CHAPTER 22
Viewers 692

အခန်း ၂၂ ဘိန်းပန်း

 

လဲ့ကျစ်က မျက်လုံးများကို မှေးထားပြီး သူမ၏လည်ချောင်းများက ခြောက်သွေ့ပြီးရင်း ခြောက်သွေ့လာသည်။

 

‘အရူးမတဲ့လား... သူမ ဘယ်လို မရူးပဲနေနိုင်မှာလဲ’

 

‘ဒီအတောအတွင်းမှာ သူမ ညတိုင်းလိုလို အိပ်မက်ဆိုးတွေထဲ ကျရောက်နေခဲ့တယ်၊ သူမက စိတ်ရှည်သည်းခံပြီး အချိန်ဆွဲနေနိုင်ပေမယ့် အစ်မကရော ဘယ်လိုတွေဖြစ်နေမလဲ၊ တာ့လီကို တာ့ချီရဲ့စစ်သည်တွေ ကျူးကျော်ဝင်ရောက်တဲ့နေ့က  အစ်မက ပြောမပြနိုင်လောက်တဲ့ အရှက်ရမှုကြီးကို ခံစားခဲ့ရတယ်။ သူတို့ အစ်မကို ခေါ်ဆောင်ခဲ့တဲ့အချိန်မှာ အဲ့ဒီဗလာကျင်းနေတဲ့ မျက်လုံးများတွေကို သူမ ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်ဘူး။ အစ်မရဲ့တစ်ကိုယ်လုံးကလည်း ငြိမ်ကျသွားပြီး လုံးတ တိတ်ဆိတ်သွားတယ်’

 

‘သူမ အကန့်အသတ်မရှိဘဲ မစောင့်နိုင်တော့ဘူးလေ၊ အစ်မအတွက်ကြောင့် သူမ တိုက်ခိုက်မှ ဖြစ်တော့မယ်’

 

‘တခါတလေမှာ ပျက်စီးခြင်းမရှိဘဲ ပြန်ဆောက်လို့ မရဘူးလေ...’

 

‘ဟော်တူရဲ့နှလုံးသားထဲကို အချိန်တိုတိုအတွင်း ဝင်ရောက်ဖို့ မဖြစ်နိုင်ဘူး၊ ဒါကြောင့် ဒီကိစ္စကို ဒီပုံစံနဲ့ ဖြေရှင်းဖို့ စီမံခဲ့ရတယ်။ သူမ သေသွားရင်တောင် ဟော်တူက သူမကို လေးလေးနက်နက် စွဲမှတ်နေပြီး မမေ့နိုင်စရာ ဖြစ်စေချင်တယ်’

 

‘ကြောင်သူတော် ဟော်ရှအတွက်တော့ သူမ တကယ်သေသွားခဲ့ရင် အဲ့လူယုတ်မှာက အစ်မကို ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံရဲမှာ သေချာတယ်’

 

လဲ့ကျစ်က သူမ၏အစ်မကို အခွင့်အရေးပေးရန် သူမ၏ဘဝကို အသုံးချချင်နေခြင်းသာ ဖြစ်သည်။

 

"အရှင့်သားက ကျွန်မရူးနေပြီလို့ ထင်နေတာလား"

 

လဲ့ကျစ်က ခပ်ဖျော့ဖျော့ပြုံးနေရင်း ထပ်ပြောလိုက်သည်။

 

"အဲဒါက အရှင့်သားအတွက် ပိုကောင်းတာ မဟုတ်ဘူးလား"

 

သူမ၏မေးခွန်းအတွက် တုံ့ပြန်သံ မရှိခဲ့ပေ။ လဲ့ကျစ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ သူမ၏မျက်လုံးများ ရုတ်တရက် မည်းမှောင်လာပြီး အသိစိတ် ပျောက်သွားကာ သူမ၏မျက်နှာက နူးညံ့ပျော့ပျောင်းသည့် ခေါင်းအုံးပေါ်သို့ လုံးလုံးလျားလျား ပြုတ်ကျသွားသည်။

 

