အခန်း (၃၅) ထိုညှိ့ယူဖမ်းစားတတ်သော အကြည့်
Viewers 2k

ခုနစ်ရက်အကြာ။


နှင်းတောနက်ကြီးထဲရှိ အရှေ့တောင်ဘက်လမ်းကြောင်းတစ်လျှောက်တွင်...


“ဖူး...” 


ကျန်းရှောင်သည် ပါးစပ်ထဲမှ နှင်းအချို့ကို ထွေးထုတ်လိုက်ပြီး သူ၏ကိုယ်ပေါ်မှ ဘီလူးဖြူကို အတင်းတွန်းဖယ်လိုက်သည်။ 


ထိုအချိန်တွင် ဘီလူးဖြူ၏ မျက်နှာပေါ်၌ ထက်မြက်သော ဓားမြှောင်တစ်လက်မှာ စိုက်ဝင်နေဆဲ ဖြစ်သည်။


သေလုမတတ် အတွေ့အကြုံများဖြင့် ပြည့်နှက်နေသော ဤခုနစ်ရက်တာအတွင်း ကျန်းရှောင်၏ လက်ဗလာတိုက်ခိုက်ရေးမှာ အဆင့်ငယ်နှစ်ဆင့်တက်ကာ ကြေးဝါအဆင့် အဆင့် ၈ သို့ ရောက်ရှိသွားရုံသာမက၊ သူအသစ်သင်ယူထားသော ဓားမြှောင်ကျွမ်းကျင်မှုမှာလည်း အဆင့်ငယ်လေးဆင့်အထိ တက်လှမ်းကာ ကြေးဝါ အဆင့် ၅ သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။


ခုနစ်ရက်အတွင်း ရရှိခဲ့သော ဤမျှကြီးမားသည့် အောင်မြင်မှုမှာ အမှန်တကယ်ပင် ဂုဏ်ပြုထိုက်လှပေ၏။


အမှန်စင်စစ် ဤအခြေခံ အတတ်ပညာနှစ်ခု၏ အရည်အသွေးမှာ အတော်လေးနိမ့်ပါးနေသေးပြီး သူသည် အစပြုသူအဆင့်တွင်သာ ရှိနေသေးသောကြောင့် စတင်လိုက်သည်နှင့် အဆင့်တက်နှုန်းမှာ အလွန်မြန်ဆန်နေခြင်း။


ကျန်းရှောင်သည် နှင်းများဖြင့် ဖုံးလွှမ်းနေရင်းမှ တွားသွားကာ ထရပ်လိုက်သည်။ 


သူ၏ခေါင်းထဲတွင် အတွေးကောင်းတစ်ခု ရုတ်တရက်ပေါ်လာသည်။


သူသာ ခွေးတစ်ကောင်လို ကိုယ်ကို ခါချလိုက်နိုင်လျှင် သိပ်ကောင်းမှာပဲဟု။


ခွေးတစ်ကောင်သည် ရေကူးပြီး ကုန်းပေါ်တက်လာသည့်အခါဖြစ်စေ၊ ရေချိုးပြီးသည့်အခါဖြစ်စေ ၎င်း၏ကိုယ်ကို ခါချလေ့ရှိသည်။


ထိုသို့လုပ်ခြင်းက ကိုယ်ပေါ်မှ ရေများကို ဖယ်ရှားပေးရုံသာမက ဘေးနားရှိ လူများကိုလည်း ဒုက္ခအတော်ပေးနိုင်သည်။


လောလောဆယ်တွင် ကျန်းရှောင်သည် ထိုစွမ်းရည်ကို အမှန်တကယ် လိုအပ်နေပြီ။


အဘယ်ကြောင့်ဆိုသော် နှင်းထဲမှ ရုန်းထွက်ရသည်မှာ အလွန်နေရခက်ပြီး၊ အထူးသဖြင့် သူဝတ်ထားသော စုတ်ပြဲနေသည့် စစ်ဖုံဝတ်စုံထဲသို့ နှင်းများဝင်ကာ ခန္ဓာကိုယ်နှင့် ထိမိသည့်အခါ အေးစိမ့်လှသော အအေးဒဏ်ကြောင့် တုန်ရီသွားရသောကြောင့် ဖြစ်သည်။


ကျန်းရှောင်သည် ဘီလူးဖြူ၏ ဦးခေါင်းကို ကျွမ်းကျင်စွာ ဖြတ်ထုတ်လိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်၏။


