Part 619
မြို့ထဲက အစားအစာက ဒီကအဖွဲ့ဝင်တွေလောက်ကြမ်းတမ်းမနေပေ။ ဒီမှာအစားအစာက ကြပ်တည်းပေသည်။အလုပ်လုပ်သော ယောက်ျားကြီးတစ်ယောက်က တလတွင် တခါထုတ်လျှင်ဆယ်ကတ်တီနှုန်းဖြင့် သုံးခါသာထုတ်ယူခွင့်ရှိသည်။ သူတို့လို ကျောင်းသားများကတော့ ၂၆ကတ်တီမှ ၂၉ကတ်တီလောက်သာရသည်။မြို့ထဲမှာဆိုရင်တောင် သူက နေ့တိုင်းနေ့တိုင်းဆာလောင်နေတာဖြစ်သည်။နောက်ဆုံးရလဒ်ကတော့ ဒီရိတ်သိမ်းချိန်နှောင့်နှေးမှုသည် သူတို့၏ခွဲတမ်းများကို မှောက်ခုံလှန်လိုက်သလိုပင်ဖြစ်သွားစေကာ ရိုးရိုးရှင်းရှင်းကို သည်းမခံနိုင်စရာပင်ဖြစ်သည်။
ရှန်ယွီက ဒေါသထွက်နေတာကြောင့် ဝူဝမ်ယီကိုမဟန့်တားနေတော့ချေ။ဒါ့ကြောင့် သူ့အား ဒီလောက်ထိလွန်လွန်ကဲကဲ ဖြစ်သွားစေသည့်သူအား ရိုက်နှက်လေ၏။
ညစာစားပြီးနောက်တွင် ရှန်ယွီက ပညာတတ်လူငယ်များအားခေါ်ကာ အကြိမ်အနည်းငယ်ပတ်ပြေးဖို့ မဦးဆောင်တော့ပေ။ရုပ်ပိုင်းဆိုင်ရာအင်အားကို ဖြုန်းတီးစေ၍မရပေ။ထို့နောက် နေ့လည်ခင်းတွင် အလုပ်လုပ်ဖို့သွားလိုက်ကြသည်။
ချီဖုန်းရှို့က နာကျင်မှုကို အံကြိတ်သည်းခံကာ ထရပ်လိုက်သည်။သူက ရှန်ယွီ၊အခြားသူများနှင့်အတူ အလုပ်သွားချင်ပေသည်။သို့သော် အမြဲတမ်းစကားများများပြောတတ်သော ရှန်ယွီက အေးတိအေးစက်မျက်နှာဖြင့် ပြောလာလေသည်။
‘‘ချီဖုန်းရှို့ အခုကစပြီး မင်းကို ငါတို့ရဲ့(72)ခုမြောက်အဖွဲ့က မကြိုဆိုတော့ဘူး၊ မင်းအလုပ်လာလုပ်တာကိုတော့ တားလို့မရပေမယ့် မင်းနဲ့မဆက်ဆံတာက ငါတို့ရဲ့လုပ်ပိုင်ခွင့်ဘဲ။အနာဂတ်မှာ အလုပ်ကိုကိုယ့်ဘာသာသွားပြီး လုပ်ဖော် ကိုင်ဖက်ကို ကိုယ့်ဘာသာဘဲရှာလိုက်တော့ ’’
သူတို့က စကားပြောပြီးနောက်ထွက်သွားကြသည်။
ချီဖုန်းရှို့က သေလောက်သည့်အထိ ရိုက်ခံထားရသော်လည်း သူကအလွန်ဗိုက်ဆာနေတာဖြစ်သည်။သူဘယ်လောက်ဘဲဒေါသထွက်ပြီး မကျေမနပ်ဖြစ်နေပါစေ ထိုအရာက စားစရာလိုချင်စိတ်အဖြစ်ပြောင်းလဲသွားလေသည်။သူနာကျင်မှုကို သည်းခံလိုက်ကာ နောက်ဆုံးတွင် ခေါင်းဆောင်ကိုရှာတွေ့သွားပြီး သူအလုပ်လုပ်ဖို့သွားချင်တယ်လို့ ပြောလိုက်သည်။
