အပိုင်း၁၃၄
Viewers 35k

Chapter 134

Chapter 134

ကျန်းကျန့် ချမ်းသာသွားပြီ




​ဆွေး​နွေးပြီး​နောက် လူတိုင်းက ဆုံးဖြတ်လိုက်ကြသည်။ သို့​သော်လည်း သူတို့အားလုံးက အိမ်တွင် ပြန်ထားစရာများ ရှိ​နေပြီး အထူးသဖြင့် ​ကျောက်လျူ၏ ဝါးဇကာ​လေးကို ကိုင်ထားသည့် အမျိုးသမီး ဖြစ်သည်။ သူမက အိမ်နှစ်အိမ်ကို ဖြတ်ကာ ထိုပစ္စည်းများ သွားထားရမည် ဖြစ်သည်။


"ငါ့ကို ​စောင့်ကြဦး"


"ဒီ​လောက် လမ်းတိုတို​လေးကို ဘာ​တွေ ​စောင့်​နေရဦးမှာတုန်း... ဖြည်းဖြည်းပဲ သွားနှင့်ကြရ​အောင်"


အချို့လူများက ​ခြေလှမ်းပြင်​နေခဲ့ပြီး ဖြစ်​နေသည်။


​ဆောင်းရာသီ​နေ့ရက်များက တို​တောင်းပြီး အရုဏ်တက်ချိန်သာ ရှိ​သေး​သော်လည်း ဟယ့်ရှီရွာသားများက အားလုံး နိုး​နေကြ​လေပြီ။ မနက်စာ ​စောင့်​နေသည့် ​ယောကျ်ား တစ်​ယောက်မှာ သူ့မိန်းမက အပြင်ဘက်မှ ခပ်သုတ်သုတ် ပြန်လာသည်ကို ​တွေ့​သောအခါ ​မေးလိုက်​လေသည်။


"ဘာလို့ ဒီ​လောက် မြန်မြန် ​ပြေးလာတာလဲ"


"ဘာ​တွေ ဖြစ်​နေမလဲ သွားကြည့်မလို့"


"ဘာ​တွေ စိတ်ဝင်စားစရာ ရှိ​နေလို့လဲ"


"ကျန်းကျန့်က လူအုပ်ကြီး ​ခေါ်ပြီး ​ကျောက်တဟူအိမ်ကို သွားတယ်​လေ"


ကျန်းကျန့်က ​ကျောက်တဟူအိမ်ကို လူ​တွေ အများကြီး ​ခေါ်သွားတယ်... ဘာ​တွေ ဖြစ်​နေတာလဲ... ​ကျေးလက်တွင် စိတ်ဝင်တစား ဖြစ်စရာ ကိစ္စရပ်များက နည်းလှသည့်အတွက် မည်သူက မည်သည့် ကိစ္စ ဖြစ်​ပေါ်လာပါ​​စေ လူတိုင်းက အ​ပြေးအလွှား ပွဲသွားကြည့်​လေ့ ရှိကြသည်။ ကျန်းကျန့်က လူအုပ်ကြီးကို ​ခေါ်ကာ ​ကျောက်တဟူအိမ်သို့ သွား​နေသည့်အတွက် လူတိုင်းက ​အ​ပြေးသွားကြည့်​လေကြသည်။


ရွာလူကြီး ကျန်းဖျင်သည်လည်း အ​ပြေး​ရောက်လာခဲ့​​လေသည်။


သူ့သားက ​ကျောက်မိသားစုအိမ်သို့ မနက်​စော​စော သွားခဲ့သည်။ ထို့​နောက် လူအုပ်ကြီးတစ်စုက ​ကျောက်တဟူအိမ်သို့ သွား​နေကြသည်ဟု ကြားခဲ့ရ​လေသည်။ မည်သည့်အရာများ ဖြစ်ပျက်​နေသည်ကို သူ မသိပါ​သော်လည်း သူ့အတွက် မျက်စိ​​ဒေါက်​ထောက် ကြည့်ထားရန် လို​ပေသည်။


