Chapter 200
လျှိုရီလိန်မှာ တစ်ခဏကြာမှ သတိပြန်ကပ်လာကာ သူ့အမေကို ချက်ခြင်း ဖုန်းဆက်လိုက်သည်။
"မား အန်ကယ်ရှောင်ကို ရှောင်ကျားရှု ဂေးနေတာဆိုတဲ့ သတင်းကိုပဲ ပြောဖို့ ကျွန်တော် ပြောထားတယ်လေ ဟိုသတင်းတွေ မထည့်ဖို့ ပြောထားသားနဲ့ ဘာလို့ အပိုတွေ လုပ်ခဲ့တာလဲ ရှောင်ကျားရှုတို့ သားအမိက မားနဲ့ အန်ကယ်ရှောင်အကြောင်း သိသွားကြပြီထင်တယ် ..."
ချန်းမန်နီက ဂရုမစိုက်စွာ ပြုံးလိုက်သည်။
"သိတော့ရော ဘာဖြစ်လဲ သူတို့ဆက်ဆံရေး လုံးဝ ပျက်စီးသွားလို့သာ မဟုတ်ရင် ရှောင်ချီကျဲက ကွာရှင်းမှာတဲ့လား ငါသာ အခု သူမကို မကိုင်တွယ်ရင် ဘယ်အချိန်အထိ စောင့်နေရမှာလဲ မပူနဲ့ ရှောင်မိသားစုက သူမကိစ္စကို လုံးဝ ဂရုစိုက်မှာ မဟုတ်ဘူး ..."
ရွှယ်မြောင်ကြောင့်သာ မဟုတ်ပါလျှင် သူမသည် ဟိုးယခင်ကတည်းက ရှောင်ချီကျဲနှင့် လက်ထပ်နိုင်ခဲ့မည်ဖြစ်သည်။ ရွှယ်မြောင်ကို နှစ် ၂၀ ကျော် မုန်းတီးခဲ့ရာ အခွင့်အရေး ရသည်နှင့် တစ်ပြိုင်နက် သူမကို နင်းခြေရန် မစောင့်ဆိုင်းနိုင်တော့။ ကျိမြန်နှင့် ရှောင်ကျားရှု၏ သတင်းကို မီဒီယာများထံ ရောင်းလိုခဲ့သော်ငြား အသေအချာ စဉ်းစားပြီးနောက် ထိုအကြံကို လက်လျော့လိုက်သည်။ ရှောင်ကျားရှုမှာ ရွှယ်မြောင်နှင့်မတူ။ ရှောင်မိသားစု၏ မြေးဖြစ်ရာ သူ့ကို စွန့်ပစ်မစွန့်ပစ်သည် လူအိုကြီးရှောင်၏ ဆုံးဖြတ်ချက်အပေါ် မူတည်နေပေသည်။ အကယ်၍ သူ့မကောင်းသတင်း ထွက်ခဲ့ပါလျှင် သေချာပေါက် ဖိနှိပ်ကာ အရင်းအမြစ်ကိုသာလျှင် တိတိကျကျ လိုက်စုံစမ်းကြမည်ဖြစ်သည်။
ရှောင်မိသားစုသည် ကောလဟာလများ၊ အပြင်သူတို့၏ ဝေဖန်ချက်များကို သည်းမခံနိုင်။ ထိုကဲ့သိူ့သော မိသားစုကြီးများမှာ သန်မာသည့် အမွေအနှစ်များ ပိုင်ဆိုင်ထားဆဲဖြစ်ရာ မျိုးဆက်နှင့် ပတ်သက်၍ လွန်စွာ အရေးထားသည့်အတွက် ဤဖြစ်ရပ်မျိုးကို ခွင့်ပြုမည် မဟုတ်ချေ။ ထို့အပြင် လျှိုရီလိန်နှင့် ရှောင်ကျားရှုတို့မှာ တစ်ကားတည်း