အပိုင်း ၆၁၁-၆၁၂
Viewers 40k

Part 611


လင်းလန်က အေးစက်စွာ ပြောလိုက်သည်။


 "ပညာတန်လူငယ်ရှန် ပြောတာ မှန်တယ်... ကျေးလက်ကို သွားတဲ့အခါ စည်းကမ်းတွေ ရှိတယ်... ငါတို့ ရှန်ရွေ့ ရွာမှာ ရှန်ရွေ့ ရွာရဲ့ စည်းကမ်းတွေ ရှိတယ်...စာရင်းသွင်းချင်ရင် စည်းကမ်းကို လိုက်နာရမယ်... ငါတို့ မိသားစုက ယာယီအတွက်ပဲ ပညာတတ်လူငယ်တွေကို ပြန်လည်နေရာချထားဖို့ တပ်မဟာကို ကူညီပေးနေတာ...ပညာတတ်လူငယ်တွေက အစွန်းရောက်သမားတွေမဟုတ်ဘူး"


“ခင်ဗျား...ခင်ဗျား....” 


ချီဖုန်းရှို့က မျက်နှာကြီးနီသွားသည်။


 “ခင်ဗျားတို့အားလုံးက မကောင်းတဲ့လူတွေပဲ.. ရဲဘော်တွေကို ခွဲထုတ်နေတာ"


 ချီမင်က သူ့ကို နှစ်သိမ့်ပေးရန် အမြန်ရှေ့တိုးလာ၏။


 "နင့်အမှားကိုသာဝန်ခံပြီး အပြစ်ဒဏ်ကို ခံယူလိုက်ပါ...ဒါက ကြီးကြီးမားမား မဟုတ်ပါဘူး" 


 "ငါ မှန်တယ်..."


 ချီဖုန်းရှို့ လည်ပင်းကြောတွေထောင်လာပြီး သူ့မျက်နှာပေါ်ရှိ ဝက်ခြံတိုင်းက နီရဲကာ မခံမရပ်နိုင်သော အလင်းရောင်များဖြင့် တောက်ပနေလေသည်။


  "ဘာလို့ အပြစ်ပေးခံရမှာလဲ...ငါ့ကို ကျေးလက်ကို သွားခိုင်းကြတာလေ...ငါက ... ငါကဘာမှားနေလို့လဲ"


 တုန်ဟွိုင်ဟွကပြောလိုက်၏။


 "မှန်တယ် ...မင်းမှန်တယ်... မင်းမှန်ပါတယ်... အလုပ်သွားလုပ်ပြီး မင်းရဲ့အလုပ်မှတ်တွေယူချေပါ"


ချီမင်က သူမဗိုက်ကိုကိုင်လိုက်သည်။ သူမတို့ မနက်စာတောင်မစားရသေးပေ။ ရှန်ယွီက ဒေါသထွက်နေ၍ ဘာမှမလုပ်ရာ ယင်းက လူတိုင်းကို ဗိုက်ဆာစေသည်။ ထို့ကြောင့်  သူမစကားထစ်သည်ကို ဘယ်လိုကုသရမလဲဆိုသည်ကို သိရန် အမျိုးသမီးဟန်၏အိမ်ကို သွားကြည့်ရန်ပဲ စဉ်းစားခဲ့၏။ သူမက ချီဖုန်းရှို့အား  လင်းလန်ကို အမြန်တောင်းပန်ခိုင်းလိုက်သည်။သူကန်ထုတ်ခံရင် ဘယ်မှာနေမလဲ...


 လင်းလန်က ကျိုးကြောင်းဆီလျော်မှုမရှိဟု ချီဖုန်းရှို့ခံစားရသည်။သူ့ကိုတောင် ဒါနဲ့ခြိမ်းခြောက်လိုက်သေးတယ်... 


