Ch 9
Viewers 230

Ch-9

• April 13 at 12:26 PM

နာရီဝက်ခန့် ကြာပြီးနောက် ဟဲယဲ့တည်းခိုခန်း အဝင်ဝ၌ အမျိုးသားနှစ်ဦး ဟိုဟိုဒီဒီ ယောင်လည်လည်လုပ်နေသည်။

"အဟွတ်... ဟွတ်... ဖွီး"

ထိုသူနှစ်ဦးထဲမှ ဆံပင်ကောက်ကောက်နှင့် တစ်ယောက်က တည်းခိုခန်းထဲသို့ ခြေမချရသေးမီမှာပင် အဝင်ဝတည့်တည့်၌ သလိပ်ခဲကြီးတစ်ခဲကို ထွေးထုတ်လိုက်၏။

ဧည့်ကြိုကောင်တာမှနေ၍ ထိုမြင်ကွင်းကို လှမ်းမြင်လိုက်ရသော စုဟယ်မှာ မျက်ခုံးလှုပ်သွားရသည်။

"ခဏနေကျရင် အဝင်ဝကို ပိုးသတ်ဆေးနဲ့ သေချာဆေးကြောရမယ်" 

စုဟယ် စိတ်ထဲက တွေးလိုက်သော်လည်း မျက်နှာတွင်မူ အပြုံးမပျက်အောင် ထိန်းထား၏။

အခြားအမျိုးသားတစ်ဦးမှာတော့ ဘောင်းဘီတစ်ဖက်ကို လိပ်တင်ထားရာ အလွန်ပင် ပိန်လှီလှသော ခြေသလုံးကို မြင်နေရသည်။ သူသည် အရပ်ရှည်ပြီး ပိန်ချုံးနေကာ အာလူးတစ်လုံးကို တူနှစ်ချောင်းပေါ်တွင် တင်ထားသည့်အလားပင်။

ထိုအာလူး လူသားသည် စီးကရက်တစ်လိပ်ကို ထုတ်ကာ ပါးစပ်တွင် ခဲထားလိုက်ပြီး ကျန်လက်တစ်ဖက်ကတော့ အင်္ကျီအိတ်ထဲတွင် တစ်ခုခုကို နှိုက်ရှာရင်း ဟဲယဲ့တည်းခိုခန်း ဧည့်ကြိုကောင်တာဘက်သို့ လျှောက်လာ၏။

စုဟယ် အပြုံးမှာ ပျက်မသွားသော်လည်း အနည်းငယ်တော့ တောင့်တင်းနေသည်။

"မင်္ဂလာပါရှင် ဧည့်ခန်းမထဲမှာ ဆေးလိပ်သောက်လို့ မရပါဘူးရှင့် "

အာလူးလူသားက စိတ်ဆိုးပုံမရပေ။ သူသည် စီးကရက်ကို ဂရုတစိုက် ပြန်သိမ်းလိုက်ပြီး ဖုန်းကို ထုတ်ကာ စုဟယ်ကို ပြလိုက်သည်။

"ကျနော်တို့ ဒီအစီအစဉ် ဝယ်ထားလို့ပါ"

ခုနက ဖုန်းဆက်စုံစမ်းခဲ့တဲ့ ဧည့်သည်တွေ ဖြစ်ပုံပင်။ စုဟယ် ဘောက်ချာကုဒ်ကို စစ်ဆေးပြီး အသုံးပြုသည့် အချိန်ကို စတစ်ကာလေးပေါ်တွင် မှတ်သားလိုက်သည်။

"ကြိုဆိုပါတယ်ရှင်။ ကျမတို့ရဲ့ အချိန်ပိုင်းအခန်းက ၄ နာရီအတွက်ပါရှင်။ သတ်မှတ်ချိန်ထက် ကျော်လွန်သွားရင်တော့ မူရင်းအခန်းခနှုန်းထားအတိုင်း ထပ်မံကောက်ခံသွားမှာ ဖြစ်ပါတယ်ရှင် "

