Chapter 123
လာပြီး ဖဲရိုက်ပါ
ကျန်းကျန့်ကလည်း ရှန်းအန်ရှင်း၏စရိုက်က ဤကဲ့သို့ဖြစ်နေကြောင်းကို သိရှိပြီး ၎င်းကို ပြောင်းလဲ၍မရမှန်းသိသော်လည်း သူ့ကို ကြင်နာစွာ သတိပေးနေဆဲဖြစ်သည်။
သူစကားပြောနေစဉ် ရှန်းအန်ရှင်း၏ မျက်လုံးများ နီရဲလာသည်။ သူတကယ်ယောက်ျားဖြစ်ခဲ့လျှင် ကောင်းလိမ့်မည်၊ သူက ကော တစ်ယောက်ဖြစ်နေ၏။အရင်က ယောက်ျားတစ်ယောက်လို ပြုမူရန်ကြိုးစားခဲ့ပေမဲ့ အခုချိန်မှာ တစ်စုံတစ်ယောက်၏ အချစ်ဆုံးကော ဖြစ်ချင်နေခဲ့သည်။
"ကျွန်တော်သိပါတယ် ... ကျွန်တော် ပြောင်းလဲပါ့မယ်"
"ကျင်းကော... ငါးတွေကြည့်ဖို့ အဲဒီကိုသွားချင်လား"
ကျန်းကျန့် သူ့ကိုယခုလိုမြင်လိုက်ရသောအခါ သူ ဘာပြောရမှန်း ပိုပိုပြီးမသေချာဖြစ်လာသည့်အတွက် မြန်မြန်ထွက်သွားချင်ခဲ့သည်။
ကျောက်ကျင်းကောက အလျင်စလို ခေါင်းညိတ်လိုက်သည်။ကျန်းကျန့်ကို ရှန်းအန်ရှင်းဆီမှ ဝေးရာသို့ ခေါ်ဆောင်ရန် သူစိတ်အားထက်သန်နေသည်။
ကျန်းကျန့်က ပြုံးပြီး ကျောက်ကျင်းကောကို ရေကန်ဆီ ခေါ်သွားတော့မည်ပြုသည်။သို့သော် ထိုအချိန်တွင် ရှန်းအန်ရှင်းက ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီး ကျန်းကျန့်
၏အဝတ်အစားကို ဆွဲမည်ပြုလိုက်၏။
"သခင်ကျန်း... ခဏစောင့်ပါ"
ကျန်းကျန့် မသိစိတ်ကနေ ရှန်းအန်ရှင်းကို ရှောင်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"သခင်ရှန်း... နောင်မှာ ဒီလို အထင်အမြင်မှားစေမဲ့ လုပ်ရပ်မျိုးတွေ မလုပ်ပါနဲ့... ငါ့ဇနီး အဆင်မပြေဖြစ်လိမ့်မယ်"
ရှန်းအန်ရှင်း၏ ဤလုပ်ရပ်က. . .သည်ထက်ပိုလာလျှင် လူတွေက သူက ရှန်းအန်ရှင်းနှင့်ပတ်သတ်မှု တစ်ခုခုရှိနေပြီဟု ထင်လာလိမ့်မည်။
ကျောက်ကျင်းကောလည်း မနာလိုဖြစ်လောက်သည်၊ သူ့ကို အိပ်ရာပေါ်တွင်ပင် အိပ်ခွင့်မပြုနိုင်သည်မျိုးဖြစ်သွားနိုင်၏ . . ဤကဲ့သို့တွေးကာ ကျန်းကျန့် ကျောက်ကျင်းကောကို ချက်ချင်းကြည့်လိုက်သည်။
ထိုအချိန်တွင် ကျောက်ကျင်းကော သူ့ပါးစပ်ထဲရှိ လိမ္မော်သီးက ချိုမြသည်ဟု ခံစားလိုက်ရသည်။ကျန်းကျန့်၏ စကားက သူ့ကို အလွန်ပျော်စေသည်။
