အပိုင်း၁၀၇
Viewers 35k

Chapter 107

Chapter 107

ကိုယ်ရံတော်လုပ်ငန်းက သူ့ဘာသာသူ နာမည်ဂုဏ်သတင်းတစ်ခုတည်ဆောက်



ထိုသို့သော အလှလေး နှစ်ယောက်၏ စိုက်ကြည့်နေခြင်းခံရသော ဟယ်ချွန်းရှန့်တစ်ယောက် အလွန် စိတ်မသက်မသာ ဖြစ်လာကာ မပြောမီ ခေတ္တရပ်လိုက်သည်။


"အဲဒါ ငါတို့ဘော့စ်ရဲ့ ဇနီးပဲ"


"ဇနီး"


လျှိုချမ်ချမ် နှင့် ကျောက်လင်ရှီးတို့ နှစ်ယောက်စလုံး သူ့အကြံအစည်ကို လှောင်ပြောင်မိလိုက်ကြသည်။ လူတွေကို လှည့်စားတဲ့နည်းက ဆိုးလွန်းတယ်... အဲဒီလူက ယောက်ျားတစ်ယောက်ဆိုတာ အသိသာကြီးကို...


ခဏ... ဒီကောင် သူ့မျက်ခုံးကြားမှာ အမာရွတ်ရှိတယ်...သူ ...သူတကယ် ကော ဖြစ်ကောင်းဖြစ်နိုင်သလား...


ယခင်က ကျန်းကျန့်က တစ်စုံတစ်ဦးအား သူ့ဇနီးကို အလုပ်အကျွေးပြုဖို့လိုသည်ဟုဆိုကာ သူတို့ကို အထင်သေးခဲ့စ​ဥ်က သူ့ဇနီးက ကောင်းကင်ကဲ့သို့ လှပသည်ဟု သူတို့ထင်ခဲ့ကြသည်။သို့သော်လည်း ထွက်ပေါ်လာခဲ့သည်က... ယောက်ျားတစ်ယောက်နဲ့တူလောက်နီးပါး ရုပ်ဆိုးတဲ့ကောင်ပေါ့လေ...


"ငါတို့ဘော့စ်ရဲ့ဇနီးက အရမ်းမိုက်တာ"


ဟယ်ချွန်းရှန့်က ထပ်လောင်းပြောကြားပြီး ၎င်းတို့နှစ်ဦးက ကျန်းကျန့်ကို စွဲဆောင်နေသည်ကို သိသောကြောင့် ၎င်းတို့၏ အတွေးများကို ဖယ်ရှားပစ်ချင်ခဲ့သည်။


ပြောစရာမလိုအောင်ပင် ကျောက်ကျင်းကောက သူ့ထက်ပင် တော်သေးသည်။ဤအလှလေးနှစ်ယောက်ကို တစ်ချက်ရိုက်ရုံဖြင့်ပင်အမှောက်သိပ်နိုင်လိမ့်မည်ဟု သူ ခန့်မှန်းမိသည်။


ဟယ်ချွန်းရှန့်က အဖြစ်မှန်တွေကို ပြောပြနေပေမဲ့ လျှိုချမ်ချမ်နှင့် ကျောက်လင်ရှီး နှစ်ယောက်စလုံးက တစ်ခုခုကို ကွဲပြားစွာ တွေးနေခဲ့ကြဝည်။


ဒီလူက စွမ်းအားကြီးတယ်...ဆိုလိုတာက သူက အထူးသဖြင့် မနာလိုတတ်တာလား...


သူတို့ ယခုလိုလည်း တွေးမိကြသည်။ သူက ဤမျှ ရုပ်ဆိုးလွန်းလျှင် စွမ်းအားသာမကြီးပါက အိမ်တွင် ကိုယ်လုပ်တော်တသိုက် မည်သို့မျှ မရှိဘဲနေမည်နည်း။


သို့သော် ၎င်းတို့သည် မည်မျှပင် စွမ်းအားကြီးပါစေ၊ကောတစ်ယောက် ဖြစ်ခြင်း၏ အသုံးဝင်မှုသည် အဘယ်နည်း။ အကယ်၍ ယောက်ျားဖြစ်သူက လူတစ်ဦးကို လက်ထပ်ပြီး အိမ်၌ နေရာချပေးလျှင် ထိုသူအား တားဆီးရန် နည်းလမ်းမရှိပေ။



