အပိုင်း ၆၃
Viewers 15k


အခန်း 63: မင်းလက်ထပ်ပြီးသွားခဲ့ပြီလား။



ချန်းခယ့်ယောင် က ပြန်မဖြေခဲ့ပေ။သို့သော်လည်းသူ၏ ခေါင်းသည် ရုန်ယီရဲ့ လည်ပင်း ဘေး၌ မြှုပ်ထားဆဲဖြစ်၏။ သူ့တစ်ကိုယ်လုံးသည် သဘာဝမဆန်စွာ တုန်ယင်နေသည်။

နောက်ဆုံးတော့ ရုန်ယီ မထိန်းနိုင်တော့ချေ။ သူသည် အခြားလက်တစ်ဖက်ကို မြှောက်လိုက်ပြီး ချန်းခယ့်ယောင်၏ နောက်ကျောကို ဆုပ်ကိုင်လိုက်သည်။

သူ့၏ ရှေ့တည့်တည့်တွင်ပင် ၊ သူ့၏လက်ထဲ၌ သေးငယ်သော တိုက်ပွဲလေးသည် သူနှင့် ချန်းခယ့်ယောင် ကြားက အေးချမ်းနေသော ကမ္ဘာလေးအား ဖျက်ဆီးသွားသည် ။ သူ၏ချစ်သူသည်လည်း သူတို့ နှစ်ယောက်လုံး အတွက် တိုက်ခိုက်နေရသည်။ သေချာသည်ကတော့ သူသည် ထို့ကဲ့သို့ မဖြစ်စေချင်ခဲ့ပေ။



"မင်းတွေ့လား....အဲတာက ငါ့ရဲ့ပရိုမုန်းတွေကြောင့် မဟုတ်ဘူး... မင်းပဲ ငါ့အတွက် ဒီလိုအကြံဥာဏ်တွေ ပေးနေခဲ့တာလေ....မဟုတ်ဘူးလား" 



သူသည် ချန်းခယ့်ယောင် ၏နားကို တိုးတိုးလေးပြောသည်။



 “တကယ်တော့ ကိုယ့် ဗီဇကိုမုန်းတာကြောင့်ထွက်လာတဲ့ ပရိုမုန်းတွေကတော့ အမှန်တကယ်ကို ကွာခြားမှာပေါ့...."



 "မင်း ငါနဲ့ အတူရှိနေနိုင်ရင် မင်း အနိုင်ရမယ်ဆိုတာကို မင်းယုံသင့်တယ်...ပြီးတော့ ဒါလုပ်၊ ဒါနဲ့ ပြီးတော့ ချောချောမွေ့မွေ့ပဲ ပြီးသွားလိမ့်မယ်...."



ချန်းခယ့်ယောင်သည် နောက်ဆုံးတွင် စကားပြောလာပြီ ဖြစ်သော်လည်း သူ့အသံမှာ အထူးသဘာဝမကျဘဲ သူသည် ဆက်တိုက်တုန်ယင်နေခဲ့သည်။



 “မင်းငါ ရယ်ရအောင် ဆက်မလုပ်နဲ့တော့.....ငါမင်းကို ဆက်ပြီးသည်းမခံတော့ဘူး....”



"ငါအတည်ပြောနေတာ!"



ရုန်ယီ စိတ်ဓာတ်ကျသွားသည်။
ရုန်ယီသည် သူစကားပြောနေသောအခါ၌ အနည်းငယ်ဒေါသထွက်နေခဲ့သည်။ ထို့ကြောင့် သူသည် ချန်းခယ့်ယောင်ဆံပင်များကို ရှုပ်ပွစေသွားရန်လုပ်လိုက်သည်။ သို့သော်လည်း၊ ချန်းခယ့်ယောင် တိတ်ဆိတ်သွားသည်ကိုမြင်သောအခါ ရုန်ယီ သည် ဒေါသထွက်နေမည့်အစား စိတ်မကောင်းဖြစ်မိသည်။



"ဒါက ဘယ်လိုမျိုးလဲ.... ငါ့ကို အိုမီဂါတစ်ယောက်လိုမျိုးမဆက်ဆံပါနဲ့” 



