Part 735
လွန်ခဲ့သည့်နှစ်နှစ်ဆယ်တွင် သူ့အဖေက စစ်တပ်ထဲဝင်ကာ ရဲဘော်အနည်းငယ်ကိုကယ်တင်ရန် သူ့အသက်ကိုစတေးခဲ့၏။ထို့နောက်သူ့ကို စံပြတစ်ယောက်အဖြစ်သတ်မှတ်ကာ အာဇာနည်အဖြစ်မှတ်ယူကြပြီး သူ့မိသားစုဝင်များကိုလည်း ရေရှည်ထောက်ပံ့မှုမျိုး ပေးလာလေသည်။
သူကလေးဘဝတည်းက ဂရုစိုက်ခံခဲ့ရကာ ကောင်းသောအရာတစ်ခုခုရှိနေသရွေ့ အရင်ဆုံးသူ့ကိုပေးသင့်သည်ဟု သူခံစားမိ၏။ထို့ကြောင့် လင်းလန် ကောင်တီသို့သွားရမည့်အပေါ် သူအနည်းငယ် မကျေမနပ်ဖြစ်မိပေသည်။
သူက ဝန်ကြီးကျွမ်းဆီသို့ တိုက်ရိုက်သွားလိုက်သည်။
“ ဘာလို့ ကျွန်တော့်ကို ဒီအခွင့်အရေးမပေးတာလဲ ကျွန်တော်က သူ့ထက် ပိုပြီး အဆင့်မြင့်တာကို ”
ဝန်ကြီးကျွမ်း :“ ရဲဘော်ချောင်ကွမ်းရုန် မင်းအနေနဲ့ နှစ်နှစ်ကြာထပ်လေ့ကျင့်ပြီး ပိုလေ့လာဖို့လိုသေးတယ် အနာဂတ်မှာ ဒီလိုအခွင့်အရေးမျိုးအများကြီးရှိလာမှာပါ အဲ့ဒါက... ”
“ မရဘူး ”
ချောင်ကွမ်းရုန်က အလွန်ပင်ဝမ်းနည်းသွား၏။
“ ကျွန်တော်ကတော့ ခင်ဗျားက သူ့ယောက်ျားကို မျက်နှာချိုသွေးဖို့ ကြိုးစားနေတာလို့ဘဲ မြင်တယ် ”
ဝန်ကြီးကျွမ်း၏မျက်နှာပင် ရုတ်တရက်ပင် ပျက်ယွင်းသွား၏။
“ ရဲဘော်ချောင် မင်းစကားပြောတဲ့အခါ သတိထားသင့်တယ်။ငါတို့ပါတီရဲ့ ကော်မတီမှာ လူစုစုပေါင်း 12ယောက်ရှိတယ်၊ ငါက ညွှန်မှူးဟန်ထက်အရင်ရောက်လာတာ ။ငါကဝါဒဖြန့်ချီရေးဌာနက ၊ သူကပြည်သူ့လုံခြုံရေးဗျူရိုကသူ ။ငါတို့ကြားမှာ ဘာအရှူံးအနိုင်မှ ရှိမနေဘူး။ ငါကဘာအတွက် ဖော်လန်ဖားနေရမှာလဲ ”
“ ဒါဆိုရင် ခင်ဗျားက ဘာလို့ကျွန်တော်ကို ဒီအခွင့်အရေးမပေးတာလဲ ”
ချောင်ကွမ်းရုန်၏ မျက်နှာက နီရဲတွတ်လာ၏။
ဝန်ကြီးကျွမ်း :“ မင်းက အစည်းအဝေးသွားတက်ရမှာနော် မင်းနားလည်ရဲ့လား ”
တကယ်လို့ မင်းသာလူစကားနားလည်ရင် သူ့ကို ပွင့်ပွင့်လင်းလင်းပြောခိုင်းလိုက်။
ချောင်ကွမ်းရုန်မျက်နှာက တစ်ဖန်ဖြူဖျော့သွားကာ တတွတ်တွတ်ပြောလာ၏။
“ ကျွန်တော် ကျွန်တော်နားလည်ပါတယ် ဘာလို့ခင်ဗျားက နားမလည်တာလဲ ”
