Chapter - 38 : ဟီးဟီး... ကျွန်တော် ခင်ဗျားကို လှည့်စားလိုက်တာ ( 1 )
Viewers 2k

Chapter - 38 : ဟီးဟီး... ကျွန်တော် ခင်ဗျားကို လှည့်စားလိုက်တာ ( 1 )


"ဖာ့ခ်၊ သူ အဆင့် A ရသွားပြီ!"


"လုရွှိက တကယ်ကိုတော်တယ်၊ သီချင်းဆိုတာ ကောင်းတယ်၊ အကလည်း ကောင်းတယ်၊ သူ အကုန်လုပ်နိုင်တယ်"


"ငါတော့ သွားပြီ... အဆင့် A က အရမ်း ကောင်းလွန်းတယ်၊ ငါ့မှာ မျှော်လင့်ချက် မရှိတော့ဘူး"


လုရွှိ၏ ဖျော်ဖြေမှုမှာ အလွန် ထင်ရှားခဲ့သောကြောင့် ကျိရှိုးနျန်သည် သူ၏ အဆင့်သတ်မှတ်ချက်အား ကြေညာသောအခါ မည်သူမျှ အံ့ဩခြင်း မရှိပေ။


ကျိရှိုးနျန်သည် လုရွှိအား ဂုဏ်ပြုလိုက်၏။ သို့သော် သူ၏ အကြည့်သည် ထိုကောင်လေး၏ ဘေးမှ မရည်ရွယ်သော်လည်း မခွာနိုင် ဖြစ်နေသည်။ လုရွှိ အဆင့် A ရရှိသည်ကို ကြားပြီးနောက် ထို ထူးဆန်းသော လူလေးယောက်သည် ထိုနေရာရှိ အခြားသူများထက် ပို၍ စိတ်လှုပ်ရှား နေပုံရသည်။


"ကောင်းလိုက်တာ၊ ဆရာက တကယ်ကို အံ့မခန်းမှန်း ငါ သိနေတယ်"


"ဝူးးးး၊ ငါ အရမ်း ပျော်တယ်!"


"အာ...ငါ ရုတ်တရက် စိတ်လှုပ်ရှားလာသလို ခံစားရတယ်၊ ငါ တကယ်ကို ငိုချင်တာပဲ"