 သူ ဆက်ပြောလာသည်။ 



“တကယ်တော့ အရင်က မင်းကို ငါလိမ်ခဲ့တာ....ငါက ဘီတာတစ်ယောက်ပါ။"

ချန်းခယ့်ယောင်ကသူလက်ကိုထုတ်လိုက်ကာ ရုန်ယီ ကို တင်းကျပ်စွာကိုင်ထားလိုက်လျက် နောက်တဖက်ကို အပေါ်သို့ ဖြေးဖြေးချင်း မြှောက်လိုက်ကာ ရုန်ယီ၏ ပါးစပ်အား ကာလိုက်သည်။

"ကျေးဇူးပြုပြီး ဘာမှထပ်မပြောပါနဲ့တော့..."



“…”

ရုန်ယီ စိတ်ဆိုးသွားခဲ့ကာ ချန်းခယ့်ယောင် ၏လက်အား အဝေးတွန်းပို့လိုက်သည်။

"ငါကလေ မင်းငါနဲ့လာပြီး အခုထိငါ့ကိုအပြစ်ရှာနေတုန်းမှာ ငါကမင်းကို ပွေ့ဖက်ဖို့ကြိုးစားနေမိတုန်းပဲ..."

ချန်းခယ့်ယောင်သည် စကားတစ်ခွန်းမှ မပြောလာခဲ့ချေ။ သို့ ‌သော်လည်း ရုန်ယီ ၏လက်အား ထပ်မံဆုပ်ကိုင်လိုက်ကာ ရုန်ယီ၏ လည်ပင်းအားပွတ်သပ်ရန် အနားသို့ ပို၍ တိုးကပ်လာသည်။

ရုန်ယီ၏ ဒေါသသည် ရုတ်ချည်းပဲ ပျောက်ကွယ်သွားသည်။



"ဒါမှမဟုတ် တကယ်လို့ ငါက ဘီတာနဲ့ မတူဘူးလို့ မင်းထင်ရင် ငါ့ကို အယ်လ်ဖာ တစ်ယောက်လို ဆက်ဆံနိုင်တယ်။" 

သူကတော့ စိတ်ဓာတ်ကျမနေခဲ့ချေ။

 "ငါက အလွန်ရှားပါးတဲ့ အနံ့မွှေးတဲ့ Alphaတစ်ယောက်လို့ မင်းတွေးကြည့်လို့ရတယ်။"

ရုန်ယီ၏ အသံကြားရရုံနဲ့တင်၊ ချန်းခယ့်ယောင်သည် စိတ်အတော်ပင် ပြေကျသွားပြီဖြစ်ပြီး ရုတ်တရက်ပင် သိသိသာသာပင် တုပ်လှုပ်သွားသည်။

‌ရုန်ယီ သည်လည်း ချက်ချင်းပင် စိတ်ထဲမသက်မသာခံစားလိုက်ရကာ ခေါင်းကို ဂရုတစိုက် လှည့်လိုက်သည်။

 "မင်း အဆင်ပြေရဲ့လား?"



ထို့နောက် ချန်းခယ့်ယောင်သည် လည်း သူ့ကိုကြည့်နေသည်ကို တွေ့လိုက်ရသည်။

ချန်းခယ့်ယောင် ၏ မျက်လုံးများသည် အထူးသဖြင့် ရေခိုးရေငွေ့များဖြင့် နီရဲနေသော်လည်း သူ့ပါးစပ်ထောင့်များသည် အပေါ်သို့ မြင့်တက်နေခဲ့သည်။ သူ ရယ်နေခဲ့သည်။

"မင်းအဆင်ပြေလား?" 



ရုန်ယီက မေးလာသည်။

ချန်းခယ့်ယောင် က ပြန်မဖြေဘဲ အခြားအကြောင်းပြောလာသည်။



 "... မင်း တကယ်ကို ချိုမြိန်ပါတယ်ဆိုပြီး ကိုယ်ကိုကိုယ်ကြွားဝါနေရောပဲ" 



“…”



ရုန်ယီသည် ရှက်သွားကာ နောက်ဆုံး၌ ဒေါသဖြစ်သွားသည်။ စိတ်ပြေလျော့သွားပြီဖြစ်သော်လည်း သူကိုယ်ကိုဖိထားဆဲဖြစ်သော အယ်လ်ဖာ အား တွန်းထုတ်ရန်အတွက် သူ့၏ခွန်အားတွေ အများကြီး အားသုံးလိုက်ရသည်။



 “ငါ့ပေါ်က ဖယ်!”


