Chapter 37
Viewers 2k

ကြာမြင့်စွာ မတွေ့ဆုံခဲ့ကြသည်ဖြစ်၍ မြွေနက်ကြီးသည် ရှက်ရွံ့နေပြီး ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ထားလေသည်။

ထိုမြွေနက်ကြီးသည် မိန်းမပျိုလေးတစ်ဦးပမာ ဆန်းကြယ်စွာ ပြုမူနေလေသည်။ မှန်နောက်တွင် ပုန်းအောင်းကာ လျှာဖျားလေးကို ထုတ်၍ ဝမ်ကျုံးထံသို့ မျက်တောင်တလှပ်လှပ် ခတ်ပြ၏။ တစ်ချိန်တည်းမှာပင် ဝမ်းမြောက်ဝမ်းသာစွာ ဝမ်ကျုံး၏ပေါင်တစ်ဝိုက်တွင် ပတ်တွယ်ကာ ဝမ်ကျုံး၏ပေါင်ကို လျှာဖြင့် ထိကာ ကလိလေသည်။

ဝမ်ကျုံး မြွေနက်ကြီး၏ အမြီးကို ဖမ်းဆုပ်ကိုင်ကာ သူ၏ မျက်လုံးအတွင်းရှိ အစိမ်းရောင်ဒေါင်လိုက်သူငယ်အိမ်ကို စိုက်ကြည့်လေသည်။ သူ့နှုတ်ခမ်းများ တုန်ရီနေပြီး ဖြူဖျော့ကာ အလွန်ပင် ဖျော့တော့နေခဲ့သည်။

အမှန်စင်စစ်၊ ထိုမြွေသည် ယခင်ကလည်း ဤကဲ့သို့ ပြုမူခဲ့ဖူးပေသည်။ သို့ရာတွင် သူသည် ထိုမြွေအား အပြစ်မဲ့သော ဆိုးသွမ်းမှုနှင့် တိရစ္ဆာန်၏ အပြုအမူမျှသာဟု သတ်မှတ်ခဲ့၏။ ထိုမြွေက သူ့အပေါ် တားမြစ်ထားသော ချစ်ခြင်းမေတ္တာမျိုး ရှိလိမ့်မည်ဟု လုံးဝယုံကြည်ခဲ့မည်မဟုတ်ပေ။

ဝမ်ကျုံးသည် မြွေနက်ကြီးက လာလျက်နေခြင်းကို ရှောင်ရှားရန် ခေါင်းလှည့်လိုက်သည်။ ထိုမြွေနက်ကြီးက သူ့ပါးစပ်နားသို့ ပူနွေးသော အကြေးခွံများကို ကပ်ပေးသည်ကိုလည်း ဖယ်ရှားပစ်ခဲ့သည်။ သူ ကျောခိုင်းလိုက်ပြီး ထိုမြွေနှင့် မည်သို့ရင်ဆိုင်ရမည်ကို မသိခဲ့ချေ။

မြွေနက်ကြီးသည်လည်း ရှက်ရွံ့စွာပင် သူ့အမြီးဖျားဖြင့် ဝမ်ကျုံး၏ ပခုံးကို တွန်းလိုက်သည်။ သူတို့အားလုံး အတူတူ အိပ်ခဲ့ဖူးသည်ဖြစ်၍ ရှက်ရွံ့ရန် မလိုအပ်ကြောင်း ညွှန်ပြနေခြင်းပင်။

ဝမ်ကျုံး၏ လည်စလုတ်လေးသည် အနည်းငယ် လှိမ့်ဆင်းသွားလေသည်။ သူ့လက်ချောင်းများသည် ဖျာကြမ်းအောက်ရှိ မြေနက်များထဲသို့ တိုးဝင်သွားကာ အမှုန့်ဖြစ်သွားသည်အထိ နယ်ချေသည်။ မြွေနက်ကြီးနှင့် စကားပြောသောအခါ သူ့အသံကို ပိုမိုငြိမ်သက်အောင် ကြိုးစားခဲ့ရသည်။

"ရွှမ်းမင်ဘယ်မှာလဲ"

မြွေနက်ကြီးသည် ခဏတာမျှ မှင်တက်သွား၏။ ထို့နောက် ခေါင်းလှည့်၍ သူ့မျက်နှာကို ရင်ဆိုင်ကာ သွားများကို ဖြဲပြလျက် 'ငါ အခုလေးတင် ဒီကိုရောက်တာပါ။ အိပ်ရာကတောင် မနွေးသေးဘူး။ ဘာလို့ ငါ့ရဲ့ တစ်ခြားတစ်ဖက်ကို ဒီလောက်စောစော ရှာနေတာလဲ '

