အပိုင်း ၁၃၅
Viewers 57k

Chapter 135



ကျိမြန်က ရယ်မောလျက် သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းကာ နမ်းရှိုက်လိုက်သည်။ လူးလှိမ့်ကာ ရှောင်ကျားရှုကို သူ့ခန္ဓာကိုယ်အောက် ဖိလျက် နူးညံ့လှသည့် လည်တိုင်မှ ညှပ်ရိုးအထိ တောက်လျောက် နမ်းရှိုက်လိုက်ကာ အသက်ရှူသံတို့မှာလည်း တစ်ဖြည်းဖြည်း လေးလံလာတော့သည်။ မဝံ့မရဲဖြင့် သူ့ခါးပတ်ကို ဖြုတ်လိုက်ကာ လက်တို့ကို နယ်မြေသစ်ဆီသို့ တစ်ဖြည်းဖြည်း လျောဆင်းစေလိုက်တော့သည်။



ရှောင်ကျားရှုမှာ ကြောက်ရွံ့နေသည့် ယုန်သဖွယ် တစ်မဟုတ်ချင်း တဆတ်ဆတ် တုန်ရီသွားတော့သည်။ ယောကျာ်းတစ်ယောက်၏ ပထမဆုံးအကြိမ်မှာ အလွန်နာကျင်ရကြောင်း ကြားထားဖူးရာ ထိုအတွက် အဆင်သင့် မဖြစ်သေးချေ။ 


ကျိမြန်က လက်တို့ကို အောက်သို့ အနည်းငယ် လျောဆင်းသွားပြီးကာမှ ပြန်ထုတ်လိုက်သည်။ သို့သော် သူ့နှုတ်ခမ်းတို့မှာမူ ရှောင်ကျားရှု၏ လည်ပင်းနှင့် ပုခုံးတို့ကို အငမ်းမရ စုပ်နမ်းနေဆဲဖြစ်သည်။ 


ရှောင်ကျားရှု၏ တစ်ကိုယ်လုံး ပူပြင်းလောင်မြှိုက်လာကာ အတွေးထဲ နစ်မြောသွားတော့သည်။ 


ဒီလိုဖြစ်လာမယ်မှန်းသာ အစောကြီးကတည်းက သိခဲ့ရင် ဟို fanfiction တွေကို သေချာလေး လေ့လာခဲ့ပါတယ် ဘာပဲပြောပြော လုံးဝ မမြင်ဖူး မကြားဖူးတာထက်စာရင်တော့ ကောင်းတာပေါ့ အာ ဟုတ်သားပဲ ဟို "တက်စီးပြီး မင်းဘာသာမင်း လှုပ်ရှား" ဆိုတဲ့ဟာလေ အဲဒါက ဘယ်လိုလုပ်ရတာလဲ မသိဘူး ... 


နမ်းရှိုက်သည့်အမှုတွင် ရူးရူးမူးမူး နစ်မျောနေသည့် ကျိမြန်မှာ ချက်ခြင်းပင် ရယ်မောမိသွားတော့သည်။ သူက ချစ်လွန်းမက ချစ်လွန်းစွာဖြင့် ရှောင်ကျားရှု၏ နားသန်သီးနှစ်ခုကိုသာ တတိတိ ကိုက်နေလိုက်တော့သည်။ သူ့ကိုယ်ပေါ် အုပ်မိုးလျက်ပင် မောဟိုက်စွာ အသက်ရှူနေပြီး ဝမ်းဗိုက်အောက်ပိုင်းမှ နာကျင်မှုတိူ့ အနည်းငယ် အနည်ကျသွားမှသာ ထထိုင်လျက် သက်ပြင်းချလိုက်တော့သည်။ 


ရှောင်ကျားရှုမှာမူ အိပ်ယာပေါ်တွင်သာ လှဲလျောင်းနေဆဲပင်။ မျက်ဝန်းထောင့်စွန်းတွင်လည်း ခရစ္စတယ်သဖွယ် ကြည်လင်နေသည့် မျက်ရည်ပေါက်တို့ တွဲလွဲခိုနေသည်။ 


"ကျိကော ဘာလို့ မလှုပ်တော့တာလဲ ..." 


