Intro
Viewers 813

Intro


ဇာတ်ပို့မင်းသားအား သိမ်းပိုက်ခြင်း အတတ်ပညာ


ဝါးပင်ညံ့မှ ဝါးမြစ်ကောင်းထွက်သည်ဟူသော ဆိုရိုးစကားအတိုင်းပင်၊ ရှုကျစ်ယွီ  ဖတ်နေသည့် "Scumbag Attack/လူယုတ်မာ တိုက်စစ်မှူး/အယုတ်တမာအထက်ပုဂ္ဂိုလ် " ဝတ္ထုဆိုးကြီးထဲတွင် သူသဘောကျရသည့် ဇာတ်ပို့မင်းသား တစ်ဦးတည်းသာ ရှိလေသည်။


"ဒီလောက်ကောင်းတဲ့ ယောကျာ်းမျိုးကို ငါသာ အသေအလဲ ချစ်ပေးလိုက်ရရင် ဘယ်လောက်ကောင်းမလဲ" ဟု သူတွေးလိုက်သည့် ခဏချင်းမှာပင် စာရေးသူက ထိုအလွန်အမင်း ချောမောလှပလွန်းသူကို ဇာတ်လမ်းထဲမှ အသေသတ်၍ ထုတ်ပယ်လိုက်လေတော့သည်။


ရှုကျစ်ယွီ     တစ်ယောက် ဒေါသတကြီးဖြင့် စားပွဲကို ရိုက်ကာ မောက်စ်ကို လွှင့်ပစ်၍ ဝုန်းကနဲ ထရပ်လိုက်မိသည်။ သို့သော် နောက်တစ်စက္ကန့်တွင်မူ သူသည် ဝတ္ထုကမ္ဘာထဲသို့ ရုတ်တရက် ကူးပြောင်းရောက်ရှိသွားခဲ့လေပြီ။ မိမိအမြတ်နိုးရဆုံး ဇာတ်ကောင်ကို ကယ်တင်ခွင့်ရခြင်းထက် သာလွန်သည့် ဆုလာဘ်မျိုးကော အဘယ်မှာ ရှိနိုင်ဦးမည်နည်း။


သခင်လေးရှု : "ဒါဟာ ဘုရားသခင်က ငါ့ကို ကူညီမစလိုက်တာပဲ!   ရွှမ်းရွှမ်း  လေးရေ... ကိုယ်လာပြီနော်!"


total - 160


BL