သူမက ရိုးရိုးရှင်းရှင်းကို ကျိုးကြောင်းဆီလျော်မှုမရှိသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။


လင်းလန်: "ပညာတတ်လူငယ်ချီ... လူတိုင်းမှာ အခက်အခဲတွေ ဂြိုလ်ဆိုးတွေ ကြုံရတတ်ပေမဲ့ မင်းရဲ့ဂြိုလ်ဆိုးတွေကို တခြားသူတွေအပေါ် အပြစ်တင်လို့ မရဘူး...မင်းရဲ့ဂြိုလ်ဆိုးတွေကို ငါတို့က ယူဆောင်လာခဲ့တာ မဟုတ်ပေမဲ့... အခု မင်းက ငါတို့ဆီကို ဂြိုလ်ဆိုးတွေ ယူဆောင်လာခဲ့ပြီ...မင်းမှန်တယ်လို့ပြောရဲလား"


ချီဖုန်းရှို့  သူပြောသည်ကမှန်သည်ဟု  ပြောချင်စိတ်ကြောင့် အံ့သြထိတ်လန့်သွားသည်။


လင်းလန် : "ကောင်းပြီ... လူ့အဖွဲ့အစည်းက မင်းကို သနားရမယ်... ကျောင်းက မင်းကို သနားရမယ်၊ မိသားစုကလည်း မင်းကို သနားရမယ်၊ မင်းမှာ နစ်နာမှုတွေ ရှိတယ်လို့ မင်းကထင်တယ်...ဒါပေမဲ့ ငါတို့နဲ့ဘာဆိုင်လို့လဲ ...ငါတို့က နေထွက်ကနေစအလုပ်လုပ်ပြီး နေဝင်ချိန်တွေမှာ အနားယူတယ်... ကိုယ့်မိသားစုနဲ့ ကိုယ့်ကိုကိုယ် ထောက်ပံ့ဖို့ အလုပ်ပိုကြိုးစားတယ်...တစ်ခုခုများ ဆိုင်လို့လား... မင်းက ဒီကိုရောက်နေတယ်၊ ​​ငါတို့ရဲ့စည်းကမ်းတွေကို မလိုက်နာဘူး၊ မင်းအလုပ်မလုပ်ချင်ဘူး၊ ပိုက်ဆံမပေး ချင်ဘူး...အိပ်ဖို့စားဖို့ နေရာတစ်ခုပဲရချင်တယ် .. ကိုယ့်ကမ္ဘာ ထဲ မှာပဲ နစ်မြုပ် နေပြီး ဘယ်သူကမှ မနှောက်ယှက်ဖို့မျှော်လင့်နေတာလား... မင်းက သုံးနှစ် အရွယ် ကလေး ပဲရှိသေး တယ် လို့ ထင်နေတာလား ...ငါတို့ တပ်မဟာမှာ သုံးနှစ်သားကလေးတွေတောင် ဒီလိုကျိုးကြောင်းမဆီလျော်တဲ့ပြဿနာမျိုးတွေမလုပ်ရဲဘူး"


 အဆုံးတွင် သူမ၏မျက်နှာက မည်းမှောင်သွားပြီး ဆို၏။


“မင်းရဲ့ ခရီးဆောင်အိတ်ကို အခုသွားယူ... မယူရင် မင်းအစား ငါပစ်လိုက်မယ်... မင်းမယုံရင် စမ်းကြည့်” 


သူမက နှာမှုတ်ကာ ​ပြောလိုက်သည်။

 "ငါက ငါ့စကားကို အမြဲတည်တယ်" 

 


 "ကပ္ပတိန်လင်း..."


ချီမင်က ချီဖုန်းရှို့အစား တောင်းပန်လေ၏။


 "ကျေးဇူးပြုပြီး သူနဲ့မတုပါနဲ့... သူက ဒီတိုင်း သိပ်အဆင်မပြေလွန်းရုံပါ...သူက ဘယ်သူ့ကိုမှ ပစ်မှတ်ထားဖို့ မရည်ရွယ်ပါဘူး" 


ချီဖုန်းရှို့:   " သူ့ကိုတောင်းပန်မနေနဲ့...သူတို့လို ကျားကျားမီးယပ်သမားတွေက ဘာသိမှာလဲ" (ဘာလဲမသိဘူး)


ထိုသို့ပြောပြီး လင်းလန်နားကနေဖြတ်ကာ ခရီးဆောင်အိတ်တွေသိမ်းရန် လင်းလန်တို့အိမ်ဆီ ပြေးသွားသည်။


တုန်ဟွိုင်ဟွက လင်းလန်ကို ကြည့်ဖို့ ဆွဲခေါ်သွားပြီး လျှိုကွေဖာက  နောက်ကနေ လိုက်သွားသည် ရှန်ယွီနှင့်ချီမင်ကလည်း အလျင်အမြန် သွားကြည့်ကြ၏။