ဝန်ကြီးကျွမ်းက duhring ဆန့်ကျင်ရေး စာအုပ်၏ကော်ပီတစ်စုံကို ထုတ်ကာ စားပွဲပေါ်ပစ်တင်လိုက်၏။
“ ဒီကိုလာပြီး ငါ့ကိုဒါဖတ်ပြ ”
(Tn :anti duhringက ဂျာမန်လူမျိုး Friedrich Engelsရေးခဲ့တဲ့ အတွေးအခေါ်ဆိုင်ရာစာအုပ်ပါ )
ချောင်ကွမ်းရုန်၏မျက်နှာတွင် ချွေးများစီးကျလာလေသည်။သူကလေးအရွယ်တုန်းက ကျောင်းနှစ်နှစ်လောက်တက်ခဲ့ရသော်လည်း သူကစာလေ့လာရတာကို မကြိုက်သောကြောင့် စကားလုံးအနည်းငယ်ကိုမျှ မသိပေ။သူအရွယ်ရောက်လာသောအခါ လယ်မလုပ်ချင်သောကြောင့် ရွာမှကေဒါများက သူ့ဘာသာသူ ယဉ်ကျေးမှုဆိုင်ရာ အသိပညာများကို လေ့လာရန် ပြောလာ၏။ဒီလိုမှသာ ရွာထဲတွင် သူ့အတွက်အလုပ်တစ်ခုကို စီစဉ်ပေးနိုင်မှာဖြစ်သည်။
သို့သော် သူကဘယ်လိုလုပ်ပြီး လေ့လာနိုင်မှာလဲ။
ကွန်မြူနတီက ဝါဒဖြန့်ချီရေးအလုပ်သမားတစ်ယောက် ရှာလာသောအခါ သူကကွန်မြူနတီကို ဝင်ရန် အတင်းအကြပ်တောင်းဆိုခဲ့ပြီး မဟုတ်ပါက သူကတပ်မဟာတွင် ပြသနာရှာမည်ဟု ပြောလိုက်သည်။တပ်မဟာက သူ့ကိုသည်းမခံနိုင်တော့တာကြောင့် ရိုးရှင်းစွာပင်သတင်းပို့ပေးလိုက်၏။လက်ထောက်ညွှန်မှူးယန်က သူ့ဂုဏ်သတင်းအတွက် သူ့ကိုလက်ခံခေါ်ယူလိုက်သော်လည်း ဝန်ကြီးကျွမ်းကမူ မပျော်ရွှင်ပေ။
မင်းရဲ့ ဝါဒဖြန့်ချီရေးဌာနအတွက် အမှိုက်တစ်ခုရလာတာလေ၊ အလုပ်လည်းမလုပ်နိုင်ဘဲနဲ့ ဘာမှမဟုတ်တာအတွက် လခပေးရမှာလား။အလုပ်တွေကို နဂိုလူတွေနဲ့ဘဲ လုပ်နေရမှာလား။အကယ်၍ ချောင်ကွမ်းရုန်နှင့် ယွီရှင်းသာ ဌာနတစ်ခုထဲ အတူတူလုပ်ဖြစ်ပါက သူတို့ကဆွေမျိုးများဖြစ်တာကြောင့် နှစ်ယောက်လုံးက အလွန်ဇီဇာကျယ်ကာ ကြားထဲတွင် ဝါဒဖြန့်ချီရေးဌာနကသာ ခံစားရမှာဖြစ်သည်။
ထို့ကြောင့် ဝန်ကြီးကျွမ်းက လင်းလန်ကို လူ10000လောက်နှင့် ကြိုဆိုချင်မိပေသည်။
လင်းလန်ဒီမှာရှိနေသောအခါ သူဘယ်လောက်စိတ်သက်သာရာရလိုက်သလဲ။အလုပ်ကိုကောင်းကောင်းလုပ်နိုင်ပြီး သူ့ကိုမျက်နှာပန်းလှစေတယ်။