သူတို့ မှတ်ပုံတင်များကို စစ်ဆေးလိုက်သည့်အခါ ထိုလူကြီး နှစ်ယောက်ဟာ အမှန်တကယ်တော့ အသက် (၂၀) သာ ရှိသေးကြောင်း စုဟယ် အထူးသတိထားမိသွား၏။

"ဒီဘက်ကို ကြွပါရှင်" 

စုဟယ် ထိုဧည့်သည်နှစ်ဦးအတွက် နံရံကပ်စက္ကူ များ သိပ်မပျက်စီးသေးသည့် ဒုတိယထပ်က နှစ်ယောက်ခန်းတွဲကို ရွေးချယ်ပေးလိုက်သည်။

အစပိုင်းတွင် အဝင်ဝ၌ တံတွေးထွေးခဲ့သည်မှလွဲ၍ ထိုအမျိုးသားနှစ်ဦးမှာ တည်းခိုနေစဉ်အတွင်း ဆက်ဆံရ အလွန်လွယ်ကူသူများ ဖြစ်နေကြသည်မှာ အံ့ဩစရာပင်။

ဧည့်သည်များ အခန်းတံခါးပိတ်သွားသည်ကို မြင်ပြီးနောက် စုဟယ် ပြန်စဉ်းစားမိသည်။

"ငါ သူတို့ကို အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်မိသွားတာပဲ။ သူ လည်ချောင်းနာနေလို့လည်း ဖြစ်နိုင်တာပဲလေ "

သူမသည် ဇလုံတစ်ခုထဲတွင် ပိုးသတ်ဆေးရည်ကို ပြင်ဆင်ပြီး အဝင်ဝသို့ ယူဆောင်သွားကာ ထိုနေရာကို ဆေးကြောရန် ပြင်လိုက်သည်။

ထိုစဉ်မှာပင် ဆံပင်ဝါရောင်ဆိုးထားသော လူငယ်သုံးဦး အတူတူ လျှောက်လာသည်ကို သူမ တွေ့လိုက်ရ၏။ စုဟယ် သူတို့ကို နှုတ်ဆက်ရန် ပြင်လိုက်သော်လည်း ထိုသူများမှာ နေရာကို ကျွမ်းကျင်နေသည့်အလား ဒုတိယထပ်သို့ တန်းစီတက်သွားကြသည်။

စုဟယ်သည် ရေဇလုံကို ကိုင်လျက် ကြောင်အအဖြင့် ရပ်နေမိ၏။ 

‘ဘာတွေဖြစ်နေတာလဲ’

စုဟယ် အခြေအနေကို သွားရောက်စစ်ဆေးရန် ခြေလှမ်းပြင်လိုက်စဉ်မှာပင် အလွန်ပင် ပိန်လှီသော နောက်ထပ် အမျိုးသားနှစ်ဦး ရောက်ရှိလာ၏။

ထိုသူများထဲမှ တစ်ဦးသည် စုဟယ် တစ်ခုခု မေးတော့မည်ကို မြင်သည့်အခါ တိုက်ရိုက်ပင် ပြောလိုက်သည်။

"ကျွန်တော်တို့ လူလာရှာတာပါ" 

ပြောပြီးသည်နှင့် သူသည် စုဟယ်ကို ကျော်ဖြတ်ကာ အပေါ်ထပ်သို့ တက်သွားတော့သည်။

ထိုသူနှစ်ဦးမှာ ပုံမှန်လာနေကျသူများကဲ့သို့ပင်စကားတပြောပြော ရယ်ရယ်မောမောဖြင့် တက်သွားကြ၏။