ကျန်းကျန့်၏ စိုးရိမ်မှုများနှင့်ပတ်သက်၍မူ . . သူက အစိုးရိမ်လွန်နေခြင်းဖြစ်သည်။ကျောက်ကျင်းကောက သူ ကျန်းကျန့်ကို ကောင်းမွန်စွာပြုစုယုယသင့်သည်ဟု ယခုထင်နေသည်။ထိုအခါမှသာ ကျန်းကျန့် အခြားလူကိုရှာရန် ခွန်အားမရှိတော့မှာဖြစ်သည်။
ကျန်းကျန့် နှင့် ကျောက်ကျင်းကော
တို့သည် ပျော်ရွှင်စွာ ငါးသွားကြည့်ခဲ့ကြပြီး ရှန်းအန်ရှင်းကို တစ်နည်းနည်းဖြင့် စိတ်ဓာတ်ကျကာ တစ်နေရာတည်းတွင်ပဲ ရပ်လျက်ထားခဲ့သည်။
ဖုန်ချန့်လင် စောစောက သူ့အား ညစ်ညမ်းသောစကားများပြောပြီး ကျန်းကျန့်ကက သူ့အတွက်ရပ်တည်ပေးသောအခါတွင် သူ့နှလုံးသားကို ပြင်းထန်စွာ ခုန်ပေါက်လာမှုမှာ တားမရခဲ့ပေ။ ကျန်းကျန့်ကို သူ သဘောကျကြောင်း သူသိသည်။
သူတို့ကမဖြစ်နိုင်ပေမဲ့ ကျန်းကျန့်ကို စကားအနည်းငယ်ပြောရုံနှင့်တင် အဆင်ပြေပါသည်. . . သို့ပေမဲ့ ကျန်းကျန့်မျက်လုံးထဲမှာကား သူမရှိခဲ့။
ရှန်းအန်ရှင်း သူ့ရင်ထဲတွင် ဘာခံစားနေရသည်ကို မပြောနိုင်ပေ။ ချဉ်ပြီး ခါး၏။
ဤတစ်ကြိမ်မှာ ကျန်းကျန့်က ဟန်ပြရန်သက်သက်ပဲသည်မှာ ရှိနေခဲ့ခြင်းဖြစ်သည်။သူသည် လူအချို့နှင့် သိခွင့်ရခဲ့ပြီး လူအချို့အား သူ့ကို သိစေသော်လည်း ထိုတော်ဝင် ကုန်သည်ရာထူးအတွက် သူ မတိုက်ခိုက်ခဲ့ပေ။
၎င်းကို တွေ့ရှိပြီးနောက် ထိုကုန်သည်တွေက သူ့အပေါ် ပိုပြီး စိတ်အားထက်သန်လာခဲ့သည်။
ကျန်းကျန့် နှင့် ကျောက်ကျင်းကော တို့သည် ကျန့်မိသားစုအိမ်တွင် အချိန်အတော်ကြာအောင်နေထိုင်ခဲ့ကြသည်။ သူတို့ထွက်လာပြီးနောက် အိမ်မှာ သူ့လူတွေကို လေ့ကျင့်ပေးရင်း ရက်အတော်ကြာ အပြင်မထွက်ခဲ့ကြပေ။
ဤရက်တွေမှာ မြို့တော်က အလွန်စည်းကားအသက်ဝင်နေခဲ့သည်။
ပထမအချက်မှာ နန်းတွင်းရေးရာဝန်ကြီးဌာနသည် တော်ဝင်ကုန်သည်အချို့ကို ရွေးချယ်ခဲ့ပြီး ဒုတိယအချက်မှာ နန်းတော်မှ ပစ္စည်းတစ်ခု အသစ်ထွက်ရှိသောကြောင့်ဖြစ်သည်။
အတွင်းကတ်ပုံစံသည် “ဇီးသစ်ခွ၊ ဝါးနှင့် ဂန္ဓမာ” တို့မှ ဆင်းသက်လာသောကြောင့် အဆိုပါပစ္စည်းအသစ်ကို လူကြီးလူကောင်းကတ်များ ဟုခေါ်သည်။
ကစားနည်းများစွာရှိပြီး အချိန်ကိုကုန်လွန်စေမည့် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ အချိန်ခဏအကြာတွင် မြို့တော်ရှိ အထက်တန်းစား အားလုံးနီးပါးက ဤအကြောင်းကို ပြောနေကြသည်။