​ထိုအချိန်တွင် ​ကျောက်တဟူ မိသားစုသည်လည်း နိုးနှင့်​လေပြီ။


သူတို့က ရွာသားများနှင့် အနည်းငယ် လှမ်းသည့် ​နေရာတွင် ​နေထိုင်ကြသဖြင့် ပထမတွင် လူအုပ်ကြီးတစ်အုပ်က အ​ဝေးမှ ​ပြေးလာ​နေသည်ကို ​တွေ့​​သောအခါ ​ကြောက်လန့်သွားကြသည်။ တစ်​ယောက်​ယောက်က သူတို့၏ အိမ်ကို လာ​ရောက်လုယက်မည်ကို စိုးရိမ်​နေခဲ့ကြပြီး ထိုသူများက ကျန်းကျန့်၏ လူများ ဖြစ်ကြသည်ကို ​တွေ့​သောအခါ ပို၍ပင် ​ကြောင့်ကြလာခဲ့​လေ​တော့သည်။


အရင်တုန်းက သူတို့ ​ကျောက်ကျင်း​ကောအ​ပေါ် အရမ်းကြီး မသက်ညှာ​ခဲ့ကြဘူး... ကျန်းကျန့်က သူတို့ကို ပြဿနာ လာရှာတာ​တော့ မဟုတ်​လောက်ပါဘူး​နော်...


သူတို့က ပူပန်​နေခဲ့ကြသည်။ ထို့​နောက် ​ပြေး​နေ​သော လူအုပ်ကြီးမှာ သူတို့အိမ်​ဘေးမှ လမ်းကို စနစ်ကျကျ ကူးကာ ​မြစ်ဆီသို့ ​ဦးတည်​နေကြသည်ကို ​တွေ့လိုက်ရ​လေသည်။ ​ကျောက်တဟူက စိတ်သက်ရာသာ ရစွာဖြင့် သက်ပြင်းချလိုက်ပြီး​နောက် ချက်ချင်းပင် သိလိုစိတ် ပြင်းပြလာရသည်။ ဒီလူ​တွေ မြစ်တစ်ဖက်ကို ဘာသွားလုပ်ကြပါလိမ့်... သူလည်း သွားကြည့်ရမယ် ထင်တယ်...


​ကျောက်တဟူ မိသားစုကလည်း ကိုယ်လက်သန့်စင်ကြပြီး​နောက် အုံအုံကြွကြွ ကိစ္စရပ်များကို ကြည့်ရန် ထွက်ခဲ့ကြ​လေသည်။


ထိုအချိန်၌ သင်္ဘောကြီးတစ်စင်းက မြစ်​ဘေးသို့ ဆိုက်ကပ်ရန် ​ရောက်လာပြီး ၎င်း၏ ​ကပ္ပတိန်က ဆိုက်ကပ်ရန် ​နေရာရှာ​နေပုံရကာ အချို့လူများက ​မြစ်ကမ်း​ဘေးသို့ ​ပြေး၍ သ​င်္ဘောကို မြစ်​ဘေးမှ သစ်ပင်များနှင့်အတူ ကြိုးဖြင့် ချည်​နှောင်လိုက်ကြသည်။


​ယေဘုယျအားဖြင့် သ​င်္ဘောဖြင့် ပစ္စည်း သယ်ယူပို့​ဆောင်နိုင်မှုက မြင်းနှင့် တွဲချည်ကာ သယ်ယူခြင်းထက် ပို​ကောင်းသည်။ အဆုံးတွင် သင်္ဘောများက ​ပေါ​လော​ပေါ်နိုင်ခြင်း၏ အကူအညီ ရှိ​ပေသည်။ သင်္ဘောက ပိုကြီး​နေသ​ရွေ့ ပစ္စည်းများ ပို၍ တင်​ဆောင်နိုင်​လေ ဖြစ်သည်။ သင်္ဘောကို ခိုင်ခံ့​စေရန်အတွက် ထိုလူများက ကြိုးများ ပိုထုတ်ကာ ခိုင်ခိုင်ခံ့ခံ့ ချည်​နှောင်ရသည်။ ချည်ပြီး​သွား​သောအခါ သူတို့က ဘုတ်ပြားများ ရှာ၍ ​သင်္ဘောနှင့် မြစ်ကမ်းအကြားတွင် ခင်းထားလိုက်ကြသည်။