ဝမ်ကျုံးသည် မြွေနက်ကြီး၏ မှန်ကို ဆွဲယူကိုင်ကာ ညင်သာစွာ ပြောလိုက်သည်။ "ကျွန်တော် သူ့ကို ပြောစရာရှိတာကို ရုတ်တရက် သတိရမိလို့ပါ။ ရွှမ်းမင်ကို ရှာဖို့ ကျွန်တော့ကို ကူညီပေးနိုင်မလား"

မြွေနက်ကြီးသည် သူ့လျှာကို ထုတ်၍ တွားသွားရင်း ဤအရာကို တွေးတောနေသည်။ အဲ့ဒီအမြဲပြောင်းလဲနေတဲ့ ရက်စွဲတွေ ဘယ်တော့များမှ အဆုံးသတ်မလဲနော်...တကယ် ဒုက္ခများတယ်

မြွေနက်ကြီး၏ အမြီးဖျားသည် ဂူဝမှ ပျောက်ကွယ်သွားပြီးနောက် စက္ကန့်အနည်းငယ်ကြာသောအခါ ရွှမ်းမင် ပြန်ရောက်လာခဲ့သည်။

"မြွေနက်ကြီးက ပြောလို့... မင်း ငါ့ကို ပြောစရာရှိတယ်ဆို" ဟု ရွှမ်းမင်က မေး၏။

ဝမ်ကျုံး ခေါင်းငြိမ့်ပြကာ ရွှမ်းမင် လက်ထဲရှိ မှန်ကို ကြည့်လိုက်သောအခါ မှန်ပေါ်တွင် မှောင်မိုက်သော လက်ဗွေရာ အများအပြားကို တွေ့မြင်လိုက်ရသည်။ ထို့နောက် "မြွေနက်ကြီး ဘယ်မှာလဲ" ဟု မေးမြန်းလေသည်။

ရွှမ်းမင် အနည်းငယ် မျက်မှောင်ကြုတ်ကာ မစောင့်နိုင်တော့ဘဲ ပြောလိုက်သည်။ "မင်း ဘယ်သူကို  အဖော်ပြုပေးစေချင်တာလဲ။ ငါလား၊ သူလား။ မင်း အခုပဲ ဆုံးဖြတ်လို့မရဘူးလား..."

ဝမ်ကျုံးက "ခင်ဗျားတို့နှစ်ယောက် တစ်ချိန်တည်းမှာ ကျွန်တော်နဲ့ အတူနေလို့ မရဘူးလား။ ဘာလို့ တစ်ယောက်ပေါ်လာရင် နောက်တစ်ယောက်က ပျောက်သွားရတာလဲ" ဟု မေးသည်။

"…" ရွှမ်းမင်က "ငါက သခင်လေ။ သူကတော့ မတူညီဘူးလေ သူက အိမ်မွေးတိရစ္ဆာန်ပါ။ ဒါကြောင့် ငါတို့ နှစ်ယောက်လုံး တစ်စားပွဲတည်း ထိုင်ပြီး မင်းနဲ့အတူ ရှိနေလို့ မရဘူး" ဟုဆိုသည်။

ဝမ်ကျုံးက ပြုံးလျက် "ဦးစားပေးတွေက ရှင်းနေပြီဆိုရင် ဘာလို့ မှန်တစ်ချပ်တည်းကို သူနဲ့အတူ မျှသုံးနေသေးတာလဲ" ဟု မေးသည်။

ရွှမ်းမင်က သူ့နှာခေါင်းကို ထိလိုက်ပြီး အနည်းငယ် မသက်မသာ ခံစားလိုက်ရသည်။ "မှန်တစ်ချပ်တည်းလား...ဘယ်မှာလဲ။ ဒါက နောက်တစ်ချပ်လေ။ မှန်က နှစ်ချပ်ပါ" ဟုဆိုသည်။

"တကယ်လား" ဝမ်ကျုံး မှန်ပေါ်ရှိ လက်ဗွေရာများကို လက်ညှိုးထိုးပြသည်။ "ဒါဆိုရင် ကျွန်တော့် လက်ဗွေရာတွေက ကျွန်တော် မြွေနက်ကြီးမှန်ပေါ်မှာ ချန်ထားခဲ့တာလေ ခင်ဗျားရဲ့ မှန်ပေါ်မှာလည်း ရှိနေတာက ဘယ်လိုဖြစ်တာလဲ။ ဒါက တိုက်ဆိုင်မှုလား..."

