ဘီလူးဖြူသည် ကြောက်ရွံ့ခြင်းကင်းမဲ့စွာဖြင့် ကျန်းရှောင်ကို ဆွဲဖြဲပစ်ရန် ခြိမ်းခြောက်လျက် တိုးဝင်လာသည်။
သို့သော်လည်း နောက်ထပ်ဖြစ်ပျက်လာသည့် အရာက ဘီလူးဖြူကို အလွန်တရာ တုန်လှုပ်သွားစေပြီး ရှယန်ကိုလည်း ကြောင်အသွားစေခဲ့သည်။
အကြောင်းမှာ ဘီလူးဖြူသည် ရှေ့သို့ အဟုန်ဖြင့် ပြေးဝင်နေဆဲဖြစ်သော်လည်း၊ ကြယ်တာရာ နေရာမှ ငွေရောင်အလင်းတန်းများ ထွက်ပေါ်နေသော ကျန်းရှောင်သည် ဝေဝါးသော ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားသောကြောင့်ဖြစ်သည်။
"ဝူး..."
ထို ပုံရိပ်ယောင်တူသော်လည်း လက်တွေ့ကျလှသော ခန္ဓာကိုယ်ကို ဘီလူးဖြူက ဆွဲဖြဲလိုက်ရာ၊ ၎င်းသည် မြေပြင်ပေါ်သို့ လိမ့်ကျသွားပြီး အဟုန်ကို ထိန်းလိုက်ရ၏။
ထိုစဉ်မှာပင် အစိမ်းရောင် အလင်းတန်းတောက်ပနေသော ဒူးတစ်ဖက်က ၎င်းထံသို့ အရှိန်ဖြင့် ဦးတည်လာခဲ့သည်။
ကြေးဝါအဆင့် ကြယ်တာရာ အတတ်ပညာ : လှည့်စားခြင်း
ငွေအဆင့် ကြယ်တာရာ အတတ်ပညာ : အစိမ်းရောင်အလင်းတန်း
၎င်းသည် တိုက်ကွက်နှစ်ခုကို ပေါင်းစပ်လိုက်ခြင်းပင်။
ဘီလူးဖြူသည် ရုတ်တရက် လိမ့်နေရာမှ ရပ်တန့်သွားပြီး ဝပ်လျက်သား အနေအထား ဖြစ်သွားသည်။
၎င်းကိုယ်ကိုယ်ကိုယ် ပြန်မထိန်းနိုင်မီမှာပင် ၎င်း၏ မည်းမှောင်နေသော မျက်နှာကို ကျန်းရှောင်၏ ဒူးဖြင့် အားပြင်းစွာ တိုက်ခိုက်ခြင်း ခံလိုက်ရသည်။
သူ၏ တိုက်ခိုက်မှုသည် အားအင်အပြည့် ပါဝင်ပြီး အထူးသဖြင့် ငွေအဆင့်ရှိသော အစိမ်းရောင် အလင်းတန်း အတတ်ပညာနှင့် ပေါင်းစပ်လိုက်သည့်အခါ ဘီလူးဖြူကို ၄-၅ မီတာခန့် အဝေးသို့ လွင့်စင်သွားစေကာ လက်ခြေများ ကားယားဖြင့် လဲကျသွားစေသည်။
ကျန်းရှောင်သည် ၎င်းနောက်သို့ ထပ်ကြပ်မကွာ လိုက်လံတိုက်ခိုက်ရာ သူ၏ခြေဖဝါးအောက်ရှိ နှင်းများပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွား၏။
သူသည် ဘေးတိုက်ခုန်တက်လိုက်ပြီး မြေပြင်ပေါ်တွင် နောက်သို့ လျှောတိုက်ပါသွားသော ဘီလူးဖြူ၏ မျက်နှာကို ညာဘက်တောင်ပံဖြင့် အားကုန်လွှဲ၍ ထုချလိုက်သည်။
"ဒုန်း"
ကျန်းရှောင်သည် သူ၏ အားရှိသမျှ အသုံးပြုခဲ့သော်လည်း ဘီလူးဖြူကို အပြီးသတ် သတ်ပစ်ရန် မလုံလောက်သေးပေ။