ကံမကောင်းစွာပဲ၊ ချန်းခယ့်ယောင်သည် တွန်းထုတ်နိုင်ဖို့အတွက် အရမ်းလေးလံလွန်းနေခဲ့သည်။

ချန်းခယ့်ယောင် သည် ခေါင်းမာမာနှင့်ပင် သူ့အေပါ်၌ လှဲနေခဲ့ပြီး ရွေ့လိုက်ဖို့အတွက် ငြင်းဆန်နေခဲ့သည်။ 



“ကိုယ်တော့ အခုအချိန်လေးက အထူးကောင်းမွန်နေတယ်လို့ ခံစားရတယ်...ကိုယ် မင်းကို အချိန်အကြာကြီး ဖက်ထားပါရ‌စေဦး...."



ရုန်ယီသည် ခဏတာမျှတုံ့ဆိုင်းသွားကာ သူ့အား ဆက်တွန်းထုတ်ရန် မကြိုးစားတော့‌ချေ ။ သို့သော် သူ့သဘောထားကို ပြသရန်အတွက် သူ၏ခေါင်းကို တင်းမာစွာပဲ ‌လှည့်ထားဆဲဖြစ်ကာ သူ၏ခေါင်းသည် ချန်းခယ့်ယောင်၏ မျက်နှာဘေး၌ ထား၍နေလေသည်။



သို့သော် ချန်းခယ့်ယောင်သည် က စိတ်ထဲမထားခဲ့ပေ။ သူသည် ရုန်ယီ၏ လည်ပင်းဘက်ခြမ်းကိုနှာခေါင်းဖျားလေးနှင့် အသာအယာပွတ်သပ်ကာ ရုန်ယီ ၏ ခန္ဓာကိုယ်ပေါ်တွင် ကြက်သီးမွေးညှင်းများ ပေါ်လာစေသည်။



“မင်းတကယ် ချိုမြိန်တဲ့အနံရှိတာပဲ” 



သူသည် ရုန်ယီ၏ နားရွက်နား၌ တိုးတိုးလေးပြောသည်။



ချန်းခယ့်ယောင် က စကားပြောတဲ့အခါ၌ သူ့အသက်အရှူ အသွင်း အမှုအားလုံးနီးပါးကို ရုန်ယီ၏ လည်ပင်းသား၌ ဖြန်းခနဲ ဖြစ်သွားစေပြီး ရုန်ယီရဲ့ ခန္ဓာကိုယ် တစ်ဝက်ကို မခံနိုင်တော့အောင် ထုံကျင်လာစေသည်။



ကံမကောင်းစွာနဲ့ပဲ၊ ဒီအယ်လ်ဖာဖြစ်တဲ့ ကိုယ်ကိုကိုယ် အနိုင်ယူပြီး အနည်းငယ်လောက် ကျေနပ်နေသူသည် ဆက်လက်ပြီး ရုန်ယီ၏ လည်ပင်းကို နီးကပ်လာကာ ခဏတာမျှ အနံ့ခံနေခဲ့သည်။ ထို့နောက်တော့ သူ့လက်များသည် စပြီး လှုပ်ရှားမှုများစတင်လာသည်။ သို့သော် ရုတ်တရက် သူသည် အလွန်စိတ်အနှောင့်အယှက်ဖြစ်သော ကြောင့် တီးတိုးသံ "အာ" ဆိုသောအသံကို ထုတ်လိုက်သည်။



ထိုအသံကြားပြီးနောက်တွင် ချန်းခယ့်ယောင် သည်ရုတ်တရက် ရုန်ယီ ၏ခန္ဓာကိုယ်ပေါ်မှ ထလာကာ သူသည် သိသိသာသာ ပူလာသည်။



ချန်းခယ့်ယောင် သည် မြေပြင်ပေါ်သို့ ခုန်ဆင်းကာ အိမ်သာထဲသို့ အလျင်စလို ၀င်သွားလေသည်။



