Part 775
လင်းလန်က တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက်ပြုံးကာ အလျင်အမြန်ပင် သန့်ရှင်းရေးလုပ်လိုက်သည်။
ရှောင်ဝမ်က ရှက်ရွံ့နေဆဲဖြစ်သည်။
“ မားမား သားအရမ်းရှုပ်ပွနေအောင် လုပ်မိသွားလား၊ သားကိုယ်တိုင်ချက်ကြည့်လိုကား မားမားချက်ပြုတ်ရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို သားသိသွားတယ်။ ဟင်းသီးဟင်းရွက်တွေကိုဆေးရ၊ ဂျုံနယ်ရနဲ့ မီးလည်းမွှေးရသေးတယ်။ ဒါပေမယ့် အလုပ်များပြီးရင် အလုပ်များနေတော့ ဒီတစ်ခုကိုလုပ်ပြီးရင် နောက်တစ်ခုကိုမေ့သွားရော ”
လင်းလန်က သဘောကျစွာ ခေါင်းကိုပုတ်ပေးလိုက်သည်။
“ မားမားရဲ့ သားလေးက အရမ်းတော်တာပဲ”
သူမက သပ်ရပ်စွာရှင်းလင်းလိုက်ပြီးနောက် စွယ်တာကိုယူကာ ချည်ထိုးလိုက်သည်။ ဒီနှစ်တွင် စန်းဝမ်အတွင် နေဗီပြာရောင် စွယ်တာတစ်ထည်ထိုးပေးရမည်။
“သားလေး သားဘယ်လိုချက်လဲဆိုတာ မားမားကိုပြောပြပါဦး။ အဲ့ဒါကိုနားထောင်ရတာ မားမားပျော်တယ်”
ရှောင်ဝမ်၏ချက်ပြုတ်ခြင်းလုပ်ငန်းစဉ်ကအတော်လေးအရောင်စုံလိမ့်မည်ဟု ခံစားမိ၏။
သေချာစွာပင် ရှောင်ဝမ်ကစတင်ကာ ပြောပြလာ၏။
“ သားက အရင်မြက်ခြောက်ကိုသွားယူလိုက် ပြီးတော့ အိုးဆေးလိုက်တယ်။ ပြီးတော့ အသီးအရွက်၊ပဲစေ့၊ဂေါ်ဖီထုပ်နဲ့ ခရမ်းချိုသီးကို သွားခူးတယ်။ အဲ့ဒါတွေက လက်ကိုကပ်လာပေမယ့် အဆင်ပြေပါတယ်။ သားကမီးမွှေးပြီးတော့ ကြော်ဖို့လုပ်လိုက်တယ်၊ ပြီးတော့ရေထပ်ထည့်တယ်။ အဲ့ဒါလုပ်ပြီးတော့ သားက ပန်ကိတ်စလုပ်လိုက်တယ်။ မားမား အဲ့လိုလုပ်တာမှန်တယ်မလား”
လင်းလန်က ခေါင်းညိတ်ကာ သူ့ကိုချီးကျူးလိုက်သည်။
“မှန်တယ်၊ အရမ်းတော်တာဘဲ။ သေချာပေါက်ကိုမှန်တယ်။ ရေက အရမ်းပွစိစိမဖြစ်သွားသရွေ့တော့ အရသာရှိနေမှာဘဲ”
ရှောင်ဝမ်က လက်ဖျောက်တီးလိုက်သည်။
“ မားမား အစ်ကိုကြီးကဘယ်တော့ပြန်ရောက်လာမှာလဲ သားသိချင်တယ်”
လင်းလန်:“ ပြန်လာတော့မှာပါ”