ဟော်တူ၏မျက်နှာက နီမြန်းနေသေးသော်လည်း သူ့မျက်လုံးများက မှိုင်းဝေနေကာ ရေများ ရွှဲနစ်နေပြီး သူ့၏အဖြူရောင်လက်ချောင်းထိပ်တွင် ရေစက်အနည်းငယ် ရှိနေသည်။ သူ့လည်ချောင်းထဲတွင် ချိုမြိန်မှုတစ်ခု ခံစားလိုက်ရပြီး ပါးစပ်မှ သွေးများကို ထွေးထုတ်ရန် တစ်ဖက်သို့ လှည့်လိုက်ရသည်။

 

အချိန်အတော်ကြာပြီးနောက် သူ့မျက်နှာက ယခင်အတိုင်း ပြန်လည်ကောင်းမွန်လာသည်။

 

"ဘယ်လို စိတ်ကြွဆေးအမျိုးအစားလဲ"

 

ဟော်တူက လဲ့ကျစ်၏ သတိလစ်မေ့မြောနေသော မျက်နှာကို ကြည့်လိုက်ရာ သူမ၏ ရှည်လျားသော မျက်တောင်မွှေးများပေါ်တွင် မျက်ရည်စအချို့ ရှိနေသည်ကို တွေ့လိုက်ရသည်။ သူက သူမ၏မျက်ဝန်းများကို သူ့လက်ချောင်းများဖြင့် ပွတ်သပ်လိုက်ပြီး သူ့လက်ချောင်းထိပ်များကို ပြန်နမ်းလိုက်သည်။ သူ့ပါးစပ်ထဲမှ သွေးများ၏ ချိုမြိန်မှုထဲသို့ သူမ၏မျက်ရည်များ ရောထွေးသွားသည်။

 

‘ခါးတယ်...’

 

ဟော်တူက ခပ်လှောင်လှောက် ပြုံးနေပြန်သည်။

 

‘ဟုတ်တယ်... မျက်ရည်တွေကတောင် သူတို့သခင်မနဲ့တူနေတယ်။ မနှစ်မြို့ဖွယ်ကောင်းပေမယ့် ချစ်စရာကောင်းလွန်းတယ်လေ....’

 

သူက သူ့လက်ကို ဆန့်လိုက်ပြီး လဲ့ကျစ်၏မျက်နှာကို ခပ်ဖွဖွ ပုတ်လိုက်သည်။

 

"မင်းကိုယ်မင်း အရမ်းလှတယ်လို့ ထင်နေတာပေါ့လေ ဟုတ်လား"

 

‘သူမက သူ့စိတ်ထဲမှာ  လေးနက်တဲ့ အထင်ကြီးမှုကို ချန်ထားခဲ့ချင်တာလား။ သူမက သူမဦးနှောက်ကို အဲ့ဒီအဆင့်အထိ ရွှေ့လိုက်တယ်ပေါ့။ သူမပဲ အဲ့လိုစိတ်ကြွဆေးမျိုးကို စဉ်းစားနိုင်ခဲ့တယ်။ ပြီးတော့ သူမက ဆေးတွေ အများကြီး ထည့်ထားခဲ့သေးတယ်’

 

‘သူ့ရဲ့ နက်နဲတဲ့ အတွင်းအားတွေကြောင့်သာ မဟုတ်ရင်၊ ဒီအချိန်မှာ သူ တကယ်ပဲ သူမနဲ့ လင်မယားအရာမြောက်သွားမှာ သေချာတယ်၊ သူမလည်း မြင်မကောင်းလောက်အောင် သေဆုံးသွားနိုင်တယ်’

 

လက်ရှိအချိန်တွင် လဲ့ကျစ်၏ချယ်ရီနှုတ်ခမ်းပေါ်ရှိ သွေးရောင်က လုံးဝ ဖြူဆုတ်နေပြီး အသက်ရှုမဝလုနီးပါး ဖြစ်နေပုံရသည်။

 

