အခန်း (၆) နက်ရှိုင်းသော ချစ်ခြင်းနှင့် သစ္စာတရား
Viewers 11

လူတစ်ယောက် အသတ်ခံလိုက်ရပြီ။


ထိုသူမှာ ကိုယ်ခံပညာရှင်တစ်ဦး ဖြစ်သည်။


၎င်းမှာ အမတ တိမ်လွှာ၏ နံပါတ်တစ် ကိုယ်ခံပညာဂိုဏ်းဖြစ်သော ထျန်းယွမ်မှ ပညာရှင်တစ်ဦး ဖြစ်၏။


လူမိုက်နှစ်ယောက်၏ သေဆုံးမှုမှာ လူတိုင်း၏စိတ်ထဲမှ မသိမသာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ 


အကြောင်းမှာ ထန်ကူ ဟူသော ထိုပုဂ္ဂိုလ်နှင့် ယှဉ်လျှင် နျူအာ နှင့် ရွမ်စန်း တို့မှာ အရေးမပါလှဘဲ ကြီးကျယ်ခမ်းနားသော ပန်းတစ်ပွင့် ကြွေလွင့်သွားစေရန် ဖြည့်စွက်ပေးရသော နောက်ခံလူများသာ ဖြစ်သောကြောင့်။



မှင်ကဲ့သို့ နက်မှောင်သော သံမဏိဓားရှည်သည် ဓားအိမ်ထဲသို့ ပြန်လည်ဝင်ရောက်သွားကာ ကြည်လင်ပြတ်သားသော အသံကို ဖြစ်ပေါ်

စေသည်။ 


ထိုအသံသည် တုန်လှုပ်ခြောက်ခြားပြီး အသက်ရှူရပ်မတတ် ဖြစ်နေသော လူအုပ်ကြီးကို နိုးကြားလာစေသည်။ 


မိုးထဲရေထဲတွင် ရပ်နေသည့် အစိမ်းနုရောင်ဝတ်စုံနှင့် ပါးလျသော ပုံရိပ်လေးကို လူတိုင်းက ရုတ်တရက် ငေးကြည့်မိကြပြီး သူတို့၏ ရင်ထဲတွင် လှိုင်းလုံးကြီးများ တလိမ့်လိမ့် တက်လာသကဲ့သို့ ခံစားလိုက်ရ၏။


အစကို လူအများ ခန့်မှန်းနိုင်သော်လည်း အဆုံးသတ်ကိုမူ မည်သူမျှ မတွေးမိခဲ့ကြချေ။ 


လူအုပ်ကြီး၏ အံ့သြတကြီး အသက်ရှူသံများသည် ရွာကျနေသော မိုးသံများအောက်တွင် နစ်မြုပ်သွားခဲ့သည်။


အစပိုင်းတွင် လင်းမိသားစုမှ သခင်မလေးသည် ယခုတစ်ကြိမ်၌ မလွဲမသွေ ဒုက္ခရောက်တော့မည်ဟု ထင်ခဲ့ကြသော်လည်း နောက်မှသာ လင်းရွှယ်သည် တိတ်တဆိတ် ပုန်းအောင်းနေခဲ့ကြောင်း သိကြရသည်။ 


ထို့နောက် ကျန်အဘိုးအိုနှင့် ဝူမိသားစုရွာသူကြီးတို့၏ မိသားစုများ ဒုက္ခရောက်တော့မည်ဟု ထင်နေစဉ်တွင် ကြောက်ရွံ့ပြီး ပုန်းနေသင့်သည့် လင်းရွှယ်က ထွက်ပေါ်လာခဲ့ခြင်း။


သူမ၏ နောက်ဆက်တွဲ လုပ်ရပ်များမှာ ပို၍ပင် မှင်သက်ဖွယ် ကောင်းလှ၏။ 


ခြေတစ်ချက် ကန်လိုက်ရုံဖြင့် သန်မာထွားကြိုင်းသော နျူအာကို လွင့်ထွက်သွားစေခဲ့ပြီး ဓားဆွဲထုတ်လိုက်သည့် တစ်ခဏအတွင်း၌ပင် အမတပညာရှင်ကို သတ်ဖြတ်လိုက်နိုင်ခဲ့လေပြီ။


