အပိုင်း ၁၃၈
Viewers 57k

Chapter 138





နောက်နားမှ ခြေသံတို့ကို ကြားလိုက်ရသည့်အခါ ကျိမြန်က လှည့်ကာ မေးလိုက်သည်။ 


"ရှောင်ရှု မင်းက ဒါကို ဝတ်ရမှာလား ..." 


ရှောင်ကျားရှုက ကျောက်ချွမ်ကိုတစ်လှည့် စတိုင်လစ်ကိုတစ်လှည့် လှမ်းကြည့်လိုက်သည်။ စတိုင်လစ်မှာ အလွန်ဇွဲကောင်းလှသူဖြစ်ကာ ချူသံပါအောင် ညဉ်းညူပြလိုက်တော့သည်။ 


"အိုး သခင်လေးရှောင်ရဲ့ ကိုယ်လုံးကိုယ်ပေါက်က ဒီလောက်တောင်မိုက်တာ အသားလေး နည်းနည်းပေါ်လို့လည်း ကိစ္စမရှိပါဘူး စတိုင်ကျပြီး ဆွဲဆောင်မှုတောင် ရှိသွားသေးတယ် ပြီးတော့ ရှုထျန်းယုရဲ့ စတိုင်နဲ့လည်း တစ်ထပ်တည်းပဲလေ ကြည့်ရုံပဲ ကြည့်‌မနေနဲ့ ဝတ်ကြည့်လိုက်ပါဦး အဆင်မပြေတော့လည်း ပြန်လဲကြတာပေါ့ ..." 


စတိုင်လစ်က အင်္ကျီကိုယူကာ ရှောင်ကျားရှုအား ဝင်းလက်တောက်ပနေသည့် အကြည့်တို့ဖြင့် စိုက်ကြည့်လိုက်သည်။ သူသည် ဂေးတစ်ယောက် ဖြစ်သည့်အပြင် သခင်လေးရှောင်နှင့် နတ်ဘုရားကျိတို့ကို လိုချင်တပ်မက်သူ ဖြစ်ရာ မျက်စိအစာကျွေးနိုင်မည့် အခွင့်အရေးမျိုးကို လုံးဝ လက်လွှတ်မည် မဟုတ်ချေ။ 


"ရှောင်လေး လာပါ လာပါ ဒါကို အရင် စမ်းဝတ်ကြည့်လိုက် ..." 


လက်ခလယ်နှင့် လက်ညှိုးကို ပူးကာ ကျန်လက်များကိူ ဆန့်ထားလျက် တိုက်တွန်းလိုက်သည်။ 


ရှောင်ကျားရှုကမူ တုန့်ဆိုင်းနေသေးဟန်ပင်။ 


"တစ်ခြားဝတ်စုံတွေရော ရှိသေးလား ..." 


"မရှိဘူး ဒါ အကုန်ပဲ ..." 


စတိုင်လစ်က ပါးစပ်ကို အုပ်လျက် ရယ်လိုက်သည်။ 


ဒါပေမယ့် ပြောတော့ကျ အဆင်မပြေရင် လဲကြတာ‌ပေါ့ဆို ဒါက သေချာပေါက်ကို အကြပ်ကိုင်တာပဲကွ ... 


ရှောင်ကျားရှုက ဒေါသတကြီးဖြင့် အံကို တင်းတင်းကြိတ်ထားလိုက်သော်လည်း ကျိမြန်က သူ့ကို အသာအယာ တွန်းပို့လိုက်သည်။ 


"သွားဝတ်ကြည့်လိုက် ..." 


သူ့ချစ်သူလေး၏ နားရွက်နားကို ကပ်လျက် ပြောလိုက်သည့် လေသံမှာ ကျီစားလိုဟန်တို့ ပြည့်နှက်နေပေသည်။ 


"ကိုယ် ကြည့်ချင်လို့ ..." 