သရုပ်ဆောင်ရရာ ပြိုင်ဘက်ဆက်ဆံရေးဟု သုံး၍ ရပေသည်။ ချန်းထျန်ကြောင့် နောက်တစ်ကြိမ် ပေါ်သွားခဲ့ပါလျှင် မည်သူ့လက်ချက်မှန်း လူအိုကြီးရှောင် မသိနိုင်စရာမရှိ။ ရှောင်မိသားစုထဲသိူ့ပင် မဝင်ရောက်ရသေးရာ ရှောင်မိသားစု၏ သားစဉ်မြေးဆက်ကိုမထိပါးရဲသလို မိသားစု ဂုဏ်သိက္ခာ ကျဆင်းအောင်လည်း မကြံစည်ရဲချေ။
ထို့အပြင် သူမသည် ရွှယ်မြောင်နှင့် မတူညီ။ နိုင်ငံတကာ အသိအမှတ်ပြု အနုပညာရှင်တစ်ယောက် အနေဖြင့် ကျော်ကြားမှုရော ဂုဏ်ဒြပ်ကိုပါ ပိုင်ဆိုင်ထားပြီး ရှောင်ချီကျဲနှင့် သင့်လျော်သည်ဟု ယူဆနိုင်သည့်အတွက် ရှောင်မိသားစုထဲ လက်ထပ်ကာ ဝင်ရောက်နိုင်ချေ များပေသည်။ ရွှယ်မြောင်မှာမူ အဆင့်နိမ့် ရုပ်ရှင်မင်းသမီးတစ်ယောက်မျှသာ ဖြစ်ပေသညိ။
"ဒါပေမယ့် ရှောင်တင်းပန်းက အတိတ်အကြောင်း မစုံစမ်းဘဲ နေမလား သူသာ သိသွားရင် သွားပြီပဲ ..."
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ သူက ရွှယ်မြောင်နဲ့ ရှောင်ကျားရှုကို ဒီလောက်ကြီး မုန်းနေတဲ့ဟာ သူတို့စကားကို ယုံမှာတဲ့လား ရွှယ်မြောင်က သူ့အမေကို သတ်ခဲ့တဲ့ တရားခံလေ ..."
"အိုး ကိုယ့်ကိုယ်ကို နှစ် ၂၀ ကျော်လောက် အယုံသွင်းလာတော့ ရွှယ်မြောင်ကို တကယ်ကြီး တတိယလူလို့ ထင်နေပြီပေါ့ ..."
လျှိုရီလိန်က ဒေါသတကြီး ပြုံးလိုက်သည်။
ချန်းမန်နီမှာလည်း ပြာယာခတ်သွားသော်ငြား မကြာမီမှာပင် တည်ငြိမ်သွားတော့သည်။
"သားလေး ပူမနေနဲ့ မင်းအန်ကယ်ရှောင်နဲ့ မားက ကောင်းကောင်းကြီး ဖုံးကွယ်ခဲ့တာ နိုင်ငံခြားမှာပဲ တွေ့ကြတာဆိုတော့ ဘယ်သူမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး တကယ်လို့ စုံစမ်းချင်တယ်ပဲထား နိုင်ငံခြားအထိ သွားပြီး သက်သေလိုက်ရှာနိုင်မှာလား ကိစ္စမရှိပါဘူး ဒီအကြောင်း တွေးမနေနဲ့ ..."
"ဘယ်လိုလုပ် မတွေးဘဲ နေနိုင်မှာလဲ ရှောင်တင်းပန်းက ရှောင်ကျားရှုကို ဘယ်လောက် အလေးထားသလဲ မားမသိဘဲနဲ့ ..."