ယမန်နေ့တုန်းက စန်းဝမ်ဆီမှ စာအနည်းငယ်ကိုရခဲ့၏။ တစ်ချို့ကဖူကျန်းယွမ်ရေးထားခြင်းဖြစ်ကာ တစ်ချို့ကိုစန်းဝမ်ကိုယ်တိုင်ရေးထား၏။ သူ၏နေ့စဉ်ဘဝ၊ လေ့ကျင့်ရေးနှင့် ပြိုင်ပွဲများအကြောင်း ပြောပြထားလေသည်။ သို့သော် ထိုအကြောင်းအရာများက တဝမ်မထွက်သွားခင်ကဖြစ်သည်။ ထို့နောက်တွင် ဆက်ဖြစ်သောအရာများကိုမူ လင်းလန်တို့မသိရပေ။
မကြာခင်မှာဘဲ အားဝမ်နှင့် မိုင်စွေ့တို့က သူတို့ကိုယ်တိုင်ဆင်းထားသော ကျားနက်စက်ဘီးနှင့်အတူ ကျောင်းမှပြန်ရောက်လာကြသည်။
ကိုယ်တိုင်ဆင်သောစက်ဘီးဖြစ်သောကြောင့် ဝယ်ထားသောစက်ဘီးလောက် ကြည့်မကောင်းသော်ငြား လုပ်ဆောင်ချက်အများအပြားပါရှိသည်။ အောက်ခံကိုယ်ထည်က ခိုင်ခံ့ကာ စက်ဘီးနောက်ခုံက ကြီးမားကာ ပိုကျယ်၏။ အဆင်းအတက်လုပ်ရာတွင်လည်း ခြေနင်းခုံပါရှိသောကြောင့် တစ်ခါတည်းတွင် လူနှစ်ယောက်ထိုင်လို့ရပေသည်။
ဒီနေ့တွင် အားဝမ်က မိုင်စွေ့နှင့်အတူပြန်လာကြသည်။
ကျားနက်ကိုကြည့်လိုက်သောအခါ လင်းလန်ကမထိန်းနိုင်ဘဲ ရယ်လိုက်မိသည်။
“ လာကြလာကြ၊ ငါတို့ရဲ့ရှောင်ဝမ်လေးက ငါတို့အတွက် ချက်ပေးမှာတဲ့”
“တကယ်လား ”
မိုင်စွေ့နှင့် အားဝမ်တို့က ပြေးဝင်လာကြသည်။
“ ရှောင်ဝမ်ရေ ဘာအရသာရှိတာချက်ပေးမှာလဲ”
ရှောင်ဝမ်က လူတိုင်းကို အလွန်လေးနက်စွာ နောက်တစ်ခါထပ်ပြောပြလာ၏။
အားဝမ်၏ခံစားချက်အရ ရှောင်ဝမ်တစ်ယောက်ရေအများကြီးထည့်လိုက်သဖြင့် ပန်ကိတ်များက စားလို့မရတော့ဟုခံစားလိုက်မိသည်။ ဟင်းပွဲများကိုလည်း သီးခြားခွဲထားခြင်းမရှိကာ အကုန်လုံးကိုအတူတူပေါင်းထည့်ထား၏။ သို့သော် သူဘာမှမပြောဘဲ ကောင်းကောင်းလုပ်ထားသည်ဟုသာ ချီးကျူးလိုက်သည်။
မိုင်စွေ့က မျှော်လင့်နေမိပြီဖြစ်သည်။ သူမက တစ်ခါတစ်ရံတွင် သူ့မားမားအားချက်ပြုတ်ရန် ကူပေးတတ်သော်လည်း အမှန်တွင် သူမ၏ချက်ပြုတ်စွမ်းရည်မှာ သာမာန်လောက်သာဖြစ်သည်။ တဝမ်ထက်ပိုမသာနေသလို အားဝမ်လောက်လည်း အရသာရှိအောင်မချက်တတ်ပေ။
အပူချိန်ကတူညီလောက်ပြီးဟု တွေးလိုက်ပြီးနောက် လင်းလန်ကရှောင်ဝမ်အား မီးမမွှေးတော့ရန်ပြောလိုက်သည်။ ခနလောက်ပွက်ပွက်ဆူစေရန်အတွက် မီးဖိုအောက်တွင် မီးသွေးခဲများရှိနေသေးပေသည်။