နားထဲသို့ ရောက်လာသည့် လေပူငွေ့တို့ကြောင့် ရှောင်ကျားရှုမှာ ရှက်ရွံ့မှုအားလုံးတို့ကို မေ့လျော့သွားတော့သည်။ 


ထားလိုက်ပါ ကျိကောက ကြည့်ချင်တယ် ဆိုမှတော့ ဝတ်လိုက်တာပေါ့ ... 


"ယူလာခဲ့လိုက် ..." 


မျက်နှာတစ်ခုလုံး နီမြန်းလျက်ပင် အင်္ကျီကို ဆွဲယူလျက် အဝတ်လဲခန်းထဲသို့ ပြေးဝင်သွားလိုက်တော့သည်။ စတိုင်လစ်များက အလွန်အမင်း အာရုံစိုက်ထားဟန်ဖြင့် တံခါးဝအနားကပ်ကာ အကူအညီ လိုအပ်ခြင်း ရှိမရှိ အချိန်ပြည့် မေးနေလိုက်သည်။ 


ကျိမြန်နှင့် ကျောက်ချွမ်က အဝတ်လဲခန်းရှေ့ရှိ စားပွဲတွင်ထိုင်ကာ စကားပြောနေလိုက်သည်။ ဘားထဲတွင် ရိုက်ကူးရမည့် အခန်းများ အများအပြား ရှိနေရာ ကုန်ကျစရိတ် သက်သာစေရန် အလို့ငှာ တစ်နေရာတည်းတွင် ရိုက်ကူးရမည့် အခန်းများအားလုံးကို တစ်ချိန်တည်း ပြီးစီးရန် လိုအပ်ပေသည်။ ဆူနာမီဘားသည် နာမည်ကြီး ဒေသခံ ဖျော်ဖြေရေးအဆောက်အဦးဖြစ်ကာ တစ်ညငှားရမ်းခသည်ပင်လျှင် မနည်းလှ။ ထို့အပြင် ဖြတ်လျှောက်များကိုလည်း အများအပြား ငှားရမ်းထားပြီး အလုပ်သမားခမှာလည်း လွန်စွာများပြားလှရာ တစ်ညတည်း အပြီးရိုက်ကူးနိုင်ပါလျှင် အကောင်းဆုံး ဖြစ်ပေသည်။ 


ဆယ်မိနစ်ခန့်ကြာပြီးနောက် အဝတ်လဲခန်းတံခါး ပွင့်လာကာ ရှောင်ကျားရှုက ခေါင်းလေးကိုသာ အသာထုတ်လျက် မေးလိုက်သည်။ 


"ဒါကို တကယ်ကြီး ဝတ်ရမှာလား ..." 


"ဟုတ်တယ် ..." 


စတိုင်လစ်နှင့် ကျိမြန်က တစ်ပြိုင်တည်း ခေါင်းငြိမ့်ပြလိုက်သည်။ 


ရှောင်ကျားရှုမှာ စိတ်ကသိကအောက်ဖြစ်စွာဖြင့် ထွက်လာလိုက်ရတော့သည်။ ဤကဲ့သို့ ဟိန်ဟန်များလွန်းသည့် ဝတ်စုံမျိုးကို ပထမဆုံးအကြိမ် ဝတ်ဖူးခြင်းဖြစ်ကာ ၎င်းမှာ မည်သည့်နေရာနှင့်မှ မသင့်လျော်လှ။ အတွင်းရှိ အနက်ရောင် ရှပ်အင်္ကျီကို ပိတ်ကြဲစဖြင့် ချုပ်ထားကာ အတွင်းသားတို့ကို ဖောက်ထွင်းမြင်ရလုမတတ်ပင်။ လက်ကောက်ဝတ်၊ ကော်လံနှင့် ကြယ်သီးတို့ကိုသာ ဇာပန်းအချို့ တပ်ဆင်ထားသည်။ ခရမ်းရောင် အပေါ်ဝတ်ဂျာကင်မှာလည်း အလွန်အမင်း ကွက်တိကျနေသည့်အတွက် ကြယ်သီးပင် မတပ်နိုင်။ ရင်ဘက်ကို အတိုင်းသား ဖွင့်ဟပြထားရသည်။ ခါးနေရာတွင် တင်းကြပ်နေသည့်အတွက် ခြေတံရှည်တို့မှာ ယခင်ထက်ပင် ပိုမိုရှည်လျားလာသယောင်။ 