ချီဖုန်းရှို့က  အိမ်ထဲသို့ ပြေးဝင်ကာ သူ၏ ခရီးဆောင်အိတ်ကို တဒုန်းဒုန်းဖြင့် ထုတ်ပိုးပြီး သူ့အဝတ်အစားများနှင့် ရိက္ခာအချို့ကို စုစည်းရန် သွားခဲ့သည်။


ချီမင် အတော်လေး  ရှက်နေပြီး သူ့ကို ဆက်၍ဖြောင့်ဖြနေ၏။


 "ချီဖုန်းရှို့... နင်ဘာလုပ်နေတာလဲ... အဲ့လောက်  တင်းမာအောင် မလုပ်စမ်းနဲ့... မကောင်းဘူး" 

 

ချီဖုန်းရှို့:  "ငါ အလျှော့မပေးဘူး...ဘယ်သူကမှ ငါ့ကို အတင်းအကျပ်ခိုင်းလို့ မရဘူး"


လင်းလန် : "ပညာတတ်လူငယ်ချီ  မင်းလွှင့်ပစ်လိုက်တဲ့ ဆပ်ပြာတစ်ပိုင်းက မင်းဟာမဟုတ်ဘူး... အဲဒါက ဖန်းရှောင်ရဲ့ ပစ္စည်းပါ"


    


 သူက  ခရီးဆောင်အိတ်နှင်အိပ်ယာကို ပခုံးပေါ်တင်လိုက်ပြီး ဒေါသတကြီး ထွက်သွားသည်။


 "ဒူးဖက်တောင်းပန်ရင်တောင်...မနေတော့ဘူး"


တုန်ဟွိုင်ဟွ: "ပညာတတ်လူငယ်ချီ... အဲဒါကို စိတ်မပူပါနဲ့...မင်းကိုနေဖို့ ဘယ်သူမှ မတောင်းဆိုပါဘူး"


ချီဖုန်းရှို့   မူလက အုပ်ချုပ်ရေးမှူးနှင့် ဌာနခွဲ အတွင်းရေးမှူးကို စီစဉ်ပေးခိုင်းရန် သွားရှာချင်ခဲ့ပေမဲ ထိုလူနှစ်ယောက်က နေ့စဉ်နှင့်အမျှ ကွန်မြူနတီအဖွဲ့ဝင်များထက် အလုပ်များနေကြပြီး  တစ်ယောက်မှ မတွေ့ပေ။


သူ ဒေါသထွက်ပြီး တပ်မဟာဌာနချုပ်ကို တန်းပြန်လာ၏။


 "ဒီမှာ အိပ်မယ်"


ချီမင်: "ဒီမှာ အနွေးကုတင် မရှိဘူး... ဘယ်မှာ အိပ်မှာလဲ"


ချီဖုန်းရှို့က  ထောင့်စွန်းမှာရှိသည့် ကောက်ရိုးပုံကို ညွှန်ပြပြီးဆိုသည်။


 "အဲဒီမှာအနွေးကုတင်မရှိဘူးလား... ဖက်စစ်ဝါဒ ဆင်းရဲဒုက္ခနဲ့ အာဏာတွေက ငါတို့ကို ဘယ်တော့မှ ဦးမညွှတ်စေနိုင်ဘူး"


 ရှန်ယွီက  သူ့ကို အလုပ်ရှုပ်ခံ ဂရုမစိုက်တော့ဘဲ လျှိုကွေ့ဖာနောက်ကနေလိုက်ပြီး အလုပ်သွားလုပ်၏။


 အားလုံးထွက်သွားကြသောအခါ ချီမင် ဒေါသတကြီး ခြေဆောင့်ပြီးဆိုသည်။


 "နင့်ဘာလို့ ဒီလောကိ ခေါင်းမာရတာလဲ... လူတိုင်းက လေ့ကျင့်ရေး ထွက်လုပ်နေတာကို နင်တစ်ယောက်တည်းကွက်ထူးခြားနေတယ်...ဒါက ပထမဆုံးနေ့ပဲရှိသေးတယ်...နင့်အမှားကို သွားဝန်ခံရင် ဌာနခွဲအတွင်းရေးမှူးကလည်း ဥပမာအဖြစ်မယူဘူးလို့ပြောလိမ့်မယ်...ငါနင့်ကို တကယ်ရိုက်လို့ရမလား...နင်ဘာလုပ်နေတာလဲ"