ခေါင်းဆောင်က သူ့အားသနားသလိုကြည့်နေသော်လည်း တကယ်တမ်းတွင် လုံးလုံးသနားနေတာမျိုး မဟုတ်ပေ။သဘာဝကျစွာဘဲ ဒီလူငယ်လေးက သူ့ဆီကနေ ဘာကိုမှ ကွယ်ဝှက်မထားနိုင်ပေ၊ သူက စားစရာကိုတောင် ဖြုန်းတီးရဲပေသည်။
သူက လူငယ်တစ်ယောက်အတွက် ဆာလောင်နေမှာက ကောင်းမှာမဟုတ်ဘူးလို့ တွေးနေခဲ့ခြင်း ဖြစ်သည်။သူက တခြားသူများ အရမ်းဒေါသထွက်သွားမှာကို ကြောက်ကာ အများဆုံးအနေဖြင့် တစ်နပ်စာလောက် အငတ်ခံလိုက်ရမှာဖြစ်သည်။တကယ်လို့သူသာ အမှားကိုဝန်ခံပြီး အပြစ်ပေးခံလိုက်ရပြီဆိုလျှင် သူ့ကိုခွင့်လွှတ်လိုက်ကြပြီး ညဘက်တွင် အစာစားခွင့်ပေးလိုက်ကြမှာဖြစ်သည်။
ရလဒ်အနေနဲ့ကတော့ သူက တကယ်ဘဲ စပါးစေ့များကို မြေကြီးပေါ်သို့ကျအောင်လုပ်လိုက်လေသည်။ခေါင်းဆောင်ကတိုက်ရိုက်ပင် ဒေါသထွက်သွား၏။
သူအနေဖြင့် တစ်ယောက်ယောက်က စားစရာကိုဖျက်စီးလိုက်တာမျိုးကို သည်းမခံနိုင်ပေ။ဆန်စေ့တစ်စေ့တောင်မှ မရပေ။
ခေါင်းဆောင်က ချီဖုန်းရှို့အား အေးစက်စွာစိုက်ကြည့်လိုက်သည်။
‘‘တကယ်လို့ ငါ့ကြာပွတ်သာငါ့ရှေ့မှာရှိနေလို့ကတော့ တကယ်ပြောတာ မင်းကို တချက်လောက်ရိုက်ပစ်လိုက်ပြီ။မင်းအဲ့ဒါကို သေချာဆင်ခြင်သင့်တယ်။ငါတို့အနေနဲ့ မင်းလိုလူကို အလုပ်မှာ ခေါ်မလုပ်ခိုင်းရဲဘူး’’
လယ်ကွင်းထဲမှာရှိသည့် ကောက်ပဲသီးနှံများက အလွန်ပင်အဖိုးတန်ပေသည်။ကောက်ပဲသီးနှဲတစ်ခုဆီကို စပါးဝေစုအဖြစ်ရိတ်သိမ်းရမှာဖြစ်သည်။တကယ်လို့သူက မြေကြီးပေါ်ကို ဗြုန်းခနဲပစ်ချလိုက်ပြီး ကောက်ပဲသီးနှံတွေကို ပျက်စီးသွားစေရင် ဘယ်လိုလုပ်မလဲ။
ခေါင်းဆောင်က သူ့ကိုမယုံကြည်ပေ။သူက ပညာတတ်လူငယ်များနေရာမှာ စားစရာကိုဖျက်စီးခဲ့တာကြောင့် လယ်ကွင်းထဲမှကောက်ပဲသီးနှံများကိုလည်း ဖျက်စီးနိုင်ပေသည်။
ဒီလိုလူမျိုးက အကျိုးအကြောင်းမဆီလျော်ကာ အောက်ခြေလိုင်းလဲမရှိပေ။
ထိုအရာက တကယ်ဘဲ စားစရာများကို ပျက်စီးစေနိုင်ပေသည်။
ခေါင်းဆောင်က ချီဖုန်းရှို့အား ဆူငေါက်လိုက်ကာ ကုဇီက အလုပ်လုပ်ဖို့သွားတော့သည်။