ချောင်ကွမ်းရုန်က စာလုံးအနည်းငယ်ကိုဖတ်ကြည့်လိုက်ရာ ထစ်ထစ်ငေါ့ငေါ့ဖြစ်နေကာ စာလုံးတစ်ဝက်ထက်မနည်းက မှားယွင်းနေ၏။
ဝန်ကြီးကျွမ်းက သူ့မျက်နှာကိုပြန်ဆွဲတင်လိုက်သည်။
“ အစည်းအဝေးသွားတယ်ဆိုတာ အပျော်သွားလုပ်တာ မဟုတ်ဘူး။မင်းအနေနဲ့ အစည်းအဝေးရဲ့ စိတ်ဝိဉာဉ်ကို နားလည်သဘောပေါက်ပြီး မှတ်တမ်းယူခဲ့ရမယ်၊ပြီးတော့ တပ်မဟာရဲ့ ဝါဒဖြန့်ချီသူတွေကို ပြန်ပြီး သင်ခန်းစာပို့ချနိုင်ရမယ် ”
ချောင်ကွမ်းရုန် :“ နားလည်ပါတယ် ”
သူကထွက်သွားလိုက်သည်။
သူထိုအရာကို စဉ်းစားကြည့်လိုက်ပြီးနောက်တွင် လက်ထောက်ညွှန်မှူးယန်ကို ရှာရန် ညွှန်မှူးရုံးသို့ သွားလိုက်သည်။
သူက တံခါးကို အားပြင်းပြင်းနှင့် ရိုက်လိုက်ကာ ခနအကြာတွင် တစ်ယောက်ယောက်က တံခါးဖွင့်ပေးလာပြီး သူ့ကိုပေးဝင်လိုက်သည်။
သူကယွီရှင်းကို တစ်ချက်ကြည့်လိုက်ကာ လက်ထောက်ညွှန်မှူးယန်အား သူ့တောင်းဆိုချက်ကို ပြောပြလိုက်သည်။
“ ညွှန်မှူး ဘာလို့ ကျွန်တော့်ကို ပေးမသွားရတာလဲ ”
လက်ထောက်ညွှန်မှူးယန် :“ သွား အကုန်သွားကြ ၊ မင်းတို့နှစ်ယောက်လုံး သွားလိုက်ကြ ”
ချောင်ကွမ်းရုန်က ပျော်သွား၏။
“ ကျေးဇူးပါ ညွှန်မှူး ဒါပေမယ့် ညွှန်မှူး ကတော့ သဘောထားမျှတနေတုန်းဘဲ”
သူက ဂုဏ်ယူစွာပြန်သွားပြီး ဝန်ကြီးကျွမ်းကို ပြောလိုက်ကာ လင်းလန်ကို ရှာလိုက်လေသည်။
“ ရဲဘော်လင်း ကောင်တီမှာ လေ့လာဖို့ အတူသွားရအောင်။လေ့လာရမယ့်တာဝန်နဲ့ နေထိုင်ရေးအစီအစဉ်တွေကို မင်းစီစဉ်လိုက်နော်။ ကောင်းလိုက်တာ နှစ်ရက်အတွင်း ဒီကနေအတူသွားကြတာပေါ့ ”
လင်းလန်က သူ့ကိုတချက်ကြည့်လိုက်၏။
“ ရဲဘော်ချောင် ကျွန်မက အိမ်ကနေဘဲ တိုက်ရိုက်သွားလိုက်ပါ့မယ် ဒီကိုမလာနေတော့ဘူး။ပြီးတော့ ကျွန်မတို့ရဲ့ ကိုယ်ပိုင်လေ့လာမှုနဲ့ နေထိုင်ရေးက ကိုယ့်ဘာသာကိုယ်ဘဲ တာဝန်ယူသင့်တယ် ”
