နောက်တစ်နေ့ နံနက်ခင်း။
ရှယန်သည် ကောင်းမွန်စွာ အိပ်စက်အနားယူပြီးနောက် နိုးလာကာ လိုက်ကာများကို ဆွဲဖွင့်
လိုက်သည်။
ထို့နောက် မျက်လုံးများကို မှိတ်ထားရင်း သူမမျက်နှာပေါ်သို့ ကျရောက်လာသော နေရောင်ခြည်၏ နွေးထွေးမှုကို ခံစားနေမိ၏။
သူမသည် ခဏမျှ ပျင်းရိစွာ နေပူစာလှုံပြီးနောက်၊ လှိုင်းကောက်နေသော အညိုရောင်ဆံနွယ်များကို ဘီးဖြီးကာ မျက်နှာသစ်သန့်စင်လေသည်။
တစ်နာရီအကြာတွင် ရှယန်သည် မနက်စာစားပြီးနောက် မြေအောက်ထပ်သို့ ဆင်းလာရာ၊ ကျန်းရှောင်တစ်ယောက် မြေပြင်ပေါ်တွင် ထိုင်နေပြီး ချွေးများရွဲနေသည်ကို တွေ့လိုက်ရသည်။
သူ၏တစ်ကိုယ်လုံးတွင် ကြယ်မှုန်အလွှာပါးလေး ဖုံးလွှမ်းနေပြီး ကြယ်တာရာ စွမ်းအားကို စုပ်ယူနေသည်မှာ သိသာလှ၏။
"အဆင်သင့်ဖြစ်ပြီလား"
ရှယန်က မြေအောက်ထပ်ထဲသို့ မဝင်ဘဲ အပြင်ကနေ လှမ်းမေးလိုက်သည်။
လေဝင်လေထွက်စနစ် ကောင်းမွန်သော်လည်း မြေအောက်ထပ်တွင် မနှစ်မြို့ဖွယ် အနံ့အသက်များ ရနေဆဲပင်။
မနေ့ညက ရှယန်သည် လေကျင်းကို ရှာဖွေပြီး ကျန်းရှောင်ကို အပြင်သို့ လမ်းလျှောက်ခေါ်သွားရန် ပြောခဲ့သည်။
လေကျင်းက ချက်ချင်းပင် သဘောတူခဲ့ပြီး သူမကို ကျေးဇူးတင်မတတ် ဖြစ်နေခဲ့၏။
သူသည် မနေ့ညကပင် ပျောက်သွားခဲ့ရာ လမ်းဘေးအကင်ဆိုင်များတွင် အကင်သွားစားနေလိမ့်မည်ဟု သူမ ခန့်မှန်းလိုက်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် လေကျင်းသည် လမ်းဘေးဆိုင်က အကင်များကို စားချင်ကြောင်း ခဏခဏ ပြောနေခဲ့ခြင်းကြောင့်။
ကျန်းရှောင်သည် ကြယ်တာရာ စွမ်းအားအချို့ကို စုပ်ယူပြီးနောက် ရှယန်ကို ပြုံး၍ ကြည့်လိုက်
သည်။
"ဟုတ်ကဲ့...ဒါနဲ့ ကျွန်တော့်ဖုန်းလေး ပေးပါဦး၊ ဟန်ကျန်းရွှယ်ကို အကြောင်းကြားလိုက်ရအောင်"
ရှယန်သည် ထိတ်လန့်သွားပြီး သူမ၏ အပြစ်ရှိစိတ်ကို ဖုံးကွယ်ရန် ဒေါသသံဖြင့် ပြောလိုက်၏။
"နင့်အစ်မကို ငါပြောပြီးပြီ...ငါနဲ့ လိုက်ခဲ့ရုံပဲ"
"အိုကေ၊ ရပြီ"
ကျန်းရှောင်က ခဏစဉ်းစားပြီး မတ်တပ်ရပ်ကာ ရေချိုးခန်းထဲ ဝင်သွားသည်။
"၁၀ မိနစ်လောက် စောင့်ဦး"
ရှဟန့်သည် သက်ပြင်းအရှည်ကြီး ချလိုက်ပြီး လှည့်ထွက်သွားသည်။