ဓားတစ်ချက်တည်း၊ အမှန်တကယ်ပင် ဓားတစ်ချက်တည်းသာ။


ထန်ကူသည် အမတနယ်ပယ်မှ ပညာရှင်တစ်ဦး ဖြစ်နေပြီဆိုလျှင်၊ ထိုပညာရှင်ကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သော လင်းမိသားစုသခင်မလေးမှာ မည်သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်နေသနည်း။ 


နတ်ဘုရားမလား၊ ဒါမှမဟုတ် ဖီးနစ်ငှက်လား။


လယ်ယာသုံး ကိရိယာများကို ကိုင်ဆောင်ထားသော ရွာသားများသည် ထိုနေရာတွင်ပင် ကြောင်တောင်တောင် ရပ်နေကြ၏။


ထန်ကူကို လင်ရွှယ် သတ်ဖြတ်လိုက်သည်ကို မြင်ပြီး သွေးများ ဆူပွက်နေသော ဝူသာ့ကျူ ပင်လျှင် အလွန်အမင်း တုန်လှုပ်သွားရသဖြင့် စကားမပြောနိုင် ဖြစ်နေရှာသည်။ 


သူ၏ဘေးတွင် ရပ်နေသော ဝူအားဟူကမူ ကွင်းပြင်ထဲတွင် ရပ်နေသည့် ပါးလျသော ပုံရိပ်လေးကို ယခင်ကထက် ပို၍ တောက်ပသော မျက်လုံးများဖြင့် ငေးကြည့်နေမိ၏။


အပျိုဖော်ပင် မဝင်သေးသော သူသည် မိန်းမများကို ကြည့်လျှင် မျက်နှာကို အရင်ကြည့်တတ်ပြီး၊ ထို့နောက် ရင်သားနှင့် တင်ပါးတို့ကိုသာ ကြည့်လေ့ရှိကာ လက်ချောင်းလေးများ၏ နူးညံ့ပျော့ပြောင်းမှုကိုမူ အမြဲလိုလို လျစ်လျူရှုတတ်သူ ဖြစ်သည်။ 


သို့သော် ယခုမူ ကျောက်စိမ်းကဲ့သို့ လှပသော ထိုလက်အစုံ၏ ဆွဲဆောင်မှုကို သူ ရှာဖွေတွေ့ရှိသွားခဲ့ပြီ။ 


သူမ၏ ကြက်သွန်မြိတ်ကဲ့သို့ နုနယ်သော ကျောက်စိမ်းလက်ချောင်းလေးများဖြင့် ဓားကို ထိတွေ့ကာ ဆွဲထုတ်လိုက်၊ ပြန်သိမ်းလိုက်သည့် အခိုက်အတန့် နှစ်ခုလုံးကို သူ အပြတ်အသား မြင်လိုက်ရသည်။ 


မိန်းမတစ်ယောက်၏ နုနယ်သောလက်သည် ဤမျှအထိ အစွမ်းထက်ပြီး အံ့သြဖွယ် ကောင်းလိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့မိဖူးချေ။ 


ယခုအခါ ထိုလက်ကလေးသည် ဓားအိမ်ဘေးတွင် အသာအယာ နားနေသော်လည်း သူမ၏ တစ်ကိုယ်လုံးတွင်မူ အလွန်ထက်မြက်လှသော အရှိန်အဝါများ ဖုံးလွှမ်းနေလေသည်။


ဝူဟုန်ရှင်းကမူ လင်းရွှယ်၏ ရဲရင့်သော ဟန်ပန်ကို တစ်ချက်မျှသာ ကြည့်ပြီး နောက်ထပ် ဘာမှ ဆက်မတွေးတော့ပေ။ 


အသက် ၄၀ ကျော်ပြီဖြစ်သော သူသည် လှပသော အမျိုးသမီးတစ်ဦးက ဓားဆွဲထုတ်ကာ သတ်ဖြတ်ခြင်းကို တစ်ခါမျှ မမြင်ဖူးသော်လည်း လောကဓံကို ကျေညက်ပြီးသား လူတစ်ယောက် ဖြစ်သည်။ 