စုဟယ်မှာ ဖိနပ်ထဲက ခြေချောင်းလေးများ တောင့်သွားရသည်။ 

‘ဒီလူတွေ ဟဲယဲ့တည်းခိုခန်းက ဒီနေ့ အခန်းတစ်ခန်းတည်းပဲ ငှားထားရသေးတယ်ဆိုတာကို မသိကြလား’

အဝင်ဝကို ပိုးသတ်ဆေးဖြန်းပြီးနောက်တွင်တော့ စုဟယ် ဆဌမမြောက်လူ အပေါ်ထပ်သို့ တက်သွားသည်ကို အေးအေးဆေးဆေးပင် ကြည့်နေလိုက်တော့၏။

ယခုဆိုလျှင် (၂၀) စတုရန်းမီတာသာ ကျယ်ဝန်းပြီး အိမ်သာပါဝင်သော အခန်းနှစ်ခုတွဲထဲတွင် လူ (၈) ယောက် ရှိနေတော့သည်။

စုဟယ်ကတော့ အကောင်းမြင်စိတ်ဖြင့် တွေးလိုက်၏။ 

‘ကျပ်ကျပ်သပ်သပ်နေမယ်ဆိုရင် နောက်ထပ် (၈) ယောက်လောက် ဆံ့ဦးမှာပဲ’

ကံမကောင်းစွာဖြင့် (၂၀) စတုရန်းမီတာ ကျယ်သည့်အခန်းက လူ (၁၆) ယောက် ဆံ့သလားဆိုတာကို သူမ အတည်မပြုလိုက်ရပေ။ အချိန်ပိုင်းအခန်းထဲသို့ လူ (၁၁) ယောက် ဆက်တိုက် ဝင်သွားပြီးနောက်တွင် နောက်ထပ် မည်သူမျှ ရောက်မလာတော့ပေ။ အနည်းဆုံးတော့ နှစ်ယောက်တွဲတစ်ခန်းမှာ လူ (၁၁) ယောက် ပြဿနာမရှိဘဲ နေနိုင်ကြောင်း စုဟယ် သိသွားရသည်။

အပေါ်ထပ်က လူ (၁၁) ယောက်အကြောင်းကို တွေးမိရင်း စုဟယ် စနစ်ကို ချက်ချင်း ဖွင့်လိုက်သည်။

"စနစ်၊ ဒီလူ ၁၁ ယောက်ဆီကနေ မှတ်ချက်ကောင်းတွေ ဘယ်လိုရအောင် လုပ်ရမလဲ "

ပုံမှန်အားဖြင့် သူတို့ (၁၁) ယောက်လုံးဟာ တည်းခိုခန်းရဲ့ ဧည့်သည်တွေပဲ မဟုတ်လား။

စုဟယ် စနစ်ကို ထပ်ပြီး မေးလိုက်သည်။

စနစ်၏ မျက်နှာပြင်လေးမှာ စဉ်းစားနေသည့်အလား မှိတ်တုတ်မှိတ်တုတ် ဖြစ်နေ၏။

သို့သော် စနစ်က ထိုမေးခွန်းကို ကြိုတင်ခန့်မှန်းထားသည့်ပုံရပြီး အဖြေကို လျင်မြန်စွာ ပေးလိုက်သည်။

စနစ်၏ အသိပေးချက် : အကယ်၍ ဧည့်သည်အများအပြား အခန်းတစ်ခန်းတည်းတွင် တည်းခိုပါက၊ မှတ်ချက်ကောင်း (၁) ခု ရရှိရန်အတွက် ထိုအခန်းရှိ ဧည့်သည်အားလုံး ကျေနပ်မှု ရှိရမည် ဖြစ်သည်။

စုဟယ် မျက်နှာ ပျက်သွားတော့သည်။ 

ဖြတ်လမ်းနည်း လိုက်၍ မရဟန်ပင်။ 

ထိုရှုထောင့်ကကြည့်လျှင် အခန်းတစ်ခန်းထဲမှာ ဧည့်သည်များလေလေ မှတ်ချက်ကောင်းရဖို့ ပိုခက်လေလေ ဖြစ်ပေလိမ့်မည်။

