Part 555
ယွီရှင်း စကားပြောပြီးနောက် ထွက်သွားတော့မည်ပြုသော်လည်း လုချန်ဝေ့က သူမကိုတားလိုက်သည်။
လုချန်ဝေ့၏ မျက်နှာနီရဲလာပြီး ဆို၏။
"မသွားနဲ့...ဌာနခွဲအတွင်းရေးမှူးဆီသွားပြီး ရှင်းရှင်းလင်းလင်းပြောရအောင်...ကျွန်တော်က ကပ္ပတိန်လင်းအပေါ်တစ်ခုခုရှိနေတယ်ဆိုတာ ဘာကိုဆိုလိုချင်တာလဲ...မင်းရဲ့အပေါ်သွားနဲ့အောက်သွားကို ထိရုံနဲ့ဖန်တီးလိုက်တာလား"
ယွီရှင်း လုချန်ဝေ့၏မျက်နှာပြောင်းလဲသွားသည်ကို ကြည့်ပြီး တစ်ခုခုမှားနေပြီဟု ချက်ခြင်းခံစားလိုက်ရသောကြောင့် သူမ လျင်မြန်စွာပြုံး၍ပြောလိုက်သည်။
"ဆရာလု... ရှင်ကက စိတ်လှုပ်ရှားလွန်းနေတာပါ... နောက်နေတာဆို ဘယ်သူက အလေးအနက်ထားမှာလဲ...ဟားဟား အတည်မယူပါနဲ့"
နောက်ထပ် ပညာတတ်လူငယ်အမျိုးသားတစ်ဦးက ရယ်မောရင်းဆို၏။
"ကပ္ပတိန်လင်းရဲ့စကားတွေက စိတ်ဝင်စားစရာကောင်းတယ် သဘောကျတဲ့သူတွေ အများကြီးရှိတယ်... အဲ့တော့ ဘာမှ မမှားပါဘူး"
ယွီရှင်းကလည်း ချက်ချင်းပြောလေသည်။
"ဟုတ်တယ်...ကျွန်မတို့လည်း ကပ္ပတိန်လင်းကို အရမ်းလေးစားသဘောကျတယ်...အဲ့ဒါက ကျေးဇူးတင်တယ်ဆိုတဲ့သဘောလေ...မစိုးရိမ်ပါနဲ့ ဆရာလု”
သူတို့ကထိုသို့ပြောလာသည့်အခါ လုချန်ဝေ့အနေဖြင့် တခြားဘာမှပြောပြော၍မရတော့သည်ပင်။ အားလုံးက စိတ်မချမ်းသာစွာနှင့် လမ်းခွဲလိုက်ကြ၏။
ရက်အနည်းငယ်ကြာ မိုးရွာနေခဲ့သည့်အတွက် ကလေးတွေ ယနေ့ အနားယူကြပြီး လူတိုင်း မနက်စောစောထကြသည်။
မိုင်စွေ့က ထမင်းဟင်းချက်ကာ ဟန်ချင်စုန့်က ရေတွင်းမှ ရေငှင်၍ ရေစည်များဖြည့်ခဲ့ပြီး ၎င်းနောက် ဟင်းသီးဟင်းရွက်စိုက်ခင်းများကို ရေလောင်းရန် မြစ်သို့သွားခဲ့၏။ တဝမ်နှင့်အားဝမ်တို့က လယ်ကွင်းများကို ပေါက်ပြားပေါက်ရန် သို့မဟုတ် ဝါကောက်ပြီး အလုပ်မှတ်များယူရန် ထုတ်လုပ်ရေး အဖွဲ့ဆီ သွားကြသည်။ စန်းဝမ် နှင့် ရှောင်ဝမ်တို့ကလည်း အလုပ်အားမနေကြပေ။ညီအစ်ကိုနှစ်ယောက် အလုပ်မှတ်များရရန် မြက်ရိတ်ကာ ထုတ်လုပ်ရေးအဖွဲ့မှ တိရစ္ဆာန်များကို ကျွေးကြသည်။
လင်းလန်က သားကြီး ဖြစ်သူ
စားသောက်နေစဉ် အနှောက်အယှက်မဖြစ်စေရန် ငရုတ်သီးများကို လှီးပြီး အိုးသေးတစ်လုံးထဲတွင် အရသာစိမ်ထား၏။
အားလုံးက တစ်မနက်လုံး အလုပ်ကြိုးစားပြီး မနက်စာအတူတူစားဖို့ ပြန်လာခဲ့ကြသည်။
လင်းလန် ဟန်ချင်စုန့်ကို တံခါးဆီ လိုက်ပို့ပေမဲ့ သူက သူမမေးစေ့ကို ဆုပ်ကိုင်ကာ သူမကို အမြန်နမ်းလာသည် ။သူမ အတော်လေး လန့်သွားပြီး ဘေးပတ်ပတ်လည်ကို ကပျာကယာကြည့်လိုက်၏။ တစ်စုံတစ်ယောက်ကသာ သူမကို မြင်သွားပါက သူမမှာ ပြစရာ မျက်နှာမရှိတော့ပေ။
ကံကောင်းစွာနဲ့ပဲ ဘယ်သူမှမရှိဘူးးး...