ကျန့်ရီက ပန်းချီဆရာအား လက်ရာမြောက်သော ကတ်တစ်စုံကို ဆွဲခိုင်းခဲ့ပြီး ယင်းကအချိန်တိုအတွင်း ပြီးသွားသည်။ ထိုအချိန်တွင် ကျန့်မိသားစုဆိုင်များရှိ ကတ်များသည် အလွန်ရောင်းကောင်းခဲ့သည်။
တစ်ခါတစ်ရံတွင် ပျံ့နှံ့ရန်အလွယ်ကူဆုံးအရာမှာကစားရန်အသုံးပြုသောအရာဖြစ်သည်။
ခဏအကြာမှာ မြို့တော်မှာရှိသည့် လူတိုင်းနီးပါးက ကတ်တွေအကြောင်း ပြောနေကြသည်။ သို့သော် တော်ဝင် ကုန်သည်များကိစ္စနှင့် ပတ်သက်၍ ၀န်ကြီးဌာနက ဆုံးဖြတ်သောအခါတွင် လူများစွာက ယင်းကိစ္စကို အာရုံစိုက်မှု မရှိခဲ့ပေ။
ကျန်းကျန့်က ကျောက်ကျင်းကောကို စုတ်တံ၊ မှင်၊ စက္ကူနှင့် မှင်သွေးကျောက်များဝယ်ရန် အနီးနားရှိ ဆိုင်တစ်ဆိုင်သို့ ခေါ်သွားသောအခါတွင် တစ်စုံတစ်ယောက်က ဆိုင်တွင်ရောင်းရန် ကတ်များရှိမရှိ မေးသည်ကို ကြားလိုက်ရသည်။
"အခုလောလောဆယ်တော့ ကျန့် မိသားစုရဲ့ ဆိုင်တွေမှာသာ ကတ်တွေရောင်းနိုင်တယ်ဗျ"
ကျန်းကျန့် ဝယ်သည့်ပစ္စည်းတွေကို ထုပ်ပိုးနေရင်း ဆိုင်ရှင်က ပြန်ဖြေ၏။
"ဒါဆို . . ."
ထိုလူက ဆိုသည်။
"အနီးနားမှာ ကျန့်မိသားစုဆိုင်မရှိဘူးဆိုရင် ဝေးဝေးလံလံ သွားရမှာပေါ့"
......
ကျန်းကျန့်က ကျောက်ကျင်းကောကို ပုံပြင်တွေကို နားထောင်ရန် လက်ဖက်ရည်ဆိုင်ကို ခေါ်သွားခဲ့သည်. . .
စာအုပ်များအကြောင်းပြောခြင်းဖြင့် ဆုချခံရလေ့ရှိသော လက်ဖက်ရည်ဆိုင်ရှိ ပုံပြင်ပြောသူသည် ကတ်များကို မည်သို့ကစားနိုင်ကြောင်း ရှင်းပြနေသည်။ သူ့ကို စူးစူးစိုက်စိုက် နားထောင်နေသူတွေ အတော်များများက သူ့ကို ဝိုင်းရံနေကြသည်။
ကျန်းကျန့် ကျောက်ကျင်းကောကို ညစာစားရန် ခေါ်သွားချိန်မှာပင် သူတို့ဘေးမှာ ဖဲရိုက်သည့် လူတွေ ရှိနေ၏။
ကျန်းကျန့်:"..."
လူကြိုက်များမှုသည် သူမျှော်လင့်ထားသည်ထက် မြင့်မားခဲ့သည်. . .
ကျန့် မိသားစုက သူ့ကို ရထားလုံးတစ်စီး သီးသန့်ပို့ပေးသည်က အံ့သြစရာမရှိပါချေ. . . ကံမကောင်းစွာပဲ၊ သူ့လက်အောက်မှာ ရထားလုံး မောင်းနိုင်သည့်လူတစ်ယောက်မှ မရှိပေ။
ရှေးခေတ်က တအားချမ်းသာပြီး အားလပ်နေသူတွေ ဘယ်မှာလဲ... သံသယရှိစရာမလိုအောင်ဘဲ သူတို့မြို့တော်မှာ ရှိနေတယ်...
