ရွှမ်းမင် ဖော်ပြခဲ့သော အနာဂတ်တွင် အရာအားလုံး၌ ဝမ်ကျုံး ပါဝင်ခဲ့သည်။
သို့သော် ဝမ်ကျုံးသည် ရွှမ်းမင်အား ရှင်းလင်းသော အဖြေကို မပေးနိုင်ခဲ့ချေ။
ထိုအခြေအနေတွင် သူ့စကားနှင့် မကိုက်ညီသော မဟုတ်မမှန် စကားအနည်းငယ်ကို ပြောပြခြင်းသည် ပိုကောင်းမည် ဖြစ်သော်လည်း ဝမ်ကျုံး ထိုသို့ မလုပ်နိုင်ခဲ့ချေ။
မြွေတစ်ကောင်၏ ခံစားချက်ကို လိမ်ညာ၍ ရည်ရွယ်ချက်များ အောင်မြင်စေခြင်းသည် သဘာဝ မဆန်ဟု သူ ခံစားခဲ့ရသည်။
ဝမ်ကျုံး ၏ တိတ်ဆိတ်ခြင်းနှင့် ယဉ်ကျေးစွာ ငြင်းဆန်ခြင်းတို့ကို ရင်ဆိုင်ရသောအခါ ရွှမ်းမင် သည် အားမလျှော့သကဲ့သို့ တုန်လှုပ်ခြင်းလည်း မရှိပေ။
ဘယ်လိုပဲ ဖြစ်ဖြစ် ငါက အရမ်းချောမောပြီး ဆွဲဆောင်မှုရှိတဲ့ မြွေနတ်ဆိုးလေ...ဝမ်ကျုံး ငါ့ကို မကြိုက်ရင် အဲ့တာ ဝမ်ကျုံးမှာ ပြသနာ တစ်ခုခု ရှိနေလို့ပဲ ဖြစ်မယ်...ငါနဲ့ မဆိုင်ဘူး
ရွှမ်းမင်၏ မြွေအမြီးသည် သူ့မိတ်ဖက်အား တင်းကျပ်စွာ ပွေ့ဖက်ထားပြီး အနည်းငယ်ပူနေသော အကြေးခွံများဖြင့် ထိုသူ့ကို နွေးထွေးစေခဲ့သည်။
သို့သော် ဤသည်မှာ ရေရှည်ဖြေရှင်းနည်း မဟုတ်ခဲ့ချေ။
ရာသီဥတုသည် ပို၍ အေးလာသည်နှင့်အမျှ ဝမ်ကျုံး သည် အပူဓာတ် ပိုမိုလိုအပ်လာခဲ့သည်။ မြွေတစ်ကောင်အနေဖြင့် ရွှမ်းမင် လိုအပ်သော အပူချိန်သည်လည်း ကွဲပြားခဲ့သည်။
သူ ရွှမ်းမင် ၏ ကိုယ်ခန္ဓာမှ နွေးထွေးမှုကို ဆက်လက်ရယူနိုင်တော့မည် မဟုတ်သလို ကိုအာလာတစ်ကောင်ကဲ့သို့ ရွှမ်းမင် ၏ ကိုယ်ပေါ်တွင် တစ်ချိန်လုံး တွယ်ကပ်နေနိုင်တော့မည်လည်း မဟုတ်ချေ။ ထို့ပြင် မြွေသည် ဆောင်းခိုရန် လိုအပ်သည်ကို ထည့်သွင်းစဉ်းစားလျှင် ဤသည်မှာလည်း အလွန်လက်တွေ့မကျသော အရာ ဖြစ်ခဲ့သည်။
ဆောင်းရာသီအတွက် အရေးအကြီးဆုံးအရာသည် အစားအစာ ဖြစ်သည်။
ရွှမ်းမင် က သူ့အတွက် ခြေသုံးချောင်း ကြက်များစွာကို ယခင်က ယူဆောင်လာခဲ့ပြီး ထိုကြက်များကို ဝက်ဆားနယ်အသားကဲ့သို့ ပြုလုပ်၍ မြေအောက်ခန်းတွင် ထားရှိခဲ့သည်။ သို့သော် လေပြင်းများနှင့် နှင်းခဲများ ရောနှောနေပြီး ၎င်းတို့က အေးခဲနေသော မြေကြီးအောက်ထဲတွင် မြှပ်နေခဲ့သည်။