ရုန်ယီ သည် ဆိုဖာပေါ်တွင် တစ်ယောက်တည်း ကျန်ခဲ့ရကာ၊ ကွက်လပ်ဖြစ်နေသလို အထီးကျန်နေသလိုနှင့် အအေးဓာတ်များအား ခံစားရသည်။



သူသည် ထိုနေရာ၌လှဲပြီးနောက်မှာ ခဏလောက် မှင်သက်သွားကာ ခေါင်းကိုဖုံးဖို့ ဆိုဖာကူရှင်ကို ကောက်ကိုင်လိုက်သည်။



"အဲဒါကို မေ့ပစ်လိုက်စမ်းပါ စိတ်ရှုပ်မခံပါနဲ့။"



 အကောင်းမြင်စိတ်ဖြင့် ပို၍တွေးကြည့်လိုက်သောအခါ ရုန်ယီသည် ချန်းခယ့်ယောင်က အမှန်တကယ် လျင်မြန်စွာ တိုးတက်နေပြီဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့ရသည်။


ချန်းခယ့်ယောင် သည် နေ့ခင်းဘက်များ၌ အိပ်ရေးပျက်သောကြောင့် ပြန်လည်အနားယူရန်လိုသည်။



အိပ်ရာမဝင်ခင်၌ သူသည် ရုန်ယီအား မော့ယွီဖေး ဖုန်းနှင့် ‌ေပြာခဲ့သည်များအား အတိုချုံးပြောပြခဲ့သည်။ မော့ယွီဖေးပြောသည်က သူတို့၏ ကုမ္ပဏီသည် သူတို့၏ ဆက်ဆံရေးကို ရှင်းရှင်းလင်းလင်း ကြေငြာချက်ထုတ်မည်ဟု ပြောကြားခဲ့သည်။



 သို့သော်လည်း ရုန်ယီသည် ထိခိုက်နိုင်ဆဲဖြစ်သည်။

 

 ထို့ကြောင့် လူထုအား အမှန်တကယ် ဆွဲဆောင်လိုပါက သူ၏ ကိုယ်ရေးကိုယ်တာအကောင့်၌လည်း တရားဝင် ကြေငြာချက်ထုတ်ပြီးပါသော်လည်း ထပ်မံရှင်းပြရန် လိုအပ်ပါသည်။ထိုလက်မှတ်များကို ချန်းခယ့်ယောင် နှင့် ရုန်ယီအား "ခင်ပွန်းသည်နှင့် ခင်ပွန်း" စုံတွဲအဖြစ် ပေးအပ်ခဲ့ကာ ရုန်ယီနှင့်အပြန်အလှန်ဆက်နွယ်ရန် စင်မြင့်ပေါ်သို့ ခေါ်သောအခါ သူငယ်ချင်းများကြား ဟာသတစ်ခုသာဖြစ်နိုင်မည်ဟု သူပြောနိုင်သည်။ ဟိုတယ်မှာတော့ သေချာသည်ကရုန်ယီ နှင့် သူ့အဖော် တခြားအခန်းမှာ အတူနေနေချိန်မှာ သူကိုယ်တိုင်သည်လည်း သူအခန်းထဲ၌ တည်းခိုနေမည်မှာသေချာပါသည်။

 

မော့ယွီဖေး ပြောသည်က သူသည် အဖြစ်မှန်များကို ပြန်လည်ပြင်ဆင်ကာ လူထုအား ပြောပြခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။ 



ပံ့ပိုးကူညီသူတစ်ယောက်အနေနှင့် ကံကောင်းထောက်မစွာ ဂိုးသွင်းနိုင်ခဲ့သော အရူးအမူးသမားတစ်ဦးသာ ဖြစ်ဖွယ်ရှိသည်။မော့ယွီဖေး ၏ကုမ္ပဏီသည် ထိုစျေးကွက်ရှာဖွေရေးအကောင့်နှင့် ဆက်သွယ်စပြုနေပြီဖြစ်သောကြောင့် အဆိုပါပံ့ပိုးသူ၏အမည်ကို ရှာဖွေရန်ခက်ခဲမည်မဟုတ်ပေ။



ရုန်ယီသည် ထိုအချိန်က ချန်းခယ့်ယောင် မှ အောက်ပါအဖြေအား ပေးလိုက်သည်ကို ကြားလိုက်ရသည်အား မှတ်မိသွားသည်:“ဘာပဲဖြစ်ဖြစ်ပါ....”