ဟန်ချင်စုန့်၏ နှုတ်ခမ်းထောင့်စွန်းများပေါ်တွင် အပြုံးရိပ် အနည်းငယ်ပေါ်လာပြီး သူမကို နှုတ်ဆက်ကာ စက်ဘီးဖြင့် အလုပ်သွားခဲ့သည်။
လင်းလန်က အိမ်ဘက်ပြန်လှည့်လိုက်ချိန်တွင် စန်းဝမ်နှင့် ရုတ်ချည်း ဝင်တိုက်မိသွား၏။
"အမလေး... မင်းဘာလုပ်နေတာလဲ...ခိုးကြောင်ခိုးဝှက်နဲ့"
စန်းဝမ်၏ မျက်လုံးများတွင် ကြယ်ပွင့်များ ရှိနေသည်။
"မားမား...မားမားက အိုးမလုံအုံပွင့်နေတာ...ကျွန်တော်က ဒီနားကို တကားကားလျှောက်လာတာ...ဘယ်မှာ ခိုးကြောင်ခိုးဝှက်လဲ"
လင်းလန်က ရင်ဘတ်ကို ပုတ်ကာဆိုလိုက်
"မင်းဘာလို့ ဒီကိုရောက်နေတာလဲ"
စန်းဝမ်: "မားမားကို ရှာနေတာ"
လင်းလန် :.... ငါ ဒီနေ့ အပြင်မသွားဘဲနဲ့ နင်က ငါ့ကို ရှာနေတယ်ပေါ့... မားမားနဲ့ ရန်မဖြစ်ရမှာ စိုးနေတာလား....
သူမ စန်းဝမ်ကို လိုက်လုပ်တော့သည်။
စန်းဝမ်က သူမလက်ကို ချက်ချင်းဆွဲကိုင်လိုက်ပြီး
"မားမား...သားမေးခွန်းတစ်ခုလောက်မေးပါရစေဦး... နွေဦး၊ နွေရာသီ၊ ဆောင်းဦးနဲ့ ဆောင်းရာသီမှာ ဘယ်ဟာကို အကြိုက်ဆုံးလဲ"
လင်းလန်က တွေးမနေဘဲ "နွေရာသီ"ဟု တန်းဖြေလိုက်သည်။
စန်းဝမ်: " ကျွန်တော်နဲ့အတူတူပဲ...အဲ့လိုဆို ဘာကြောင့်လဲ"
လင်းလန်: "နွေရာသီက ရှည်တယ်...မနက်ကနေ ညအထိ အလုပ်တွေ အများကြီး လုပ်လို့ရတယ် "
ညွှန်မှူးဟန်မှာ သနားကရုဏာစိတ်ရှိသရွေ့ သူမ အချိန်လွန်သည်အထိ အိပ်ပျော်မှာမဟုတ်သလို နောက်နေ့ အိပ်ရာက နိုးသည့်အခါ အလုပ်များသော နေရာမှာ အများကြီး လုပ်နိုင်၏။
စန်းဝမ်က ကျယ်လောင်စွာ ရယ်မောပြီး သူမကို အိမ်ပြန်ဆွဲခေါ်သွားကာဆိုလေသည်။