ဝမ်ကျုံး လက်ဖြင့် တူးဖော်နိုင်ခဲ့ခြင်း မရှိသောကြောင့် ရွှမ်းမင်အား အကူအညီတောင်းခဲ့ရသည်။
ရွှမ်းမင် သည် မြွေနက်ကြီးအဖြစ် ပြောင်းလဲကာ တွင်းကို တူးရန် သွားခဲ့သည်။ ဝမ်ကျုံးသည် သူ၏ မျက်နှာကို လှည့်ထားခဲ့ပြီး တစ်ချိန်လုံး ကြည့်ရှုခဲ့ခြင်း မရှိပေ။
မြေကြီးထဲတွင် မြှုပ်နှံထားသော အိုးများနှင့် အိုးခွက်များ အပြည့်အစုံ ပေါ်လာမှ သူက အေးစက်သော အသံဖြင့် "ကောင်းပြီ" ဟု ပြောလိုက်သည်။
မြွေနက်ကြီး၏ အကူအညီကို မစောင့်ဆိုင်းတော့ဘဲ သူ မြွေအမြီးကို ရှောင်ရှား၍ တိုက်ရိုက်ခုန်ချခဲ့သည်။
မြွေနက်ကြီးသည် သူ့မိတ်ဖက်၏ အေးစက်သော သဘောထားကြောင့် အစွယ်များကို ဖော်ပြခဲ့သော်လည်း ဘာမျှ မပြုလုပ်နိုင်ခဲ့ချေ။ ၎င်းသည် လူတစ်ဝက် မြွေတစ်ဝက် ပုံစံသို့ ပြောင်းလဲသွားခဲ့သည်။ ဝမ်ကျုံးသည် သူ၏ မြွေပုံစံကို မကြိုက်၍ ဖြစ်မည်ဟု သူ ယူဆခဲ့သည်။ သူ လှည့်ကြည့်လိုက်သောအခါ ဝမ်ကျုံး ၏ သဘောထားသည် ယခင်ကထက်ပင် ပို၍ ဆိုးရွားနေခဲ့သည်။
ရွှမ်းမင် အမြီးကို မြေပြင်ပေါ်သို့ "ဖောက်" ခနဲရိုက်ကာ စိတ်မပါ့တပါဖြင့် လူအသွင်သို့ ပြောင်းလဲခဲ့သည်။
ဤတစ်ကြိမ်တွင် ဝမ်ကျုံးသည် စကားစပြော၏။ သူ ဝက်ပေါင်ခြောက်များထည့်ထားသော အိုးတစ်လုံးကို ကောက်ကိုင်ကာ "အဲဒါလေး သယ်ပေးပါဦး ကျေးဇူးပဲ" ဟု ရွှမ်းမင်ကို ပြောခဲ့သည်။
ရွှမ်းမင်သည် ဝမ်ကျုံးကို တစ်ချက်ကြည့်ကာ အိုးကိုယူ၍ "မင်းနဲ့ငါကြားထဲမှာ ကျေးဇူးတင်ပါတယ်လို့ ပြောဖို့ မလိုပါဘူး" ဟု အေးစက်စွာ ပြောဆိုခဲ့သည်။
သူသည် ဤစကားကို မရှင်းမလင်း ပြောဆိုခဲ့သည်။
ဝမ်ကျုံး စိတ်မသက်မသာ ဖြစ်စွာ ညည်းတွားလိုက်သည်။ ပစ္စည်းများ ရွှေ့ပြောင်းနေစဉ် သူသည် ရွှမ်းမင်၏ ဖိနပ်မစီးထားသော ခြေချောင်းများကို မတော်တဆ ထိမိခဲ့သည်။ ထိုခြေချောင်းများသည် ရေခဲထက်ပင် အေးစက်နေခဲ့သည်။
သူ စကားဆက်မပြောနိုင်တော့ဘဲ "ခင်ဗျား ဖိနပ်မစီးထားဘူးပဲ၊ မအေးဘူးလား" ဟု မေးခဲ့သည်။