ချီမင်းဆက် တည်ထောင်ချိန်ကစ၍ နှစ်သုံးရာရှိပြီဖြစ်ပြီး မြို့တော်တွင် မျိုးရိုးမြင့် သခင်လေး၊သခင်မလေး အရေအတွက်သည် တစ်နှစ်ထက်တစ်နှစ် တိုးများလာသည်။ သူတို့အားလုံးက အလားအလားရှိကြသည်မဟုတ်ပေ။ အများစုက တစ်နေ့လုံး အပြင်ထွက်ပျော်ပါးနေကြသည်။ သို့သော်လည်း သူတို့သည် ကတ်များကို အမြန်ဆုံးလက်ခံသူများဖြစ်ပြီး အချိန်တိုအတွင်း
လူကြိုက်များလာခဲ့သည်။ အချိန်အတော်ကြာအောင် သူတို့အများစုက လှည့်ပတ်သွားလာမှုကို ရပ်လိုက်ပြီး နေ့တိုင်း ဖဲရိုက်ရန် အိမ်မှာနေကြသည်။
"ကိုယ်တို့ပြန်သွားရင် ဖဲရိုက်ကြရအောင်"
စုတ်တံ၊ မှင်၊ စာရွက်တို့ဖြင့် ပြန်လာရာလမ်းတွင် ကျန်းကျန့်က ကျောက်ကျင်းကောအား ပြောလိုက်သည်။
"ဟင်"
ကျောက်ကျင်းကောက ကျန်းကျန့်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
ကျန်းကျန့်က လျှောက်ပတ်ကစားသူများသည် ၎င်းတို့၏ ရည်မှန်းချက်များ ဆုံးရှုံးမည်ဟု အမြဲပြောသည်မဟုတ်ပါလော။အဘယ်ကြောင့် သူ ဖဲရိုက်ရန်ဆိုလာရသနည်း။မှန်ပေသည်၊ သူကိုယ်တိုင်က ၎င်းကို သိပ်ဝါသနာမပါပေ။
သူသည် ယခုအချိန်တွင် အရာရာတိုင်းတွင် ကျန်းကျန့်နှင့် မယှဉ်နိုင်ဘဲ ဖဲကစားခြင်းထက် တရုတ်စာလုံးများကို သင်ယူကာ လေ့ကျင့်လိုစိတ် ပိုရှိခဲ့သည်။
"အဲဒီအချိန်ကျ ရှုံးတဲ့သူက အဝတ်တစ်ထည် ချွတ်ရမယ်"
ကျန်းကျန့်က ထပ်ပြောလိုက်သည်။
ကျောက်ကျင်းကော၏ မျက်နှာ ရုတ်တရက် နီရဲလာသည်။ 'ဒါဆို ဒီလိုကိုး' ဟု သူ ခံစားရပြန်၏။ကျန်းကျန့်ကက အရမ်းသိက္ခာရှိတဲ့ပုံပေါက်ပေမဲ့ တကယ်တော့ ဟုတ်မနေဘူး... ပြီးတော့ သူ...သူက အဲဒါကိုတောင် တောင့်တလိုက်သေးတယ်...