"နားထောင်...ကျွန်တော်ပြောပါတယ်... မားမားက နွေရာသီကို ကျွန်တော် ကြိုက်သလောက် ကြိုက်ရမယ်လို့...မနက်ကနေ ညအထိ အချိန်မကုန်နိုင်အောင်ရှိလို့လေ"
စန်းဝမ်က မနက်စာစားရင်း သက်ပြင်းချကာ ပြောခဲ့၏။
"နွေရာသီက အရမ်းကောင်းတယ်...မျက်လုံးဖွင့််လိုက်ကတည်းကနေ မှိတ်လိုက်တဲ့အထိ ဆောင်းရာသီထက် နှစ်ဆလောက်ကြာအောင် အသက်ရှင်ပြီး ပိုက်ဆံရှာရတယ်လို့ ခံစားရတယ်”
မိုင်စွေ့က သူ့ကို ရယ်လေ၏။
“နင်ကဘာတွေရှာနေတာလဲ...နေထွက်ကနေ နေဝင်... တစ်ရက်မှာ ၂၄ နာရီပဲဟုတ်ပြီလား"
စန်းဝမ်က ဆက်ငြင်းသည်။
"အခုက နေ့တာရှည်တယ်"
အားဝမ်: " နေ့တာရှည်လည်း တစ်နေ့ 24 နာရီပဲ...ပိုလည်းမပိုနည်းလည်းမနည်းဘူး"
စန်းဝမ်က သူ့အစ်ကိုကြီးကို မေးပေမဲ့ တဝမ်က ဤမျှ မိုက်မဲသည့် မေးခွန်းကို ဖြေရန်ပျင်းလွန်းနေ၏။
စန်းဝမ်က အကူခေါ်ရန် လင်းလန် ပြေးထွက်လာခြင်းဖြစ်လေသည်။ယခု အဖြေရလာသောအခါ သူ့ညီအကို မောင်နှမတွေကို ဂုဏ်ယူစွာ ကြွားလိုက်၏။
"မင်းတို့ကြားတယ်မလား... မားမားကလည်း နွေရာသီကရှည်တယ်တဲ့"
ရှောင်ဝမ်က ပြုံးပြီး
"နွေရာသီမှာ နေ့တွေက ရှည်လျားပြီး ညတွေက တိုတယ်... ဆောင်းမှာ ညတွေက ရှည်ပြီး နေ့တွေတိုတယ်... အဲ့ဒါကြောင့် ပေါင်းလိုက်ရင် အတူတူပါပဲ ဟားဟား...”
စန်းဝမ် : “…မားမား နွေရာသီက ဆောင်းရာသီ
ထက် ပိုရှည်မယ်ထင်တယ်နော် ဟုတ်တယ်မလား "
လင်းလန်: ...ငါ့သားငတုံးလေး... မင်း စာကြိုးစားသင့်တယ်... ခံစားချက်နဲ့ လက်တွေ့က ကွဲလွဲနေတယ်...
စန်းဝမ်က ရှောင်ဝမ်ကို ဆွဲခေါ်ကာ ကသူဘာကြိုက်သလဲမေးပြန်၏။
"အဖေ့ကို ကြိုက်တယ်...ဆောင်းကို ကြိုက်တယ်...မင်းနဲ့ပြောင်းပြန်လေ"
စန်းဝမ်: "ဘာလို့လဲ"
ရှောင်ဝမ်: "ဆောင်းညက ရှည်တော့ ပိုအိပ်ရတယ်လေ... ဟားဟား..."