ဆိုလိုသည်မှာ ကျန်းကျန့်မှ ထိုလူအတွက် ခံစားချက်များစွာရှိခဲ့ပြီး ယင်းက သူတို့တွက် ပို၍ဒုက္ခများသည်​။လျှိုချမ်ချမ် နှင့် ကျောက်လင်ရှီးတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နှစ်ယောက်စလုံး၏ တိုက်ခိုက်ရေးစိတ်ဓာတ်ကို မြှင့်တင်လိုက်ကြသည်။


သူတို့၏ယခင်အတွေ့အကြုံသည် ကြီးကျယ်ခမ်းနားသည်မဟုတ်ပေ။ ကောင်းမွန်သောမိသားစုက သူတို့ကို ကိုယ်လုပ်တော်အဖြစ် မယူချင်မှန်း ခန့်မှန်းမိကြသည်။သို့ပေမဲ့ ကျန်းကျန့်က မတူပါချေ။သူက ဆင်းဆင်းရဲရဲနှင့် မွေးဖွားလာခဲ့သည်။ သေချာသည်က သူက ဇနီးဖြစ်သူ၏အတိတ်ကို သိပ်ဂရုမစိုက်ပေ။ပြီးတော့ သူ့မိန်းမကလည်း ရုပ်ရည်မလှဘူး. . .


သူတို့သာ ကျန်းကျန့်နောက်ကိုလိုက်မည်ဆိုလျှင် သူတို့ ကိုယ်လုပ်တော်ဖြစ်နိုင်လောက်သည်။


ကျောက်ကျင်းကော ကျန်းကျန့်၏ ကိုယ်လုပ်တော်ဖြစ်ရန် တစ်စုံတစ်ယောက်က တွေးနေပြီဖြစ်ကြောင်း မသိခဲ့ပေ။ကျန်းကျန့်ဆီက ခဏတာ ပွေ့ဖက်ခံပြီးနောက် ကျန်းကျန့်ကို တွန်းထုတ်လိုက်သည်။


"အဆင်ပြေရဲ့လား"


"အဆင်ပြေပါတယ်... တခြားဘာလုပ်လို့ရမှာလဲ...ကိုယ် မင်းကို အရမ်းလွမ်းနေတာတစ်ခုပဲ"


ကျန်းကျန့်က ကျောက်ကျင်းကော၏လက်ကို အနည်းငယ် ပရောပရီပြုစွာဖြင့် ညှစ်လိုက်သည်။


ကျောက်ကျင်းကောက ခေါင်းငုံ့လိုက်ပြန်ပြီး သူလည်းကျန်းကျန့်၏လက်ကို ညှစ်ရမလားမညစ်ရမလား နည်းနည်းရှုပ်ထွေးသွားသည်။


"ကျင်းကော... ဒီတခေါက် ကိုယ့်မှာ ကောင်းတာတွေ အများကြီးရှိတယ်... လာလာ ကိုယ်နဲ့ လိုက်ကြည့်စမ်းပါ"


ကျောက်ကျင်းကောကို ယခုလိုမြင်သောအခါ ကျန်းကျန့်က ပြောလိုက်၏။


ယခု သူသည် အထူးသဖြင့် ကျောက်ကျင်းကော၏ ရှေ့မှောက်တွင် ဒေါင်းဖိုကြီးတစ်ကောင်လို ဝံ့ကြွားလိုနေပြီး သူမည်မျှ အစွမ်းရှိသည်ကို သိစေလိုသည်။


ကျောက်ကျင်းကော ခေါင်းညိတ်လိုက်သည်။


ကျန်းကျန့်က ကျောက်ကျင်းကောကို ကြိုးလှေခါးကို အရင်တက်ခိုင်းပြီး သူက သူ့နောက်ကနေ လိုက်သွားခဲ့သည်။ သူတက်ပြီးသည်နှင့် ပထမဆုံးတက်ခဲ့သည့် ကျောက်ကျင်းကောက မျက်မှောင်ကြုတ်ပြီး လူနှစ်ယောက်ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။


အဲဒီနှစ်​​ယောက်... သူတို့ကအရင်က တခြားသူတွေကို အလုပ်အကျွေးပြုဖို့ သူတို့ကိုယ်သူတို့ အကြံပြုထားသူတွေ မဟုတ်ဘူးလား...