မှောင်ရီပျိုးစပြုနေသော ကမ္ဘာကြီးထဲတွင် ဓားကြီးတစ်လက်ကို ကိုင်ဆောင်ကာ အဝေး၌ ရပ်နေသော ထိုအမျိုးသမီးမှာ အလွန်ပင် ထင်ရှားပေါ်လွင်နေသည်။


ရှယန်ရဲ့ တကယ့်အလုပ်က စစ်သည်တော်ထက် သစ်ခုတ်သမားဖြစ်ဖို့ ပိုများလိမ့်မယ် ဟု သူ တွေးလိုက်မိသည်။


တောက်လောင်နေသော ဓားအိမ်မှ ထွက်ပေါ်လာသည့် မီးလျှံစက်ဝန်းများသည် ပတ်ဝန်းကျင်ရှိ သစ်ပင်များကို ရူးသွပ်စွာ ဖြတ်တောက်နေပြီး တိုက်ပွဲအတွက် အကောင်းဆုံး ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးနေသည်။


ကျန်းရှောင်သည် သူ၏လက်ယာဘက်လက်ကို ရုတ်တရက် မြှောက်လိုက်ရာ၊ ထိုခဏ၌ပင် နှင်းတောအုပ်နက်ကြီးထဲမှ လူရိပ်ဟောင်းတစ်ခုကလည်း ၎င်း၏လက်ယာဘက်လက်ကို မြှောက်

လိုက်သည်။


အလင်းတန်းနှစ်ခုသည် နှစ်ဖက်စလုံးကို တစ်ပြိုင်နက်တည်း လွှမ်းခြုံသွားသည်။


ရှယန်သည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး အားရကျေနပ်မှုနှင့် စိတ်လှုပ်ရှားမှုတို့ကြောင့် သူမ၏ သွေးစွန်းနေသော နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်သည်။ 


သူမသည် ဓားကြီးကို မြှောက်ကာ ခွန်အားအပြည့်ရှိပုံရသော ဘီလူးဖြူကြီးဆီသို့ ချိန်

ရွယ်လိုက်သည်။


၎င်းတို့နှစ်ဦးမှာ အမှန်တကယ်ပင် စိတ်လက်ပေါ့ပါးနေကြသော်လည်း နောက်ဆုံးတွင် မည်သူက အောင်နိုင်သူဖြစ်မည်ဆိုသည်မှာမူ သူတို့၏ စွမ်းဆောင်ရည်အပေါ်တွင်သာ မူတည်ပေလိမ့်မည်။


ကျန်းရှောင်သည် သူ၏နောက်ဘက်ရှိ ကွက်လပ်ငယ်လေးတွင် ရပ်နေသော ပုံရိပ်ဆီသို့ အကြည့်ရွှေ့လိုက်သည်။ 


သူမ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဟင်းလင်းပြင်လှိုင်းများ ဝန်းရံနေပြီး ကောင်းကင်ုဖြိုခွင်းခြင်း ဟု ခေါ်သော နေရာထဲတွင် အလောင်းအချို့ ရှိနေသည်။


၎င်းတို့၏ အဖော်များ ရုတ်တရက် ပျောက်

ကွယ်သွားမှုကြောင့် ဘီလူးဖြူများ၏ အရှိန်မှာ အနည်းငယ် တုံ့ဆိုင်းသွားသည်။ 


ဟန်ကျန်းရွှယ်သည် ပတ်ဝန်းကျင်ကို တည်ငြိမ်စွာ စောင့်ကြည့်နေပြီး၊ အခွင့်အရေးကို အမိအရဖမ်းကာ သူမနှင့် အနီးဆုံးရှိ ဘီလူးဖြူအချို့ကို လွှင့်ထွက်သွားအောင် လုပ်ဆောင်

လိုက်၏။


သူမက ဒေါသသံအနည်းငယ်ဖြင့် အေးစက်စွာ အော်ပြောလိုက်သည်။


"ရှယန်၊ ဒါက မစ်ရှင်လေ၊ ကစားပွဲမဟုတ်ဘူး"


"စိတ်မရှိပါနဲ့၊ ရှောင်ဖီရဲ့ ကြယ်တာရာအတတ်ပညာက တကယ်ကို ကောင်းလွန်းလို့ ငါ့စိတ်ကို ငါ မထိန်းနိုင်ဖြစ်သွားတာ"


ရှယန်သည် အမြန်ဆုတ်ခွာလာပြီး ဟန်ကျန်းရွှယ်အနီးသို့ ကပ်လာသည်။ 


သူမက စိတ်အားထက်သန်စွာဖြင့်...