ရွှမ်းမင် ခေါင်းငုံ့ကာ သူချစ်မြတ်နိုးရသော မှန်ကို ကြည့်လိုက်သည်။ မှန်ပေါ်တွင် မှောင်မိုက်သော လက်ဗွေရာ အနည်းငယ် ရှိနေသည်ကို သူ မသိခဲ့ပေ။ ထိုလက်ဗွေရာများသည် ညစ်ပတ်ပြီး အရုပ်ဆိုးလှသည်။ သူ့လိမ်ညာမှုများ ဖော်ထုတ်ခံလိုက်ရပြီ။ သူ ချက်ချင်း ဒေါသထွက်လာကာ "မင်း ဒါတွေကို ငါ့မှန်ပေါ်မှာ ဘယ်လိုတောင်လုပ်ရဲတာလဲ" ဟုဆိုသည်။

ဝမ်ကျုံးသည် ခေါင်းအုံးကို ကောက်ကိုင်ကာ ရွှမ်းမင်၏ကိုယ်ပေါ်သို့ ရိုက်ချလိုက်သည်။ သူ့အသံမှာ ယခင်ကထက် ပိုမိုကျယ်လောင်နေသည်။ "ခင်ဗျားက မြွေနက်ကြီးပဲ။ ဟုတ်တယ်မလား"

ရွှမ်းမင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ဝမ်ကျုံး၏ အကြည့်ကို ရှောင်ရှားလိုက်သည်။  "…မင်း ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေမှန်း ငါ မသိဘူး"

"အဓိပ္ပါယ်မရှိတာ" ဝမ်ကျုံးသည် စကားပြောနေရင်း ဒေါသတကြီးဖြင့် ပန်းများကို ရိုက်ချေလိုက်၏။ "ကျွန်တော်က ခင်ဗျားကို အမြဲ သူငယ်ချင်းတစ်ယောက်လို သဘောထားခဲ့တာ။ ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ကို ဒီလို ဆက်ဆံတာလား။ လူမိုက်တစ်ယောက်လို လိမ်ညာရဲတယ်ပေါ့။ လူဆိုးကောင်"

ဝမ်ကျုံး၏ အပြုအမူသည် ရွှမ်းမင်ကို ဒေါသထွက်စေခဲ့သည်။ သို့သော် ရွှမ်းမင်သည် သူ၏ စကားတစ်ခွန်းကြောင့်သာ ဒေါသထွက်ခဲ့ရခြင်းပင်။

သူ ဝမ်ကျုံး၏ ပခုံးကို ဖိနှိပ်ကာ ပျော့ပျောင်းသော မြက်ဖြင့် ပြုလုပ်ထားသည့် အိပ်ရာခင်းထဲသို့ တွန်းသွင်းခဲ့သည်။ သူသည် ထိုးဖောက်နိုင်သော မျက်လုံးများဖြင့် မေးလိုက်သည်။ "သူငယ်ချင်း... မင်းက ဘယ်သူ့ကို သူငယ်ချင်းအဖြစ် သတ်မှတ်တာလဲ..."

ဝမ်ကျုံး၏ နှလုံးသားသည် တဆတ်ဆတ် ခုန်နေပြီး ရွှမ်းမင်၏ ရုတ်တရက် ဒေါသပေါက်ကွဲမှုကြောင့်  ကြောင်သွားခဲ့သည်။ သူသည် ရွှမ်းမင်ကို တွန်းထုတ်ရန် သူ့ကိုယ်သူ အတင်းအကြပ် တွန်းအားပေးခဲ့သည်။

"ရွှမ်းမင်၊ ခင်ဗျား ဘာလုပ်နေတာလဲ။ ကျွန်တော့်ကို လွှတ်ပေး၊ ခင်ဗျား ကျွန်တော့်ကို နာကျင်အောင် လုပ်နေတာပဲ"

ရွှမ်းမင်၏ မျက်လုံးနက်များအတွင်းရှိ ထူထဲသော အစိမ်းရောင်မျဉ်းကြောင်းသည် တောက်လောင်နေသော မီးလျှံနှင့် တူနေခဲ့သည်။

