ငါက ချိန်းတွေ့ဖို့ မသင့်တော်ဘူးလို့ ထင်တယ်
အခန်း ၂
ယဲ့ခိုင်က ရှဝေ့ကို Starlight General Merchandise က ဘာဘီကျူးဆိုင်တွင် နေ့လည်စာစားရန် ချိန်းဆိုခဲ့သည်။ ရှဝေ့ ရဲ့ လက်သည်းအလှပြင်ဆိုင်က ပုံမှန်အားဖြင့် အလုပ်များသောကြောင့် သူမက ပါဆယ်မှာပြီး ဆိုင်မှာပဲ စားလေ့ရှိသည်။ သူမက အစားစားရင်းလဲ အလုပ်လုပ်သည်။ သို့သော် ယနေ့ သူမက ပထမဆုံးအကြိမ်အဖြစ် နေ့လည်စာကို အပြင်ထွက်စားလိုက်သည်။
Starlight General Merchandise က သူမဆိုင်နဲ့ နီးသည်။ ရှဝေ့ ရောက်သွားတော့ ဆိုင်ထဲမှာ သူမကို ထိုင်စောင့်နေသော ယဲ့ခိုင်က တုန်ရီစွာ ထလိုက်ပြီး သူမကို လက်ပြနှုတ်ဆက်သည်။
"Miss, Miss ရှ ကျွန်တော် ဒီမှာခင်ဗျ"
ပ-တောင်! ရှဝေ့ ရင်ခုန်သွားသော်လည်း အတတ်နိုင်ဆုံး တည်ငြိမ်စွာပြုံးပြရင်း သူ့ဆီ လျှောက်သွား လိုက်သည်။
"ရုတ်တရက်ကြီး နေ့လည်စာ စားဖို့ဖိတ်မိလို့ တောင်းပန်ပါတယ်ခင်ဗျာ" ယဲ့ခိုင် ပုံစံက ပုံမှန်ပေမယ့် သူ့ နားရွက်ဖျားလေးကတော့ နီနေလေသည်။ "ငါ အရမ်းလွန်သွားလား"
ရှဝေ့က သူ့ကို ပြုံးပြရင်း "ရပါတယ် ကျွန်မ နည်းနည်းတော့ အံ့သြသွားမိတာပေါ့"
ယဲ့ခိုင် က နှုတ်ခမ်းဖွင့်ပြီး စကားမပြောခင် တော်တော်ကြာကြာထိ ပြုံးနေခဲ့ရင်း "ကျွန်တော် တခြားပြော စရာ ရှာမတွေ့လို့ပါ။ ကျွန်တော် ရှဝေ့ နဲ့ မိတ်ဆွေဖြစ်ချင်လို့ပါ။ ဒီနေ့လည်စာကို ကျွန်တော်က ဧည့်ခံ ပါရစေ။ လာခဲ့ပေးလို့ ကျေးဇူးပါဗျာ"
ရှဝေ့ လဲ တည်ငြိမ်အေးဆေးတဲ့ပုံစံဖြစ်နေပေမယ့် လက်ဖဝါးတွေက ချွေးပြန်နေပြီး နှလုံးခုန်သံကိုလဲ ပြန်ကြားနေရသည်။ သူမ သတ္တိမွေး၍ "နောက်တစ်ခါကျ ကျွန်မ ကျွေးပါ့မယ်"
ယဲ့ခိုင် က ဘာမှမပြောဘဲ သူမကို ငေးကြည့်နေပြီးမှ စိတ်သက်သာရာရသလို ခပ်ဖျော့ဖျော့ပြုံးပြီး "အိုကေပါဗျာ အခု ဘာများသုံးဆောင်ချင်ပါသလဲ.... ကျွန်တော် သွားယူပေးမယ် "
သူ စားစရာသွားယူနေတုန်း ရှဝေ့က သူမဖုန်းကို စာရိုက်နေတယ် Pa—pa—pa—
မိုးနတ်မင်းကြီးရေ! သူက အရမ်းချစ်ဖို့ကောင်းတာပဲ! သူ စကားပြောတော့ နားရွက်ဖျားလေးက နီနေ တယ်!