ထို့နောက်သူတို့က ဟင်းရွက်ခြံဆီသို့ သန့်ရှင်းရေးလုပ်ရန် သွားကြပြီး ခြံဝန်းထဲတွင်ရှင်းလင်းလိုက်ကြသည်။ ကလေးများအပြင်ဘက်တွင်အလုပ်များနေချိန်တွင် လင်းလန်က ရှောင်ဝမ်ကိုကယ်တင်ရန်အတွက် ကမန်းကတန်းပင်ဟင်းအိုးကိုဖွင့်ကာ တစ်ချက်ကြည့်လိုက်သည်။ သေချာပေါက်ပင် ပုံစံမျိုးစုံရှိသည့် ပန်ကိတ်များက ဟင်းလျာများကြားထဲတွင် မြုပ်နေပြီး ဟင်းရွက်များက အမျိုးစားစုံလင်နေသည်မှာ စကားဖြင့်ဖော်ပြရန်တောင်ခက်ခဲ၏။
သူမမြည်းကြည့်လိုက်ရာ ၎င်းက စားမရတာမျိုးတော့ဖြစ်မနေပေ။ အတော်လေးအနံ့မွှေး၏။
ဟီးဟီး ကြည့်ရတာ ရှောင်ဝမ်ရဲ့ဟင်းချက်လက်ရာက အချစ်တွေနဲ့ ပြည့်နေပုံဘဲ။အချစ်ဆိုတာချိုမြိန်တယ်လေ။
ဤအချိန်တွင် တဝမ်က သူ့လွယ်အိတ်ကို ကျောတွင်လွယ်ထားကာ အပြင်မှပြန်ရောက်လာလေသည်။ သူကပင်ပန်းပုံပေါ်နေသော်လည်း သူ့ကိုယ်က လန်းဆန်းပြီး သန့်ရှင်းနေကာ သူကအရှက်ရစရာဖြစ်မနေပေ။
လင်းလန်က သူပြန်လာသည်ကို မြင်သောအခါ ပျော်ရွှင်စွာနှုတ်ဆက်လိုက်၏။
“ မားမားရဲ့သားကြီး ပြန်ရောက်လာပြီပေါ့ လမ်းမှာအများကြီးဒုက္ခခံခဲ့ရမှာဘဲ ဟုတ်တယ်မလား”
တဝမ်က ခေါင်းခါပြလိုက်သည်။
“ မဟုတ်ပါဘူး ”
လင်းလန်က စန်းဝမ်ဘယ်လိုနေလဲ၊ ဝိတ်ကျသွားလား၊ အိမ်ကိုလွမ်းနေလားဆိုသည်ကို ထပ်မေးလိုက်သည်။
တဝမ်က အကုန်လုံးကိုဖြေပေးလာ၏။
သူက အရွယ်စားမျိုးစုံရှိနေသော အပြာရောင်ကျောက်တုံးများကို သူ့လွယ်အိတ်ထဲမှထုတ်ပေးလိုက်သည်။
“ မားမားအတွက်”
လင်းလန်၏မျက်လုံးများကအရောင်တောက်သွားလေသည်။
ဘုရားရေ၊ ဒါအိပ်မက်မက်နေတာလား။ ဒါအမှန်ဘဲလား။
အကြီးဆုံးတစ်ခုက ကြက်ဥတစ်လုံးအရွယ်ရှိကာ အသေးလေးက လက်မတစ်လုံးစာရှိ၏။ ထိုကျောက်များကို မသွေးရသေးသော်ငြား ကြည့်လိုက်သောအခါ အလွန်ကြည်လင်နေပေသည်။ သူမက ထိုကျောက်တုံးများကိုယူကာ နေရောင်ထဲတွင် ထောင်ကြည့်လိုက်သည်။
“ ဟီးဟီးးး”
သူမက ကလေးတစ်ယောက်လိုပြုံးပျော်နေသည်ကို မြင်သောအခါ တဝမ်က ဤကျောက်တုံးများကောက်ရန် ခရီးမိုင်အနည်းငယ်လောက်သွားခဲ့ရခြင်းက တန်သည်ဟု တွေးလိုက်မိသည်။ အကယ်၍သူသာ ဤကျောက်တုံးများကောက်မနေပါက အိမ်သို့စောစောပြန်ရောက်လာမှာဖြစ်သည်။