ခရမ်းရောင်ဘောင်းဘီရှည်မှာလည်း အရည်ပြားတစ်လွှာနှယ် သူ့ခြေထောက်နှင့် တစ်သားတည်း ဖြစ်ကာ တင်ပါးကို တင်းတင်းကြပ်ကြပ် ထုပ်နှောင်ထားသည့်အတွက် အရှေ့ပိုင်း၏ ပုံစံကိုပင်လျှင် မသဲမကွဲ မြင်နိုင်နေပေသည်။ ဘောင်းဘီခါးမှာ အတော်နိမ့်ဆင်းနေသည့်အတွက် ရေသူမကောက်ကြောင်းတို့ကိုပင် မြင်နေရပြီး အင်္ကျီကို ဘောင်းဘီထဲ ထည့်ဝတ်သည့်တိုင် မည်သည်ကိုမှ ဖုံးကွယ်နိုင်မည်မဟုတ်။ တစ်ဝက်တစ်ပျက် ဖုံးကွယ်ထားသည့် ခံစားချက်မျိုးသာ ပေးစွမ်းနေသည်။ 


ရှောင်ကျားရှုက ဘောင်းဘီခါးကို ဆွဲတင်ရင်း ကြိမ်ဖန်များစွာ စောဒကတက်လိုက်သည်။ 


"ဘောင်းဘီကြီးက အချိန်မရွေး ကျွတ်ကျသွားနိုင်တယ်နော် ခါးကလည်း ‌တအားကို နိမ့်တာပဲ ပြီး‌တော့ အင်္ကျီကရော ဘာကြီးလဲ ဝတ်တာနဲ့ မဝတ်တာ ဘာမှတောင် မထူးဘူး ပြီးတော့ ကုတ်အင်္ကျီကလည်း ကြပ်ထုတ်နေတာ လက်ကို မြှောက်လို့မရဘူး ..." 


ရှောင်ကျားရှုကမူ အံ့ဩမင်သက်နေသည့် စတိုင်လစ်ကိုပင် သတိမပြုမိသေး။ ဟိုဟိုသည်သည် အပြစ်ရှာနေဆဲ ဖြစ်ပေသည်။


ဘုရားရေ ... ရှောင်အာ့ရှောက်ရဲ့ ခန္ဓာကိုယ်အချိုးအစားက မိုက်လိုက်တာ စံနမူနာ တြိဂံဇောက်ထိုးပုံရယ် ရွှေရောင်အချိုးရယ် ခါးလေးဆိုတာကလည်း လက်တစ်ဖက်တည်းနဲ့ ဖက်လို့ရလောက်အောင်ကို သေးသေးလေး တင်ပါးဆိုတာကလည်း သေးသေးဖောင်းဖောင်းလေး ခြေတံတွေဆိုလည်း ရှည်လျားဖြောင့်တန်းနေလိုက်တာမှ ပြောမနေနဲ့ ဖွေးဆွတ်နေတဲ့ အသားအရေပေါ်မှာ အနက်ရောင် အပါးစလေး ဝတ်ထားတော့ ရင်ဘက်ပေါ်က ပန်းရောင်အဖုလေးနှစ်ခုကိုတောင် ဝိုးတို့ဝါးတား တွေ့နေရသေးတယ် ဒီမော်ဒယ်လေးကတော့လေ အရမ်းကို ဆက်စီဖြစ်လွန်းမနေဘူးလား ... 


