Part 615
ချီဖုန်းရှို့က ဆန်တစ်ဝက်လောက်သွန်ပစ်ခဲ့ပြီး ရှန်ယွီ ပြန်ကောက်ထားသည့် ကျန်သည့်ဟာတွေက သန့်စင်၍မပြီးသေးသည့်အတွက် လူတိုင်းက နှစ်လုပ်စီလောက်ပဲစားခဲ့ရသည်။
သူမ ဆာလောင်မှုကြောင့် ရူးသွပ်သွားခဲ့သည်။
လင်းလန်က သူမ(ဖန်းရှောင်)နည်းလမ်းအတိုင်း မလိုက်နိုင်သောကြောင့် ကလေးများနှင့်သာညှိနှိုင်းနိုင်လေသည်
ရှောင်ဝမ် သူမက အလွန်သနားစရာကောင်းသည်ကို ကြည့်ပြီး မကြည့်ရက်နိုင်ပါချေ။
"မမဖန်းက အရမ်းသနားဖို့ကောင်းလိုက်တာ"
ဖန်းရှောင်က ပူးပေါင်းပြီး ချက်ချင်းပဲ ခေါင်းညိတ်လိုက်ကာ သူမ၏မျက်လုံးတွေက နီရဲနေသည်။
မိုင်စွေ့ : " တခြားလူတွေက သိပြိး လာဝယ်ကြရင်ဘယ်လိုလုပ်းမလဲ... ငါတို့မှာ စားစရာ လုံလုံလောက်လောက်မရှိဘူး "
ဖန်းရှောင် : " ငါ့ကို အတုခိုးဝံ့သူ ဘယ်သူမဆို ငါ သူ့ကို ကြိုးကြိုးစားစား တိုက်ခိုက်မှာပါ"
ပညာတတ်လူငယ်တွေ အစားအသောက် ဝယ်စားသည်က အဆင်မပြေဟုထင်ခဲ့ကြပေမဲ့ ယခု သူတို့မှာ ဘာမှစားစရာမရှိသဖြင့် ငတ်သေတော့မည်။ သူမ အတိတ်ကို မိုင်ပေါင်းတစ်သိန်းအကွာတွင် ထားရစ်ခဲ့ပြီဖြစ်သည်။ အတိတ်ကိုလွမ်းဆွတ်နေလည်း အသုံးမဝင်ပါချေ။ အရေးကြီးဆုံးက သူမရှေ့ရှိ ပစ္စုပ္ပန်ဖြစ်ပေသည်။
မိုင်စွေ့ : "တကယ်တော့ အစ်မကို ပြောချင်တာက ကိုယ့်ဘာကိုယ် ဟင်းချက်မစားဘဲ ချက်ပေးမဲ့ မိသားစုလိုက်ရှာတာ ပိုကောင်းပါတယ်... တခြားသူတွေလည်း ပျော်ကြလိမ့်မယ်လို့ ထင်ပါတယ်"
ပိုက်ဆံပေးနိုင်လျှင် တခြားသူတွေလည်း ပျော်မှာ ဖြစ်မှာ သေချာ၏။
ဖန်းရှောင်: "ကလေးတို့နဲ့ ပူးပေါင်းဖို့ကလွဲလို့ တခြားလူတွေရဲ့အိမ်ကို ငါမသွားဘူး... သူတို့ရဲ့ ဟင်းချက်လက်ရာက အရသာမရှိဘူး...ကလေးတို့လောက် မကောင်းဘူး"
ဌာနခွဲအတွင်းရေးမှုး၊အုပ်ချုပ်ရေးမှူး နှင့် တုန်ဟွိုင်ဟွတို့မိသားစုတွင် မိတ်ဖက်အဖြစ် ပညာတတ်လူငယ်ဟောင်းများ ရှိနှင့်ပြီးပြီ ဖြစ်သည်။ အခြားသော သာမန်ကွန်မြူနတီအဖွဲ့ဝင်များသည် တစ်နှစ်ပတ်လုံး ကောက်နှံကြမ်းများကိုသာ စားကြသည် ရံဖန်ရံခါတွင် ကောက်နှံကောင်းများကို စားကြသော်လည်း အချို့မှာ မလုံလောက်သေးပါချေ