"မင်းတို့ ဒီမှာဘာရပ်လုပ်နေတာလဲ...ဘာလို့အလုပ်မလုပ်တာလဲ...အလုပ်မလုပ်ရင် စားစရာရမှာမဟုတ်ဘူး"


ကျန်းကျန့်က ပြတ်ပြတ်သားသားပြောသည်။


သူ ပျင်းရိသူများကို ထောက်ပံ့လိမ့်မည်မဟုတ်။


လျှိုချမ်ချမ် နှင့် ကျောက်လင်ရှီးတို့၏အမူအရာမှာ အံ့အားသင့်သွားပြီး လျှိုချမ်ချမ်က ပထမတုံ့ပြန်ခဲ့သည်။ သူမ၏အသံသည် နူးညံ့ချိုသာလာသည်နှင့်အမျှ သူမက ကျန်းကျန့်ကို မျက်စိမှိတ်ပြကာဆိုသည်။


"ဆရာကြီးကျန်း... အလျင်မလိုပါနဲ့...ကျွန်မချက်​ချင်းအလုပ်​သွားလုပ်လိုက်​ပါ့မယ်​နော်"


ကျောက်လင်ရှီးက ထိုစကာစကို ကြားသောအခါ သူက ကျန်းကျန့်ကို ပြုံးပြပြီး ဆွဲဆောင်မှုရှိသော အသံဖြင့်ပြော၏။


"ဆရာကြီး...ကျွန်တော် ချက်ချင်း အလုပ်သွားလုပ်လိုက်ပါ့မယ်"


နှစ်ယောက်သား စကားပြီးသောအခါ ထွက်လာကြပြီး သူတို့၏ပါးလျသော အဝတ်အစားများက လူတိုင်းရှေ့တွင် ၎င်းတို့၏အသွင်သဏ္ဍာန်ကို ပြသနေ ကြသည်။သူတို့၏ ကျောပြင်က အလွန်ဘဆွဲဆောင်မှုရှိ၏။


သူတို့ကို သဘောကျရမည့်အစား ကျန်းကျန့်က မျက်မှောင်ကြုတ်လိုက်၏။ ဒီလူနှစ်ယောက်ပြောခဲ့တဲ့စကားက တစ်ခုခုမှားနေပုံပဲ...


ကျန်းကျန့်က တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရပြီး ကျောက်ကျင်းကောက ပို၍ပင် မှားနေသည်ဟု ခံစားရသည်။


သူတက်လာသည်နှင့် အလွန်ကြည့်ကောင်းသူ နှစ်ယောက်က သူ့ကို လာနှုတ်ဆက်သဖြင့် သူ့ကို မသိစိတ်က နိုးကြားလာပြီး မပျော်မရွှင် ဖြစ်သွားစေသည်။ ထို့နောက် ကျန်းကျန့်က သူတို့ကို အလုပ်လုပ်ခိုင်းလိုက်သောအခါတွင် အနည်းငယ် သက်သာလာခဲ့သည်။


သို့သော်လည်း သူတို့နှစ်ယောက် အလုပ်သွားတော့မည်ဟု ပြောသည့်ပုံစံက လုံးဝမှားယွင်းနေပြီး ကျန်းကျန့်ကိုပင် မျက်စိမှိတ်ပြလိုက်ကြသည်။


ကျောက်ကျင်းကော သူ့စိတ်ထဲတွင် ဒေါသများ ထိုးတက်လာသည်ကိုသာ ခံစားရပြီး သူ အလွန်ကို ချဉ်စူးနေသည်။


"ကျင်းကော... သူတို့ကို ထားလိုက်ပါ"


ကျန်းကျန့်က ပြောလိုက်သည်။

"သူတို့က လေးနက်တဲ့လူမဟုတ်ဘူး... ဒါကြောင့် သူတို့နဲ့ဝေးဝေးနေကြရအောင်"