စတိုင်လစ်ကလည်း သုညဖြစ်သည့်တိုင် သူ့ဘက်မှ စတင်လှုပ်ရှားရန် အဆင်သင့် ဖြစ်နေတော့သည်။ 

(သုည - အောက်ပုဂ္ဂိုလ် ) 


ကျိမြန်ကမူ သူထွက်လာကတည်းက စကားတစ်ခွန်းမှ မပြောနိုင်တော့။ နက်မှောင်နေသည့် အကြည့်တို့ဖြင့်သာ မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေကာ ပုံမှန်ဖြစ်နေသည့် အသက်ရှူသံမှာလည်း ရုတ်ချည်း လေးလံလာတော့သည်။ ပြီးခဲ့သည့်အခေါက် U.S တွင် ရိုက်ကူးရေး လုပ်စဉ်ကလည်း ရှောင်ကျားရှုမှာ သူ့ရှေ့တွင် အဝတ်ဗလာဖြင့် ရပ်ခဲ့ဖူးသေးကြောင်း ရုတ်ချည်း သတိရသွားတော့သည်။ သူ့အသားအရေမှာ အကောင်းဆုံးဟု ဆိုရလောက်သည့် ကြွေထည်ထက်ပင် ပိုမိုနူးညံ့ကာ ပန်းရောင်သမ်းနေပြီး တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ချစ်မြတ်နိုးဖွယ် ကောင်းမှုကို သိသိသာသာ ခံစားရပေသည်။ 


ထိုအချိန်က သူ့စိတ်တစ်ခုလုံး ရှုပ်ထွေးခဲ့ရသော်ငြား ရှောင်ကျားရှုနှင့် ဘာမှ မသက်ဆိုင်သေးသည့်အတွက် မဖြစ်မနေ စိတ်ကို ထိန်းချုပ်ထားခဲ့ရသည်။ သို့သော် ယခုမူ ရှောင်ကျားရှု၏ တရားဝင် ချစ်သူကောင်လေး ဖြစ်နေပြီ ဖြစ်သည့်အတွက် လုပ်ပိုင်ခွင့်လည်း ရှိလာတော့သည်။ 


"မင်းတို့တွေ အရင်သွားနှင့်ကြ ..." 


ခံစားချက်တို့ကို ချိုးနှိမ်ရင်း ခပ်အုပ်အုပ် ပြောလိုက်သည်။ 


စတိုင်လစ်နှင့် ကျောက်ချွမ်က အချင်းချင်း အပြန်အလှန် စိုက်ကြည့်ကာ စိတ်မပါလက်မပါဖြင့် ထွက်သွားပေးလိုက်ရတော့သည်။ 


ရှောင်ကျားရှုက ကြယ်သီးပင် တပ်၍မရသည့် ဂျာကင်အင်္ကျီကို တင်းတင်းကြပ်ကြပ် ဆွဲစေ့ရင်း တီးတိုးပြောလိုက်သည်။ 


"ကျိကော ဘာလို့ သူတို့ကို အပြင် ထွက်သွားခိုင်းလိုက်ရတာလဲ ..." 


ကျိမြန်က မတ်တပ်ထရပ်ကာ သူ့အနားသို့ တစ်လှမ်းချင်း လှမ်းလာလိုက်သည်။ အကြည့်တို့မှာ အန္တရာယ်များလှသည့် ခံစားချက်တို့ အစပျိုးနေသည့်နှယ် ‌နက်မှောင်နက်ရှိုင်းလာပြီး တစ်ဖြည်းဖြည်း နောက်ဆုတ်နေသည့် ရှောင်ကျားရှုကို ပွေ့ဖက်ကာ တံခါးရွက်တွင် ကပ်လျက် အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။ 


"ရှောင်ရှု မင်းက ကိုယ်တုံးလုံးချွတ်ထားတာနဲ့စာရင် ဒီလိုပုံစံနဲ့ ပိုလိုက်တယ် ..." 