ချီဖုန်းရှို့က နှာမှုတ်ကာ  အလုပ်မသွားရုံသာမက ကောက်ရိုးပုံပေါ်မှာ စောင်ကို တိုက်ရိုက်ဖြန့်ကာ အိပ်ပျော်သွားတော့သည်။


 ချီမင်က သူ့ကို ဂရုမစိုက်ဘဲ ဒေါသထွက်ပြီး ပြေးထွက်သွား၏။ သူမငတ်ပြီးသေတော့မှာဖြစ်၍  အမျိုးသမီးဟန်၏အိမ်ကို လိုက်သွားပြီး အလုပ်သွားလုပ်ရသည်။


ပညာတတ်လူငယ်တွေ စကားများ ရန်ဖြစ်သည့်အခါ အလုပ်သွားလုပ်ကြသည့် ကွန်မြူနတီအဖွဲ့ဝင်တွေက မသိပေမဲ့ ကျောင်းက ကလေးတွေကမူ စောင့်ကြည့်နေနိုင်ကြ၏။


 စန်းဝမ်က ဆူပူအုံကြွသံကို ကြားသောအခါ ငြိမ်မနေနိုင်သဖြင့် ခိုးထွက်ကာ သွားနားထောင်သည်။ ချီဖုန်းရှို့က  သူ့မိဘတွေကို တကယ်ပြောဆိုနေသည်ကို ကြားသောအခါ သူ့မိသားစုကို သတင်းပို့ရန် ချက်ချင်းပြန်ပြေးသွား၏။


 မိုင်စွေ့  : "သူက လက်ဝါးတောင်းနေတာထင်တယ်... မနက်ခင်းတုန်းကလည်း အကြွေးတင်နေတယ်"


ရှောင်ဝမ်  : "အမှားလုပ်မိရင် အရိုက်ခံရမယ်... မရိုက်ရင် ကြာကြာမှတ်မိမှာမဟုတ်ဘူး ဟုတ်တယ်မလား"


စန်းဝမ် : "...ရိုက်ရမယ်"


Xxxxx

Part 612


အားဝမ်က သူ​ြအစ်ကိုကြီး၏ မည်းနက်နေသော မျက်နှာကို မြင်ပြီး ချက်ချင်းပြောလိုက်သည်။


 "အစ်ကိုကြီး... ဒီလိုကိစ္စမျိုးကို အားသုံးဖြေရှင်းလို့ မရဘူးး"


 တဝမ်က သူ့ကိုကြည့်လိုက်သည်။


 အားဝမ်က ပြုံးပြီး

 "ငါ့တာဝန်ထားလိုက်... စာသင်ချိန်ရောက်ရင် ငါအိမ်ပြန်စရာရှိတယ်လို့သာပြောလိုက် " 

 ထိုသို့ပြောပြီး သူက ပြေးထွက်သွား၏။


စန်းဝမ်က ​​စပ်စုချင်စိတ်ပြင်းပြပြီး လိုက်ချင်ပေမဲ့  တဝမ်က ဆွဲထားလေသည်။


စန်းဝမ်: "အစ်ကိုကြီး... ဒုတိယအစ်ကိုက ဘာလုပ်လိုက်တာလဲ"     


တဝမ် : "အတန်းသွားတက်ရအောင်" 


အားဝမ်က အုပ်ချုပ်ရေးမှူးကို  တွေ့ပြီး ပြဿနာရှိသော ပညာတတ်လူငယ်တွေအတွက် စည်းကမ်းတွေ ချမှတ်ပေးမည်ဟု စိတ်အားထက်သန်စွာ ထုတ်ဖော်ပြောဆိုခဲ့၏။


 "အဘိုး...ကျွန်တော့် မိဘတွေက စည်းမျဥ်းမရှိဘူးလို့ အမြဲပြောတယ်...မှန်တယ်ထင်တယ်" 

 

အုပ်ချုပ်ရေးမှူး:  "ဟုတ်တယ်... ငါလည်း သိပ်မှန်တယ်လို့ထင်တယ်"