သို့သော်လည်း အစိမ်းရေယင် အလင်းတန်း အတတ်ပညာသည် အလွန်အစွမ်းထက်လှပြီး အဆင့်မြှင့်ထားသော အတတ်ပညာ၏ တွန်းကန်အားကြောင့် ဘီလူးဖြူ၏ ဦးခေါင်းမှာ နှင်းများထဲသို့ တိုးဝင်သွားကာ မြေပြင်နှင့် အရှိန်ပြင်းစွာ ရိုက်မိသွားသည်။
ရုတ်တရက် မြေပြင်တွင် ကျင်းကြီးတစ်ခု ဖြစ်သွားပြီး ပတ်ဝန်းကျင်ရှိ နှင်းမှုန်များမှာလည်း လေထဲတွင် ဝဲပျံသွားကြသည်။
နောက်တစ်ခဏ၌ ကောင်းကင်မှ ဓားကြီးတစ်လက် ဆင်းသက်လာပြီး ကျန်းရှောင်၏ ခါးနားမှ ကပ်၍ မြေပြင်ထဲသို့ စိုက်ဝင်သွားကာ သနားစရာ ဘီလူးဖြူ၏ ဝမ်းဗိုက်ကို ထိုးဖောက်သွားသည်။
ရှယန် ဓားပစ်လိုက်သော ထောင့်မှာ အမှန်
တကယ်ပင် တိကျလှ၏။
ကျန်းရှောင်သည် ဘီလူးဖြူပေါ်တွင် ခွစီး၍ တိုက်ခိုက်နေသော်လည်း သူ၏ ခန္ဓာကိုယ်မှာ ဘီလူးဖြူ၏ ဝမ်းဗိုက်တစ်ခုလုံးကို ဖုံးကွယ်ထားခြင်း မရှိဘဲ အနည်းငယ် စောင်းနေသောကြောင့် ဖြစ်သည်။
"တိုက်ပွဲကို အဆုံးသတ်ဖို့ ထိရောက်တဲ့ အကွက်တစ်ခု ကျွန်တော့်မှာ လိုနေတာ၊ ပြီးတော့ ကျွန်တော်ကလည်း သိပ်မသန်မာသေးဘူး"
"ကြယ်တာရာ အတတ်ပညာရဲ့ အထူးအာနိသင်ကြောင့်သာ အခုလို လုပ်နိုင်တာ"
ဟု ကျန်းရှောင်က ပြောရင်း ထရပ်လိုက်သည်။
ထိုစဉ် တစ်စုံတစ်ယောက်က သူ၏ စုတ်ပြတ်နေသော အင်္ကျီကော်လာကို ဆွဲလိုက်သည်။
ရှယန်သည် ကျန်းရှောင်၏ ကော်လာကို ဆွဲပြီး သူမထံသို့ ဆွဲကပ်ကာ တင်းမာစွာ မေးမြန်းလိုက်သည်။
"ခုနက ဘာဖြစ်သွားတာလဲဆိုတာ ရှင်းပြချင်လား"
ကျန်းရှောင်သည် သူမ၏ ပြင်းထန်သော အကြည့်နှင့် ပူနွေးသော အသက်ရှူသံတို့ကို ခံစားလိုက်ရသည်။
သူသည် အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ရာ ထိုသို့ နီးကပ်လွန်းသော အနေအထားကို မနေတတ်သဖြင့် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွား၏။
ကျန်းရှောင်က နောက်သို့ တစ်လှမ်းဆုတ်ရန် ကြိုးစားသော်လည်း ရှယန်က ခွင့်မပြုပေ။
ထို့ကြောင့် သူက အခြေအနေကို ပေါ့ပါးသွားစေရန် ဟာသလုပ်လိုက်သည်။
"ဟယ်လို ရှယန်...ကျွန်တော်က အစ်မရဲ့ အဖွဲ့ဖော်သစ် ကျန်းရှောင်ပါ"
ရှယန်က မျက်ခုံးပင့်ကာ ခေါင်းကို အနည်းငယ်စောင်းပြီး ကျန်းရှောင်၏ မျက်လုံးကို စိုက်ကြည့်လိုက်သည်။
"ကျန်းရှောင်...နင်က ကျန်းရှောင်ဖီမဟုတ်ဘူးလား"
ကျန်းရှောင်က ချောင်းဟန့်ကာ "အဟမ်း..."