5kg မကျရင် နာမည်မပြောင်း - နင်က ဘာလို့ အမြဲတမ်း လူရိုးလေးတွေနဲ့ဆုံနေရတာလဲ... ပြုံးပြ
ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - နင်က ဘာလို့ အမြဲတမ်း လူရိုးလေးတွေနဲ့ဆုံနေရတာလဲ... ပြုံး
ချစ်စရာ ဆွိတီလေး - နင်က ဘာလို့ အမြဲတမ်း လူရိုးလေးတွေနဲ့ဆုံနေရတာလဲ.... ပြုံးပြ
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - ငါက လှလို့နေမှာပေါ့ ...ပြုံးပြ
ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - ယောက်ျားတွေရဲ့ နှလုံးသားကို ဆော့ကစားမယ်ဆိုရင်တော့ ငရဲပဲ သွားတော့ (ပြုံးပြ)
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - ငါက ဘယ်မှာ ကစားနေလို့လဲ... ငါက အပျော်ရည်စား မထားဘူး အိုကေ
ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - နင်ထားခဲ့တဲ့ ရည်းစားဟောင်းတွေကို တစ်ချက်လောက် ပြန်ကြည့်လိုက်ပါဦး။ နင့် ကိုယ်ကျင့်တရား မထိခိုက်ဘူးလား..
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - ... ငါတို့လို နတ်ဘုရားမတွေက ကိုယ်ကျင့်တရား မလိုဘူးလေ
ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - အိုး :)
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - တွိဂီ ... နင် 5kg ဝိတ်ကျပြီလား
5kg မကျရင် နာမည်မပြောင်း - ခေါင်းစဉ်ပြောင်းချင်တာနဲ့ ငါ့ဖက်လှည့်မလာနဲ့
5kg မကျရင် နာမည်မပြောင်း - 5. 5kg မရောက်သေးဘူး
ဖွိ .. ရှဝေ့ ခပ်တိုးတိုး ရယ်မိသွားသည်။ သူမ ခေါင်းမော့လိုက်တော့ စားစရာတွေနဲ့ ပြန်လာတဲ့ ယဲ့ခိုင် တွေ့ရသဖြင့် ချက်ချင်းဆိုသလို ဖုန်းကို နေရာပြန်ထားလိုက်ပြီး သူ့လက်က စားစရာတွေကို ယူလိုက်ရင်း "ကျွန်မ ကူသယ်ပါ့မယ်"
ယဲ့ခိုင် နဲ့ ပထမဆုံး အတူစားတာမို့ ရှဝေ့ က လှလှလေး စားနေရသည်။ သူမက ဝမ်းဝအောင် စားဖို့ ထက် ယဲ့ခိုင် နဲ့ စကားပြောရတာ ပိုနှစ်သက်သည်လေ။
ယဲ့ခိုင်ရဲ့ နီရဲနေတဲ့ နားရွက်ကို ကြည့်ပြီး "ပရိုဂရမ်မာတိုင်းက ရှင်လို အရှက်အကြောက်ကြီးတတ်ကြ သလားဟင်" ဟုမေးမိသွားသည်။
သူမ မေးလိုက်မှ ယဲ့ခိုင် မျက်နှာပါ နီသွားလျက် "တခြားသူတွေတော့ မသိဘူးဗျ ဒါပေမယ့် ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေကတော့ တည်ကြည်ကြပါတယ်"
ရှဝေ့က ခေါင်းငုံ့ပြီး တိုးတိုးရယ်လိုက်သည်။ သူတို့ စားသောက်ပြီတော့ ယဲ့ခိုင်က သူမဆိုင်အထိ ပြန်လိုက်ပို့ပေးသည်။ Peng—peng — ဆိုင်ပြန်ရောက် တာနဲ့ ရှဝေ့ လဲ တည်ငြိမ်သွားသည်။
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - ငါ စားပြီး ပြန်လာပြီ။ ငါတို့ အတူ လမ်းလျှောက်ပြန် တော့ ငါဖြင့် အသက်တောင် မရှူနိုင်ဘူး.. အရမ်းစိတ်လှုပ်ရှားနေလို့
ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - ဟားဟား
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - ငါ အလုပ်လုပ်တော့မယ် နင်လဲ အုတ်ခဲသာ ဆက်ခွဲ နေတော့ :)
ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - ... ha, ha.