ဒုတိယမြောက် အချိန်ပိုင်းအခန်း ဧည့်သည်မှာတော့ ခရီးသွား မိသားစုတစ်စု ဖြစ်သည်။

စုဟယ် သူတို့ကို ရေတွက်ကြည့်လိုက်သည်။ ဇနီးမောင်နှံနှစ်ဦး၊ ကလေးနှစ်ဦးနှင့် သက်ကြီးရွယ်အို နှစ်ဦးသာပင်။

ယခုတစ်ကြိမ်တွင် လူ(၆) ယောက် တည်းခိုခြင်းဖြစ်ရာ ထိုမိသားစုတစ်ခုလုံး အချိန်ပိုင်းအခန်းအပေါ် ကျေနပ်မှုရှိမှသာ စုဟယ်အနေဖြင့် မှတ်ချက်ကောင်း (၁) ခု ရရှိမည် ဖြစ်သည်။

မျှော်လင့်ချက်က သိပ်မရှိသော်လည်း စုဟယ်ကတော့ အရှုံးမပေးပေ။ 

သူတို့၏ မှတ်ပုံတင်များကို မှတ်တမ်းတင်ပြီးနောက် သူမ အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။

"မင်္ဂလာပါ၊ ကြိုဆိုပါတယ်ရှင်။ ကျမတို့ရဲ့ အချိန်ပိုင်းအခန်းတွေက အခန်းနှစ်ခုတွဲ အမျိုးအစားတွေပါရှင်။ ကျမ ဧည့်သည်တို့အတွက် ပုံမှန်အခန်း အဖြစ် အဆင့်မြှင့်ပေးပါ့မယ်ရှင်။ ကျမတို့ တည်းခိုခန်းအတွက် မှတ်ချက်ကောင်းလေးတစ်ခု ပေးလို့ ရမလားဟင် "

ကလေးကို ပွေ့ချီထားသော ခင်ပွန်းဖြစ်သူမှာ အခန်းအဆင့်မြှင့်ပေးမည်ဆိုသည်ကို ကြားသောအခါ အတော်လေး ဝမ်းသာသွားသည်။

"ရတာပေါ့၊ ရတာပေါ့၊ ကျေးဇူးတင်ပါတယ်ဗျာ"

စုဟယ် ထိုမိသားစုကို တတိယထပ်သို့ ခေါ်ဆောင်သွား၏။

နောက်က လိုက်လာသော ဇနီးဖြစ်သူမှာ အနည်းငယ် ကွာကျနေသော လှေကားထစ်များကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သော်လည်း အခန်းကို မြင်လိုက်ရသည့်အခါတွင် သူမ၏ အမူအရာမှာ ပြေလျော့သွားသည်။ 

ပုံမှန်အခန်းက အမှန်တကယ်ပင် ပိုကျယ်ဝန်းသဖြင့် ကျပ်ညပ်နေသလို ခံစားရမည် မဟုတ်ပေ။

ဇနီးဖြစ်သူကလည်း ယဉ်ကျေးစွာ ကျေးဇူးတင်စကား ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်ရှင်"

စုဟယ် ထိုမိသားစု အခန်းတံခါးပိတ်သွားသည်ကို ကြည့်ရင်း တိတ်တဆိတ် ဆုတောင်းနေမိ၏။ 

‘ဒါက သူမ လုပ်နိုင်သမျှ အကုန်လုံးပဲ၊ ကျန်တာကတော့ အဲဒီမိသားစု ကျေနပ်ဖို့အပေါ်မှာပဲ မူတည်ပါတော့တယ်’

တံခါးပိတ်လိုက်သည်နှင့် ကလေးကို ချီထားသော ခင်ပွန်းဖြစ်သူက ကလေးကို ရေချိုးခန်းထဲသို့ အမြန်ခေါ်သွားပြီး လှမ်းအော်ပြောလိုက်သည်။

