မြွေနက်ကြီးသည် တောင်ထိပ်ပေါ်၌ လဲလျောင်းလျက် လရောင်အောက်တွင် လရောင်ခံရင်း မှန်ထဲတွင် မိမိကိုယ်ကို အားရပါးရ ကြည့်ရှုလျက် ကမ္ဘာမြေနှင့်ကောင်းကင်၏ အနှစ်သာရကို စုပ်ယူနေ၏။
ဝမ်ကျုံးသည် ထိုမြွေ၏ အမြီးဖြင့် ဆောက်လုပ်ထားသည့် မြင့်မားသော အမြီးနံရံအတွင်း၌ ညစာစားခဲ့သည်။ သူ အိပ်ရာဝင်ချိန်မတိုင်မီ မြွေနက်ကြီး မီးမွှေးရန် အသုံးပြုသော အဖြူရောင်ကျောက်တုံးကို နောက်တစ်နေ့ ပြန်သည့်အခါ အတူယူဆောင်သွားရန် စီစဉ်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ မှန်ကို အသုံးပြု၍ မီးမွှေးခြင်းနည်းလမ်းသည် ခဏခဏ ပြန်လည်အသုံးပြုနိုင်သော်လည်း အလုပ်ပို၏။ ၎င်းသည် နေရောင်ခြည် လိုအပ်သည်။ ဥပမာအားဖြင့် ဤနည်းလမ်းသည် တိမ်ထူသောနေ့ရက်များ၊ ညနေခင်းများ၊ မှောင်မိုက်သောညများ သို့မဟုတ် ထူထပ်သောသစ်တောများထဲတွင် အလုပ်ဖြစ်မည်မဟုတ်ချေ။
ဝမ်ကျုံးသည် သစ်သားဖြင့် ပွတ်ခြင်းကဲ့သို့သော အခြားမီးမွှေးနည်းလမ်းများကို ကြိုးစားခဲ့သော်လည်း အားလုံးသည် ခြွင်းချက်မျှမရှိ ကျရှုံးခဲ့သည်။
စာအုပ်များတွင် အတိုချုံး ဖော်ပြထားသော ခေတ်မီလူအဖွဲ့အစည်း၏ အချက်အလက်များက လက်တွေ့အသုံးချမှုများတွင် ကန့်သတ်ချက်များစွာ ရှိနေသည်။ ၎င်းတို့သည် အလွန်ကောင်းမွန်သော ကိုယ်ကာယ ကြံ့ခိုင်မှု၊ ခံနိုင်ရည်နှင့် နည်းစနစ်များ လိုအပ်သည့်အပြင်၊ အောင်မြင်မည်ဟု အာမခံချက်မရှိဘဲ အချိန်လည်း အလွန်ပေးရသည်။
မြွေနက်ကြီး အသုံးပြုခဲ့သည့် ထိုအဖြူရောင်ကျောက်တုံးသည် အလွန်အသုံးဝင်ပုံ ပေါ်လေသည်။
ထိုအရာနှင့်ဆိုလျှင် မီးမွှေးခြင်းနှင့်ပတ်သက်၍ စိုးရိမ်စရာများ ရှိတော့မည် မဟုတ်ချေ။
ဝမ်ကျုံးသည် ဝမ်းမြောက်စွာဖြင့် ထိုအရာကို ကောက်ယူရန် သွားခဲ့၏။ သို့သော် သူသည် ကိုယ်ကိုကိုင်းညွှတ်ရန် မစွမ်းဆောင်နိုင်မီ၊ သူ၏လက်ဖမိုးကို မြွေ၏အမြီးက ပြင်းထန်စွာ ရိုက်ချခဲ့သည်။
"ရှူး..."