ဟော်တူ၏ အနက်ရောင်မျက်လုံးများတွင် ထိတ်လန့်မှုတစ်ခု ထွက်ပေါ်လာသည်။ သူက ဘေးနားမှ တုတ်တောက်ကို ကောက်ကိုင်ကာ ဆေးစင်ဆီကို လျှောက်သွားလိုက်သည်။ သူ ဘာတွေတွေးနေသည်ကို သူကိုယ်တိုင် မသိနိုင်သလို ယခုအချိန်တွင် အများကြီးတွေးရန်လည်း အချိန် မရှိတော့ပေ။ သူ သေချာနေသည်တစ်ခုက သူ သူမကို မသေစေချင်သေးပေ။

 

‘ငါ သူမဆီကနေ တွက်ချက်ခံရပြီး ဆေးခတ်ခံရတာတောင်  သူမကို ကယ်တင်ချင်နေသေးတယ်၊ ငါ စိတ်​လွတ်​သွားပြီလား’

 

ဟော်တူက အနီရောင် ကြွေထည်ပုလင်းကို ထုတ်ယူနေရင်း သူ့နှုတ်ခမ်းကို တွန့်ကွေးကာ ပြုံးနေပြန်သည်။

 

‘ဟုတ်သားပဲ... ငါက ပုံမှန်မှ မဟုတ်တာ’

 

လဲ့ကျစ်ကို အဆိပ်ဖြေဆေး တိုက်ပြီးနောက် ဟော်တူက သူမ၏ နောက်ကျောဘက် ပခုံးပေါ်မှ သွေးစွန်းနေသော အစွန်းအထင်းများကို နွေးထွေးသော ချည်ပုဝါဖြင့် သုတ်ပေးကာ ပတ်တီးကို ရိုးရိုးရှင်းရှင်း ပတ်ပေးလိုက်သည်။ သူမ၏နောက်ကျောဘက်မှ ပခုံးပေါ်ရှိ ဒဏ်ရာက အလွန်ပြင်းထန်ပြီး မြှားကိုဆွဲထုတ်လိုက်တဲ့ လဲ့ကျစ်၏ မဆင်မခြင် အပြုအမူကြောင့် ဒဏ်ရာကို ပိုကြီးသွားစေခဲ့သည်။ ဆေးထည့်ပေးနေချိန်တွင် သတိလစ်နေသောလူက နာကျင်ဟန်ဖြင့် မျက်မှောင်ကြုတ်နေခဲ့သည်။ သူမ၏မျက်နှာက လေထုတ်ထားသည့် ဘောလုံးတစ်လုံးကဲ့သို့ ရှံ့တွနေခဲ့သည်။

 

“မင်းကိုမင်း ကောင်းကောင်းမွန်မွန် ဂရုစိုက်”

 

ဟော်တူက အေးတိအေးစက် ပြောလိုက်ပြန်သည်။

 

"ဒါပေမယ့် နာကျင်မှုကြောင့်တော့ မသေနဲ့၊ ယောကျာ်း မရသေးခင် သေဖို့ ဆန္ဒရှိနေတာလား”

 

ပြောနေရင်းဖြင့် ဟော်တူတစ်ယောက် အလွန်ရယ်ချင်လာပြန်သည်။

 

‘ဒီမိန်းကလေးက ကိုယ်လက်နှီးနှောတာလို အတွေ့အကြုံမျိုးကို အရမ်းပြင်းထန်တဲ့ စမ်းသပ်မှုနဲ့ ဆင်းရဲဒုက္ခရောက်စေတဲ့ အရာတစ်ခုလို မှတ်ယူထားပုံရတယ်။ သူ့မှာလည်း အတွေ့အကြုံမရှိပေမယ့် သူ ထင်တာကတော့ ဒီကိစ္စက သာယာကျေနပ်မှုအပြည့်ရှိနေသင့်တာ မဟုတ်ဘူးလား’

 

‘အခု သူက သူမရဲ့ဆန္ဒကို ရည်ရွယ်ချက်ရှိရှိနဲ့  မဖြည့်ဆည်းပေးတာလေ’

 