ယခင်က ဟောင်ယွမ် နှင့် အခြားသူများသည် သာမန်ကွန်မြူနတီအဖွဲ့ဝင်များ၏မိသားစုများနှင့် လက်တွဲခဲ့ကြသော်လည်း ၎င်းတို့၏ သားသမီးများကို ထောက်ပံ့ရန် သူတို့၏ရိက္ခာများကို နုတ်ယူခံခဲ့ရရာ ပညာတတ်လူငယ်များမှာ အလွန်ဆာလောင်နေသဖြင့် ခွဲထွက်ခဲ့ရသည်။ ကေဒါများနှင့် မပူးပေါင်းပဲ ပညာတတ်လူငယ်များစခန်းတွင် ကိုယ့်အားကိုယ်ကိုး၍ ထမင်းချက်သည်ကပိုကောင်းပြီး ကိုယ်စားချင်ရာကို ဆုံးဖြတ်နိုင်သည်ဟု အသစ်ရောက်ရှိလာသော ပညာတတ်လူငယ်များအား ပညာတတ်လူငယ်ဟောင်းများက သတိပေးခဲ့သည်။
စန်းဝမ်: "အစ်မမှာ ဝက်ဆီ မရှိဘူး...ကျွန်တော့်မားမားက ဝက်ဆီ စုထားခဲ့တာ"
ရှောင်ဝမ် : "သားမားမားမှာ ချစ်ခြင်းမေတ္တာရှိလို့ သားမားမားက သားတို့အတွက် ဟင်းချက်ပေးတယ်... ဒါပေမဲ့ အချစ်ရှိရင် အရသာရှိတယ်"
ဖန်းရှောင်မှာ မျက်ရည်တွေကျလာသည်။
"ရှောင်ဝမ်ကော... ငါ့မှာလည်း ချစ်ခြင်းမေတ္တာရှိပါတယ်"
ရှောင်ဝမ် : "..."
ကလေးတွေက အစ်ကိုကြီးကိုသာ ကြည့်ပြီး သူ့ကိုဆုံးဖြတ်ခိုင်းလိုက်ကြ၏။
သူမက မျက်ရည်များကို သုတ်လိုက်ပြီး တဝမ်ကို အသနားခံလိုစွာ ကြည့်လိုက်သည်။
"အစ်ကိုကြီးတဝမ် ကျေးဇူးပြုပြီး ငါ့ကို မျက်နှာသာပေးပါ... သနားပါနော်"
ဖန်းရှောင်လည်း အိမ်က ထွက်လာပြီးကတည်းက ကိုယ့်နှင့်မသိသည့်လူတစ်ယောကို အရှုံးပေးခဲ့ရကာ မရှက်မကြောက်၊ကိုယ့်မာနကို ထိခိုက်မှာမကြောက်ဘဲ လူကြီးထက် ကလေးတွေကို ခယနေရသည်။ ငတ်သေသည်နှင့် နှိုင်းစာလျှင် ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုဆိုသည်က ဘာမှမဟုတ်ပါချေ။ထိုအပြင် ယခုလိုချောမော လှပသည့် ကလေးအုပ်စုကို နှောင့်ယှက်ရသည်က ရှက်စရာမရှိပါချေ။သူမ အလွန်ကိုပျော်ရွှင်နေ၏။
အထူးသဖြင့် ရှောင်ဝမ်ကောက အလွန်စာနာတတ်သောကြောင့် သူမကို ညစာစားဖို့ အိမ်ပြန်ခေါ်ရန် မစောင့်နိုင်တော့ပေ။
တဝမ်က နောက်ဆုံးတွင် လွှတ်ပေးလိုက်သည်။ "ကောင်းပြီ"
"ကယ်တင်ရှင်..."