ဤခေါင်းစဉ်ကို ဤနေရာတွင် ရပ်သင့်သည်ကို သူ သိသည်။ သို့သော် ရွှမ်းမင်၏ ခြေချောင်းများသည် ယခင်ကနှင့် မတူသည်ကို သတိထားမိခဲ့သည်။ သူ ဘာဖြစ်သွားသည်ကို သူ မသိပေ။ သူ၏ ရွံ့များဖြင့် ညစ်ပတ်နေေသောလက်များကို ဆန့်တန်းကာ ရွှမ်းမင်၏ နှင်းခဲကဲ့သို့ ဖြူဖွေးလျက် အညစ်အကြေးမရှိသည့် ခြေချောင်းများကို ဆုပ်ကိုင်လိုက်သည်။ မျက်နှာပေါ်တွင် တုံးအသော အမူအရာဖြင့် "ဒါပေမဲ့ ဒီလောက်အေးနေတာလေ ကျွန်တော့်လက်ချောင်းတွေပါ ခင်ဗျားရဲ့အအေးဒဏ်ကြောင့် နီရဲလာပြီ" ဟု ပြောခဲ့သည်။
သူ ထိုစကားများကို ပြောဆိုပြီးသည်နှင့် သူ့ပါးစပ်ကို သူကိုယ်တိုင် ရိုက်ပစ်လိုခဲ့သည်။ သူ့ကိုယ်သူ သေလောက်အောင် ရိုက်ပစ်ရန်ပင် သူ ဆုတောင်းနေမိသည်။
ရွှမ်းမင် ခဏတာမျှ မှင်တက်သွားခဲ့ပြီးနောက် ရေခဲများ အရည်ပျော်ကာ နှင်းများ ပျော်ဝင်နေသကဲ့သို့ ပြုံးလိုက်ပြီး "မင်း ငါ့ကို ဂရုစိုက်တာလား" ဟု မေးခဲ့သည်။"
ဝမ်ကျုံး ကျောခိုင်းလိုက်ရာ ရွှမ်းမင်သည် မြေပြင်ပေါ်တွင် ခုန်ပေါက်လိုက်ပြီး သူ့နောက်မှ သိုင်းဖက်ကာ "ငါ ပျော်တယ်" ဟု ပြောခဲ့သည်။
သူ့မျက်လုံးများက အနက်ရောင် မှန်ချပ်ကဲ့သို့ပင် ဖြစ်၏။ ကြီးမားသော သံလိုက်စက်ကွင်းကြီးနှင့်တူပေသည်။ ဝမ်ကျုံး ပခုံးပေါ်ရှိ ရွှမ်းမင်၏ မျက်နှာကို ကြည့်ရန် ဦးခေါင်းကို အနည်းငယ် စောင်းလိုက်ရာ သူ၏ မျက်လုံးများက မီးကဲ့သို့ တောက်လောင်နေသော အစိမ်းရောင်သူငယ်အိမ်ထဲသို့ မတော်တဆ ပြုတ်ကျသွားပြီး ထုံကျန်ကာ ပြန်မထူနိုင်တော့ပေ။
ရွှမ်းမင်သည် ဝမ်ကျုံးနှင့် ရင်းနှီးရန် အခွင့်အရေးကို လက်လွတ်မခံခဲ့ပေ။ ထိုအနေအထားတွင် ချက်ချင်းပင် နူးညံ့သိမ်မွေ့သော အနမ်းကို ပေးခဲ့သည်။ ကာမဆန္ဒမရှိဘဲ ရိုးရှင်းပြီး နူးညံ့သော အနမ်းဖြစ်သည်။ အေးခဲပြီး ပြတ်သားသော အသက်ရှုသံနှင့်အတူ ဝမ်ကျုံး၏ မျက်နှာသည် အနည်းငယ် ပူနွေးလာခဲ့သည်။ ထူးဆန်းစွာပင် သူသည် ယခင်ကနှင့်မတူဘဲ အနည်းငယ် ကွဲပြားသည်ဟု ခံစားခဲ့ရသည်။
...ခဏ ခဏ အနမ်းခံရလို့များလား...