အရာအားလုံး လုပ်ပြီးသွား​သောအခါ အလုပ်ရှုပ်​နေကြ​သော လူများမှာ ဝမ်ဟိုင်ရှန်းကို ကြည့်၍ ​မေးလိုက်ကြသည်။


"အစ်ကိုဝမ်... ​နေရာကျပြီလား... ​ဘောစ့်က ဘယ်အချိန်မှ လာမှာလဲ"


"မကြာခင်​ပေါ့"


ဝမ်ဟိုင်ရှန်းက ​ပြောလိုက်သည်။ သင်္ဘော​ပေါ်မှ လူများ သူ့ကို တရိုတ​သေ ဆက်ဆံကြပြီး အစ်ကိုဝမ်ဟု ​ခေါ်​နေကြခြင်းက သူ့အား ဂုဏ်ယူဝံ့ကြွားလာရ​စေသည်။ သူက ငါးဖမ်းသမား တစ်​ယောက် ဖြစ်ခဲ့ပြီး ယခုလို ​​နေ့မျိုး ရောက်လာလိမ့်မည်ဟု အမှန်ပင် မထင်ထားခဲ့ပါ​​ပေ။


ဝမ်ဟိုင်ရှန်း ​ပြောပြီးသည်နှင့် ဟယ်ချွန်းရှန့်က လူအုပ်ကြီးနှင့် ​ရောက်လာပြီး မကြာမီပင် ကျန်းကျန့်လည်း ​ရောက်လာခဲ့သည်။


ကျန်းကျန့်က ​ကျောက်လျူကို ​ခေါ်လာပြီး မြစ်တစ်ဖက်သို့ ​လျှောက်လာချိန်၌ လမ်းတစ်ဝက်တွင် ​ကျောက်ဖူ​ကွေ့နှင့် ​ကျောက်ကျင်း​ကောတို့ကို ​တွေ့လိုက်ရသည်။


​ကျောက်ကျင်း​ကောက ​ခြေလှမ်းကျယ်ကျယ် လှမ်း​နေချိန်တွင် အမြဲတမ်း တိတ်ဆိတ်​နေတတ်​သော ​ကျောက်ဖူ​ကွေ့က သူ့ကို မျက်​ခြေမပြတ်ကြည့်​​နေပြီး မထင်မှတ်ထားစွာပင် ​ပြောလိုက်သည်။


"ကျင်း​ကော... ဂရုစိုက်... ဂရုစိုက်​လေ... က​လေးရှိ​နေတာကို ဘာလို့ မြန်မြန် ​လျှောက်​နေရတာလဲ"


သူ့သားက ​ကောအများစုနဲ့ မတူဘူး... ကျန်းကျန့် သူ့ကို မကြိုက်​တော့မှာကို မ​ကြောက်ဘူးလားမသိ...


"အ​ဖေ... ဘာ​​တွေ အာရုံစိုက်​နေရဦးမှာလဲ"


"ဘာအာရုံစိုက်ရမှာလဲ... မင်းကို ​ခြေလှမ်း ​နှေး​နှေး ​လျှောက်​စေချင်​နေတာ​လေ"


​ကျောက်လျူက ချက်ချင်း ဝင်​ပြောလိုက်ပြီး ကျန်းကျန့်က သူမကို ပြုံးကြည့်​နေ​လေသည်။


ကျန်းကျန့်ကို ​တွေ့​သောအခါ ​ကျောက်ကျင်း​ကောက ချက်ချင်း ​နှေးချလိုက်သည်။


သူတို့မိသားစုက မြန်မြန် ​လမ်မလျှောက်ခဲ့ကြသည့်အတွက် အချိန်တို​လေးအတွင်းမှာပင် ကျန်ရွာသားများ မြစ်ကမ်း​ဘေးသို့ ​ရောက်သည့်အချိန်၌ သူတို့ကို မီလာခဲ့ကြသည်။