အဆင်သင့် မဖြစ်သေးသည့်တိုင် သည်းမခံနိုင်တော့။ 


"ကိုယ်တို့က အခုမှ ဒိတ်လုပ်ကာစပဲ ရှိသေးတာလေ အရမ်း မြန်လွန်းမနေဘူးလား ..." 


ကျိမြန်က သူ့ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကိူင်လျက် ပြုံးပြလိုက်သည်။ 


"ဒီလိုကိစ္စမျိုးတွေဆိုတာ သူ့အလိုလို ဖြစ်လာမှ အဆင်ပြေတာ အဲဒီ့အချိန်ကျ တွင်းကို မတူးရသေးရင် ရေတွေ တရဟော ထွက်လာလိမ့်မယ် မင်း သည်းမခံနိုင်လောက်မှာကို ကြောက်လို့ ..." 


ဘာလို့ ဒီစာသားက နည်းနည်း ထူးဆန်းနေရတာလဲ ကျိကောက အဝါရောင်လေသံနဲ့ ပြောနေသလိုကြီးပဲ ... 


ထိုသို့တွေးလိုက်သည့်အခါ ရှောင်ကျားရှု၏ မျက်နှာတစ်ခုလုံး နီရဲလာတော့သည်။ ခြေထောက်နှစ်ဖက်ကို ကျိမြန်၏ ခါးတွင် ရစ်သိုင်းကာ တင်ပါးကို တစ်ဖြောင့်တည်းထားလျက် ဖိပွတ်လိုက်သည်။ သူ ဘာလုပ်နေမိမှန်း မသိ၊ အလိုလို လုပ်လိုက်မိသည့် လုပ်ရပ်များ ဖြစ်သော်လည်း ကျိမြန်ကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့လုမတတ် ဖြစ်သွားစေတော့သည်။ 


ကျိမြန်က သူ့ကို နှစ်ကြိမ်တိုင် အပြင်းအထန် နမ်းရှိုက်ကာ အက်ကွဲနေသည့် အသံဖြင့် သတိပေးလိုက်သည်။ 


"မီးနဲ့ လာမကစားနဲ့ မဟုတ်ရင် မနက်ဖြန်ကျ အိပ်ယာထဲကနေ မထွက်နိုင်ဘဲ နေလိမ့်မယ် ..." 


ကျိကောက တကယ်ကြီးကို အဝါရောင်လေသံတွေနဲ့ ပြောနေတာပဲ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ညှို့ဓာတ်ပြင်းနေရတာလဲ... 


ရှောင်ကျားရှုမှာ ဘာဆက်လုပ်ရမလဲပင် မသိတော့။ ကြောက်ရွံ့မှုတို့အားလုံး စမ်းသပ်ကြည့်ရန် စိတ်အားထက်သန်မှုအဖြစ် ပြောင်းလဲသွားတော့သည်။ 


ဘာပဲဖြစ်ဖြစ် အနှေးနဲ့အမြန် ဒါကို လုပ်ရမှာပဲလေ အိပ်ယာ‌ထဲကနေ မထွက်နိုင်ရင်လည်း ကျောက်ချွမ်ကို တစ်ရက် ခွင့်တိုင်လိုက်ရုံပေါ့ ဘာခက်တာမှတ်လို့ ... 


ကျိမြန်၏ မျက်လုံးတို့ သွေးရောင်သဖွယ် နီရဲလာကာ ဝမ်းဗိုက်အောက်ပိုင်းမှာလည်း ပေါက်ကွဲထွက်လုမတတ် တင်းမာလာတော့သည်။ အိပ်ယာမှ ကမန်းကတမ်းထကာ ခရီးဆောင်အိတ်ကို လှန်လှောရှာဖွေလိုက်သော်လည်း အလောတကြီး ထွက်လာခဲ့ရသည့်အတွက် အဝတ်အစားတို့မှအပ မည်သည့်အပိုပစ္စည်းကိုမှ ယူမလာခဲ့မိ။ ဟော်တယ်ကလည်း တည်းခိုသူများအတွက် ကွန်ဒုံးနှင့် ချောဆီများ ပြင်ဆင်ပေးမထားရာ သူကိုယ်တိုင် အောက်ထပ်ဆင်းကာ သွားဝယ်ရမည်ဖြစ်သည်။ 


SHIT ...