ဖန်းရှောင် လက်သီးကို တင်းတင်းဆုပ်ပြီးဆို၏။
"ကျေးဇူးအများကြီးတင်ပါတယ်...ဒါဆို ငါတစ်နှစ်စာ ကြိုမှာလိုက်မယ်"
သူမက ရှောင်ဝမ်ကို ထမင်းစားလက်မှတ်နှင့် ပိုက်ဆံတွေယုရန်အတွက် ဆွဲခေါ်လိုက်သည်။
တဝမ်: "မင်း...အလျင်လိုမနေနဲ... တစ်နေ့လောက် အရင်စမ်းကြည့်ရအောင်"
မိဘနှစ်ပါးစလုံးက လုပ်စရာတွေကို အလျင်စလိုမလုပ်ဘဲ အရင်စမ်းကြည့်ရမည်ဟုပြော၏။
ဖန်းရှောင် စိတ်ပျက်သွားပေမဲ့ သူမသဘောတူလိုက်ရသည်။ သူမက တစ်နေ့စာငွေနှင့် လက်မှတ်တွေကို အရင်ပေးချေခဲ့ပြီး တဝမ်ကတစ်နပ်စာအတွက် အစားအသောက်တံဆိပ်ခေါင်း 4 ခုနှင့်5 ဆင့်သာ လိုအပ်ပြီး ညစာကိုလည်း သီးသန့်ဆွေးနွေးပေးမှာဖြစ်လေသည်။
စန်းဝမ်က သူမအတွက် ချက်ပြန်ပေးရန် အိမ်ပြန်ဖို့ စေတနာ့ဝန်ထမ်းလုပ်ခဲ့၏။ဘာပဲဖြစ်ဖြစ် အတန်းမရှိသေးသဖြင့် ကလေးတွေတော်တော်များများ အိမ်ပြန်ကြသည်။တပ်မဟာနားက ဖြတ်သွားသောအခါ အားဝမ်နှင့်ဟန်ရုံဖန် စကားပြောနေသည်ကို တွေ့လိုက်ကြရပြီး လင်းလန်က အိမ်ပြင်သည့်နေရာမှာ တခြားလူတွေကို ကြည့်နေ၏။
အိမ်ပြန်ရောက်သောအခါ စန်းဝမ် ပန်ကိတ်အပိုင်းကြီး နှစ်တုံးကို သွားယူပြီး ထမင်းဗူး၏ တစ်ဝက်ကို ပုစွန်အရေခွံ၊ နွေဦးကြက်သွန်နီများ၊ ကြက်ဥပြုတ်နှင့် ခရမ်းခွက်ကြော်များဖြင့် ဖြည့်ရန် ဖန်းရှောင်၏ အသစ်ဝယ်ထားသော နေ့လယ်စာဘူးကို အသုံးပြုခဲ့သည်။
ဖန်းရှောင်က ပန်ကိတ်တစ်ချပ်ပဲတောင်း၏။ "အစ်မက အရမ်း ရိုးရှင်းတယ်...တစ်ချပ်ဆိုလောက်တယ်...ကျေးဇူးပါနော်"
သူမက ကလေးတွေကိုနှုတ်ဆက်ပြီး တခြားပညာတတ်လူငယ်တွေ မမြင်အောင် မြစ်ဘေးနားသို့ တိတ်တိတ်လေး ပြေးကာ နေ့လည်စာဘူးကို ပုန်းစားခဲ့သည်။
ကလေးတွေက တံခါးဝတွင်ရပ်ကာ ဖန်းရှောင် ၏နောက်ကျောကိုကြည့်ပြီး ဆွံ့အနေကြ၏။
ရှောင်ဝမ် : "သူက အရမ်းသနားစရာကောင်းတာပဲ"
တဝမ်: "မိဘတွေမရှိရင် ငါတို့က သူ့ထက် ပိုသနားစရာကောင်းကြလိမ့်မယ်"
သူမကမှ ပိုက်ဆံနှင့်စားစရာရှိသေးသည်။
ရှောင်ဝမ် : "ဒါဆို သူ့မိဘတွေက ဘာလို့ သူ့ကိုမလိုချင်တာလဲ"
တဝမ်: "ကျေးလက်ကိုဆင်းရလို့"
"ဘာလို့ ကျေးလက်ကိုဆင်းရတာလဲ"
"စည်းမျဥ်းစည်းကမ်း"
"စည်းမျဥ်းတွေကို ဘယ်သူက လုပ်တာလဲ"
"ကျောင်း"
ရှောင်ဝမ်:"ကျောင်းက ကျေးလက်ကိုဆင်းဖို့ စည်းမျဥ်းထုတ်တာပေါ့..."