လင်းလန်က သူ့လက်မောင်းကိုဆွဲလိုက်ကာ မျက်လုံးများကိုမှေးကြည့်လာ၏။
“ တဝမ် သားဒါတွေကို ဘယ်နေရာက ရခဲ့တာလဲ”
ငါဒီကျောက်တွေကို တိုက်သယ်ဖို့ ထရပ်ကားတစ်စီးလောက် ငှားလိုက်ချင်တယ်။
တဝမ်:“ မဟုတ်ပါဘူး၊ ဒီအတိုင်းယွမ်နည်းနည်းလောက်ဘဲပေးရတာ”
သူကအမြဲတမ်းထိုလမ်းကို သွားနေကြဖြစ်ကာ တစ်ခါတစ်လေတွင် တစ်ချက်ကြည့်ရန် လျှောက်သွားလေ့ရှိသည်။ သူက အရာဝတ္ထုများကို စုံစမ်းစစ်ဆေးသောမျက်လုံးဖြင့် ကြည့်ရသည်ကို အသားကျနေပြီဖြစ်ကာ ဤအပြာရောင်ကျောက်တုံးကထူးခြားသောကြောင့် အနည်းငယ်ထင်မြင်ချက်ရှိသော်ငြား အရင်ချိန်များတွင် ကောက်ရန် စိတ်မဝင်စားခဲ့ပေ။
အကယ်၍ ဤကျောက်တုံးက ယွမ်အနည်းငယ်လောက် မကလျှင်တောင်မှ အခြားသူများကကောက်ယူကြမည်ဖြစ်သည်။ နောက်ဆုံးတွင် ဤကျောက်တုံးများက အတော်လေးလှကာ မီးခတ်ကျောက်အဖြစ် သုံးနိုင်၏။ ဤကျောက်တုံးများကို မြင်ပါက ကလေး၊ လူကြီးမကျန် ကောက်ကြလေ့ရှိသည်။
လင်းလန်က အနည်းငယ်စိတ်ပျက်သွားသော်ငြား ကျောက်တုံးများကိုကိုင်ကာ ပြုံးနေမိဆဲဖြစ်သည်။
“ ကျေးဇူးတင်တယ်နော် သားကြီး။ မားမားက ဒါကိုရတာ အရမ်းပျော်တာဘဲ ”
သူမက ထိုကျောက်များကို သယ်ကာ ဗီရိုထဲတွင် သော့ခတ်သိမ်းလိုက်သည်။
တဝမ်က အိမ်အနောက်ခန်း၏ တံခါးဘောင်ကို မှီလိုက်ကာ သူမကိုကြည့်လာ၏။
“ ဒီကျောက်တုံးတွေက တစ်ခုခုအဖိုးတန်နေလို့လား”
လင်းလန်က ခေါင်းခါပြလိုက်သည်။
“ အရမ်းကြီးအဖိုးမတန်နေပါဘူး ဒီအတိုင်းလှလို့။ မားမားကအရောင်စုံတဲ့ ကျောက်တွေကို မတွေ့ခဲ့ဖူးလို့လေ။ အခြားသူတွေကို လိုက်မပြောနဲ့နော် အမှားလုပ်မိမယ်”
အခုချိန်မှာ အဖိုးမတန်သေးပေမယ့် နောက်35နှစ်လောက်ကြာသွားရင် တန်ဖိုးရှိလာတော့မှာ ဟီးဟီး။
တဝမ်က ခေါင်းညိတ်လိုက်သည်။
“ မပြောပါဘူး”
လင်းလန်က လျင်မြန်စွာပင် လက်ဆေးလိုက်ကာ တဝမ်အတွက် သခွားသီးတစ်လုံးယူပေးလိုက်သည်။