တိတ်တဆိတ် ဆဲရေးလိုက်ပြီးနောက်တွင်တော့ ရှောင်ကျားရှုကို တစ်ဖန်ဖိကာ ပြင်းပြင်းထန်ထန် အနိုင်ကျင့်လိုက်ပြန်တော့သည်။ 


ခေါင်းအစ ခြေအဆုံး အနမ်းခံနေရသည့် ရှောင်ကျားရှုမှာလည်း အနည်းငယ် လှုပ်ယမ်းလျက်သာ ညဉ်းညူလိုက်တော့သည်။ ကျိမြန်က လျာကိုသုံးလျက် ခံတွင်းတစ်ခုလုံးကို မွှေနောက်ကာ ပူပြင်းလှသည့် လေငွေ့တို့ကို လည်ချောင်းထဲအထိ တွန်းပို့လိုက်သည်။ 


"မညည်းနဲ့ မဟုတ်ရင် မင်းကို လုပ်ပစ်လိုက်မှာ ..." 


ဒါဆိုလည်း မြန်မြန်လုပ်လိုက်လေ အောင့်မထားနိုင်တော့ဘူးလို့ ... 


ထိုသို့တွေးရင်း ရှောင်ကျားရှုမှာ တဆတ်ဆတ်တုန်ကာ ပျော့ခွေသွားတော့သည်။ 


ဖာ့ခ် သူ တကယ်ကြီးကို အောင့်မထားနိုင်တော့တာပဲ ဒါကြီးက မမြန်လွန်းဘူးလား နှစ်မိနစ် ဒါမှမဟုတ် တစ်မိနစ်လောက်ပဲ ရှိမယ်ထင်တယ် ဘာလို့ နောက်ထပ် မိနစ်ဝက်လောက်တောင် အောင့်မထားနိုင်ရတာလဲကွာ ... 


ကျိမြန်က ညစ်ပေနေသည့်လက်ကို တစ်သျှူးအချို့ဖြင့် သုတ်ရင်း ထိန်းချုပ်၍ မရနိုင်စွာ ရယ်မောလိုက်သည်။ 


ရှောင်ကျားရှုက မျက်နှာကို အုပ်လျက် ညည်းတွားလိုက်သည်။  ရှက်ရွံ့ လွန်းသည့်စိတ်ကြောင့် တစ်ဖက်သို့ လှည့်လိုက်ရာ သူ့တင်ပါးမှာ ကျိမြန်ရှိရာသို့ မျက်နှာမူလျက်သား ဖြစ်သွားတော့သည်။


ထိုအချိန်မှာပင် စားစရာပို့သည့် စားပွဲထိုး ရောက်လာသည့်အတွက် ဘောင်းဘီခါးပတ်နှင့်အတူ ရေချိုးခန်းထဲ လှစ်ခနဲ ပြေးဝင်ကာ ပုန်းလိုက်တော့သည်။ ကျိမြန်ကမူ ခပ်ဟဟ ရယ်မောလိုက်ပြီးကာမှ တံခါးဖွင့်ကာ စားပွဲထိုးကို ရက်ရက်ရောရော ဘောက်ဆူးပေးလိုက်တော့သည်။ 


"ထွက်လာပြီး ညစာစားလှည့်တော့လေ ..." 


သူက ထမင်းဘူးကို ဖွင့်လျက် အသံခပ်နိမ့်နိမ့်ဖြင့် ပြောလိုက်သည်။  



"မပူပါနဲ့ ကိုယ် မင်းကို မလှောင်ပါဘူး ..." 


"မပြောခင်ကတည်းက ရယ်ပြီးနေပြီ မဟုတ်လား ..." 


ခေါင်းတစ်ခြမ်း ထုတ်ကာ ပြောလာသည့် ရှောင်ကျားရှု၏ မျက်ဝန်းတို့မှာ မျက်ရည်များဖြင့် ပြည့်နှက်နေကာ လွန်စွာ သနားဖွယ်ရာပင်။ 


"တောင်းပန်ပါတယ် ကိုယ် ထိန်းမထားနိုင်‌လိုက်လို့ ..." 