စန်းဝမ်က ဝင်ပြော၏။
“ဒါပေမဲ့ မားမား ကျောင်းသွားတက်တာက ကျေးလက်ကို သွားဖို့မဟုတ်ဘဲ ကိုယ့်အတွက်ကိုယ် အသိပညာတွေ ရဖို့ လို့ပြောတယ်...အသိပညာရှိရင် ကျေးလက်ဆင်းဖို့ ကြောက်စရာ မလိုဘူး"
ရှောင်ဝမ် : "ဒါဆို သူတို့ ... သူတို့လည်း အသိပညာရှိတယ်လေ ဘာလို့ဒီလိုဖြစ်ရတာလဲ"
သူတို့က အလုပ်မှတ်မရ၊ လယ်အလုပ်မလုပ်နိုင်၊ စားစရာမရှိ၊ မိဘတွေပင် သူတို့ကို မလိုချင်ကြပေ။
ကလေးတွေက ခဏလောက် အေးခဲသွားကြသည်။
ဟုတ်တယ်၊ မြို့ကြီးပြကြီးတွေက ပညာတတ်လူငယ်တွေက သူတို့ထက် ပညာတတ်ကြတယ်... ဘာလို့ ကျေးလက်ကို ဆင်းကြရတာလဲ...
ကျောင်းသွားတာက ကျေးလက်ကိုဆင်းဖို့သက်သက်လား...
မားမားနှင့် ဆရာက ယဉ်ကျေးမှု သင်ယူခြင်းသည် သူတို့တို့အတွက်ဖြစ်ပြီး ယဉ်ကျေးမှုနှင့် လယ်ယာမြေကို ပြုစုပျိုးထောင်ခြင်းသည် ပိုကောင်းမည်ဟု ဆိုသည်။ သို့သော်... သူတို့ထက်ပညာပိုတတ်သော ပညာတတ်လူငယ်များ လယ်ယာလုပ်သည်က ပိုမိုကောင်းမွန်ခြင်းမရှိသည့်အပြင် လယ်ယာလုပ်နိုင်သော ပညာမတတ်သူများလောက်ပင် မကောင်းချေ။
ဒါဆို... စာဖတ်ခြင်းက... အသုံးဝင်သေးရဲ့လား...
Xxxxx
Part 616
၎င်းက တဝမ်အတွက် အရေးမကြီးပါချေ။ သူ့မှာ သူ့ကိုယ်ပိုင် ရည်မှန်းချက်တွေ ရှိပြီး ကျောင်းတက်သည်က ကျောင်းတက်ခြင်းသက်သက်သာဖြစ်သည် ဤကိစ္စတွေက သူ့အတွက် စဉ်းစားရန် အချိန်နည်းနည်းမှ ပိုမယူရပေ။
မိုင်စွေ့က အရှုပ်အထွေးဆုံးဖြစ်ပြီး စန်းဝမ်နှင့် ရှောင်ဝမ်တို့သည်လည်း ရှုပ်ထွေးနေကြသည်။
သူတို့က နားမလည်လျှင် ဆရာ့ကို မေးကြ၏။
ဟန်ချင်းဖျင်က လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ကိစ္စများစွာကို အာရုံပျံ့လွင့်နေသည်။သူကိုယ်တိုင်လည်း စိတ်ရှုပ်ထွေးနေသည်ကို ကလေးများ၏ နှောင့်ယှက်ခြင်းကို ခံခဲ့ရသည်။ဤမေးခွန်းကို မဖြေမီတွင် နောက်ထပ်မေးခွန်းတစ်ခု ထပ်ပေါ်လာသည်။
စန်းဝမ်: "ဆရာက ပညာ သင်ယူတာက အသုံးဝင်တယ်...ပညာတတ်တွေ လယ်ယာလုပ်တာက ပညာမတတ်သူတွေထက် ပိုကောင်းတယ်လို့ပြောတယ်... ဒါပေမဲ့ ပညာတတ်လူငယ်တွေက ပညာတတ်ပြီး ခွန်အားမရှိဘူးလို့ ကျွန်တော် မြင်တယ်...လယ်ထဲသွားဖို့ ခွန်အားလိုတယ်...သူတို့က အဖွဲ့ဝင်တွေ စိုက်ပျိုးတာ လောက် မကောင်းဘူး... အဲဒါက ပညာတတ်မှုလား... အသုံးမဝင်ဘူးလေ"
မိုင်စွေ့ : "ပညာတတ်လူငယ်ရှန်က အရမ်းတော်တာ.. ကောလိပ်တတ်နိုင်ပေမဲ့ တက်ခွင့်မရဘူး... သူက ပညာတတ်ပေမဲ့ သမီးတို့တပ်မဟာကို ရောက်တဲ့အခါ လယ်ယာလုပ်ရတယ်... ပညာက အကူအညီမဖြစ်ဘူး... ဘာကြောင့်လဲ "