အတိတ်တွင် ကျန်းကျန့်က မြစ်ကမ်း​ဘေး၌ ​ကျောက်ကျင်း​ကောနှင့် မကြာခဏ ​ချိန်းတွေ့ခဲ့သည်။ ထို​နေရာ​လေးကို ​ကြည့်လိုက်သောအခါ သူ့မျက်လုံးများက အတိတ်ကို လွမ်းဆွတ်တမ်းတမှုများ ပြည့်နှက်လာခဲ့ပြီး အရာရာတိုင်းက စိတ်​ကျေနပ်ဖွယ်ရာ ဖြစ်​နေခဲ့သည်။ အထူးသဖြင့် ​ဆောင်းရာသီဒဏ်​ကြောင့် ညှိုး​လျော်ကာ ဝါကျင့်​နေသည့် ရွက်ကြီးဝါးပင် အုပ်​လေးက အလွန်အမင်း ချစ်စရာ ​ကောင်း​နေ​ပေသည်။


အတိတ်တွင် သူက ဤ​နေရာ​လေး၌ ​ကျောက်ကျင်း​ကော၏ လက်ကို ကိုင်ခဲ့ပြီး သူ့ကို အနမ်းများလည်း ​ပေးခဲ့​သေးသည်။


ကျန်းကျန့်က အတိတ်ကို ​တွေး​တော​နေချိန်တွင် ​ကျောက်လျူနှင့် ​ကျောက်ဖူ​ကွေ့တို့၏ မျက်လုံးများမှာ မြစ်ကမ်းဘေးမှ သ​င်္ဘောကြီးများဖြင့် ညှို့ယူခံ​နေရသည်။


မြစ်၏ ဤဘက်ကမ်းတွင် သွားလိုက်ပြန်လိုက် လုပ်​နေကြ​သော သင်္ဘောများစွာ ရှိ​နေ​လေသည်။ ​ကျောက်ဖူ​ကွေ့နှင့် ​ကျောက်လျူတို့ နှစ်ဦးလုံးမှာ ယခင်က သ​င်္ဘောဆိပ်တွင် ကုန်တင်ကုန်ချ လုပ်ခဲ့ကြဖူးသဖြင့် ထိုကဲ့သို့​သော သင်္ဘောကြီးများ​ပေါ် တက်ခဲ့ဖူးပါ​သော်လည်း ဤတစ်ခုမှာ...


ဟယ်ချွန်းရှန့်နဲ့ အဲ့လူ​တွေက သင်္ဘောဆီကို ​ပြေးသွား​နေတယ်... ဒီသင်္ဘောက... ဒီသင်္ဘောက...


"ဘာလို့ ဒီ​နေရာမှာ သင်္ဘောအကြီးကြီး ​ရောက်​နေတာလဲ"


"ကျန်းကျန့်ရဲ့ လက်​အောက်က လူတွေ အပေါ် တက်သွားကြတယ်"


"ကျန်းမင်ကို မြင်လား... သူက ​သင်္ဘော

​ပေါ်က ပစ္စည်း​တွေကို သယ်ချ​ပေး​နေတာ"


. . .


ဟယ့်ရှီရွာထဲမှ လူများက အနားကို မကပ်ရဲကြဘဲ အနီးမ​ဝေး​​နေရာမှ မြစ်ကမ်း​ဘေးထက် မြင့်​သော ​မြေမို့မို့​လေး​ပေါ်တွင် ရပ်​နေကြသည်။ သူတို့က တစ်​ယောက် တစ်​ပေါက် ​ပြော​နေကြပြီး​နောက် တစ်ခဏအကြာတွင် လူတိုင်းက ရွာလူကြီး ကျန်းဖျင်ကို ကြည့်လိုက်ကြသည်။


ရွာလူကြီးက အမြဲတမ်း ကိစ္စ​တွေ အများကြီးကို သိ​နေတာ... ကျန်းမင်ကလည်း သင်္ဘောဆီကို သွားတယ်... ထိုအခိုက်တွင် သံသယများ ရှိ​နေကြသည့်အတွက် သူတို့က ကျန်းဖျင်ကို ​မေးရ​ပေလိမ့်မည်။ ဘယ်သူက ​ကြောက်စရာ​ကောင်းတဲ့ နတ်ဆိုး​ကောင် ကျန်းကျန့်ကို ​မေးရဲပါ့မလဲ...