ဝမ်ကျုံး မသိခဲ့ပေ။ သို့သော် ရွှမ်းမင်သည် နောက်ဆုံးတွင် သူ့နားနားကပ်၍ ရယ်မောလိုက်သောအခါ သူ၏နှလုံးသားထဲမှ ကြိုးတစ်ချောင်း ပြတ်တောက်သွားသည်ဟု ခံစားခဲ့ရသည်။
သူတို့၏ မျက်နှာများသည် အခြားတစ်ဖက်သို့ လှည့်မိလိုက်ကြသည်။
ရွှမ်းမင်၏ လက်ချောင်းများက ဝမ်ကျုံး၏ နှုတ်ခမ်းထောင့်များကို ထိကာ မျိုချရန် အချိန်မရသေးသော သွားရည်များကို တစ်စစီ သုတ်ပေးနေသည်။ အေးစက်သော ထိတွေ့မှုသည် သူ၏ ပူပြင်းနေပြီဖြစ်သော မျက်နှာကို လုံးဝ မီးလောင်တိုက်သွင်းခဲ့ပြီး ပေါက်ကွဲစေခဲ့သည်။ တဝှီးဝှီး တိုက်ခတ်နေသော လေပင် ဝမ်ကျုံး၏ နှလုံးသားထဲရှိ လောင်ကျွမ်းနေသော မီးကို ငြှိမ်းသတ်နိုင်မည် မဟုတ်ပေ။
ဝမ်ကျုံး၏ တုံ့ပြန်မှုသည် ယခင်ကနှင့် ကွဲပြားသည်ကို ရွှမ်းမင် သတိထားမိခဲ့သည်။ သူ ဝမ်ကျုံး နေကောင်းမကောင်း စမ်းရန် လက်ကို နဖူးပေါ်သို့ ညင်သာစွာ မြှောက်တင်ကာ စိုးရိမ်တကြီး မေးခဲ့သည်။ "မင်းရဲ့မျက်နှာက ဘာလို့ ဒီလောက်ရုတ်တရက် ပူလောင်နေတာလဲ။
အအေးမိနေတာလား..."
ဝမ်ကျုံး သတိပြန်ဝင်လာပြီး ရွှမ်းမင်၏ ထိတွေ့မှုကို လျင်မြန်စွာ ရှောင်တိမ်းခဲ့သည်။ "မဟုတ်ဘူး! မြန်မြန်၊ ဒီပစ္စည်းတွေကို မြန်မြန်ထုတ်ရအောင်၊ မကြာခင် မှောင်တော့မယ်" ဟု သူ ပြောခဲ့သည်။ ထိုသို့ပြောပြီးနောက် သူသည် လှည့်၍ အလုပ်ဆက်လုပ်ခဲ့သည်။ သူ၏ မျက်စိထောင့်မှ ရွှမ်းမင်သည် အေးစက်စွာ နှာမှုတ်ကာ သူ၏ ခြေထောက်ကို မြေပြင်ပေါ်သို့ ဆောင့်ချလိုက်သည်ကို မြင်ခဲ့သည်။ ထို့နောက် သူ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
ညရောက်သောအခါ အမျိုးသားတစ်ဦးနှင့် မြွေနက်ကြီးတစ်ကောင်သည် မြေအောက်ခန်းတွင် မြှုပ်ထားသော အရာအားလုံးကို ထုတ်ယူခဲ့သည်။
ဝမ်ကျုံး သူ၏ပစ္စည်းစာရင်းကို ရေးမှတ်ခဲ့သည်။
ဆားနယ်ထားသော အသားအိုးကြီး ၁၀ အိုး၊ ပင်လယ်ဆားအနည်းငယ်၊ ခြေသုံးချောင်းကြက်သား ၃၃ ခုတို့ ရှိသည်။ အေးခဲကာ ကျောက်ကဲ့သို့ မာကျောနေသော အသီးများလည်း ရှိသည်။ အမွေးရှိသော ကြက်အရေခွံ ၉ ခုလည်း ပါဝင်သည်။