“အရင်ဆုံး ရေငတ်ပြေအောင် ဒါကိုစားထားလိုက်၊ ပြီးရင်ရေသွားချိုးတော့။ မားမား သားစားဖို့ပြင်ထားပေးမယ်”
တဝမ်က ရေချိုးခန်းသို့သွားကာ ရေချိုးလိုက်သည်။ သူအဝတ်အစားလဲပြီးနောက်တွင် သူ့ညီနှင့်ညီမတို့ကလည်း ပြန်ရောက်လာကြ၏။
လူတိုင်းက တဝမ်ကိုတွေ့လိုက်ရသောအခါ ပျော်သွားကြပြီးနောက် စန်းဝမ်အကြောင်းကိုမေးလာကြသည်။
Xxxxxxx
Chapter 776
စန်းဝမ်က စီရင်စုအားကစားကျောင်းသို့သွားမည်ကို ကြားလိုက်ရသောအခါ သူတို့လည်း အနည်းငယ်စဉ်းစားလိုက်ကြသည်။ ရှောင်ဝမ်က အနည်းငယ်စိုးရိမ်သွား၏။
“ အဲ့လိုဆို သားက တတိယအစ်ကိုပို့တဲ့စာတွေကိုပဲ ဖတ်လို့ရပြီး ရေဒီယိုမှာနားထောင်လို့မရတော့ဘူးပေါ့ ”
စီရင်စုရှိ ရေဒီယိုဌာနက အလွန်ကောင်းမနေပေ။
အားဝမ်က ပြုံးကာပြောပြလာ၏။
“ စန်းဝမ်က အရမ်းနာမည်ကြီးတာ သူကစီရင်စုမှာ ပိုပြီးကြီးတဲ့ရေဒီယိုဌာနကို ရောက်နိုင်မှာပါ”
မိုင်စွေ့နှင့် ရှောင်ဝမ်တို့ကလည်း စန်းဝမ်အပေါ် အလွန်ယုံကြည်ချက်ရှိကာ ဘယ်နေရာရောက်ရောက် အစိမ်းရောင်အစေ့ဆံပါသည့် အခွံမာသီးလို ဖြစ်နေနိုင်မည်ဟု ယုံကြည်မိကြသည်။ သူတို့အားလုံးဂရုစိုက်ကြသည်မှာ စီရင်စု၏ရေဒီယိုဌာနသာဖြစ်သည်။
လင်းလန်ထမင်းအိုးထဲမှ ထမင်းခပ်ယူလိုက်သည်ကို မြင်သောအခါ လူတိုင်းက တိတ်ဆိတ်သွားကြသည်။
ရှောင်ဝမ်က အော်ငိုတော့သည်။
“ မားမား သားဆိုးဝါးတာကြီးကို လုပ်ခဲ့မိတာဘဲ”
အားဝမ်က ချက်ချင်းပင်ပြောလာ၏။
“ ငါ့ညီလေးက တကယ်တော်တာဘဲ၊ ဒါကပေါက်စီပေါင်းပေါ့။ ငါတို့ စီရင်စုမှာစားခဲ့ဖူးတယ်လေ။ ပြီးတော့ မီးနဲ့နှပ်တာလည်းရှိတယ်။ ငါတို့က အဲ့ဒီလိုနှပ်ထားတာဘဲ”
မိုင်စွေ့ :“ အဲ့ဒီမှာ ဟင်းချက်နည်းမျိုးစုံရှိသေးတယ်၊ ရှန်ရှီးဒေသမှာဆိုရင် သိုးသားပေါက်စီပေါင်းတဲ့။ ဒါပေမယ့် အရမ်းအရသာရှိတာဘဲလေ။မောင်လေးချက်တာကလည်း အဲ့လိုမျိုးနဲ့ အတူတူပါဘဲ”
“ ဒါက ဒီအတိုင်း ပန်ကိတ်နှပ်လေးတွေဖြစ်သွားတာပါ ၊ အရသာရှိတယ်”
လူတိုင်းက လျင်မြန်စွာပင် ရှောင်ဝမ်ကို နှစ်သိမ့်ပေးလာကြသည်။