ကျန်းကျန့်က လျှိုချမ်ချမ် နှင့် ကျောက်လင်ရှီးတို့ကဲ့သို့သော လူများကို ခွဲခြားဆက်ဆံခြင်း မရှိခဲ့ပေ။ အန္တရာယ်အချို့ မလွဲမသွေဖြစ်လာလျှင်ပင် အမျိုးသမီးများနှင့် ကောများက ဤသူတို့နှစ်ဦးကဲ့သို့ ပွင့်လင်းမြင်သာမှုရှိခြင်းကို သူနှစ်သက်သည်။


သို့ပေမဲ့ သူသူတို့ကို မမုန်းဘူးဆိုပေငြား သူ သူတို့နှင့် တစ်ခုခုဆိုင်ချင်သည်ဟု မဆိုလိုပေ။ကျောက်ကျင်းကောကို သူတို့နှင့်ပတ်သက်မှုတစ်ခုခုရှိစေရန်က ဝေးရော့ပင်။


ကျောက်ကျင်းကော သူတို့ ရဲ့ လှည့်ဖြားမှု ခံရရင် ဘာလိုလုပ်မလဲ...


ကျောက်ကျင်းကော ကျန်းကျန့်၏ စကားကိုကြားသောအခါ ပထမဆုံး သက်ပြင်းချမိသော်လည်း နောက်ပိုင်းတွင် သူစိုးရိမ်လာပြန်သည်။


သူတို့ရွာမှာ မုဆိုးမလိုမျိုး အကျင့်ပျက်အမျိုးသမီးတွေလည်း ရှိ၏။ သူမသည် အလွန်ကြည့်ကောင်းသူမဟုတ်သော်လည်း သူမနှင့် ပေါင်းသင်းဆက်ဆံရန် လွယ်ကူသောကြောင့် ရွာရှိ အမျိုးသားများစွာသည် သူမနှင့် ရင်းနှီးကြသည်။


ထိုအမျိုးသားများသည် သူမကို အမှန်တကယ် အထင်သေး မထီမဲ့မြင်ပြုကြပြီး မည်သူမျှ သူမကို လက်မထပ်ချင်ကြသော်လည်း သူမနှင့် အတူအိပ်ချင်နေကြဆဲဖြစ်သည်. . .


မင်းက ပိုဣန္ဒြေသိက္ခါမဲ့လေလေ၊ တခြားသူတွေနှင့် ပေါင်းသင်းရန် ပိုလွယ်လေလေပါပင်။


ရွာကလူတွေက ယောက်ျားတစ်ယောက်က အကြိမ်ကြိမ် လမ်းပျောက်လျှင်ပင် ကိစ္စမရှိ၊သူတို့ နှလုံးသားထဲမှာ ရှိနေသည်က ဇနီးနှင့် မိသားစုဖြစ်နေတုန်းပဲဟုဆိုကြပေမဲ့...ကျန်းကျန့် အခြားသူများနှင့် မှောက်မှားသွားနိုင်သည်ဟု သူထင်နေသမျှ ကာလပတ်လုံး သူ စိတ်မချမ်းသာခဲ့ပေ။


သို့ပေမဲ့ သူ့မှာ ထိုလူနှစ်ယောက်နှင့် နှိုင်းယှဉ်စရာဘာမှမရှိပေ. . . သူတို့က တကယ်ကို ကြည့်ကောင်းကြသည်။ ဒါပေမဲ့ သူကရော. . . သူက ရုပ်ဆိုးရုံသာမက ပိန်းလည်းပိန်းသေးသည်။


အကယ်၍ ထိုလူနှစ်ယောက်က ကျန်းကျန့်ကို သွေးဆောင်လိုလျှင်. . .


ကျောက်ကျင်းကော မသိစိတ်တွင် သိမ်ငယ်မှုအချို့ရှိခဲ့သော်လည်း မကြာမီတွင် သူ၏ တိုက်ခိုက်ရေးစိတ်ဓာတ်က ပြန်လည်မြင့်တက်လာခဲ့သည်။


ကျန်းကျန့်က အနာဂတ်မှာ တခြားတစ်ယောက်ယောက်ကို ချစ်မိသွားရင်တောင်မှ သူက အဆုံးမသတ်သေးဘဲ ကျန်းကျန့်နှင့် အတူရှိနေရန် ဆန္ဒရှိနေဆဲဖြစ်သည်။သူ အပြင်က ဒီမှင်စာတွေကို ကျန်းကျန့်နဲ့ငြိခွင့်မပေးနိုင်ဘူး...