လင်းလန်းက ကလေးတွေကိုပြောလိုက်သည်။
“ဒီနေ့ အပြင်ထွက်ကစားကြ...မားမား အိမ်မှာ အဝတ်အစားတွေချုပ်လိုက်ဦးမယ်"
ကလေးတွေက အရပ်ရှည်ရှည်လာပြီး အဝတ်အစားတွေက တစ်နေ့ထက်တစ်နေ့ သေးလာ၏။ ဒီနှစ်မှာ မနှစ်က အဝတ်အစားတွေဝတ်ရန် စဥ်းတောင်မစဉ်းစားပါနှင့်။ နွေဦးရာသီက နအဝတ်အစားတွေက ဆောင်းဦးမှာ ပိုတိုပြီး ပိုပါးသွားမှာဖြစ်သဖြင့် အချိန်မီ ပြုပြင်မွမ်းမံရန်(သို့) အသစ်ချုပ်ရန်လိုအပ်ပေသည်။
လင်းလန်က ကလေးများအတွက် အဝတ်အစား ကြီးလွန်းသည်များချုပ်ရန် အမြဲငြင်းဆန်လေ့ရှိ၏။ ကြီးလွန်းပါက လျော့တိလျော့ရဲနှင့် အရုပ်ဆိုးနေပေလိမ့်မည် ။ထို့ကြောင့် တဝမ်၊အားဝမ်နှင့် စန်းဝမ်တို့၏ဟာများကဲ့သို့သော အဝတ်အစားများသည် လျင်မြန်စွာ သေးငယ်လာလေ့ရှိသည်။ နှစ်လသုံးလခန့်ကြာသည်နှင့် အဝတ်အစားများ သေးငယ်လာပြီး မကြာခဏ ပြန်လည်ပြင်ဆင်ခဲ့ရသည်။ကံကောင်းထောက်မစွာဖြင့် သူမတွင် အပ်ချုပ်စက်တစ်ခုရှိသည့်အတွက် လင်းလန် အခက်အခဲများကို မကြောက်ခဲ့ပေ။
စန်းဝမ်က အဝတ်အစားတွေ ချုပ်မည့်အကြောင်း ကြားသည်နှင့် ချက်ချင်းဆိုလာ၏။
“မားမား... ကျွန်တော် လက်တိုမဝတ်ချင်ဘူး... စွပ်ကျယ်လိုချင်တယ်...ကျွန်တော် ပုခုံးတွေကို ပြချင်တယ်”
လင်းလန်: “အကိုကြီးနဲ့ ဒုတိယအစ်ကိုကတောင် လက်မောင်း တွေမပြဘူး... မင်းကဘာလို့အဲ့လိုလုပ်ချင်တာလဲ..."
Xxxxxx
Part 556
တဝမ် နှင့် အားဝမ်တို့က ကျောင်းသားများက သူတို့ကို အမြဲစိုက်ကြည့်ချင်ကြသောကြောင့် သူတို့လက်အပေါ်ပိုင်းကို ဖုံးထားရန် လက်နှင့်လိုချင်ကြောင်း အတိအလင်းပြောခဲ့ကြသည်။ ပထမတွင် သူတို့က တဝမ်၏ကောင်းမွန်လှသော အသွင်သဏ္ဍာန်ကို ကြည့်ကြပြီး ၎င်းနောက် အားဝမ်၏ နူးညံ့ချောမောလွန်းကာ လှပသော ကြွက်သားများရှိနေကြောင့် အံ့သြနေကြ၏။ သူတို့နှစ်ယောက်မှာ အကြည့်ခံရသည်ကို ပင်ပန်းနေပြီဖြစ်သဖြင့် ဘယ်သူမှ သူတို့ကို မမြင်နိုင်အောင် တိုက်ရိုက်ဖုံးအုပ်ထားကြသည်။
"လက်ရှည်လေးတွေက တော်တော်ဒုက္ခများတယ်... ကြယ်သီး ဖြုတ်ရ ကြယ်သီးတပ်ရနဲ့...ကျွန်တော်ရှောင်ဖူလိုမျိူး အိတ်တအိတ်လုပ်ပြီးသာ စွပ်ချလိုက်ချင်တယ်"
ဒုတိယချွေးမဟန် က သူ့သားသမီးတွေကို စိတ်ပူရန် မနှောက်အယှက်အဖြစ်ခံမနေချေ။ ချည်ကုန်သက်သာစေရန် ရှောင်ဖူအတွက် အိတ်ကြီးတစ်လုံးလုပ်ပေးလိုက်၏။ သူမက ၎င်းကို ရှောင်ဖူအတွက် နွေဦးနှင့် ဆောင်းဦးရာသီတွင် ၀တ်စုံတစ်ခုအဖြစ်အသုံးပြုပြီး ဆောင်းရာသီတွင် ဂွမ်းကပ်အင်္ကျီဖြစ်ကာ နွေရာသီတွင် အင်္ကျီလက်များကို တိုက်ရိုက်ဖယ်ရှား၍ လက်တိုအဖြစ် အသုံးပြုသည်။ သို့ပေမဲ့ လင်းလန်ကမူ ထိုအကြောင်းကို သိပ်ပြီးမတွေးပေ။ ကလေးများက တက်ကြွလွန်းလေရာ အဝတ်အစားက မငယ်သေးခင်(လူကြီးလာပြီးအဝတ်မတော်တော့တာကိုဆိုလိုတာပါ) ဟောင်းနွမ်းသွားပေလိမ့်မည်။ ပြင်ရန်အတွက် အတော်လေး ကြိုးစားရဦးမည်ဖြစ်သလို ချည်လည်းကုန်ပေလိမ့်မည်။ မပြင်မဆင်လျှင်လည်း သူတောင်းစားနှင့်တူပေဦးမည်။
သို့သော် စန်းဝမ်က အတော်လေး အားကျနေပြီး ထိုကဲ့သို့ ဝတ်ဆင်ရန် လွယ်ကူမည်ဟု ထင်ခဲ့သည်။
လင်းလန်: "...စန်းတိ... မင်းက ပျင်းလွန်းလို့ ကြယ်သီးလေးဖြုတ်ရတပ်ရတာကို ပင်ပန်းနေမယ်လို့ ဘာလို့ ဘာလို့ ငါမသိခဲ့ပါလိမ့်"
တနေကုန် ခုန်ပေါက်ပြေးလွှားနေပြီး ငှက်ဥနှိုက်၊ကြွက်တွင်းနှိုက်တုန်းကဘာလို့မပင်ပန်းတာလဲ...