ကျိမြန်က ရယ်သံတစ်ချက် ထွက်လျက် ပြောလိုက်မိပြန်သည်။ ရှောင်ရှုက ပြန်ပုန်းတော့မည့်ဟန် ပြင်နေကြောင်း တွေ့လိုက်ရသည့်အခါ သူ့ကို အလျင်အမြန် ဆွဲထုတ်ကာ ပေါင်ပေါ်တင်လျက် နှစ်သိမ့်ပေးလိုက်ရတော့သည်။ 


"မင်းသာ ခဏခဏ လုပ်ရင် ဒါတွေက မမြန်တော့ပါဘူး ကိုယ်တို့မှာ လေ့ကျင့်ချိန်တွေ အများကြီး ရနေတဲ့ဟာ မင်းသင်ချင်တာမှန်သမျှ ‌သင်ပေးမှာပေါ့ ပူမနေနဲ့တော့နော် ဟုတ်ပြီလား ..." 


ထိုသို့ ပြောနေရင်းပင် သူ့ချစ်သူကောင်လေး၏ စိုစွတ်နေသော မျက်ဝန်းထောင့်စွန်းတို့ကို ငုံ့နမ်းမိလိုက်ပြန်တော့သည်။ သူ့နှလုံးသားတစ်ခုလုံး မဖော်ပြနိုင်လောက်သည့် နူးညံ့မှုတို့ ပြည့်နှက်နေကာ နှလုံးခုန်သံ တဒုတ်ဒုတ်ညံလာတော့သည်။ 


"ဒါဆို အခုက ဘယ်လောက်ကြာတာလဲ ..." 


‌ကျိမြန်၏ နားနားကပ်လျက် တီးတိုးပြောလိုက်ကာ ထိုသို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် ခေါင်းကို ပုခုံးကြားတိုးလျက် ဖွက်ထားလိုက်တော့သည်။ 


"သုံးမိနစ်လောက်ပေါ့ ...".



ကျိမြန်မှာ မရယ်မိစေရန် မနည်း ကြိုးစားလိုက်ရတော့သည်။ 


ရှောင်ကျားရှုက ဖုန်းကိုထုတ်ကာ ရှာကြည့်လိုက်ပြီးကာမှ စိတ်သက်သာရာ ရသွားတော့သည်။ 


သုံးမိနစ်နဲ့ အထက်ဆို ပုံမှန်ပဲ သုံးမိနစ်ထက် နည်းမှ ပုံမှန် မဟုတ်တာတဲ့ အဆင်ပြေတယ် အဆင်ပြေတယ်  ... 


"ဒါဆို စားရအောင် ..." 


ထိုအခါမှသာ ကျိမြန်ကို မျက်နှာချင်းဆိုင်ရဲတော့သည်။ 


"ကောင်းပါပြီဗျာ ..." 


ကျိမြန်က သူ့နှာဖျားကို ငုံ့နမ်းလျက် ပြုံးလိုက်ပြန်သည်။ ရှောင်ကျားရှုနှင့်သာ အတူတူ နေရပါလျှင် စက္ကန့်တိုင်း၊ မိနစ်တိုင်းမှာ လုံးဝ ပျင်းရိဖွယ်ရာ မရှိချေ။ 


ရှောင်ကျားရှုကလည်း သူ့ကို အကြိမ်အနည်းငယ် ပြန်နမ်းလိုက်ပြီးကာမှ အမဲသားစတိခ်ကို လှီးဖြတ်လ်ုက်သည်။ Weibo ကို ဖွင့်ကြည့်သည့်အခါ ကျိကော၏ ပို့စ်အောက်မှ မှတ်ချက်အများအပြားကို တွေ့လိုက်ရတော့သည်။ အချို့က ဘာကြောင့် ရှောင်ကျားရှုကို မဖယ်ကြဉ်သလဲ မေးထားကြကာ ရှောင်ကျားရှုမှာ‌ ကောလဟာလများကဲ့သို့ ဆိုးရွားသူ မဟုတ်ကြောင်း ယုံကြည်သူများလည်း မနည်းလှပေ။ အမျိုးအစားတူသည့် ငှက်တို့ကသာ ပူးကပ်ကြရာ နတ်ဘုရားကျိနှင့် ရှောင်ကျားရှုတို့မှာ လွန်စွာ ရင်းနှီးလှသည့်အတွက် ရှောင်ကျားရှု၏ စရိုက်မှာ ယုံကြည်ထိုက်သည်ဟု ထောက်ခံသူများလည်း မနည်းမနောပင်။ 