အကြိမ်အနည်းငယ်လေးပဲ ဆိုရင်တောင်မှဘဲ...


ကျောက်ကျင်းကောမှာ တွေးစရာတွေ အများကြီးရှိခဲ့ပြီး တစ်နည်းနည်းနှင့် မအိမသာဖြစ်နေသည်ကို မေ့သွားခဲ့၏။


"ကျန်းကျန့်...သူတို့နှစ်ယောက်က ဘာဖြစ်နေတာလဲ"


ကျောက်ကျင်းကော သူ၏ မနာလိုစိတ်ကို ဖိနှိပ်ရန် ကြိုးစားပြီး ကျန်းကျန့်ထံမှ ရန်သူ၏ အခြေအနေကို နားလည်ရန် ကြိုးစားခဲ့သည်။


"ကိုယ် သူတို့ကို ပင်လယ်ဓားပြရွာကနေ ကယ်ထားတာ... ဒါပေမဲ့ အသေးစိတ်တော့ ကိုယ် မသိပါဘူး"

ကျန်းကျန့်က ပြောပြီးနောက် ကျောက်ကျင်းကောအား အဖြစ်အပျက်ကို စတင်ပြောပြခဲ့သည်။


ကျောက်ကျင်းကောက သေသေချာချာ နားထောင်သည်။ နားထောင်ပြီးနောက် သူက ရုတ်တရက်ပြောလိုက်သည်။

"ကျွန်တော်က အရမ်းသန်တာ... ဆန်အိတ်ကြီးတစ်လုံးကို ချက်ချင်း လွယ်လွယ်ကူကူ မနိုင်တယ်"


နောက်ဆုံးတွင် သူ့မှာ ထိုနှစ်ယောက်နှင့် နှိုင်းယှဉ်ရန် တစ်ခုခုရှိနေပြီဖြစ်သည်. . .


ကျောက်ကျင်းကောက တခြားသူတွေနဲ့ ပြိုင်ချင်တာလား...

ကျန်းကျန့်က ရယ်ပြီး ကျောက်ကျင်းကော၏ လက်ကို ထပ်မံ ဖျစ်ညှစ်လိုက်သည်။


"ဒါပေမဲ့ ကိုယ်က မင်းကိုဆန်အိတ်မရွှေ့ခိုင်းရက်ပါဘူး"


လေ့ကျင့်ခြင်းက လေ့ကျင့်ခြင်းဖြစ်သော်လည်း ကျောက်ကျင်းကော ပစ္စည်းများကို သယ်ခိုင်းခြင်းကို . . .သူ့ကို ခွင့်မပြုနိုင်ပေ။


တခြားတစ်ယောက်ယောက်က သူ့အတွက်လုပ်ပေးပြီး သူတောင် မလုပ်ချင်တဲ့ဟာကို ဘယ်လိုလုပ်ပြီး ကျောက်ကျင်းကောကို လုပ်ခိုင်းလို့ဖြစ်ပါ့မလဲ...


"ပစ္စည်းနည်းနည်းကိုရွှေ့တာက ဘာမှမဟုတ်ပါဘူး"

ကျောက်ကျင်းကောကပြော၏။


"မင်းက လိုလေသေးမရှိပြုစုစောင့်ရှောက်ခံရသင့်တဲ့လူပါကွာ"


ကျန်းကျန့်က ပြောလိုက်သည်။

"ကောင်းပြီ...ကျင်းကော ကိုယ် မင်းအတွက် ကောင်လေးတစ်ယောက်ရှာခဲ့တယ်"


ကျန်းကျန့်က ယခုလိုပြောပြီးနောက် သူ့လူတွေကို ထမင်းချက်သားအမိကို ခေါ်ခိုင်းလိုက်၏။


သားအမိနှစ်ယောက်သည် သူတို့ကိုယ်သူတို့ ဆေးကြောသန့်စင်ပြီး အဝတ်သန့်သန့်ကို ၀တ်ဆင်ထားပြီးဖြစ်သော်လည်း အနည်းငယ် အနေကြပ်နေကြသည်။