 ရုန်ယီသည် ပြဿနာတစ်ခုအကြောင်း ဆက်လက်ပြီး စဉ်းစားနေခဲ့သည်။ ၎င်းက ပြင်းထန်သလား ၊ မပြင်းထန်ဘူးလားသေချာမသိတော့ပေ။ သူနှင့် ချန်းခယ့်ယောင်သည် အမှန်တကယ် လက်ထပ်ထိမ်းမြားခြင်းလက်မှတ် မရရှိသောကြောင့် သူတို့သည် "ခင်ပွန်းနှင့် ခင်ပွန်းသည်" မဖြစ်သေးပေ။ ချန်းခယ့်ယောင် သည် ထိုအချိန်တွင် ထိုအရာကို ဖန်တီးနေခြင်းဖြစ်ကြောင်း မေ့သွားသည်ပဲလား...။

.

ချန်းခယ့်ယောင် မနိုးခင်၌ ရုန်ယီ အလွန်ပင် ပျင်းလာကာ အင်တာနက်ကို ဆက်သုံးနေလိုက်သည်။

သူသည် သည်ညနေ၏ မူလအစီအစဉ်အတိုင်း အပြန်လက်မှတ်ကို ပြန်လည် ပေးလိုက်ပြီးတဲ့နောက် ဖိုရမ်သို့ သွားရောက်စစ်ဆေးခဲ့သည်။၀င်စာထဲ၌ သီးသန့်မက့်ဆေ့ခ်ျများဆီမှ မက်ဆေ့ခ်ျအသစ်သုံးခုဝင်နေခဲ့ပြီး ထိုအရာများသည် မနေ့ညက သန်းခေါင်ယံမှာ ပို့ခဲ့သော၀င်စာများဖြစ်သည်။



"ငါဆက်ပြီမစောင့်နိုင်တော့ဘူး!!!!! ငါမနက်ဖြန်သွားတွေ့ဖို့ဆုံးဖြတ်လိုက်ပြီ!!!!!!!"



"အိုး၊ ငါသေပြီ။ လက်မှတ်မဝယ်နိုင်ဘူး…”



"ငါ လက်မှတ်ရပြီ အားလုံးပဲငါ့ကို ဆုမွန်ကောင်းတောင်းပေးပါဦး!!!!!"


နောက်ထပ် ခန့်မှန်းရန် မလိုအပ်‌ပေ။ ကမ္ဘာပေါ်၌ ထို့သို့တူညီ‌ သောလူနှစ်ယောက် ဘယ်လိုများရှိနေမည်လဲ ထို့သို့ တူညီတဲ့အရာများကို လုပ်နိုင်ကြရတာလဲ။

ရုန်ယီသည် အာမေဋိတ် အမှတ်အသားများကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် အဖြေတစ်ခု ပေးပို့လိုက်သည်။

"ငါတော့ မင်းရဲ့ ဝန်ခံချက်က အောင်မြင်လိမ့်မယ်ထင်တယ်"

ပေးပို့ပြီးနောက် ရုန်ယီသည် စာမျက်နှာကို အကြိမ်များစွာ refresh ပြုလုပ်‌ သော်လည်းတုံ့ပြန်စာ မရှိခဲ့ပေ။

သူသည် ချန်းခယ့်ယောင် ၏ အခန်းထဲသို့ ခိုးဝင်ကာ သူ့အားကို လှမ်းကြည့်လိုက်သည်။ သူ့ ၏အယ်လ်ဖာ သည် နက်နက်ရှိုင်းရှိုင်း အိပ်ပျော်နေဆဲဖြစ်ပြီး ဖုန်းကို ကုတင်ဘေးရှိ ဗီရိုပေါ်တွင် နေရာချထားလိုက်သည်။

ထို့ကြောင့် ယခုအချိန်တွင် ရုန်ယီ သည် စိတ်အားထက်သန်သော အင်တာနက်အသုံးပြုသူ၏ အဖြေကို လက်ခံရရှိမည်မဟုတ်ကြောင်း သေချာသည်။