"ဒါက...တကယ်ကို...မိုက်...လွန်း...တယ်" ဟု ဟစ်အော်လိုက်သည်။


"စကားကို ဆင်ခြင်ပြောဦး၊ ငါက အသက်မပြည့်သေးဘူး" 


ဟု ရှယန်ထက် အလျင်အမြန် ဟန်ကျန်းရွှယ်ဘက်သို့ ပြန်ရောက်လာသော ကျန်းရှောင်က ပြောလိုက်သည်။ 


သူ၏ ပခုံးထက်တွင် အစိမ်းရောင်အလင်းတန်းများ လွှမ်းခြုံနေပြီး ဘီလူးဖြူတစ်ကောင်ကို ရင်ဆိုင်နေသည်။


ရှယန်က ဟောက်လိုက်သည်။


"စကားမများနဲ့"


"ဒါက ပုံမှန်ထက် ပိုကြမ်းတမ်းနေတယ်" 


ကျန်းရှောင်သည် ဘီလူးဖြူကို လှန်ချလိုက်ပြီး ၎င်း၏ ပခုံးပေါ်၌ နက်လွန်းလှသည်မဟုတ်သော်လည်း မတိမ်လွန်းသော ဒဏ်ရာတစ်ခုကို ထပ်မံပေးလိုက်သည်။ 


ရှယန်သည် ပုံမှန်အားဖြင့် မည်မျှပင် စိတ်မြန်လက်မြန်ရှိပါစေ၊ ယခုကဲ့သို့ ဘယ်တော့မှ မပြုမူတတ်ပေ။


'ငါ သူမကို ကောင်းချီးပေးခြင်း တွေ ပေးတာများသွားလို့လား' ကျန်းရှောင်က တိတ်တဆိတ် တွေးတောမိသည်။


"ငါ သူမကို ဆက်အားကိုးလို့ မရတော့ဘူး၊ ငါ ဒီက ဘီလူးဖြူစုန်းမကို အရင်ရှင်းမှဖြစ်မယ်" 


ဟု ဟန်ကျန်းရွှယ်က သူမဆီသို့ ယိုင်တိယိုင်တိုင်ဖြင့် လျှောက်လာနေသော ကျန်းရှောင်ကို ကြည့်ရင်း ပြောလိုက်သည်။


ကျန်းရှောင်သည် ဟန်ကျန်းရွှယ်၏ ဆုံးဖြတ်ချက်ကို အကြွင်းမဲ့ ယုံကြည်သည်။ 


လွန်ခဲ့သော ခုနစ်ရက်အတွင်း သူမသည် အခြေအနေအရပ်ရပ်ကို အကြိမ်ကြိမ် တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာပြီး ထိန်းချုပ်နိုင်ခဲ့သည်။ 


ထို့ကြောင့် အရည်အချင်းရှိသော ခေါင်းဆောင်တစ်ယောက်မှာ မည်သို့ရှိသင့်သည်ကို ကျန်းရှောင် နားလည်ခဲ့ပြီ။


အမှန်တရားမှာ သူတွေးထားသည့်အတိုင်းပင်။ 


ဘီလူးဖြူစုန်းမကို မသတ်သမျှ ကာလပတ်လုံး ဘီလူးဖြူများသည် အမြဲတမ်း ရဲရဲဝံ့ဝံ့ ရှိနေကြမည်ဖြစ်ပြီး၊ သူတို့နှစ်ဦးမှာ ရူးသွပ်နေသော လှိုင်းလုံးကြီးများကြားတွင် နစ်မြုပ်လုနီးပါးဖြစ်နေသည့် နုနယ်သော လှေငယ်လေးတစ်စင်းကဲ့သို့သာ ရှိနေပေလိမ့်မည်။


"လုပ်လိုက်တော့၊ အရှေ့ကနေလား"


ကျန်းရှောင်က မေးလိုက်သည်။


"ရတယ်၊ အနောက်ကနေ စောင့်ကြည့်ပေး"