ဟန်ချင်းဖျင်သည် နဂိုကတည်းက သူ့စိတ်တွေ ကမောက်ကမ ဖြစ်နေပြီး တွေးဖို့ရာ စိတ်မငြိမ်နိုင်ဖြစ်နေခဲ့လေရာ ယခုအခါ စကားလုံးတွေ ပျောက်ရှပြီး ဘယ်လိုဖြေရမှန်းပင်မသိတော့ချေ။
"အင်း... နောက်ကျနေပြီ အတန်းကို အရင်သွား... အတန်းပြီးရင် စကားပြောမယ်...အဆင်ပြေလား"
သူ့အနေဖြင့် လွတ်မြောက်ရန် အတန်းကိုအသုံးချလိုက်ရသည်။
ကလေးတွေလည်း အတန်းသွားတက်ကြရ၏။
အားဝမ် မိုင်စွေ့ ၏နုံးခွေနေသောပုံစံကိုမြင်လိုက်သောအခါတွင် သူမဘာဖြစ်နေသည်နှင့်ပတ်သက်၍ အနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။ဟောင်ဟုန်ကျန်းက ပထမတန်းကို ကိုင်၏။နေ့လည်စာ လုံလောက်စွာ မစားရခြင်းကြောင့် ဗိုက်ဆာလွန်း၍သူမ အားအင်တွေ ဆုံးရှုံးသွားရသည်။ထို့အပြင် သူမ အလွန်စိတ်လှုပ်ရှားနေပြီး ကောင်းစွာမစွမ်းဆောင်နိုင်မည်ကို စိုးရိမ်ကာ စာသင်ခန်း၏အငွေ့အသက်ကို ပြန်လည်အသက်ဝင်လာစေရန် အတတ်နိုင်ဆုံးကြိုးစားခဲ့သော်လည်း ကလေးများ၏ တုံ့ပြန်မှုမှာ စိတ်အားထက်သန်ခြင်းမရှိပေ။
ကလေးအများစုသည် ဆရာအသစ်ကို မူလဆရာနှင့် မလွဲမသွေ နှိုင်းယှဉ်ကြလိမ့်မည်။အစပိုင်းတွင် ဆရာဟောင်းကို အမြဲလွမ်းဆွတ်ပြီး အသစ်ကို ငြင်းပယ်ကြသည်။
မိုင်စွေ့ ၏အတန်းဖော်များသည် အတန်းထဲတွင် တက်ကြွပြီး အသိစိတ်ရှိကာ ဆရာနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသော်လည်း ယခုအခါ သူမသည် ရုန်းကန်နေရသည်။ အားဝမ်က မိုင်စွေ့ကို အာရုံစိုက်နေခြင်းကြောင့် အတန်းကို အာရုံမစိုက်နိုင်ပေ။
စန်းဝမ်ကလည်း ရှုပ်ထွေးနေပေမဲ့ သူက ကစားပဲကစားနေလိုက်၏။
ငယ်ငယ်တတည်းက ကျောင်းတက်ရသည်ကို စိတ်မဝင်စားဘဲ သူ့မားမားကြောင့် ကျောင်းတက်ရခြင်းဖြစ်သည့်အတွက် ဘယ်တက္ကသိုလ်ကိုမှ မသွားချင်ပေ။ အနာဂတ်မှာ အိမ်ပြန်ပြီး လယ်လုပ်မယ်ဟု တွေးလိုက်သည်။ သို့သော် သူပညာတတ်လူငယ်တွေနှင့်ပတ်သက်ပြီး စိတ်ပူ၏။
သူ့မှာထူးချွန်ပြီး ပညာတတ်သော ညီအကိုမောင်နှမချောချောလှလှတွေရှိသည်။ဘယ်သူဆရာတွေထက်ပိုသိတတ်ကြမည်နည်း။
သို့ရာတွင် ပညာတတ်သူတွေကလည်း ပညာမတတ်သူတွေနှင့်အတူ တောရွာကို သွားပြီး လယ်လုပ်နေကြရသည်။ထို့ကြောင့် သူ စိတ်ပူနေ၏။
ရှောင်ဝမ်ကမူ အချစ်ရေးကိစ္စကို စဉ်းစားနေသည်။ ပညာတတ်လူငယ်တွေ ဘာကြောင့် ကျေးလက်ကို သွားကြတာလဲ... မိဘတွေက ဘာလို့ သူတို့ကို မလိုချင်တာလဲ.. သူတို့က မကောင်းလို့လား... သူတို့ကို မချစ်လို့လား... ဘာအကြောင်းကြောင့်လဲ...