ကျန်းရှောင်က ပြုံးပြီး လှည့်ကြည့်ကာ စိတ်ထဲမှ တွေးလိုက်သည်။
'သူမက ကလေးပဲ ရှိသေးတာပဲ'
'တစ်ခါတလေကျရင် သူမရဲ့ စိတ်နေစိတ်ထားနဲ့ အပြုအမူတွေက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်'
မနေ့က ရှရှန်းဟိုင်ပြန်ခါနီးတွင် သူလာရောက်ခဲ့သည်ကို ရှယန်အား မပြောရန် အိမ်ရှိလူသုံးဦးကို အထူးမှာကြားခဲ့သည်။
သူသည် ရှယန်၏ ဖခင်ဖြစ်သောကြောင့် မည်သူမျှ ကန့်ကွက်ခြင်းမရှိခဲ့ပေ။
ရှယန်သည် သူ၏ဖုန်းကို ဘာလုပ်ထားသည်ကို ကျန်းရှောင် အလွယ်တကူ ခန့်မှန်းနိုင်၏။
ရှရှန်းဟိုင် ပြောခဲ့သည့် စကားများအရ ရှယန်သည် သူ၏အကောင့်ကို သုံးပြီး သူမကိုယ်သူမ ပြန်လည် ချစ်စကား ဝန်ခံပြောနေခြင်း ဖြစ်ရမည်။
'သူမက သူမကိုယ်သူမ ဝန်ခံနေတာလား'
'ဒါက ကြောက်စရာမကောင်းဘူးလား'
ဤလောကတွင် လုပ်ရပ်အများစုမှာ ရည်ရွယ်ချက်တစ်ခုခုကြောင့် လုပ်ဆောင်ကြခြင်းဖြစ်သည်။
သို့ဆိုလျှင် ရှယန်၏ ရည်ရွယ်ချက်က ဘာဖြစ်မည်နည်း။
ကျန်းရှောင်က စဉ်းစားကြည့်လိုက်သည်။
'သူမလို နတ်သမီးလေးတစ်ပါးလို လှတဲ့ မိန်းကလေးအတွက် ပိုးပန်းသူ ရှားမှာမဟုတ်ဘူး'
'ကျန်းရှောင်ဖီလို ကလေးတစ်ယောက်ဆီကနေ အပေါ်ယံ သာယာမှုကို ရှာနေမှာ မဟုတ်ဘူး'
သူမရရှိမည့် တစ်ခုတည်းသော အကျိုးအမြတ်မှာ ကျန်းရှောင် အလေးထားသော ဟန်ကျန်းရွှယ်ထံမှ ဖြစ်ပေလိမ့်မည်။
ကျန်းရှောင်က ရှယန်ကို ခဏခဏ ချစ်ကြောင်း ဝန်ခံစကား ပြောနေသည်ကို သိသွားလျှင် ဟန်ကျန်းရွှယ် မည်သို့ တုံ့ပြန်မည်နည်း။
သူမသည် ကျန်းရှောင်ကို ပြင်းပြင်းထန်ထန် ပညာပေးလိမ့်မည် သို့မဟုတ် ရှယန်ကိုသွားရောက် တောင်းပန်လိမ့်မည်။
ဟန်ကျန်းရွှယ် ယခုအချိန်အထိ ပေါ်မလာသေးခြင်းမှာ အခြေအနေကို သိနေသောကြောင့် ဖြစ်မည်ဟု သူ ယူဆလိုက်သည်။
ရေချိုးနေစဉ်အတွင်း ကျန်းရှောင်က သူဘာလုပ်သင့်သလဲဟု စဉ်းစားနေ၏။
ကျန်းရှောင်အနေဖြင့် မိုက်မဲသော အရာများကို သည်းခံနိုင်သော်လည်း၊ ၎င်းသည် ဟန်ကျန်းရွှယ်အတွက် ခေါင်းခဲစရာ ဖြစ်နေလိမ့်မည်။
သူမသည် ယခုအချိန်တွင် ရှယန်ကို ချော့မော့နေရမည်မှာ သေချာသည်။
သူမလို အေးစက်ပြီး မာနကြီးတဲ့ မိန်းကလေးက ငါ့ကြောင့် ရှယန်ကို အောက်ကျခံ ချော့နေရတာ...