"အမေ၊ ကျနော် အိတ်ထဲက တာဝါနဲ့ ဒိုင်ပါ လေး ယူပေးပါဦး "

ဆံပင်ဖြူဖြူနှင့် အဘွားအိုမှာ အိတ်ကို ဆွဲကာ ရေချိုးခန်းထဲသို့ အလျင်အမြန် လိုက်သွား၏။

ဇနီးဖြစ်သူက အနည်းငယ် ပိုငယ်သော ကလေးရဲ့ ဖိနပ်ကို ချွတ်ပေးရင်း ပြောလိုက်သည်။

"အဖေ၊ အဖေလည်း ခဏလောက် လှဲနေပါဦး။ ဒီမှာ ခဏလောက် နားရအောင်၊ ရှောင်ပေါင်လည်း ပင်ပန်းနေပြီ "

အဖိုးအိုက ခေါင်းညိတ်ပြီး ကုတင်ဘေးတွင် ထိုင်ကာ ရှောင်ပေါင်ကို ကြင်နာစွာ ကြည့်နေသော်လည်း အနည်းငယ်တော့ ညည်းတွားနေဆဲပေ။

"အို... အပြင်ထွက်လည်တာတောင် တည်းခိုခန်း ဝင်နေရသေးတယ်၊ ပိုက်ဆံတွေ နှမြောစရာကြီးကွယ် "

ဇနီးဖြစ်သူက ကလေးကို ညင်သာစွာ ပုတ်ပေးရင်း ပြောလိုက်သည်။

"အဖေကလည်း၊ ဒါက သမီးတို့ အွန်လိုင်းမှာ အထူးဈေးနဲ့ ဝယ်ထားတာပါ။ ခဏနေရင် ကန်းကျီကို ငွေပေးချေထားတဲ့ မှတ်တမ်း ပြခိုင်းလိုက်မယ်၊ တကယ်ကို (၉.၉) ယွမ်တည်းပါ အဖေရဲ့ "

ပုံမှန်ဆိုလျှင် အလွန်စေ့စပ်တွက်ချက်တတ်သော အဘွားအိုမှာ ယခုတစ်ကြိမ်တွင် အံ့ဩစရာကောင်းလောက်အောင် သဘောထားကြီးနေ၏။

"တာ့ပေါင်က ဒိုင်ပါထဲမှာ အညစ်အကြေး စွန့်ထားတာလေ၊ အပြင်က အများသုံး အိမ်သာတွေမှာ သွားလုပ်ဖို့က ဘယ်လိုမှ အဆင်မပြေနိုင်ဘူး "

အဘိုးအိုကတော့ မကျေနပ်သေးပေ။

"အိုး... အခုခေတ်မှာ မိခင်နဲ့ ကလေး အိမ်သာတွေ ရှိနေတာပဲ မဟုတ်လား "

အဘွားအိုက အသံကို မြှင့်လိုက်သည်။

"မိခင်နဲ့ ကလေး အိမ်သာတွေမှာ ရေချိုးခန်းမှ မရှိတာ။ တာ့ပေါင်ကို အဲဒီလို နေရခက်အောင် ထားချင်လို့လား။ ငါတို့ ဆန်းကျုံးကျောင်းတော် အဝင်ဝအထိ ရောက်နေပြီ၊ အိမ်ပြန်ဖို့ဆိုရင် နောက်ထပ် တစ်နာရီလောက် ထပ်သွားရဦးမှာ။ နင့်မြေးကို လမ်းတစ်လျှောက်လုံး အော်ငိုနေအောင် လုပ်မှာလား"