ဟု ဟန်ကျန်းရွှယ်က အလျင်အမြန် ပြန်

ဖြေသည်။ 


သူမ၏ ရွှေအဆင့် အရည်အသွေး ကြယ်တာရာ အတတ်ပညာဖြစ်သော ကောင်းကင်ဖြိုခွင်းခြင်း ကို အနီးကပ်အကွာအဝေးမှ ထုတ်လွှတ်နိုင်သည်။ 


သို့သော် ၎င်းကို ငွေအဆင့် အရည်အသွေး ကြယ်တာရာ အတတ်ပညာဖြစ်သော လဟာပြင်လေပြင်း နှင့် ပေါင်းစပ်လိုက်ပါက ထိုစွမ်းရည်နှစ်ခု၏ ပေါင်းစပ်အာနိသင်မှာ နှစ်ဆ တိုးလာမည်။


ကျန်းရှောင်နှင့် ဟန်ကျန်းရွှယ်တို့သည် ကျောချင်းကပ်လိုက်ကြသည်။ 


ကာကွယ်ပေးရန်မှာ သူ၏ အဓိကတာဝန် ဖြစ်လာသောကြောင့် ကျန်းရှောင်သည် ဓားမြှောင်ကို ခြေထောက်ဘေးရှိ ဓားအိမ်ထဲသို့ အမြန်ထည့်

လိုက်ပြီး၊ အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်နေသော သူ၏လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ တိုက်ခိုက်ရန် အသင့်ပြင်နေသည့် ဘီလူးဖြူများကို သတိရှိရှိ ကြည့်ရှုနေလိုက်သည်။


ဟန်ကျန်းရွှယ်သည် ကျန်းရှောင်၏ ကျောကို မှီထားရင်း ခဏမျှ ပထမဆုံးအကြိမ်အဖြစ် ကြည်နူးမှုကို ခံစားလိုက်ရ၏။


သူမအနေဖြင့် ကျန်းရှောင်၏ စွမ်းရည်ကို သိနေသောကြောင့် စိတ်ချလုံခြုံသည်ဟု ခံစားရခြင်းမျိုး မဟုတ်ပေ။ 


သို့သော် ထိုအချိန်တွင် သူမ အမှန်တကယ်ပင် ဝမ်းသာကြည်နူးမိသည်။


လွန်ခဲ့သော လဝက်ခန့်က တစ်စုံတစ်ယောက်ကသာ သူမအား...သူမ၏ နာမည်ပျက်ရှိပြီး အသုံးမကျသော မောင်ဖြစ်သူသည် ဘီလူးဖြူအကောင်ပေါင်းများစွာ၏ ဝိုင်းရံပိတ်ဆို့မှုကြားတွင် သူမကို ကာကွယ်ပေးရန် သူမနောက်၌ ရပ်နေလိမ့်မည်ဟု ပြောခဲ့လျှင်... 


ဟန်ကျန်းရွှယ်သည် ဘယ်သောအခါမှ ယုံကြည်မည်မဟုတ်ပေ။


အကယ်၍ ယခုအချိန်တွင် တစ်စုံတစ်ယောက်က သူမအား...သူမ၏မောင်လေးသည် သူမနောက်ကွယ်၌ ရပ်တည်ရဲရုံသာမက ဘီလူးဖြူအုပ်စုကိုပါ သတ်ပစ်နိုင်လိမ့်မည်ဟု ပြောခဲ့လျှင်ရော သူမ ယုံကြည်နိုင်ပါမည်လား။


ဟန်ကျန်းရွှယ်၏ ကြယ်တာရာမြေပုံမှာ ရေးရေးပေါ်လာပြီး သူမ၏ ကြယ်တာရာစွမ်းအားများသည် အိပ်မက်ဆန်သော နက်ဗျူလာတစ်ခုကဲ့သို့ ကြယ်တာရာမြေပုံတစ်လျှောက် ပြန့်နှံ့သွားသည်။


၎င်းသည် တောက်ပနေသော ကြယ်တာရာ နေရာများပတ်လည်တွင် ဝဲပျံနေပြီး ဖြူလွလွမီးလျှံပုံစံတစ်မျိုးကို ဖန်တီးလိုက်၏။


သူမသည် လက်ဝဲဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ သူမ၏ရှေ့ရှိ ဟင်းလင်းပြင်တွင် လှိုင်းများထလာသည်။ 