ရှယန်က အော်ဟစ်လိုက်သည်။
"စကားမများနဲ့...နင့်ရဲ့ ဒုတိယမြောက် ကြယ်တာရာ အတတ်ပညာက ကြေးဝါအဆင့် မဟုတ်ဘူးလား၊ ခုနက ဘယ်လိုလုပ် ငွေအဆင့် ဖြစ်သွားတာလဲ"
ကျန်းရှောင်က သူ၏မျက်နှာကို နောက်သို့ ဆုတ်
ရန် ကြိုးစားရင်း ထပ်ပြောပြန်သည်။
"ဟယ်လို ရှယန်...ကျွန်တော်က အစ်မရဲ့ အဖွဲ့ဖော်သစ် ကျန်းရှောင်ပါ"
ရှယန်က ကျန်းရှောင်၏ ကော်လာကို ကိုင်ကာ ရှေ့နောက် လှုပ်ယမ်းပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"နင့်ရဲ့ ပထမဆုံး ကြယ်တာရာ နေရာမှာ 'ကောင်းချီးပေးခြင်း' အတတ်ပညာပညာ ရှိတာလေ၊ ဒါဆို ခုနက ငါမြင်လိုက်တဲ့ 'လှည့်စားခြင်း' က ဘာလဲ"
ကျန်းရှောင်က နှုတ်ခမ်းဆူကာ "ဟယ်လို ရှယန်...ကျွန်တော်က အစ်မရဲ့ အဖွဲ့ဖော်..."
ရှယန်က ကျန်းရှောင်ကို နှင်းထဲသို့ တွန်းချလိုက်ပြီး စိတ်တိုစွာဖြင့် ခြေဆောင့်လိုက်သည်။
"နင်က စက်ရုပ်လို တစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါ ပြောနေမှာလား"
သူမ ခြေထောက်အောက်ရှိ ဘီလူးဖြူမှာ ညည်းတွားသံပေးရင်း နောက်ဆုံးတွင် သေဆုံးသွားသည်။
ရှယန်က ဘီလူးဖြူ၏ ကြယ်တာရာ ပုတီးစေ့ကို မြန်မြန်ဆန်ဆန် ယူလိုက်ပြီး ကျန်းရှောင်ကို ဆွဲခေါ်ကာ ထိုနေရာမှ ထွက်ခွာလာခဲ့သည်။
"တကယ်တော့ ဘာတွေဖြစ်နေတာလဲ"
လမ်းလျှောက်နေရင်း ရှယန်က စိတ်အားထက်သန်စွာ မေးသည်။
ကျန်းရှောင်က သက်ပြင်းချကာ ပြောလိုက်သည်။
"အစ်မ သိတဲ့အတိုင်း သန်မာလာဖို့ ခရီးလမ်းက ရှည်လျားပြီး ခက်ခဲပါတယ်"
"ဒါပေမဲ့ ကျွန်တော်သာ စိတ်ပိုင်းဖြတ်ပြီး ဇွဲရှိမယ်ဆိုရင်၊ တစ်နေ့မှာ ကျွန်တော့်ရဲ့ မြင့်မြတ်တဲ့ အိပ်မက်ဖြစ်တဲ့ သူမရဲ့ ရည်းစားဖြစ်ခွင့်ရဖို့ အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်တယ်..."