သူတို့နှစ်ဦးကို ထောက်ခံအားပေးသူများ တစ်ဖြည်းဖြည်း များပြားလာခြင်းမှာ ကျိမြန်၏ လွှမ်းမိုးနိုင်စွမ်းကြောင့်ပင် ဖြစ်ပေသည်။ သူ့သဘောထားကို ပြသရန် မည်သည့်စကားတစ်ခွန်းကိုမှ ထုတ်ပြောနေရန် မလိုအပ်လှ။ 


ချိုးတု၊ ကျန်းပင်းကျဲနှင့် အခြား ရေတပ်ဝယ်ယူထားသူများမှာ ရည်မှန်းချက် ပြည့်ဝသွားပြီးဖြစ်၍ ကွမ်ရှီ၊ ကွမ်ရှစ်နှင့် ရှောင်မိသားစုကို အပြစ်မပြုမိစေရန် အလို့ငှာ ရှောင်ကျားရှုကို ထပ်ပြီး အသုံးမချတော့။ သို့သော် ကျိစဲယွဲ့ကျီမှာမူ ချင်းယွင်ကျစ်ရှန့်၏ ပရိသတ်များကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။ 


ထိုအခါမှ ရှောင်ကျားရှု၏ ပေါက်ကွဲထွက်စေနိုင်လောက်သည့် စကားများမှာ အမှန်ဖြစ်နိုင်ကြောင်း ယုံကြည်စ ပြုလာကြတော့သည်။ ကျိစဲယွဲ့ကျီမှာ မည်သည့်အချက်ကြောင့် ကျော်ကြားကြောင်း တရုတ်တစ်ပြည်လုံး သိရှိပြီးဖြစ်ရာ သူသာ "နဂါးနှစ်ကောင်၏ ရာဇဝင်" ဇာတ်ကောင်များအား ပြန်လည်ဖန်တီးခွင့်အား လက်လွှတ်ခံပါလျှင်ပင် ထူးဆန်းပေလိမ့်မည်။ ထိုသူသည် ဂန္တဝင်ဇာတ်ကောင်များကို သူ့ကိုယ်ပိုင်အဖြစ် ပြန်ရေးရာတွင် အကျွမ်းကျင်ဆုံးသူ ဖြစ်ပေသည်။ 


ရိုက်ကူးရေးအဖွဲ့က ဘာဖြစ်ချင်နေတာလဲ လူတိုင်းကို ပုန်ကန်အောင် တွန်းအားပေးနေတာလား ... 


မူရင်းစာအုပ်၏ ပရိသတ်များနှင့် အဓိကသရုပ်ဆောင်တို့၏ ပရိသတ်များ အချင်းချင်း အငြင်းပွားကုန်ကြကာ ကျိစဲယွဲ့ကျီ ပေါ်လာပြီး မူရင်းဝတ္ထုကို လေးစားပါမည်ဟု ထပ်ကာထပ်ကာ ပြောလာမှသာ အငြင်းပွားမှု ဆုံးခန်းတိုင်သွားတော့သည်။ 


ရှောင်ကျားရှုကမူ ဇာတ်လမ်းကို ဝင်ဖျက်ရန် စိတ်မဝင်စား၊ သာမန်ကာလျှံကာသာ ကျော်သွားလိုက်တော့သည်။ ထို့နောက် သူ့နေရာတွင် မည်သူ့ကို အစားထိုးလိုက်ကြောင်း စပ်စုရန် ဇာတ်လမ်း၏ တရားဝင် Weibo ကို ဝင်ကြည့်လိုက်သည်။ 


"သူက အရုဏ်ဦးရဲ့ နာမည်ကြီး တက်သစ်စ သရုပ်ဆောင်လေ မျက်နှာက အရမ်း မိန်းမဆန်လွန်းတဲ့အပြင် သရုပ်ဆောင်စွမ်းရည်က‌လည်း တော်တော် ဆိုးဆိုးဝါးဝါးပဲ လီယွမ်ဟောက်ရဲ့ စရိုက်ကို လုံးဝ သရုပ်ဖော်နိုင်မှာ မဟုတ်ဘူး ..." 