လျှိုရီလိန်မှာ သူမနှင့် ပြောရမည်ကိုပင် ပျင်းရိသွားဟန်၊ ဖုန်းကိုသာ ချလိုက်တော့သာ်။ ရှောင်တင်းပန်းက ရှောင်ကျားရှုကို ဂရုမစိုက်၍ နိုင်ငံခြားတွင် ဆယ်နှစ်ကျော် ထားခဲ့သည်ဟု ထင်ခဲ့သော်ငြား သုံးလေးမိနစ်ခန့် ပွေ့ဖက်ထားသည့်တိုင် လွှတ်ချင်ဟန် မပေါ်သေးပုံကို တွေ့လိုက်ရသည့်အခါ သူ့မှန်းဆချက်အားလုံးကို လက်လွှတ်လိုက်တော့၏။
ရှောင်တင်းပန်းက ရှောင်ကျားရှုဘက် ရပ်တည်ကာ ပို့စ်ပေါင်းများစွာ တင်ပေးခဲ့ခြင်းမှာ ရှောင်မိသားစု၏ မျက်နှာကြောင့် မဟုတ်၊ သူ့ညီကို ချစ်ခင်ဂရုစိုက်၍သာ ဖြစ်ပေသည်။ သို့မဟုတ်ပါလျှင် ဤမျှ တွန့်ဆုတ်သည့် အမူအယာမျိုး ပြမည်မဟုတ်၊ ကျိမြန်ကိုလည်း အလျော့ပေးမည် မဟုတ်ချေ။ ရှောင်ကျားရှုကို မချစ်ပါလျှင် သူ့ပျော်ရွှင်မှုကို အလေးမထားပါလျှင် ရှောင်တင်းပန်းသည် ထုံးတမ်းစဉ်လာနှင့် ဆန့်ကျင်သည့် ယောက်ျားနှစ်ဦး ချစ်ကြိုက်ခြင်းအား လက်ခံပေးမည် မဟုတ်ချေ။
လျှိုရီလိန်မှာ တွေးလေလေ ပိုပူပန်လာကာ ကိစ္စရပ်များအားလုံး လွယ်လွယ်နှင့် အပြီးသတ်နိုင်မည် မဟုတ်ဟု ခံစားလာရတော့သည်။ ဖုန်းကို ဖွင့်ကြည့်လိုက်သည့်အခါ သူ့အမေ ငှားထားသည့် ရေတပ်များက အကွက်ကျကျ လှုပ်ရှားနေကြသည့်အပြင် ရွှယ်မြောင်နှင့် ရှောင်ကျားရှုကို တွေ့ရန် ညတွင်းချင်းပင် စတူဒီယိုသို့ ရှောင်သားအဖ ရောက်လာကြောင်း သတင်းဖြန့်ကြသူများလည်း တစ်စထက်တစ်စ များပြားလာတော့သည်။
လူချမ်းသာမိသားစု၏ အတင်းအဖျင်းကို စိတ်
စိတ်မဝင်စားသူဟူ၍ မရှိ။ <<နာမည်ကြီး သရုပ်ဆောင် မင်းသမီးတစ်ယောက်က လူတွေကို ခိုးပြီး အိမ်က ထွက်သွားရပြီ>> <<အိမ်ထောင်ကျပြီးမှ ဖောက်ပြန်ပြီး ရလာတဲ့ကလေး>> အစရှိသည့် သတင်းခေါင်းစဉ်များမှာ ပရိသတ်၏ အကြိုက်နှင့် တစ်ထပ်တည်းပင်။ လူချမ်းသာများအပေါ် သူတို့၏ မုန်းတီးစိတ်ကို ထွက်ပေါက်ပေးရန် အလို့ငှာ အသေးစိတ်ကျကျ တူးဆွလာကြတော့သည်။
ချန်းမန်နီ၏ မူလရည်ရွယ်ချက်မှာ ရှောင်ကျားရှုနှင့် ရွှယ်မြောင်ကို အလဲထိုးရန်သာ ဖြစ်သော်ငြား ယခုမူ အခြေအနေမှာ လုံးဝ အထိန်းအကွပ် မဲ့သွားတော့သည်။ လူတိုင်းက ဤအဖြစ်အပျက်ကို များစွာ စိတ်ဝင်စားနေကာ သတင်းအတိုအစ တစ်ပုဒ်ကပင်လျှင် နာမည်ကြီးလာပြီး ပြည်တွင်းသတင်းနှင့် နိုင်ငံတကာ သတင်းဌာန အကြီးစားများကပင်လျှင် ဤဖြစ်ရပ်ကို ထုတ်ဖော်ပြသလာရတော့သည်။ ရွှယ်မြောင်နှင့် ရှောင်ကျားရှုတို့သည် တစ်ချက်တည်းဖြင့်ပင် အများ၏ အာရုံစိုက်မှုကို ရရှိကာ တံတွေးခွက်တွင် ပက်လက်မျောရတော့မည့် အနေအထားသို့ ရောက်လာတော့၏။
လျှိုရီလိန်က နောက်ဆုံးရသတင်းကို ဖွင့်လိုက်သည့်အခါ ရှောင်ကျားရှုနှင့် ရွှယ်မြောင်ကို ဆဲဆိုတိုက်ခိုကိနေသည့် မှတ်ချက်များအား တွေ့ရသော်ငြား လုံးဝ မပျော်ရွှင်မိ။ ထိုအစား တစ်ဖြည်းဖြည်းပင် ကြောက်ရွံ့လာမိတော့သည်။
အခြေအနေတွေသာ ပြောင်းပြန်ဖြစ်သွားရင် လူထုရဲ့ ဒေါသက ဘယ်လောက်အထိတောင် အားကောင်း ...