ဤသည်မှာ သူ ထိုမြွေကြီးဆီသို့ ရောက်လာပြီးနောက် သူ့ကို အမြီးဖြင့် ရိုက်ခတ်ခဲ့သည့် ပထမဆုံးအကြိမ် ဖြစ်လေသည်။
ဝမ်ကျုံးသည် မြွေနက်ကြီးက ၎င်း၏ဒေါင်လိုက်မျက်လုံးများကို ကျဉ်းမြောင်းလျက် အဖြူရောင်ကျောက်တုံးကို မထိရန် သူ့အား သတိပေးနေသည်ကို မြင်သောအခါ မြွေကြီး အာဏာပြနေသည်ဟု သူ ယူဆခဲ့သည်။
သူ စိတ်ထဲ၌ ဒေါသထွက်နေသော်လည်း နာခံမှုရှိသော မျက်နှာလေးဖြင့်သာ။
နီရဲ နာကျင်နေသော သူ့လက်ဖမိုးကို ပွတ်သပ်ရင်း ကြက်အရေခွံအိတ်ပေါ်သို့ တက်လိုက်ပြီး မြွေကို နောက်ကျောပေးလိုက်သည်။
မြွေကြီးသည် မြွေလျှာကို ထုတ်၍ ဝမ်ကျုံးကို မီးပုံဘေးသို့ ပို့လိုက်သည်။ သူ့အမြီးကို ဝမ်ကျုံးနှင့်မီးပုံကြားတွင် ထားလိုက်သည်။ ဝမ်ကျုံး အိပ်ပျော်နေစဉ်အတွင်း မီးထဲသို့ လှိမ့်ဝင်မသွားစေရန် ကာကွယ်ပေးနေပုံရသည်။
ဝမ်ကျုံး၏လက်က နာကျင်စွာ ပူလောင်နေဆဲ ' မင်းကငါ့ကိုအရင်ရိုက်ပြီးမှ နှစ်သိမ့်နေတာလား ငါလက်မခံပါဘူး' ဟု တွေးလိုက်သည်။
သူသည် ကွေးကောက်ကာ ခေါင်းကို ကြက်သားရေအိတ်ထဲသို့ ဖွက်ထားပြီး ထိုမြွေ၏ ရည်ရွယ်ချက်ကို နားမလည်ဟန်ဆောင်ကာ လှည့်၍ လျစ်လျူရှုခဲ့သည်။
ဝမ်ကျုံး သူ့အမြီးကို သတိမထားမိဟု ထင်ကာ၊ မြွေနက်ကြီးသည် သူ့အမြီးဖြင့် ဝမ်ကျုံး၏ တင်ပါးကို ပုတ်ကာ သူ့အမြီးကို ကိုင်ထားရင်း အိပ်ရန် အချက်ပြခဲ့သည်။
သူ အိပ်ဟန်ဆောင်မည်အပြု မြွေနက်ကြီးက နှုတ်ခမ်းကို ဟကာ သူ၏ကြီးမားဖြူဖွေးသော အစွယ်နှစ်ချောင်းကို ပြသလိုက်၏။ သူ့ဒေါင်လိုက်မျက်လုံးများကို ကျဉ်းမြောင်းလျက် "မင်း ငါ့သွားဖြူဖြူလေးတွေကို သဘောကျလား"ဟု မေးသည့်ပုံလုပ်ပြလိုက်သည်။
ဝမ်ကျုံး- "!!!"