တဝမ်က ရှောင်ဝမ်ခေါင်းကို ညှစ်လိုက်ကာ သူလွယ်အိတ်ကိုယူကာ ချိုချဉ်များထုတ်လိုက်ပြီး သူတို့သုံးယောက်ကိုပေးလိုက်သည်။
“ ကျီထင်းရှန်ပေးလိုက်တာ ”
ကျီထင်းရှန်က သူ့ကလေးများအတွက် ချိုချဉ်ဝယ်ပေးရန် ပိုက်ဆံမရှိသည်ကို ဝမ်းနည်းနေခဲ့သည်။ နောက်ဆုံးတွင် ခွင့်ပြုချက်ရလာပြီဖြစ်သည်။ သူက တဝမ်အတွက် ချိုချဉ်အိတ်ကြီးတစ်အိတ်ဝယ်ပေးကာ ကလေးများနှင့် အတူစားရန်ယူသွားခိုင်းလိုက်၏။
တဝမ်က သူမည်သို့ရလာသည်ကို မသိပေ။ ထို့ပြင်သူက တခြားသူများကိုပေးပစ်လိုက်ရန် သဘောမကျသောကြောင့် ယူခဲ့လိုက်သည်။
ရှောင်ဝမ်က တစ်ဖန်ရယ်မောကျသွားပြန်သည်။
“ အစ်ကိုထင်းရှန်က တကယ်သဘောကောင်းတာဘဲ၊ သူကကြည့်ကောင်းတယ်”
မိုင်စွေ့နှင့် အားဝမ်တို့ကလည်း ကျီထင်းရှန်အကြောင်းစပြောလာကာ ကျိုးရှုကွမ်းနှင့် လွမ်ဟောင်ဟွေ့အကြောင်းကိုလည်း ပြောလာကြသည်။ ထို့နောက် တဝမ်အား လေ့ကျင့်ရေးအခြေအနေဘယ်လိုရှိသည်ကို မေးလိုက်ကြသည်။
မိုင်စွေ့ :“ အဲ့ဒီလွမ်ဟောင်ဟွေ့က တိုက်ပိတ်ခံရသေးလား”
တဝမ်:“ မဟုတ်ဘူး ၊ ဒီတကြိမ်ပိတ်ခံရတာက ကျီထင်းရှန်”
“သူလား၊ ဘာဖြစ်လို့လဲ”
မိုင်စွေ့က အလွန်သိချင်သွားသည်။ ကျီထင်းရှန်က လိမ္မာပါးနပ်သည့် ပုံစံမျိုးဖြစ်သည်။ သူလည်းတိုက်ပိတ်ခံရတာဘဲလား။
တဝမ်:“ ရန်ဖြစ်လို့”
မိုင်စွေ့က နှုတ်ခမ်းစေ့လိုက်သည်။
“ သူ ကစည်းကမ်းတွေကို လိုက်မနာဘူး၊ အဲ့ဒီဘက်မှာ မတော်ဘူးပေါ့”
တဝမ်က သူမကိုတစ်ချက်သာကြည့်လိုက်ပြီး ဘာမှမပြောလိုက်ပေ။
ဒီတစ်ကြိမ် ကျီထင်းရှန်ရန်ဖြစ်လိုက်တာက တကယ်ကိုသူ့အမှားမဟုတ်ပေ။ စစ်တန်းလျားမှအရာရှိများက တစ်နှစ်လောက်နေပြီးနောက်တွင် စစ်မှုထမ်းဟောင်းတစ်ပိုင်းဖြစ်နေပြီဖြစ်သည်။ လန်းဆန်းမှုများ ဖြတ်ကျော်သွားပြီးနောက်တွင် သူတို့ကပျင်းရိလာကြ၏။ သူတို့ကပျင်းနေသော်ငြား စိတ်ရှိသလိုအပြင်ထွက်၍လည်းမရပေ။ ကိုယ့်ဘာသာ ပျော်အောင်လုပ်နေကြရ၏။ ကွယ်ရာတွင် ကတ်ကစားခြင်းနှင့် မိန်းကလေးများကိုကျီစယ်ခြင်းတို့ကို အလုပ်များကြကာ အထူးသဖြင့် ချောမောသော အမျိုးသမီးရဲဘော်များနှင့် ယဥ်ကျေးမှုဆိုင်ရာ အမျိုးသမီးတပ်စုမှ အမျိုးသမီးများသည် သူတို့၏စနောက်စစ်ဆေးခြင်းကိုခံရသော သူများဖြစ်လာကြသည်။