ရုန်ယီသည် သူတို့၏ သီးသန့်စာများကို အစမှ အဆုံးထိ ဖတ်သည်။ သူ ရယ်ချင်သော်လည်း စိတ်ရှုပ်ခြင်းကိုတော့ မတားနိုင်လိုက်ပေ။ နောက်ဆုံးတွင် ထိုရှည်လျားသော အာမေဋိတ် အမှတ်အသားများကို ကြည့်သောအခါ သူ့မျက်လုံးများ ရုတ်တရက် ပူလာသည်။

ဒီလူက ဘယ်လောက်တောင် ရူးလိုက်လဲ..... သူတကယ်ကို အများကြီး သည်းခံခဲ့ရသည်..... မရိုးမသားနှင့် မပြတ်မသားဖြစ်မှုကြောင်... တစ်ယောက်နဲ့တစ်ယောက် လွဲလုနီးပါးပါပဲ..... ဝန်ခံဖို့ဆိုတာ ရိုးရှင်းတဲ့ကိစ္စဖြစ်ပြီး သူအရမ်းတွေးတောနေခဲ့သည်က သူအား ရှုပ်ထွေး စေသည်...... သူဘာကြောင့် အချစ်စာ ရေးချင်ရတာလဲ..... မျှော်လင့်ထားသလိုပဲ လူကိုယ်တိုင်ရောက်လာတဲ့အခါ ပိုကောင်းလာသည်.....နမ်းပြီးလို့ သူ အော့အန်သွားရင်တောင် ရှင်းရှင်းလင်းလင်း ရှင်းပြပြီးရင် အရမ်းပျော်နေရမည်ဖြစ်သည်......

ခဏနေပါဦး သူအချစ်စာတွေ ရေးနေခဲ့တာလား....



… ဘယ်မှာလဲ....



ချန်းခယ့်ယောင်ပြောသည်က ထိုအရာသည် စာလုံးပေါင်း နှစ်ထောင်ကျော်ရှည်ကာစာရေးပြီးသည်အထိ လက်နဲ့ ကူးယူထားတယ်လို့ ပြောခဲ့သည်။ ထို့သို့အလွန်တရာ သက်ဝင်၍ လေးနက်သော မေတ္တာစာသည် အဘယ်မှာရှိနိုင်မည်နည်း။ !



သူ‌တို့သည် တူတူပြန်ဖြစ်နေပြီဖြစ်သော်လည်း အဘယ်ကြောင့် သူ့အခုထိလက်မခံသေးရတာလဲ......



ထိုအရာက ရုန်ယီအား ချန်းခယ့်ယောင်၏ လျှို့ဝှက်အကဲဖြတ်မှုထက် သူ့အပေါ်ပိုပြီး စိုးရိမ်လာစေသည်။ သူသည် စိတ်အခြေအနေဆိုးဝါးကာစိတ်ဓာတ်ကျလာသည်ဟု ပြောလို့ရသည်။



ရုန်ယီသည် ချန်းခယ့်ယောင်၏ အခန်းထဲသို့ ထပ်မံခိုးဝင်ကာ လှည့်ပတ်ကြည့်ခဲ့သည်။ ချန်းခယ့်ယောင်၏ ခရီးဆောင်အိတ်ကို ကုတင်ဘေးတွင် ကျယ်ကျယ်ဖွင့်ထားပြီး အတွင်းမှ ပစ္စည်းများအား အတားအဆီးမရှိ မြင်တွေ့နိုင်သည်။ ရုန်ယီသည် တစ်ခန်းလုံးအား အဝိုင်းပုံစံ လှည့်ကြည့်သော်လည်း စာနှင့်တူသော မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ပေ။



ပိုင်ရှင်၏ခွင့်ပြုချက်မရှိဘဲ၊ ထိုကိုယ်ပိုင်ပစ္စည်းများကို ရှာဖွေခြင်းသည် ကောင်းသောအမှုမဟုတ်ခဲ့ချေ။ ရုန်ယီသည် အကြာကြီး တုံ့ဆိုင်းနေကာ ထိုအခိုက်အတန့်ကို စောင့်ရန်အတွက် ဆုံးဖြတ်လိုက်သည်။