ထို့ကြောင့် တုန်လှုပ်သွားသော်လည်း ပျာယာမခတ်သွားချေ။ 


သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အဝေးတွင် သွေးအိုင်ထဲ၌ လဲနေသော လူသုံးယောက်ကို မေးငေါ့ပြလိုက်၏။


သူ၏ လက်အောက်ငယ်သားများက ချက်ချင်းပင် နားလည်သွားကြပြီး အလောင်းများကို ဖယ်ရှားရန် ရှေ့သို့ တိုးလာကြသည်။ 


သို့သော် ထိုသူသုံးဦး၏ ရင်ဘတ်မှ ဓားဒဏ်ရာများကို မြင်လိုက်ရသောအခါ အလောင်းထမ်းမည့် လက်များမှာ တုန်ယင်သွားရပြီး လင်းရွှယ်ကို ကြောက်လန့်တကြား လှမ်းကြည့်မိကြတော့သည်။


မိမိ၏ ငယ်သားများ အလောင်းဖယ်ရှားသည့် အလုပ်ကို မလုပ်နိုင်မည်ကို ဝူဟုန်ရှင်း မစိုးရိမ်

ပေ။ 


သူ၏လူများသည် ကြီးကျယ်သော အမှုကိစ္စများကို မလုပ်ဆောင်နိုင်သော်လည်း ဤကဲ့သို့သော ကိစ္စအသေးအမွှားများကိုမူ ကောင်းစွာ ကိုင်တွယ်နိုင်စွမ်း ရှိကြသည်။ 


သူ၏ ခေါင်းမာသောသား ပြောသကဲ့သို့ပင် ဆင်းရဲသော တောင်တန်းနှင့် ခက်ထန်သော ရေမြေသည် ပါးနပ်သော လူများကို မွေးထုတ်ပေးတတ်သည်။ 


ဆယ်စုနှစ်များစွာအတွင်း အိမ်နီးချင်းရွာများနှင့် အငြင်းပွားမှုများ၊ တိုက်ခိုက်မှုများစွာ ရှိခဲ့ဖူးရာ သူတို့သည် ဤကိစ္စများတွင် ကျွမ်းကျင်ပြီးသား ဖြစ်သည်။


ခေတ္တအကြာတွင် အလောင်းရှာဖွေရန် တာဝန်ယူထားသော ငယ်သားတစ်ယောက်သည် ငွေရောင် တောက်ပနေသော လက်စွပ်တစ်ကွင်းကို ဝူဟုန်ရှင်းထံ ယူဆောင်လာခဲ့၏။


ဝူဟုန်ရှင်း၏ မျက်လုံးများ တစ်ချက်မျှ လှုပ်

ခတ်သွားပြီးမှ ၎င်းကို ယူလိုက်သည်။ 


သူသည် ချောင်းတစ်ချက် ဟန့်လိုက်ပြီး မိမိ၏ ချွေးမလောင်းဟု တစ်ချိန်က သတ်မှတ်ခဲ့ဖူးသော အမျိုးသမီးငယ်ကို ကြည့်ကာ စကားလုံးများကို ဂရုတစိုက် ရွေးချယ်ပြောဆိုလိုက်သည်။


"သခင်မလေးလင်း၊ ဒါက ထန်ကူရဲ့ ကိုယ်ပေါ်ကနေ ရှာတွေ့ခဲ့တာပါ"


"ဒါဟာ လောကထဲမှာ လူပြောများကြတဲ့ အစီအရင်လက်စွပ်ဆိုတဲ့ နတ်ဘုရားပစ္စည်း ဖြစ်ပုံရပါတယ်"


"ဒါက မူလက ထန်ကူ ပိုင်ဆိုင်တာ ဖြစ်ပေမယ့် အခုတော့ သမီးက သူ့ကို သတ်လိုက်ပြီဆိုတော့ ဒါဟာ သမီးနဲ့ပဲ ထိုက်တန်ပါတယ်"