စင်စစ်အားဖြင့် မိုင်စွေ့ကသာ တကယ်ရုန်းကန်နေရသည့် တစ်ဦးတည်းသောသူပါပင်။
သူတို့က စာသင်ခန်းကြီးထဲတွင် အတက်ကြွဆုံးဖြစ်ပြီး ယခု မိုင်စွေ့နှင့်အားဝမ်တို့က တက်ကြွမှုမရှိကြဘဲ စန်းဝမ်ကလည်း စကားများနေသည်။ တခြားကလေးတွေက မေးခွန်းတွေဖြေရန် လက်ကိုမြှောက်ရမည်နှင့် လူမြင်ကွင်းမှာ သီချင်းဆိုရမှာကို ရှက်နေကြသဖြင့် အတန်းက တကယ်ကို ပျင်းစရာကောင်းနေ၏။
အတန်းပြီးသောအခါ ဟောင်ဟုန်ကျန်း လည်း အနည်းငယ် မူးဝေသွားကာ ကျောင်းဝင်းအတွင်း နှင်းဆီပင်တစ်ပင်ကို ငေးကြောင်ကြောင် စိုက်ကြည့်နေမိသည်။
မိုင်စွေ့က ပြေးထွက်လာပြီးသူမကိုမေး၏။
"အစ်မဟောင် သမီးကို ပြောပြပါ... အစ်မဘာလို့ စာသင်တာလဲ"
ဟောင်ဟုန်ကျန်း အံ့အားသင့်သွားပြီး မသိစိတ်ဖြင့်ဖြေလိုက်သည်။
"ပညာကို သင်ယူဖို့"
"ဒါဆို ဘာလို့ ပညာသင်တာလဲ"
"အင်း... အမိမြေကိုဖွံ့ဖြိုးအောင်လုပ်ဖို့..."
ဟောင်ဟုန်ကျန်းက သူမဆရာပြောသောစကားကို ထုတ်ပြောလိုက်သည်။
"အမိမြေက သမီးတို့ကို ဘယ်လိုမျိုး ဖွံ့ဖြိုးအောင်လုပ်ဖို့အတွက် လိုအပ်တာလဲ... လယ်ယာလုပ်ဖို့လား"
မိုင်စွေ့ ခဏလောက်စဥ်းစားနေပြီးဆို၏။
"မြို့ကကျောင်းသားတွေကလည်း ကျောင်းတက်ပြီး ကျေးလက်ဒေသကို လယ်လုပ်စားဖို့ လာကြတာလား"
ဟောင်ဟုန်ကျန်း ကဲ့သို့သော ပညာတတ်လူငယ်များသည် မူလကတည်းက ငယ်ရွယ်ပြီး ၎င်းတို့၏ အတွေ့အကြုံက များပြားခြင်းမရှိဘဲ ၎င်းတို့နားလည်မှုကလည်း နက်ရှိုင်းမှုမရှိလေရာ တခြားသူများကို ဆရာလုပ်ရှင်းပြရန် အဆင်မပြေပေ။ ကျေးလက်ကိုလာတုန်းက ဘာလုပ်ရမှန်းမသိဖြစ်ခဲ့ပြီး ဝမ်းနည်းမှုကိုခံစားခဲ့ရလေရာ မိုင်စွေ့က မေးသည်အခါ ဝမ်းနည်းသလို ပြောစရာစကားလည်းမဲ့သွားခဲ့သည်။
"မတူကွဲပြားတဲ့ အရည်အချင်းတွေ လိုအပ်နေတဲ့ တိုင်းပြည်မှာ ရာထူးတွေအများကြီး ရှိတယ်..."