‘သူမရဲ့ပါးပြင်လေးတွေ နီမြန်းနေတဲ့အချိန်၊ သူမရဲ့ အဲဒီမြေခွေးမျက်လုံးလေးတွေ ရီဝေနေပြီး သူကို့ ဖက်ထားရင်း တောင်းဆိုနေမယ့် သူမရဲ့ပုံစံလေးကို သူ မြင်ချင်တယ်’

 

“အေးတယ်…”

 

လဲ့ကျစ်က သူမ၏နှုတ်ခမ်းများကို ဖွဖွလေး သပ်နေပြီး သူမ၏ခန္ဓာကိုယ်လေးလည်း တုန်ယင်နေသည်။ သူမ၏ ခန္ဓာကိုယ်အတွင်းမှ သွေးများ အလွန်အကျွံ ဆုံးရှုံးခဲ့ခြင်းက သူမ၏ခန္ဓာကိုယ်ကို တုန်ယင်နေစေသည်။

 

"အန်းရွှယ်"

 

ဟော်တူက အသံနက်ကြီးဖြင့် လှမ်းအော်လိုက်သည်။

 

ဆေးကုသခန်း၏ အပြင်ဘက်တွင် အသင့်စောင့်နေသော အန်းရွှယ်က အထဲသို့ ချက်ချင်း ဝင်လာပြီး ပြန်ထူးလိုက်သည်။

 

"အမိန့်ရှိပါ... အရှင့်သား”

 

"အပူပေးမီးဖို နှစ်လုံးထပ်ထည့်လိုက်"

 

ထိုစကားကို ကြားလိုက်ရချိန်တွင် အန်းရွှယ်အံ့အားသင့်သွားရသည်။ သူက သူ့သခင်နောက်သို့ နှစ်အတော်ကြာအောင် လိုက်ပါခဲ့ပြီး အခန်းထဲတွင် အပူပေးမီးဖို ထည့်ထားသည်ကို မမြင်ဖူးပေ။

 

အခုတော့…

 

သူ အပိုမပြောဝံ့ဘဲ ခေါင်းညိတ်ပြလိုက်ပြီး အမိန့်ကို လက်ခံလိုက်သည်။

 

အပူပေးမီးဖိုများက အလျန်အမြန် ရောက်ရှိလာပြီး ၎င်းကို ချပြီးနောက် မကြာမီမှာပင် အခန်းအတွင်းရှိ အပူချိန်က အလျင်အမြန် မြင့်တက်လာပြီး နွေးထွေးလာသည်။

 

ဟော်တူကတော့ မျက်မှောင်မကြုတ်ပဲ မနေနိုင်ပေ။ သူက နွေးထွေးမှုတို့ဖြင့် ဝန်းရံထားသည့် သက်တောင့်သက်သာရှိသော ခံစားချက်ကို မုန်းတီးနေဆဲပင်။ သူက မှေးနေသောလူကို ငုံ့ကြည့်လိုက်ပြီး သူမ၏ အသက်ရှုသံများ တဖြည်းဖြည်း တည်ငြိမ်လာသည်ကို မြင်လိုက်ရသည်။ သူမ၏ နှုတ်ခမ်းများကလည်း သွေးရောင်များ ပြန်လွှမ်းစပြုလာသည်။ အချိန်အတော်ကြာ စိုးရွံ့နေခဲ့သော သူ၏နှလုံးသားက ယခုအချိန်မှသာ ပြေလျော့သွားသည်ကို သိလိုက်ရခြင်းကြောင့် သူ အံ့အားသင့်သွားရပြန်သည်။

 

သူက သိုးမွှေးစောင်ကို ဆွဲယူလိုက်ပြီး လဲ့ကျစ်၏ ခန္ဓာကိုယ်ပေါ်သို့ လွှမ်းခြုံပေးနေရင်းမှ သူ့ကိုယ်သူ လှောင်ပြောင်ရယ်မောလိုက်သည်။

 

‘ဟော်တူ.... အားးးးးးး…ဟော်တူ၊ မင်းက ပုံမှန် မဟုတ်တော့ဘူးပဲ....

 

မင်းက တော်တော်စျေးပေါတာပဲ....’