"မဟုတ်ရင် ကျွန်တော်တို့မှာ ဒါကို ယူရဲတဲ့ သတ္တိရော၊ စွမ်းရည်ရော မရှိပါဘူး"


မနေ့ကသာဆိုလျှင် ဤလှပသော မိန်းကလေးအား "အရှင်" သို့မဟုတ် "သခင်မလေး" ဟု ရိုရိုသေသေ ခေါ်ဆိုရလိမ့်မည်ဟု သူ ဘယ်သောအခါမှ စိတ်ကူးယဉ်ဖူးမည် မဟုတ်သလို၊ စကားတစ်လုံးမှားမည်ကို စိုးရိမ်ပြီး ဤမျှအထိ သတိထား ပြောဆိုရလိမ့်မည်ဟုလည်း မထင်ခဲ့မိပေ။ 


ယနေ့ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် သူ၏ စိတ်ကူးထက် များစွာ ကျော်လွန်နေသဖြင့် အခုထိပင် စိတ်ကို ပြန်မစုစည်းနိုင်သေးချေ။


လင်းရွှယ်သည် ခေတ္တမျှတွေဝေသွားသော်လည်း နောက်ဆုံးတွင် ဝူဟုန်ရှင်း ရိုရိုသေသေ ကမ်းပေးသော လက်စွပ်ကို လက်ခံလိုက်၏။


ဝေါလုံရွာတွင် နေထိုင်ခဲ့သည့် နှစ်နှစ်တာအတွင်း အသက် ၅၀ ကျော် အဘိုးအိုတစ်ဦးထံမှ ဤကဲ့သို့သော ရိုသေမှုကို တစ်ခါမျှ မရရှိခဲ့ဖူးသဖြင့် သူမ အနည်းငယ် မနေတတ်မထိုင်တတ် ဖြစ်သွားရသည်။ 


သို့သော်လည်း သူမသည် ဤအခြေအနေကြောင့် လောကကြီး၏ အေးစက်မှုကို စိတ်နာကာ ဝမ်းနည်းပူဆွေးမနေခဲ့ပေ။


လောကကြီးတွင် လူများစွာ အလုပ်ရှုပ်နေကြခြင်းမှာ အကျိုးအမြတ်အတွက် မဟုတ်ပါလား။ 


အသက်ရှင်နေခြင်းသည်ပင် အကျိုးအမြတ်အတွက် ဖြစ်ပြီး ကြီးမားသော အမြတ်အစွန်းပင် ဖြစ်သည်။ 


ဓားတစ်ချက်တည်းဖြင့် လူတစ်ယောက်၏ အသက်ကို ဆုံးဖြတ်နိုင်စွမ်းရှိသူ ရှေ့တွင် မည်သူကများ တည်ငြိမ်ပြီး မကြောက်မရွံ့ နေနိုင်မည်

နည်း။ 


ဝူဟုန်ရှင်း မလုပ်နိုင်သလို သူမကိုယ်တိုင်လည်း လုပ်နိုင်မည် မဟုတ်ချေ။ 


ထို့ပြင် ဤပြဿနာကို သူမကိုယ်တိုင် ယူဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း သတိရမိသဖြင့် သူမ စိတ်မကောင်း ဖြစ်သွားရသည်။


သူမက "ရွာသူကြီးဝူ... ဒီလောက်ထိ ယဉ်ကျေးနေစရာ မလိုပါဘူး"


"ကျွန်မကို လင်းရွှယ်လို့ပဲ ဆက်ခေါ်ပါ။ 'သခင်မလေး' လို့ ခေါ်နေတာက ကျွန်မကို မနေတတ်အောင် ဖြစ်စေသလို စိတ်တောင် မလုံဖြစ်မိပါတယ်"


"ဒီနေ့ ကျွန်မကြောင့် ရွာမှာ ပြဿနာတွေ အများကြီး ဖြစ်ခဲ့ရတာတောင် ရွာသူရွာသားတွေကို တောင်းပန်ဖို့ အခွင့်မသာသေးဘူး"


"အခုလို 'သခင်မလေး' ဆိုတဲ့ ဘွဲ့ကို လက်ခံဖို့ ကျွန်မမှာ တကယ်ပဲ မျက်နှာမရှိပါဘူး" ဟု ဆိုလိုက်သည်။