ခေါင်းကိုသာ ယမ်းလိုက်ကာ ဖြစ်လာမည့် အကျိုးဆက်ကို လုံးဝ မတွေးရဲတော့ချေ။
အရှိန်တင်ထားသည့် ကားထဲတွင် ရှောင်တင်းပန်းက နက်ရှိုင်းသည့် အသံဖြင့် ပြောလိုက်သည်။
"ချန်းမန်နီကိစ္စကို ကျွန်တော်နဲ့အဖိုး ကိုင်တွယ်လိုက်မယ် အဖေက ကိုယ့်ဘာသာကိူယ်ပဲ ဂရုစိုက် ..."
"သူတို့ကို ဂရုမစိုက်ဘူး ..."
ရှောင်ချီကျဲ၏ အသံမှာ ဖရိုဖရဲဖြစ်နေဟန်။
" ဒီတစ်ခေါက် မြောင်မြောင်နဲ့ ရှောင်ကျားရှုကို ရွေးတယ် ..."
သူမှားသွားတာ အစောကြီးကတည်းက ချန်းမန်နီကို ချွေးသိပ်ဖို့ သူလုပ်ချင်တာ လုပ်ခွင့်ပြုရမယ့်အစား သူတို့ကို ကာကွယ်ဖို့ပဲ ရွေးခဲ့သင့်တာ ဒါပေမယ့် မြောင်မြောင်က မိန်းမသေလို့ ဝမ်းနည်းနေတဲ့ ယောကျာ်းကိုပဲ ချစ်သနားခဲ့မိတာလေ ရှောင်ချီကျဲအစစ်ကိုမှ မဟုတ်တာ ဘယ်လိုဖြစ်ပြီး သူ့မျက်နှာအစစ်အမှန်ကို ပြရဲမှာလဲ ဒီနှစ်ပိုင်းတွေထဲမှာ မြောင်မြောင် သဘောကျတဲ့ ပုံစံကိုပဲ သရုပ်ဆောင်ခဲ့ပေမယ့် ဘယ်အချိန် ပေါ်သွားမလဲဆိုပြီး ရင်တမမ ဖြစ်နေခဲ့ရတာ သူနဲ့ တင်းပန်းက အရမ်းတူပေမယ့် ဘာလို့ သူမှာကျ သရုပ်ဆောင်တတ်တဲ့ အရည်အချင်း ပါမလာရတာလဲ ချန်းမန်နီက သူ့အတွက်တော့ ဆူးတစ်ချောင်းလိုပဲ နှုတ်ပစ်ချင်ပေမယ့် တစ်ဖက်လူက သက်သေတွေ အများကြီး ကိုင်ထားလို့ နှုတ်မပစ်နိုင်ဘူး သူမကိုသာ ဖယ်ရှားလိုက်ရင် သူမက မြောင်မြောင်ကို တစ်ခုခု ပြောလိုက်မလား မသိနိုင်ဘူးလေ ...