ဝမ်ကျုံးက လိုက်လျောညီထွေ နေနိုင်သူဖြစ်၏။ သူက မြွေရှေ့တွင် ဦးညွှတ်ရမည့် လူတစ်ယောက်သာ ဖြစ်သည်။
ဝမ်ကျုံးသည် ချက်ချင်းပင် မူလအနေအထားသို့ ပြန်ရောက်သွားသည်။ သူ့လက်မောင်းများနှင့် ခြေထောက်များကို မြှောက်ပြီး မြွေ၏အမြီးကို ပွေ့ဖက်လိုက်၏။ အမြီးသည် မီးကြောင့် အနည်းငယ်နွေးထွေးနေခဲ့သည်။ နွေးထွေး၍ သက်သောင့်သက်သာ ခံစားရသောကြောင့် သူသည် ၎င်း၏အကြေးခွံများကို မျက်နှာဖြင့် ချစ်ခင်စွာ ပွတ်သပ်ခဲ့သည်။
မြွေနက်ကြီး : "......" အရမ်းကောင်းတယ်
တောက်ပသောလသည် ကောင်းကင်ယံ၌ မြင့်မားစွာ တည်ရှိနေပြီး မုန်တိုင်းထန်နေသောလှိုင်းများသည် ကမ်းခြေပေါ်သို့ ရိုက်ခတ်နေသည်။ ယောက်ျားတစ်ဦးနှင့် မြွေတစ်ကောင်သည် တောင်ထိပ်ပေါ်၌ မိုးမလင်းမီအထိ တစ်ဦးကိုတစ်ဦး မှီ၍ နေခဲ့ကြသည်။
မိုးသောက်ယံ၏ ရောင်ခြည်ဦးက ဝမ်ကျုံးမျက်နှာပေါ် ကျရောက်လာချိန် ဝေးကွာသွားသော မိုးသောက်ကြယ်လေးက ဆက်လက် တောက်ပနေဆဲ။
ဤနေရာသည် ကျွန်း၏ အမြင့်ဆုံးနေရာဖြစ်ရမည်ဟု ဝမ်ကျုံး ယူဆသည်။ မျက်စိတစ်ဆုံး ကြည့်လိုက်သော် ဤထက်မြင့်သော နေရာ မရှိတော့ပေ။
သူသည် အောက်သို့ငုံ့ကြည့်လေသည်။
အဆုံးမဲ့ပင်လယ်ပြင်အပြင် အဆုံးအစမမြင်နိုင်သော တောင်တန်းများနှင့် သစ်တောများလည်း ရှိနေ၏။
ဒါက ကျွန်းတစ်ကျွန်းရော ဟုတ်ရဲ့လား...
အမြင်အားဖြင့်ဆိုလျှင် မြေဧရိယာအရ တိုက်ကြီးတစ်ခုနှင့် ပို၍ဆင်တူ၏။
မထွက်ခွာမီ မြွေနက်ကြီး ကြည့်မနေသည့်အချိန်တွင် ဝမ်ကျုံးသည် ကျောက်ဖြူမှ ကွာကျလာသော ကြက်ဥအရွယ်ခန့်ရှိ အပိုင်းအစတစ်ခုကို ခိုးယူကာ သဲဖြင့်မီးငြှိမ်းသတ်ပြီးနောက် ကြက်သားရေအိတ်ထဲသို့ ထည့်လိုက်သည်။
သူ မြွေအသိုက်သို့ ပြန်ရောက်သောအခါ ထိုကျောက်၏ အာနိသင်ကို စမ်းသပ်ကြည့်မည်ဟု တွေးလိုက်သည်။
ဂူအပြင်ဘက်တွင် သူသည် ထိုအရာကို ကောက်ယူ၍ မြေပေါ်သို့ ပစ်ချလိုက်သည်။
အကျိုးသက်ရောက်မှု မရှိပေ။
သူ ထိုအရာကို လက်ဖြင့်ကိုင်ကာ ကျောက်တုံးနှင့် ရိုက်ခွဲလိုက်သည်။
မီးခိုးဖြူများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပြင်းထန်သောအပူရှိန်ကြောင့် သူ၏လက်များပေါ်ရှိ အရေပြားများ မီးလောင်ကျွမ်းသွားသည်။
"အား..."
ဝမ်ကျုံးသည် နာကျင်စွာ အော်ဟစ်လိုက်ကာ မီးခိုးလုံးကြီးထဲသို့ လဲကျသွားပြီးနောက် မြွေနက်ကြီး၏ အမြီးဖြင့် မြွေအသိုက်ထဲသို့ ပြန်ပို့ခံလိုက်ရလေသည်။
မြွေနက်ကြီး၏ အေးစက်သော ဒေါင်လိုက်မျက်လုံးများနှင့် ဆုံတွေ့သောအခါ နာကျင်မှုအားလုံး ပျောက်ကွယ်သွားသကဲ့သို့ ထင်ရသည်။
ဝမ်ကျုံး ခေါင်းငုံ့ကာ နာကျင်စွာ အသက်ရှူနေရသည်။ အေးစက်သော ရေကန်သည် နီးကပ်စွာရှိသော်လည်း သူ တစ်လက်မမျှပင် လှုပ်ရှားရန် မဝံ့ရဲပေ။
ဘယ်လိုလုပ်ရမလဲ...မြွေနက်ကြီး ဒေါသထွက်နေမှာ ကျိန်းသေတယ်...