ငါ တော်တော် အပြစ်ကြီးတာပဲ ဟု သူတွေးလိုက်သည်။
ရှယန်သည် ဗီဇအရ စိတ်ပုပ်သောသူ မဟုတ်
သည်မှာ သေချာသည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဟန်ကျန်းရွှယ်၏ အေးစက်သော အပြုအမူများကို စိတ်ပျက်နေသဖြင့် ယခုလို နောက်ပြောင်ခြင်း ဖြစ်နိုင်သည်ဟု ကျန်းရှောင် ယူဆထား၏။
'မဟုတ်ဘူး၊ ဟန်ကျန်းရွှယ်ကို ဒီလို အနိုင်ကျင့်ခံလို့ မဖြစ်ဘူး'
'ရှယန်ဆိုတဲ့ မိန်းမကို ဆက်ပြီး လျှောက်လုပ်ခွင့် မပေးနိုင်ဘူး'
တိုက်ရိုက် ဖော်ထုတ်လိုက်ရမလား။
ဒါဆိုရင်တော့ ထိုမိန်းမဆိုးကို အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားလိမ့်မည်။
သူမကို ကိုင်တွယ်ရန် နည်းလမ်းတစ်ခု စဉ်းစားရမည်။
ကျန်းရှောင် ရေချိုးပြီး အားကစားဝတ်စုံ အသစ်လဲကာ မြေအောက်ထပ်မှ ထွက်လာသည်။
အပြင်သို့ ရောက်သည်နှင့် သူ့ကို ဖုန်းတစ်လုံး ကမ်းပေးသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားသည်။
ကျန်းရှောင်က ဖုန်းကို အမြန်လှမ်းယူလိုက်ရာ ၎င်းမှာ သူ၏ဖုန်း ဖြစ်နေခြင်း။
'ဒီမိန်းမဆိုးက တကယ်ပဲ ငါ့ဖုန်းကို ပြန်ပေးတာလား'
'ဘာတွေ ဖြစ်နေတာလဲ'
"ခေါ်ချင်ရင် ခေါ်လိုက်တော့၊ နင်ကိုယ်တိုင် ပြောပြတာက ပိုကောင်းပါတယ်"
ဟု စိတ်တည်ငြိမ်သွားပုံရသော ရှယန်က အေးအေးဆေးဆေး ပြောလိုက်သည်။
"အိုကေ"
ကျန်းရှောင်က ဖုန်းကိုယူပြီး Weibo ကိုပင် မကြည့်ဘဲ ဟန်ကျန်းရွှယ်ထံ တိုက်ရိုက် ဖုန်းခေါ်လိုက်သည်။
ဖုန်းသုံးခါမြည်ပြီးနောက် တစ်ဖက်က ပြန်ထူးသော်လည်း ဟန်ကျန်းရွှယ်သည် ဘာစကားမျှ မပြောဘဲ တိတ်ဆိတ်နေသည်။
တိတ်ဆိတ်မှုကို မခံနိုင်တော့သဖြင့် ကျန်းရှောင်က....