ထိုအခါမှ ရှောင်ကျားရှုလည်း သူသည် ကျိမြန်ရှေ့တွင် အဝတ်ဗလာဖြင့် နေခဲ့ဖူးကြောင်း သတိရသွားကာ ရုတ်ချည်း ရှက်သွေးဖြာသွားတော့သည်။ လက်တို့ကိုမြှောက်ကာ ရင်ဘက်ကို ကမန်းကတမ်း အုပ်လိုက်ပြီးကာမှ သူ့လုပ်ရပ်ကို ပြန်သုံးသပ်လိုက်မိတော့သည်။ 


မဟုတ်သေးပါဘူး ငါက ကောင်မလေးမှ မဟုတ်တာ ဘာလို့ ကာနေရမှာလဲ ပြီးတော့ ကျိကောက ငါ့ချစ်သူလေ သူ့ကို ပြတယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်ပဲကို ... 


ထိုသို့ တွေးပြီးနောက် လက်ကိုချကာ အရှက်ပြေစကားတစ်ခွန်းခန့် ပြောတော့မည့်အချိန်မှာပင် ကျိမြန်က ခေါင်းကိုငုံ့ကာ နှင်းဆီရောင်နှုတ်ခမ်းလွှာအား အမိအရ ငုံထွေးလိုက်သည်။ အနမ်းမှာ စိတ်ဝိဉာဉ်ကို ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်သွားလုမတတ် ပြင်းထန်နေကာ လျှာထိပ်ကို အသုံးပြုလျက် သွားဖုံးတို့ကို ဖွင့်ပြီး ခံတွင်းတစ်ခုလုံးကို မွှေနှောက်စုပ်ယူရင်း ငြီးသံနှင့် ကိုယ်တွင်းအရည်များကို လက်လွှဲကာ ယူလိုက်သည်။ လက်တစ်ဖက်က ရှောင်ကျားရှု၏ ခေါင်းအနောက်ပိုင်းကို မြဲမြဲမြံမြံ ဖိထားလျက် ကျန်လက်တစ်ဖက်က တင်ပါးတို့ကို ဆုပ်နယ်ကာ ထောင်မတ်နေပြီဖြစ်သော အရာကို သူ့ဝမ်းဗိုက်အောက်ပိုင်းနှင့် ဖိကပ်လျက် သူ့တစ်ကိုယ်လုံးကို စူးစမ်းဝါးမျိုလိုက်တော့သည်။ 


ရှောင်ကျားရှုမှာ ကျိမြန်၏ ခက်ထန်ကာ လွှမ်းမိုးတတ်သည့် ပုံစံမျိုးကို တစ်ခါမှ မတွေ့ဖူး၍ အနည်းငယ် ကြောက်ရွံ့မိသွားသည့်တိုင် စိတ်လှုပ်ရှားမှုနှင့် လိုအင်ဆန္ဒတို့ကလည်း အသွေးထဲအသားထဲမှပင် ပိုမိုကာ စိမ့်ထွက်လာတော့သည်။ အချစ်ရဆုံးသူ၏ သွေးဆောင်ဖျားယောင်းမှုကို သည်းခံနိုင်သူဟူ၍ မည်သူတစ်‌ဦးတစ်ယောက်မှ ရှိလိမ့်မည် မဟုတ်ချေ။ 


သူ့လည်ပင်းကြား မြှုပ်နှံထားသည့် ကျိမြန်၏ ဦးခေါင်းကို ပြန်လည်ကာ ပွေ့ဖက်လိုက်၏။ လက်မောင်းတို့ တဆတ်ဆတ် တုန်ရီကာ ခန္ဓာကိုယ်တစ်ခုလုံး ပူနွေးထုံထိုင်းပြီး တရွရွ ဖြစ်လာသည့်တိုင် အမှန်တကယ် ဆွတ်ပျံ့ကြည်နူးဖွယ် ကောင်းလှပေသည်။ 