 

ဆေးကုသခန်းမှ ထွက်လာပြီးနောက် ဟော်တူက အန်းရွှယ်အား အမိန့်ပေးလိုက်ပြန်သည်။

 

 "အဝတ်အစားလဲပေးဖို့ သူ့အစေခံတွေကို ခေါ်ပေးလိုက်"

 

အန်းရွှယ်က ခေါင်းညိတ်လိုက်ပြီး ထွက်ခွာသွားသော ဟော်တူ၏နောက်ကျောကို လိုက်ကြည့်နေသည်။ သူ၏အရှင့်သားက အနည်းငယ်ပြောင်းလဲသွားပုံရသည်ဟု သူ ခံစားနေရသော်လည်း မည်သည့်နေရာတွင် ပြောင်းလဲသွားသည်ကိုတော့ သူ တိတိကျကျ မပြောနိုင်သေးပေ။

 

ထိုက်ဇီအိမ်တော်၏ မြောက်ဘက်ထောင့်တွင် တားမြစ်ထားသည့် ဖန်လုံအိမ်တစ်လုံး ရှိသည်။ အိမ်တော်ထဲတွင် ဟော်တူမှ လွဲ၍ မည်သူမျှ ခွင့်ပြုချက်မရဘဲ ထိုနေရာသို့ မဝင်နိုင်ပေ။ ဟော်တူက တံခါးကို တွန်းဖွင့်လိုက်ပြီး တုတ်ကောက်တစ်ချောင်းဖြင့် ဖြည်းညှင်းစွာ လျှောက်လှမ်းနေသည်။

 

ဖန်လုံအိမ်ထဲတွင် ပန်းနှင့် အပင်အမျိုးအစား အများကြီး မရှိပေ။ ဆန့်ကျင်ဘက်အားဖြင့် ဤနေရာတွင် ပန်းတစ်မျိုးတည်းသာရှိသည်။

 

ထိုပန်းပွင့်များက အနီရောင်၊ ခရမ်းရောင်၊ အဖြူရောင်.... အရောင်များစွာရှိနေသော်လည်း..

 

ဘိန်းပန်း....

 

သူ ကလေးဘဝတွင် သူ့၏ညာဘက်ခြေထောက် လုံးဝကို ကျိုးသွားခဲ့ပြီး ကုသရန်  မဖြစ်နိုင်သည့် နာကျင်မှုကို ခံစားခဲ့ရသည်။ တော်ဝင်သမားတော်ပင် သူ့ကို မကူသပေးနိုင်ခဲ့ပေ။ သူ သေလောက်သည်အထိ ညှဉ်းပန်းနှိပ်စက်ခံနေရခြင်းအား တားဆီးနိုင်ရန်အတွက် တာ့ချီဧကရာဇ်က နန်းတော်ထဲမှ တားမြစ်ဆေးဖြစ်သည့် ပုလောင်အမှုန့်* ကို စတင်အသုံးပြုခဲ့သည်။

(ပုလောင်အမှုန့် * – မော်ဖင်း)

 

ထိုဆေးကို သုံးပြီးသည်နှင့်  သူ အမှန်တကယ် နာကျင်မှုကို မခံစားရတော့ပေ။ သို့သော် ခြေထောက်မှ ဒဏ်ရာ တဖြည်းဖြည်း သက်သာလာပြီးနောက်မှာ ဆေးကို စွဲလန်းလာခဲ့သည်။

 

ထိုအချိန်မှသာ ဟော်တူက ပုလောင်အမှုန့်ကို တားမြစ်ဆေးအဖြစ် စာရင်းသွင်းထားမှန်း သိခဲ့ရသည်။ ထိုဆေးက နာကျင်မှုကို သက်သာစေသည့်အပြင် စွဲလန်းစေသောကြောင့်ပင်။

 