တစ်ဖက်မှာလဲ ဖြစ်တောင့်ဖြစ်ခဲပင် ကျန်းကျစ်ကျိုး နဲ့ ဖန့်ဝမ် တို့ ချောချောမောမော အဆင်ပြေနေ သည်။ ညနေခင်း အိမ်ပြန်ရောက်တော့ သူ့မရီးက ချက်ချင်း ဖုန်းဆက်၍ သူ့ရဲ့ blind date အဆင်ပြေ မပြေ မေးသည်။ "ကျစ်ကျိုးရေ Miss ဖန့် နဲ့ တွေ့တာ ဘယ်လိုလဲ"
ကျန်းကျစ်ကျိုး - "မဆိုးပါဘူး ဒါပေမယ့် ဒီနေ့က အစပဲရှိသေးတယ်လေ။ တစ်ယောက်အကြောင်း တစ်ယောက်လဲ မသိသေးဘူး။ အဆင်ပြေမပြေ ဆက်သွားကြည့်ရမှာပေါ့"
"အဲ့တော့ ထပ်တွေ့ဖြစ်ဦးမယ်ပေါ့။ တစ်ယောက်နဲ့ တစ်ယောက်ရင်းနှီးသွားရင် အဆင်ပြေမှာပါ"
"အမ်း...ဗုဒ္ဓဟူးနေ့ကို ညစာအတူစားမလို့"
"အိုး ... ညစာစားပြီး ရုပ်ရှင်ကြည့်ကြလေ။ ဖုန်းနံပါတ် ပေးခဲ့ ယူခဲ့တယ်မလား"
"ပေးခဲ့တယ်"
သူ့မရီးလဲ စိတ်အေးသွားဟန်ဖြင့် "ကောင်းတာပေါ့ သူမနဲ့မကြာခဏ ပြောဖြစ်တော့ ပိုမိုနားလည်းနိုင်တာ ပေါ့။ ဒီတစ်ခါတော့ အဆင်ပြေစေချင်တယ်ဟယ်"
"အမ်း..... "
ကျန်းကျစ်ကျိုး ဖုန်းပြောပြီး လည်စည်းကို ဖြည်လိုက်ပြီး ကော်လံကို ဖြည်ကာ အသက်ရှူလိုက်သည်။ ရေမချိုးခင် ဘီရိုထဲက ညအိပ်ဝတ်စုံထုတ်လိုက်၍ ရေချိုးခန်းထဲဝင်လိုက်တာ့ မျက်နှာကျက်က ရေစိမ့်နေ တာ သတိထားလိုက်မိသည်။ ကြမ်းပြင်မှာ ရေအိုင်နေလေပြီ။
ညအိပ်ဝတ်စုံမဝတ်ခင် မျက်နှာကျက်ကို ကြည့်လိုက်ပြီး တိုက်ခန်းစီမံခန့်ခွဲရေးကို ဖုန်းခေါ်လိုက်သည်။
"ဟဲလို ကျွန်တော်က တိုက် ၃၊ အခန်း ၁၈၀၈ က ကျန်းကျစ်ကျိုး ပါ။ ရေချိုးခန်း မျက်နှာကျက်က ရေယိုနေလို့ဗျ။ အမြန်ဆုံးပြင်ပေးလို့ရမလားခင်ဗျာ"
" တိုက် ၃၊ အခန်း ၁၈၀၈ နော်.. ကျွန်မတို့ မှတ်ထားလိုက်ပါပြီရှင် ချက်ချင်းအကြောင်းကြားပေးပါမယ်"
“အမ်း.....ကျေးဇူးပါ"
ဖုန်းချလိုက်ပြီး ညအိပ်ဝတ်စုံယူကာ ရေချိုးဖို့ ရေချိုးခန်းထဲ ဝင်လိုက်သည်။ ရှဝေ့ အိမ်ပြန်လာတော့ မှောင်နေပါပြီ။ သူမရဲ့ ဆိုင်က ပုံမှန်ဆို ည ၉ နာရီမှာ ပိတ်သော်လည်း တရုတ်နှစ်သစ်ကူး နီးသဖြင့် ယနေ့ စောပိတ်ခဲ့သည်။