ဝူဟုန်ရှင်းသည် လင်းရွှယ်၏ စကားကို ကြားသောအခါ အနည်းငယ် ငြိမ်ကျသွားသည်။ 


လင်းရွှယ်၏ စကားထဲတွင် စစ်မှန်သော စိတ်ရင်းကို သူ ခံစားလိုက်ရပြီး သူ၏ မျက်ဝန်းထောင့်မှ အရေးအကြောင်းများမှာလည်း ပျော့ပျောင်းသွားခဲ့သည်။ 


သူသည် ရာထူးဂုဏ်ရှိန် တက်လာသည်နှင့် တစ်ရွာလုံးကို ကျောခိုင်းသွားကြသည့် ကျေးဇူးကန်းသော လူပေါင်းများစွာကို မြင်ဖူးခဲ့၏။


ထိုသို့ လုပ်ဆောင်ရာတွင် မိန်းမများက ယောက်ျားများထက် ပို၍ ပြတ်သားတတ်ကြသည်။ 


လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုက ရွာမှ လှပနုနယ်သော ယူမိန်ဟူသော မိန်းကလေးသည် လမ်းကြုံဝင်လာသည့် သူဌေးကြီးတစ်ဦး၏ သဘောကျခြင်းကို ခံရပြီးနောက် လုံးဝ ပြောင်းလဲသွားခဲ့သည်။ 


ထိုမိန်းကလေး ရွာမှ ထွက်ခွာသွားစဉ်က ဤမြေရိုင်းအပေါ် ထားရှိခဲ့သော အထင်အမြင်သေးသည့် အကြည့်များကို သူ ကောင်းစွာ မှတ်မိနေသေးသည်။ 


ထိုစဉ်က သူသည် ရွာအဝင်ဝတွင် ရပ်ကာ ပြုံးလျက် ကြည့်နေခဲ့သော်လည်း နောက်သို့ တစ်ချက်ပင် လှည့်မကြည့်ဘဲ ထွက်သွားသော ထိုမိန်းကလေးကို ကြည့်ရင်း ရင်ထဲတွင် လှံဖြင့် အထိုးခံရသကဲ့သို့ ခံစားခဲ့ရဖူးသည်။ 


ယခုမူ ထိုမိန်းကလေးထက် အဆပေါင်းများစွာ သာလွန်သော လင်းမိသားစု သခင်မလေးကို ကြည့်ရင်း သူ မချိတင်ကဲ သက်ပြင်းချမိတော့သည်။


သူက "ရှောင်းရွှယ်... ရွာအတွက် စိတ်မပူပါနဲ့၊ ငါ့ရဲ့ ခေါင်းမာတဲ့ သားပြောတာ မှန်ပါတယ်"


"ကောင်းကင်ဘုံကတောင် ဝေါလုံရွာကို မဖျက်ဆီးနိုင်ဘူးဆိုရင် ထျန်းယွမ်ကျောင်းက ဘာမှ မဟုတ်ပါဘူး"


"ထန်ကူလို အချောင်သမား လူမိုက်ကို သတ်

လိုက်တာ ကောင်းပါတယ်"


"ဓားတစ်ချက်က တစ်သက်စာ နာကျည်းမှုကို ငြိမ်းစေသလို သူရဲကောင်းတစ်ယောက်ရဲ့ သတ္တိကိုလည်း ပြလိုက်တာပဲ"


"ငါတို့ရွာကို စရောက်တုန်းက နုနုနယ်နယ် ရှိလှတဲ့ သခင်မလေးက အခုလို လုပ်နိုင်လိမ့်မယ်လို့ ထင်စရာတောင် မရှိဘူး"


"သာ့ကျူကတော့ သမီးကို နောင်တစ်ချိန်မှာ ကြီးကျယ်တဲ့သူ ဖြစ်လာလိမ့်မယ်လို့ အမြဲပြောနေတာ၊ အဲဒါကို ငါက မယုံခဲ့ဘူး"