"ဟို... ဒီနေ့ ရှယန်က ကျွန်တော့်ကို လေ့ကျင့်ခန်း လုပ်ဖို့ အပြင်ခေါ်သွားမလို့"
"ပြီးတော့ ဒီတစ်ပတ်လုံး ကျွန်တော် နေကောင်းပါတယ်လို့ ပြောချင်လို့ပါ၊ စိတ်မပူပါနဲ့" ဟု ပြောလိုက်သည်။
"အင်း" ဟု ဟန်ကျန်းရွှယ်က အေးစက်စွာ ပြန်ထူးသည်။
ရှယန်က သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ ကျန်းရှောင် ခဏမျှ တုံ့ဆိုင်းသွားပြီး "လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း မမရော ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား" ဟု မေးလိုက်သည်။
ဟန်ကျန်းရွှယ်က နောက်ဆုံးတွင် စကားပြန်ပြောလာသည်။
"နင့်အတွက် စစ်သင်တန်းကနေ ခွင့်တိုင်ပေးထားတယ်၊ နှစ်ပတ်အကြာမှာ ကျောင်းပြန်တက်ရမယ်"
"ရှယန်နဲ့ သေချာလေ့ကျင့်ပြီး အာရုံစိုက်ထားပါ၊ ငါ့ကို ပေးထားတဲ့ ကတိကို မှတ်ထား"
"စိတ်ကူးယဉ်ပြီး အဓိပ္ပာယ်မရှိတာတွေ လျှောက်မလုပ်နဲ့"
ကျန်းရှောင်က ပါးစပ်ဟလိုက်ပြီး နောက်ဆုံးတွင် သဘောတူလိုက်ရသည်။
ဟန်ကျန်းရွှယ်က ဖုန်းချသွားပြီပင်။
"နင့်အစ်မ ဘာပြောလဲ"
ရှဟန့်က စိတ်လှုပ်ရှားစွာ မေးသည်။
"ဘာပြောဦးမှာလဲ...ကျွန်တော့်ကို ဆုံးမပြီး အစ်မနဲ့အတူ လေ့ကျင့်ဖို့ ပြောတာပေါ့"
ကျန်းရှောင်က ဖုန်းကိုယူပြီး Weibo ဖွင့်လိုက်
သည်။
"မဟုတ်ဘူး၊ အရှက်ရမယ့် ဘေးကနေ ကယ်တင်ဖို့အတွက် နောက်ထပ် Weibo တစ်ခု တင်မှဖြစ်မယ်"
ရှဟန့်ကတော့ ဘာမှ စိုးရိမ်ပုံမရဘဲ...
"ဟဲဟဲ၊ အဲ့ဒါမှ နင့်ကို ဆုံးမရာကျတာ၊ ဒါပေမဲ့ တကယ်ပြောရရင် လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း နင် တော်တော်လေး ကြိုးစားတာပဲ"
"ငါ တကယ် သဘောကျမိတယ်" ဟု ပြောသည်။
"အစ်မ ငှားပေးထားတဲ့ ဆရာ့ရဲ့ ပိုက်ဆံတွေ အလဟသ မဖြစ်အောင် ကြိုးစားရတာပေါ့"
ကျန်းရှောင် Weibo ကို ကြည့်လိုက်ရာ ပို့စ်တစ်ခုတည်းမှအပ ကျန်တာများ အားလုံး အလွတ်
ဖြစ်နေသည်။
သို့သော် Fans ၁၀၀ ကျော် ရှိနေပြီ။
သူတို့မှာ သူ့ကို လာရောက် လှောင်ပြောင်ရန် စောင့်နေကြသူများ ဖြစ်မည်ဟု သူ ယူဆလိုက်သည်။
'ဒီကောင်မလေးက ငါ့အကောင့်ကနေ တင်ထားတာတွေကို ဖျက်လိုက်တာလား'
'အဲ့ဒါကြောင့် သူက ဒီလောက်တောင် ရဲတင်းနေတာကိုး'
ရှရှန်းဟိုင်က လိမ်ပြောရန် အကြောင်းမရှိသဖြင့် ရှယန်သည် သူ၏အကောင့်မှ ဝန်ခံစကားများစွာ တင်ခဲ့မည်မှာ သေချာသည်ဟု သူ ယုံကြည်လိုက်သည်။
"ဒီနေ့ ငါတို့ နှင်းတောထဲ သွားကြမယ်၊ ပြင်ဆင်ထားဦး"
ရှယန်က ကျန်းရှောင်အနားသို့ တိုးလာပြီး ပြုံးကာ ပြောလိုက်သည်။
"နှင်းတောလား၊ နှစ်ယောက်တည်းလား"
"ဟန်ကျန်းရွှယ်ကို မခေါ်ဘူးလား"
ကျန်းရှောင်က အံ့သြစွာ မေးသည်။
"ငါ့အစီအစဉ်အတိုင်းပဲ လုပ်စမ်းပါ၊ ဘာတွေ အများကြီး ပြောနေတာလဲ"
"မြန်မြန် ပို့စ်တင်စမ်း...နင့်အစ်မကို ဘယ်လို စမှာလဲဆိုတာ ငါ မြင်ချင်သေးတယ်"
ဟု ရှယန်က တိုက်တွန်းလိုက်သည်။
ကျန်းရှောင်က "ဘာလို့ စရမှာလဲ၊ သူမကို ချစ်တယ်လို့ပဲ ပြောလိုက်မှာပေါ့" ဟု ရေရွတ်ရင်း Weibo တင်လိုက်သည်။
...