သည်းမခံနိုင်တော့၍ တောင်းဆိုတော့မည့် ဆဲဆဲတွင် ကျောက်ချွမ်က တံခါးကိုခေါက်လျက် စိတ်မရှည်သည့် လေသံဖြင့် အော်ပြောလာခဲ့သည်။ 


"ဟေး မင်းတို့တွေ မတော်သေးဘူးလား နောက်တစ်ခန်း ထပ်ရိုက်ရဦးမှာကွ ဒီဘားရဲ့ တစ်ညငှားခက ဘယ်လောက်လဲ ဆိုတာကိုရော သိရဲ့လား ..." 


ဟမ် ဘယ်ဘားလဲ ... 


ရှောင်ကျားရှုမှာ မည်သည့်နေ့ရက် ရောက်နေမှန်းပင် မသိတော့။ မျက်လုံးကိုသာ အကြောင်သား ဖွင့်ထားလိုက်တော့သည်။ 


ကျိမြန်က သူ့ကို ဖိထားလျက် အမောဖြေလိုက်ပြီးကာမှ ခပ်‌ဖြည်းဖြည်း ရယ်မောလိုက်သည်။


"ရှောင်ရှု ကိုယ်တို့ ပြန်ရောက်မှ ထပ်လုပ်ကြတာပေါ့ အလျင်မလိုပါနဲ့ ကိုယ့်ကို လိမ်လိမ်မာမာလေး စောင့်ပေး ဟုတ်ပြီလား ..." 


သူ့ချစ်သူလေး၏ နားရွက်ဖျားကို လျာဖျားဖြင့် ထို့တိကာ သာသာလေး လျက်လိုက်သည်။ 


ယခင်ကတည်းက ဖြောင့်ဖြောင့်တန်းတန်း မရပ်နိုင်ခဲ့သည့် ရှောင်ကျားရှုမှာ ရုတ်ချည်းပင် အားနည်းပျော့ခွေကာ ကျိမြန်၏ ရင်ခွင်ထဲသို့ အထိန်းအကွပ်မရှိ ပြိုလဲကျသွားတော့သည်။ သူက စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်၏။ 


"ကျိကော ဒီလိုကြီး မလုပ်နဲ့လေ ဘောင်းဘီသာ စွန်းသွားရင် တစ်ခြားသူတွေကို ဘယ်လိုလုပ် မျက်နှာပြရတော့မှာလဲ ..." 


ဒီနေရာက ကျွန်းပေါ် မဟုတ်တော့ ရေထဲဆင်းပြီးတော့ ပေနေတာတွေကို ဆေးပစ်လိုက်လို့လည်း မရဘူး ... 


ပြီးခဲ့သည့်အခေါက်က ကြုံတွေ့ခဲ့သည့် ရှက်ရွံ့ဖွယ်ကိစ္စတို့ကို ပြန်တွေးလိုက်မိသည့်အခါ ချက်ခြင်းပင် မျက်ရည်တို့ ရစ်သိုင်းလာတော့သည်။ 


ကျိမြန်က သူ့လည်ပင်းကြား ခေါင်းငုံ့ထားလျက်ပင် နက်ရှိုင်းစွာ ပြုံးလိုက်တော့၏။ 


နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် ဖက်တွယ်ကာ စိတ်တည်ငြိမ်သည်အထိ စောင့်ပြီးကာမှ တံခါးဖွင့်ပြီး ကျောက်ချွမ်နှင့် မိတ်ကပ်ပြင်ပေးမည့်သူများကို ဝင်ခွင့်ပေးလိုက်၏။  မိတ်ကပ်ပြင်ဆရာ၏ အကြည့်တို့မှာ ဆလိုက်မီးရောင်နှယ် သူတို့နှစ်ဦးကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်နေပြီး ကျောက်ချွမ်ကမူ နဖူးကို ဖိထားလျက် တောင်းပန်လိုက်သည်။ 