"ဟယ့်ရှင်းဟွာ၊ တော်လောက်ပြီ... မင်း ပျော်ရွှင်စရာ အခြေအနေတွေမှာ လွန်လွန်ကျွံကျွံ တုံ့ပြန်တတ်တယ်"


~~~


ဝိညာဉ်လေးဦးသည် စကားများပြောဆိုနေကြသည်။ ၎င်းတို့သည် လုရွှိနှင့် အလွန် ရင်းနှီးပုံ၏။


သူတို့ တစ်ယောက်ကိုတစ်ယောက် သိကြတာလား...


ကျိရှိုးနျန် ဤအရာအား တွေးလိုက်သည်နှင့် သူသည် သူ၏ တုံ့ပြန်မှုအား ကြည့်ရန် လုရွှိထံသို့ မကြည့်မိဘဲ မနေနိုင်တော့ပေ။


လုရွှိသည် သူ၏ အဆင့်အား ကြားသောအခါ ပြုံးလိုက်ရုံသာ ဖြစ်သည်။ မိမိကိုယ်ကို ယုံကြည်မှုရှိသော ဆွဲဆောင်မှု တစ်မျိုးကို ထုတ်ဖော်နေ၏။ သူ၏ နာမည်အား အော်ဟစ်ကာ ဂုဏ်ပြုကြသော သင်တန်းသားအချို့ ရှိသော်လည်း လုရွှိသည် သူ၏ ဘေးရှိ ထိုအရာလေးခုအား တစ်ချက်မျှ မကြည့်ပေ။


ဒါဆို သူက သူတို့အကြောင်း မသိဘူးလား...


ကျိရှိုးနျန်၏ စိတ်ခံစားချက်များသည် ရှုပ်ထွေးနေ၏။ ယခုအချိန်တွင် သူသည် လုရွှိမှာ ၎င်းတို့အား မြင်နိုင်ရန် မျှော်လင့်သလား၊ မမျှော်လင့်သလား ဆိုသည်ကိုပင် သူ မသိတော့ပေ။


လုရွှိ၏ ဖျော်ဖြေမှု စတင်ချိန်မှ သူ၏ အဆင့် ကြေညာချိန်အထိ သုံးမိနစ်သာ ကြာခဲ့သည်။ အလွန် လျင်မြန်စွာပင် နောက်ထပ် ပြိုင်ပွဲဝင်၏ အလှည့် ရောက်လာသည်။


အကဲဖြတ်နည်းပြတစ်ဦးအနေဖြင့် ကျိရှိုးနျန်သည် သူ၏ အတွေးများအား စုစည်းပြီး နောက်ထပ် ကျောင်းသား၏ ဖျော်ဖြေမှုကို အာရုံစိုက် ကြည့်ရှုရမည်ဖြစ်ပြီး လုရွှိအား ခဏတာ မေ့ထားလိုက်ရသည်။


"ရွှိကော၊ အရမ်း အံ့ဩစရာကောင်းတယ်" 


ဘေးဘက် အပိုင်းတစ်ခုတွင် ရှိနေသော ရွှီလဲ့လဲ့သည် လုရွှိအား မြင်သောအခါ စိတ်လှုပ်ရှားစွာ လက်ဝှေ့ယမ်းပြီး လွန်စွာ တိုးညှင်းသောအသံဖြင့် ပြောလိုက်သည်။


လုရွှိသည် သူ့အား ပေါ့ပါးစွာ ခေါင်းညိတ်ပြလိုက်ပြီး အားပေးသည့် အမူအရာဖြင့် လက်မြှောက်ပြလိုက်သည်။


ပွဲရှိ လူများစွာသည် လုရွှိနှင့် ယခင်က အများကြီး အပြန်အလှန် ဆက်သွယ်မှု မရှိခဲ့ကြဘဲ အဝေးကနေသာ စောင့်ကြည့်ခဲ့ကြပြီး သူသည် အလွန် အထင်ကြီးစရာကောင်းသော ရုပ်ရည် ရှိသည်ဟု တွေးခဲ့ကြသည်။ သို့သော် သူ့အား ဤမျှ နီးကပ်သော အကွာအဝေးမှ ပြုံးနေသည်ကို မြင်သောအခါ လူတိုင်းသည် 'ရုပ်ရည်ကောင်းမွန်သည်' ဆိုသော စကားလုံးပင် သူ့အား လုံးဝ မဖော်ပြနိုင်သေးဟု သတိထားမိကြသည်။


၎င်းတို့ သဘောပေါက်လိုက်သည်မှာ လူအချို့သည် ဘုရားသခင်၏ မျက်နှာသာပေးခြင်းအား အမှန်တကယ် ရရှိကြသည်။ ၎င်းတို့သည် အေးဆေးစွာ နေသော်လည်း ၎င်းတို့၏ တည်ရှိမှုက တောက်ပနေဆဲပင် ဖြစ်၏။


ပထမဆုံး အဆင့် A အဖွဲ့ဝင် အဖြစ် လုရွှိသည် နူးညံ့သော အပြုံးအား ဆင်မြန်းထားပြီး အဆင့် A ထိုင်ခုံများဆီသို့ သွားလိုက်သည်။ သူ၏ အမူအရာသည် အလွန် ကောင်းမွန်သော သဘောသဘာဝ ရှိ၏။