အဖိုးအိုမှာ ပြောစရာ မရှိတော့ဘဲ တတွတ်တွတ် ညည်းတွားနေသည်ကို ရပ်လိုက်တော့၏။သူသည် အဲကွန်းအပူချိန်ကို ညှိလိုက်ပြီး အခန်းထဲတွင် အခမဲ့ပေးထားသော ရေသန့်ဘူးကို ဖွင့်သောက်လိုက်သည်။

ဇနီးဖြစ်သူက အဘိုးအိုနှင့် အဘွားအိုတို့ တစ်ယောက်တစ်ခွန်း ပြောနေသည်ကို ကြားဝင်မပြောဘဲ ကြည့်နေ၏။ 

သူမလည်း အဘွားအို ပြောတာကို သဘောတူပါသည်၊ တာ့ပေါင်ရော ရှောင့်ပေါင်ပါ နှစ်ယောက်လုံး နေရခက်နေကြသဖြင့် မပြန်မီ တည်းခိုခန်းမှာ ခဏနားလိုက်တာက ပိုကောင်းပါသည်။

ဧည့်ကြိုကောင်တာမှာ ရှိနေသော စုဟယ်မှာ ပုံမှန်ထက် ပို၍ အလုပ်ရှုပ်နေသည်။ 

(၉.၉) ယွမ်တန် အချိန်ပိုင်းအခန်း အထူးအစီအစဉ် (၅) ခုလုံးမှာ ရုတ်တရက် ရောင်းထွက်သွားပြီး တည်းခိုသူများ ရောက်ရှိလာကြ၏။

လူ (၆) ယောက်ပါသော မိသားစု အပေါ်ထပ်သို့ တက်သွားပြီးနောက် နောက်ထပ် လူ (၄) ယောက် ရောက်လာပြန်ကာ မာကျောက် ကစားဖို့အတွက် အချိန်ပိုင်းအခန်း သုံးချင်သည်ဟု ဆိုကြသည်။ 

စုဟယ် သိုလှောင်ရုံထဲမှ လျှပ်စစ်မာကျောက်စားပွဲကို ပင်ပင်ပန်းပန်း ထုတ်ယူခဲ့ရပြီး အခန်းထဲက ကုတင်အားလု

ံးကို ဘေးတစ်ဖက်သို့ တွန်းထုတ်ကာ ယာယီ ကစားဝိုင်းအခန်းအဖြစ် ပြင်ဆင်ပေးလိုက်ရ၏။

ကံကောင်းထောက်မစွာဖြင့် လျှပ်စစ်မာကျောက်စားပွဲမှာ ဘီးများပါသဖြင့် တွန်းရလွယ်ကူနေသည်။ ဘီးသာမပါက သူမ လုပ်နိုင်မည် မဟုတ်ပေ။

လက်တော့အိတ်ကို ကိုင်ထားသော မိန်းကလေးတစ်ဦးကတော့ အင်တာနက်လိုင်း ကောင်းပြီး တိတ်ဆိတ်သော အခန်းကို လိုချင်သည်ဟု အထူးအလေးပေး ပြောကြားလာသည်။

စုဟယ် သူမကို အခန်းအတော်များများ လိုက်ပြခဲ့ရပြီး နောက်ဆုံးတွင် ထောင့်ကအခန်းတစ်ခန်းကို သူမ ရွေးချယ်သွားခဲ့၏။

အခန်းလိုချင်သော်လည်း မှတ်ပုံတင် လုံးဝမပြချင်သော ဇနီးမောင်နှံလည်း ရှိသေးသည်။ စုဟယ်က သူတို့ကို နားဝင်အောင် ပြောသော်လည်း သူတို့က အလျှော့မပေးကြပေ။

သူမအနေဖြင့် အွန်လိုင်းမှ ဝယ်ယူထားသော အစီအစဉ်ကို ဖျက်သိမ်း ခိုင်းဖို့သာ တတ်နိုင်တော့သည်။

ဥပဒေနှင့် မလွတ်ကင်းသည့် အလုပ်များကိုတော့ မလုပ်နိုင်ပေ။