‘သူမှာသာ ရွေးချယ်ခွင့်ရခဲ့ရင် စွဲလမ်းမှုကို ဖြတ်ရတဲ့ ဝေဒနာကို ခံစားရတာထက် နာကျင်တဲ့ ဝေဒနာနဲ့ သေဖို့ပဲ ရွေးချယ်မိမှာ သေချာတယ်။ အဲ့အချိန်တုန်းက သူ လူသားတစ်ယောက်လို နေထိုင်နိုင်ခြင်း မရှိတော့ဘဲ အချိန်မရွေး ငရဲကို ကျရောက်တော့မယ့် တစ္ဆေတစ်ကောင်နဲ့ တူနေခဲ့တယ်’

 

နောက်ပိုင်းတွင် သူကိုယ်တိုင် အဆိပ်ပေါင်း ရာနှင့်ချီပြီး စပ်းသပ်ခဲ့ပေမယ့် အဲဒီစွဲလမ်းမှုကို ဖြတ်ရတဲ့ဝေဒနာနဲ့ နှိုင်းယှဉ်ရင်တော့ သမုဒ္ဒရာထဲကို ကျလာတဲ့ ရေတစ်စက်လိုပဲ’

 

ဟော်တူက အတိတ်ကို ပြန်မတွေးတော့ဘဲ မျက်လုံးကို မှိတ်ချလိုက်သည်။

 

“သူ့ကိုယ်သူ သတိပေးဖို့အတွက် ဒီဖန်လုံအိမ် တည်ဆောက်ထားခဲ့တာပါ၊ အမုန်းတရားတွေကို မေ့မထားသင့်သလို စွဲလမ်းမှုကိုလည်း ခွင့်မပြုသင့်ဘူး’

 

သူက ပန်းလေးများထံသို့ ချဉ်းကပ်ကာ ပန်းတစ်ပွင့်ကို လှမ်းချိုးလိုက်ပြီး တိတ်တဆိတ် စိုက်ကြည့်နေပြန်သည်။ အနီရောင်ပန်းပွင့်များက အရောင်တောက်တောက်လေးများဖြင့် လှပနေသော်လည်း အန္တရာယ်များလွန်းလှသည်။ သို့သော် ဟော်တူက အန္တရာယ်ကို ဘယ်သောအခါမှ မကြောက်ခဲ့ပေ။

 

သိပ်မကြာခင်မှာပင် ဟော်တူက သူ့နှလုံးသားထဲမှ အဖြေတစ်ခုကို နားလည်သွားပြီး ရယ်မောလိုက်ပြန်သည်။

 

‘နောက်ဆုံးတော့ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ သူ ဘိန်းပန်းထက် ပိုအားကောင်းတဲ့ စွဲလန်းစေတဲ့ အရာတစ်ခုနဲ့ ထပ် ရင်ဆိုင်နေရပုံပါပဲ’

 

‘လဲ့ကျစ်...

 

သူက သူမကို မစွန့်ပစ်ချင်ဘဲ သူမနဲ့ စမ်းသပ်ကြည့်ချင်ခဲ့တယ်။

 

သူ သိချင်နေတာက.... သူ စွဲလမ်းသွားနိုင်မလား... သူ တကယ် စွဲလမ်းမိသွားရင်တောင် နောက်တစ်ကြိမ် ဖြတ်နိုင်တယ်လေ၊ မဖြတ်နိုင်ရင်ရော ဘာဖြစ်မှာလဲ...’

 

ဟော်တူ၏ အရိုးများထဲအထိ စိမ့်ဝင်နေသည့်မာနက သူ့ကို ဤမေးခွန်းမျိုးအတွက် မထီမဲ့မြင် ပြုစေခဲ့သည်။

 

‘သူ တကယ်ကို မထီမဲ့မြင်ပြုခဲ့မိတာပါ....

အခုတော့ ဖြတ်တောက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး...

 

တကယ့်ကို ဟာသပဲ....

 

......။......။......