ချီဖုန်းရှို့  အကြောင်းကိုလည်း သူကြားခဲ့ရပြီး  ဒေါသထွက်လွန်း၍ ၎င်းကို အာရုံမစိုက်ချင်တော့ပေ။  သူတကယ်ပြန်သွားချင်ခဲ့သည်။ 


"အားဝမ်... မင်းရဲ့အကြံဉာဏ်ကဘာလဲ"     


အားဝမ်က ပြုံးပြီးပြော၏။

 "အဘိုး...အဘိုးဘာသာအဘိုး အကြံတစ်ခုရှိပြီးသားကို... ကျွန်တော့်ကိုမေးနေ သေးတာလား"     

 

အုပ်ချုပ်ရေးမှူး:  "ကြာပွတ်နဲ့ရိုက်တာလား ..သိပ်ကောင်းပုံမပေါ်ဘူး... ဘာဖြစ်လို့  မင်းအမေကို မလာခိုင်းတာလဲ "


အားဝမ်: "..."


သူက သတိပေးလိုက်သည်။

"အဘိုး... ပေါ့ပေါ့ပါးပါး အလုပ်နဲ့ အစားအသောက်ကောင်းတွေကို ရွေးချင်တာက လူ့သဘာဝပဲမလား"

 

အုပ်ချုပ်ရေးမှူးက ခေါင်းညိတ်ကာ 

"ဟုတ်တယ်...ငါတို့အားလုံး ဒါကို လိုချင်တယ်" 


အားဝမ်က ပြုံးပြီးဆို၏။

 "ဒါဆို ပျားတွေတောင်ဝတ်ရည်စုရသေးတာပဲ မဟုတ်ဘူးလား... အလုပ်မလုပ်ဘဲ စားချင်သေးတယ်ပေါ့"


အုပ်ချုပ်ရေးမှူးက သူ့လက်နှစ်ဖက်ကိုရိုက်လိုက်ပြီးပြောလေသည်။

 “မှန်လိုက်လေ... အဲဒါကို ငါ မထင်ထားမိဘူး”


အားဝမ်: “အဘိုးက သူတို့က မွေးရပ်မြေကို စွန့်ခွာခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်နေတာ... သူတို့နဲ့တုတာမဟုတ်ပေမဲ့ သင်ခန်းစာတော့ ပေးဖို့ လိုအပ်နေသေးတယ်...မဟုတ်ရင် စီမံခန့်ခွဲရ ခက်ပါလိမ့်မယ်”


 နှစ်ယောက်သား တတွတ်တွတ်လုပ်နေကြပြီးနောက် တဝမ်က အတန်းသို့ ပြန်သွားကာ အုပ်ချုပ်ရေးမှူးက ယုံကြည်မှုအပြည့်ရှိနေသည်။


 သူက ပညာတတ်လူငယ်မျာ မှာယူထားသော အစားအစာများကို ပြန်လည်ယူဆောင်လာစေရန် တစ်စုံတစ်ဦးကို စေလွှတ်လိုက်၏။


 “လူတစ်ဦးကို တစ်နေ့ ရိက္ခာ တစ်ကတ်တီရလိမ့်မယ်၊မနက်စာ နှစ်တေးလ်၊ နေ့လယ်နှင့် ညနေမှာ  လေးတေးလ်ဆီ... အလုပ်ပြီးရင် နောက်တစ်နပ်စာကို ရရှိမှာဖြစ်တယ်"


အလုပ်မသွားဘဲ ထမင်းမစားရပေ။ယင်းက အပျင်းရောဂါကိုကုသ၍ မရနိုင်ဘူးဟု  သူမယုံချေ။


 ထုံးစံအတိုင်း ဤရိက္ခာ ကတ်တီလေးတွေက မြို့ထဲမှာ ပေးသည့် အမျိုးအစား မဟုတ်ပေမဲ့ ကျေးလက်ဒေသက ရွာသားတွေ တစ်ခါတစ်ရံ စားသုံးလေ့ရှိသည့်အစားအစာဖြစ်သည်။ အဓိကအားဖြင့် မျက်နှာမပျက်စေရန် ကန်စွန်းဥခြောက်၊ ပြောင်း၊ ပြောင်းနှံ၊ ပဲပိစပ်နှင့်တခြား အစေ့အဆန်တွေကို ရောခဲ့သည်။