"ဒီကောင်လေးက အခုကစပြီး မင်းနောက်ကို လိုက်လိမ့်မယ်... မင်းခိုင်းချင်တာကို ခိုင်း... ဒီအမျိုးသမီးက ထမင်းချက်...မင်းစားချင်သမျှ ချက်ပြုတ်ခိုင်းလို့ရတယ်"


ကျန်းကျန့်က ဆိုလိုက်သည်။


"ကျွန်တော့်ကို ပြုစုဖို့ တခြားဘယ်သူမှ မလိုအပ်ဘူး...ပြီးတော့ကျွန်တော့်မှာ လုပ်စရာအလုပ်လည်းမရှိဘူး...တစ်စုံတစ်ယောက်ကို ငှားဖို့ ဘာကြောင့် ပိုက်ဆံသုံးရမှာလဲ"


ကျောက်ကျင်းကော အလုပ်များနေချိန်၌ပင် သူ့မှာ လက်ခြေတွေပါသာကြောင့် သူ့ကိုပြုစုရန် ဘယ်သူ့ကိုမှ မလိုအပ်ပါချေ။


နောက်ပြီး ကောင်လေးနဲ့ ထမင်းချက် . . .ကျန်းကျန့်က သူ့ကို ပြုစုဖို့ တစ်ယောက်ယောက်ကို ငှားချင်နေတာ စောစောက သူ အန်နေတာကြောင့်လား. . .


ကျောက်ကျင်းကောသည် ယခုရှက်ရွံ့နေရုံသာမက သူက အတော်လေး အသုံးမကျဟူသည့် အပြစ်ရှိစိတ်အနည်းငယ်ကိုလည်း ခံစားခဲ့ရသည်။


"ဆရာ...ဆရာကတော်..."


ထမင်းချက်က ကျောက်ကျင်းကောကို တိုးလျှိုတောင်းပန်စွာ ကြည့်လိုက်သည်။ သူမ၏ခင်ပွန်းသည် ပင်လယ်ဓားပြများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး သူမ၏သားတစ်ဦး သေဆုံးခဲ့သည်။ကျောက်ကျင်းကောသာ သူမတို့ကို သူ့ကို ဂရုမစိုက်စေချင်လျှင်. . . သည်​ကနေ ဘယ်ကိုသွားလို့ရမှန်းပင် မသိတော့ပါချေ။


ကျောက်ကျင်းကော ဤထမင်းချက်၏ တောင်းပန်စကားကြောင့် အဆင်မပြေ ဖြစ်လာသည်။ကျန်းကျန့်က သူ့အခြေအနေကို သတိပြုမိပြီး သူ့ပခုံးပေါ် လက်တင်ကာ ထမင်းချက်အားပြောလိုက်၏။


"ငါ မင်းကို အလုပ်ခန့်လိုက်ပြီ... ငါ့မိန်းမကို ဂရုစိုက်ဖို့အတွက်... ဟုတ်တယ် မီးဖိုခန်းသွားပြီး စားစရာတစ်ခုခုလုပ်...ဆီလည်းမများစေနဲ့၊အသားလည်းမပါစေနဲ့... ဒီရက်ပိုင်း ငါ့မိန်းမရဲ့ စားချင်စိတ်က သိပ်မကောင်းဘူး"


ထမင်းချက်က စိတ်သက်သာရာရသွားပြီး အကြိမ်ကြိမ် ခေါင်းညိတ်လိုက်ချိန်မှာကျန်းကျန့်က ကျောက်ကျင်းကောကို သူတို့အခန်းထဲပြန်ခေါ်လာလိုက်သည်။


"ကျွန်တော့်ကို ပြုစုဖို့ သူ့ကို တကယ်မလိုအပ်ဘူး...ဒီလိုလုပ်ရင်ရော ... ကျွန်​​တော်​တို့ သူ့ကို အလုပ်​တစ်​ခုနဲ့ မိတ်​ဆက်​​ပေးလိုက်မယ်လေ"