သူမက ချောင်ကွမ်းရုန်နှင့် အရမ်းကြီးအဆက်အဆံမလုပ်ချင်ပေ။လူကြီးများတွင် ပြသနာအများအပြားရှိ၏။အလုပ်ဆင်းသည့် ပထမဆုံးနေ့တွင် သူကသူမနှင့် ပြတင်းပေါက်နေရာကို ပြိုင်လုလာပြီး သူမကိုဖိနှိပ်ရန် အာဇာနည်သားဆိုတာကိုတောင် အသုံးပြုလာ၏။ထို့ကြောင့် သူမက သူနှင့် မငြင်းခုန်နေတော့ပေ။
သို့သော်သူက သူမကိုစကားဆက်ပြောနေပြီး သူမ၏ကိစ္စကို စုံစမ်းနေသည်မှာ သူမကိုစိတ်အနှောင့်ယှက်ဖြစ်စေပေသည်။
“ မင်းကဘာလို့ ဒီလိုဖြစ်နေရတာလဲ ”
ချောင်ကွမ်းရုန်၏အမူအရာက ရုတ်တရက်ပင် ပျက်ယွင်းသွားလေသည်။
သူကဒီလိုဖြစ်နေတာကို လင်းလန်ကမပျော်နေပေ။သူမက အေးတိအေးစက်မျက်နှာဖြင့် ပြောလိုက်၏။
“ စိတ်မကောင်းပါဘူး၊ ကျွန်မက ဒီလိုဘဲ”
သူမက သူ့ကိုလျစ်လျူရှုလိုက်ကာ သူမအလုပ်များကို သွားလုပ်လိုက်သည်။
လူအနည်းငယ်က ကိစ္စများချော့မွေ့စေရန် အပြေးရောက်လာကြလေသည်။
“ ရဲဘော်လင်းက ခရီးမိုင်အနည်းငယ် အဝေးကနေ လာရတာလေ အဲ့ဒါကအချိန်ကုန်တယ် အိမ်ကနေကောင်တီကို တိုက်ရိုက်သွားတာက ပိုပြီးအဆင်ပြေတာပေါ့ ”
ချောင်ကွမ်းရုန်က နှာခေါင်းရှုံ့လိုက်ကာ လူတိုင်းက သူ့ကိူအထင်သေးပြီး သူ့ကိုဖယ်ထားကြသည်ဟု ခံစားလိုက်မိသည်။
ဒီအချိန်မှာဘဲ ထောက်ပံ့ပို့ဆောင်ရေးဌာနခေါင်းဆောင်က ရောက်လာပြီး ပြောလာ၏။
“ ငါတို့ဝါဒဖြန့်ချီရေးဌာနအတွက် မီးအားပေးလိုက်ပြီ ဌာနကမှောင်နေတော့ လက်ရေးစာမူတွေရေးဖို့ အဆင်မပြေဖြစ်နေမှာပေါ့ ”
“ ဝိုးးကောင်းလိုက်တာ အဲ့လိုဖြစ်သင့်နေတာကြာပြီ ”
လူတိုင်းက စိတ်ဓာတ်တက်ကြွသွားလေသည်။
သူတို့၏ဝါဒဖြန့်ချီရေးဌာနသည် လက်ရေးစာမူ အများအပြားကိုရေးရကာ လျှပ်စစ်မီးလိုအပ်သော်လည်း သူတို့က ဘယ်တော့မှ မရခဲ့ကြပေ။
လက်ထောက်ညွှန်မှူးယန်က လက်နောက်ပစ်ကာ လျှောက်လာ၏။
“ အနာဂတ်မှာလူတိုင်းက အလုပ်ကြိုးစားကြပါ ကျန်တာတွေကို ခေါင်းဆောင်က စိုးရိမ်လိမ့်မယ် ”
လူတိုင်းက အလျင်အမြန်ပင် သူ့ကိုကျေးဇူးတင်လိုက်၏။
“ ညွှန်မှူးယန်က ကျွန်တော်တို့ကိုစိုးရိမ်ပေးပြီး မီးရအောင်လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ”
Xxxxxxx
Part 736