ဝမ်ကျုံးသည် ရွှမ်းမင်ထံမှ ဤနေရာရှိ ရာသီဥတုသည် ရှစ်လခန့် ကြာမြင့်ပြီး အခြားရာသီများထက် အအေးပိုကြောင်း သိခဲ့ရသည်။
ဤအစားအစာသည် လုံလောက်မည်လားကို သူ မသိခဲ့ပေ
ဝမ်ကျုံးအတွက် စိုးရိမ်စရာများစွာ ရှိခဲ့ပြီး ပစ္စည်းများကို မည်သည့်နေရာတွင် ထားရမည်ဟူသော အချက်သည် ၎င်းတို့အနက် တစ်ခု ဖြစ်သည်။
သိုလှောင်ရန် အကောင်းဆုံးနေရာသည် မြွေအသိုက် ဖြစ်သည်မှာ သေချာသည်။ သို့ရာတွင် ရွှမ်းမင်သည် "မြွေအသိုက်တွေက ဥတွေဥဖို့၊ ဥတွေဖောက်ဖို့၊ သားပေါက်တွေ မွေးဖို့ပဲ၊ အစားအစာ သိုလှောင်ဖို့ မဟုတ်ဘူး" ဟု တုံ့ဆိုင်းခြင်းမရှိဘဲ ငြင်းဆိုခဲ့၏။
ဝမ်ကျုံး "... "
မြွေနက်ကြီးတွင် ယခင်တည်းက မကောင်းသော ရည်ရွယ်ချက်များ ရှိခဲ့ကြောင်း ထင်ရှားသည်။ ထိုအရာကို သူ သိခဲ့မည်ဆိုပါက –
ဝမ်ကျုံး သူ့လက်ချောင်းများကို အနည်းငယ် ကွေးညွှတ်လိုက်ပြီး ရွှမ်းမင်အား ပြောခဲ့၏။ "ကျွန်တော်က လူသားလေ။ ကျွန်တော့်အတွက် အစားအစာနဲ့ မီး လိုတယ်။ ခင်ဗျားလည်း ဒီဆောင်းရာသီက ခက်ခဲမယ်လို့ ပြောခဲ့တယ်လေ။ လေတွေ၊ နှင်းတွေ ဆိုးဆိုးရွားရွား ကျနေချိန်မှာ ခင်ဗျားက ဂူထဲမှာ ဆောင်းခိုမှာ မဟုတ်လား။ ဂူကို ပိတ်ထားရင် ကျွန်တော် ဘယ်လို နွေးထွေးအောင် နေရမလဲ။ ဘာစားရမလဲ။ အစားအစာနဲ့ ထင်းတွေကို ဂူထဲ ယူလာတာကို ခင်ဗျား မကြိုက်ဘူးဆိုရင် ကျွန်တော် ဆောင်းရာသီကို တခြားနေရာမှာ နေလိုက်တော့မယ်။ငတ်လို့ပဲ သေသေ ဘာဖြစ်လို့ပဲ သေသေ၊ ဘယ်မှာပဲ သေပါစေ၊ ၊ အေးလို့ သေရမှာပဲလေ"
သူ ထိုသို့ပြောပြီးနောက် လှည့်ထွက်သွားခဲ့သည်။ သူ ထွက်ခွာတော့မည် အချိန်တွင် သူ၏လက်ကောက်ဝတ်ကို ဆွဲဖမ်းခြင်း ခံခဲ့ရသည်။
ရွှမ်းမင်သည် စကားတစ်ခွန်းမှ မပြောပေ။ လွှတ်မပေးဘဲ ဝမ်ကျုံးကို စိတ်ရှုပ်ထွေးသော မျက်နှာဖြင့် ကြည့်နေခဲ့သည်။