ကျောက်ကျင်းကော ပြောလိုက်ပြီးနောက် အနည်းငယ် စိုးရိမ်လာပြန်သည်။


"လူတွေ အများကြီးပဲ...အနာဂတ်မှာ သူတို့နဲ့ ကျွန်တော်တို့ ဘာလုပ်နိုင်မှာလဲ"


ကျန်းကျန့်က လူပေါင်း သုံးရာနီးပါးကို ကယ်တင်ခဲ့သည်ဟု ဆို၏။ထို့ကြောင့် လူတော်တော်များများက တစ်နေ့စာအတွက်တင် အစားအသောက် အများကြီး လိုအပ်မှာ မဟုတ်လား... ကျောက်ကျင်းကော သူတို့မှာ ပိုက်ဆံအလုံအလောက်မရှိသလို ရုတ်တရတ်ခံစားလိုက်ရ၏။


"ကျင်းကာ ဒါတွေအားလုံးကိုကြည့်"


ကျန်းကျန့်က အခန်းတွင်းရှိ သေတ္တာကို ရုတ်တရက်ဖွင့်လိုက်သည်။


ငွေထုပ်ကြီးကြီးငယ်ငယ်များကို သေတ္တာထဲတွင် စုပုံထားသည်။


"ဒီပင်လယ်ဓားပြအုပ်စုမှာ ငွေအမြောက်အမြားမရှိပေမဲ့ သူတို့မှာ ငွေငါးသောင်းလောက်ကျန်သေးတယ်...ပြီးတော့ ပိုတန်ဖိုးကြီးတဲ့ပစ္စည်းတွေလည်း ရှိသေးတယ်"


ပင်လယ်ဓားပြခေါင်းဆောင်က ပင်လယ်ဓားပြအဖွဲ့ အသီးသီးကို ပေါင်းစည်းလိုက်သောအခါတွင် သူက သူတို့လက်ထဲရှိ ငွေများကိုပါ သိမ်းဆည်းခဲ့ပြီး ဤနည်းဖြင့် ငွေများစွာ စုမိခဲ့သည်။


အမှန်တွင် ငွေငါးသောင်း. . . ထက်ပိုလောက်ပေမဲ့ ကျောက်ကျင်းကော ထိတ်လန့်မှုနည်းအောင် ထိုသို့ပြောလိုက်ခြင်းဖြစ်၏။


သို့သော်လည်း အမှန်တကယ်တွင် ထိုမျှမကသေးချိန်မှာ ဤငွေပမာဏသည် ကျောက်ကျင်းကောအတွက် အလွန်များလွန်းနေပြီဖြစ်သည်။ကျန့်ရီ၏ ပင်မသင်္ဘောတွင် ကျန့်သခင်မကို ခန်းဝင်ပစ္စည်းအဖြစ် ပေးလိုသော ကုတင်တစ်လုံးရှိပြီး ထိုကုတင်တစ်ခုတည်းမှာ ငွေသောင်းချီတန်သည်။


ငွေငါးသောင်း. . . ကျောက်ကျင်းကော အံ့အားသင့်မှုကြောင့်မှင်တက်သွားသည်။


တစ်ချိန်က သူ့ပိုင်ဆိုင်မှုရှိရှိသမျှအားလုံးသည် ငွေငါးရာအောက်သာ တန်ဖိုးရှိပြီး ယခု. . . သူ့မှာ ငွေငါးသောင်းရှိနေပြီဲတဲ့လား။


ကျောက်ကျင်းကော စကားမပြောနိုင်ဘဲ ကုတင်ဘေးတွင် ထိုင်ကာ မိန်းမောနေခဲ့သည်။


သူမိန်းမောနေတာလား...