လက်ထောက်ညွှန်မှူးယန်က လင်းလန်ကို တစ်ချက်ကြည့်လိုက်ပြီး ချောင်ကွမ်းရုန်ကိုလည်း ကြည့်လိုက်ကာ ပြောလာ၏။
“ ရဲဘော်လင်း ငါတို့ကအကုန်အတူတူဘဲဖြစ်ပြီး စည်းလုံးညီညွှတ်ဖို့ကို ဂရုစိုက်ရမယ် ”
လင်းလန်က မျက်မှောင်ကြုတ်လိုက်၏။
“ လက်ထောက်ညွှန်မှူးက ဘာကိုပြောတာလဲ။ဘာလို့ကျွန်မက မစည်းလုံးရမှာလဲ ”
လူတိုင်းက သူ့ကိုညွှန်မှူးဟု ခေါ်ကြသော်လည်း လင်းလန်ကမူ လက်ထောက်ညွှန်မှူးဟုသာ ခေါ်နေသည်မှာ လက်ထောက်ညွှန်မှူးယန်ရင်ထဲတွင် အမည်တပ်မရသော ဒေါသတစ်ခုဖြစ်လာစေ၏။
ပါတီကော်မတီ၏ အဖွဲ့ဝင်12ယောက်သည် တော်လှန်ရေးကော်မတီ၏ ကေဒါများလည်းဖြစ်ပေသည်။ သူတို့ထဲမှ နှစ်ယောက်သည် အလုပ်မလုပ်ဘဲ အနားယူနေကြသော အပိုလူများဖြစ်၏။ထိုနှစ်ယောက်က အထူးအခြေနေများ၌သာ ဝင်ရောက်ခေါင်းဆောင်လာတာဖြစ်ကြီး တကယ်တမ်းတွင်မူ လူ10ယောက်သာရှိပေသည်။ဤလူ10ယောက်ထဲတွင် ပါတီအတွင်းရေးမှူးနှင့် လက်ထောက်အတွင်းရေးမှူးသုံးယောက်က တာဝန်အများဆုံးဖြစ်သည်။သို့သော်လည်း ဟန်ချင်စုန့် ဒီကိုရောက်လာကတည်းက အခြေအနေက ပြောင်းလဲသွား၏။အခုဒီနေရာတွင် ပုံမှန်အတွင်းရေးမှူးမရှိဘဲ လက်ထောက်ညွှန်မှူးယန်သာရှိ၏။ထို့ပြင် ပါတီဝင်တစ်ဦးဖြစ်သည့် ဟန်ချင်စုန့်က သူ့ကိုဆန့်ကျင်နေပေသည်။
ထိုအရာက သူ့ကိုတကယ်ပင် သေလောက်အောင်မွန်းကြပ်စေ၏။
သူ့သားကကျောင်းတွင် ဟန်ချင်စုန့်ကလေးများဆီမှ ဖိနှိပ်ခံနေရပြီး သူကမူ ကွန်မြူနတီတွင် ဟန်ချင်စုန့်ဖိနှိပ်တာကို ခံနေရ၏။
“ မင်းနဲ့ ရဲဘော်ချောင်ကွမ်းရုန်တို့က အလုပ်အတူတူဝင်လာတာ ငါတို့က တစ်ယောက်နဲ့တစ်ယောက် အချင်းချင်းလေ့လာတာကို ကူညီပေးဖို့လိုတယ် ”
စကားပြောပြီးနောက်တွင် လက်ထောက်ညွှန်မှူးယန်က ဒေါသတကြီးထွက်သွား၏။သူက လင်းလန်ကို ပြင်းထန်စွာဆုံးမစကားဆိုခဲ့သော်လည်း လင်းလန်က သူ့ကိုနားထောင်မှာမဟုတ်သည်ကို သူမသိခဲ့ပေ။
ဤအချိန်တွင် စာတိုက်ဌာနမှ စာပေးစာယူအဆက်သွယ်ရှိသူက ပြေးလာလေသည်။