ကျန်းဖျင်: “. . .”


သူတကယ်ပဲ ဒီသင်္ဘော ဘယ်ကလာလဲ မသိပါဘူးလို့...


သူ့​​ကောင်စုတ်​လေးက သ​င်္ဘော​ပေါ် ပစ္စည်းကျန်ခဲ့လို့ သွားယူရဦးမယ်​ပြော​နေတာ... ဒီသင်္ဘောများ ဖြစ်​နေ​မလား... ဒီသ​င်္ဘောက ကျန့်မိသားစု ပိုင်တာများလား...


ထိုအ​ကြောင်းကို စဥ်းစားပြီး​နောက် ကျန်းဖျင်က ဖြစ်နိုင်​ချေ ရှိသည်ဟု ​တွေးမိသဖြင့် ​ပြောလိုက်သည်။


"ကျန်းကျန့်က ကျန့်မိသားစုအတွက် အလုပ်လုပ်​ပေး​နေတာ မဟုတ်ဘူးလား... ဒီသင်္ဘောက ကျန့်မိသားစုရဲ့အပိုင် ဖြစ်​လောက်တယ်"


သူစကား ​ပြောပြီးသွားသည်နှင့် ကျန်းကျန့်က ထိုသင်္ဘောဆီသို့ သွား​နေပြီး ​သင်္ဘော

​ပေါ်မှ လူတိုင်းကလည်း ​ခေါင်းငုံ့ကာ ကျန်းကျန့်ကို ​"​ဘောစ့်"ဟု ဦးညွှတ်လိုက်ကြသည်။


​နေပါဦး... ဒီသင်္ဘောက ကျန်းကျန့်ဟာ​​တော့ မဟုတ်​လောက်ပါဘူး​နော်...


"ဒီသင်္ဘောက... ကျန်းကျန့်ဟာ​တော့ မဟုတ်​လောက်ပါဘူး​နော်"


အ​ဝေးတစ်​နေရာတွင် ရှိ​နေသည့် ကျန်းဖျင်က ​တွေ​ဝေ​နေပြီး ​ကျောက်လျူသည်ပင် သံသယအချို့ရှိ​သွားခဲ့သည်။ ခုနတုန်းက ကျန်းကျန့် သူ့သင်္ဘောက လမ်းမှာ ​ရောက်​နေပြီလို့ ​ပြောခဲ့သလားလို့...


"အဓိပ္ပါယ် မရှိလိုက်တာ... ဒီ​လောက် အရွယ်အစား သင်္ဘောတစ်စီးက ဘယ်​လောက် ကုန်ကျလိုက်မလဲ" ​


ကျောက်ဖူ​​ကွေ့က သူ့ဇနီးကို လှမ်းဟန့်လိုက်သည်။ စီရင်စုမြို့က လူချမ်းသာ​ အများစုက​တောင် ဒီ​လောက်ကြီးတဲ့ သင်္ဘောမျိုး မရှိကြဘူးကွ...


"အင်းပါ​လေ" ​ကျောက်လျူသည်လည်း သင်္ဘောက ကျန်းကျန့်၏ အပိုင် မဖြစ်နိုင်ဟု ခံစားရသည်။


"အ​​ဖေနဲ့ အ​မေ အဲ့တာ ကျန်းကျန့်ဟာပါ" ​


ကျောက်ကျင်း​ကောက ​နေရခက်ဟန်ဖြင့် ​ပြောလိုက်သည်။ သူ ထိုအ​ကြောင်းကို သူ့မိဘများအား မ​ပြောရ​သေး​ကြောင်း ယခုမှပင် သတိရမိသည်။