F4 သည် သူ၏ နောက်မှ ကပ်လိုက်လာ၏။ ၎င်းတို့သည် သူနှင့်အတူ ကခုန်ရခြင်းအတွက် မည်မျှ ပျော်ရွှင်သည်ကို စကားမပြောဘဲ မနေနိုင်တော့ပေ။


"ဆရာ လုရွှိ၊ ကျွန်တော် တကယ်ကို ဒီလိုမျိုး မပျော်ရတာ တော်တော်ကြာပြီ" 


သူ သေဆုံးချိန်တွင် အလွန်ငယ်ရွယ်သောကြောင့် ဖြစ်နိုင်ပေသည်။ ဟယ့်ရှင်းဟွာ၏ စိတ်ခံစားချက်များမှာ ပူလောင်နေ၏။ ပွဲဦးထွက်ခြင်း နှင့် စင်ပေါ်တက်ခြင်းသည် သူ၏ အိပ်မက်အဖြစ် အမြဲရှိခဲ့ပြီး အက ကရန် အခွင့်အရေးသည် သူ့အတွက် လွယ်ကူစွာ မရရှိခဲ့သောကြောင့် သူ ထုံးစံအတိုင်း အလွန် ပျော်ရွှင်နေ၏။ သို့သော် သူ ရုတ်တရက် သက်ပြင်းချလိုက်သည်။ 


"လူတွေ ငါတို့ ဖျော်ဖြေတာကို မြင်နိုင်ရင် တကယ် ကောင်းမယ်လို့ ငါ မျှော်လင့်တယ်၊ ငါ နောက်ထပ် အကဲဖြတ်ပွဲ တစ်ခုမှာ တကယ် ပါချင်သေးတယ်"


သူသည် ထိုသို့ ကလေးဆန်သော စိတ်ကူးဖြင့် ပြောလိုက်ရုံသာ ဖြစ်သော်လည်း လုရွှိသည် သူ၏ နှုတ်ခမ်းများအား အနည်းငယ် လှုပ်လိုက်ပြီး အကြံပြုချက်တစ်ခု ပေးလိမ့်မည်ဟု သူ တစ်ခါမျှ မမျှော်လင့်ထားပေ။ 


"မင်း ဒါကို ကျိရှိုးနျန်ဆီမှာ နောက်မှ စမ်းကြည့်လို့ ရတယ်၊ မင်း အံ့သြသွားလိမ့်မယ်"


လုရွှိသည် ဤစကားအား ပြောစဥ် ရှေ့သို့ တည့်တည့် ကြည့်နေ၏။ သူသည် အခြားကျောင်းသားများ၏ ဖျော်ဖြေမှုများအား အာရုံစိုက် ကြည့်ရှုနေသကဲ့သို့ ထင်ရသည်။


ဟယ့်ရှင်းဟွာသည် သူ၏ ဆိုလိုရင်းကို သဘောပေါက်သွားပြီး ကျိရှိုးနျန်ဆီသို့ လှမ်းကြည့်လိုက်သည်။ သူတို့သည် ထိုလူမှ သူတို့အား မြင်နိုင်သည်လား မမြင်နိုင်သည်လားကို အမြဲ ခန့်မှန်းခဲ့ကြ၏။ အဘယ်ကြောင့် အတည်ပြုခြင်း မလုပ်ကြည့်ရမည်နည်း။


အကဲဖြတ်ခြင်းသည် ဆက်လက်လုပ်ဆောင်နေသည်။


လုရွှိသည် အမြဲ လူတိုင်း၏ စိတ်အခြေအနေများအား မသိလိုက် မသိဘာသာဖြင့် မြှင့်တင်လေ့ရှိသော စိတ်ကြွဆေးလိုပင်။ သူ၏ နောက်မှ အကဲဖြတ်ခံရသော သင်တန်းသားများအားလုံးသည် အလွန် အာရုံစိုက်ထားကြ၏။ သို့သော် ထိုလူများ၏ အရည်အချင်း အဆင့်များသည် အတက်အကျများနေသည်။


အဆင့် B ဆယ်ယောက်ပြီးသည့်နောက်တွင် စင်တာနေရာအတွက် အကောင်းဆုံး သင်တန်းသားဟု တွေးခံထားရသော စုန့်ကျယ်သည် စင်ပေါ်သို့ တက်သွား၏။


လုရွှိနှင့် ယှဉ်ပါက သူ၏ လေ့ကျင့်ရေးကာလမှာ ကြာပြီဖြစ်ကာ အခြေခံအရည်အချင်းသည်လည်း ပို၍ ခိုင်မာသူဖြစ်သည်။


မျှော်လင့်ထားသည့်အတိုင်း သူ၏ အက ဖြစ်စေ၊ အမူအရာများ ဖြစ်စေ စုန့်ကျယ်၏ စံနှုန်းသည် ပရော်ဖက်ရှင်နယ်တစ်ဦး၏ အဆင့်အတန်း ဖြစ်သည်။


လုရွှိကဲ့သို့ပင် ကျိရှိုးနျန်မှ ရလဒ်အား "A" ဟု ကြေညာသောအခါ လူတိုင်း အာမခံထားသော အရာ အဖြစ် မှတ်ယူခဲ့ကြသည်။


"နတ်ဘုရားတွေကတော့ နတ်ဘုရားတွေပဲ၊ သူတို့ရဲ့ အကနဲ့ ငါ့ အက က တူတောင် မတူဘူးလို့ ခံစားရတယ်"