သူ ဝမ်ကျုံးကို ဆွဲကိုင်ကာ ခြေထောက်များကို ဆွဲကားလိုက်ပြီး ဝမ်ကျုံးကို သူ၏ ခိုင်မာသော ခါးနှင့် ဝမ်းဗိုက်ပေါ်တွင် ထိုင်စေခဲ့သည်။ သူ ဝမ်ကျုံး၏ မေးစေ့ကို လက်နှစ်ချောင်းဖြင့် ညှစ်ကိုင်ကာ သူ့ကို ကြည့်ရန် အတင်းအကြပ် လုပ်စေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ ထပ်မံမေးမြန်းလိုက်သည်။

"မင်း ဘယ်သူ့ကို သူငယ်ချင်းလို့ ခေါ်တာလဲ။ မြန်မြန်ပြောစမ်း"

ရွှမ်းမင်သည် အလွန်အကျွံ အနိုင်ကျင့်ပြီး အတင်းအကြပ် ပြုမူလွန်းသဖြင့် ဝမ်ကျုံး ထိုအရာကို မခံမရပ်နိုင်တော့ဘဲ အော်ဟစ်တော့သည်။ "ဟုတ်တယ်၊ အဲ့ဒီ အရုပ်ဆိုးပြီး မကောင်းတဲ့ မြွေနက်ကြီးကိုလေ… " ဝမ်ကျုံးသည် သူ့စကားကို အဆုံးမသတ်ရသေးခင် ရွှမ်းမင်က သူ့လည်ပင်းနောက်ဘက်ကို ဆွဲကိုင်လိုက်သဖြင့် သူ ကြောက်ရွံ့စွာ ကျုံ့သွားခဲ့သည်။

"ဘယ်သူကို ရုပ်ဆိုးတယ်လို့ ခေါ်တာလဲ" ရွှမ်းမင်သည် သူ့မျက်လုံးရှည်များကို မှေးကျဉ်းလိုက်ရာ သူ့ဒေါသသည် အမှန်တကယ် ပေါ်ပေါက်လာတော့မည့်ဟန်။

ဝမ်ကျုံး၏ မျက်လုံးများ နီရဲနေပြီး သူ့အသက်ရှူသံမှာ မြန်ဆန်နေသည်။ သူ့မျက်လုံးများတွင် ဝမ်းနည်းမှုနှင့် ကြောက်ရွံ့မှုများ ရှိနေသော်လည်း ပို၍အရေးကြီးသည်မှာ လှည့်ဖြားခံရခြင်းအတွက် ဒေါသများ ရှိနေခြင်းပင်။

ရွှမ်းမင် မျက်မှောင်ကြုတ်ကာ သူ့နားများကို  လက်ချောင်းများဖြင့် နှစ်ကြိမ် ပွတ်သပ်လိုက်သည်။ "မင်းက ငါ့ကို ရုပ်ဆိုးတယ်လို့ ထင်တာလား" ဟုမေးလေသည်။ သူ့သဘောထားမှာ အခိုင်အမာရှိပြီး အဖြေမရမချင်း လက်လျှော့မည်ပုံမရ။

ဝမ်ကျုံး နှုတ်ခမ်းများကို တင်းတင်းစေ့ကာ ကြီးမားသော သမာဓိဖြင့် "ခင်ဗျားကလွဲလို့ တခြားဘယ်သူ ရှိဦးမှာလဲ" ဟုဆို၏။

ရွှမ်းမင်က "ငါ ဒီလောက် ရုပ်ဆိုးနေမှတော့ မင်း ငါ့ကို မြင်ရင် ဘာလို့ သတိလစ်လစ်သွားတာလဲ" ဟုဆိုသည်။

ဝမ်ကျုံး ထူထဲသော ကြိမ်ဖျာပေါ်သို့ လဲကျသွားသည်။ သူသည် ရွှမ်းမင်နှင့် မည်သည့် ကိစ္စကိုမျှ ငြင်းခုံရန် မလိုလားကြောင်း တွေးလိုက်သည်။ ထို့ပြင် ရွှမ်းမင်နှင့် ပတ်သက်၍ မည်သည့် မကျေနပ်မှုကိုမျှ ဖော်ပြရန် မရဲပေ။ သို့သော် ရွှမ်းမင်သည် မြွေနက်ကြီးဖြစ်ပြီး သူ့ကို တကယ်တမ်း ထိခိုက်စေမည်မဟုတ်ဟု မသိစိတ်က ခံစားလိုက်ရသည်။