ကျန်းကျန့် နှင့် ကျောက်ကျင်းကော အိမ်ပြန်ပြီးနောက် ချက်ခြင်း ဖဲမရိုက်နိုင်တော့ပါချေ။ သူတို့အိမ်တံခါးဝမှာရှိနေသော ဖုန်ကျင်းယွမ် နှင့် ဖုန်ချန့်လင် တို့က သူ့တို့ကို တားလိုက်ကြသည်။
အမှန်တွင် ဖုန်ကျင်းယွမ် ကျန်းကျန့်ကိုရှာပြီး တောင်းပန်ချင်နေသည်မှာကြာပြီဖြစ်ပေမဲ့ ဘယ်မှာမှ ရှာမတွေ့ခဲ့ပါချေ။
ကျန်းကျန့်း အကြောင်းစုံစမ်းရန် ဆိပ်ကမ်းသို့သွားကာမှ ကျန်းကျန့် နှင့် ကျန့်ရီ တို့သည် ယန့်ကျီမြစ်တောင်ဘက်မှ ရောက်ရှိလာကြပြီး ကျန့်မိသားစုအိမ်တွင် ခဏတာနေထိုင်ကြောင်းသိရှိရသည်။ သူ့သားကို သင်ခန်းစာတစ်ခုပေးပြီးနောက် ကျန်းကျန့်ကို စတင်ရှာဖွေခဲ့သော်လည်း ထိုနေ့မှသာ ကျန်းကျန့်၏အိမ်ကို တွေ့ရှိခဲ့သည်။ သူ့သားကို သူနှင့် ချက်ချင်းခေါ်သွားခဲ့သည်။ တံခါးခေါက်ပြီးနောက် ကျန်းကျန့်က အိမ်မှာ မရှိဘူးဟု ပြောသည့်အတွက် တံခါးနားမှာ စောင့်နေခဲ့၏။
ကျန်းကျန့်က သူ့ကို နှစ်ကြိမ်ဆက်တိုက် အရူးလုပ်ခဲ့သဖြင့် ဖုန်ချန့်လင်ဤနေရာကို မလာချင်ခဲ့ပေ။သို့ပေမဲ့ သူ့အဖေ၏ အတင်းအကြပ် ခိုင်းစေမှု ခံရပြီးသည့် နောက်မှာ သူရောက်လာပြီး သူ၏ပုတ်ပြဲပြဲမျက်နှာထက်ဝယ် ဖျစ်ညစ်လုပ်ယူထားသည့် အပြုံးတစ်ခုပင်ရှိနေသေးသည်။
သားအဖနှစ်ယောက်လုံးက အတော်လေးဝကြသဖြင့် ကျန်းကျန့်၏အိမ်အဝင်ဝမှာ ဝတုတ်တုတ်လူနှစ်ယောက်က တံခါးစောင့်နတ်ဘုရားနှစ်ပါးလို ပြုံးပြုံးရွှင်ရွှင်နှင့် ရပ်နေကြသည်။
"သခင်ကျန့် တောင်းပန်ပါတယ်... ငါတကယ်စိတ်မကောင်းပါဘူး...ငါ့သားက အရင်က အရမ်းမိုက်မဲပြီး သခင်ကျန့်ကို အကြိမ်များစွာ မရိုမသေ ပြောဆိုခဲ့တယ်...သခင်ကျန့် ငါ သူ့ကို ပြင်ဖို့ ဒီကို ခေါ်လာခဲ့တာပါ"
ဖုန်ကျင်းယွမ်က ပြုံးပြုံးရွှင်ရွှင်နှင့် ပြောပြီး သူ့ဘေးရှိအစေခံ နှစ်ယောက် ကိုင်ထားသည့် အရာတွေကို ညွှန်ပြလိုက်၏။
"ငါတို့ရဲ့ လေးစားသမှု အနည်းငယ်ပါ"
ကျန်းကျန့်က ကျန့်မိသားစုကို အနှောင့်အယှက်မဖြစ်စေရန်အတွက် ကျန့်မိသားစု၏ပွဲသို့သွားရမည်ဖြစ်သည်။သို့ပေမဲ့ ဖုန်မိသားစုက သူ့ကို တောင်းပန်ပြီး လက်ဆောင်တွေ ပို့ပေးလိမ့်မည် သူ မမျှော်လင့်ထားပါချေ။
"သခင်ကျန့်... ဒီတစ်ခါတော့ ငါ့သားရဲ့အမှားပဲမို့ ကျေးဇူးပြုပြီး သဘောထားကြီးးပေးပါ..."
ဖုန်ကျင်ယွမ်က ပြောလိုက်ပြန်ပြီး သူ့ကိုယ်ဟန်အနေအထား အလွန်နိမ့်ချရိုကျိုးနေသည်။
သူက လာတောင်းပန်ခြင်းဖြစ်သည့်အတွက် သဘာဝအတိုင်း ရိုးသားမှု ပြသင့်၏။ထို့အပြင် . . . တောင်းပန်ပြီးနောက် ကျန်းကျန့် နှင့် သိကျွမ်းလာလိမ့်မည်။ ကျန်းကျန့် ထံမှကျန့်မိသားစုအကြောင်း အနည်းငယ် သတင်းရနိုင်သည် . . .