ကျိမြန်က သူ့ပုံကို ဖျတ်ခနဲ လှမ်းကြည့်ရင်း ပိုင်ပိုင်နိုင်နိုင် ပြောလိုက်သည်။


"မင်းကို ဆုံးရှုံးလိုက်ရတာက "နဂါးနှစ်ကောင်ရဲ့ ရာဇဝင်" အတွက်‌တော့ အကြီးမားဆုံး ဆုံးရှုံးမှုပဲ တစ်နေ့နေ့တစ်ချိန်ချိန်မှာ သူတို့ သဘောပေါက်လာလိမ့်မယ် ..." 


တော်သေးတာပေါ့ ကိုယ်ကတော့ မင်းကို မဆုံးရှုံးလိုက်ရလို့ ...


.........



ကျိမြန်နှင့် အတူတူ အချိန်ဖြုန်းနိုင်ရန် အလို့ငှာ ရှောင်ကျားရှုသည် ညစာစားပြီးသည့်တိုင် ဟော်တယ်သို့ ပြန်မည့်အကြောင်းကို မပြော။ ဇာတ်ညွှန်းစာရွက်ကို ထုတ်လျက်ကာ အလေးအနက် ဆွေးနွေးရန် ပြင်ဆင်လိုက်သည်။ ကျိမြန်ကမူ သူ့အကြံတို့ကို မရိပ်မိသည့်နှယ် ခပ်ပြုံးပြုံး နားထောင်ပေးနေလိုက်သည်။ 


"Running all the way" ၏ ဇာတ်ညွှန်းမှာ အလွန် ရိုးစင်းလှပေသည်။ ၎င်းမှာ အပန်းဖြေရန် အလို့ငှာ တရုတ်ပြည်မှ U.S သို့ ရောက်လာသော ဒုတိယမျိုးဆက် လူချမ်းသာသခင်လေး ပြန်ပေးဆွဲခံရကာ ကံကောင်းထောက်မစွာဖြင့် သက်တော်စောင့်၏ ကယ်တင်ခြင်းကို ခံလိုက်ရသည့်အကြောင်း ဖြစ်သည်။ နှစ်ဦးလုံးမှာ ငွေညှစ်ရန် အလို့ငှာ ပြန်ပေးဆွဲခြင်းမျှသာ ဖြစ်သည်ဟု တွေးခဲ့သော်ငြား ပြန်ပေးသမားတစ်ဦးမှာ လူချမ်းသာဖခင်ကို ပေးပို့သည့် အသံဖိုင်ကို အဆင့်မြင့်ဗိုင်းရပ်စ်အဖြစ် ပြောင်းလဲကာ သူ့နေစဉ်ဘဝတို့ကို နှောင့်ယှက်နိုင်နေကြောင်း တွေ့ရှိသွားတော့သည်။ ၎င်းမှာ ပညာမတတ်၍ လူ့အသိုင်းအဝိုင်း၏ အောက်ခြေတွင် ရုန်းကန်လှုပ်ရှားနေရသည့် ဂိုဏ်းစတားတို့ လုပ်နိုင်လောက်သည့် စွမ်းရည်မျိုး မဟုတ်ချေ။ 