ဝမ်ကျုံး ရဲရင့်စွာပင် "ဟုတ်တယ်။ ကျွန်တော် ခင်ဗျားကို ကြောက်လို့လေ။ ကြောက်လို့ မေ့လဲတာပေါ့ တခြားအကြောင်းပြချက်များ ရှိသေးလို့လား" ဟုဆို၏။

ရွှမ်းမင်သည် သူ့အမြီးကို အလွန်ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ လေထဲတွင် ဆုတ်ဖြဲသွားသံသည် နားအူစေသည်။ ဝမ်ကျုံး မတုန်မလှုပ်ဘဲ ဘောလုံးတစ်လုံးလို ကျုံ့သွားကာ ထိုအမြီးကို ရှောင်ရှားရန် ကြိုးစားနေသည်။

သို့သော် ရွှမ်းမင်က ဘာမျှ မလုပ်ပေ။

သူသည် တင်းကျပ်ထားသော လက်ချောင်းများကို ဖြေလျှော့လိုက်သည်။ သူ့ပြင်းထန်သော အမြီးကို နှိမ့်ချလိုက်ကာ ကျောက်နံရံကို မှီလျက် ခေါင်းငိုက်စိုက်ကျနေပြီး နက်ရှိုင်းသောအသံဖြင့် သူ့ကို မေးလိုက်သည်။ "မင်းက ငါ မြွေနက်ကြီးဖြစ်ကြောင်း သိနေပြီဆိုတော့ မြွေနက်ကြီးကလည်း ငါပဲဆိုရင် မင်း ငါ့ကို လက်ခံနိုင်မလား"

ဝမ်ကျုံးက "ဟားဟား"

ရွှမ်းမင် အခြေအနေကို နားလည်သေးပုံမရပေ။

ဝမ်ကျုံး သူ့ကို ပို၍ပင် လက်မခံနိုင်ရုံသာမက ယခု မြွေနက်ကိုပင် မုန်းတီးနေခဲ့သည်။

ဝမ်ကျုံးသည် မြွေချောလေးနှင့် တစ်ဖက်သတ် ဆက်ဆံရေးပြတ်စဲကြောင်း တရားဝင် ကြေညာပြီးနောက် ချက်ချင်းပင် ထုပ်ပိုးကာ ထွက်ခွာခဲ့သည်။ ဤတစ်ကြိမ်တွင် မည်သို့ပင်ဖြစ်စေ၊ နေရန် ပြောသော အကြောင်းပြချက်များ မည်မျှပင်ရှိပါစေ၊ သူ အမှန်တကယ် ထွက်ခွာတော့မည်ဖြစ်သည်။

ဝမ်ကျုံးသည် သူ၏ မြွေအရေခွံကို ချွတ်ခဲ့ရာ၊ ကြိုးတပ်အတွင်းခံအင်္ကျီလည်း ပါဝင်သည်။ သူ၏ အဝတ်ဟောင်းများနှင့် အင်္ကျီကို ဝတ်ဆင်ပြီးနောက် သူ၏ လက်ကိုင်ဖုန်းနှင့် နာရီကိုသာ ယူခဲ့သည်။ အမှန်တကယ်တွင် ဤအပြုအမူများက သူ စိတ်တိုနေကြောင်း ပြသခဲ့သည်။

ရွှမ်းမင်သည် နောက်မှ မှန်တစ်ချပ်ကို ကိုင်လျက် ဖြည်းညှင်းစွာ လိုက်ပါလာခဲ့သည်။ သူ့ အိမ်ထောင်ဖက်၏ ကြိုးတပ်အတွင်းခံအင်္ကျီကို အမြီးဖျားတွင် ချိတ်ဆွဲထားလေသည်။

ဝမ်ကျုံးသည် နောက်သို့လှည့်ကာ လက်သီးဆုပ်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ “ကျွန်တော့်နောက် မလိုက်နဲ့!”

ရွှမ်းမင်သည် အတွင်းခံအင်္ကျီကို သူ၏ အမြီးဖျားဖြင့် ရှေ့သို့ ပေးခဲ့သည်။ “ဝတ်လိုက်”

ဝမ်ကျုံး၏ နားရွက်များ နီရဲလာခဲ့သည်။ သူသည် လက်ဝှေ့ယမ်းကာ ရွှမ်းမင်၏ အမြီးကို ရိုက်ခဲ့သည်။ သူ၏ တစ်ကိုယ်လုံးကမူ အမွှေးများထောင်ကာ ရန်တွေ့နေသော ကြောင်တစ်ကောင်နှယ် “ခင်ဗျား...ခင်ဗျားက အရှက်မရှိတဲ့သူပဲ!”