ချီဖုန်းရှို့က အရှက်တကွဲဖြစ်သွားသည်လို့ ခံစားလိုက်ရသော်လည်း သူလုပ်နိုင်တာဘာမှမရှိပေ။သူဒေါသထွက်လာကာ ပညာတတ်လူငယ်များ၏နေရာသို့ ပြန်သွားလိုက်သည်။သို့သော် ဆာလောင်မှုက သူ့ကို အိပ်၍မရအောင်ပြုလုပ်နေပေသည်။တစ်နေ့ခင်းလုံးသူတွေးကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် သူအမှန်တရားကို ခေါင်းငုံ့လက်ခံလိုက်ရတော့သည်。。。သူဗိုက်ဆာသည်။
သနားစရာကောင်းတာက အမှန်တရားကအမှန်တရားသာဖြစ်သည်။အဲ့ဒါက မင်းထိုးနှက်ချင်တဲ့အချိန် ထိုးနှက်လိုက်လို့ရတာမျိုးမဟုတ်ပေ။ဒါပေမယ့် ပြန်ပြီးသင့်မြတ်ချင်တာဆိုရင်တော့ ဖြစ်နိုင်ပေသည်။
သူက အလုပ်ပြီးတဲ့အချိန်ထိစောင့်လိုက်ကာ နောက်ဆုံးတွင် ဟန်ရုန်ဖန်ကိုရှာတွေ့ကာ ပြောလိုက်သည်။
‘‘အတွင်းရေးမှူး ကျွန်တော် အလုပ်ကြမ်းလုပ်တဲ့အဖွဲ့ထဲ ပါချင်ပါတယ်’’
ဟန်ရုန်ဖန်က အလွန်ကြင်နာတတ်သော်လည်း သူကမယဉ်ကျေးတတ်ပေ။
‘‘မင်းအလုပ်လုပ်ဖို့မလိုပါဘူး၊ ဒီတိုင်းမင်းကြိုက်တာဘဲမင်းလုပ်လေ’’
ချီဖုန်းရှို့ : ‘‘အတွင်းရေးမှူး ကျွန်တော်က ပညာတတ်လူငယ်တစ်ယောက်ပါ၊ဒါကြောင့် တပ်မဟာအတွက် ကျွန်တော့်မှာလဲ တာဝန်ရှိတယ်’’
‘‘တပ်မဟာအတွက် ဘာကိုတာဝန်ရှိတာလဲ ’’
ဟန်ရုံဖန်က သူ့ဘက်ကိုအနည်းငယ်ကိုယ်ကိုင်း၍
‘‘မင်း ပါတီရဲ့အတွင်းရေးမှူးလုပ်ချင်လား။မင်းလုပ်နိုင်မယ်လို့ ငါထင်တယ်’’
ချီဖုန်းရှို့က တကယ်ဆိုလျှင် ငါကမင်းထက်ပိုကောင်းအောင်လုပ်နိုင်သည်ဟု ရင်ထဲမှာ ဟစ်ကြွေးနေလေသည်။သို့သော် လက်တွေ့မှာတော့ သူခေါင်းငုံ့ဖို့လိုနေဆဲဖြစ်သည်။
‘‘အတွင်းရေးမှူးလား..မလုပ်ရဲပါဘူးဗျာ။ကျွန်တော်က ကျေးလက်ဒေသတွေကို သွားဖို့ ဒီကိုရောက်နေတာ၊ဒါကြောင့် ကျွန်တော် အလုပ်လုပ်ပြီး အလုပ်မှတ်တွေစုမှရမယ်’’
ဟန်ရုံဖန်က အမျက်ခြောင်းခြောင်းထွက်လာကာ သူ့အား နှစ်ရက်လောက် အငတ်ထားလိုက်ချင်လာသည်။ဒီကလေးက လုံးဝနောင်တမရနေဘူးဆိုတာကို သူမြင်နေရသည်။ဒါပေမယ့် ဗိုက်ဆာနေတာကြောင့်သာ ခေါင်းငုံ့အညံ့ခံလာခြင်းဖြစ်သည်။
ဟန်ရုံဖန်က သူစည်းကမ်းများကို လိုက်နာနေသရွေ့ သူဘာမှားနေလဲဆိုတာကို သိဖို့ မမျှော်လင့်ပေ။ဒီလိုမှမဟုတ်ရင် တကယ်လို့အနာဂတ်တွင် တစ်စုံတစ်ခုအဆင်မပြေဖြစ်စရာကြုံတွေ့ရသောအခါ သူကထိုအချက်နှင့် ဖြတ်ရိုက်ချခံရမှာဖြစ်သည်။