ဧည့်ခန်းသို့ပြန်ရောက်ပြီးနောက်၊ သူအာရုံအားလွှဲရန်အတွက် MicroBlogအား ဖွင့်ခဲ့သည်။ ထို့နောက် နာရီအနည်းငယ်တွင်းပင် စိတ်ပျက်စရာ အရာအားတွေ့ခဲ့သည်။

 “မော့ယွီဖေး; လျှို့ဝှက်ချစ်သူ” သည် လူကြိုက်များသော ရှာဖွေမှုစာရင်းတွင် ပထမဆုံးအဖြစ် ထင်ရှားစွာပြသခြင်းခံနေရသည်။



စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများအား လုံလောက်စွာ ပြုလုပ်ပြီးနောက်၊ ရုန်ယီ သည် နှိပ်၀င်လိုက်ကာ ပထမဆုံး MicroBlog တွင် သူနှင့် ချန်းခယ့်ယောင်တို့သည် ဟိုတယ်အ၀င်ဝတွင် လက်ချင်းတွဲထားသည့် ဓာတ်ပုံများကို အမှန်တကယ် တင်ထားသည်ကို တွေ့ရှိခဲ့သည်။ ဤဓာတ်ပုံများကို အကြိမ် 10,000 ကျော် ထပ်ဆင့်ပို့ခြင်းခံခဲ့ရပြီးဖြစ်၏။



ထင်ရှားသည်မှာ ဤဓာတ်ပုံများကို မားကတ်တင်းအကောင့်တစ်ခုမှ တင်ထားခြင်းဖြစ်သည်။ ဓာတ်ပုံအားလုံးကို ကိုးစတုရန်းထောင့်ဇယားဖြင့် အံဝင်ခွင်ကျဖြစ်အောင် တည်းဖြတ်ထားသည်။ ရုန်ယီနှင့် ချန်းခယ့်ယောင် ၏ လက်ဆွဲကိုင်ထားသော ဓာတ်ပုံနှစ်ပုံအပြင်၊ ထို၌လည်း မော့ယွီဖေး ကုမ္ပဏီမှ ထုတ်ပြန်သော ကြေငြာချက်နှင့် မော့ယွီဖေး၏ ရှင်းလင်းချက်ဘလော့ဂ် တို့၏ စကရင်ရှော့များ ၊ မော့ယွီဖေး ၏ တရားဝင် ဝါဒဖြန့်ဓာတ်ပုံ၊ ရုန်ယီ နှင့် မော့ယွီဖေးတို့ အစည်းအဝေး၌ ပွေ့ဖက်ထားသည့် ဓာတ်ပုံများလည်း ပါရှိသည် ။ မားကတ်တင်းအကောင့်က မျက်ရည်တွေနဲ့ ပြုံးနေတဲ့ အီမိုဂျီကို တင်ခဲ့ကာ စာရေးတင်ခဲ့သည်။



 “ဒါဆို ဒါတွေက အလွယ်တကူ နားလည်စရာလိုပဲ ထွက်လာပြီမဟုတ်ဘူးလား.... တကယ်ဆိုရင်..... အစည်းအဝေးမှာ တစ်ယောက်နဲ့တစ်ယောက် ဖက်တွယ်ထားတဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ်ဘာသာစကားတွေကို ကြည့်ပြီး ဆုံးဖြတ်ကြည့်ရင် သူတို့ဟာ စုံတွဲမဟုတ်ဘူးဆိုတာ သိဖို့လွယ်ပါတယ်..... ဒါပေ့မယ်လည်း မော့မော့ရဲ့ သူငယ်ချင်းတွေက မထင်မှတ်ပဲ အလွန်ပဲ ချောမောကြတယ်..... ငှက်ရဲ့ အမွေးတွေ စုဝေးနေကြတယ်လို့တောင် ညွှန်းဆိုလို့ရမလားပဲ....ဘာပဲဖြစ်ဖြစ်ချောမောလှပတဲ့ ယောက်ျားလေးနှစ်ယောက်က အိမ်ထောင်ကျတာ စောတာကတော့ နှမြောဖို့ကောင်းလွန်းတယ်...မော့မော့ အပေါ်ကိုပဲ ဆက်ပြီး အာရုံစိုက်ကြရအောင်...."