သူမရဲ့ လည်သာဖိနပ်ရှည်နဲ့ ကုန်အင်္ကျီကို ချွတ်လိုက်ပြီး ညဝတ်အိပ်ကို ယူလျက် ရေချိုးခန်းဝင်ရန် ပြင် လိုက်စဉ် တိုက်ခန်းစီမံခန့်ခွဲရေးက ဖုန်းဆက်လာသည်ကို သတိရသွားသည်။ သူမ ရေချိုးခန်းက ရေယိုနေသည်ဟု အကြောင်းကြားလာသည်တဲ့။
"...ရေယိုတာတဲ့လား" သူမ ရေချိုးခန်းထဲကို ကြည့်ပေမယ့် ဘယ်နေရာကမှန်း မသိချေ။ အောက်ထပ်မှာ နေတဲ့သူက တိုက်ခန်းစီမံခန့်ခွဲရေးကို အကြောင်းကြားထားခြင်းဆိုတော့ သူမလဲ တစ်ယောက်ယောက်ကို လာကြည့်ခိုင်းတာပိုကောင်းပေမည်။
ရေချိုးပြီးတော့ သူမ laptop ကို ပွေ့ယူပြီး ကုတင်ပေါ်ထိုင်လိုက်သည်။ အချိန်ကွာခြားချက်ကို တွက် ကြည့်လိုက်ပြီး တိုက်ခန်းအကြောင်း Twiggy (တွိဂီ) ကို မေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - Twiggy ရေ ဒီနေ့ အောက်ထပ်ကလူက ငါတို့ရေချိုးခန်း ရေယိုနေတယ်ပြောတယ်။ ပြင်ဖို့ ဘယ်သူ့ကို ခေါ်ရမလဲ... တိုက်ခန်းစီမံခန့်ခွဲရေးက ပြောတာတော့ သူတို့နဲ့မဆိုင်ဘူးတဲ့။
5kg မကျရင် နာမည်မပြောင်း - သေစမ်း မကောင်းလိုက်တဲ့အိမ်ယာ.. ငါတို့နေတာမှ ဘယ်လောက်မှ မကြာသေးဘူး ရေယိုနေပြီပေါ့...တိုက်ခန်းဆောက်တဲ့လူ (developer) ကို တိုက်ရိုက်ခေါ်တာ ကောင်း တယ်။ ဒီတိုက်ခန်းတွေက အရင်က လူမနေတဲ့ တိုက်ခန်းတွေကို ပြန်ပြင်ထားတာဟ။ စာချုပ်အာမခံကလဲ ၅ နှစ်ထဲရယ်။ ပြင်ပေးဖို့ သူတို့ကို ခေါ်သင့်တယ်။
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - အိုး.... သူတို့က တိုက်ခန်းစီမံခန့်ခွဲရေးကိုတော့ တာဝန် လွှဲ မချလောက်ဘူးမဟုတ်လား
5kg မကျရင် နာမည်မပြောင်း - သူတို့ တာဝန်မယူရင် ရဲတိုင်လိုက်။ ခဏနေဦး ငါနင့်ကို developer ဆီ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ပေးမယ်
ရှဝေ့ သန်းဝေလိုက်ရင်း စာပြန်လိုက်သည်။ “Okay”
နောက်နေ့မနက် ကျန်းကျစ်ကျိုး အိပ်ယာထပြီး မျက်နှာသစ် သွားတိုက်ဖို့ ရေချိုးခန်းထဲ ဝင်လိုက်သည်။ မျက်နှာကျက်က ရေယိုနေတာမြင်တော့ မျက်မှောင်ကျုံ့သွားသည်။ အပေါ်ထပ်မှာ နေတဲ့သူက ဒီနေ့ တော့ ပြင်ဆင်သင့်နေပြီလေ။