သူ ဘယ်လောက်အထိ ပင်ပန်းခဲ့လဲ ဘယ်သူမှ သိမှာ မဟုတ်ဘူး ပြီးတော့ ဒီပင်ပန်းမှုက ရှောင်ရှု ပြန်ပေးဆွဲခံရတဲ့အချိန်မှာ အမြင့်ဆုံး ဖြစ်သွားခဲ့တယ် အဲဒီ့အချိန်က ချန်းမန်နီရဲ့ ဂီတဖျော်ဖြေပွဲကို တက်ခဲ့လို့ ဖုန်းကို အသံပိတ်ထားတာ မြောင်မြောင်ကို ရှောင်မိသားစုက လက်မခံတော့ သူမမှာ စကားပြောခွင့် သေးသေးလေးတောင် မရှိခဲ့ဘူး ပြန်ပေးသမားက သန်းတစ်ရာ တောင်းတဲ့အခါမှာ သူမရဲ့ ခင်ပွန်းကိုလည်း ရှာမတွေ့၊ လင်ပါသားကိုလည်း ရှာမရ၊ နောက်ဆုံး အိမ်ဟောင်းကိုပြေးပြီး အကူအညီ တောင်းခဲ့ရတယ်
ဒါပေမယ့် လူအိုကြီး မပြောရသေးခင်မှာပဲ သူ့ညီက ပြဿနာ ရှာလာတယ် အိမ်ဟောင်းမှာ ဒီလောက် ငွေသားအများကြီး လက်ထဲ မထားတတိတော့ တစ်ခြားအိမ်တွေကနေ ချေး ဒါမှမဟုတ် ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုကို ရောင်းရမှာ ဆုံးရှုံးမှုကို ဘယ်သူ တာဝန်ယူမှာလဲ ဆိုပြီးတော့ ဒီအငြင်းပွားမှုက နာရီတွေ အများကြီး ကြာခဲ့တော့ ပြန်ပေးသမားတွေကလည်း အကြောင်းမပြန်လို့ဆိုပြီး ရှောင်ကျားရှုရဲ့ ခြေသည်းလက်သည်းခွံ ဆယ်ခုလုံးကိူ အိမ်ဟောင်းကို ပို့လိုက်တယ် ...
(စဉ်းစားကြည့်ရင် ရွံစရာလူတွေနော် ခြေသည်းလေး ပဲ့သွားရင်တောင် တအားနာတာ ၁၀ နှစ်သားလေးနဲ့ အကုန် ဆွဲခွါခံရတာ ဘယ်လောက်တောင် နာလိုက်မလဲ 🫂)
သူ အိမ်ပြန်ရောက်လာတဲ့ အချိန်မှာ သွေးတွေ နစ်ရွှဲနေတဲ့ သေတ္တာကို ကိုင်ရင်း ကြမ်းပေါ် ထိုင်ချနေတဲ့ မြောင်မြောင်ကိုပဲ တွေ့လိုက်ရတယ် ရူးတော့မတတ် ဖြစ်သွားပေမယ့် ဖြစ်ပြီးသားကို နောက်ပြန်ဆုတ်လိူ့ မရတော့ဘူး ကြည့်ရတာ အဲဒီ့ညကတည်းက သူ့ဇနီးနဲ့ သူ့သားက သူ့ကို စွန့်ပစ်သွားခဲ့တာ ထင်ပါတယ် ...
နောက်ပိုင်း ရဲတွေက ရှောင်ရှုကို ကယ်လာပြီး ဒဏ်ရာအပြည့်နဲ့ ခန္ဓာကိူယ်ကို တွေ့လိုက်ရတော့ သူ မရှိခဲ့မိတဲ့ အချိန်တွေကို ပြန်သတိရမိသွားရော မြောင်မြောင်ရဲ့ ကြေကွဲနေတဲ့ မျက်နှာ၊ ပြီးတော့ သွေးတွေ ပေကျံနေတဲ့ ခြေသည်းခွံတွေ ... အားနာစိတ်ကြောင့် သူ့သားရဲ့ မျက်နှာကိုတောင် ရဲရဲ မကြည့်ရဲခဲ့ဘူး ဘာလို့လဲဆို သူ့ကို ကြည့်မိရင် အပြစ်ရှိခဲ့တာတွေ ၊ အမှားတွေကိုပဲ ပြန်မြင်နေမိလို့ ...