သူ့ကို အလုပ်အကျွေးပြုဖို့ ဘယ်သူကများ အချိန်ရှိမှာတဲ့လဲ။
ဟန်ရုံဖန်က ဆူးချွန်များကို မကြောက်ရွံ့ဆုံးဖြစ်သည်။
အရင်ချိန်တွေတုန်းကဆိုလျှင် ရွာထဲမှာရှိသည့် လှုပ်ရှားတက်ကြွသူများဟုခေါ်သည့် လူအများအပြားက အခွင့်ကောင်းယူကာ တော်လှန်ကာ လုပ်သားအင်အားဖြုန်းတီးတာမျိုး ဖြစ်စေချင်ကြသည်။သူအနေဖြင့် တစ်ယောက်ပြီးတစ်ယောက်ကို ထုတ်လုပ်ရေးတွင် ရိုးရိုးသားသားပါဝင်ဖို့ ပြုပြင်ပေးနေတာဘဲမဟုတ်ဘူးလား။
ချီဖုန်းရှို့နှင့် ငြီးငွေ့စရာကောင်းစွာ ဆက်လုပ်မနေတော့ဘဲ စကားပြောပြီးနောက် သူထွက်သွားလိုက်သည်။သူ့စိတ်ထဲတွင် ဘေးပေါက်စီးပွားရေးကို တိုးတက်အောင်လုပ်မည်ဟု ပိုင်းဖြတ်ထားပြီးပြီဆိုသော်လည်း သူဘာမှပြောမနေတော့ပေ။
ထို့နောက် ဟန်ချင်စုန့်ဆီသို့သွားကာ အထူးတလည်ပင် လူငယ်များကို ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးရန် ဟန်ချင်စုန့်အားလုပ်ခိုင်းလိုက်သည်။
‘‘သူတို့၏စိတ်ဝိဉာဉ်တွေကို သတ်၊ပင်ကိုစရိုက်ကို ဖိနှိပ်ပြီး လုံ့လဝီရိယရှိအောင်လုပ်ပေးလိုက် အရမ်းဇီဇာမချဲ့တတ်စေနဲ့ ’’
Xxxxx
Part 620
ထပ်ပြောရမည်ဆိုလျှင် ချီဖုန်းရှို့ရဲ့ ဆူးချွန်ထိပ်(သူ့စရိုက်)ကို ရှင်းလင်းပြီး သတ်ချလိုက်ရုံနှင့် အခြားသူများက ခေါင်းထောင်ရဲလာတော့မှာမဟုတ်ပေ။
ရလဒ်အနေဖြင့် ချီဖုန်းရှို့က ကောက်ရိတ်တာကို မလုပ်ခဲ့ရတာကြောင့် ညစာမစားလိုက်ရပေ။
သူက အခြားအဖွဲ့ဝင်တွေဆီမှ စားစရာကို အစားအစာတံဆိပ်ခေါင်းနှင့် ဝယ်ချင်လျှင်တောင်မှ စိတ်မကောင်းစရာပင်။လျော့နည်းသွားသည့် ခွဲတမ်းကို မဝေမျှချင်သောကြောင့် ဘယ်သူကမှ သူ့ကိုမရောင်းရဲကြချေ။
ဟန်ရုံဖန်က အလွန်ပင် ကြီးစိုးချယ်လှယ်နိုင်စွမ်းရှိပေသည်။
ချီဖုန်းရှို့က သူ့မျက်လုံးများအရောင်တောက်လာသည်အထိ ဆာလောင်နေသော်လည်း တကယ်ကို အကူအညီမဲ့နေပေသည်။ပညာတတ်လူငယ်များ၏ စုစည်းရာနေရာသို့ သူပြန်ရောက်သောအခါ ရှန်ယွီနှင့် အခြားသူများကလည်း အခုလေးတင် သူတို့၏ညနေခင်းခွဲတမ်းနှင့်အတူ အလုပ်မှပြန်လာကြခြင်းဖြစ်သည်။
သူချက်ချင်းပင် သူတို့အား ပျော်ရွှင်စွာ ကြိုဆိုလိုက်သည်။