ဟောင်ဟုန်ကျန်းက နာကျင်မှုကိုသည်းခံပြီးပြောလိုက်၏။
"အကောင်းဆုံး အသုတ်က သွားနိုင်တယ်..."
မိုင်စွေ့က ခေါင်းကုတ်လိုက်ပြီးဆိုသည်။
"ဒါပေမဲ့ အစ်မနဲ့ ပညာတတ်လူငယ်ရှန် နှစ်ယောက်စလုံးက တော်တယ်လေ... ဘာလို့ မသွားနိုင်ရတာလဲ"
ဟောင်ဟုန်ကျန်း၏ မျက်ဝန်းများ နီရဲလာသည်။
မိုင်စွေ့ကမေးပြန်၏။
“အစ်မတို့ကို တက္ကသိုလ်တက်ခွင့် မပေးဘူး... မြို့က အလုပ်သမားတွေ စုဆောင်းဖို့ ကျေးလက်ကို မသွားဘူး... မြို့က ပညာတတ်လူငယ်တွေကပဲ ကျေးလက်ကို သွားကြတယ်...ကျေးလက်က ကျောင်းသားတွေက မြို့ကိုမသွားကြဘူး”
" မဟုတ်ဘူး...ဒီမှာ ကောလိပ်ဝင်ခွင့် ထောက်ခံချက်ရှိသေးတယ်...မင်းမိဘတွေက နှစ်ယောက်လုံး ကေဒါတွေဆိုတော့ မင်းကထောက်ခံချက်ရမှာ သေချာတယ်”
သူမ၏ အတွေ့အကြုံအရ မြို့က တက္ကသိုလ် ၀င်ရန်ထောက်ခံချက်ပေးလျှင်ပင် ကေဒါများ၏ သားသမီးများကိုဖြစ်ပြီး ကျန်နေရာများကို အဆင့်မြင့်အဖွဲ့ဝင်များကို ပေးအပ်မည်ဖြစ်သည်။
“ဒါပေမဲ့ တက္ကသိုလ်ဝင်ဖို့ ထောက်ခံချက်ရသွားတဲ့ သူတွေကလည်း ပြန်လာရမှာလေ"
မိုင်စွေ့ ဤသည်ကို နားမလည်နိုင်သေးဘဲ ဆရာတွေက များများပြောပြလေလေ သူမက စိတ်ရှုပ်ထွေး လေလေဖြစ်သဖြင့် အိမ်ပြန်ပြီး သူမမားမားကို မေးရန် ဆုံးဖြတ်လိုက်၏။
သူမက ဟောင်ဟုန်ကျန်းကို နှုတ်ဆက်ပြီး အရင်ပြေးထွက်သွားခဲ့သည်။
ဟောင်ဟုန်ကျန်းက ထိုနေရာတွင် ရပ်နေရင်း သူမ၏အနာဂတ်အကြောင်းတွေးရင်း မိုင်စွေ့မေးသည့်ပြဿနာများကို သတိရမိကာ မျက်ရည်မကျအောင် မထိန်းနိုင်ခဲ့ဘဲ ထောင့်တစ်ခုကို ရှာပြီးရှိုက်ကြီးတငင်ငိုမိခဲ့သည်။
မိုင်စွေ့က စာသင်ခန်းသို့မပြန်ဘဲ ပြေးထွက်သွားသည်ကိုမြင်လိုက်ရသဖြင့် အားဝမ်က တဝမ်ကိုနှုတ်ဆက်ပြီး သူမနောက်သို့ ပြေးလိုက်သွားခဲ့သည်။
လင်းလန်က အိမ်ပြန်ရောက်နေပြီဖြစ်ကာ ဂွမ်းကပ်အနွေးထည်ချုပ်နေ၏။ သူမသမီးက မျက်ဝန်းတွေ နီလျက်ပြန်ရောက်လာသည်ကို တွေ့သောအခါ လန့်ဖျပ်သွားခဲ့သည်။
“သမီးလေး ဘာဖြစ်တာလဲ...သမီးမစဉ်းစားနိုင်တာရှိရင် မားမားကိုလာပြောလေ"
Xxxxxxx