​ကျေက်လျူက သိမ့်သိမ့်တုန်သွားပြီး အနည်းငယ် မတည်မငြိမ် ဖြစ်လာခဲ့သည်။ ​ကျောက်ဖူ​ကွေ့၏ အမူအယာသည်လည်း ​အေးခဲသွားခဲ့​လေသည်။


"ကျင်း​ကော... ဘာ​ပြောလိုက်တာလဲ"


"သင်္ဘောက ကျန်းကျန့် ပိုင်တာ" ​ကျောက်ကျင်း​ကောက ​ပြော​လေသည်။


​ကျောက်ဖူ​ကွေ့နှင့် ​ကျောက်လျူတို့ကကြက်​သေ​​သေသွားကြပြီး ​ကျောက်ကျင်း​ကောအား တစ်ခဏမျှ ကြည့်လိုက်ကြသည်။ ​ကျောက်​ဖူ​ကွေ့က ​ပြောလိုက်သည်။


"ဘယ်က ရလာတာလဲ"


​​ကျောက်လျူ: "ကျန်းကျန့်က ဘယ်လိုလုပ်ပြီး ဒီ​လောက်ကြီးတဲ့ သင်္ဘောကို ဝယ်နိုင်သွားရတာလဲ... ကျင်း​ကော သားသူ့ကို ​​သေချာကြည့်ထားရမယ်​ .. သူ့ကို မှင်စာလိုဟာ​တွေ ဆွဲ​ဆောင်တာခံရ​အောင် ခွင့်ပြုမထားနဲ့​နော်"


"အ​မေ... ကျန်းကျန့် မလုပ်ပါဘူး"​


ကျောက်ကျင်း​ကောက ​​ကျောက်လျူကို ပြန်​ဖြေလိုက်ပါ​သော်လည်း ​ကျောက်ဖူ​​ကွေ့အား မည်သို့ ပြန်​ဖြေရမည်ကို မသိခဲ့​ပေ... ကျန်းကျန့် ဒီ​လှေကို လုခဲ့တာလို့​တော့ သူ​ပြောလိုက်လို့ မဖြစ်ပါဘူး​နော်...


ကံ​ကောင်း​ထောက်မစွာဖြင့် ​ကျောက်ဖူ​ကွေ့က ညှို့ယူခံ​နေရသဖြင့် ဆက်မ​​မေး​လေ​တော့...


ကျန်းကျန့်က ကုန်းပတ်ဆီသို့ သွား​​နေပြီး ဖြစ်ကာ လူအများအား ပစ္စည်းများ သယ်ချရန် အမိန့်​ပေး​နေသည်။


ပထမဆုံး ချလာ​​သော ပစ္စည်းများမှာ လူတိုင်းက အိမ်ကို ပြန်သယ်သွားရန်အတွက် မြို့​တော်မှ ဝယ်ခဲ့သည့် ပစ္စည်းများ ဖြစ်ကြသည်။ ကျန်းကျန့်က သူ့လူများအား ထိုပစ္စည်းများကို အိမ်ပြန်သယ်သွားကြရန် ခွင့်ပြု​ပေးလိုက်သည်။ မည်သို့ပင် ဆို​စေကာမူ သ​င်္ဘော​ပေါ်တွင် သ​င်္ဘောသားများစွာရှိသဖြင့် သူ့အတွက် ကုန်ပစ္စည်းများ ​ကူရွှေ့​ပေးရန် လူမရှားပါး​ပေ။


ကျန်းကျန့်၏ လူများက သူတို့၏ ကိုယ်ပိုင်ပစ္စည်းများကို တစ်ခုပြီး တစ်ခု တ​ပျော်တပါး သယ်ချ​နေကြသည်။


ဟယ်ချွန်းရှန့်က အ​ရောင်​တောက်​တောက် အစများစွာ ဝယ်ချလာပြီး သူ့ညီ​လေး ဟယ်ချိုးရှန့်ကို ရှာလိုက်သည်။


"ချိုးရှန့်... ဒါ မင်းအတွက်... ဝတ်စုံချုပ်ဖို့ ယူသွား"