တစ်ယောက်ယောက်က တဝမ်တွင်ညီမလေးတစ်ယောက်ရှိသည်ဟုကြားလေရာ သူတို့က သူမကိုအလွန်လှလိမ့်မည်ဖြစ်ကာ တစ်ခါတလေတွင် တွေ့ရန်ခေါ်လာစေချင်ကြသည်။ ထိုသူများက တဝမ်ရှေ့တွင်ပြောရာ၌ ထိန်းချုပ်ထားသော်ငြား တဝမ်ထွက်သွားသောအခါ အဓိပ္ပါယ်မရှိသည်များကို စပြောကြ၏။
ကံဆိုးစွာပင် ထိုသူတို့က ကျီထင်းရှန်နှင့်တိုးမိသွားကာ သူက သူတို့နှင့်ရန်ဖြစ်သွားလေသည်။ ကျိုးရှုကွမ်းနှင့် လွမ်ဟောင်ဟွေ့တို့က ကျီထင်းရှန်တစ်ယောက် မှားမှား၊ မှန်မှန် သူ့ဘက်တော်များသာဖြစ်ကာ ကူပေးလာကြသည်။ ရလဒ်အနေဖြင့် အုပ်စုလိုက်ရန်ပွဲဖြစ်သွားလေသည်။ တဝမ်က တိုက်ခိုက်တော့မည့်အချိန်တွင် ကျီထင်းရှန်က ထိုသူတို့အား ရှောင်ရှန်း၏ညီမများဟုပြောလိုက်သည်ကို ကြားလိုက်သောအခါ ဘာမှမပြောဘဲနှင့် လက်သီးများကိုလှုပ်ရှားလိုက်သည်။ သူတို့လေးယောက်က လူတစ်ဒါဇင်နှင့် အချင်းချင်းရိုက်နှက်နေကြကာ မျက်နှာများကစုတ်ပြတ်ကာ ယောင်ရမ်းလာလေသည်။
အဆုံးတွင် တပ်ရင်းမှူးက ဒေါသထွက်သွားကာ တိုက်ပိတ်ပြစ်ဒဏ်ပေးလာ၏။ ကျီထင်းရှန်တစ်ယောက်တည်းကိုဖြစ်သည်။ တဝမ်၊ ကျန်းရှူကွမ်းနှင့် လွမ်ယောင်ဟွေ့တို့က လွတ်သွားကာ ထိုလူတစ်စုကိုလည်း တိုက်ပိတ်လိုက်လေသည်။ အကြောင်းမှာ သူတို့ပါးစပ်က အရမ်းဈေးပေါသောကြောင့်ဖြစ်ကာ ထပ်ပေါင်းပြောရလျှင် လူတစ်ဒါဇင်က လူလေးယောက်ကို အနိုင်မယူနိုင်လို့လည်း ပါသည်။
သူတို့တစ်နှစ်လောက်တိုက်ပိတ်ခံပါရစေလို့ ဆုတောင်းတယ်။
တဝမ်က စကားရွှင်သောလူမဟုတ်သောကြောင့် ထိုအကြောင်းများကို ပြောပြမည်မဟုတ်ပေ။
လင်းလန်က ကလေးသုံးယောက်ကိုလည်း ဂရုစိုက်ကာ စန်းဝမ်အကြောင်းကိုမူ အဓိကထားကာမေးလာ၏။ သူမက တဝမ်ကို စန်းဝမ်အရပ်နှင့်ပုခုံးကို မီတာတိုင်းတုတ်ဖြင့် တိုင်းခဲ့ရန်ပြောခဲ့ပေသည်။ သူမကစန်းဝမ်တစ်ယောက် ပုခုံးတွေထူထဲပြီး ခါးကပိုသေးလာမည်ကို ကြိတ်ပြီးစိုးရိမ်နေမိသည် အကယ်၍ သူ၏ကိုယ်အရွယ်အစားသာ မျှတမှုမရှိတော့ပါက ဇနီးရှာရာတွင် အကျိုးသက်ရောက်မှုရှိပေလိမ့်မည်။