"အခုကြည့်ရတာ ငါ့မျက်စိတွေက တကယ်ပဲ မှုန်နေခဲ့ပြီ"


"ငါ့ရဲ့ အကဲဖြတ်မှုက လူငယ်တွေလောက် မထက်မြက်တော့ဘူးပဲ" ဟု ဆိုသည်။


လင်းရွှယ်သည် ခပ်ဖျော့ဖျော့သာ ပြုံးလိုက်ပြီး ဝူဟုန်ရှင်း၏ စကားကို ပြန်မဖြေခဲ့ချေ။


မိုးကတော့ ဆက်ရွာနေဆဲ ဖြစ်သည်။ 


ဝူဟုန်ရှင်းသည် လင်းရွှယ်၏ စိုရွှဲနေသော အဝတ်အစားများနှင့် ဖြူဖျော့ပြီး အားနည်းနေပုံရသော သူမ၏ မျက်နှာကို ကြည့်ကာ ယဉ်ကျေးသော စကားအချို့ ပြောကြားပြီးနောက် ရွာသားများကို စိုးရိမ်စရာ မရှိတော့ကြောင်းနှင့် လင်းရွှယ်ကို အနားယူခွင့်ပေးရန် ပြောကာ လူစုခွဲပေးလိုက်သည်။ 


ကြောက်စိတ်မပြေသေးသော ရွာသားများသည် ဝူဟုန်ရှင်း၏ စကားကို ကြားမှ သတိဝင်လာကြပြီး လူစုခွဲသွားကြတော့သည်။ 


သို့သော် လူအများစုမှာ မသွားခင် လးင်ရွှယ်ကို ပြန်လှည့်ကြည့်မိကြ၏။


လွန်ခဲ့သော သုံးနှစ်က ဇိမ်ခံရထားလုံးကြီးဖြင့် ဝေါလုံရွာ၏ အေးချမ်းသော ဘဝထဲသို့ တိတ်တဆိတ် ရောက်ရှိလာခဲ့သော ဤမိန်းကလေးကို ယခုမှပင် ပထမဆုံးအကြိမ် မြင်ဖူးသကဲ့သို့ ငေးကြည့်နေကြခြင်း ဖြစ်သည်။


ဝူမိသားစု ညီအစ်ကို နှစ်ယောက်လည်း ထွက်ခွာရန် ပြင်ဆင်နေကြသည်။ 


သူတို့သည် ပြန်တော့မည့် လင်ရွှယ်နှင့် ဆုံကြ၏။ 


သူမသည် မိုးရေထဲတွင် စိုရွှဲနေသော်လည်း သူမ၏ လှပသော ကိုယ်ဟန်မှာ ထင်ရှားနေပြီး နုနယ်ဆွဲဆောင်မှု ရှိနေသည်။ 


သို့သော် သတ်ဖြတ်နိုင်သော အရှိန်အဝါကြောင့် သူမသည် အိတ်ထဲမှ ဆွဲထုတ်လိုက်သော ထက်မြက်လှသည့် ဓားတစ်စင်းကဲ့သို့ တောက်ပနေ၏။ 


ဝူသာ့ကျူသည် စကားပြောချင်သော်လည်း ချစ်မြတ်နိုးရသော အမျိုးသမီးရှေ့တွင် အလွန်ရင်ခုန်နေသဖြင့် စကားတစ်လုံးမှ ထွက်မလာခဲ့ပေ။ 


အထူးသဖြင့် နျူအာရှေ့တွင် မိမိ၏ အစွမ်းမရှိမှုကို ပြန်တွေးမိသောအခါ သူ ရှက်လွန်းသဖြင့် မြေကြီးထဲသာ ငုပ်လျှိုးသွားချင်စိတ် ပေါက်နေမိပြီ။


ဝေါလုံရွာမှ ယောက်ျားများသည် အမြဲတမ်း မာန်တက်တတ်ကြသူများ ဖြစ်ရာ မိန်းမတစ်ယောက်၏ ကာကွယ်မှုကို ခံယူလိုက်ရခြင်းမှာ သူတို့အတွက် အလွန် အရှက်ရစရာပင်။ 