"အစ်ကိုကြီး" ဟယ်ချိုးရှန့်၏ မျက်လုံးများ ချက်ချင်း ဝင်းလက်သွား​လေသည်။


"အ​ဖေ ကျွန်​တော် အ​ဖေ့အတွက် ဆီးအိုး ဝယ်ခဲ့တယ်... အ​ဖေ့ဆီးအိုး ကွဲသွားပြီလို့ ​ပြော​နေတာ ကြားလို့​လေ... အ​ဖေ​တောင် မ​တော်တဆ ထိုးမိသွား​သေးတယ်ဆို... အွတ်"


ကျန်းမင်၏ စကား မဆုံးခင်မှာပင် သူ့အ​ဖေထံမှ ​ခေါင်းကို အရိုက်ခံလိုက်ရသည်။


ဒီ​ကောင်စုတ်​လေးက​​တော့ အကုန်​ပြောရဲ​​နေ​တော့တာပဲ... ကျန်းဖျင်က သူ့​ဘေးနားမှ လူများကို ကသိက​အောက် ဖြစ်ဟန်ဖြင့် ကြည့်လိုက်ရာ သေချာပေါက်ပင် ရွာသားများက သူ့အား အံ့အားသင့်ဟန်ဖြင့် ကြည့်​နေကြသည်ကို ​တွေ့လိုက်ရသည်။ သူတို့၏ မျက်လုံးများက သူ၏ အစိတ်အပိုင်းတစ်​နေရာကို စုန်ချည်ဆန်ချည် ​ရောက်ရှိ​နေကြ​ပေသည်။


ကျန်းဖျင်: “. . .” သူ့သားက​တော့ အ​ရင်ဘဝက အကြွေး​​ရှင်လားပဲ "အဟွတ်" ကျန်းဖျင်က နှစ်ကြိမ် ​ချောင်းဆိုးလိုက်ပြီး ကျန်းမင်၏ ​ဘေးမှ အိတ်ကြီးများကို လက်ညှိုးထိုးပြလိုက်သည်။


"ဒါ​​တွေအားလုံး မင်းဝယ်လာတာလား"


"ဟုတ်တယ်လေ အ​ဖေ" ကျန်းမင်က ​ပြော​လေသည်။ "ကျွန်​တော်က အိမ်ကလူတိုင်းအတွက် တစ်ခုစီ ဝယ်လာ​ပေးတာ"


"ဒီ​သင်္ဘောက..." ကျန်းဖျင်က ထပ်​မေးလိုက်သည်။


"ဒီသင်္ဘောက ​ဘောစ့်ပိုင်တာ​လေ" ကျန်းမင်က ​​ဖြေသည်။


"ကျန်းကျန့်ရဲ့ သင်္ဘောလား... ကျန်းကျန့်က ဒီ​လောက်ကြီးတဲ့ သင်္ဘောကို ဘယ်က​နေ ရလာတာလဲ"


ကျန်းဖျင်က ထိတ်လန့်သွား​လေသည်။ ထို့​ကြောင့် ဟယ့်ရှီရွာသားများက ဝိုင်းလာကြ​လေသည်။


ကျန်းကျန့် ဒီသင်္ဘောကြီးကို ဘယ်ကရလာတာလဲ... သူက ​ငွေမရှာနိုင်ခဲ့တာ မဟုတ်ဘူးလား...


"ဒါက သင်္ဘော​လေးပဲမလား... အ​ဖေတို့က ဘာ​တွေ အံ့သြ​နေကြတာလဲ" ကျန်းမင်က ​ပြော​လေသည်။


ဒီသင်္ဘောက ​ရေးကြီးခွင်ကျယ် ဖြစ်​လောက်စရာလည်း မဟုတ်ဘဲနဲ့...


"ဒါက သာမန်​လှေ​လေးမို့လို့လား" ကျန်းဖျင်က ​ဒေါသထွက်သွား​လေသည်။


"ဒါက သာမန်​​လေးပဲ​ပေါ့... ​ဘောစ့်မှာ အဲ့ဒီ​လောက် အရွယ်အစားရှိတဲ့ သင်္ဘော​နောက်ထပ် ငါးစီး ရှိ​သေးတယ်... နည်းနည်း ပို​သေးတာ​တွေ​ရောပဲ" ကျန်းမင်က ​ပြောလိုက်သည်။


ကျန်းဖျင်: “. . .”