ဝမ်ကျုံး ဂူဝင်ပေါက်မှ ဆယ်မီတာကျော် ကွာဝေးသော တောင်နှင့် ချိတ်ဆက်ထားသည့် ကျောက်နံရံတစ်ခုကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။ "ကျွန်တော့်ပစ္စည်းတွေ ထည့်ထားဖို့ သိုလှောင်ခန်းတစ်ခုကို ခင်ဗျား အမြီးနဲ့ တူးပေးပါလား။ ခင်ဗျားရဲ့ မြွေအသိုက်ကို ညစ်ပတ်အောင် ဒါမှမဟုတ် ရှုပ်ပွအောင် ကျွန်တော် မလုပ်ဘူးလို့ ကတိပေးပါတယ်။"
ရွှမ်းမင် "... "
ဝမ်ကျုံး " မြန်မြန်လုပ်၊ ကျွန်တော်နဲ့အတူ ထင်းတွေ သယ်၊ ပြီးတော့ အတူ အစားအစာ သွားရှာရအောင်။"
ရွှမ်းမင်သည် သူ၏အိမ်ထောင်ဖက်ထံမှ အမိန့်ပေးခြင်းကို ခံနေရသည်မှာ ထင်ရှား၏။
သူ မချင့်မရဲဖြင့် မြွေနက်ကြီးအဖြစ် ပြောင်းလဲကာ သူ၏လှပသော အမြီးဖြင့် မာကျောသော ကျောက်နံရံရှိ အပေါက်များကို ရိုက်ချခဲ့သည်။ သူ အလုပ်များနေစဉ်တွင် အကြောင်းအရင်းမသိရဘဲ ရုတ်တရက် မြေပြင်ပေါ်သို့ ပြုတ်ကျကာ လူတစ်ဝက်၊ မြွေတစ်ဝက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဝမ်ကျုံး သိုလှောင်ခန်း အပေါက်တွင် ချိတ်ဆွဲရန် မြွေအရေခွံကို အကြေးခွံများဖြင့် ခွဲနေခဲ့သည်။ ရွှမ်းမင် ပြုတ်ကျသည်ကို မြင်သောအခါ သူသည် အလျင်အမြန် ပြေးလာပြီး စိုးရိမ်တကြီး မေးခဲ့သည်။ "ဘာဖြစ်တာလဲ။ အမြီးနာသွားသေးလား။"
ရွှမ်းမင်၏ အမြီးသည် လိမ်ထွေးကာ အလုံးလိုက် ဖြစ်နေခဲ့သည်။
သူ heat ဝင်နေသည်ကို သိလိုက်ပြီး သူ၏အကြေးခွံများကို သည်းမခံနိုင်စွာ ဆွဲဖြဲနေရင်း သူ၏လက်ဖြင့် မှန်ကို သူ့ရှေ့မှ ဖယ်ရှားကာ ဝမ်ကျုံးထံမှ လုံးဝ ပုန်းအောင်းလိုက်သည်။
ဝမ်ကျုံးသည် မြေပြင်ပေါ်၌ သွေးများ စွန်းထင်းနေသည်ကို မြင်သောအခါ ကြောက်ရွံ့စွာ အော်ဟစ်လိုက်သည်။ သူ၏ပထမဆုံး တုံ့ပြန်မှုသည် ပြေးရန် ဖြစ်သော်လည်း သူ၏ခြေထောက်များသည် မြေပြင်ပေါ်၌ အမြစ်တွယ်နေသကဲ့သို့ ဖြစ်ကာ တစ်လှမ်းမျှပင် မလှုပ်ရှားနိုင်ခဲ့။