“???”

ဝမ်ကျုံးသည် စိတ်ထဲမှ အော်ဟစ်လိုက်ပြီး သူ ရှက်ရွံ့ကာ ဆက်လျှောက်သွားခဲ့သည်။ တကယ်တမ်းတွင် အတွင်းခံအင်္ကျီ မဝတ်ဘဲ နေရသည်မှာ မသက်မသာ ဖြစ်နေခဲ့သည်။

ရွှမ်းမင်သည် မှတ်စုစာအုပ်ကို တိတ်ဆိတ်စွာ ထုတ်ယူခဲ့သည်။ သူ့အိမ်ထောင်ဖက်က မော့ပင် မကြည့်ကြောင်း သူ မြင်လိုက်ရသည်။ သူသည် ခေါင်းပြတ်နေသော ယင်ကောင်တစ်ကောင်ကဲ့သို့ တောထဲတွင် ပြေးလွှားနေခဲ့သည်။ အချိန်အတော်ကြာ လျှောက်ပြီးနောက်တွင်ပင် သူ ခပ်ဝေးဝေး မရောက်နိုင်သေးပေ။

"မင်း ဘာကိုလိုချင်နေတာလဲ။ အခုရော ဘယ်ကိုသွားနေတာလဲ" ဤအရှိန်သည် တကယ်ပင် နှေးကွေးလွန်းလှရာ မြွေနက်ကြီးကို စိုးရိမ်ပူပန်စေခဲ့သည်။

"ခင်ဗျားနဲ့ မဆိုင်ဘူး" ဝမ်ကျုံးသည် အသက်ရှုရန် ဒူးများကို ဆုပ်ကိုင်လျက် ကျောက်တုံးကြီးတစ်ခုပေါ်တွင် ထိုင်၍ အနားယူခဲ့သည်။

"မင်းက ငါ့အိမ်ထောင်ဖက်ပဲ။ ငါက ဂရုမစိုက်ရင် ဘယ်သူက ဂရုစိုက်မလဲ"ရွှမ်းမင်သည် မှတ်စုစာအုပ်ထဲတွင် နောက်ထပ် မှတ်တမ်းတစ်ခုကို ထည့်သွင်းခဲ့သည်။ သူ့ အမြီးဖြင့် အသီးများ ဖုံးလွှမ်းနေသော အကိုင်းအခက်တစ်ခုကို ချိုးယူ၍ ဝမ်ကျုံးအား ပေးလိုက်သည်။ သူ ဝမ်ကျုံးကို အလွန်ဂရုစိုက်ခဲ့သည်။

ဝမ်ကျုံးသည် အလွန်ဒေါသထွက်နေသဖြင့် ရှင်းပြနိုင်ခြင်း မရှိခဲ့ပေ။ သူသည် ခေါင်းကိုလှည့်ကာ မကျေမနပ် ပြောဆိုခဲ့သည်။ "ကျွန်တော် ခင်ဗျားရဲ့အစားအစာကို မစားဘူး"

ထိုသို့ပြောပြီးနောက်တွင် သူသည် လေတိုက်၍ သစ်ကိုင်းများမှ ကြွေကျနေသော သစ်သီးများကို ကောက်ရန် သစ်ပင်ဆီသို့ သွားခဲ့သည်။ သူ့ကိုယ့်သူ အားကိုးသူတစ်ဦးနှယ်။

ရွှမ်းမင်က ပြက်လုံးတစ်ခုကို ကြည့်နေသကဲ့သို့ သူ့ကို ကြည့်နေခဲ့သည်။ သူက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ "ဒီကျွန်းက ငါပိုင်တာ။ မင်းကိုင်ထားတဲ့ သစ်သီးအပါအဝင် သစ်ပင်နဲ့ သစ်ပင်တိုင်းက ဒီကျွန်းထဲမှာပါတယ်" ဆိုလိုရင်းမှာ သူ့တွင် ရွှမ်းမင်ထံမှ အစားအစာကို လက်မခံလိုကြောင်း ပြောဆိုနိုင်သည့် အရည်အချင်းမရှိပေ။

"..."