‘‘စားစရာတချို့ရလာတာဘဲ၊ ချက်စားရအောင်’’
ရှန်ယွီက လျစ်လျစ်ရှုကာ တည့်တည့်ဘဲဆက်လျှောက်သွားလိုက်သည်။ အခြားသူများကလည်း ပင်ပန်းကာဆာလောင်နေကြကာ အခုချိန်တွင် သူတို့က ပျင်းရိမနေနိုင်ကြတော့ပေ။
ရေသယ်တဲ့သူကသယ်၊ မြက်ရိတ်ရတာ၊ မျက်နှာပန်းလှစေရန်နှင့် တပ်မဟာဆီသို့ ဟင်းသီးဟင်းရွက်တစ်ချို့ တောင်းဖို့သွားကြပြီး အကုန်လုံးက လက်ဦးမှုယူကာ အလုပ်များနေကြသည်။
သူတို့အရမ်းဆာလောင်နေသော်လည်း စားစရာအလုံအလောက်မရှိသောကြောင့် တပ်မဟာဆီမှ ဟင်းသီးဟင်းရွက်တချို့ချေးချင်ကြတာဖြစ်သည်။
အခုချိန်တွင် ချက်ပြုတ်ရန်အတွက် ရှန်ယွီနှင့် ဟောင်ဟုန်ကျန်းတို့ ပြန်လာရန်စောင့်နေစရာမလိုတော့ပေ။ကောင်းလုက မျက်နှာပန်းလှစေရန် လက်ဦးမှုယူလာပြီး ဝူဝမ်ယီက မီးမွှေးလိုက်သည်။
သူတို့တွင် အာလူး၊ခရမ်းချဉ်သီးနှင့် သခွားသီးအနည်းရှိကာ ဖရုံသီးတစ်ဝက်လည်းရှိပေသည်။ဖရုံသီးနှင့် အာလူးကို ကြော်မနေဘဲ တိုက်ရိုက်လှီးလိုက်သည်။ရေ၊ဆားနှင့် ဆီအနည်းငယ်ထည့်ကာ စတင်ချက်ပြုတ်ဖို့လုပ်လေသည်။ထို့နောက် ပန်ကိတ်များကို အိုး၏ဘေးဘက်များတွင်ထားလိုက်သည်။
ကျန်နေသည့် ခရမ်းချဉ်သီးနှင့် အာလူးများကိုတော့ ချက်ပြုတ်ရန်ပျင်းရိတာကြောင့် ၎င်းတို့အားဆေးကြောကာ သီးခြားစီစားကြမှာဖြစ်သည်။
ဤအချိန်မှာဘဲ အားဝမ်ရောက်လာကာ အပြုံးတစ်ခုနှင့် ပြောလာလေသည်။
‘‘ဒီတော့ မင်းတို့က ချက်ပြုတ်ပြီးသွားကြပြီပေါ့’’
ရှန်ယွီက သူ့အား ခရမ်းချဉ်သီးတစ်လုံးကမ်းပေးလိုက်သည်။
‘‘ဆာလောင်မှုက ငါတို့ကို အရွယ်ရောက်လာစေတယ်လေ၊ဒါကြောင့် ငါတို့ဘာသာချက်ပြုတ်လိုက်ပြီ’’
ပညာတတ်လူငယ်တစ်ချို့က ရှက်ရွံ့သွားကြ၏။အမှန်တကယ်တွင် သူတို့လိုလူများက ဖန်းရှောင်ကဲ့သို့ပင်ဘာမှမသိကြပေ။
ရှုတုန်းရှင်းနှင့် ကျောက်မင်ကျယ်က မိသားစုထဲတွင် ညီအစ်မရှိကြသလို အခြားသူတွေကလည်း အနည်းနှင့်အများတော့ ပုံစံတူသာဖြစ်သည်။
(မိသားစုထဲအိမ်အလုက်လုပ်မဲ့သူရှိလို့ သူတို့မသိကြတာ)
ရှန်ယွီနှင့် ဟောင်ဟုန်ကျန်းတို့က ခေါက်ဆွဲနှင့် ပူနွေးသောစားစရာတချို့လုပ်လိုက်ကာ ပန်ကိတ်ဘယ်လိုလုပ်ရမလဲဆိုသည်ကို အားဝမ်နောက်လိုက်၍လေ့လာကြသည်။