"ဒီလိုအဆင်ပြေတဲ့ကိစ္စအတွက် ပျင်းတယ်လို့ ဘယ်လိုလုပ်ပြောလို့ရမှာလဲ မားမား...အချိန်ကုန်လည်းသက်သာတယ်လေ "
စန်းဝမ်က အကြောင်းပြချက် ခိုင်လုံဟန်ဖြင့် ပြောလာသည်။
လင်းလန်က ပြုံးလိုက်ပြီး
"ကောင်းပြီး... စွပ်ကျယ်လုပ်တော့ ငါ့အတွက် ပိုလွယ်တာပေါ့"
ကလေးက ကြီးလာသည့်အခါ စွပ်ကျယ်ကို ဝတ်သင့်သည်ဟု မူလက သူမထင်ခဲ့ပေမဲ့ သူကကြိုက်နေလေရာ ပိုလွယ်ကူလာပေလိမ့်မည်။
လင်းလန်ကလည်း သူတို့ကို အနှောက်အယှက် မပေးဘဲ နောက်ဆုံးတွင် သူတို့ဘာသူတို့ ကစားခွင့်ပေးရန် တစ်ရက် အနားယူလိုက်သည်။
သူမက တဝမ်ကို အိမ်မှာနေမည့်အစား သူ့ညီ/ညီမငယ်များနှင့် အပြင်ထွက်ကစားရန် တိုက်တွန်းခဲ့သည်။ တဝမ်က လူပျိုဖော်ဝင်စပြုနေပြီး စကားများများမပြောဘဲ ပိုပိုတိတ်ဆိတ်လာသည်ဟု သူမခံစားရ၏။ ကျောင်းမတက်ပါက အလုပ်မှတ်များရရန် အလုပ်သွားလုပ်ခြင်း သို့မဟုတ် မြက်ရိတ်သွားခြင်းတို့ လုပ်လေ့ရှိကာ တစ်ခါတစ်ရံ လောက်လေးခွ သို့မဟုတ် အခြားအရာများကို လေ့ကျင့်တတ်သည်။ ဟန်ချင်စုန့်ထံမှ စစ်ရေးလက်ဝှေ့ကိုလည်း သင်ယူခဲ့သည်။ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်ကိုလင်းလန်က မြင်လိုက်ရသဖြင့် လင်းလန်ငြိမ်နေပေးလိုက်၏။
သို့သော် သူက တိတ်ဆိတ်နေပြီး သူ့အမူအရာက လေးနက်နေပုံရသော်လည်း သူ့မျက်လုံးများသည် ယခင်ကထက် ပျော့ပျောင်းနေသဖြင့် သူမစိတ်မပူပေ။ ကလေးတွေ မပျက်စီးသွားသရွေ့ *introvert ဖြစ်နေလည်း အဆင်ပြေပေသည်။ သူတို့ တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင် စရိုက်ရှိကြ၏။
(သိကြမယ်ထင်ပါတယ် အလွယ်ပြောရင်အိမ်တွင်းပုန်းပေါ့😁)
အားဝမ်က ဟန်ရုံဖန်နှင့် ဝိုင်းဖွဲ့ရခြင်းကို နှစ်သက်ပြီး တပ်မဟာ၏ စာရင်းများကို ကူညီတွက်ချက်ပေး သို့မဟုတ် အကြံဥာဏ်များပေးတတ်၏။ သူက ငယ်ရွယ်သော်လည်း သူ့တွင် ဇဝနဉာဏ်ရှိပြီး ပြဿနာများကို ကူညီဖြေရှင်းရန် အကြံဥာဏ်ကောင်းများ ပေးနိုင်ပြီး ဟန်ရုံဖန်က သူ့ကို ထပ်ခါထပ်ခါ ချီးမွမ်းခဲ့သည်။ ဟန်ရုံဖန်က ယခုကဲ့သိုပင်ပြောသေး၏။