ရှယန်သည် အမှန်တကယ်ပင် ပေါက်ကွဲလုနီးပါး ဖြစ်သွား၏။
သူမက သွားကြိတ်ကာ ပြောလိုက်သည်။
"နင် ဆက်ပြီး လျှောက်ပြောနေဦးမယ်ဆိုရင်၊ နင့်ကို သစ်ပင်မှာ ကပ်ပြီး ရိုက်ပစ်မယ်"
"ယုံလား"
"ဒါဆို ကျွန်တော်နဲ့ ဝေးဝေးနေလေ၊ ကျွန်တော့်နားတွေ ယားနေပြီ"
ဟု ကျန်းရှောင်က ကပျာကယာ ပြောလိုက်သည်။
"ဟွန့်"
ရှယန်က ပခုံးတွန့်ကာ ကျန်းရှောင်ကို လွှတ်ပေးလိုက်ပြီးနောက် သူ့ကို စူးစမ်းစွာ ကြည့်လိုက်သည်။
"ကျွန်တော့်မှာ ကြယ်တာရာ နေရာ ၉ ခုရှိတယ်"
"အစ်မရဲ့ အကဲဖြတ်မှုအရဆိုရင် ကျွန်တော့်ရဲ့ ကြယ်တာရာ မြေပုံကို ကြည့်ပြီး ကျွန်တော့်ရဲ့ အရည်အချင်းကို အစ်မ သိထားပြီးသား ဖြစ်မှာပါ"
ဟု ကျန်းရှောင်က ဆိုသည်။
ရှယန်က "ဟင်"
ကျန်းရှောင်က ရှင်းပြသည်။
"ဒါပေမဲ့ အဲဒါက မဟုတ်ဘူး၊ ကျွန်တော့်ရဲ့ ကြယ်တာရာ နေရာတစ်ခုချင်းစီမှာ ကြယ်တာရာ အတတ်ပညာ နှစ်ခုစီ ပါနေတာ"
ရှယန်က ပါးစပ်အနည်းငယ် ဟသွားပြီး ကျန်းရှောင်ကို အံ့အားသင့်စွာ ကြည့်ကာ မယုံနိုင်ဘဲ မေးလိုက်သည်။
"ကောင်းချီးပေးခြင်း၊ လှည့်စားခြင်း၊ ပြီးတော့ အစိမ်းရောင်အလင်းတန်း... နင့်မှာ အဲဒါတွေ အကုန်ရှိတာလား"
ကျန်းရှောင်က ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်၊ ရှိတယ်"
ရှယန် ခဏမျှ ကြောင်အသွားသည်။
'အရင်က အသုံးမကျတဲ့ ဒီကလေးက အခုတော့ ဒီလောက်တောင် စွမ်းဆောင်နိုင်နေတာလား'
ကြယ်တာရာ နေရာတစ်ခုတည်းမှာ ကြယ်တာရာ အတတ်ပညာနှစ်ခု ရှိခြင်းမှာ ရှားပါးသော်လည်း မဖြစ်နိုင်သည့် အရာတော့ မဟုတ်ပေ။
ရှယန် တကယ် စိတ်ဝင်စားသည်မှာ အဆင့်
မြှင့်ထားသော ကြယ်တာရာ အတတ်ပညာ ဖြစ်သည်။
ကျန်းရှောင်က အချိန်ကိုက်ပင် ပြောလိုက်သည်။
"တကယ်တော့ ကျွန်တော့်ရဲ့ ကြယ်တာရာ အတတ်ပညာ နိုးထလာတုန်းကတည်းက အဆင့်မြှင့်လို့ ရတာကိုခံစားမိတယ်"
"ဟန်ကျန်းရွှယ်ကိုလည်း ပြောဖူးပေမဲ့ အဲဒီတုန်းက သူက မယုံဘူး"
"အခုတော့ ကျွန်တော် မှန်တယ်ဆိုတာ သက်သေပြလိုက်ပြီလေ"
မျက်မြင်ကိုယ်တွေ့ ဖြစ်သော်လည်း ရှယန်က မယုံနိုင်သေးပေ။
"နင်က တကယ်ပဲ ကြယ်တာရာ အတတ်ပညာရဲ့ အရည်အသွေးကို မြှင့်နိုင်တာလား"
ကျန်းရှောင်သည် စကားအရှည်ကြီး မပြောတော့ဘဲ သူ၏ နက္ခတ်ခုနစ်လုံးကြယ်တာရာ မြေပုံကို ဖွင့်ပြလိုက်သည်။
ကြယ်မှုန်များအောက်တွင် ကြေးဝါရောင် ထွက်ပေါ်ရမည့် ဒုတိယမြောက် ကြယ်တာရာ နေရာ ငွေရောင်အဖြစ် ပြောင်းလဲနေပြီ ဖြစ်သည်။
"ဒါက တကယ်ကို..."
