95.1
Viewers 3k

ငါ့ထံပါးမှာ ဒူးထောက်ဝပ်စင်းလော့ : စွန့်ပစ်ခံ နှလုံးသား


ဆုန်ကျူယောင်သည် သေဆုံးသွားပြီး ကမ္ဘာအတုထဲကနေ ပြန်လည်နိုးထလာချိန်မှာတော့... သူမ​၏ဘဝတစ်ခုလုံးဟာ တစ်ပါးသူများ နောက်ကွယ်ကနေ ကြိုးကိုင်ထိန်းချုပ်ထားသည့် လက်တွေ့ဘဝရုပ်သံအစီအစဉ်တစ်ခုသာ ဖြစ်ခဲ့မှန်း သိလိုက်ရတော့သည်။ ကြည့်ရှုသူ ပရိသတ်ပေါင်း ဘီလီယံခန့်က ထိုတိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်နေပြီး သူမ​၏ဘဝကို လက်ညှိုးထိုး လှောင်ပြောင် သရော်ခဲ့ကြသလို၊ ဒါရိုက်တာအဖွဲ့ကလည်း သူမကို နွံထဲကမတက်နိုင်အောင် နည်းမျိုးစုံနှင့် အခက်အခဲ အကျပ်အတည်းများ ဖန်တီးကာ ထိုးနှက်ခဲ့ကြသည်။


သို့သော်... ယခုတစ်ကြိမ်မှာတော့ ဆုန်ကျူယောင်ဟာ တစ်ကျော့ပြန် ပြန်လည်မွေးဖွားလာခဲ့သည်။ ဤတစ်ကြိမ်မှာတော့ သူမ​၏ မှတ်ဉာဏ်များကို မည်သူမှ ပိတ်ပင်ထားနိုင်ခြင်း မရှိတော့ပေ။ 


ဤသည်မှာ ရူးသွပ်ဆန်းပြားလွန်းသည့် ကမ္ဘာကြီးတစ်ခုပင်။ လူသားများဟာ ကိုယ့်ဘဝကိုယ် စိတ်မကျေနပ်ဘဲ ငြီးငွေ့နေကြပြီး ဘယ်လို ဖျော်ဖြေရေးမျိုးကိုမဆို စိတ်ဝင်စားမှု ကုန်ခမ်းနေကြတာကြောင့် မိမိတို့​၏ စိတ်ခံစားချက်များ နိုးကြွလာစေဖို့အတွက် နည်းလမ်းမျိုးစုံဖြင့် ရင်ခုန်စိတ်လှုပ်ရှားစရာများ လိုက်လံရှာဖွေရသည့်အဆင့်သို့ ရောက်ရှိခဲ့ကြသည်။ သို့သော် နောက်ပိုင်းမှာတော့ ၎င်းတို့အားလုံး အဖိုးတန်ရတနာတစ်ပါးကို ရှာဖွေတွေ့ရှိသွားကြသည်။ သူမဟာ အရာရာ ပြည့်စုံလွန်းလှသူဖြစ်သောကြောင့် ၎င်းတို့အားလုံး သူမကို လက်ဖဝါးပေါ်တင်ပြီး အမြတ်တနိုး အသည်းအသန် ချစ်ခင်မြတ်နိုးလာကြရုံတင်မကဘဲ... နောက်ဆုံးမှာတော့ နတ်ဘုရားမတစ်ပါးကဲ့သို့ သတ်မှတ်ပြီး ရူးသွပ်စွာ ကိုးကွယ်ဆည်းကပ်သည့်အထိ ဖြစ်သွားကြသည်။


-------



လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ခုနှစ်ဆယ်ခန့်က တခြားကမ္ဘာတစ်ခုရဲ့ ကပ်ဘေးကနေ သီသီလေး လွတ်မြောက်လာခဲ့တဲ့ လူသားတွေဟာ ကမ္ဘာသစ်ဆီကို ခြေချခိုလှုံခဲ့ကြသတဲ့။ အဲဒီနောက်မှာတော့ သူတို့ဟာ ဒီမြေရိုင်းရဲ့ အရှင်သခင်တွေဖြစ်ပြီး စိတ်ခံစားချက်မဲ့လွန်းလှတဲ့ မသေမျိုး အရှင်သခင်တွေကို ခစားပါ့မယ်လို့ သစ္စာပန်ခဲ့ကြတယ်။ ခံစားချက်ဆိုတာ ဘာလဲလို့ သိချင်မိတဲ့ အရှင်သခင်ဟာ... လူသားမိန်းကလေးတစ်ဦးရဲ့ သွေးတစ်စက်ကို သူရဲ့ ဖန်သားပမာ ကြည်လင်လှတဲ့ နှလုံးသားအိမ်နှင့် တိတ်တဆိတ် ထိတွေ့စေခဲ့တယ်။ အဲဒီသွေးတစ်စက်ကြောင့် အေးစက်လှတဲ့ အရှင်သခင်ဟာ ချစ်ခြင်းမေတ္တာရဲ့ အရသာနဲ့ တပ်မက်ခြင်း အလွမ်းတရားတွေကို သင်ယူတတ်မြောက်သွားခဲ့ရတယ်။


အဲဒီနေ့ကစလို့ လူမျိုးစုနှစ်ခုကြားမှာ ဘယ်တော့မှ ဖြတ်တောက်လို့မရတဲ့ ထာဝရနှောင်ကြိုးကြီး ဆောက်တည်မိသွားခဲ့တာပေါ့။ အရှင်သခင်တိုင်းမှာ ကံကြမ္မာက ဖန်ဆင်းပေးထားတဲ့ လူသားဖူးစာဖက်တစ်ဦးစီ ရှိလာခဲ့ကြတယ်။ အဲဒီဖူးစာဖက်နဲ့ မဆုံတွေ့ခင်အထိတော့ သူတို့ဟာ အေးစက်မြဲ အေးစက်နေဆဲဖြစ်ပေမယ့်၊ ကံကြမ္မာရဲ့ အလှည့်အပြောင်းမှာ ဖူးစာဖက်နဲ့သာ ဆုံတွေ့လိုက်ရရင်တော့... အရာအားလုံးဟာ ကမောက်ကမ ပြောင်းလဲကုန်ပြီး ထိုလူသားရဲ့ ပျော်ရွှင်ခြင်း၊ နာကျင်ခြင်း ဝေဒနာဟူသမျှကို ကိုယ်တိုင် ခံစားရသလို ထပ်တူထပ်မျှ ခံစားရတော့တာပါပဲ။


သို့သော်လည်း... ဆန်းကြယ်လှတဲ့ ခေတ်တစ်ခေတ်ရဲ့ ရာဇဝင်အကွေ့မှာတော့ အရှင်သခင်တစ်ပါးဟာ သူ့ရဲ့ နှလုံးသားကို ကိုယ်တိုင်ပဲ စွန့်ပစ်ခဲ့မိလေရဲ့။ အရှင်သခင်ရဲ့ စိတ်အာသီသတွေ အမှန်တကယ်ပဲ လွတ်မြောက်ရာလမ်းကို ရှာတွေ့သွားမှာလား... ဒါမှမဟုတ် ကံကြမ္မာရဲ့ ကျော့ကွင်းထဲမှာပဲ ရုန်းမထွက်နိုင်တဲ့ သားကောင်တစ်ကောင်လို ထာဝရ ပိတ်မိနေတော့မှာလား...။


https://www.mmstoryteller.com/novel-610