ကျန်းရှောင်ဖီ-ဆိုးသလား- မဆိုးဘူးလား
Huawei Maimang C199 မှ တင်လိုက်သည်။
"ကျွန်တော့်ရဲ့ အချစ်တွေက သမုဒ္ဒရာထက် ကျယ်ပြောပြီး တောင်တန်းတွေနဲ့တောင် မနှိုင်းယှဉ်နိုင်ပါဘူး"
စာကြွင်း : ကျန်းရွှယ်လေးကို ခိုးချစ်နေတာ ၁၁ ရက်မြောက်နေ့။
...
"ဒီကဗျာက... နည်းနည်း တည်ကြည်လွန်းနေသလားလို့"
"ကောင်လေး၊ နင် အဲ့ဒီလို စလိုက်လို့ သူ ဒေါသထွက်မှာကို တကယ် မကြောက်ဘူးလား"
ရှယန်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
ကျန်းရှောင်က ပခုံးတွန့်ပြပြီး Weibo အကောင့်မှ ထွက်လိုက်သည်။
ရှယန်၏ အပြုံးက တောင့်တင်းသွားပြီး၊ သူမသည် လျှို့ဝှက်နံပါတ်ကို ထပ်မံရိုက်ထည့်ရန် ကြိုးစားနေသည့် ကျန်းရှောင်ကို ကြည့်နေမိသည်။
"ဒါနဲ့ ငါ ဒီမှာနေတာ ၈ ရက် ရှိပြီ"
"ဖုန်းဘက်ထရီက ဘာလို့ အပြည့် ဖြစ်နေတာလဲ၊ ဘက်ထရီက အဲ့လောက်တောင် ခံတာလား"
ဟု သူက ရေရွတ်လိုက်သည်။
ရှယန်က အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် "ငါ့အိမ်က အားသွင်းကြိုးတွေက အားလုံးနဲ့ တည့်ပါတယ်"
"တစ်ယောက်ယောက် နင့်ကို ရှာနေရင် သိရအောင် အားအပြည့် သွင်းပေးထားတာ" ဟု ပြောလိုက်သည်။
"အော်"
ကျန်းရှောင်က ခနဲ့တဲ့တဲ့ ရယ်လိုက်ပြီး စိတ်ထဲမှ နင် ငါ့ကို အကြောင်းကြားမှာလားတော့ မသိဘူး၊ ဒါပေမဲ့ နင့်အဖေကိုတော့ ငါ အကြောင်းကြားပြီးပြီ ဟု တွေးလိုက်သည်။
ရှရှန်းဟိုင် ဒါကို မြင်ရင် ဘယ်လို တုံ့ပြန်မလဲ မသိဘူး။
ကျန်းရှောင်သည် ခဏစဉ်းစားပြီးနောက် ဖုန်းကို လျှို့ဝှက်နံပါတ်မခံတော့ရန် ဆုံးဖြတ်လိုက်သည်။
လျှို့ဝှက်နံပါတ်သည် ဟန်ပြသာ ဖြစ်ပြီး သူမ ဖွင့်ချင်လျှင် ဖွင့်နိုင်သည်ကို သူသိ၏။
ကျန်းရှောင်က ဖုန်းကို စားပွဲပေါ် ပစ်တင်လိုက်ပြီး "အခု သွားကြမလား" ဟု မေးလိုက်သည်။
ရှယန်က ခေါင်းညိတ်သည်။
သူမကို ကျန်းရှောင်က မျက်နှာချင်းဆိုင်မှာတင် ကစားသွားသည်ကို သူမ သတိမထားမိသေးပုံရ၏။
တစ်ချိန်တည်းမှာပင်၊ ကျန်ပင်းမြို့လယ်ရှိ သာမန်အိမ်ရာတစ်ခုတွင်။
ဝရံတာတွင် ထိုင်၍ သတင်းစာဖတ်နေသော ရှရှန်းဟိုင်သည် သူ၏ဇနီး ထူးဆန်းသော မျက်နှာထားဖြင့် လျှောက်လာသည်ကို တွေ့လိုက်ရ၏။