လုံးဝသေချာတယ်...
ဝမ်ကျုံးသည် အရေပြားများ ကွာကျနေပြီး အဖုအပိမ့်များ ထွက်နေသော သူ၏လက်များကို ကိုင်ထားလေသည်။ မြွေနက်ကြီး၏ အရိပ်သည် သူ့အနား တဖြည်းဖြည်းချင်း ရွေ့လာပြီး ၎င်း၏ကြီးမားသောအရိပ်ဖြင့် သူ့ကို လွယ်ကူစွာ ဖုံးလွှမ်းသွားသည်ကို ကြည့်ရင်း တုန်ယင်နေသည်။
သူသည် အသက်ရှူရန်ပင် ကြောက်လန့်နေချိန်တွင် မြွေနက်ကြီးသည် ၎င်း၏ခေါင်းကို ငုံ့၍ သူ၏လက်များပေါ်ရှိ ဒဏ်ရာများနှင့် ထူထပ်သော အဖုအပိမ့်များကို လျှာဖြင့် လျက်လိုက်သည်။
"ဝူး ..."
ပြင်းထန်သော ခဏတာ နာကျင်မှုတွင် မြွေနက်ကြီး၏ လျှာသည်လည်း အကြေးခွံများဖြင့် ဖုံးအုပ်ထားသည်ကို ဝမ်ကျုံး ခံစားမိသည်။ သို့သော် မြွေနက်ကြီး လျက်နေသည်အား ရပ်လိုက်သောအခါ အပူချိန်မြင့်မားမှုကြောင့် လောင်ကျွမ်းခဲ့သော ဒဏ်ရာများသည် ဆဲလ်များ ပြန်လည်ဖြစ်ပေါ်လာပြီး ပျောက်ကင်းမည့် လက္ခဏာများ ပြသလာသည်။
ဖြူဖျော့သောမျက်နှာဖြင့် ချွေးများဒလဟောကျနေသော ဝမ်ကျုံးသည် မြွေနက်ကြီး၏ တံတွေးစွမ်းအားကြောင့် တိတ်တဆိတ် ထိတ်လန့်နေစဉ် ရုတ်တရက် မြွေကြီးသည် ၎င်း၏အမြီးကို ဝှေ့ယမ်းကာ သူ့အား ကျောက်နံရံသို့ တွန်းလိုက်သည်။
"ရှူး..."
ဝမ်ကျုံး၏ ပထမဆုံးတုံ့ပြန်မှုမှာ အားလုံးပြီးဆုံးသွားပြီဟူ၍ ဖြစ်သည်။ ဒေါသထွက်နေသော မြွေနက်ကြီးက သူ့အား စားတော့မည်ဟု သူ ထင်လိုက်သည်။
သူ၏ခြေထောက်များ တုန်ယင်နေပြီး ပြေးရန် အသင့်ပြင်နေစဉ် မြွေနက်ကြီးသည် ၎င်း၏အမြီးဖျားဖြင့် သူ၏ဘောင်းဘီနှင့် အတွင်းခံများကို ဆွဲချကာ "ပါး၊ ပါး၊ ပါး..." ဟူသော အသံဖြင့် သူ၏ဘယ်ဘက်နှင့် ညာဘက်တင်ပါးကို ဆယ်ချက်ကျော်မျှ ရိုက်လိုက်သည်။
မြွေနက်ကြီးသည် သူ့အား နာခံမှုမရှိ၍ အပြစ်ပေးနေသကဲ့သို့ ထင်ရသည်။