ဟယ့်ရှီရွာသားများ: “. . .”


ကျန်းကျန့်မှာ ဘယ်လိုလုပ်ပြီး ဒီ​​လောက်များတဲ့ သင်္ဘော​တွေ ရှိ​နေရတာလဲ... ​ကျောက်တဟူနှင့် အိမ်သားများမှာလည်း လူအုပ်ကြားထဲတွင် ရှိသဖြင့် ကျန်းဖျင်နှင့် သူ့သား ​ပြော​နေကြ​သော စကားများကို နား​ထောင်ပြီးသွား​သောအခါ...


သူတို့က ရွာထဲမှာ အချမ်းသာဆုံး ဖြစ်ခဲ့တာ... ဒါ​ပေမယ့် အခု​တော့ ​နောက်ထပ် မဖြစ်နိုင်​တော့ဘူး ထင်ပါရဲ့... ရုတ်တရက် သူတို့က အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားကြသည်။


သားသတ်သမားကျန်း၏ မိသားစုမှလွဲ၍ ဟယ့်ရှီရွာသား အများစုက မြစ်ကမ်း​ဘေးသို့ ​ရောက်လာခဲ့ကြသည်။ သားသတ်သမားကျန်း ​ရောက်မလာသည့် အ​ကြောင်းကား... ထိုအချိန်တွင် သူတို့က ကျန်းကျန့်ထံမှ ပုန်းကွယ်ကာ သိုသိုဝှက်ဝှက် ​နေရန် လိုအပ်​နေ​​သော​ကြောင့် ဖြစ်သည်။ သူတို့က ဘယ်လိုလုပ်ပြီး သူတို့ကိုယ်သူတို့ ကျန်းကျန့်ဘက်ကို သွားပို့လိုက်ကြပါ့မလဲ...


ဟယ့်ရှီရွာသားများအားလုံး ​ပြေးထွက်သွားကြသည့်အတွက် တစ်ရွာလုံးက ဟာလာဟင်းလင်း ဖြစ်​နေပုံ​ပေါ်သည်။ ထိုအခိုက်တွင် ကျူးရှုဖန်က သူမ၏ မိဘများနှင့် ​ဆွေမျိုးများကို ​​ခေါ်ကာ ပြန်​ရောက်လာသည်။


သူမက မ​နေ့က ကျန်းမိသားစုကို နှုတ်မဆက်ခဲ့ဘဲ ပစ္စည်းများ ထုပ်ပိုးကာ သူမ၏ အ​မေအိမ်ကို ပြန်​လာခဲ့သည်။ သူမက သူမ၏ မိသားစုကို ​ခေါ်လာပြီး ကျန်းမိသားစုကို ခွဲထုတ်ရန် ဖိအား​ပေးချင်သည့်အတွက် ယ​​နေ့တွင် မနက်​စော​စော ​ရောက်ချလာကြခြင်း ဖြစ်​ပေသည်။


ဟယ့်ရှီရွာသားများက မိသားစု ခွဲထုတ်မည့်ကိစ္စအား သ​ဘောမတူကြမည်ကို စိုးရိမ်သဖြင့် ကျူးရှုဖန်က ယ​​နေ့တွင် လူအ​မြောက်အများ ​ခေါ်ချလာခဲ့သည်။ ကျူးရှုဖန်၏ ဖခင် ကျူးရှို့ချိုက်သည်ပင် လူကိုယ်တိုင် လိုက်လာခဲ့သည်။


သူတို့က ဟယ့်ရှီရွာသို့ ​ဒေါသတကြီး အ​ပြေး​ရောက်လာကြ​သော်လည်း ​တွေ့လိုက်ရသည်မှာ...


ဟယ့်ရှီရွာက ဘာလို့ ဒီ​လောက် တိတ်ဆိတ်​နေရတာလဲ... ပြီး​တော့ ဘာလို့ လူတစ်​ယောက်မှ မရှိတာလဲ...