ပထမတုန်းက ဖုန်ကျင်းယွမ်သည် အနှီကျန်းကျန့်က ရှန်းအန်ရှင်းကို လက်ထပ်ချင်သည်ဟု ထင်သည့်အတွက် ရှန်းမိသားစု၏ပိုင်ဆိုင်မှုကို သူသိမ်းပိုက်နိုင်မည်ဟုထင်ခဲ့သည်။ သို့သော်၊ ကျန်းကျန့်က ကျန့်ရီ၏တန်ဖိုးထားခြင်းခံရပြီး ရှန်းအန်ရှင်းနှင့် အဆက်အသွယ် သိပ်မရှိသည်ကို တွေ့ပြီးနောက် သူမှားမှန်း သိလိုက်သည်။
ထိုသို့ဖြစ်ကတည်းက. . . သူ ကျန်းကျန့်နှင့် စကားကောင်းကောင်းပြောခဲ့လျှင် နှစ်ဦးနှစ်ဘက် ဆက်ဆံရေးပင် ထူထောင်နိုင်မည်ပင်။
"ကျုပ်သိပြီ"
ကျန်းကျန့်ကပြောလိုက်၏။
"အဲဒါကို ဂရုစိုက်မနေဘူး"
ဖုန်ကျင်းယွမ် အလွန်ဝမ်းသာသွားသည်။
"သခင်ကျန်း... ငါ ကောင်းကင်ဘုံရနံ့အိမ်မှာ ပွဲလုပ်—"
"ကျုပ် ဒီလက်ဆောင်ကို ယူလိုက်မယ်... ခင်ဗျားနဲ့ ခင်ဗျားရဲ့သားကို နောင်တစ်ချိန်မှာ ကျုပ်နဲ့ လာမရှုပ်သရွေ့ ကျုပ် နှောက်ယှက်မှာ မဟုတ်ဘူး"
ကျန်းကျန့် တစ်ဖက်သား၏ စကားများကိုပိတ်ပြောလိုက်သည်။
လက်ဆောင်တွေက သူ့အိမ်တံခါးကို ပို့ပေးပြီးနေပြီဖြစ်သဖြင့် ကျန်းကျန့် သူတို့ကို လက်ခံရန် ငြင်းမှာမဟုတ်သည်က အသေချာပါပင်။သို့ပေမဲ့ ယခုလိုပွဲမျိုးတွေ ဘာတွေကမူ မေ့ထားလိုက်ခြင်းသာ ကောင်းမည်။
"တစ်ယောက်ယောက် ပစ္စည်းတွေ အထဲရွှေ့လိုက်"
ကျန်းကျန့်က သူ့အိမ်ဘက်သို့ အော်ပြောကာ
"ဟယ်ချွန်းရှန့် ... ဧည့်သည်တွေကို လိုက်ပို့လိုက်"
သူ့လက်အောက်တွင် ထက်မြက်သောလူများစွာမရှိသောကြောင့် ဟယ်ချွန်းရှန့်က ၎င်းတို့ကြားတွင် အတော်အဆင့်မြင့်သည်ဟု ယူဆနိုင်သည်။
ဖုန်ကျင်းယွမ်က ကျန်းကျန့်နှင့် ကြိုးရှည်းရှည်ဆွဲရန် စဉ်းစားနေတုန်းဖြစ်သည်။ သို့သော် ကျန်းကျန့် အလွန်ထက်မြက်ပြီး စကားတစ်ခွန်းမှပင် မပြောဘဲနေမည်ဟု မည်သူထင်မည်နည်း။ သူ ခဏလောက် ကြောင်အသွား၏။
တစ်ချိန်တည်းမှာပင် အချိန်အတော်ကြာအောင် ခေါက်ခဲ့သော်လည်းတုံ့ပြန်မှုမရှိသောအိမ်ကြီး၏ တံခါးသည် ပွင့်လာသည်။ ဒါဇင်နှင့်ချီသည့် လူသန်ကြီးတွေ အိမ်ထဲကနေ ပြေးထွက်လာ၏။
ဖုန်ကျင်းယွမ်၏ နှလုံးဆောင့်ခုန်သွားပြီး မသိစိတ်ဖြင့် နောက်ပြန်ဆုတ်သွားခဲ့သည်။ဖုန်ချန့်လင်ဆိုလျှင် သူ့အဖေနောက်မှာ ပုန်းနေခဲ့၏။
လူများစွာသည် အိမ်ကြီးထဲမှ ချက်ချင်းထွက်လာကြသည်။ ဒီကျန်းကျန့်က လူတွေအများကြီးကို ခေါ်ထုတ်လိုက်တာ၊ သူက သူတို့ကို ရိုက်မှာလား...