"ကျိကော ရှောင်ကျားရှု ကျေးဇူးပြုပြီး အလုပ်ကိုပဲ  နည်းနည်းပါးပါး အာရုံစိုက်ထားပေးလို့ ရမလား ရိုက်ကူးရေးကိုပဲ အရင်ပြီးအောင် ရိုက်လိုက်ကြရအောင်လေ ... နော် ရိုက်ကူးရေးပြီးရင် မင်းတို့ လုပ်ချင်တာလုပ် ဘယ်သူမှ မနှောင့်ယှက်စေရဘူး ..." 


"သိပြီလို့ မိတ်ကပ်သာ မြန်မြန်လာပြင်ပေးတော့ ..." 


ရှောင်ကျားရှုက အနေရခက်နေဟန်ဖြင့် ချောင်းဟန့်လိုက်သည်။ 


ကျိမြန် ရိုက်ကူးရမည့် အခန်းများမှာ နောက်ပိုင်းတွင်မှ ပါဝင်လာမည် ဖြစ်သဖြင့် အလျင်မလိုလှ။ ထိုင်ခုံတစ်ခုကိုဆွဲကာ ရှောင်ကျားရှုဘေးတွင် ဝင်ထိုင်လိုက်သည်။ လက်တစ်ဖက်ကို စားပွဲပေါ် တင်ထားပြီး ကျန်လက်တစ်ဖက်က ရှောင်ကျားရှု၏ ထိုင်ခုံကျောမှီပေါ် တင်ထားကာ သူ့လက်မောင်းကို ရစ်သိုင်းထားပြီး အကြည့်တို့ကလည်း သူ့ထံမှ လုံးဝ ဖယ်ခွါမသွား။ ရှောင်ကျားရှုကို ပိုင်ဆိုင်ကြောင်း ကိုယ်ဟန်အနေအထားဖြင့် အသံတိတ် ကြေငြာလိုက်သည်။ 


ကျောက်ချွမ်မှာမူ ထိုမြင်ကွင်းကို လုံးဝ သည်းမခံနိုင်တော့။ လက်ကို ဝှေ့ယမ်းလျက် ပြောလိုက်သည်။ 


"ရှောင်ကျားရှုကို မြန်မြန်လေး မိတ်ကပ်ပြင်ပေးလိုက် ပြီးရင် ရိုက်ကူးရေးကို ချက်ခြင်းတန်းစမယ် ..." 


မိတ်ကပ်ပြင်ပေးသူ၏ မျက်နှာမှာ ရှက်ရွံ့နေဟန် ရှိသော်ငြား အတွင်းစိတ်ထဲတွင်မူ စိတ်လှုပ်ရှားလွန်း၍ ခုန်ပေါက်နေပေသည်။ 


"ဒါပေမယ့် ဒါရိုက်တာကျောက် ဒီလည်ပင်းက hickey တွေကို ဘယ်လိုလုပ်ရမလဲ ..." 


ကျောက်ချွမ်လည်း ထိုအခါမှ ရှောင်ကျားရှု၏ လည်တိုင်တစ်ခုလုံး hickey တို့ဖြင့် ရဲရဲနီနေကြောင်း တွေ့သွားတော့သည်။ သိပ်သည်းလှသည့် အမှတ်အသားတို့က လည်တိုင်တစ်လျှောက် ပြည့်ကြပ်နေရုံမက မေးရိုး၊ နားသယ်စပ်နှင့် နားရွက်နောက်ဖျားတို့တွင်ပါ ရှိနေပေသည်။ ထိုအမှတ်အသားတို့ကို ကြည့်ရုံဖြင့်ပင် ကျိမြန်မှာ ရှောင်ကျားရှုကို မည်မျှအထိ ပြင်းပျရူးသွပ်စွာ တံဆိပ်ရိုက်နှိပ်ထားမှန်း ခန့်မှန်းနိုင်ပေသည်။ 


ဒါတောင်မှပဲ ကောလဟာလတွေက နူးညံ့ညင်သာတဲ့ လူကြီးလူကောင်းလို့ ပြောနေကြသေးတယ်ပေါ့ ဒါကြီးက သားရဲကောင်ကြီးဟာကို ... 