သူ့ကို အဝေးပို့ခဲ့တယ် ဘာလို့ဆို ပိုသက်သာမယ်လို့ ထင်ခဲ့လို့ ဒါပေမယ့် ဒါကပဲ သူ့ဇနီးနဲ့ သားကို ပိုပြီး တွန်းထုတ်ရာ ကျမယ်လို့တော့ မထင်ခဲ့မိဘူး ဒီကိစ္စကြောင့်နဲ့ ချန်းမန်နီမှာ သူ့ကို ခြိမ်းခြောက်စရာ နောက်တစ်ခု ထပ်ရခဲ့တယ် အဲဒါကြောင့် သူမကို လွယ်လွယ် ဖယ်မထုတ်နိုင်ခဲ့ဘူး ရှောင်ရှု ဖျားနေတဲ့ အချိန်မှာ သူမရဲ့သား မွေးနေ့ပွဲကို လုပ်ပေးခဲ့ရတယ် ဒီလိုနဲ့ပဲ အကြပ်ကိုင်စရာတွေ များများလာပြီး ...
ခြေတစ်လှမ်းပဲ မှားခဲ့ပေမယ့် ချောက်နက်ထဲကို တစ်လက်မပြီး တစ်လက်မ ဆင်းနေခဲ့ရတာပါလား ...
(ဟိုးအပေါ်ကနေ စပြီး ဒီအထိ အကုန်လုံး သူ့အတွေးတွေပါ )
ထိုသို့ တွေးကာ ကားနောက်မှီကို ခပ်ဖြည်းဖြည်း မှီချလိုက်သည်။ ခါးသီးသော မျက်ရည်စီးကြောင်းနှစ်ခုလည်း သူ့မျက်ဝန်းထောင့်စွန်းမှ ကျဆင်းလာတော့၏။
ရှောင်တင်းပန်းက သူ့ကို ဖျတ်ခနဲ လှည့်ကြည့်ရုံမှအပ များစွာ ဂရုမစိုက်။
ဒီလောကမှာ အမှားမလုပ်ဖူးတဲ့သူ ဘယ်သူ ရှိလို့လဲ ဒါပေမယ့် ကိုယ်လုပ်တဲ့အမှားကို ကိုယ် မခံနိုင်တာကတော့ ရွံစရာကောင်းတယ် ...
အဖေနှင့် အစ်ကိုကြီးကို လိုက်ပို့ပြီးနောက် ရှောင်ကျားရှုက နားနေခန်းထဲ ပြန်ဝင်ကာ သူ့အမေကို ဆက်ပြီး နှစ်သိမ့်ပေးလိုက်သည်။ ကျိမြန်ကလည်း သူ့ကို အဖော်လုပ်ပေးချင်သော်ငြား မြောက်များစွာသော အီးမေးလ်တို့ကို ဖတ်ရပေဦးမည်။ လျှိူရီလိန်၏ အတွေးတို့ကို ဖတ်ပြီးကတည်းက သူ့လုပ်ဖော်ကိုင်ဖက်များကို စုံစမ်းရန် အကူအညီ တောင်းခံပြီးဖြစ်သည်။ အချိန်၊ နေရာနှင့် အကြောင်အရာတို့ကို ရှင်းရှင်းလင်းလင်း သိထားသည့်အတွက် များစွာ မခဲယဉ်းလှ။ သူတို့ ရထားသည့် အချက်အလက်များမှာ ဗီဒီယိုများ ဓာတ်ပုံများသာမက သက်သေခံချက်နှင့် အသံဖမ်းထားသည်များပါ ပါဝင်ကာ တစ်ခုထက် တစ်ခု ပိုမိုပေါက်ကွဲနိုင်ဖွယ်ပင်။
ရှောင်ကျားရှုနှင့် အန်တီရွှယ်တို့ စိတ်အခြေအနေ တည်ငြိမ်သွားကာမှ အန်ကယ်ရှိူ့အား သူတို့ကို ဂရုစိုက်ခိုင်းကာ လျှိုရီလိန်ကို စကားပြောရန် ထွက်လာလိုက်သည်။
"အင်တာနက်ပေါ်က အန်တီရွှယ်ရဲ့ မကောင်းကြောင်းတွေက မင်းနဲ့ ချန်းမန်နီရဲ့ လက်ချက်မှန်း သိပြီးသား ဒီကိစ္စကို အန်တီရွှယ်ကိုယ်တိုင် ကိုင်တွယ်မှာဆိုတော့ ငါ ဝင်မပါတော့ဘူး ရှောင်တင်းပန်းနဲ့ ဟုန်မိသားစုကလည်း မင်းတို့ကို အလျော့ပေးမှာ မဟုတ်ဘူး တစ်ခုပဲ သေချာချင်တာ ..."