လူချမ်းသာသခင်လေး၏ သက်တော်စောင့်မှာ မူလက ရဲအရာရှိတစ်ဉီး ဖြစ်ခဲ့ဖူးကာ လွန်ခဲ့သည့် သုံးနှစ်ခန့်က လူကုန်ကူးသည့် အဖွဲ့တစ်ခုကို စုံစမ်းရင်း သူ့လူကိုယ့်ဘက်သား အေးဂျင့်နှစ်ဦးကို သတ်ခဲ့မိသည့်အပြင် မစ်ရှင်လည်း ကျရှုံးခဲ့သည့်အတွက် ရဲတပ်ဖွဲ့မှ ချက်ခြင်း ထုတ်ပယ်ခံခဲ့ရသည်။ သူသည် ရာဇဝတ်မှုနှင့် ပတ်သက်လာပါလျှင် အင်မတန် ထက်ရှလှသည့် အလိုလိုသိစိတ်တစ်ရပ်ကို ပိုင်ဆိုင်ထားရာ သံသယဖြစ်ဖွယ်တစ်ခုခု ရှိနေကြောင်း ချက်ခြင်း သတိပြုမိသွားသည့်အတွက် ဒေသခံရဲတပ်ဖွဲ့ကို အတွင်းကျကျ စစ်ဆေးပေးရန် အကြံပြုလိုက်သည်။ ထို့နောက် ဟော်တယ်သို့ ပြန်လာသည့်အခါ လူချမ်းသာကလေး၏ အခန်းကို အမည်မသိသူများက ချိုး‌ဖျက်ဝင်ရောက်ကာ ပစ္စည်းအားလုံး အထူးသဖြင့် သူ့ကွန်ပျူတာ၊ လက်ကိုင်ဖုန်း၊ tablet နှင့် အခြား လျှပ်စစ်ပစ္စည်းများကို လှန်လှောရှာဖွေသွားကြောင်း တွေ့လိုက်ရသည်။ ထိုကျူးကျော်သူများမှာ သာမန်မဟုတ်သည့် ပစ္စည်းတစ်ခုကို ရှာဖွေနေဟန်ပင်။ 


သက်တော်စောင့်၏ မေးခွန်းများအောက်တွင် သခင်လေးသည် ပြန်ပေးဆွဲမခံရခင်က တရုတ်အမျိုးသမီးတစ်ဦးနှင့် တွေ့ခဲ့ဖူးကြောင်း သတိရသွားတော့သည်။ သူမက သူ့အနား ချဉ်းကပ်ကာ chip တစ်ခုကို ကမ်းပေးရင်း ၎င်းမှာ ဟန်သုံ၏ ပစ္စည်း‌ဖြစ်ကြောင်းနှင့် သူ့ကို မမေ့မလျော့ ပေးပေးရန် ထပ်ကာထပ်ကာ သတိပေးလိုက်သည်။ သို့သော် သခင်လေးမှာ မူးနေ၍ ထို chip ကို ဟော်တယ်သို့ ပြန်ယူမလာဘဲ ဘား၏ သန့်စင်ခန်းထဲတွင် ပစ်ထားခဲ့လိုက်မိသည်။ သို့သော် သူ့နောက် လိုက်လာသည့် ရာဇဝတ်ကောင်များမှာမူ ထို chip မှာ သူ့လက်ထဲတွင် ရှိနေလိမ့်မည်ဟု အထင်ရောက်၍ ပြန်ပေးဆွဲလာခဲ့ခြင်း ဖြစ်ပေသည်။ 


ဟန်သုံက U.S တွင်ရှိသည့် မည်သည့်အသိအကျွမ်းကိုမှ မစဉ်းစားမိ။ သခင်လေးက ဘားတွင် ဓာတ်ပုံများစွာ ရိုက်လာခဲ့ရာ တိုက်ဆိုင်စစ်ဆေးကြည့်လိုက်ကာမှ ထိုတရုတ်အမျိုးသမီးဆိုသူမှာ လွန်ခဲ့သော သုံးနှစ်က သူ သတ်ခဲ့မိသည့် အေးဂျင့်ဖြစ်နေကြောင်း သိလိုက်ရတော့သည်။ ထိုကိစ္စမှာ လွန်ခဲ့သည့် သုံးနှစ်က ကိစ္စနှင့် ဆက်စပ်နေနိုင်သည့်အတွက် အလွန်အမင်း စိုးရိမ်သွားကာ chip ကို ပြန်ရှာရန် အလို့ငှာ သခင်လေးအား ဘားသိူ့ ခေါ်သွားပေးရန် တောင်းဆိုလိုက်သည်။ တစ်

ချိန်တည်းမှာပင် ရာဇဝတ်ကောင်များကလည်း ၎င်းကို လိုက်ရှာနေသည့်အတွက် နှစ်ဖက်လုံး လိုက်လံချောင်းမြောင်း တိုက်ခိုက်လိုက်ကြတော့သည်။ 



Xxxxxxxx