“ မင်းတို့တွေ ဝိုင်ယာကြိုးသွယ်ပြီးသွားပြီလား။ကောင်းပြီလေ ငါမီးတင်လိုက်ရတော့မလား
ဟိုဘက်တွင်ရှိနေသော ဝိုင်ယာကြိုးနှင့်မီးသီးပြင်နေသည့် ယောက်ျားက သူ့ကိုစောင့်ဖို့ လှမ်းပြောလိုက်၏။
ခဏစောင့်လိုက်ပြီးနောက်တွင် စာပေးစာယူလုပ်သူက မီးအားတင်ပေးဖို့သွားကာ ဝါဒဖြန့်ချီရေးဌာန၏ ရုံးခန်းမှာ မီးရသွားလေသည်။
မီးဖွင့်လိုက်သောအခါ ဝါဒဖြန့်ချီရေးဌာနက ပျော်သွားကြပြီး နောက်ဆုံးတွင် သူတို့သုံးဖို့ မီးရှိလာပြီဖြစ်သည်။
ပြည်သူ့လုံခြုံရေးဗျူရိုထဲတွင် ဟန်ချင်စုန့်က စာရွက်စာတမ်းတစ်ချို့ကို စစ်ဆေးနေကာ စွန်းကျောက်ဝမ်က သူ့ဘက်ကိုင်းလာပြီး အသံတိုးတိုးဖြင့်ပြောလာ၏။
“ ခေါင်းဆောင်ဟန် ခင်ဗျားက အရင်တုန်းက ဝါဒဖြန့်ချီရေးဌာနမီးမရတာကို ဂရုမစိုက်ခဲ့ဖူးပါဘူး ”
ဟန်ချင်စုန့်က ခေါင်းငုံ့ကာ ဆက်ကြည့်နေလိုက်သည်။
“ ဘာကိစ္စဘဲဖြစ်ဖြစ်ပါ ဘာဖြစ်နေလို့လဲ”
စွန်းကျောက်ဝမ် :“ ဒါဆိုဒီနေ့ ...”
ဟန်ချင်စုန့် :“ အခုဆို မဆူညံနေတော့ဘူးလေ ”
စွန်းကျောက်ဝမ် :“ မင်းက ကိုယ့်ဇနီးအပေါ်မျှတပြီး ရိုးသားတဲ့ ပထမဆုံးသူဘဲ။သို့သော်ငြား ပြည်သူ့လုံခြုံရေးဗျူရို၏ ပြုမူမှုကလည်း အလွန်ကောင်း၏။ညွှန်မှူးက သူ့လူရင်းများကို ရင်ဆိုင်နေရသည်ဟု ပြောလာကာ စွန်းကျောက်ဝမ်က အလွန်ပင်ပျော်မိပေသည်။
အလုပ်ဆင်းသောအခါ ဟန်ချင်စုန့်က ဝါဒဖြန့်ချီရေးဌာနသို့ထပ်ရောက်လာ၏။အခန်းက အလင်းရောင်အပြည့်ရှိနေကာ လင်းလန်က သူမစားပွဲတွင်စာရေးနေ၏။
တစ်ယောက်ယောက်က သူ့ကိုမြင်သောအခါ ချက်ချင်းပင်နှုတ်ဆက်လာ၏။ဟန်ချင်စုန့်က အနည်းငယ်ခေါင်းငြိမ့်ပြလိုက်ကာ အထဲမဝင်သွားဘဲ တံခါးနားမှသာ လင်းလန်ကိုကြည့်နေလိုက်သည်။
လင်းလန်က မော့မကြည့်လာပေ။
“ ကျွန်မကို ခနလောက်စောင့်ပေးအုန်းနော် သိပ်မကြာပါဘူးပြီးတော့မယ် ”
ဝန်ကြီးကျွမ်းက သူမအရမ်းကောင်းကောင်း ရေးထားသည်ဟုဆိုသော်ငြား သူမက ဂရုတစိုက်စစ်ဆေးလိုက်သေး၏။စကားလုံးရွေးချယ်သုံးနုန်းမှုများကို တွေးလိုက်ကာ သူမစိတ်ကျေနပ်မှုရအောင် ကြိုးစားလိုက်သည်။