"ကောင်လေး စာကို ကြိုးကြိုးစားစား သင်ယူပါ... အထက်တန်းပြီးလို့ မင်းကို မြို့မှာ ကျောင်းတက်ဖို့ ဒါမှမဟုတ် အလုပ်လုပ်ဖို့ခွင့်မပြုရင် အဘိုးက မင်းကို ကွန်မြူနတီမှာ ကေဒါလုပ်ဖို့ ထောက်ခံပေးမယ်"
အုပ်ချုပ်ရေးမှူး:နားထောင်...ဌာနခွဲအတွင်းရေးမှူးက လူတွေကို မချီးကျူးဘူးလို့ ဘယ်သူကပြောလဲ... အဲ့ဒါက သူ့အမြင်ထဲမှာ မရှိလို့ရယ်...သူက လူတွေကို တမူထူးပြီး ချီးကျူးတာ...
ထုံးစံအတိုင်း စန်းဝမ်က အလုပ်အားမနေပေ။ ရှောင်ဝမ်ကို ခေါ်ပြီးမြက်ရိတ် ၊ ရေကူး ၊ ငါးသွားဖမ်းခဲ့သည်။သူက နေ့လယ်တွင် ဘယ်နေရာမှာ ပတ်သွားရမှန်းသိ၏။ ယခု သူ သူ့အစ်ကိုကြီး၏ဖြစ်ရပ်မှန်ကို သင်ယူပြီးပြီဖြစ်ရာ တဝမ်တစ်ချက်မှ မလှုပ်ဘဲ ကြီးကြီးမားမား အောင်ပွဲ ခံနိုင်နေလေပြီ။
မိုင်စွေ့က တစ်ခါတစ်ရံ အပြင်ထွက်ပြီး မိန်းကလေးများနှင့် ဆော့ကစားကာ သူမ၏အချိန်အများစုကို အိမ်တွင် စာဖတ်ခြင်း သို့မဟုတ် လင်းလန်အား ကူညီပေးခြင်းဖြင့် ကုန်ဆုံးလေ့ရှိသည်။
ယနေ့ သူမ လင်းလန်ကို အဝတ်အစားတွေ ကူချုပ်ပေးရင်း အိမ်မှာပဲ နေခဲ့၏။
လင်းလန် သူမ သိမ်းထားခဲ့သော အထည်များအားလုံးကို ထုတ်ယူခဲ့ပြီး ထိုထဲတွင် လင်းမိန်ပေးခဲ့သည်များနှင့် ဟန်ချင်စုန့်၏ အဝတ်ဟောင်းအချို့လည်းပါဝင်သည်။
ဟန်ချင်စုန့်က ယူနီဖောင်းကို ၀တ်ဆင်ပြီး အိမ်လုပ်အတွင်းခံမှလွဲ၍ ကျန်သည်များကို တစ်နှစ်ပတ်လုံး ဝတ်ဆင်လေသည်။ လင်းလန် သူ့အဝတ်ဟောင်းကို လွှင့်မပစ်ပေ။ မည်သို့ပင်ဖြစ်စေ သူမှာ ၀တ်ဆင်ရန် အဝတ်အစား နှစ်စုံသာ ရှိ၏။သူနေ့စဉ်ဝတ်ထားသည့်အဝတ်များက သူ့အငွေ့အသက်များပါသဖြင့် သူမ အခြားသူများကို မပေးချင်ပေ။သို့ပေမဲ့ သူမ တစ်ချိန်လုံးလည်း သိမ်းမထားချင်ပေ။
တဝမ်ကို ပေးဖို့ရာအတွက်လည်း အဆင်မပြေသေးပေ
မိုင်စွေ့က ပြုံးပြီးဆိုသည်။
"မားမား...သမီး မားမားအတွက် ဒီဇိုင်းလေး လုပ်ပေးမယ်"