ကောင်းလု၊ချီမင်၊ ဝူဝမ်ယီနှင့် ချီဖုန်းရှို့တို့က သူတို့ဘာသာဘယ်လိုချက်ရမလဲဆိုတာ သိကြသည်။ဒါက လူတစ်အုပ်စုအတူတကွရှိနေ တာသာ ဖြစ်တာကြောင့် သူတို့ကလက်ဦးမှုမယူလိုကြပေ။သူတို့လုပ်လိုက်တာနှင့် ချက်ချင်း သူတို့၏အလုပ်ဖြစ်သွားကာ ထိုအချိန်တွင် သူတို့ဘဲခံစားရမှာဖြစ်သည်။
ဒီအချိန်တွင် ရှန်ယွီဒေါသထွက်နေတာကို တွေ့လိုက်ရသောအခါ သူတို့လည်း ဆာလောင်မှုနှင့် အလန့်တကြားဖြစ်လာကြတော့သည်။ဒါကြောင့် သဘာဝကျစွာဘဲ လူတိုင်းက အလုပ်များလာကြ၏။
အားဝမ်က ခရမ်းချဉ်သီးကိုမယူခဲ့ပေ။ သူက အိုးထဲမှထွက်လာသော အပူငွေ့ကိုကြည့်လိုက်ကာ ပေါ့ပါးစွာပြောလိုက်၏။
‘‘ငါတို့ရှန်ကျွေ့ရွာမှာတောင် သုံးနှစ်ကာလကပ် ဘေးအတွင်းမှာ ဘယ်သူမှဆာလောင်လွန်းလို့ မသေသွားကြဘူး’’
ဖန်းရှောင်က မေးလာ၏။
‘‘တကယ်ကြီးလား။ဒါက အတော်လေးကို အံ့အားသင့်စရာကောင်းတာဘဲ’’
သူမအနေဖြင့် လျို့ဝှက်အချက်အလက်တစ်ချို့ကို ဖတ်ထားဖူးပေသည်။တကယ်လို့ သေလောက်တဲ့အထိမဆာလောင်ဖူးဘူးဆိုလျှင် ထိုအရာက အတော်လေးကို အံ့အားသင့်စရာဖြစ်သည်။
အားဝမ်က သူမကို ပြုံးပြလာ၏။
‘‘ဒါပေါ့ ငါပြောတာအမှန်ဘဲ၊ရွာဘေးနားတဝိုက်က လူတွေအားလုံးသိကြတယ်’’
သူကချီဖုန်းရှို့ကို တချက်ကြည့်လိုက်သည်။
‘‘ရွာထဲမှာ ငါတို့တွေက ဘာလို့ သေလောက်အောင် မဆာလောင်ဖူးတာ ဘာလို့လဲဆိုတော့
ငါတို့က စားစရာကို တန်ဖိုးထားမြတ်နိုးတယ်လေ၊ ဘယ်လောက်ဘဲဒေါသထွက်နေပါစေပေါ့ ၊အမှားတစ်ခုနဲ့ စပါးစေ့တွေရဲ့ တစ်စေ့လောက်တောင် ဆုံးရှုံးသွားစေလို့မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ အဲ့ဆန်တစ်စေ့ကလည်း ငါတို့အသက်ကို ကယ်နိုင်လို့ဘဲ’’
ရှန်ယွီကလည်း ချက်ချင်းပင် သူဆိုလိုချင်တာကို သဘောပေါက်သွားကာ ပြောလာ၏။
‘‘ငါတို့လည်းတူတူပါဘဲ၊ ဒီမှာဆိုရင် လူရှစ်ယောက်ရဲ့ဝေစုဘဲ အိုးထဲမှာရှိတာ၊ ဟင်းသီးဟင်းရွက်တွေလည်း အတူတူဘဲ’’
သွယ်ဝိုက်၍ပြောလိုက်တာက ကောက်ရိတ်ချိန်နောက်ကျသွားလျှင် တစ်ကိုက်မှရမည်မဟုတ်ဟူ၍ပင်။
မူလက ချီမင်တစ်ခုခုပြောလိုက်ချင်သော်လည်း လူငယ်များဆီမှ ဖိအားကို ခံစားလိုက်ရတာကြောင့် သူမပါးစပ်ပိတ်လိုက်ရ၏။