ကျေးလက်တွင် ဂျုံကို ပြည်သူပိုင်ကောက်နှံမှ အဓိက စုဆောင်းပြီး ပိုလျှံသောကောက်နှံအဖြစ် ရောင်းချကြကာဘကွန်မြူနတီအဖွဲ့ဝင်များ လက်ထဲတွင် အနည်းငယ်သာ ရှိသည်။ယေဘုယျအားဖြင့် ကွန်မြူနတီ အဖွဲ့ဝင်များသည် အားလပ်ရက်အတွက် အချို့ကို သိမ်းဆည်းကြပြီး နေ့စဉ်နေ့တိုင်း စားသုံးရန် ဝန်လေးကြသောကြောင့် အုပ်ချုပ်ရေးမှူး ထိုနည်းအတိုင်းပင် ပညာတတ်လူငယ်များအား ဖြန့်ဝေသည်။


ရလဒ်အနေဖြင့် ချီဖုန်းရှို့တစ်ယောက် မနက်ခင်းလေ့ကျင့်ခန်းတွေ မလုပ်ဘဲ ၊အလုပ်မလုပ်ဘဲ နေ့လယ်မှာ အစားအသောက် မရရှိပါချေ။


 "ဘာလို့ အစားအသောကိ မပေးတာလဲ"


 ချီဖုန်းရှို့  ဒေါသထွက်သွား ခဲ့သည်။ 


 ယခုအချိန်တွင် ဘယ်သူကမှ သူ့အား အာရုံစိုက်ရန် ခွန်အားမရှိကြပေ။ ပညာတတ်လူငယ်တွေအားလုံး တစ်ယောက်ပြီးတစ်ယောက် ငတ်သေကုန်ကြလိမ့်မည်။


 မနက်ခင်းမှာ ချီဖုန်းရှို့ကနောက်ကျသည့်အတွက်  ရှန်ယွီက  ဒေါသဖြစ်ပြီး ထမင်းချက်မပေးသဖြင့် အားလုံး ဗိုက်ဆာနေကြ၏။ ဖန်းရှောင်က  သူမနှင့်အတူ ယူလာသည့် ချိုချဉ်နှင့်အဆာပြေ စားစရာတွေ ရှိသည်။ ရှုတုန်ရှင်း၊ဝူဝမ်ယီနှင့် ချီမင် တို့က စကားထစ်သူတွေကို ကိုင်တွယ်ဖြေရှင်းရန်အဖွဲ့ဝင်တွေ၏ အိမ်တွေကနေ ဝယ်ခဲ့ပေမဲ့ ကောင်းလုနှင့် ကျောက်မင်ကျယ် အတွက် ခက်ခဲလေသည်။


 

မနက်ကျတော့ ဗိုက်ဆာလျက်သား အလုပ်သွားကြ၏။


 ဌာနခွဲအတွင်းရေးမှူးက သူတို့အတွက် ခက်ခဲအောင်မလုပ်ဘဲ ပိုးကောင်ဖမ်းရန် ဝါခင်းကို သွားခိုင်းခဲ့သည်။


ယောကျာ်းလေး ပညာတတ်လူငယ်တွေက အဆင်ပြေပေမဲဘ မိန်းကလေး ပညာတတ်လူငယ်များကမူ ကြောက်လန့်သွားကြသည်။ ပိုးမွှားတွန့်လိမ်နေသည်ကို မြင်သည့်အခါ ဖန်းရှောင်  မလှုပ်ရှားနိုင်လောက်အောင် ပျော့ခွေသွားခဲ့သည်။ နောက်ပိုင်းတွင် ဌာနခွဲအတွင်းရေးမှူးက ကန်စွန်းနွယ်ပင်များ တူးခြင်းကဲ့သို့သော အခြားအရာများကို လုပ်ဆောင်ခိုင်းခဲ့၏။မိုးရွာပြီးနောက် နွယ်များကို ဆန့်ကျင်ဘက်ဘက်သို့ လှည့်ကာ အမြစ်တွယ်စေရသည်။ ထိုသို့မဟုတ်လျှင်  အာဟာရများက ပျံ့ကျဲသွားကာ ကန်စွန်းဥကြီးထွားမှုကို ထိခိုက်စေပါသည်။ ကန်စွန်းနွယ်များပေါ်တွင် အနက်ရောင်အစင်းကြောင်းများရှိသည့် လက်မအရွယ် အစိမ်းရောင်ပိုးကောင်များကို တွေ့သည်အထိ အလုပ်က အဆင်ပြေနေခဲ့၏။


 ကြောက်စရာကောင်းတယ်...