"ဘော့စ် ပြန်လာပြီလား"
"ဘော့စ် ငါတို့ ဘာရွှေ့ ရမှာလဲ"
"ဘော့စ်"
. . .
ထိုလူများသည် ကျန်းကျန့် အနီးတဝိုက်တွင် စုရုံးပြီး အဆက်မပြတ် စကားပြောနေကြသည်။
"အဲဒါတွေပဲ"
ကျန်းကျန့်က ဖုန်မိသားစုအစေခံ နှစ်ယောက် ကိုင်ထားသည့် အရာတွေကို ပြလိုက်သည်။
သူပြောပြီးသည်နှင့် လူတစ်ယောက်က
ဖုန့်မိသားစု၏အစေခံများလက်ထဲက ပစ္စည်းတွေကို လုယူသွား၏။
ထိုအချိန်တွင် ဟယ်ချွန်းရှန့်လည်း ထွက်လာသည်။ အကြည့်တစ်ချက်ဖြင့် သူသည် ဖုန်ကျင်းယွမ် နှင့် ဖုန်ချန့်လင်း ကိုတွေ့လိုက်သည်၊ကျန်းကျန့် သူ့ကို ဘယ်သူ့ကိုလိုက်ပို့စေချင်သည်လဲဆိုသည်ကို သဘာဝကျကျ သိလိုက်သည်။
ဟယ်ချွန်းရှန့်က အမှန်တကယ်ပင် ထက်မြက်ပြီး အတော်လေး ထက်မြက်သော်လည်း သူသည် ယခင်က အစေခံအဖြစ် မထမ်းဆောင်ခဲ့ဖူးပေ။ အခြားမိသားစုများ၏ အစေခံများက ၎င်းတို့၏ဧည့်သည်များကို မည်သို့လိုက်ပို့မည်ကို သူမသိခဲ့ပေ။ သူခုနက လေ့ကျင့်နေခြင်းဖြစ်သဖြငွ သူ့အဝတ်အစားတွေက ကြယ်သီးတွေ ဖြုတ်ထား၏။ကြွက်သားများပြည့်နှက်နေသော ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကို လှစ်ဟထားသော အဝတ်အစားဖိုသီဖတ်သီ ဟယ်ချွန်းရှန့်တစ်ယောက် ဖုန်ကျင်းယွမ်တို့သားအဖရှေ့သို့ ရောက်လာပြီးဆိုသည်။
"သခင်ဖုန်နဲ့သခင်လေးဖုန်ကျွန်တော် ခင်ဗျားတို့ကိုလိုက်ပို့ဖို့လာတာပါ"
ဖုန်ကျင်းယွမ်: " ..."
ဒီလူက ကြည့်ရတာ ... မထွက်သွားချင်ရင် ရိုက်တော့မဲ့ပုံပဲ...
စီးပွားရေးမှာ ဘယ်သူက နောက်ကွယ်မှာ အဲ့လူကို ဆဲရေးပြီး အဲဒီလူရဲ့ရှေ့မှာ ပြုံးပြုံးရွှင်ရွှင်နဲ့ မနေလို့လဲ... ဒီလူတွေ ဘာများ မှားနေတာလဲ...
ဖုန်ကျင်းယွမ် ကျန်းကျန့်နှင့် စကားပြောချင်သေးသည်။ သို့သော်လည်း ကျန်းကျန့်က လူတစ်စု ဝိုင်းရံထားလျက် အတွင်းထဲသို့ ဝင်သွားခဲ့သည်။သို့ပေမဲ့ သူ့လူတွေ၏ အသံတွေက လွင့်ပျံ့နေဆဲဖြစ်သည်။
"ဘော့စ် ဒါပဲရှိတာကို...လူနှစ်ယောက် သယ်စရာ မလိုပါဘူးဗျာ"
"ဘော့စ် အဲဒီနှစ်ယောက်က ဘယ်သူတွေ လဲ... လက်ဆောင်ပေးဖို့ ဘာလို့ လာကြတာလဲ"
"သူတို့ ခဏလောက်ကြာအောင်စောင့်နေကြတာ"
. . .