ကျန်းကျန့် ကျောက်ကျင်းကော၏ မေးစေ့ကို ဖမ်းကိုင်ကာ အကြိမ်ပေါင်းများစွာ နမ်းလိုက်သည်။ကျောက်ကျင်းကောက မတုံ့ပြန်သေးကြောင်း တွေ့ရှိပြီးနောက် ကျောက်ကျင်းကော၏ ဘောင်းဘီကို ဖြည်ရန် လုပ်ဆောင်ခဲ့သည်။

ဤအချိန်တွင် ကျောက်ကျင်းကော နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး ရှက်လည်းရှက် ဒေါသလည်းထွက်ကာ သူ့ခါးပတ်ကို လှမ်းဆွဲလိုက်သည်။


ကျန်းကျန့်က ရယ်ပြီး ကျောက်ကျင်းကောကို လွှတ်လိုက်ကာပြောလိုက်သည်။

"ကျင်းကော လာ...သခင်လေးကျန့်ကို သွားကြည့်ရအောင်"


သင်္ဘောရပ်သွားပြီးဖြစ်ပြီး ကျန့်ရီအား သတင်းပို့ရန် လိုအပ်သည်။


ကျန်းကျန့် အနည်းငယ် မှင်တက်နေသောကျောက်ကျင်းကောနှင့်အတူ ကျန့်ရီကို သွားတွေ့သည်။ကျန့်ရီကို ဤကိစ္စကို ပြောပြပြီး ပြောလိုက်သည်။


"သခင်လေးကျန့်... ပင်လယ်ဓားပြတွေဆီက ပိုက်ဆံတွေကို ကျုပ်ယူခဲ့တယ်...အဲဒါ အကုန်သခင်လေးကျန့်ကျေးဇူးကြောင့်ပါ... ဒီသင်္ဘောတွေနဲ့ သင်္ဘောပေါ်ပါတဲ့လူတွေ ရှိနေသေးပါတယ်...သခင်လေးကျန့် အဲဒါကိုယူလို့ရပါတယ်"


သင်္ဘောများနှင့် ကုန်ပစ္စည်းများသည် တန်ဖိုးအရှိဆုံးဖြစ်ပြီး ယင်းကို ကျန့်ရီ နားလည်ရန် မခက်ခဲပေ။


သူ့မှာ အားကိုးစရာနေရာတွေ အများကြီးရှိပါသေးသည်။ ယခုတစ်ကြိမ်တွင် သူသည် ကျန့်ရီ၏ဝန်ထမ်းတစ်ဦးသာဖြစ်သည်။


ကျန်းကျန့်က ထိုသို့ပြောပေမဲ့ ကျန့်ရီက က သဘောမတူပေ။


"ကျန်းကျန့်... ဒီတစ်ခေါက် ခင်ဗျားကြောင့်သာမဟုတ်ရင် ပစ္စည်းတွေရဖို့နေနေသာသာ ကျွန်တာ့်အသက်တောင် ဆုံးရှုံးသွားနိုင်တယ်...ခင်ဗျားရဲ့ပစ္စည်းတွေကို ဘယ်လိုလုပ်ယူလို့ရမလဲ...ခင်ဗျားရဲ့ရေယာဥ်စုက ကျွန်တော့် ရေယာဉ်စုနောက်ကို လိုက်လိမ့်မယ်... မြို့တော်မှာ ကုန်ပစ္စည်းတွေ ရောင်းတဲ့အခါ တခြားပစ္စည်းတွေကို ဝယ်ပြီး ယန့်ကျီမြစ်တောင်ဘက်ဆီ ပြန်ပို့နိုင်တယ်”


ကျန့်ရီ ပြောပြီးသောအခါ ကျန်းကျန့်မှာ ပြောစရာရှိပုံပေါ်သဖြင့် သူက ချက်ချင်းပင် ထပ်ပြောလိုက်၏။


"ကျန်းကျန့်...ကျွန်တော် ခင်ဗျားကို ထပ်ပြောမယ်...ခင်ဗျားရဲ့တန်ဖိုးကို မြင်လို့သာ ကျွန်တော်က အဲဒီလို လုပ်ခဲ့တာ... နောင်မှာလည်း ပူးပေါင်းဆောင်ရွက် နိုင်မှာပါ”


ကျန့်ရီက ချမ်းသာပေငြား ပိုက်ဆံပိုရသည်ကို စိတ်၀င်စားပေသည်။မှန်ပေသည်၊ သူလည်း ဤပစ္စည်းတွေကို လိုချင်၏။


သို့ပေမဲ့ ကျန်းကျန့်၏တန်ဖိုးက ထိုပစ္စည်းတွေထက် ပိုများသည်။