ချောင်ကွမ်းရုန်က ရှင်းလင်းပြီးပြီဖြစ်သည်။သူလုပ်စရာ အလုပ်သိပ်မရှိသလို သူကလက်ရေးစာမူ ဘယ်လိုရေးရမည်ကိုလည်း မသိတာကြောင့် သဘာဝကျကျပြောရရင် သူလုပ်နိုင်တာဘာမှမရှိပေ။သူက တစ်ခုခုပို့ရန် အနီးနားတဝိုက်သွားပေးလို့ရသော်လည်း သူကထိုအလုပ်မျိုးမလုပ်နိုင်ပေ။သူက အာဇာနည်တစ်ယောက်၏သားဖြစ်ကာ သူ့အဖေက သူ့ဘဝနှင့်ရင်းကာ သူ့အတွက် ယူဆောင်ပေးခဲ့တာဖြစ်သည်။သူက ဘာလို့သူတို့အတွက် အလုပ်လုပ်ပေးရမှာလဲ။
လင်းလန်က သူ့ဘာသာသူလေ့လာရာမှာ တော်သည်ဟု သူမထင်ပေ။သူမ ဝါဒဖြန့်ချီရေးဌာနကို အလုပ်ဝင်လာသည်မှာ ဟန်ချင်စုန့်ကြောင့်ဟု သူထင်ပေသည်။ထို့ကြောင့် သူက သူမအပေါ်အထင်မကြီးပေ။
အထူးသဖြင့် လင်းလန်က သူ့အကြံပြုချက်ကို ငြင်းဆန်လိုက်ပေသည်။
သူက လင်းလန်ကို နှုတ်မဆက်တော့ဘဲ ဒေါသတကြီးထွက်သွားကာ ဟန်ချင်စုန့်ကို မမြင်ချင်ယောင်ဆောင်သွားလိုက်၏။
ဟန်ချင်စုန့်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသော်လည်း လျစ်လျူရှုလိုက်၏။လူတိုင်းပြန်သွားသောအခါ သူကအထဲဝင်လာပြီး လင်းလန်ဘေးတွင်ထိုင်ရန် ခုံကိုဆွဲလိုက်၏။
လင်းလန်က သူ့အား အစည်းအဝေးမှကြေညာချက်ကို ပြလိုက်ကာ သူမရေးနေသော ဝါဒဖြန့်ချီရေးစာမူကြမ်းကို အဆုံးသတ်လိုက်သည်။
ဟန်ချင်းစုန့်က ကြေညာချက်ကို တစ်ချက်ကြည့်လိုက်၏။
“ တစ်ပတ်ကြာမှာလား ”
လင်းလန် :“ ဘယ်လိုတောင်ကောင်းတဲ့ အခွင့်အရေးလဲ ဝန်ကြီးကျွမ်းက ကျွန်မကိုပေးလာတာလေ ”
ဟန်ချင်စုန့် ကပြောလိုက်၏။
“ကောင်းပါတယ် ”
လင်းလန်က သူ့ကိုပြုံးပြလိုက်၏။
“ ဒါပေါ့ ကျွန်မတို့မိသားစုရဲ့ ညွှန်မှူးဟန်က ထောက်ထားညှာတာတတ်ပြီးတော့ လုပ်နိုင်စွမ်းရှိတယ်လေ ကလေးတွေကလည်း သတိကြီးပြီး ကိုယ့်ကိုကိုယ် မှီခိုရပ်တည်နိုင်တော့ ကျွန်မဘယ်လောက်တောင် စိတ်သက်သာရာရမိလဲဆိုတာ မသိတော့ပါဘူး ”
သူမက မတ်ခွက်ကိုယူကာ ရေသောက်လိုက်စဉ် သူကအသံနိမ့်နိမ့်ဖြင့် ပြောလာသည်ကို ကြားလိုက်ရ၏။
