင်ဆုံရန် ပြောထားပေမယ့် အခု၆:၂၀ဖြစ်နေလေပြီ။ ကျင်းစစ် ရောက်မလာသေး။



ကျင်းစစ်က အချိန်တိကျပါတယ်။ ဒါပေမယ့် တစ်ခုခုက သူ့ကိုနောက်ကျနေစေတာဖြစ်ပါလိမ့်မယ်။ 



ယင်းကျောင်းက ဂိတ်ဝမှာ မတ်တတ်ရပ်ကာ စိတ်ရှည်ရှည်စောင့်နေချိန် ခဏအကြာ သူ့အနောက်ကနေ ‌ခပ်မြန်မြန်ခြေသံတွေကို ကြားလိုက်ရသည်။



"ကော..."



ယင်းကျောင်းလှည့်ကြည့်လိုက်တော့ ကျင်းစစ်က သူ့ဆီပြေးလာနေတာကိုတွေ့လိုက်သည်။ သူ အမောတကောဖြစ်နေသည်။



"စောင့်နေတာကြာပြီလား...စာတမ်းနဲ့ပက်သတ်ပြီး ကျူတာနဲ့ပြောနေရလို့..."



"ဟင့်အင်း...အခုလေးပဲရောက်တာ..."



ကျင်းစစ်နှာခေါင်းလေးပေါ်က ချွေးများကိုသုတ်ပေးလိုက်ပြီး



"အိမ်ပြန်ကြမယ်..."



"အင်း..."



"ဒီည အမဲသားဟော့ပေါ့စားချင်လား..."



ကျင်းစစ်၏လွယ်အိတ်ကိုယူကာ ကောက်လွယ်လိုက်ကာ "အရင်တစ်ခါပြောတာ ကြိုက်တယ်ဆိုသလားလို့..."



"အင်း..."



ကျင်းစစ်၏မျက်လုံးများက တောက်ပသွားသည်။



"အဲ့ဆိုင်က အချဥ်ရည်ကိုကြိုက်တယ်..."



ယင်းကျောင်းက ပြုံးကာ



"အဲ့တာဆို အချဥ်ရည်ကိုရောင်းပေးလို့ ဘောစိကိုပြောပေါ့..."



"ရောင်းမယ်လို့မထင်ဘူး..."



"တခြားသူအတွက်မရောင်းပေမယ့် ကိုယ်ပြောရင်တော့ တစ်မျိုးတစ်ဖုံဖြစ်သွားမှာပေါ့..."



စားသောက်ပြီးနောက် ယင်းကျောင်းက သူပြောသည့်အတိုင်းတကယ်လုပ်သည်။ သူ့ရဲ့ပါးစပ်ဖျားလေးနဲ့ ဘောစိပြုံးလာအောင်ပြောပြီးနောက် ပထမဦးဆုံးအကြိမ် ပိုက်ဆံတောင်မယူဘဲ အချဥ်ရည်ပုလင်းအသေးကို ပေးလိုက်သည်။



အိမ်အပြန်လမ်းပေါ်မှာ သူတို့၂ဦးက တစ်ဦးရဲ့တစ်နေ့တာအကြောင်း ဖလှယ်ကာပြောကြသည်။



ထုံးစံအတိုင်း ကျင်းစစ်က စာတမ်းနှင့်ပက်သတ်တဲ့စာအုပ်တစ်အုပ်ကိုဖတ်နေချိန် ယင်းကျောင်းက ဘေးနားတွင်ထိုင်ကာ ဖုန်းသုံးနေ၏။



သတင်းတွေကလည်း အရင်အတိုင်း မထူးခြားသည်မို့ appထဲမှထွက်လိုက်မည်ပြုစဉ် ပိုစ့်တစ်ခုကို မြင်လိုက်ရသည်။



မင်းအသက်၁၇နှစ်က ကြိုက်ခဲ့မိတဲ့လူ အခုဘယ်လိုနေလဲ...



ယင်းကျောင်း ခေါင်းကိုလှည့်လိုက်သည်။



ကျင်းစစ်ကတော့ စာရွက်တစ်ရွက်ပြီးတစ်ရွက်လှန်ကာဖတ်ရင်း သူ့မျက်နှာက ဖြူစင်ပြီးချောမောဆဲ။



ယင်းကျောင်း၏ မျက်လုံးများက နူးညံ့လာပြီး

သူ ဖုန်းကိုပစ်ချလိုက်ကာ "ပေါင်ပေ့..."



"ဟင်..."



ကျင်းစစ် လှည့်ကြည့်လိုက်သည်။ ယင်းကျောင်းက စာအုပ်ကိုယူကာ ဘေးနားမှာချလိုက်ပြီး ကျင်းစစ်ကို ဆိုဖာပေါ်သို့လှဲချလိုက်သည်။ ထို့နောက် သူ့ခေါင်းလေးကိုပွတ်သပ်၊ လည်ပင်းသားလေးကိုကိုင်ကာ အနမ်းများချွေလိုက်သည်။



ကျင်းစစ်က ရုတ်တရက်ကြောင်သွားပေမယ့် ယင်းကျောင်းအား သိုင်းဖက်ကာ နှုတ်ခမ်းများက လုပ်ငန်းစဉ်အတိုင်း ပါဝင်လှုပ်ရှားလိုက်ပါတော့သည်။



ကျွန်တော်ချစ်ခဲ့တဲ့သူလား...



သူအခု ကျွန်တော့်အိမ်မှာ ကျွန်တော်နဲ့အတူနေနေပါတယ်...ကျွန်တော့်ရင်ခွင်ထဲမှာရှိနေပါတယ်...ကျွန်တော့်နှလုံးသားလည်း အရည်ပျော်နေပါတယ်...



ကျွန်တော် သူ့ကိုချစ်တယ်...



သူ ကျွန်တော့်ကိုချစ်တယ်...



အရင်အတိုင်းပါပဲ...



......ပြီးပါပြီ .....



Translated by  ..IQ Team 



Thank U 😊 

605 views • Wrong layout?