ခနလောက်စကားပြောလိုက်ပြီးနောက်တွင် စားစရာများက စားလို့ရသည်အထိ အေးနေပြီဖြစ်သည်။
လင်းလန်:“ အရင်ဆုံး စားနှင့်ကြမယ်။ မင်းတို့အဖေက နောက်ကျမှပြန်လာမှာ”
သူတို့ကွန်မြူနတီနှင့် ပတ်သက်ပြီး အရမ်းလေးနက်တာမျိုးရှိမနေပေ။ အများဆုံးအနေဖြင့် တိရစ္ဆာန်သုံးကောင်အသတ်ခံလိုက်ရခြင်းဖြစ်ကာ ဟန်ချင်စုန့်က တရားခံများကိုဖမ်းမိပြီဖြစ်သည်။ သူတို့ကွန်မြူနတီ၌ တိရစ္ဆာန်များသာ အသတ်ခံရချိန်တွင် အခြားကွန်မြူနတီများ၌ အစားအစာခိုးယူမှုများရှိနေ၏။ ထိုမျှမကသေး၊ ဆန်စပါးထိန်းချုပ်မှုရုံးကိုလည်း မျက်နှာဖုံးတပ်လူများက ဓားပြတိုက်တာ အစေ့အဆံများကို ခိုးယူသွားခြင်းခံလိုက်ရသည့်အပြင် တပ်မဟာ၏သိုလှောင်ရုံများတွင်လည်းခိုးခံလိုက်ရသည့် ကွန်မြူနတီတစ်ခုတောင်ရှိနေပေသည်။
ဟန်ချင်စုန့်က မကောင်းမှုများကို တိုက်ထုတ်ကာ မျိုးစုံသောကွန်မြူနတီများအကြား ပေါင်းစည်းရာတွင်တာဝန်ရှိသောကြောင့် ကွန်မြူနတီအားလုံးက အမှုကိစ္စများကို သူ့ဆီအစီရင်ခံလာကြ၏။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းတွင် သူက ကွန်မြူနတီများဆီသို့ သွားစစ်ဆေးခဲ့ပြီးနောက် ဆန်စပါးများပျောက်ဆုံးခြင်းက ပိုအလေးအနက်ထားရသဖြင့် ထိုကွန်မြူနတီသို့သွားခဲ့ရသည်။ သူက ဆန်စပါးသူခိုးကို ဖမ်းမိမှဖြစ်မည်။
သို့သော် သူအလုပ်များနေသော်ငြား ညတိုင်းလိုလို ပြန်လာနေဆဲဖြစ်သည်။
ညစာစားကြည့်လိုက်သောအခါ လူတိုင်းကစားကောင်းသည်ဟု ခံစားမိကြသည်။
မိုင်စွေ့က ပြုံးကာပြောလာ၏။
“အမဖန်းပြောတာတော့ အရှေ့မြောက်ဘက်မှာရှိတဲ့ သူ့အစ်ကိုက အဲ့ဒီဘက်မှာဟင်းလျာတစ်ခုရှိတယ်လို့ စာရေးလာတယ်တဲ့။ အဲ့ဒါကစတူးဟင်းလိုမျိုးဘဲ။ခရမ်းချိုသီး၊ အာလူး၊ သခွားသီးနဲ့ ခရမ်းချဉ်သီးတွေကို အိုးထဲအကုန်ထည့်ပြီး စတူးဟင်းလုပ်ရတာ။ အတော်လေးအရသာရှိတယ်ဆိုဘဲ”
အားဝမ်:“ ရှောင်ဝမ်က ငါတို့မိသားစုအတွက် မတော်တဆနဲ့ ဟင်းပွဲအသစ်တစ်ခုဖန်တီးပေးလိုက်တာဘဲ”
Xxxxxxx