ရှယန်က အံ့အားသင့်သော မျက်နှာဖြင့် ရေရွတ်လိုက်သည်။
"မယုံနိုင်စရာပဲ"
"ဟန်ကျန်းရွှယ်က ကျွန်တော့်ရဲ့ ကြယ်တာရာ အတတ်ပညာတွေကို အလွယ်တကူ မထုတ်ပြဖို့ သတိပေးထားတယ်"
"ဒါပေမဲ့ အစ်မက ငါတို့လူပဲ မဟုတ်လား" ဟု ကျန်းရှောင်က ဆိုသည်။
"ဒါကို ပြလိုက်ပြီဆိုမှတော့ ငါတို့က မိသားစုဝင်တွေပဲပေါ့"
ရှယန်က ဆက်ပြောသည်။
"နင် ဒါကို မပြရင်တောင် နင့်အစ်မကြောင့် ငါက နင့်ကို တစ်သက်လုံး စောင့်ရှောက်မှာပါ"
"သူက နင်ကျောင်းပြီးရင် အလုပ်ရှာပေးဖို့တောင် ငါ့ကို ပြောထားသေးတယ်"
ကျန်းရှောင် စကားမရှိ ဖြစ်သွားသည်။
'ငါက အထက်တန်းကျောင်း ပထမနှစ်ပဲ ရှိသေးတာကို အလုပ်တောင် စီစဉ်နေပြီလား'
'အိမ်ထောင်ဖက်ပါ ရှာပေးဦးမလို့လား'
ရှယန်က ထပ်မေးသည်။
"ဘယ်လိုလုပ်ပြီး အဆင့်မြှင့်တာလဲ၊ သတ်မှတ်
ချက်တွေ ရှိလား"
"ဆေးဘက်ဆိုင်ရာပညာဖြစ်တဲ့ 'ကောင်းချီးပေးခြင်း' ကိုကော မြှင့်လို့ရလား"
"ရတယ်"
ကျန်းရှောင်၏ စကားကြောင့် ရှယန်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။
"ဘယ်လို အခြေအနေတွေ လိုလဲ"
"ကိုယ်တိုင် လေ့ကျင့်တာနဲ့ အမျိုးအစားတူတဲ့ ကြယ်တာရာ ပုတီးစေ့တွေ လိုတယ်"
ဟု ကျန်းရှောင်က တိုတိုတုတ်တုတ် ဖြေလိုက်
သည်။
သူသည် ဟန်ကျန်းရွှယ်နှင့် ရှယန်တို့ကို ကူညီပေးရန် အသင့်ရှိနေ၏။
ရှမန့်က သူဌေးသမီးပီပီ "နင် ဘယ်နှစေ့ လိုချင်
လဲ" ဟု မေးလိုက်သည်။
ကျန်းရှောင်က ခဏစဉ်းစားပြီး "ကျွန်တော်လည်း အတိအကျ မသိဘူး၊ ကြယ်ပုတီးစေ့တွေရယ်၊ ကျွန်တော့်ရဲ့ လေ့ကျင့်မှုရယ် ပေါင်းစပ်ရင် အဆင့်တက်လာမှာပဲ" ဟု ဆိုသည်။
ရှယန်က ခေါင်းညိတ်ပြီး "အဆင့်မြှင့်ရာမှာ ကန့်သတ်ချက် ရှိလား၊ အစိမ်းရောင်အလင်းတန်းကို ရွှေအဆင့်ထိ မြှင့်လို့ရလား"
"ရတယ်၊ ဒါပေမဲ့ ကျွန်တော့်ခန္ဓာကိုယ်က ခံနိုင်မှာ မဟုတ်ဘူး"
ဟု ကျန်းရှောင်က ပြောရာ ရှယန်မှာ ကြောင်သွားပြန်သည်။
"ကျွန်တော့်ရဲ့ ကြယ်တာရာ စွမ်းအားက အားနည်းပြီး အကန့်အသတ် ရှိတယ်"
"ငွေအဆင့် အစိမ်းရောင် အလင်းတန်းကို တစ်ခါသုံးလိုက်တာနဲ့ ကျွန်တော့်ရဲ့ စွမ်းအင်
တစ်ဝက်လောက် ကုန်သွားပြီ" ဟု ကျန်းရှောင်က စိ
တ်ပျက်လက်ပျက် ပြောလိုက်သည်။
ရှယန်သည် သူမ၏ စိတ်ကူးယဉ်အိမ်မက်ထဲမှ လက်တွေ့လောကသို့ ပြန်ရောက်လာသည်။
သူမက ကျန်းရှောင်ကို ၃ စက္ကန့်ခန့် စိုက်ကြည့်ပြီးနောက် သူ၏ ခေါင်းကို စိတ်တိုတိုဖြင့် ပွတ်သပ်ကာ အော်လိုက်သည်။
"နင်က လူညံ့ပဲ"