ဝမ်ကျုံးသည် သူ တစ်ကိုက်ကိုက်ထားသော သစ်သီးကို ပစ်ချလိုက်သည်။ ပါးစပ်ကို သုတ်ပြီးနောက် သူ ပြောလိုက်သည်။ "စိတ်မပူပါနဲ့! ကျွန်တော် အစာငတ်ခံ သေရမယ်ဆိုရင်တောင် ခင်ဗျားဆီက ဘာတစ်ခုမှ စားမှာ မဟုတ်ဘူး။"

ရွှမ်းမင်သည် သူ့အိမ်ထောင်ဖက်က နူးညံ့ပြီး ယဉ်ကျေးသိမ်မွေ့ကာ၊ မြွေနက်ကြီးအပေါ်တွင် အလွန်ချစ်ခင်သည်ဟု မူလက ထင်မြင်ခဲ့သည်။ ယခုမူ ဝမ်ကျုံး မျက်မှောင်ကြုတ်၍၊ နှုတ်ခမ်းကိုက်ကာ ဒေါသထွက်နေပုံကို ကြည့်၍၊ ဤသူသည် ယခင်ကထက် ပိုမိုသက်ဝင်လှုပ်ရှားပြီး အသက်ဝင်နေကြောင်း ရုတ်တရက် ခံစားခဲ့ရသည်။

သူသည် ဝမ်ကျုံးကို တမင်သက်သက် စနောက်ခဲ့သည်။ "လေကလည်း ငါ့ဟာပဲ၊ မင်း မရှူချင်ရင် မရှူနဲ့။"

"???" ဝမ်ကျုံးသည် ထိုမျှ အင်အားကြီးသော၊ အာဏာရှိသော၊ ဆင်ခြင်တုံတရားမရှိသော မြွေမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ သူ ခဏမျှ စိတ်ဆိုးပြီး စိုးရိမ်ပူပန်ခဲ့သည်။ သို့သော် သူသည် မြွေနက်ကြီး၏ နယ်မြေတွင် ရှိနေခဲ့ရာ ဘာလုပ်နိုင်မည်နည်း။

ရွှမ်းမင်၏ အထက်စီးဆန်သော အကြည့်အောက်တွင် ဝမ်ကျုံး၏ မျက်နှာသည် နီရဲလာခဲ့သည်။ သူ၏ ကိုယ့်ကိုယ်ကို လေးစားမှုသည် ယခင်ကနှင့်မတူဘဲ ထိခိုက်ခဲ့ရသည်။ မစဉ်းစားတော့ဘဲ သူသည် မျက်လုံးများကို မှိတ်ပြီး အနီးရှိ သစ်ပင်ဆီသို့ ပြေးသွားခဲ့သည်။ သူ သေလျှင်ပင် မြွေနက်ကြီး၏ လှောင်ပြောင်မှုကို ခံရမည် မဟုတ်ဟု တွေးခဲ့သည်။

သူသည် သစ်ပင်ကို မထိဘဲ ကြီးမားသော နတ်ဆိုးမြွေ၏ လက်မောင်းများကို ထိခဲ့သည်။

"ကျွန်တော့်ကို လွှတ်ပေး!" ဝမ်ကျုံး ရုန်းကန်ခဲ့သော်လည်း မလွန်ဆန်နိုင်ဘဲ ကြာရှည်ကာ ဆွဲဆောင်နိုင်သော မြွေနက်ကြီး၏ အနမ်းကို  ခံယူခဲ့ရသည်။

"ဟင်းဟင်း..."

"ရွှမ်း..."

"ရွှမ်းမင်..."

ရွှမ်းမင်သည် အင်အားကြီးမားသည်။ ထို့ကြောင့် ဝမ်ကျုံးအတွက် ခုခံရန် သို့မဟုတ် ငြင်းပယ်ရန် နေရာမရှိခဲ့ပေ။ ကံအားလျော်စွာပင်၊ ရွှမ်းမင်သည် သူ ကတိပေးခဲ့သည်ကို မှတ်မိနေဆဲပင်။ သူသည် ရုန်းကန်နေသော ဝမ်ကျုံးကို အောင့်အီး၍ လွှတ်ပေးခဲ့ပြီး တုံးတိဆန်စွာ ပြောဆိုခဲ့သည်။ "ငါ မင်းနဲ့အတူ ငါ့အမြီးကို ရစ်ပတ်ချင်တယ်"