 

လဲ့ကျစ်  မျက်လုံးဖွင့်လိုက်ချိန်တွင် မျက်ရည်ကျနေသော မျက်လုံးနှစ်စုံကို တွေ့လိုက်ရသည်။

 

"နောက်ဆုံးတော့ သခင်မ နိုးလာပြီ"

 

လင်းယွဲ့က သူမ၏မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်လိုက်ပြီး  မေးလာခဲ့သည်။

 

"သခင်မက ဘာလို့ ဒီလိုမျိုးအထိ ဒဏ်ရာရသွားတာလဲ၊ ဒီအစေခံ​က ​သေလောက်အောင်ကြောက်နေပြီ"

 

ဘေးနားမှ လီယောင်က သူမ၏မျက်ရည်များကို တိတ်တဆိတ် သုတ်နေသည်။

 

လဲ့ကျစ်က ခက်ခက်ခဲခဲ ထထိုင်လိုက်ပြီး အစေခံနှစ်ယောက်က ပျော့ပျောင်းသည့် ခေါင်းအုံးကို သူမ နောက်ကျောသို့ ထည့်ပေးရန် ကူညီလိုက်ကြသည်။ လဲ့ကျစ် ငုံ့ကြည့်လိုက်ချိန်တွင် သူမကို အဝတ်အစားအသစ်များ လဲပေးထားမှန်း သိလိုက်ရသည်။ သူမ၏ပခုံးမှ နာကျင်မှုမှလွဲ၍ တခြားနေရာတွင် နာကျင်ခြင်း မရှိနေခဲ့ပေ။ ထို့ကြောင့် ဟော်တူက သူမကို ကိုယ်လက်နှီးနှောခြင်း မပြုခဲ့သလို သတ်လည်း မသတ်ခဲ့ဟု ယူဆနိုင်သည်။

 

‘ဘာတွေဖြစ်နေတာလဲ၊ အဲ့စိတ်ကြွဆေးက အတုဖြစ်နေတာလား’

 

သူမ ခေါင်းရှုပ်နေစဥ်မှာပင် တံခါးဘက်မှ စူးစူးရှရှ အသံတစ်ခု ထွက်ပေါ်လာပြီး ဘီးတပ်ထိုင်ခုံပေါ်တွင် ထိုင်နေသည့် ရင်းနှီးနေသူက အခန်းထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာနေသည်ကို မြင်လိုက်ရသည်။

 

"အပြင်ထွက်တော့"

 

သူ့လေသံက ရိုးရိုးရှင်းရှင်းဖြစ်နေပြီး ဘာမှ မထူးခြားသလိုပင်။

 

ထိုစကားက လီယောင်နှင့် လင်းယွဲ့တို့ကို ပြောလိုက်သည့် စကားဖြစ်သည်။ အစေခံနှစ်ယောက်က  အဓိပ္ပါယ်ရှိရှိ တစ်ချက်ကြည့်လိုက်ပြီး ပြန်ထွက်သွားကာ တံခါးကို သေသေချာချာ ပြန်ပိတ်ပေးသွားကြသည်။

 

လဲ့ကျစ်ကတော့ အံ့ဩနေသလို ရှက်လည်း ရှက်နေမိသည်။

 

‘သူမ မနေ့ညက အသေခံဖို့ စိတ်ပိုင်းဖြတ်ထားခဲ့တာကြောင့်သာ အဲ့လိုပြတ်သားတဲ့ စကားလုံးတွေကို ရဲရဲတင်းတင်း ပြောနိုင်ခဲ့တာလေ၊ သူမက သူမ အသက်ရှင်နိုင်မယ်လို့ မထင်ခဲ့လို့လေ’

 

ယခု ဟော်တူကို မြင်လိုက်ရချိန်တွင် သူမ၏ပါးပြင်များ ချက်ချင်းပူလောင်သွားသည်။ ထို့ကြောင့် သူမ ခေါင်းကို အမြန်ငုံ့လိုက်ပြီး သူ့ကို မကြည့်ရဲတော့ပေ။

 

*****

 

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

 

အစပိုင်း......

 

ဟော်တူ : မဖြတ်နိုင်ဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ နောက်နေတာပဲ ဖြစ်လိမ့်မယ်။

 

ခနအကြာတွင်...

 

ဟော်တူ : မင်းမှ မင်းပဲ၊ ဖြတ်လို့ မရဘူး၊ လုံးဝ မဖြတ်နိုင်ဘူး....

 

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