ရှဝေ့ လဲ ဒီမနက် developer ဆီကို အရင်ဆုံးဖုန်းဆက်ခဲ့သော်လည်း သူမက တိုက်ခန်းပိုင်ရှင် မဟုတ် သဖြင့် တိုက်ခန်းပိုင်ရှင်ကိုယ်တိုင်ဆက်သွယ်ရန် developer ပြောသည်။ ရှဝေ့က ရယ်မောရင်း Twiggy ဆီကို စာပို့လိုက်သည်။
[Twiggy ရေ ငါ developer ကိုဖုန်းဆက်လိုက်တယ် သူတို့က တိုက်ခန်း ပိုင်ရှင်ကိုယ်တိုင် ဆက်သွယ်ပေးပါတဲ့ :)]
5kg မကျရင် နာမည်မပြောင်း - .....တကယ်ပါပဲ များလိုက်တဲ့ စည်းကမ်းတွေ။ ငါ ဒီနေ့ အတန်းမရှိဘူး.. ငါ ခဏနေရင် သူတို့ဆီ ဖုန်းဆက်လိုက်မယ်။
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - အေးပါ..
ရှဝေ့က Twiggy ကို ပြောပြပြီးပြီဆိုတော့ ဒီကိစ္စကို ဘေးဖယ်ထားလိုက်သည်။ ညနေ ဆိုင်ကပြန်လာ သည့်အချိန် တိုက်ခန်းစီမံခန့်ခွဲရေးက ဖုန်းဆက်လာပြန်သည်။ အောက်ထပ်မှာ နေတဲ့သူက မြန်မြန်ပြင် ပေးဖို့ ပြောနေသည်တဲ့...
"ကျွန်မ developer ကို လာပြင်ပေးဖို့ ပြောပြီးပြီလို့ သူ့ကို ပြောပေးပါရှင့်။ လာပြင်ပေးမှာပါ"
ရှဝေ့ ကူကယ်ရာမဲ့ သက်ပြင်းချလိုက်ရင်း Twiggy ဆီ စာပို့ရပြန်သည် - နင် developer ကို ဖုန်းဆက် ပြီးပြီလား? အောက်ထပ်ကလူက ထပ်တိုင်နေပြန်ပြီ...(မျက်လုံးလှန်ကြည့်)
5kg မကျရင် နာမည်မပြောင်း - ငါဒီနေ့ အလုပ်ရှုပ်နေလို့ အဲ့ကိစ္စမေ့သွားတယ်.. (ပြုံးရင်းငို) ငါ မနက်ဖြန် သေချာပေါက် ဖုန်းဆက်လိုက်ပါ့မယ်
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - သတိပေးချက်ချထားနော် အိုကေ..မဟုတ်ရင် အောက် ထပ်ကလူက ငါ့ကို သတ်လိမ့်မယ်။
5kg မကျရင် နာမည်မပြောင်း - အေးပါဟာ (ပြုံးရင်းငို)
သတိပေးချက်ချထားတာ တော်တော်အသုံးဝင်သည်။ ရှဝေ့ကို နောက်နေ့ကျ Twiggy က စာပို့ထားသည် -
Developer ကို ဆက်သွယ်လိုက်ပြီ.. သူတို့ပြောတာတော့ မြန်မြန်လုပ်ပေးပါမယ်တဲ့.. သူတို့လာမယ်ဆိုတဲ့ အချိန်ကျ ငါ နင့်ကို ဆက်သွယ်လိုက်မယ်... နင် တိုက်ခန်းပြန်ပြီး သူတို့ကို စောင့်နေလို့ရအောင်
အိုကေပါ...