ဝမ်ကျုံး၏ နှုတ်ခမ်းများ အနည်းငယ် ဟသွားသည်။ သူ၏ မျက်လုံးများက မှုန်မှိုင်းနေခဲ့ပြီး ရွှမ်းမင်ကို ထိုးရန် ရည်ရွယ်လျက် သူ၏ လက်ကို မြှောက်ခဲ့သည်။ သို့သော် ရွှမ်းမင်သည် သူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်၍ ထပ်မံ နမ်းလိုက်ပြီး ပြောဆိုခဲ့သည်။ "မင်း ငါ့အပေါ် ဘာခံစားချက်မှ မရှိဘူးလား"

"..." ဝမ်ကျုံး ပါးစပ်ကို သုတ်လိုက်ပြီး နောက်လှည့်သွားသည်။ ပထမတော့ လမ်းသာလျှောက်နေခဲ့ပြီး နောက်တွင် ပြေးခဲ့ရာ၊ သူ၏နောက်မှ သရဲတစ်ကောင် လိုက်နေသကဲ့သို့ ဖြစ်နေသည်။

သူ၏ အိမ်ထောင်ဖက်က သူ့ကို တကယ် ခုခံနေကြောင်း မြင်၍ ရွှမ်းမင်သည် မျက်မှောင်ကြုတ်ခဲ့ပြီး မြွေနက်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ သို့သော် ဝမ်ကျုံး၏ စိတ်သည် ပေါက်ကွဲသွားမည်ကို သူ မသိခဲ့ပေ။ ထိုသူသည် မျက်လုံးနီကြီးများဖြင့် မြွေနက်ကြီးကို ကျယ်လောင်စွာ ဆူပူခဲ့သည်။

"လိမ်ပြောတဲ့ကောင်! လိမ်ပြောတဲ့ကောင်ကြီး! ခင်ဗျားက သူငယ်ချင်းအဖြစ်နဲ့ တခြားသူတွေကို လိမ်လည်လှည့်ဖြားတဲ့ကောင်! ကျွန်တော် ခင်ဗျားကို ဘယ်တော့မှ ထပ်မတွေ့ချင်ဘူး! ကျွန်တော့်ရှေ့မှာ ဘယ်တော့မှ ထပ်မပေါ်နဲ့! ခင်ဗျားကို အရမ်းမုန်းတယ်!"

ဤကိစ္စတွင် မြွေနက်ကြီး၏ အမှားရှိသည်ဟု ဆိုနိုင်သည်။

သူ၏ ခေါင်းကို စာအုပ်ထဲတွင် မှတ်တမ်းတင်ရန် စောင်းခဲ့သည်။ မြွေလျှာကို ထုတ်လိုက်ပြီး လူတစ်ပိုင်း-မြွေတစ်ပိုင်း ပုံစံသို့ ပြန်ပြောင်းခဲ့သည်။ ထို့နောက် သူသည် သူ၏ လှပသော မြွေအမြီးကို မချင့်မရဲ ဖယ်ရှားခဲ့ပြီး ရှည်လျား ပါးလွှာ၍ အစွမ်းထက်သော ခြေထောက်နှစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထို့နောက် သူ ဝမ်ကျုံး၏ ရှေ့တွင် ကိုယ်လုံးတီးဖြင့် ရပ်နေခဲ့သည်။

ဝမ်ကျုံးသည် ရွှမ်းမင်၏ မြေပြင်ပေါ်တွင် ရပ်နေသော ခြေဗလာများကို ငေးကြည့်ရင်း ခေါင်းမူးနေခဲ့သည်။

သူ့မျက်လုံးများပင် လည်နေတော့သည်။ သူ့စိတ်ရှုပ်နေပြီး ခေါင်းကို တင်းတင်းကျပ်ကျပ် ဆုတ်ကိုင်ထားရင်း မာနကြီးသော စကားများကို နားထောင်နေသည်။

"မင်းနဲ့ ပဋိပက္ခဖြစ်နေတာက မြွေနက်ကြီးနဲ့ လူတစ်ဝက်မြွေတစ်ဝက်နတ်ဆိုးပဲ။ ကိစ္စတိုင်းမှာ အရင်းအမြစ်ရှိတယ်။ ဒါကြောင့် ငါ့ရဲ့ ဒီပုံစံကိုတော့ အပြစ်မတင်ပါနဲ့။"