သူ့ခန္ဓာကိုယ်၏ မူမမှန်မှုကို သတိပြုမိသွားသော ရှောင်ကျားရှုက လည်ပင်းကို အလျင်အမြန် ဖုံးအုပ်လျက် ကျိမြန်ကို စိုက်ကြည့်လိုက်သည်။ 


ကျိမြန်က ခပ်တိုးတိုးရယ်ကာ နောင်တရခြင်း အလျဉ်းမရှိဘဲ သူ၏ စိုစွတ်နေသော မျက်ဝန်းထောင့်စွန်းကို တစ်ဖန် ငုံ့နမ်းလိုက်ပြန်သည်။ သူ့ကိုယ်သူ တည်ငြိမ်ကာ ချုပ်တည်းတတ်သူတစ်ဦး၊ အရိုင်းဆန်မှုအားလုံး ငယ်ရွယ်စဉ်အချိန်ကတည်းက ကုန်ဆုံးသွားခဲ့ပြီဟုသာ တွေးခဲ့မိသော်ငြား ယခုအချိန်ရောက်မှသာ သူ့အကျင့်စရိုက် ပြောင်းလဲသွားခြင်းမဟုတ်၊ သူ့ကို ရူးသွပ်အောင် ပြုစားနိုင်မည့်သူ မပေါ်သေးခြင်းသာဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။ 


သူ့တွင် ရှောင်ကျားရှု ရှိနေပြီ ဖြစ်သည့်အတွက် နှလုံးသားအောက်ခြေအထိ နှစ်မြှုပ်ထားသော စိတ်ဆန္ဒနှင့် လိုချင်တပ်မက်မှုအားလုံး တစ်ဟုန်ထိုး ထွက်ပေါ်လာတော့သည်။ 


ထိုသို့ တွေးမိသည့်အခါ ရှောင်ကျားရှု၏ နီရဲနေသော မျက်ဝန်းနှစ်ဖက်ကို တစ်ဖန် ငုံ့နမ်းမိလိုက်ပြန်တော့သည်။ ထို့နောက်တွင်မှ မိတ်ကပ်ပြင်ပေးမည့်သူကို ညွှန်ကြားလိုက်၏။ 


"Concealer နဲ့ပဲ ဖုံးလိုက်ပါ ..." 


"ဟုတ်တယ် ဟုတ်တယ် ‌မူချင်ကျဲ ကြော်ငြာထားတဲ့ concealer ကို သုံးလိုက်လေ ..." 


ရှောင်ကျားရှုက ချက်ခြင်းပင် မိတ်ကပ်သေတ္တာကို လှန်လှောရှာဖွေလိုက်သည်။ 


"နည်းနည်းလောက်တော့ ချန်ထားခဲ့လို့ ရပါတယ် ပြောရရင် ရှို့ထျန်းယုကလည်း ပလေးဘွိုင်းလေ ဆိုတော့ ဒီလိုပုံစံက သူ့ဇာတ်ကောင်စရိုက်နဲ့ ပိုပြီးတောင် လိုက်ဖက်သေးတယ် ..." 


မိတ်ကပ်ပြင်ပေးသူက အနည်းငယ် တုန့်ဆိုင်းနေသည့်တိုင် ကျောက်ချွမ်နှင့် ရှောင်ကျားရှုတို့၏ ခေါင်းမာမှုကြောင့် concealer ကို သုံး၍ အမှတ်များကို ဖုံးပေးလိုက်ရတော့သည်။  


"ပျောက်သွားပြီ ..."




Xxxxxxxx