ထိုသို့ တွေးမိသည်နှင့် သူ ပြောချင်နေသော စကားများမှာ ပျောက်ဆုံးသွားပြီး သူ၏ ပြတ်သားသော အရှိန်အဝါများလည်း လုံးဝ ပျက်ပြယ်သွားခဲ့သည်။


ဝူအားဟူကမူ ရိုးသားသူ ဖြစ်သဖြင့် လင်ရွှယ်၏ ဓားဆွဲထုတ်သတ်ဖြတ်ပုံကို မေ့ပျောက်သွားပုံရသည်။ 


လင်းရွှယ်ကို ပြန်မြင်ရသောအခါ သူ ဘာမှ အများကြီး မတွေးတော့ဘဲ နတ်သမီးကဲ့သို့ ချောမောသော ဤအစ်မကြီးမှာ အမှန်တကယ်ပင် နတ်သမီးတစ်ပါး ဖြစ်သွားပြီဟုသာ မှတ်ယူလိုက်သည်။ 


သာ့ကျူ၏ တွေဝေနေသော ဟန်ပန်ကို မြင်

သောအခါ သူက မနေနိုင်ဘဲ "အစ်ကို... ကြည့်

စမ်း၊ တကယ်ပဲ သတ္တိမရှိတာပဲ"


"ကျွန်တော်တော့ ဆက်ကြည့်မနေနိုင်တော့ဘူး" ဟု ဆိုလိုက်သည်။


ဝူသာ့ကျူက မျက်စောင်းထိုးကာ "မင်းလို နွားပေါက်လေးက ဘာဝင်ပြောတာလဲ"


"မင်းကပဲ အရည်အချင်းရှိနေတာလား" ဟု ပြန်ဟောက်လိုက်သည်။


လင်းရွှယ်သည် ညီအစ်ကိုနှစ်ယောက် အငြင်းပွားနေသည်ကို ကြည့်ရင်း ရင်ထဲတွင် အလိုလို နွေးထွေးမှုကို ခံစားလိုက်ရ၏။


သို့သော် ခုနက ဓားချက်များကြောင့် သူမ၏ စွမ်းအင်များ ကုန်ခမ်းနေသဖြင့် မျက်နှာမှာ ပို၍ ဖြူဖျော့လာကာ အနိုင်နိုင် ပြုံးပြလိုက်ရင်း...


"အားဟူ... နွားခေါင်းတောင်စွန်းက တောင်စောင်းကြက်ကို ရှင်အရမ်းလိုချင်နေတာ မဟုတ်လား"


"အဲဒီကြက်ကို ရရင် လူတကာကို ကြွားလို့ရတယ်လို့ ပြောဖူးတယ်လေ၊ ရှင်အမြဲမှတ်မိနေပါတယ်"


"အရင်ကတော့ ကျွန်မကအားနည်းလွန်းလို့ ဘာမှ မလုပ်ပေးနိုင်ခဲ့ပေမယ့် အခုတော့ ကျွန်မမှာ အစွမ်းနည်းနည်း ရှိလာပြီ"


"ကျွန်မပြန်ရောက်ရင် ရှင့်အတွက် အဲဒီကြက်

အချို့ကို ဖမ်းပေးမယ်၊ ဒါမှ ရှင်အမာရွတ်နဲ့ တခြားကောင်တွေကို ကြွားလို့ရမှာ"


ဝူအားဟူသည် ခေါင်းကို ကုတ်ရင်း ရှက်သွားရှာသည်။ 


ဤအပူအပင်ကင်းသော နွားပေါက်လေးလို ကလေးသည် တစ်ခါတရံမှသာ မျက်နှာနီတတ်သူဖြစ်ပြီး "အစ်မလင်းရွှယ်... ကျွန်တော်က အဲဒီတုန်းက ဒီအတိုင်း ပြောလိုက်တာပါ၊ အစ်မက တကယ်မှတ်မိနေလိမ့်မယ်လို့ မထင်ထားဘူး" ဟု တိုးတိုးလေး ပြောရှာသည်။


လင်းရွှယ်က ညင်သာစွာ ပြောသည်မှာ "မှတ်မိတာပေါ့"