ဝမ်ကျုံးသည် မှန်ကို ကျော်ကာ ရွှမ်းမင်ဘေးသို့ တစ်လှမ်းချင်း ချဉ်းကပ်လာခဲ့သည်။ အချိန်အတော်ကြာ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးနောက် သူသည် ရွှမ်းမင်အား မေးလိုက်သည်။ " ...ခင်ဗျား ဘာဖြစ်တာလဲ။"
ယခင်တစ်ခေါက်က ရွှမ်းမင် ယခုပုံစံကဲ့သို့ ဖြစ်နေသည်မှာ အရေခွံလဲနေခြင်း ဖြစ်ကြောင်း မှတ်မိသွားသည်။ ဤတစ်ကြိမ်တွင် မည်သည့်အရာ ဖြစ်မည်နည်း။
"ခင်ဗျား... heat ဝင်ချိန် ရောက်နေတာလား။" ဝမ်ကျုံးသည် ရွှမ်းမင်၏ ကြမ်းတမ်းသော မြွေအမြီးကို ကြည့်ကာ စမ်းသပ်သဘောဖြင့် မေးလိုက်သည်။
"မင်း စိုးရိမ်နေစရာ မလိုပါဘူး။" ရွှမ်းမင်သည် လက်တစ်ဖက်ကို ဆန့်တန်းလိုက်ပြီး မှန်ကို ဖမ်းဆုပ်ကာ ရေကန်ထဲသို့ ခုန်ဆင်းတော့မည့် အချိန်တွင် ဝမ်ကျုံးသည် သူ၏အမြီးဖျားကို ရုတ်တရက် ဖမ်း၍ ဆုတ်ကိုင်လိုက်သည်
"အဲဒါဆို ခင်ဗျား ဘာလုပ်တော့မှာလဲ။ ခင်ဗျားကိုယ်ပေါ်က အကြေးခွံတွေအားလုံးကို တစ်စစီ ဆွဲဖြဲပစ်တော့မှာလား။"
ဝမ်ကျုံးသည် ရွှမ်းမင်၏ နောက်ဘက်သို့ ကိုယ်ကိုပစ်လှဲလိုက်ပြီး "အကြေးခွံတွေကို ဆုတ်ဖြဲတာကို ရပ်လိုက်! ရပ်လိုက်!" ဟု အားကုန်အော်ဟစ်၍ အကြေးခွံများကို ဆက်တိုက် ဆုတ်ဖြဲနေသော လက်များကို တားဆီးရန် ကြိုးစားခဲ့သည်။ သို့သော် ရွှမ်းမင်၏ ခွန်အားသည် အလွန်ကြီးမားသောကြောင့် သူ လုံးဝ တားဆီးနိုင်ခဲ့ခြင်း မရှိပေ။
ဝမ်ကျုံးသည် ရွှမ်းမင် စိတ်လွတ်ကိုယ်လွတ် သူ့ကိုယ်သူ နာကျင်အောင် လုပ်နေသည်ကို မြင်သောအခါ အလျင်အမြန်ပင် ရွှမ်းမင်၏ မျက်နှာကို ဖမ်းကိုင်ကာ နမ်းလိုက်လေသည်။
သူ အနည်းငယ် စိုးရိမ်ပူပန်ပြီး လက်တုန်ခြေတုန် ဖြစ်နေသော်လည်း ထိုလုပ်ရပ်၏ ရလဒ်သည် ကောင်းမွန်ခဲ့သည်။
ရွှမ်းမင်သည် သူ့ကျောပေါ်တွင် လှဲနေသော ဝမ်ကျုံးကို သူ့လက်များထဲသို့ ဆွဲသွင်းလိုက်ပြီး ဂူပေါက်ဝကို ကြီးမားသော ကျောက်တုံးကြီးတစ်ခုဖြင့် ပိတ်ဆို့လိုက်သည်။
မြွေအသိုက်၏ အပြင်ဘက်တွင် လေသည် ပြင်းထန်စွာ တိုက်ခတ်နေခဲ့သည်။ မြွေအသိုက် အတွင်းဘက်တွင်မူ နွေးထွေးနေပြီး နွေဦးပေါက်ကာလကဲ့သို့ ပွင့်လန်းနေလျက်။