အဲ့ဒီနောက်တွင်မှ အားဝမ်က ထောင့်နားတွင် စိတ်ဓာတ်ကျနေသော ချီဖုန်းရှို့အားကြည့်ကာ အပြုံးတစ်ခုနှင့် ပြောလာလေ၏။
‘‘ဒီအခန်းက ဗလာဖြစ်ပြီး အနွေးကုတင်လည်းမရှိဘူးနော်၊ ညဘက်တွေမှာဆို အိပ်ဖို့အဆင်မပြေဖြစ်နေမှာဘဲ’’
အရူးတွေအားလုံးကတောင် သူတို့အိမ်က တရွာလုံးတွင် အသန့်ရှင်းဆုံးနှင့် သက်တောင့်သက်သာအဖြစ်ဆုံးဆိုတာ သိကြပေသည်။ သူတို့က နွေးထွေးပြီး သန့်ရှင်းတဲ့ အနွေးကုတင်ဆီမှ တပ်မဟာထဲရှိ ပိုးမွှားများနှင့် ကြွက်များစုပြုံရှိနေသည့် ညစ်ပတ်သောအိမ်ဆီသို့ ရွှေ့လာကြရသည်။ဘယ်သူမဆို ဒါကဘယ်လောက်တောင် အဆင်မပြေဖြစ်နေမလဲဆိုသည်ကို တွေးကြည့်နိုင်ပေသည်။
သူပြောတာကို ကြားလိုက်ရသောအခါ ချီဖုန်းရှို့၏အမူအယာက တဖြည်းဖြည်း ပို၍ရှက်ရွံ့သွားလေ၏။ဤအရာက မူလကတည်းက အကျည်းတန်တယ်ဆိုသော်လည်း နောက်ဆုံးတွင်သူက ရိုက်ခံလိုက်ရတာကြောင့် သူ့မျက်နှာက ယောင်ရမ်းနေကာ မျက်နှာအမူအရာ များများကို မမြင်ရပေ။
စကားနှစ်ခွန်းပြောလိုက်ကြပြီးနောက် အိုးထဲကနေ အနံ့ကထွက်လာလေသည်။ အားဝမ်က ကောင်းလုနှင့် ဝူဝမ်ယီတို့၏ ဟင်းချက်စွမ်းရည်ကို ချီးကျူးလိုက်၏။
‘‘ဒါကအရမ်းကိုမွှေးနေတာဘဲ၊ ငါတို့လုပ်ထားတာထက်မဆိုးဘူး’’
ဖန်းရှောင်က သခွားသီးအပိုင်းများကို တစ်စစီကိုက်ဖြတ်နေပေသည်။သူ့ချီးကျူးမှုက အတော်လေးကို လွန်သွားပြီဖြစ်သည်။
သခွားသီးစားရတာလည်း အဆင်ပြေပါတယ် မင်းတို့ရဲ့အစားအစာက အချစ်တွေနဲ့ပြည့်နေတာဘဲ။ဒီမှာရှိနေသော စားစရာများကလည်း လျို့ဝှက်ကြံစည်မှုများနှင့် ပြည့်နှက်နေတာဖြစ်သည်။
တကယ်တော့ အားဝမ်က သူတို့ကိုချက်ပြုတ်ဖို့ လာကူညီပေးရုံတင်မကဘဲ သူတို့၏ အလုပ်ရလဒ်များကိုလည်း စမ်းသပ်ဖို့ ဒီကိုရောက်လာခြင်းဖြစ်သည်။
သူက ထောက်ထားကြင်နာကာ ဖော်ရွေ တတ်သော်လည်း အစားအစာများကိုဖြုန်းတီးမှုက သူ့အား အလွန်ပင်ဒေါသထွက်သွားစေ၏။
အခုချိန်တွင် ချီဖုန်းရှို့တကယ်အပြစ်ခံထားရသောအခါ မြင်လိုက်ရသောအခါ ပညာတတ်လူငယ်များကလည်း စတင်၍ လုံ့လဝီရိယရှိရှိ အလုပ်လုပ်ကြကာ ပြုံးရွှင်၍ နှုတ်ဆက်စကားပြောလာကြ၏။
Xxxxxx