"မသက်ဆိုင်တဲ့လူတွေ"
ကျန်းကျန့်ကပြောလိုက်၏။
ဖုန်ကျင်းယွမ် အဆုံးတွင် သူ့သားကိုခေါ်ပြီး ထွက်သွားရန်သာ တတ်နိုင်သည်။ ခြေလှမ်းအနည်းငယ်ပြီးနောက် သားဖြစ်သူ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး အသားကိုဆွဲလိမ်လိုက်သည်။
"မင်းအရှုံးသမား"
ဖုန်ချန့်လင် အလွန်နာကျင်နေသော်လည်း စကားတစ်ခွန်းမှ မပြောဝံ့ပေ။ထိုအစား သူက စိုးရိမ်တကြီးမေး၏။
"အဖေ...ကျန်းကျန့်က ဘာကိုဆိုလိုတာလဲ"
"သူကမြစ်ပြင်ကရေကို ကောင်းကောင်းထိန်းထားချင်တာ"
ဖုန်ကျင်းယွမ်က ပြောလိုက်သည်။
"မင်းအရင်က သူ့ကို မနှောင့်ယှက်ခဲ့ဘူးဆိုရင် သူက မင်းကို ဂရုပြုဖို့တောင် အနှောက်အယှက်အဖြစ်ခံမှာ မဟုတ်ဘူးကွ"
ဖုန်ချန့်လင် ထိုအချိန်တွင် ဝမ်းနည်းသလို ခံစားနေရသည်။ကျန်းကျန့်ကို သွားစွပြီး သူဘာတွေလုပ်နေတာလဲ။ အဆုံးတွင် သူသည် ၎င်းထံမှ ကောင်းကျိုးတစ်စုံတစ်ရာမှ မရခဲ့ပေ. . .
"သူ ဂရုမစိုက်ပေမဲ့ ကျန့်မိသားစုက ငါတို့ရဲ့ ဝမ်လုံကုန်သည်လုပ်ငန်းစုကို ဆိုးရွားတဲ့ အမြင်ရှိမှာအသေချာတယ်"
ဖုန်ကျင်းယွမ်က မျက်မှောင်ကြုတ်ပြီးဆိုသည်။သူက ကျန်းကျန့်ကို သူ့အတွက် ကောင်းမွန်သည့် စကားတစ်ခွန်းပြောပေးစေချင်ခဲ့ပေမဲ့၊ကြည့်ရသည်မှာ. . .
ဖုန်ကျင်းယွမ်နှင့် ဖုန်ချန့်လင်က စိတ်ဓာတ်ကျကာ ထွက်သွားသော်လည်း ကျန်းကျန့်က သူရရှိသောလက်ဆောင်ကို စစ်ဆေးနေခဲ့သည်။
ဂျင်ဆင်း၊ သမင်ချိုနှင့် ကျန်းကျန့်မသိသော အခြားရှားပါးသော ဆေးဖက်ဝင်ပစ္စည်းများ အပါအဝင် အဖိုးတန်လက်ဆောင် အမျိုးအစားများစွာ ရှိခဲ့သည်။ လက်ဝတ်ရတနာ အမျိုးပေါင်းများစွာနှင့် ရွှေချောင်းဆယ်ချောင်းတို့လည်း ပါသည်။
ဤတောင်းပန်မှုလက်ဆောင်သည် အလွန်လေးနက်သည်ဟု ယူဆနိုင်သည်။
ထိုလက်ဆောင်များကိုကြည့်ရင်း ကျန်းကျန့် မလွှဲမရှောင်သာ စိတ်လှုပ်ရှားသွားခဲ့သည်။ သူ့လက်ထဲမှာရှိသည့် ပစ္စည်းတွေ အကုန်ရောင်းပြီးပြီဖြစ်သဖြင့် သူ့လက်ထဲမှာ ေရွှတထောင်ကျော်ရှိသည်။