"သူက BTT ရဲ့ ခေါင်းဆောင်၊ သူ တော်တာ ပုံမှန်ပဲ"


"ငါ ရုတ်တရက် အရမ်း သိချင်လာတယ်၊ သူနဲ့ လုရွှိ ကြားထဲမှာ ဘယ်သူ စင်တာနေရာ ရမလဲ မသိဘူး"


စုန့်ကျယ်သည် ဒိုင်များအား ကျေးဇူးတင်ပြီး သူ၏ နာမည်တံဆိပ် အသစ်အားယူကာ အဆင့် A အပိုင်း ဆီသို့ လျှောက်သွားလေသည်။ သူသည် ဆွေးနွေးသံများအား သဘာဝအတိုင်း ကြားနေရသည်။


လုရွှိသည် အဆင့် A အပိုင်းတွင် သူ့အား တည်ငြိမ်စွာ စောင့်ဆိုင်းနေသည်ကို မြင်သောအခါ စုန့်ကျယ်၏ စိတ်ခံစားချက်များမှာ အနည်းငယ် ရှုပ်ထွေးနေသည်။ ဤမတိုင်မီက စင်တာနေရာသည် သူ့အတွက်သာ ဖြစ်သည်ဟု သူ ခံစားနေရဆဲ ဖြစ်သော်လည်း လုရွှိ၏ ဖျော်ဖြေမှုအား မြင်ပြီးနောက် စုန့်ကျယ်သည် ရုတ်တရက် မသေမချာ ဖြစ်သွားရ၏။


လုရွှိ၏ အကသည် သူ့ထက် အများကြီး ပိုကောင်းသည်ဟု ပြောခြင်းသည် မမှန်ကန်ပေ။ သို့သော် အကသည် လှုပ်ရှားမှုများအကြောင်းသာ မဟုတ်ဘဲ ပရိသတ်တွင် ဖြစ်ပေါ်စေသော လေထုနှင့် စိတ်ခံစားမှုများအကြောင်း ဖြစ်သည်။ စင်ပေါ်၌ လုရွှိ၏ ဆွဲဆောင်မှုမှာ ထင်ရှား၏။ သူသည် စင်ပေါ်တွင် ရှိနေရန် မွေးဖွားလာသူ ကဲ့သို့ပင်။


ဤပဋိပက္ခဖြစ်သော စိတ်ခံစားမှုများဖြင့် စုန့်ကျယ်သည် အဆင့် A အပိုင်းဆီသို့ လျှောက်သွားလေသည်။ လုရွှိ သူ့အား နွေးထွေးစွာ ပြုံးပြနေသည်ကို မြင်သောအခါ သူသည် ထပ်မတွေးတော့ရန် သူ့ကိုယ်သူ ပြောလိုက်သည်။


သူ အကောင်းဆုံး ကြိုးစားပြီး ကျန်သည့်အပိုင်းအား ဘုရားသခင်၏ အလိုတော်အတိုင်း ထားလိုက်ပါက သိပ် စိုးရိမ်ပူပန်ရန် မလိုအပ်တော့ပေ။ 


၎င်းတို့နှစ်ဦးသည် အဆင့် A တွင် ဘေးချင်းကပ် ရပ်နေပြီး ကျန်ရှိသော အကဲဖြတ်မှုများအား တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။


ဤသင်တန်းသားများသည် နိုင်ငံလုံးဆိုင်ရာ စီမံခန့်ခွဲမှု အေဂျင်စီများမှ စေလွှတ်ခြင်း ခံရသူများ ဖြစ်ကြသောကြောင့် ၎င်းတို့၏ စွမ်းရည်များသည် မဆိုးပေ။ သို့သော် နှိုင်းယှဥ်မှု ရှိသည့်နေရာတွင် အားနည်းချက်များ ပြသလာမည်ဖြစ်၏။ အထူးသဖြင့် လုရွှိနှင့် စုန့်ကျယ် ကဲ့သို့ အထူး အဆင့် A ပြိုင်ပွဲဝင်များ ရှိနေသောကြောင့် နောက်မှ လာသော သင်တန်းသားများအတွက် ထင်ပေါ်ရန် ခက်ခဲပေလိမ့်မည်။


အစီအစဥ်အရ များစွာပြောင်းလဲခြင်း မရှိခဲ့ပေ။ 


လုရွှိ နှင့် BTT အဖွဲ့ဝင် ၅ ဦးမှာ အဆင့် A သို့ ဝင်ရောက်ခြင်းအား မည်သူမျှ အံ့ဩခြင်း မရှိပေ။


အဆင့် A တွင် နေရာတစ်ခုသာ ကျန်တော့သည်ကို မြင်သောအခါ သူတို့၏ အကဲဖြတ်မှုအား မလုပ်ရသေးသော သင်တန်းသားများသည် သူတို့၏ ခွန်အားများ အားလုံးကို ထုတ်သုံးကြတော့သည်။


လုရွှိသည်

အကဲဖြတ်မှုများအား စိတ်မဝင်စားပေ။ သူသည် ရိုက်ကူးရေး ပြီးဆုံးသည်အထိ ပျင်းရိစွာ ရပ်နေရုံသာ ဖြစ်သည်။


~~~