သူမ ရှည်လျား ကြီးမားသည့် ဘောင်းဘီရှည်ကြီးကို မြှောက်လိုက်ပြီး သူမ တစ်ကိုယ်လုံး အံဝင်ခွင်ကျဖြစ်အောင် လုပ်နိုင်သလိုမျိုး အမူအရာ လုပ်ပြလေ၏။
"မားမား... ဒူးခေါင်းနေရာက ဟောင်းနေပြီ...အပေါ်ကနေ တိုက်ရိုက်ဖြတ်ပြီး ရှောင်ဝမ်အတွက် ဘောင်းဘီနဲ့ စွပ်ကျယ်လုပ်ဖို့အတွက် အောက်ပိုင်းကို ပြောင်းလိုက်ပါ... အောက်ခြေမှာ အထည်တစ်စ တပ်ပြီး မြဲအောင် အပ်ချုပ်စက်ကို သုံးပြီး ချုပ်လိုက်... နွေရာသီမှာ အဖေ့အတွက် ညဝတ်ဘောင်းဘီအဖြစ်သုံးလိုက်"
လင်းလန်၏ မျက်လုံးတွေတောက်ပလာပြီးဆိုလိုက်သည်။
“မားမားသမီးကြီးက ပိုပိုပြီး တွေးတတ်လာတယ်... အံ့သြဖို့ကောင်းလိုက်တာ... အဲ့လိုမျိုး ပြောင်းလိုက်ရအောင်”
သူမက ဟန်ချင်စုန့်၏ နောက်ထပ်အင်္ကျီတစ်ထည်ကို ကောက်ယူလိုက်ပြီးပြော၏။
“ဒါကကော...သမီးကြီးပဲ ဒီဇိုင်းဆွဲလိုက်နော်"
မိုင်စွေ့ ၎င်းကို ယူပြီး ခုဏကပုံစံအတိုင်းပဲပြင်လိုက်သည်။ထိုကဲ့သို့ ဖြတ်ပစ်ရသည်က အနည်းငယ် ဖြုန်းတီးရာကျသော်လည်း အကြီးဆုံးအစ်ကိုအတွက် သိမ်းထားရန်က နှစ်ပေါင်းများစွာ အချိန်ယူရဦးမည်ဖြစ်သည်။ အဆုံးတွင် သူမ အကြံတစ်ခုရလာပြီး လင်းလန်၏ ခန္ဓာကိုယ်ပေါ်တွင် တိုင်းထွာကြည့်လိုက်ကာ ဤကဲ့သို့ပြောင်းလဲလိုက်၏။ သူမ လင်းလန်ခါးအတိုင်း ခါးကို ကျဉ်းပြီး လက်ပြတ်၀တ်စုံအဖြစ် ပြောင်းလဲခဲ့သည်။
ဟန်ချင်စုန့်က အရပ်ရှည်ပြီး လင်းလန်က 163cmဖြစ်လေရာ သူ့အင်္ကျီက သူမအတွက် ကွက်တိကျသော စကတ်ဖြစ်နေ၏။
လင်းလန် : "တကယ်လုပ်နိုင်တာပဲကောင်မလေး... "
သူမလည်း မိုင်စွေ့ကိုလေးစားလာမိသည်။
မိမိကောင်လေး/ခင်ပွန်း၏ ရှပ်အင်္ကျီကို မိမိကိုယ်ပိုင် စကတ်အဖြစ် ပြောင်းလဲသည့် ခေတ်ပေါ် ခေတ်ရေစီးကြောင်းကို သူမ မည်သို့ လိုက်နိုင်ရသနည်း။
သားအမိနှစ်ယောက် ဆွေးနွေးရင်းနှင့် ပြင်ဆင်ကြပြီး လင်းလန်၏စကတ်ကို အရင်လုပ်ရန် အချိန်အတော်ကြာအောင် ကြိုးစားခဲ့ကြ၏။
မိုင်စွေ့က လင်းလန်ကို အမြန်ဝတ်ခိုင်းလိုက်သည်။
Xxxxx