သူက လျှိုရီလိန်နှင့် မျက်နှာချင်းဆိုင် ထိုင်ချကာ တစ်ခွန်းချင်း ပြောလိုက်သည်။
"မင်းက စိတ်ရူးပေါက်ပြီး ရှောင်ရှုကို ဓားနဲ့ လမ်းပိတ်မလို့လား..."
"မစ္စတာကျိ ဘာတွေ ပြောနေတာလဲ ကျွန်တော် တစ်ခွန်းမှ နားမလည်တော့ဘူး ..."
လျှိုရီလိန်၏ အသက်ရှူသံတို့ အနည်းငယ် ကမောက်ကမ ဖြစ်လာသည့်တိုင် နူးညံ့သည့် အပြုံးတစ်ပွင့်ကိုမူ ချိတ်ဆွဲထားဆဲပင်။
ရွှယ်မြောင်ရော ရှောင်တင်းပန်းပါ သိသွားပြီပေါ့ ဟုတ်လား ဟုန်မိသားစုကတောင် ဝင်ပါဦးမယ်တဲ့လား ဘာလို့ ဒီလောက်အထိ ကြီးသွားရတာလဲ စောက်ကျိုးနည်း ဘယ်သူကများ ဒီလောက် အချိန်တိုလေးအတွင်းမှာတောင် သူနဲ့ သူ့အမေကို ရှာတွေ့သွားရတာလဲ ရှောင်ချီကျဲနဲ့ တစ်ခါမှ သတင်းမထွက်ဖူးတဲ့ အနုပညာရှင်ကိုတောင် သံသယဝင်ရအောင် ဒီလူတွေ စိတ်ရော မှန်သေးရဲ့လား ...
"ဒါလေး ကြည့်ပြီးရင် နားလည်သွားလိမ့်မယ် ..."
ကျိမြန်က ဖုန်းကိုယူကာ ဗီဒီယိုတစ်ခုကို ဖွင့်ပြလိုက်သည်။
"ဒါက ဟိုင်လုရှန်းယန်လေ ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကမှ ပိတ်လိုက်တာဆိုတော့ မင်းလည်း ရင်းနှီးလောက်မှာပါ ..."
လျှိုရီလိန်အဖို့ မရင်းနှီးဘဲမနေ။ ထိုပါတီပွဲကိူ ပွဲဦးထွက်ပြီးကတည်းက နှစ်စဉ်နှစ်တိုင်း တက်ရောက်ခဲ့ပေသည်။ ထိုဗီဒီယိုထဲတွင် ရေကူးကန်ပါတီပွဲတစ်ခု ကျင်းပနေကာ အမျိုးမျိုး လှစ်ဟပြထားသည့် ဝတ်စုံများ ဝတ်ဆင်ထားသည့် အမျိုးသမီးများက ကင်မရာရှေ့တွင် ယိမ်းနွဲ့ကခုန်နေကာ သူက ရှေ့ဆူံတန်းတွင် မူးယစ်ဆေး သုံးနေရင်း ရီဝေယစ်မူးစွာ စိုက်ကြည့်နေသည်။ ဘီကီနီဝတ်ထားသည့် မိန်းကလေးတစ်ဦးက သူ့နောက်ကျောကို ဖက်တွယ်လိုက်သည့်အခါ သူမကို ပြန်လည်နမ်းရှိုက်ရင်း အဝတ်အစားတို့ကို ကျွမ်းကျင်စွာ ချွတ်ချလိုက်သည်။
လူအများအပြား အော်ဟစ်အားပေးလိုက်ကြရာ မူးယစ်
ဆေး၏ လွှမ်းမိုးမှုကြောင့် စိတ်ရူးပေါက်သွားတော့သည်။ ထိုမြင်ကွင်းမှာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာပင်။
Xxxxxx