သူမက သူမ၏ဖုန်းကို သူ့ထံ ကမ်းပေးလိုက်သည်။
ရှရှန်းဟိုင်က ဖုန်းကိုယူကြည့်လိုက်ရာ ထိတ်လန့်သွားပြီး တုန်လှုပ်သွားသည်။
မနေ့က ရှရှန်းဟိုင်သည် ကျန်းရှောင်၏ဖုန်းကို သမီးဖြစ်သူ ယူထားသည်ကို အတည်ပြုပြီးနောက်၊ ထိုပို့စ်များသည် ရှယန် တင်ထားခြင်းဖြစ်သည်ဟု ကောက်ချက်ချခဲ့သည်။
ယခုအခါတွင်လည်း ထို Weibo ပို့စ်မှာ သူ၏သမီးရတနာ ရှယန်က ကျန်းရှောင်၏အကောင့်ကို သုံးပြီး တင်လိုက်ခြင်းဖြစ်သည်ဟု သူ အခိုင်အမာ ယုံကြည်လိုက်သည်။
သို့သော် သူမ တင်ထားသည်ကို ကြည့်ပါဦး။
"ကျွန်တော့်ရဲ့ အချစ်တွေက သမုဒ္ဒရာထက် ကျယ်ပြောပြီး တောင်တန်းတွေနဲ့တောင် မနှိုင်းယှဉ်နိုင်ပါဘူး"
ဒါက ဘာကို ဆိုလိုတာလဲ။
ရှရှန်းဟိုင်က ၎င်းမှာ ကဗျာတစ်ပုဒ်ဖြစ်သည်ကို အတည်ပြုနိုင်သော်လည်း၊ စာသားများထဲတွင် ပြင်းထန်သော မကျေနပ်မှုများကို ခံစားနေရသည်။
မူလကဗျာ၏ အဓိပ္ပာယ်က အရေးမကြီးတော့ပေ။
အရေးကြီးသည်မှာ သူ၏သမီး မည်သည့်လေသံဖြင့် ရေးသားခဲ့သည်ကို သူ မြင်ယောင်နေခြင်း။
ဒါက ငါ မနေ့က ဘယ်သွားလဲဆိုတာကို သမီး သိသွားပြီလို့ ဆိုလိုတာလား။
ငါ့သမီးလေး စိတ်ဆိုးနေတာလား၊ ငါ ဝင်စွက်ဖက်တာကို သူ သိသွားပြီလား။
စာသားထဲတွင် "မနှိုင်းယှဉ်နိုင်" ဟု ရေးထားသော်လည်း၊ ရှရှန်းဟိုင်ကတော့ သူမသည် သူ့ကို "ယှဉ်ပြိုင်" ချင်နေသည်ဟု ခံစားနေရသည်။
ရှရှန်းဟိုင်က စိတ်ပျက်စွာဖြင့် တွေးလိုက်သည်။
ဒီလိုတော့ မဖြစ်တော့ဘူး။
ငါ သူမနဲ့ သေသေချာချာ စကားပြောမှ ဖြစ်မယ်။
သူမ ဘာတွေလုပ်နေပါစေ၊ ဘာတွေတွေးနေပါစေ ငါ ရှင်းရှင်းလင်းလင်း ပြောရမယ်။
သူမ၏ စိတ်ကူးယဉ်မှုထဲတွင် သူမကို ဆက်ပြီး နစ်မွန်းမနေစေချင်တော့ပေ။
သူတို့ရဲ့ ပတ်သက်မှုကို သူ သဘောတူလိုက်ရရင်တောင်မှ၊ သမီးဖြစ်သူကို စိတ်ကျန်းမာရေး ထိခိုက်တာမျိုး အဖြစ်မခံနိုင်ပေ။
ကျန်းမာရေးက အရေးကြီးဆုံးဖြစ်ပြီး၊ ပျော်ရွှင်မှုဆိုသည်မှာ ဖန်တီးယူ၍ ရသည်။
'သူက ကျန်းရှောင်ဖီကို ငါတို့အိမ်မှာ သားမက်
အဖြစ် ခေါ်ထားလိုက်မယ်'
'ငါတို့ ရှမိသားစုရဲ့ စည်းကမ်းတွေအောက်မှာ ထားမယ်၊ ဒီကောင်လေးသာ ငါ့သမီးကို ပစ်ပယ်ရဲရင်တော့ ခြေထောက်ကို ရိုက်ချိုးပစ်မယ်...'