သူမ၏ လက်ချောင်းများ ဖြန့်ကားသွားပြီး ဘီလူးဖြူ၏ ခြေဖဝါးအောက်တွင် ဝဲဂယကတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာကာ ဘီလူးဖြူစုန်းမ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံ၍ သူမတို့ဆီသို့ ဆွဲခေါ်လာသည်။


ဘီလူးဖြူစုန်းမသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ၎င်း၏ ထူးဆန်းကာ အသံဆိုးလှသော အော်သံမှာ နောက်ဆုံးအကြိမ် တိုက်စစ်ဆင်ရန် အချက်ပေးသံ ဖြစ်သွားကာ ဘီလူးဖြူ အုပ်စုအား ရူးသွပ်သွားစေပြီး ရှေ့ရှိသားကောင်များဆီသို့ အတင်းတိုးဝင်လာစေသည်။


"တောက်..."


ရှယန်၏ လမ်းကြောင်းတွင် အဟန့်အတားများရှိနေပြီး သူမ၏ စွမ်းအားကြောင့် ထိတ်လန့်သွားသော ဘီလူးဖြူများသည် ယခုအခါ ဆင်ခြင်တုံတရား ပျောက်ဆုံးသွားကာ သူမဆီသို့ ပြေးဝင်လာကြသည်။ 


ရှယန်သည် သူမ၏ မီးလျှံဓားကို ပြန်သိမ်းကာ နီရဲသော ဓားအလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။


နီရဲသော ဓားအလင်းတန်းသည် လမ်းကြောင်းတစ်ခုလုံးကို လင်းထိန်သွားစေပြီး မှောင်မည်းနေသော ကောင်းကင်ကြီးကိုပါ လင်းထိန်သွားစေပုံရ၏။


နှင်းပွင့်များ လေထဲတွင် ဝဲပျံနေပြီး ကြယ်တာရာစွမ်းအားများ လှုပ်ခတ်သွားကာ ဘီလူးဖြူအမြောက်အမြားကို ပိုင်းဖြတ်ပစ်လိုက်သည်။ 


သို့သော်ငြားလည်း သူမသည် ဘီလူးဖြူများ ဝိုင်းရံထားသော ဧရိယာထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိသေးပေ။


ဝိုင်းရံခံထားရသူများမှာ ကျန်းရှောင်နှင့် ဟန်ကျန်းရွှယ်တို့ ဖြစ်သည်။


"ရူးနေတာပဲ" 


ကျန်းရှောင်သည် အိတ်ကပ်ထဲမှ ကြယ်တာရာပုတီးစေ့တစ်စေ့ကို ထုတ်ယူကာ ချက်ချင်း ချေဖျက်လိုက်ရာ ကြယ်မှုန်များသည် သူ့ပတ်ပတ်လည်တွင် ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ 


တစ်ချိန်တည်းမှာပင် မြင့်မြတ်သောအလင်းတန်းတစ်ခုသည် ကောင်းကင်မှ ကျဆင်းလာပြီး ကျန်းရှောင်၏ ဦးခေါင်းပေါ်သို့ ကျရောက်သွားသည်။


ကျန်းရှောင်သည် အားရကျေနပ်မှုကြောင့် တုန်ရီသွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ စံပြတိုက်ခိုက်ရေးပုံစံကို ယူလိုက်၏။


ထို့နောက် သူသည် ရှေ့သို့တိုးကာ ရှေ့ဆုံးမှလာသော ဘီလူးဖြူဆီသို့ ရုတ်တရက် ပြေးဝင်သွားသည်။


ကျောရိုးတစ်လျှောက် အေးစိမ့်မှုကို ခံစားလိုက်ရသောကြောင့် ဟန်ကျန်းရွှယ်သည် ခေါင်းကို ဘေးသို့စောင်းကာ ကျန်းရှောင်၏ လှုပ်ရှားမှုများကို ဘေးတိုက်ကြည့်လိုက်သည်။ 


သူမသည် လက်ဝဲဘက်လက်ကို မြှောက်လိုက်ရာ အေးစက်သော လက်ဖဝါးထဲတွင် မီးလုံးတစ်လုံး ပေါ်လာသည်။


"ဘုန်း..ဘုန်း...ဘုန်း...ဘုန်း"


ဟန်ကျန်းရွှယ်၏ နောက်ကွယ်မှ လက်သီးဖြင့် ထိုးနှက်သံများ ထွက်ပေါ်လာရာ အလွန်ပင် ရင်တထိတ်ထိတ် ဖြစ်စေသည်။