ရှဝေ့ အခုမှ စိတ်အေးရတော့သည်။
သို့သော် တိုက် ၃၊ အခန်း ၁၈၀၈ ပိုင်ရှင် Mr. ကျန်း ကတော့ မကျေမနပ် ဖြစ်နေလေသည်။ သူ့ရေချိုးခန်း မျက်နှာကျက်က ရေယိုနေသည်မှာ ယနေ့နဲ့ဆို ၃ ရက်ရှိလေပြီ။ သည်းခံနိုင်စွမ်း ကုန်ဆုံးပြီဖြစ်သဖြင့် တိုက်ခန်း စီမံခန့်ခွဲရေးအဖွဲ့ကို ဖုန်းထပ်ခေါ်လိုက်သည်။
အော်ပရေတာမိန်းမငယ်လေးက စူပွပွအသံနဲ့ "Mr. ကျန်း ရှင့် ကျွန်မတို့ အပေါ်ထပ်က အိမ်ရှင်ကို ပြောပေးပြီးပါပြီရှင်။ developer က ပြင်ဆင်ပေးဖို့ အမြန်ဆုံး လူလွှတ်ပေးမယ်လို့ပြောကြောင်း အခန်းနံပါတ် ၁၉၀၈ က Miss ရှက ပြောပါတယ်"
ကျန်းကျစ်ကျိုး မျက်ခုံးနှစ်ခု ထိစပ်တဲ့အထိ မျက်မှောင်ကျုံ့လိုက်ပြီး "အမြန်ဆုံးက ဘယ်တော့တဲ့လဲ"
"ကျွန်မတို့လဲ သေချာတော့ မပြောနိုင်ပါဘူးရှင့်။ developer ဖက်က လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ရတာဆိုတော့ နောက် ၂ နှစ်ရက်လောက်နေရင် ပြင်ပေးနိုင်မယ်ထင်ပါတယ်.. "
ကျန်းကျစ်ကျိုးက နှုတ်ခမ်းကို ဖိပိတ်လိုက်ပြီး ပြောလိုက်သည်။ "အခန်းနံပါတ် ၂၉၀၈ ပိုင်ရှင် ဖုန်းနံပါတ် ပေးပါလားဗျ.. ကျွန်တော်ကိုယ်တိုင် ဆက်လိုက်မယ်"
ဖုန်းအော်ပရေတာ မိန်းကလေးလဲ အခုမှ စိတ်ပျော်သွားသည်။ 'နောက်ဆုံးတော့ ကိုယ်တိုင် ဖုန်းဆက်ဖို့ တွေးမိပြီပေါ့။ တိုက်ခန်းစီမံခန့်ခွဲရေးအဖွဲ့ရှိတာနဲ့ပဲ ကိုယ့်အိမ်နားနီးချင်းတွေကို မေးထူးခေါ်ပြော မလုပ် ကြတော့ဘူးတဲ့လား။ ဘာကိစ္စပဲဖြစ်ဖြစ် သေးသေးကြီးကြီး တိုက်ခန်းစီမံခန့်ခွဲရေးကိုပဲ ဆက်သွယ်နေကြ သည်လေ။'
"ဒီလိုရှိပါတယ် Mr. ကျန်း ရှင့် ကျွန်မတို့က ဖုန်းနံပါတ်ကို ခွင့်ပြုချက်မရဘဲ ပေးခွင့်မရှိပါဘူး။ Miss ရှ က အပေါ်ထပ်က ပါပဲရှင်။ ဒါ့ကြောင့် ကျွန်မ အကြံပြုနိုင်တာတော့ အပေါ်ထပ်ကို သွားပြီး ကိုယ်တိုင်ဆွေးနွေးကြည့်ဖို့ပါ "
ကျန်းကျစ်ကျိုး တစ်ယောက် ပွစိပွစိပြောရင်း "နားလည်ပြီ" လို့ ပြောလိုက်သည်။