ဟု တွေးနေမိသည်။
တစ်ချိန်တည်းမှာပင်၊ ဟွားယွမ်အိမ်ရာရှိ အိမ်တစ်အိမ်တွင် ဖုန်းသံလေး မြည်လာသည်။
ဟန်ကျန်းရွှယ် မျက်မှောင်ကြုတ်လိုက်သည်။
ထိုအသံကို သူမ နေ့တိုင်း ကြားနေရသော်လည်း၊ Weibo ကို ဖွင့်ကြည့်တိုင်း သူမ၏ အားမကိုးရသော မောင်ဖြစ်သူ ဘာတွေ လျှောက်လုပ်နေပြန်ပြီလဲဟု စိုးရိမ်စိတ်ဖြင့် စိတ်ပျက်ရတတ်သည်။
သို့သော်လည်း အကြောင်းကြားချက်ကို ဖွင့်ကြည့်လိုက်သောအခါ သူမ အနည်းငယ် အံ့သြသွားသည်။
လူအမျိုးမျိုးက ထိုကဗျာကို ရှုထောင့်အမျိုးမျိုးမှ အဓိပ္ပာယ်ဖွင့်ကြသည်။
ရှယန်က ကျန်းရှောင်သည် ဟန်ကျန်းရွှယ်နှင့် မောင်နှမဆက်ဆံရေးကို တင်စားခြင်းဟု ထင်သည်။
ရှရှန်းဟိုင်က ရှယန်သည် သူ့ကို ဒေါသထွက်၍ ရေးခြင်းဟု ထင်သည်။
ဟန်ကျန်းရွှယ်ကတော့ ကျန်းရှောင်သည် ကြီးမားသော ရိုက်ခတ်မှုတစ်ခုခု ခံလိုက်ရသည်ဟု ထင်သည်။
ဟန်ကျန်းရွှယ်က မျက်ခုံးပင့်ရင်း တွေးလိုက်၏။
'ဒီကဗျာက... ဒီကောင်လေး တစ်ခုခု အကြီးအကျယ် ခံစားလိုက်ရတာလား'
'ရှယန်ဆီကနေ ပညာပေးခံလိုက်ရတာလား၊ လက်တွေ့ဘဝကို နားလည်သွားတာလား'
'မဆိုးပါဘူး၊ လက်တွေ့ကို မြန်မြန်သိလေ ကောင်းလေပါပဲ'
'ရှမိသားစုရဲ့ အမွေဆက်ခံသူ မိန်းကလေးက နင့်ကို ဘယ်လိုလုပ် စိတ်ဝင်စားမှာ
လဲ'
စာကြွင်း အပိုင်းကို ကြည့်ပြီးနောက် သူမ ခဏမျှ အသက်ရှူအောင့်ထားပြီး တွေးလိုက်သည်။
အချိန်ကိုက်ပဲနော်။
'စိတ်ပြောင်းပြီး လမ်းမှန်ပေါ် ပြန်ရောက်လာတာ ကောင်းပါတယ်'
ဟန်ကျန်းရွှယ်က ဖုန်းကို ဘေးသို့ ပစ်ချလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်က စိမ်းလန်းစိုပြေမှုကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဟင်း... ယောကျ်ားတွေများ"