ဘီလူးဖြူများ၏ ဒေါသတကြီး အော်ဟစ်သံများကို ရင်ဆိုင်ရင်း ကျန်းရှောင်သည် တွန့်ဆုတ်ခြင်းမရှိဘဲ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ 


ကျန်းရှောင်သည် အစိမ်းရောင်အလင်းတန်းများ ဖုံးလွှမ်းနေသော လက်များဖြင့် ရှောင်တိမ်းကာ ရှေ့သို့ တိုးသွားသည်။


သူသည် ဘီလူးဖြူကြီးတစ်ကောင်ကို လက်သီးဖြင့်ထိုးပြီး စူးစူးဝါးဝါးအော်ဟစ်နေသော အခြားတစ်ကောင်ကို ကန်ထုတ်လိုက်၏။


၎င်းတို့ကို ပြင်းထန်စွာ မထိခိုက်စေနိုင်

သော်လည်း ငွေအဆင့် အရည်အသွေး ကြယ်တာရာအတတ်ပညာ ဖြစ်သော အစိမ်းရောင် အလင်းတန်း၏ တွန်းထုတ်ခြင်းအာနိသင်မှာ ၎င်းတို့အားလုံးကို လွင့်ထွက်သွားစေရန် လုံလောက်လှပါသည်။


ရှေ့ပိုင်းတိုက်ပွဲအခြေအနေကို မသိရသော်လည်း ကျန်းရှောင်သည် ဟန်ကျန်းရွှယ်အား အနောက်မှနေ၍ ခုန်အုပ်ချင်နေသော ဘီလူးဖြူအားလုံးကို တားဆီးနိုင်ခဲ့သည်။ 


သူသည် တားဆီးရုံသာမက ၎င်းတို့ကို ကန်ထုတ်ပစ်လိုက်သေး၏။


ကျန်းရှောင်သည် ဘီလူးဖြူတစ်ကောင်၏ လက်သည်းများကို လက်သီးဖြင့် ထိုးလိုက်ပြီး အခြားတစ်ကောင်ကို နောက်သို့ မောင်းထုတ်

လိုက်သည်။


ထို့နောက် အိတ်ကပ်ထဲမှ ကြယ်တာရာပုတီးစေ့တစ်ခုကို ဆွဲထုတ်ကာ ချေဖျက်လိုက်ပြန်သည်။ 


ယခုအချိန်သည် ချွေတာရမည့်အချိန် မဟုတ်ပေ။


ဟန်ကျန်းရွှယ်သည် သူမနောက်ကွယ်မှ ထွက်ပေါ်နေသော ထိုးနှက်သံများကို အတော်လေး နားဝင်ချိုသည်ဟု ခံစားလိုက်ရသည်။ 


ကောင်းကင်ယံတွင် ဘီလူးဖြူစုန်းမသည် လဟာပြင်လေပြင်းကြောင့် အလောင်းကမ္ဘာထဲသို့ တွန်းပို့ခံလိုက်ရသည်။


ဟန်ကျန်းရွှယ်သည် လက်ယာဘက်လက်ဖြင့် လေတိုက်နှုန်းကို အားစိုက်ထိန်းချုပ်ပြီးနောက် လက်ဝဲဘက်လက်ဖြင့် မီးလုံးကို တွန်းထုတ်

လိုက်သည်။ 


သူမ၏ ညာဘက်တွင် ဘီလူးဖြူတစ်ကောင်သည် အစိမ်းရောင်အလင်းလွှမ်းနေသော လက်သီးဖြင့် အပြင်းအထန် အထိုးခံရကာ လွင့်ထွက်သွားသည်။


"နှစ်စက္ကန့်" 


ဟု ဟန်ကျန်းရွှယ်က ပြောလိုက်သည်။


တစ်စက္ကန့်သာ ကျန်တော့သ

ည်။


ကျန်းရှောင်သည် နောက်ဆုတ်ရန်ပင် ဂရုမစိုက်တော့ဘဲ လှည့်ကြည့်ကာ အော်ဟစ်လိုက်

သည်။


"ရား..."


ကြယ်တာရာစွမ်းအား မြှင့်တင်ပြီးပြီ။


ကြယ်မှုန်အဆင့် အဆင့် ၄။


လက်ဗလာတိုက်ခိုက်ရေး မြှင့်တင်ပြီးပြီ (ကြေးဝါအဆင့် ၉)။