“ ကိုယ်ဒီထက်ပိုပြီး လုပ်နိုင်စွမ်းရှိပါတယ် ”
“ အဟွတ် အဟွတ်...” လင်းလန်က သူမဘာသာရေသီးသွားလေသည်။
ဟန်ချင်စုန့်က သူမကိုပုတ်ပေးလိုက်၏။
“ အလုပ်ဆင်းရအောင် ”
လင်းလန် ရှင်းလင်းလိုက်ကာ ဟန်ချင်စုန့်က သူမလွယ်အိတ်လွယ်ရန် ကူပေးလိုက်ပြီး စက်ဘီးပေါ် သူမကိုတင်ကာ အိမ်သို့ ပြန်သွားလေသည်။
ရွာထဲဝင်လာသောအခါ မူလတန်းကျောင်းဆီသွားပြီး ရှောင်ဝမ်ကို ကြိုခဲ့လိုက်၏။
ရှောင်ဝမ်က ကျောင်းစောစောဆင်းပေ သည်။လင်းလန်နှင့် သူ့အကိုကြီး၊အမကြီးတို့က အိမ်ပြန်မရောက်သေးတာကြောင့် သူကကျောင်းတွင် ဟောင်ဟုန်ကျန်းနှင့် ကစားနေလိုက်၏။
လင်းလန်က ဟောင်ဟုန်ကျန်းနှင့် စကားအနည်းငယ်ပြောလိုက်ပြီးနောက် ရှောင်ဝမ်ကို အိမ်ပြန်ခေါ်သွားလိုက်၏။
သူတို့စတင်ချက်ပြုတ်လိုက်သောအချိန်တွင် တဝမ်တို့သုံးယောက်ပြန်ရောက်လာပြီး ဘီးအနည်းငယ်နှင့် တစ်စုံတစ်ခုကိုသယ်လာကြ၏။
လင်းလန်အံ့ဩသွား၏။
“ သားကြီးရေ သားဘာတွေလုပ်နေတာလဲ ”
အားဝမ်က ပြုံးကာပြန်ဖြေလိုက်သည်။
“ မားမား ဒါတွေက သုံးပြီးသားစက်ဘီး ဘီးတွေပါ သားတို့တွေ တစ်ယောက်ယောက်ကို ကူပြီးစုပေးဖို့ ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်တည်းက တောင်းဆိုထားခဲ့တာ ကိုယ့်ဘာသာကိုယ် စက်ဘီးတစ်စီး လုပ်ကြည့်ချင်လို့လေ ”
လင်းလန် “!!!”
နင်တို့တွေကအရမ်းတော်လွန်းလို့ ကိုယ့်ဘာသာကိုယ် စက်ဘီးလုပ်နိုင်တယ်ဆိုတာကို ငါကဘာလို့မသိခဲ့ရတာလဲ။
မိုင်စွေ့ကလည်း ပြုံးလာ၏။
“ မားမား ဒါကတကယ်ကိုဖြစ်နိုင်ပါတယ်။အစ်ကိုကြီးရှန်ယွီပြောတာကတော့ သူတခြားတပ်မဟာဆီခဏသွားတုန်းက လူတစ်ယောက်က သူ့ဘာသာသူ ကျားနက်ကို ဂဟေဆက်နေတာ တွေ့ခဲ့ရတယ်တဲ့။သမီးတို့လည်း တစ်ခုလောက်လုပ်ကြည့်ချင်သွားတယ် ”
လင်းလန်က မယုံကြည်နိုင်ပေ။
“ ကိုယ့်ဘာသာကိုယ် ဂဟေဆက်လိုက်ရင် ငါစီးလို့ရပါ့မလား အဲ့ဒါကဘေးကင်းရဲ့လား ”
ကလေးများက သူမကို စိတ်ပူစရာမလို.. သေချာပေါက် အဆင်ပြေသွားမည်ဟု အကြံပြုလာကြ၏။
Xxxxx