ဝမ်ကျုံးကို ရွှမ်းမင်က ချိုင့်ထဲသို့ ထည့်လိုက်သောအခါ သူ့ကိုယ်ခန္ဓာတစ်ခုလုံး တုန်ယင်နေသည်။
ဝမ်ကျုံးသည် ပူပြင်းသော မြွေအမြီးဖြင့် တင်းကျပ်စွာ ချည်နှောင်ခံထားရပြီး ခါးကို ဖက်တွယ်ခံရကာ နမ်းရန် အလွန်အားပြင်းစွာ ဖိချခံနေခဲ့ရသည်။
နောက်ဆုတ်ရန် နည်းလမ်း မရှိခဲ့ပေ။
ဝမ်ကျုံး သူ၏ခေါင်းကို စောင်းလိုက်ပြီး ရွှမ်းမင်၏ အလွန်ပူပြင်းသော နှုတ်ခမ်းများကို ရှောင်ရှားရန် ရုန်းကန်နေခဲ့သည်။ သူ၏ကျန်ရှိနေသေးသော ခွန်အားဖြင့် ပုခုံးများကို တွန်းထုတ်ကာ ဖြူဖျော့နေသော နှုတ်ခမ်းများဖြင့် မေးခဲ့၏။ "ခင်ဗျား အမြီးကို မသုံးလို့ မရဘူးလား။"
ရွှမ်းမင် သည်းမခံနိုင်ဖြစ်နေခဲ့သည်။ သူသည် ထိုအရာကို ကြားခဲ့သော်လည်း ဂရုမစိုက်ခဲ့ခြင်း ဖြစ်နိုင်သည်။
သူ၏ထိတွေ့မှုသည် ကြမ်းတမ်းပြီး မောက်မာသည်။ သူ၏ ဥပသိဒြပ် ကျောက်မျက်ရတနာကဲ့သို့သော မျက်လုံးများမှ အစိမ်းရောင် မြူခိုးများ ထူထပ်စွာ လျှံကျလာကာ တွင်းအတွင်းရှိ တောက်ပသော ပုလဲများမှ ထွက်သော မှိန်ဖျော့သော အလင်းရောင်ကဲ့သို့ ဝမ်ကျုံး၏ မျက်လုံးထောင့်များမှ ကျဆင်းလာသော မျက်ရည်များကို လင်းထိန်စေခဲ့သည်။
ဝမ်ကျုံးသည် ရွှမ်းမင်၏ ပူနွေးပြီး ချွေးထွက်နေသော လက်မောင်းကို ချိတ်ဆွဲကာ သူ၏ခွန်အားကို အသုံးပြု၍ ညပုလဲကို တွင်းထဲမှ တွန်းထုတ်ခဲ့သည်။
ပုလဲသည် အစိမ်းရောင်မြူခိုးများ ဖုံးလွှမ်းထားသော ကြိမ်ဖျာပေါ်သို့ လှိမ့်သွားပြီး 'တောက်'ဟူသော အသံနှင့်အတူ အနက်ရောင်မြေသားဖြင့် ပြုလုပ်ထားသော မြင့်မားသည့် ပလ္လင်ပေါ်မှ ပြုတ်ကျသောအခါ လေထဲတွင် အသားကို ခြစ်ရာများ ဖြစ်ပေါ်စေသော လက်သည်းသံများစွာနှင့် ကျိန်ဆဲသော မျက်ရည်များ ပြည့်နေသော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။
"ရွှမ်းမင်~"
"ခင်ဗျား...ငနွား!"
မှတ်ချက်- ဝမ်ကျုံး အား စားသုံးနေ၏၊ သနားစရာ ကလေးလေး