 ဤသို့ဖြင့် တစ်မနက်လုံး မောပန်းနွမ်းနယ်ကာ ဆာလောင်နေသဖြင့် လဲသာချပစ်လိုက်ချင်သည်။


နောက်ဆုံးပြန်ရောက်သောအခါ ချက်ပြုတ်ပြီး မြန်မြန်စားချင်ပေမဲ့ အစားအသောက်တွေ သိမ်းသွားမည်ဟု မည်သူက သိပါမည်နည်း။ လူတိုင်းက နေ့တိုင်း ရိက္ခာယူရန် လိုအပ်သည်ဟုဆို၏။


ရိက္ခာတွေပြန်ပေးသည့်အခါ အစေ့အဆန် မျိုးစုံနှင့် ရောထားသည့် ဂျုံတွေကို တွေ့လိုက်ရသည်။တကယ်ကို...မျက်ရည်တွေလည်လာ၏။


အရင်ကဆိုလျင် ဘယ်လိုကြည့်ရမှန်းတောင် မသိပေမဲ့ ဗိုက်ဆာသည့်အခါ ဂရုမစိုက်နိုင်ဘဲ မျက်လုံးတွေ တောက်ပလာပြီး ထမင်းချက်ရန် အမြန်ပြန်လာခဲ့ကြသည်။


ချီဖုန်းရှို့က ထိုနေရာမှာ အော်ဟစ်နေ၏။ သူ့မှာ အားအင်တွေ မရှိတော့ပေ၊ နှစ်နပ်စာလွတ်ပြီးနောက် သူ့ဗိုက်က တဒုန်းဒုန်းမြည်နေ၏။


 "ငါ ဒီနေ့ ချက်မယ်" 

 

ရှန်ယွီ : "မချက်နဲ့...နောင်မှာ မင်း ငါတို့နဲ့ အတူနေစရာ မလိုဘူး"


ချီမင်က သူ့ကို ကူညီချင်ပေမဲ့ စကားမပြောနိုင်လောက်အောင် ဆာလောင်နေခဲ့သည်။ အမျိုးသမီးဟန်၏အိမ်မှာ နှစ်ကိုက်လောက် စားခဲ့ပေမဲ့ အသုံးမဝင်ပါချေ။ 


 ဆာလောင်မှုသည် တိုက်ရိုက်အကျဆုံးနှင့် သည်းမခံနိုင်ဆုံး ခံစားချက်ဖြစ်သည်။


ချီဖုန်းရှို့က ဝူဝမ်ယီကို သူ့အတွက် ရိက္ခာတောင်းပေးစေချင်ခဲ့၏။


 "ဘာလို့ ငါ့ကို မပေးတာလဲ"


 ဝူဝမ်ယီ : "... မင်း ကိုယ်ဘာကိုယ်သွားယူ... ငါ ပင်ပန်းနေပြီ"


ချီဖုန်းရှို့က  မလှုပ်ပေ။


အခြားသူများအားလုံးက ပိုးကောင်များကိုသွားဖမ်းပြီး ဖရဲနွယ်များကို တူးကြသည်။အကြောင်းတစ်ခုခုကြောင့် သူက မြေတူးရန် တာဝန်ပေးခံရသည်။ပေါက်ပြားက အလေးချိန် လေးဆယ်ကတ်တီရှိသည်ဟု ခံစားရပြီး သူမလွှဲနိုင်ပေ။တစ်စုံတစ်ယောက်က သူ့ကို ပစ်မှတ်ထားကိုထားနေခြင်းဖြစ်ရမည်ဟုသူခံစားရသည်။ လယ်ကွင်းထဲမှာ အော်ငေါက်ခံရသေးပေမဲ့ သူ့ကို ဘယ်သူမှ ဂရုမစိုက်ပါချေ။


 အခုအချိန်မှာ တခြားသူတွေနှင့် ငြင်းခုန်ရန်ခွန်အားမရှိတော့ပေ။


Xxxxxxxx