"မနှစ်က ရွာမှာ မိုးခေါင်တုန်းက ရှင့်အစ်ကိုက အမဲလိုက်ရင် ကျွန်မအတွက်ပါ အပိုနှစ်

ယောက်စာ ရအောင် ရှာပြီး ရှင့်ကို တိတ်တဆိတ် ပို့ခိုင်းခဲ့တာတွေ"


"ပြီးတော့ ကျွန်မလက်သီးတွေမှာ အနံ့ပြင်းတဲ့ ဆေးတွေ လိမ်းနေရတာကို ရှင်တို့ စိုးရိမ်ပြီး မြို့ထဲအထိ သွားကာ နူးညံ့တဲ့ ဆေးတွေ အလှည့်ကျ ဝယ်ပေးခဲ့တာတွေ"


"အသွားအပြန်က မိုင်ပေါင်းများစွာ ဝေးတာတောင် ရှင်တို့ သွားခဲ့ကြတယ်"


"အဲဒီအရာအားလုံးကို ငါ တစ်ခုမှ မမေ့ပါဘူး"


ဝူသာ့ကျူသည် နောက်ဆုံးတွင် မနေနိုင်တော့ဘဲ "လင်းရွှယ်" ဟု ခေါ်လိုက်သည်။


လင်းရွှယ်သည် သူ့ကို ဆက်ပြောခွင့်မပေးဘဲ အနားသို့ တိုးသွားကာ သူ၏ ပုခုံးကို ပုတ်လျက် လေးနက်သော မျက်လုံးများဖြင့် ကြည့်လိုက်၏။


"သာ့ကျူ...ကျွန်မ ရှင့်ကို သံမဏိလို ခိုင်မာတဲ့ အစ်ကိုကောင်း တစ်ယောက်လို သဘောထားပါတယ်"


"လွန်ခဲ့တဲ့ နှစ်နှစ်လုံးလုံး ကျွန်မက လေ့ကျင့်မှုတွေထဲမှာပဲ အာရုံရောက်နေတော့ ရှင်နဲ့ ကောင်းကောင်း စကားမပြောဖြစ်ခဲ့ဘူး"


"နောက်ရက်အနည်းငယ်အတွင်းမှာ ကျွန်မအရာအားလုံးကို ရှင်းလင်းပြီးရင် ရှင်နဲ့အတူ အရက်သောက်ပြီး အမဲသားကင် စားကြမယ်"


"အားလုံး ကုန်အောင် တစ်နေကုန် တစ်ညလုံး စကားတွေ ပြောကြမယ်လေ"


"ရှင် နားလည်မှာပါ၊ ကျွန်မအခု ထန်ကူကို သတ်လိုက်ပြီဆိုတော့ ဝေါလုံရွာမှာ ဆက်နေလို့ မရတော့ဘူး"


"အရက်သောက်ပြီးရင် ကျွန်မ အဘိုးကျန်ကို ခေါ်ပြီး ရွာကနေ ထွက်သွားရမယ်"


"ကျွန်မသာ အသက်ရှင်နေသေးလို့ နောက်နှစ်

အနည်းငယ်မှာ ပြန်လာခဲ့ရင် ရှင့်ရဲ့ ကျေးဇူးတွေကို အကောင်းဆုံး ပြန်ဆပ်ပါ့မယ်"


ဝူသာ့ကျူ၏ မျက်နှာသည် ရှုပ်ထွေးနေပြီး သူ ဆိတ်ဆိတ်သာ နေလိုက်သည်။ 



သူ တစ်စုံတစ်ခုကို ရှင်းပြချင်နေသလို၊ လင်းရွှယ်ကိုလည်း တားချင်နေမိ၏ 


သို့သော် နောက်ဆုံးတွင် ဘာမှ မပြောဖြစ်ခဲ့ပေ။ 


ထောင်ပေါင်းများစွာသော စကားလုံးများကို အပြုံးတစ်ခုဖြင့်သာ အစားထိုးလိုက်ပြီး သူက...


"ကောင်းပြီလေ" ဟုသာ ပြန်ပြောနိုင်ခဲ့တော့သည်။