သူလဲ ကုတ်အင်္ကျီပြန်ဝတ်လိုက်ရင်း တံခါးဖွင့်ပြီး အခန်းထဲက ထွက်ခဲ့သည်။ အခုဆို ညနေ ၄ နာရီခွဲပြီ။ ဒီနေ့က ရုံးဖွင့်ရက်ဆိုတော့ ဒီအချိန် အပေါ်ထပ်က လူ ရှိချင်မှရှိမှာပေါ့... သို့သော် သူ့ရဲ့ကံကြမ္မာကို စမ်း သပ်ချင်သဖြင့် အပေါ်ထပ်တက်ခဲ့သည်။
အခန်း 1908 က လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်တော့ အထဲက တုန့်ပြန်သံမကြားပေ။ ခဏနေမှ တစ်ခါ ပြန်လာကြည့်တော့မည် စိတ်ကူးနေဆဲ ဘေးကပ်ရပ် အခန်း 1907 က တံခါးဖွင့်ကြည့်သည်။
အိမ်ထောင်သည် မိန်းမငယ်လေးတစ်ယောက် ထွက်လာသည်။ ကျန်းကျစ်ကျိုးလဲ သူမကို အရင်ကတည်းက မြင် ဖူးပါသည်။ သူမက မှတ်မိလွယ်တဲ့ပုံစံရှိသည်။
ကျန်းကျစ်ကျိုးကို ၁၉ ထပ်မှာ တွေ့တော့ သူမက အလွန်အံ့သြနေသည်။ "ဟို Mr. ကျန်း ရှင့်... ရှင် Miss ရှ ကို လာရှာတာလား"
"အွန်း.." ကျန်းကျစ်ကျိုးက အထူးအထွေရှင်းပြမနေဘဲ အသံတိုးတိုးနဲ့ ပြန်ဖြေလိုက်သည်။
"ဒီအချိန်ဆို Miss ရှ က သူ့ဆိုင်မှာပဲ ရှိဦးမှာရှင့်... သူက ည ၉ နာရီမှ ဆိုင်ပိတ်တာလေ"
အိမ်ထောင်သည် မိန်းမငယ်လေးက ပြောပြီးသွားမှ တစ်ခုခုကို သတိရဟန်နဲ့ သူမအိတ်ထဲက လိပ်စာကဒ် လေး ထုတ်လိုက်ပြီး ကျန်းကျစ်ကျိုးကို ပေးလာသည်။
"Miss ရှ က ကျွန်မကို ဒီလိပ်စာကဒ်လေး ပေးထား တယ်.. အရေးကြီးရင် အဲ့ထဲကဖုန်းကို ခေါ်ကြည့်ပါ"
ကျန်းကျစ်ကျိုး လဲ လိပ်စာကဒ်ကိုင်ပြီး ခဏငိုင်နေသည်။ "ကျေးဇူးပါဗျ" လိပ်စာကဒ်ကို ကြည့်လိုက် တော့ နှင်းဆီပန်းရောင်လေး ဆိုင်ဖုန်းနံပါတ်လဲရေးထားသည်။ "လက်သည်းအလှပြင်ဆိုင်တဲ့လား"
"ဟုတ်တယ်ရှင့်.. Miss ရှက လက်သည်းအလှပြင်ဆိုင်ဖွင့်ထားတာလေ။ ကျွန်မလဲ သွားဖြစ်တယ်.. ဒီ လက်သည်းဒီဇိုင်းက သူပြင်ပေးတာလေ" ပြောနေရင်း သူမလက်ကို ဖြန့်ပြီး ကျန်းကျစ်ကျိုး ကို ပြနေ သေးသည်။ ကျန်းကျစ်ကျိုး သူမလက်သည်းကို မကြည့်ခဲ့ပေမယ့် လှည့်မထွက်ခင်တော့ ကျေးဇူးတင် ကြောင်း ပြောခဲ့သည်။